book

Index 19

အပိုင်း (19)🍊🍊🍊🍊

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"မြေး..ညက မြစ်လေး​​မြေးတို့နဲ့

အတူအိပ်တာလား.."


"ဟုတ်ကဲ့..အဘွား..."


"အေးကွယ်..ညက အဖွားလည်း.ခေါ်ထား

ပါသေးတယ်..နန်းဆန်လေးက မြေးဆီကို

ပဲ သွားမယ်ကြီးပြောနေတာ..အာ့ဒါကြောင့်

ပိူ့ခိုင်းလိုက်တာကွယ်..."


"ရပါတယ်..ဘွားရဲ့..ရှေးဘာမှ မဖြစ်ပါဘူး

နောက်ညတွေလည်း ရှေးပဲ ခေါ်သိပ်လိုက်ပါ့မယ်.."


"ဖြစ်ပါ့မလားကွယ်..မြေးတော်ဝင်က

ကဂျိကကြောင်နဲ့ကွဲ့..."


"ရပါတယ်ဘွားရဲ့..ရှေး တို့အတွက်

ပြဿနာမရှိပါဘူး..."


"ခဏနေ ပြင်ဆင်တော့မြေး ပြင်မှာ

ဆင်မှာနဲ့ဆို 9နာရီထိုးသွားမှာ...

ဆွမ်းလည်း ကပ်ရအုံးမှာဆိုတော့.."


"ဟုတ်ကဲ့ဘွား... ရှေး မနက်စာ ပြင်ဆင်

ပြီးတာနဲ့ ပြင်လိုက်ပါတော့မယ်...ပြီးတော့

ဆီမ်းကပ်ရမှာက ဒီက ချက်သွားမှာလား

ဘွား..."


"မဟုတ်ဘူး မြေးရဲ့ အာ့ဒိမှာ ချက်ပြုတ်

တဲ့ သူတွေရှိတယ်လေ..အဘွားတို့က

ဒီကနေ ဘာဆွမ်းကပ်ချင်းတယ်လို့

ပြောလိုက်သူတို့က ချက်ပြုတ်ပေးတါ

အဘွားတို့ ပိုက်ဆံပဲပေးရတာ...''


ရှေးခေါင်းလေးငြိမ့်ပြကာ..


"ဟုတ်ကဲပါ..ဘွား..."


"အေးကွယ်..အခုက ရက်သတ်

မှတ်ဖို့ သွားပင်မဲ့ မင်္ဂလာဦး

ဆွမ်းကျွေးပါပဲ.."


"ဟုတ်ကဲ့ဘွား..."


"အေးအေး..ဘွားလည်း...လှူဒါန်း

ဖို့ ပစ္စည်းတွေ မလုပ်သမားကောင်

လေးတွေ ကားထဲ ထည့်နေတာ 

စုံမစုံ သွားကြည့်လိုက်အုံးမယ်...''


ရှေးလည်း ထမင်းစားခန်းထဲ 

ဝင်ကာ..သမီးအတွက်နို့ဖူး

လေး ဖျော်လိုက်ပြီး...ဘေးမှာ

မနက်စာပြင်နေတဲ့ ညိုညိုကို

ကြည့်ကာ..


"ညိုညို..ဘာတွေပြုံးနေတာလည်း..."


"ဟဲ..ဟဲ..မမလေးကလည်း ဒီနေ့

ဘုန်းကြီးကျောင်းကို ညိုညိုတို့

လည်း လိုက်ရမှာဆိုတော့ အာ့ဒါ

ကြောင့် ပျော်နေတာပါ...."


"အဟွန်း..ဟုတ်ပါပြီး..ပျော်လညိးပျော်

သေချာလည်းပြင်အုံး..အရမ်းလည်း

မချိုစေနဲ့.."


"ဟုတ်ကဲ့ပါ..မမလေးရဲ.."


ရှေးပြောပြီး အပေါအထပ်ကို

ပြန်တက်လာပြီး အခန်းထဲကို

ဝင်လိုက်တော့ အိပ်ယာပေါ်မှာ

သမီးလေးက နိုးနေကာ..သူ့မျက်နှာ

ကို သေချာကြည့်ပြီး...ပြုံးကာ..

နမ်းလိုက် ကိုက်လိုက် လုပ်နေတာ

ကြောင့် ရှေးမှာ မျက်လုံးပြူးသွား

သလို ရယ်လည်းရယ်ချင်မိသွားသည်။


ရှေး သမီးလေးကို ခေါ်ဖို့ အနားတိုးသွား

ပြီး သူ့အနားက သမီးကို ချီလိုက်ကာ..


"ရှေးနော်...မောင်််ကို လာကိုက်နေတာလား..

ပြီးမှ မောင်ပြန်ကိုက်မှ မအော်နဲ့နော်.."


"အို..ဒီလူဘာတွေပြောနေတာလည်း

သမီးကိုက်တာကို ရှေးကိုက်တာ

ဆိုပြီး ထင်ပြီး မျက်လုံးမဖွင့်ဘဲပြောနေပါလား..."


ရှေးနှုတိခမ်းလေးဖိကိုက်ကာ..

သူ့ကို မျက်စောင်းလေးထိုးပြီး

စိတ်ထဲကနေ ပြောကာ..သမီးလေး

ကို ချီပြီး လှည့်ထွကိမယ်အလုပ်..


"ဘယ်လည်းရှေး... ရှက်ပြီး ထွက်ပြေး

မလို့လား.."


သူ မျက်လုံးပွင့်လာပြီး သူမကို

ကြင်နာစွာ ကြည့်ပြီးမေးတော့..

ရှေးမျက်နှာလေးရဲနေကာယ.သူ့ကို

မျက်စောင်း လေးထိုးကာကြည့်ပြီး..


"ဘာတွေပြောနေတာလည်း..ဘာကိုရှေးက

ရှက်ရမှာလည်း.."


"အဟွန်း မင်းမောင် အိပ်နေတယ်ဆိုပြီး

ကိုက်နေတာ မောင့် မျက်နှာကို ကိုက်နေတာ

မဟုတ်ဘူးလား..."


"အို..မဟုတ်ပါဘူး..ရှေးက ကိုက်စရာ

လား...သမီးကိုက်တာ.."


"အမယ်..ကောင်မလေး ရှက်နေပြီ..''


ရှေး မျက်နှာလေးရဲနေကာ..


"အို..ဟုတ်ပါတယ်ဆို..မယုံရင်

သမီးကိုမေးကြည့်ပါလား.."


တော်ဝင် ပြုံးကာ..သူမချီထား

သော သမီးနန်းဆန်သူလေးကို

ကြည့်ကာ..


"သမီး ဖေဖေကို ကိုက်တာလား..."


"ကိုက်ဘူး..မေမေကိုက်.."


"ဟယ်..သမီး မေမေမလုပ်ဘူးလေ..စောစောက သမီးပဲ ကိုကိနေတာလေ..."


သမီးလေးက ခေါင်းလေးခါကာ

မျက်ဝန်းလေးဝိုင်းပြီး နှုတိခမ်းလေးချွန်ကာ..


"မေမေ..ကိုက်..."


"ဟား...."


ရှေး ရှက်လွန်းဖြင့် မျက်နှာလေး ရဲနေကာ..

သမီးကို သူ့အနားပြန်ချပေးလိုက်ပြီး..


"နေခဲ့တော့..မင်းတို့ဘဲ.."


ရှေးပြောပြီး ရေချိုးခန်းထဲ 

ဝင်လာခဲ့​ေတော့ တော်ဝင်

နဲ သမီးလေး တစ်ယောက်ကို

တစ်ယောက်ကြည့်ကာ..

ရယ်လိုက်မိကြသည်။


"ဟား...."


"ခစ်..ခစ်..."


ရှေး ရေချိုခန်းတံခါးပိတ်ပြီး

အပြင်က နှစ်ယောက်ကို

မျက်စောင်းလေးထိုးကာ.


"အကျင့်ကို မကောင်းကြဘူး.."


---------------------------------------------^^^^^🍑🍑🍑🍑🍑🍑🍑


ဒေါ်နန်းတော်ဝင် တစ်ယောက် ပြင်ဆင်ကာ

နေပြီး မှန်ထဲ သူမပုံသူမကြည့်ကာ...ပန်ထားတဲ့ ပန်းလေးကို ခိုင်အောင် စိန်ဆံထိုးလေး

နဲ့ ထိုးနေတုံး..


"အန်တီ..ဘယ်သွားမလို့လည်း.. "


"ဒီနေ့ သားရဲ့ ရက်သတ်မှတ် မင်္ဂလာ

ဆွမ်းကျွေးလေ...အာ့ဒါကြောင့် သွားဖို့

ပြင်နေတာ သမီးရဲ့.."


"ဟင်..မြတိလည်း ဘာမှ မသိရပါလား.."


"သမီးကို အနိတီပြောမလို့ပါ..အန်တီတောင်

သွားချင်တာ မဟုတ်ဘူး မေမေ အတင်းအကျပ်ပြောလို့ သွားရတာ..

သမီးလိုက်မယ်ဆို သွားပြင်ဆင်တော့လေ.."


"နေပါ..အန်တီ...မြတ်မလိုက်တော့ပါဘူး

မြတ်လည်း အလုပ်ကိစ္စလေးသွားစရာ

ရှိသေးလို့..."


"ဟုတ်လား..ဂရုစိုက်ပြီးသွားအုံးနော်သမီး.''


"ဟုတ်ကဲ့ပါ..အန်တီ..."


မြတ် ဒေါ်နန်းတော်ဝင်ရဲ့ များပြားလှ

တဲ့ လက်ဝတ်ရတနာ တွေကို မက်မော

စွာကြည့်နေပြီး ထိုထဲမှ တစ်တန်းသွား

စိန်ဆွဲကြိုးကို မျက်စီရောက်သွားကာ..

ကြည့်နေလိုက်မိသည်။


သူမ စိန်အကြောင်းနည်းနည်းနားလာ

သည်။ အာ့ဒိစိန်ဆွဲကြိုးက ဒေါ်လာနဲ့

တောင် အများကြီးပေးရတာ..မြန်မာငွေ

နဲ့ဆိူ တန်ဖိုးက သောင်းချီလောက်သည်။


မြတ်စဥ်းစားနေတော့ ဒေါ်နန်းတော်ဝင်

ပြုံးကာ..လှည့်ကြည့်ပြီး..


"သမီးဘာတွေစဥ်းစားနေတာလည်း.."


"ဘာမှ မဟုတ်ပါဘူး..အန်တီရယ်..

အနိတီက ရတနာစိန်တွေဝတ်တာ..

ဝါသနာပါတယ်ထင်တယ်နော်..."


ဒေါ်နန်းတော်ဝင် ပြုံးကာ..ခေါင်းငြိမ့်

ပြပြီး...


"အန်တီက ပါတာနည်းနညိးပါ..

သား..ဝယ်ပေးထါးတာတွေကြီး

ပဲ..အန်တီ..ဝယ်ဝတ်တာ နည်းတယ်

သမီးရဲ့ ပြီတော့ ဒါလေးကလည်း

သား လေလံတင်ပြီးဝယ်ပေးထါး

တာ...သုံးကုန်းလေး တစ်ကုံးက မေမေ

ဆီမှာ နောကိတစ်ခုက သားဆီမှာ သူ့အမ

အတွက်ဆိုပြီး..."


မြတ်ပြုံးလိုက်ကာ..စိုးရိမ်သွားပြီး...


"အာ့ဒါဆို.. ကိုကိုက ဟိုမိန်းမကို

ပေးနေအုံးမယ်အန်တီ..."


"အမလေး သမီးရယ်..သူပေးလည်း

အချိန်တန်ရင် အာ့ဒိအရာတွေ အချိန်

တန်ရင် သမီးပြန်ရမှာပဲကို..."


မြတ်အဲဒိတော့မှ ပြုံးသွားကာ..


"အန်တီက မြတ်ရဲ့ ဘက်မှာ အမြဲ ရပ်တည်

ပေးတဲ့ အတွက် မြတ်အန်တီကို တစ်သက်

လုံး ကျေးဇူး တင်နေမှာပါ အန်တီ.."


"ဟုတ်ပါပြီ..ကွယ်....ဒါနဲ့ အန်တီကို

ကြည့်ပေးအုံး..လိုက်ရဲ့လားလို့.."


"လိုက်တာထက်ကို ပိုတယ်..အန်တီ...

အရမ်း ကျကိသရေ ရှိပြီးကို လှနေတာ.."


ဒေါ်နန်းတော်ဝင် မပြင်မဆငိဘဲနဲ့တောင်

လှနေသော မြတ်ကို ချစ်စနိုးကြည့်ကာ..


"ဟုတ်ပါပြီ..အဟင်း.."


"ဟုတ်အန်တီ..မြတ်လည်း ရေသွား

ချိုးတော့မယ်..."


"ဟုတ်ပြီသမီး..."


မြတ်လည်း အန်တီအခန်းက

အရင် ...


"တောက်..မဖြစ်ဘူး..အခုတောင်

အန်တီက သူတို့ ပွဲကို လိုက်နေ

ရပြီ..ငါအမြန်လှုပ်ရှားမှရမယ်..."


သူမ တိုးတိတ်စွာပြောပြီး..သူမအခန်း

ဘက်ကို သွားမယ်ပြင်တော့... အခန်း

တစ်ခုက ထွက်လာတဲ့ ရှေးဆန်သူကို

တွေ့တော့ မြတ်မနာလိုမှုများနဲ့ မဲ့ကြည့်

လိုက်ကာ..


"ဟွန့်..သူများပစ္စည်းတွေ အရှက်မရှိ

ဝတ်ပြီး လှနေပါလား..."


ရှေး မျက်နှာလေး တင်းမာသွားကာ..

မြတ်သစ္စာကို ပြုံးကာကြည့်လိုက်ပြီး..


"မမြတ်သစ္စာ မှားနေပြီး...ကျွန်မ ဝတ်ထား

တာ..ကျွန်မယောကျာ်းရဲ့ ပိုင်ဆိုင်မှုတွေပဲ..

ဟွနိ့..ပြောရရင်တော့ ကိုယ်ဂုဏ်ကို ကိုယ်ဖော်သလို ဖြစ်တာပေါ့..ဒါပင်မဲ့ မောင်ကလေ..သူ့အဘွား ရှေးဒီနေ့ ဝတ်ဖို့ လက်ဝတ်ရတာနာ

တွေကို အဝတ်မခံဘူး ဝတ်ပြီးသားတွေ

ဟုတိလို့တဲ့..အာ့ဒါကြောင့် အခုမှ အသစ်လေလံတင်လို့နိုင်ထားတဲ့ စိန်ထည်ကို 

ဝတ်ခိုင်းထားတာ....ဘယ်လိုလည်း...သူများ

ပစ္စည်းတွေလို့ ပြောအုံးမလား..."


မြတ်နှုတ်ခမ်းလေး ကိုက်ကာ..


"အဟွန်း..ရှင်ပြောတော့..ကိုကို 

ပစ္စည်း တွေ မမက်ဘူးဆို.."


"အို.No No မမက်ပါဘူး..ဒါပင်မဲ့ဇနီးမယား

တစိယောက်ရဲ့ တာဝန်အရ တော့ ထိန်းသိမ်း

ရမှာပဲလေ..နောက်ဆို ဒီအိမ်မှာ အပိုဧည့်သည်

တွေအတွက်တောင် ထမင်းထည့်မချက်ခိုင်း

တော့ဘူး မသာထာတော့လို့.."


"တောက်..ရှင်..ဘယ်သူ့ကိုပြောတာလည်း.."


မြတ်သစ္စာတစ်ယောက်ဒေါသတွေ

ထွက်လာကာ..မေးတော့ ရှေးပြုံး

လိုက်ကာ..


"အဟွန်း.ရှင်က ဒါကြတော့ နာတက်သားပဲ..

ရှင့်အတွက်တော့ ပိုချက်ပေးထါးပါမယ်..

တစ်နပ်စာလေးပဲ ပိုမကုန်သွားလောက်ပါ

ဘူးနော်..."


"တောက်...ကိုကို ကိုရှင် ဘယ်လို 

မာယာတွေနဲ့ မြူဆွယ်ထားတာလည်း

ဟမ်..."


"အဟွန်း..ရှေးက မြူဆွယ်ရအောင်

သူက ကလေးလား..ပြီးတော့..အာ့လို

မြူဆွယ်လို ပါတယ်ထင်ရင် ရှင်မြူဆွယ်

ကြည်လိုက်လေ..."


"တောက်..ရှင်..''


"Sorry မြတ်သစ္စာ.တို့မင်းနဲ့ ပြိုင်

ရန်ဖြစ်နေဖို့ အချိန်မရှိဘူး အောက်မှာ

မောင်တို့ စောင့်နေလိုက်ပြီး..အဟွန်း..

သွားလိုက်ပါအူံးမယ်.."


ရှေး အနိုင်ပိုင်းကာ..ထွက်လာတော့

မြတ်သစ္စာတစ်ယောကိ လက်သီးလေး

ဆုပ်ကာ..ဒေါသတွေ တနင့်တပိုးကြီး

နဲ့ ကျန်ခဲ့ရှာတော့သည်။


---------------------------------------------^^^^^^🍑🍑🍑🍑🍑🍑🍑


တော်ဝင် သမီးကို ချီကာ..သူမ

ဆင်းအလာကို ဆိုဖာပေါ်တွင်

ထိုင်ကာ.စောင့်နေမိသည်။


အဖြူနဲ့ ရွှေရောင် ဆက်ထားသော

တိုက်ပုံနဲ့ ပုဆိုးကို ဝတ်ထားပုံက..

အရမ်းကို ခန်းညားကြည့်ကောင်းနေတာ

ကတော့..မြင်သူတိုင်း မငြင်းနိုင်ပေ။


သူ သမီးရဲ့ပါးဖောင်းဖောင်းလေး

ကိုနမ်းကာ..


"သမီး..ဟိုကြရင်...အရမ်းမကဲရဘူး

နော်..ငြိမ်ငြိမိနေရမာ်နော်..."


"ကဲဘူး..ငြိမ်ငြိမ်..."


သမီးရဲ့ မပိတပိအသံလေးကြောင့်

သူပြုံးလိုက်ကာ...ပါးလေးကို ထပ်

နမ်းလိုက်ပြီး သမီးရဲ့ နှုတိခမ်းရဲရဲ

လေးကို အကြည့်ရောက်သွားတော့

သူမ ရဲ့ နှုတ်ခမ်းလေးကို မြငိယောင်

ကာပြူံးပြီး...


"မမကတော့..မွေးတက်တယ်..ကိုယ့်သမီး

ကို သူတို့နဲ့ တူအောင်မမွေးဘဲ..ဘာလို့..

ငါတို့နဲ့ တူအောင် မွေးထားရပါလိမ့်.."


ထိုအချိန် အပေါ်ထပ်က ဆင်းလာတဲ့

ရှေးကိုကြည့်ကာ..တော်ဝင်တစ်ယောက်

စူးစိုက်စီာကြည့်နေမိသည်။


မြန်မာ ဝတ်ဆုံ အဖြူနဲ့ ရွှေအိုရောင်

လေးကို ဆက်ထားပြီး သူနဲ့ အရောင်

ဆင်တူ လေးကို ဝတ်ထားကာ...လှပသော

လည်တိုင်ကျော့ကျော့လေးမှာလည်း..သူ

ဆွဲခိုင်းထားတဲ့ စိန်ကြိုး လေးတစ်ကုံး

ထည်းကို ရှင်းလင်းစွာ ဝတ်ဆင်ထားပြီး

ဘယ်ကနေ ကြည့်ကြည်ထင်နေသော

အလှတရားမျးကို ပိုင်ဆိုင်ထားသော

သူမ..ဆံပင်အရှည်များကို လညိးအနောကိ

တွဲ ဆံထုံးလေး ထုံးထားပုံက ယဥ်ယဥ်လေး

နဲ့ လှပနေပါသည်။


"မြေးတော်ဝင်..တော်ယုံငေးပါကွယ်

မတွေ့ဖူးတာကြနေတာပဲ...


"အဘွားပြောမှ တော်ဝင် ငေးနေမိတာကို

ရှက်သွားကာ..သမီးကို ချီကာ..ထလိုကိပြီး..


"ဟာဗျာ..အဘွားကလည်း..ကျွနိတော့်မိန်းမကို ကျွနိတော် ကြည့်တာတောင် စိတ်ကြိုက်မကြည့်ရဘူး..သွားပြီး ကားပေါ်မှာ စောင့်နေမယ်..."


တော်ဝင်နဲ့ သမီး ထွကိသွားမှ

အဘွားနဲ့ ရှေး ရယ်လိုက်မိကာ..


"မြေးမလေးက ဒီလိုကြတော့လည်း

အရမ်းကို လှပနေတာပဲကွယ်..."


ရှေးရှက်ပြုံးလေး ပြုံးကာ..


"ကျေးဇူးပါ.. အဘွား.."


"မေမေ..သွားကြရအောင်..အချိန်တွေကုန်တယိ..."


"အေးပါအေ..သူ့ကြတော့ အခုမှ 

ထွက်လာပြီးတော​့.."


ဒေါ်နန်းတော်ဝင် ခပ်တည်တည်ပြောကာ

ကားရှိရာကို ထွကိသွားတော့ ဒေါ်နန်းမဟာ

သမီးဖြစ်သူကို မျက်စောင်းထိုးကာ..ဝတ်ထား

သော စိန်တွေနဲ့ အပြိုင် အပြုံးတွေက တောက်ပနေကာ..


"ကဲမြေး..အဘွားတို့က ကားတစ်စီး

နဲ့လာမှာ..မြေးတို့က..ကားတစ်စီးနဲ့...

ဟိုကြမှ တွေ့မယ်.."


"ဟုတ်ကဲ့..အဘွား.."


ရှေးလည်း ခေါင်းလေး ငြိမ့်ပြကာ..

အဘွားနဲ့ အိမ်အပြင်ဘကိကို 

ထွက်လာပြီး သူထိုင်နေသော

ကားရှိရာကို လျှောက်သွားပြီး

အနောက်တစ်ခါး ဖွင့်ဖို့လုပ်တော့..


"ဒီမှာ..ခင်ဗျား ယောကျာ်း..အရှေ့မှာ

အရှေ့မှာ လာထိုင်..."


ရှေးလက်ကလေး တန့်သွားပြီး

သူ့ကို မျက်စောင်းလေးထိုးကာ.

ကားအရှေ့အခန်း သူ့ဘေးမှာ 

ဝင်ထိုင်ပြီး ခါးပတ်ပတ်လိုက်ပြီး..


"သမီးရော..."


"အဘွားတို့ကားမှာ.."


"ဒီမှာတော​့ မခေါ်ထားဘဲနဲ့.."


"ရူပ်တယ်..နှစ်ယောက်ထားလာ

သွားချင်လို့...ရာဇာကို တောင် 

ခေါ်တာမဟုတ်ဘူး...နေပါအုံး

ခင်ဗျားဘာလို့ အလှတွေပြင်ထား

ရတာလည်း..ဒီလောက်လိုလို့လား..

ပြီးတော့"


 သူမရဲ့ မြန်မာဝတ်စုံလေး

နဲ့ သူ့​နေရာနဲ့ သူ  လှပနေတဲ့ ရှိုက်ကြီးငယ်ဖို

တွေနဲ့ လှပ ကြော့ရှင်ပနေသော

 ကိုယ်လုံးလေးကိုကြည့်ကာ..


"နောက်တစ်ခါ...အခုလိုတွေ မဝတ်နဲ့...

ကျွန်တော် မကြိုက်ဘူး.."


"အို. ငါလည်း မိန်းကလေးပဲ..

ဒီလောက်တော့ပြင်မှာပေါ့..

ဘာလည်း မျက်နှာပြောင်နဲ့သွားရမှာလား

အင်္ကျီကရော..ဘာဖြစ်နေလို့လည်း ဒီလောက်

လှတာကို အဘွားပေးထါးတာလေ...."


တော်ဝင် ကားမောင်းရင်း မျက်မှောင်ကုတ်ကာ သူမကို ပြန်ကြည့်လိုက်ပြီး..


"အာ့ဒါလည်း ရတာပဲ..ခင်ဗျား

ယောကျာ်းကျုပ် လှနေဖို့ပဲ.အရေး.ကြီးတာ..

နှုတ်ခမ်းနီတွေ ဖြတ်လိုက်..


"တော်ဝင်..ငါနည်းနည်းလေးဆိုးထားတာ..''


"မရဘူး..ကျွန်တော့်မျက်လူံးထဲမှာ အရမ်း

လှနေတယ်..ဖြတ်လိုက်...".


"မဖြတ်နိုင်ဘူး..."


ရှေး ဘာမဟုတ်တာကို ကတ်သတ်ပြီး

လာပြောနေတဲ့ သူ့ကြောင့် မျက်စောင်း.လေး

ထိုးကာပြောတော့ တော်ဝငိ လျှာကို ပစောင်း

ကိူ ထိုးကာ..ပြုံးလိုက်ပြီး..


"ဘာ..မဖြတ်နိုင်ဘူးဟုတ်လား.."


ပြောပြီး ကားရပ်လိုက်တာကြောင့်

ရှေ့ လန့်ကာ..သူ့ကို ကြည့်လိုက်တော့

သူ့ တိုက်ပုံ အင်္ကျီက အပေါ်ကြယ်သီး.ကို ဖြုတ်နေတာကြောင့် သူမထိန့်လန့်စွာ..


"တော်ဝင်..မင်း..မင်း..ဘာလုပ်မို့လည်း.."


"နှုတိခမ်းနီ ဖြတ်ပေးမလို့.."


"အို..."'


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: