တော်ဝင် သူ့ကို အဘွားစီက ပြန်လာ
ထည်းက စိတ်ဆိုးနေတဲ့ သူမကြောင့်
မျက်နှာကြီးမှာ မပြုံးမတည်ကြီး
ဖြစ်နေတော့သည်။
သူ သူမနှုတ်ခမ်းထော်ပြီး
ဆူပုတ်နေတော့လည်း မနေတက်စွာ..
"ရှေး..ခင်ဗျာ..ဘာဖြစ်နေတာလည်း..."
"ဘာမှ မဖြစ်ဘူး.."
"ဖြစ်ပါတယ်..ဖြစ်လို့လည်း ခင်ဗျား
နှုတ်ခမ်းဆူနေတာပေါ့..ကြည့်ဆူနော်
ဆွဲကိုက်ပစ်မှာ.."
"အို..မင်းအရှက်မရှိတဲ့လူ.."
ရှေး မျက်နှာလေးရဲကာ...ပြောတော့
တော်ဝင်ရယ်လိုက်ကာ..
"အဟက်...အာ့ဒါဆို နှုတ်ခမ်းဆူ
မနေနဲ့.."
"ဘာဖြစ်လည်း ငါ့နှုတ်ခမ်းနဲ့ ငါဆူတာ
မင်းနှုတ်ခမ်း ငှားဆူနေလို့လား..."
"အာ့ဒါဆို..ကျွန်တော်လည်း ကျွန်တော်
ကိုက်ချင်လို့ ကိုက်ချင်တယ်ပြောတာ..
ခင်ဗျား..လာမအော်နဲ့.."
ရှေးသူ့ကို မျက်လုံးလေးပြူးကာ
ကြည့်ပြီး..
"မင်း...ငါ့ကို ပြန်ရန်တွေ့နေတာ..
မိန်းမကြီးကြနေတာပဲ.. "
တော်ဝင် မျက်ခုံးတွေ မြင့်တကိသွား
ပြီး မျက်ခုံးကို လက်မနဲ့ ခြစ်ကာ..
ခပ်ထေထေကြည့်ကာ ပြုံးလိုက်ပြီး..
"ဘာလည်း..ကျွန်တော်..ယောကျာ်း
ဖြစ်ကြောင်း ပြရမလား..."
"မင်းနောိ...အာ့လိုအပြောတွေကြောင့်
မင်းကို ငါအမြင်ကပ်တာ သိလား..
ပြောရင်လည်း အသားယူလိုက်ရမှ
ပြီးတော့..မင်းဘာလို့ အဘွားကို
ကတိပေးလိုက်ရတာလညိး..."
"ဘာကိုလညိး..."
ရှေးမျက်နှာလေးနီက မသိသလို
ပြန်မေးနေတဲ့ သူ့ကို မျက်စောင်း
ထိုးလိုက်ပြီး...
"မင်းမသိချင်ယောင် ဆောင်မနေနဲ့..
ကလေးယူတာ လွယ်ထင်တယ်နေလား.."
ရှက်လွန်းလို့ ရှေးပြောပြီး သူ့ကို .မကြည့်
ရဲတော့ဘဲ...အခြားဘက်ကို မျက်နှာလေး
လှည့်ပစ်တော့ တော်ဝင် သဘောကျကာ
ပြုံးလိုက်ပြီး...
"ကလေးယူတာပဲ..ဘာခက်လို့လည်း..
ကျွန်တော်တို့မှာ ဘာလိုသေးလို့လည်း
ဘာလည်း..ရှေးက မွေးဖို့ အဆင်သင့်
မဖြစ်သေးလို့လား...ပြီးတော့ ရှေးလည်း
အသက်ကြီးလာမှာလေ...ငယ်တုန်းယူထား
မှပေါ့...ကျွန်တော့အတွက်ကတော့ ဘာမှ
စိတ်မပူနဲ့ ကျွန်တော်က အားကောင်းပြီးသား..."
"အို..တော်ဝင် မင်းပြောလေ..ဆိုးလေပါ
လား...မင်းအရှက်မရှိတိုင်း လိုက်ပြောမနေ
နဲ့...''
"ဟာဗျာ..မပြောပါဘူး....ခင်ဗျားနော်...
ကျွန်တော်..ဒါလေးပြောတာတောင်
ရှက်နေတာ..မင်္ဂလာ ဦးညကြရင်..
ကျွန်တော် ခင်ဗျားအခုလို ရှက်နေရင်
ဘာလုပ်ရမှာလည်း..."
"မင်..မင်း..သွားအပြငိမှာသွားအိပ်..
အရှက်မရှိတဲ့လူ..လူယုတ်မာရဲ့..."
မျက်နှာလေးရဲ ပြီးပြောနေတဲ့ သူမ
ကြောင့် သူပြုံးပြီး..
"ရှေးနော်..မောင့်ကို လူယုတ်မာလို့
ခဏခဏပြောမနေနဲ့..."
"အံမယ်..မဟုတ်လို့လား..."
"မောင်ယုတ်မာရင်...ရှေးအခုလောက်
ဆို သုံလေးယောက်လို့ မွေးပြီးနေပြီး.."
"အို..မင်းဘာစကားတွေပြောနေတာလည်း
တော်ဝင်..."
"လင်မယား..စကားတွေပြောနေတာလေ..
အာ....ပင်ပန်းလိုက်တာ.."
သူပြောပြီး အိပ်ယာပေါ်လဲလိုက်တော့
ရှေး သူ့ကို အမြင်မကြည်စွာကြည့်ပြီး
မျက်စောင်းလေးထိုးကာ...ခြေလက်ဆေး
ဖို့ ရေချိုးခန်းထဲ ဝင်ဖို့ပြင်တော့..
"ဟေ့...ရှေး..အာ့ဒါဘယိလည်း.."
"ခြေတွေ လက်တွေ ဆေးမလို့..."
သူမပြောပြီး ခြေလေးစောင့်ကာ
ဝင်သွားပုံကိူ တော်ဝင်ကြည်ကာ..
ပြုံးလိုက်မိသည်။
ရှေး ရေချိုးခန်းထဲမှာ တမင်..အချိန်
အကြာကြီးနေပစ်လိုက်ကာ..သူအိပ်
သွားလောက်တော့မှ မဲ့ပြုံးပြုံးကာ..
အခန်းအပြင်ကို ထွကိလိုက်တော့..
"အမေ့..မင်း..မင်း မအိပ်သေးဘူးလား.."
တော်ဝင် အကြံကြီးလွန်းသော
သူမကြောင့် မဲ့ကာပြုံးလိုက်ပြီး..
"ခင်ဗျားကို မနမ်းရသေးသ၍
ကျွန်တော် ဒီည မအိပ်ဘူး..."
"မင်း..မင်း.ငါ့ကို မနက်က
နမ်းပြီးပြီလေ..."
တော်ဝင် ထိန့်လန့်နေသော သူမ မျက်နှာ
လှလှလေးကို ပွေ့ချီထားရင် မှေးစင်းကြည့်
ကာ..
"အိပ်ခါနီး..အနမ်း"
"ဘာ...အား...တော်ဝင်.."
"ဟား...."
"လူယုတ်မာကြီး..."
တစ်ယောက်ကထု တစ်ယောက်က
စကာ နမ်းနေပြီး နှစ်ယောက်သား
ကျိဆယ်နေပုံလေးက မသိရင် အရမ်း
ချစ်ကြတဲ့ ဇနီးမောင်နှံလိုပင်။
"ဟင့်အင်း..တော်ဝင် ဖယ်.."
"တော်ဝင် နမ်းနေရင်း သူ့ကို
ရင်ခွင်အောက်ကနေ မျက်ဝန်း
လေးဝိုင်းကာ..မျကိနှာလေးနီ
နေပြီး မောဟိုက်စွာ ပြောလာတဲ့
သူမကြောင့် သူ ပြုံးလိုက်ကာ..
"ဘာလို့လည်း မောလို့လား..
မောင့်ဒီလောက်နမ်းနေတာကို
အခုအထိ အကျင့် မရသေးဘူးလား
ရှေး..."
"အို..မသိဘူးဖယ်....ငါ..ငါ
ရှက်တယ်.."
တော်ဝင် ညို့မျက်ဝန်း တွေနဲ့
သူမကို ကြည့်တော့ ရှေး
ထိုမျက်ဝန်းတွေထဲ ရုန်းမထွက်နိုင်
ဘဲ ကြည့်နေမိကာ...သူ့မျက်နှာ
သူမ နားလေးနားကပ်လာပြီး..
"ဘာမှ မဆိုးရိမ်နဲ့ စိတ်ချပါ..
လက်မထပ်ရသေးဘဲ..ကျွန်တော်
နမ်းတာထက်ပိုတဲ့ အရာတွေကို
မလုပ်ပါဘူး..ရှေး မရုန်းဘူးဆို
ကျွန်တော်ကတိပေးတယ်..."
သူပြောပြီး မင်သက်ကာ..ငေး
ကြည့်နေသော ရှေး နဖူး ပါးပြင်း
နှုတိခမ်းဖူးဖူးလေးမှအစ လည်တိုင်
လှလှလေးတွေကိုပါ သူ အပိုင်သိမ်းယူနေကာ..ရှေးမှာတော့ ရှက်လွန်းတာကြောင့်
ရော...သူမရုန်းနဲ့လို့ ပြောထားတာကြောင့်ယရော.သူ့ရင်ခွင် ထဲမှာ မျက်လုံးလေးမှိတ်ပြီး
သူ့ဆိုးသမျှကို ငြိမ်ငြိမ်လေး အနမ်းခံနေရတော့သည်။
တော်ဝင်..လူဆိုးကောင်...
------------------------------------------^^^^^^🍊🍊🍊🍊🍊🍊🍊🍊🍊
"မေမေ...နန်းဝင်ခဲ့မယ်နော်..."
ဒေါ်နန်းတောိဝင် အမေဖြစ်သူကို
ပြန်ချော့ဖို့အတွက် အခန်းထဲကို
ဝင်လာပြီး မိခင်ဖြစ်သူအနား
တိုးသွားကာ..စိတ်ဆိုးနေသောမေမေကို
နန်း ကြည့်ပြီး..
"မေမေ နန်းကို စိတ်ဆိုးနေတာလား
မေမေ..."
ဒေါ်နန်းမဟာ..မကြားချင်ယောင်
ဆောင်ကာ..တရားစာအုပ်ကို
ဖတ်နေတော့..ဒေါ်နန်းတော်ဝင်
ဝမ်းနည်းသွားကာ..
"မေမေ..နန်းမှားတာ..နန်းသိပါပြီမေမေရယ်..
နန်းကို ခွင့်လွတ် ပါနော်.."
ထိုအခါ ဒေါ်နန်းမဟာ စာအုပ်ကို
ဘေးကို ချလိုက်ပြီး...သမီးဖြစ်သူကို
မျက်နှာလေးတင်းထားကာ ကြည့်လိုက်ပြီး..
"ညညိးတကယ်..မှားတာကို သိတာလား.."
"တကယ်ပေါ့ မေမေရဲ့...ဟင့်.."
နန်း မေမေ.စကားပြန်ပြောတာကြောင့်
ဝမ်းသာပြီး မျက်ရည် တွေကျလာကာ..
"တကယ်ပါ..မေမေရယ်..နန်း
မေမေမကြိုက်တာ..နောက်
ဘာမှ မလုပ်တော့ပါဘူးနော်..''
"ပြီးရော..ဒါပင်မဲ့ ငါ့ကို ကတိတစ်ခု
ပေးရမယ်.."
"ဘာများလည်းမေမေရဲ့.."
နန်းစကားပြန်ပြောသော မေမေကို
ဝမ်းသာအားရမေးကာ..
"အခြားဟာ..မဟုတ်ပါဘူး...မနက်ဖြန်က
စပြီး မြေးမင်္ဂလာပွဲ ပြီးတဲ့အထိ..ညည်း
မြေးတို့အနားမှာ နေပေးရမယ်..."
"မေမေကလည်း နန်းသဘောမတူတဲ့
မင်္ဂလာပွဲကို မတက်ချင်ပါဘူး..."
"ညည်းပြောတော့ အသိတရား
ရပြီဆို..သွားအေး ငါ့ကို ဘယ်တော့မှ
စကားလာမပြောနဲ့..."
မေမေ အာ့ဒိလိုပြောတော့လညိး
နနိးမျက်နှာပျကိသွားကာ..
"မေမေကလည်း..နန်းမနှောကိယှက်ဘူး
လို့ပြောပြီးပြီပဲ..ဒါပင်မဲ့ မင်္ဂလာ ပွဲတော့
မတက်ချင်ပါဘူး.. "
"ဟဲ့..အာ့ဒါ..ညညိးရဲ့ တစ်ဦးတည်းသော
သားလေးလေ...ညည်းမရှိတော့ ကောင်းမလားအေ့.."
"ကောင်းတယ်မေမေရယ်..သူတောင် အမေ
ပြောစကားကို နားမထောင်ဘဲ လုပ်ချင်တာ
လုပ်သွားတာပဲ..."
"အေး ညည်းဆက်ပြီး ခေါင်းမာနေ...
သွားတော့..."
"ဟာ..မေမေတို့ကလည်း..ပြီးရော
မေမေရယ်..နန်းလိုက်မယ်ဟုတ့ပြီလား.."
"ပြီးရော..."
"အာ့ဒါဆို မနက်ဖြန် သွားဖို့
လိုအပ်တာတွေ သွားပြင်ဆင်
လိုက်အုံးမယ်...."
"မနက် ၉နာရီနော်..သွားမှာက..."
"အင်းပါ...မေမေရယ်..နန်းသိပါတယ်..."
သမီးဖြစ်သူ ထွကိသွားတော့မှ ဒေါ် နန်းမဟာ
ပြုံးကာ...
"နေနိုငိတာလည်း မဟုတ်ဘဲနဲ့ ကောင်မ
စုတ်လေး..."
"မေမေ ကြီး အိပ်သေးဘူလား.."
"မအိပ်သေးပါဘူးတော်...မြစ်လေးက
မအိပ်သေးဘူးလား..."
အေးမာ လက်ထဲမှာ ချီထားပြီး
ငိုနေသော နန်းဆန်သူလေးကြောင့်
ဒေါ်နန်းမဟာ မေးလိုက်တော့..
"ဟုတ်တယ်..မေမေကြီး အေးမာလည်း
ရအောင် သိပ်ပါတယ်..နန်းဆန်လေးက
မမလေးရှေးကို ပဲ ခေါ်ပြီး ငိုနေတော့
အာ့ဒါ အေးမာ..အကိုလေး ကြောက်လို့
မသွားရဲလို့..."
"ဟီး..မေမေရှိ...မေမေ..."
"ဟယ်..မြစ်လေး..ဘွားဆီလာလေ.."
"လာပူး..မေမေရှိ သွားမယ်..."
ဒေါ်နန်းမဟာ..သက်ပြင်းလေးချလိုက်ကာ..
"ကဲအေးမာ..မြစ်လေးက တိတ်မဲ့ပုံ
မပေါ်ဘူး..သွား..မြေးမလေးဆီခေါ်သွား
လိုက် အိပ်မှာမဟုတ်သေးဘူး..."
အေးမာ မျက်နှာလေးရှုံ့မဲ့သွားကာ..
ခေါင်းလေးကုတ်လိုက်ပြီး...
"ဟို..ဟို..အေးမာ...အကိုလေးကို
ကြောက်တယ်..မေမေကြီးရဲ့..."
"မကြောက်ပါနဲ့အေ...သွား..သွား.
တော်ကြာမြစ်လေး ငိုရလွန်းလို့မော
နေအုံးမယ်.."
"ဟုတ်. မေမေကြီး..."
အေးမာ ခေါင်းလေးကုတ်ကာ..
နန်းဆန်လေးကို ချီပြီး အပေါအထပ်
ကို တက်လာကာ...တံခါးကို မဝင့်မရဲလေး
ခေါက်လိုက်ကာ..
ဒေါက်..ဒေါက်..ဒေါက်..
"ဘယ်သူလည်း..."
"အေး..အေး..အေးမာပါ
အကိုလေး..."
အေးမာ..အထဲက အကိုလေး
ရဲ့ အသံကို ကြားကထည်းက
ကြောက်ဒူးတုန်နေမိသည်။
"အို..တော်ဝင် မင်းဖယ်တော့..."
ရှေး သူအနမ်းတွေထဲမှာ နစ်မျော
နေရင်း တံခါးအပြင်ဘက်က
အေးမာအသံကြောင့် ရှကိလန့်တကြား
သူ့ကိုယ်ကြီးကို တွန်းထုပ်လိုက်ပြီး
အင်္ကျီလေးတွေ ဆွဲဆန့်ပြီး ခေါင်းလေး
ကို သတ်ကာ..သူမကို ထိုင်ကာ..ပြုံးကြည့်နေသောသူ့ကို မျက်စောင်းထိုးပြီး တံခါးသွားယဖွငိ့ကာ...
"မအေးမာ..ဘာဖြင့် ဟယ်..သမီး..
ဘာဖြစ်လို့လည်း မအေးမာ..."
"ဟီး..မေမေ....ဂျစ်..ဂျစ်.."
သူမကို တွေ့တာနဲ့ အတင်းဖက်တွယ်ထား
တဲ့ သမီးလေးကြောင့် ရှေး လန့်သွားကာ
ပြန်ပြီး ဖက်ထား..ဘေးမှာ မျက်နှာငယ်
လေးနဲ့ ရပ်နေသော အေးမာက်ို ကြည့်ကာ..
"မအေးမာ..ဘာဖြစ်လို့လည်း..သမီးက
ငိုနေရတာလည်း.."
"ဟို..အေးမာလည်း မသိဘူး
မမလေး နန်းဆန်လေးက
မမလေးဆီကိုပဲ ပို့ပေးဆို ပြီး
ငိုနေတာ..အာ့ဒါကြောင့် အေးမာ
လာရတာပါ.."
အေးမာပြောပြီး အကိုလေးကို
ကြည့်လိုက်တော့ သူ့ကို အေး
စက်စက်ကြီးကြည့်နေတာကြောင့်
အေးမာ လန့်သွားကာ..
"မ..မမလေး..အေးမာ..
အောက်ဆင်းတော့မယ်နော်..နန့း
ဆန်လေး ပြန်ပို့ချင်ရင် ခလုတ်နှိပ်
လိုက်နော်..."
"ဟုတ်ပြီး မအေးမာ.."
အေးမာ တစ်ယောက်ပြောပြီး
တာနဲ့ လစ်လစ်ပါအောင်
အောက်ကို မမြန်ဆင်းလာပါ
တော့သည်။
မဟုတ်ရင် အကိုလေး အကြည့်ကြောင့်
အေးမာ..ရေခဲတုံး ဖြစ်ရကြည်ရဲ့....
ရှေး သမီးကို ချီကာ..ချော့နေရင်း
သူ့ကို ကြည့်တော့ စိတ်ပျက်ကာ..
မှောက်သွားတဲ့ သူ့ပုံကြောင့် သူမ
ပြုံးလိုက်ကာ...အိပ်ပျော်သွားတဲ့
သမီကို အိပ်ယာအလယ်မှ ချသိပ်
လိုက်တော့..
"ဟာ..ရှေး...မောင့်နားမသိပ်နဲ့လေ.."
"ဘာဖြစ်လို့လည်း..."
"မောင်ကအအိပ်ကြမ်းတယ်..သမီးကို
ဖိမိနေမယ်..အာ့ဒါကြောင့် ရှေးအလည်
ကအိပ်.."
ရှေးသူ့ကို မျက်စောင်းလေးထိုးကာ..
"သတိနဲ့ အိပ်လေ..ဘေးမှာထားရင်
သမီး ပြုတ်ကြမှာဆိုးလို့..."
"ဟာဗျာ..ရှေးကလည်း ဒီလောက် အိပ်ယာ
အကြီးကြီးကို.."
"သွား..အပိုတွေပြောမနေနဲ့ အိပ်တော့.."
သူမပြောလိုက်တော့...တော်ဝင်
စောင်ခေါင်းမူးခြုံကာ..တစ်ဖက်လှည့်
သွားတော့မှ ရှေး မျက်စောင်းလေး
ထိုးကာ..ပြုံးလိုက်ပြီး ညအိပ်မီးလေး
မှိတ်ကာ..မျက်ဝန်းတွေကို မှိတ်လိုက်တော့သည်။
-------------------------------------------^^^^^🍊🍊🍊🍊🍊🍊🍊
တင်...တင်..တင်..
ရှေးနာရီ အချက်ပြသံလေးကြောင့်
နိုးသွားကာ..သူမဘေးကို ကြည့်လိုက်
တော့..သမီးလေးက ကုတင်သူ့အိပ်တဲ့
နေရာကို ရောက်နေကာ..သူကတော့
ရှေးကို ဖက်ထားပြီး အိပ်နေတာ အိမ်မက်မျာမက်နေလားမသိ.....
ရှေး သူမကို ဖက်ထားတဲ့ သူ့လက်ကို
အသာဖယ်ကာ..သမီးကို အိပ်ယာအလယ်
ကို ထက်ရွေ့ပေးပြီး မျကိနှာသစ်ရန်
အတွက် ရေချိုး ခန်းဝင်ကာ...ပြန်ထွက်
လာပြီး မျက်နှာကို နို့ရည်လေးပုတ်ကာ..
ဘုရားဆွမ်းတော် ကပ်ဖို့နဲ့ သူတို့နိုးရင်စား
ဖို့အတွက် မနက်စာဝိုင်းပြင်ပေးရန်..
အောက်ထပ်ကို ဆင်းလာခဲ့သည်။
"ဟယ်..မမလေး နိုးပြီလား..."
"အင်း..မမဘုရားဆွမ်းကပ်မလို့..."
"ရပြီ..ရပြီ.. မမ..ညိုညိုအဆင်သင့်
လုပ်ပြီးပြီ..."
ရှေး ညိုညို ကို ပြုံးပြကာ..
"ညိုညိုအခုလို လုပ်ထားတော့
ကုသိုယ်ရတာပေါ့..."
"ဟီး..ညိုညို က နောက်ဘဝရောက်ရင်
မမလေးလို ကံကောင်းချင်လို့ပါ.."
"ဟင်..ရှေးက ဘာကံကောင်းလို့လည်း
ညိုညို ရဲ့.."
"မမလေးကလည်း ဒီလောကိ ချောပြီး
ချစ်တကိတဲ့ အကိုလေးကိုလည်း
ရထားတယ်..မမလေးကလည်း ချောတယ်
လှတယ်..သဘောလည်းကောင်း
စိတ်ထားလည်းဖြူစင်တယ်...ပြီးတော့
ဘာမှလည်း လိုလေစိတ်မရှိအောင် အကိုလေး
က မမလေးကို အရိပ်တကြည့်ကြည့်နဲ့
ဖြည့်စည်းပေးနေတာလေ..အာ့ဒါမမလေး
ကံကောင်းတာပေါ့..ညိုညိုလညိး...နောက်ဘဝရောက်ရင် မမလေးလို ဖြစ်အောင် အမြဲတမ်းစုတောင်းတယ်သိလား..."
ရှေး ပြုံးလိုက်ကာ..
"ညိုညိုရယ်..လူတိုင်းကတော့..
ဘဝမှာ ပြီးပြည့်စုံနေတာ မရှိပါဘူး..
သူ့ ကံတရားနဲ့ သူ ရှိတာပဲလေ...
ဒါပင်မဲ့ ညိညိုလည်း စိတ်ထားလေး
ဖြူစင်ပြီး ချစ်စရာလေးပါ..အာ့တော့
လူကောင်းနဲ့တွေ့မှာပါ..မမ..ဘုရားဆွမ်း
တော် သွားကပ်အုံးမယ်နော်..."
"ဟုတ်ကဲ့မမလေ.."
ရှေး ညိုညို ပြင်ဆင်ပေးထါးတဲ့
ဆွမ်းတော်ပန်ကန်လေးယူကာ..
ဘုရားခန်းကို တက်လာပြီး..
ဆွမ်းကပ်ကာ..ဘုရားရှစ်ခိုးပြီးတော့
သူ့ကို နိုးဖို့အတွက်..အခန်းဘက်ကို
ထွက်လာလိုကိသည်။
အဘွားက ဒီနေ့ ၉နာရီကို ဘုန်းကြီး
ကျောင်းသွားဖို့ ပြောထားတယ်မဟုတ်လား....
ရှေး အခန်းတံခါးဖွင့်ကာ..ဝင်လိုက်တော့
မြင်လိုက်ရ တဲ့ မြင်ကွင်းလေးကြောင့်
ကြည်နူး စွာပြုံးလိုက်မိသည်။
သမီးလေးက သူ့ရင်ဘက်ပေါ်
မှောက်ခုံလေးအိပ်နေတာကို
သူက ပြန်ဖက်ထားကာ..
အိပ်နေတဲ့ ပုံလေးက တကယ့်သားအဖ
တွေလိုပင်။
ရှေး အိပ်မော ကျနေသော
နှစ်ယောက်ကို ကြည့်ကာ..
မနိုးရက်တော့ပဲ..မနက်စာ
ဝိုင်းပြင်ဆင်ပေးဖို့ပဲ အောက်
ထပ်ကို ဆင်းလာခဲ့လိုက်သည်။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း