book

Index 17

အပိုင်း (17)🍑🍑🍑🍑

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"အို..မင်းဘာလုပ်တာလည်း..."


"ခင်ဗျားကို ချော့မလို့..."


သူ ပြောပြီး သူမကို ခါးလေးကနေ

ဖက်ထားတော့ ရှေး သူ့ရင်ခွင်ထဲမှာ

မော့မော့လေးဖြစ်နေကာ...မှောက်နေ

သောကြောင့် ရှေးမျက်နှာလေး

ရဲနေတာကိုတော့ သူမြငိမှာမဟုတ်။


ရှေးသူ့ရင်ဘက်ကို ထုလိုက်ကာ..


"တော်ဝင်..မင်းငါ့ကို လွတ်..."


"ခင်ဗျားစိတ်ဆိုးနေတာ..မဟုတ်ဘူးလား..

ကျွန်တော်ချော့မယ်လေ..ခင်ဗျားပဲ....ကျွန်တော် အချော့ကို စောင့်နေတာ

မဟုတ်ဘူးလား..."


"အို..မဟုတ်ဘူးနော်.. ဖယ်..."


သူ့မျက်နှာ.သူမမျက်နှာနားကို ငုံ့ကာ

သူမနှုတ်ခမ်းဖူးဖူးလေးကို ရန်ရှာ

လာတော့ ရှေတစ်ယာက် ရင်ခုန်သံ

တွေ တဖြတ်ဖြတ် ဖြစ်သွားကာ..

ရင်တွေ တအားခုန်ပြီး ငိုချင်သလိုတောင်

ဖြစ်လာခဲ့သည်။


သူ သူမကို နမ်းဖူးသော်လည်း...

သူမနှုတ်ခမ်းဖူးဖူးလေးကို 

ထိတွေ့လိုက်တာနဲ့ တော်ဝင်

ရင်ခုန် သံတွေ ထိနိးမရတော့

အောင် ပြုစားနိုင်လွန်းသော သူမ

ပါပဲ။


"တော်ဝင်..မင်းတော်တော့...အွန်း..."


ရှေး သူ့အနမ်းတွေကြား

အသက်ရူတွေကြပ်လာကာ

အတင်းရုန်းပြီးပြောသော်လည်း

ပြောမရတဲ့ လူရမ်းကားကတော့

သူလိုချင်တာတွေကို သူမကိုယ်လေး

ကို လှုပ်မရအောင် တင်ကြပ်နေအောင်

ဖက်ထားပြီး အနမ်း ကမ္ဘာကြီးထဲကို

ရှေးကို ခေါ်ဆောင်နေတော့သည်။


ရှေး...အသက်ရူတွေကြပ်လာကာ..

မျက်ရည်တွေကျလာပြီး သူနှုတ်ခမ်း

ကို ဖိကိုက်လိုက်တော့မှ သူလွတ်ပေး

ကာ...


"ဘာလို့လည်း.."


သူ သူမကို ပြုံးကာကြည့်လာပြီး

သူမကိုက်လိုကိတဲ့ နှုတ်ခမ်းကို

ကိုင်ကာမေးတော့ရှေး မျက်ရည်

လေးတွေ သုတ်လိုက်ကာ...


"လူရမ်းကာ..နှဗူးရဲ့...မင်းရတိုင်း..

ငါ့သက်ရူကြပ်နေပြီ မင်းမသိဘူးလား..

အသက်ရူ ကြပ်ပြီး သေသွားရင် ဘယ်လိုလုပ်မလည်း...''


တော်ဝင် သူမ ရန်တွေ့နေတာကြောင့်

ပြုံးလိုက်ကာ..


"ကျွန်တော်က ခင်ဗျားရဲ့ ပထမဆူံး

အနမ်းထင်တယ်နော်..."


"ဘာ..မင်း..အရှက်မရှိတဲ့လူ...."


မျက်နှာလေးရဲကာ ပြောနေသော

သူမကြောင့် တော်ဝင် ပြုံးနေမိကာ..


"ဘာကို..ရှက်ရမှာလည်း...

ခင်ဗျားက..ကျွန်တော်မိန်းမပဲကို

နောကိဆ်ို ဒီထက်ဆိုးတာတွေတောင်

ရှိအုံးမယ်..."


"အို..မင်းပြောလေဆိုးလေပါလား.

တော်ဝင်..ငါ့ကိုလွတ်..ဟိုမှာအဖွား

ပေးလိုက်တဲ့ဘူး ကွဲသွားပြီလား

မိသိဘူး..ဖယ်.."


သူမလေးခါးမှ သူ့လက်ကို အတင်း

ဖြုတ်နေတော့..တော်ဝင်...ပြုံးကာ

လွတ်ပေးလိုက်ပြီး...မီးခလုတိနား

သွားကာ. မီးဖွင့်လိုက်တော့..အခန်း

ထဲတွင် လင်ထိန်နေကာ..သူမက..

ယွန်းဘူးကောက်ပြီး သူ့အနားပြန်လျှောက်

လာကာ.သူ့ကို မျက်စောင်းထိုးလိုက်ပြီး...


"တော်သေးတယ်..မကွဲလို့...ပြီးတော့..

ဒီမှာ..မင်းအဘွား..ငါ့ကို မနက်ဝတ်ဖို့တဲ့

အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ

ပေးလိုက်တယ်..ရော့မင်းယူထားပါလား.."


"စိတ်မဝင်စားဘူး. ခင်ဗျားကို ပေးတါ

ယူထားပေါ့..."


အေးဆေးပြောနေသော သူ့ကြောင့်

ရှေးသက်ပြင်းလေးချလိုက်ကာ..


"ငါ့ကို အခုလို တန်ဖိုးကြီးတာတွေပေး

ရင် ငါအရမ်း စိတ်မသက်မသာရာဖြစ်

တယ်..တော်ဝင်...ပြီးတော့ ဒါတွေငါ

ဝတ်လည်းမဝတ်တက်ဘူး..."


"မဝတ်တက်ရင် ဝတ်တက်အောင်

ကျင့်ထားပေါ့..နောကိဆို..ခင်ဗျားယော

ကျာ်း ကျွန်တော်ရှာတဲ့ငွေက 

ခင်ဗျားမသုံးရင် ဘယ်သူ သုံးမှာလည်း.."


"အာ့ဒါတော့ ငါဘယ်သိမှာလည်း.."


"မသိရင်လည်း..ခင်ဗျား..ကျွန်တော်ကို

ကလေး ငါးယောက်မွေးပေး.."


"အို...ဘာဆိုင်လို့လည်း..."


"ခင်ဗျားက ပိုက်ဆံမသုံးတက်တော့

ကျွန်တော်သားသမီးတွေကို သုံးခိုင်း

မလို့လေ..."


ရှေး သူ့ကိုမျက်စောင်းထိုးလိုက်ကာ..


"မင်းအရမ်း နစ်နာနေအုံးမယ်..."


"အဟက်...ဒီလောက်ကတော့

အနစ်နာခံရမှာပေါ့...မဟုတ်ဘူးလား.."


"သွား...မုန်းဖို့ကောင်းလိုက်တာ.. "


"ဘယ်ကိုသွားရမှာလည်း..."


"မင်းနော်.."


"အဟက်..စတာပါ...ကျွန်တော်

အလုပ်လေးနည်းနည်းရှိလို့...

လုပ်လိုက်အုံးမယ်..ပြီးမှ ပြန်ဝင်ခဲ့မယ်

နော်..အဆင့်သင့်ပြင်ထားနော်..."


"မင်း..သွား..ဘုန်း.."


ရှေး ရှက်သွားကာ..ခေါင်းအုံးနဲ့

ပေါက်လို့တော့ သူ ခေါင်းအုံးကို.ဖမ်းယူကာ

သူမအနား ကို တိုးသွားလိုက်ပြီး...


"နောက်တစ်ခါ..အာ့ဒိလို မဆိုးရဘူး

မိန်းမရဲ့..မွ..."


ပြောလည်းပြော သူမနှဖူးလေးကို

နမ်းကာ အခန်းအပြင်ထွက်သွားသော

သူ့ကြောင့် ရှေးနှုတ်ခမ်းလေးကို သာ

ဖိကိုက်ပြီး ကျန်နေခဲ့တော့သည်။


----------------------------------------^^^🍑🍑🍑🍑🍑🍑🍑🍑🍑


"အန်တီနန်း..ကြည့်ပါအူံး....မြတ်တို့

ဖိတ်စာတွေရလာပြီ.."


"ဟယ်..ဟုတ်လား ပြပာအူံး..".


ဒေါ်နန်းတော်ဝင် မြတ်လက်ထဲက

ရွှေရောင်ဖိတ်စာများကို ယူကြည့်ကာ..


"ဟယ်..လှလိုက်တာနော်..သားနာမည်နဲ့

သမီးနာမည်က ဝင့်ထည်နေတာပဲ..''


"အဟင်း..အန်တီကလည်း..မြတ်တို့က

အလှဆုံး စျေးအကြီးဆုံးကိုမှ လုပ်ထား

တာကို..."


"ဟုတ်တယ်နော်..သမီး..အာ့ဒါ

ကြောင့်လည်း လှနေတာနေမယ်...

ဒါနဲ့..သမီးမြတိ ဒီဖိတ်စာ..သွားရွေး

တာလား..."


ထိုအခါ..မြတ်သစ္စာ မျက်နှာပျကိသွား

ပြီး..အမြနိပြုံးလိုက်ကာ...


"ဟို..ဟိုလေအန်တီရဲ့..ဒီနေ့သူငယ်ချင်း

မွေးနေ့လေ..အာ့ဒါဟိုတယ်မှာ စားသောက်

ပြီး ဖုန်းလာလို့ ရပြီဆိုလို့ သွားယူလာတာ..."


"သြော်..အာ့ဒါကြောင့် သမီးလေး

ပုံက ပင်ပန်းနေတာကို..သွားသွား

ရေသွားချိုး အန်တီး ထမင်းစားခါနီး

လာခေါ်မယ်နော်..."


"ဟုတ်ကဲ့..အန်တီ..."


မြတ်သစ္စာ အပေါ်ထပ်ကို တက်လာပြီး

ပြုံးလိုက်မိသည်။


ဒီနေ့ သူမသွားတာ ကောင်လေးနဲ့ 

သွားdateတာပါ..ဒါကို သူမကို

အရမ်းယူံကြည်နေတဲ့ အဘွားကြီး

သိမှာမဟုတ်...


သူ့သားကို ရအောင်ယူပြီး..

တော်ဝင်ဂုဏ် စံအိမ်ရဲ့

ချွေးမ ဖြစ်ကိုဖြစ်ရမယ်..


ဒေါ်နန်း မဟာ...စကပ်အတိုလေးဝတ်ကာ

မပေါ်ထပ်ကို တက်သွားသော မြတ်ကိုကြည့်ကာ..ခေါင်းငြိမ့်လိုက်ပြီး...ဧည််ခန်းမှာ ထိုင်နေသော သမီးဖြစ်သူအနားသွားကာ..


"မိနန်း မြတ်ကိူလည်းပြောပါအုံး..."


"မြတ်က ဘာလုပ်လို့လည်း မေမေရဲ့..."


"အို...ဘာလုပ်ရမှာလည်း ဝတ်စားပုံကို

လည်းကြည့်အုံး...ဖင်ပေါ်တော့မယ်အေ...

ပြီးတော့..ဒီအိမ်မှာ ငါ့မြေးလည်းရှိတယ်..

ဒါကို ညည်းမစဥ်းစားမိဘူးလား..."


"မေမေရယ်..မြတ်က အခုခေတ် မိန်းကလေး

လေ..ဒီလိူ ဝတ်တာ..ဘာဖြစ်လို့လည်း...

သားကလည်း သူနဲ့ မကြာခင် လက်ထပ်မဲ့

သူပဲကို.."


"ဒီမှာ..မိနန်း ညည်းငါပြောတာ

နားမပါတာလည်း သားသမီးချင်း

ကိူယ်ချင်စာတဲ့စိတ် မိန်းမသားချင်း

ကိုယ်ချင်းစာတဲ့ စိတ်မရှိတာလား..

ညည်းအခုထိ လကိမလျော့သေးဘူး

လားဟမ်း..ညည်းသားက အတူတူ

နေလိူ့တောင် ကလေးရတော့မှာကို

ညည်းက အခုထိ လက်မလျော့သေးဘူးပေါ့..

ဟုတ်လား..."


ဒေါသတကြီး ပြောလာသော မေမေကို

နန်းကြည့်ပြီး..


"အာ့ဒိလို မပြောပါနဲ့ မေမေ...

နန်းကလည်း ကိစ္စတွေလွန်ကုန်ပြီ.."


"ဘာ..ဘာကိုလွန်တာလည်း..."


"ဒီမှာလေ...ဖိတ်စာတွေတောင်ရိုက်ပြီနေပြီ..."


"ဘုရား..ဘုရား..မိနန်း ညည်းအသိ

ရှိသေးရဲ့လား...ညည်းအခုလို လုပိတော့

ရော မြေးကလက်ခံမယ် ထက်နေလား.."


"သူက သမီးရဲ့သားမေမေ..

သမီးပြောတာတော့ လက်ခံရမှာပဲ..."


"အမလေး..မိနန်း ညည်း လုပ်ရက်တာ

အေ..."


"မေမေ..မေမေ..ဘာဖြစ်တာလည်း.

လာကြပါအုံး..မေမေဘာဖြစ်မှန်းမသိဘူး...''


ဒေါ်နန်းတော်ဝင်တစ်ယောက် အမေဖြစ်သူ

ကိုပွေ့ပြီး ပြာယာခက်စွာ..အော်တော့...

တော်ဝင်..အောက်ထပ်ကို ဆင်းလာတာနဲ့

ကြုံတော့..တော်ဝင် အမြန်ပြေးလာကာ..


"ဟာ..အဘွား..မာမီး..အဘွား

ဘာဖြစ်တာလည်း.."


"အဟင့်..မာမီနဲ့ စကားများပြီး

ဖြစ်သွားတာ..လုပ်ပါအုံးသားရယ်.."


တောင်ဝင် အဘွားကို ကောက်ချီကာ

အခန်းထဲကို လှည့်ထွက်ဖို့ပြင်တော့..

စားပွဲခုံ မှန်သားပြင်ပေါ်က ဖိတ်စာကို

မြင်သွားကာ..မျကိနှာမှာ တင်းမာသွား

ပြီး..


"မာမီ..ကျွန်တော်..သဘေယမတူတာ

တွေကို ဆက်ပြီး မလုပ်ဖို့ မျှော်လင့်ပါ

တယ်..."


"ဟင်..."


ဒေါ်နန်းတော်ဝင် သားအပြောကြောင့်

ဆိုဖာပေါ်ထိုင်ကျသွားကာ မျက်ရည်တွေ

ကျလာတော့သည်။


တော်ဝင် ဆရာဝန် အဘွားကို

စမ်းသတ်နေတာကို စိတ်ပူစွာကြည့်

နေတော့ ဘေးက ရှေးသူ့ရဲ့ လက်မောင်း

ကို ကိုင်လိုက်ကာ...နှစ်သိမ့်အပြုံးပြုံး

ပြလိုက်တော့ ဝင်တော်သူမလက်ကလေး

ကို ပြန်ဆုပ်က်ိုင်ကာ..အဖွားကို ကြည့်နေလိုက်သည်။


ဆရာဝန် နံဂျတ်ကို ဖြုတ်ကာ..သိမ်းပြီး

သူတို့ဘကိကိုလှည့်ကာ..


"ဘာမှ စိုးရိမ်စရာမရှိပါဘူး.. ဒါပင်မဲ့

အသက်ကြီးပြီဆိုတော့..နောက်တစ်ခါ

အခုလို အပြုအမူတွေ မဖြစ်ဖို့

အရေးကြီးတယ်..."


".ကျွန်တော်

ဂရုစိုက်ပါမယ်..."


"ဟုတိကဲ့..ကျွန်တော်..ထိုးဆေး

ထ်ုးပေးခဲ့တယ်ပြီးတော့ သောက်ဆေး

ကို လည်း ဂရုစိုက်တိုက်ပေးပါ..."


"ကောင်းပါပြီ..ဒေါက်တာ..."


"အာ့ဒါဆို ကျွန်တော်ကို ခွင့်ပြု ပါ

အုံး အကိုလေး.."


ဆရာဝန်ထွက်သွားတော့မှ 

တော်ဝင်နဲ့ ရှေး အဘွားအနား

ကို ကပ်သွားပြီး ဆေးအရှိန်နဲ့

အိပ်ပျော်နေသော အဘွားရဲ့

လက်ကို တော်ဝင် ဆုပ်ကိုင်ကာ..


"ကျေးဇူးပါ..အဘွားရယ်..

ဘာမှမဖြစ်လို့...."


ရှေး အဘွားဖြစ်သူကို အရမ်းချစ်တဲ့

သူ့ကို ပြုံးကာ..ကြည့်နေမိတော့သည်။


-----------------------------------------^^^^^^🍑🍑🍑🍑🍑🍑🍑


ဒေါ်နန်းတော်ဝင် မေမေကို ရင်အဆိုင်

ရဲစွာ အခန်းထဲတွင် ငူငူကြီး ထိုင်နေမိသညိ။


ဒါကို မြတ်သစ္စာတစ်ယောက်ကြည့်ကာ..


"မဖြစ်ဘူး..အန်တီနန်း..စိတ်ပျော့သွား

လို့ မဖြစ်ဘူး...ငါ့ဘက်မှာ ရှိနေမှ ဖြစ်မယ်

မဖြစ်ဘူး..နင်တစ်ခုခုကြံစမ်းမြတိ.."


မြတ်တစ်ယောက်ပြောကာ..အကြံတစ်ခု

ရသွားသလို မျက်နှာလေးမှာ ပြုံးပြီး..

အန်တီအနားကို သွားကာ..မျက်နှာလေး

မှာ စိတ်မကောင်းသလိုလုပ်ပြီး...


"အန်တီ..."


နန်း အားငယ်စွာထိုင်နေတုံး..

သမီးမြတ်လေး ဝင်လာတာကြောင့်..


"လာလေ..သမီး..."


"ဟုတ်..အန်တီ..''


"အန်တီ..စိတ်မကောင်းဖြစ်နေတာလားဟင်.."


ဘာမှ ပြန်မပြောဘဲ ငြိမ်သွားတာ

ကြောင့် မြတ် ပြုံးကာ..


"အန်တီ..ဘာမှ အားမငယ်နဲ့..

မြတ်က ကိုကို လက်ထပ်ပြီး

သွားလည်း နောက်ပိုင်း ကိုကို

အာ့ဒိမိန်းမကို မလိုချင်တော့တဲ့အခါ

မြတ်လက်ခဲပေးအုံးမှာပါ.."


"ဟင်..သမီးတကယ်ပြောတာလား.."


"တကယ်ပေါ့.. အန်တီရဲ့..သမီးကိုကို

ကိုချစ်တယ်..အန်တီ..ဟိုမိန်းမက မာယာ

တွေသုံးပြီး မြူစွယ်ထားပင်မဲ့..

မြတိ..အာ့မိန်းမ မလိုချင်တော့တဲ့အခါ..

ပြန်လက်ခံပေးမှာပါ.."


"အို..သမီးလေးရယ်..သမီးလေးက

သားအပေါ်ထားတဲ့ အချစ်တွေက

လေးနက်လွန်းပါတယ်..အန်တီ..

သမီးအတွက် စိတ်မကောင်းဘူးကွယ်.."


မြတ် အလွန် နာကျင် နေသော 

ပုံစံမျ်ုးလုပ်ပြပြီး..


"အဟင်း..အန်တီရယ်..အချစ်မှာ

တကယ်ချစ်တဲ့သူတွေက အမြဲ

ခံစားရစမြဲပဲလေ...မြတ်အချစ်တွေကို

ကိုကိူလည်း တစ်နေ့ နားလည်လာမှာပါ.."


"ဟုတ်တယ်..သမီး..သားနားလည်

လာမှာပါ..ပြီးတော့..သမီးစိတ်ချသိလား

အန်တီ..အာ့မိန်းမကို ချွေးမ အဖြစ် ဘယ်တော့ မှ အသိအမှတိမပြုဘူး.."


"ဟုတ်ကဲ့..အန်တီ...အန်တီက မြတ်အပေါ်

တကယ်ကောင်းတာပဲ..အန်တီက မြတ်ရဲ့

ဒုတိယအမေပါပဲ အန်တီ..."


ပြောပြီး မြတ်သစ္စာ တစ်ယောက်

ဒေါ်နန်းတော်ဝင် ခါးကို ဖတ်ထားကာ

ကောက်ကျစ်သော အပြုံးတို့ကတော့

ပေါ်လွင်လျှက်


-----------------------------------------^^^^^🍑🍑🍑🍑🍑🍑🍑🍑


"အဘွား..သတိရလာပြီနော်..."


"အင်းပါ..မြေးရယ်...အဘွား.

မြေးတို့ကို လက်မထပ်ရပေးသ၍

ဘာမှ မဖြစ်ပါဘူး.."


"ဟာဗျာ..အဘွားကလည်း

မဟုတ်တာတွေ မပြောပါနဲ့ဗျာ...

သားက အဘွားကို စိုးရိမ်နေတာ.."


မဟောမပြောပြီး အဘွားလကိကို

ကိုင်ထားကာ...ပြောတော့..ဒေါ်နန်းမဟာ

ပြုံးနေပြီး...ဘေးမှာ မြစ်မလေးကိုချီကာ ပြုံးကာကြည့်နေသော

မြေးမလေးကို ကြည့်ကာ...


"အဘွား..မြေးမလေးလည်း ပင်ပန်း

နေပါပြီ...အဘွားကိုလည်း လုပ်ပေးနေရ..

မြေးအတွက်ကိုလည်း လုပ်ပေးနေရဆိုတော့..

'"


"ရပါတယ်..အဘွားရဲ့...ရှေးက

ဘာမှ မဖြစ်ပါဘူး...အဘွားသာ

နောက်ဒီလို မဖြစ်အောင်နေနော်..."


"ဟုတ်ပါပြီကွယ်.."


ဒေါ်နန်းမဟာ..ပြူံပြီး ခေါင်း

လေးငြိမ်ပြကာပြောတော့..


"ဘွားဘွား...ဂျစ်..ဂျစ်...ခစ်ခစ်.."


နန်းဆန်သူလေး အပြောကြောင့်

အကုန်လူံးပြုံးလိုက်မိကြသည်။


ဒေါ်နန်းမဟာ..မြေးဖြစ်သူတို့ကို

ကြည့်ကာ..


"မြေးတို့ မနက်ဖြန်...ရက်ရွေးဖို့

ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်

ထားနော်..."


"အဘွားကလည်း... နေကောင်းမှ

အာ့ဒါကိုစဥြးစားပါ.."


"အဘွား..ဘာမှမဖြစ်ပါဘူးကွယ်..

မြေးတို့သာ..ပြင်ဆင်ထားပါ..

မနက်ဖြန် ၉နာရီ သွားရမယ်..

ကြားလားမြေးတို့.."


"ဟုတ်..အဖွား.."


"ဟုတ်ကဲ့..အဖွား.."


"ဟုတ်ရဲ့..အဖွား..''


နနးဆန်သူလေးရဲ့ မပိတပီ

အသံလေးကြောင့် ဒေါ်နန်းမဟာ

ပြုံးနေသော မြေးဖြစ်သူကိုကြည့်ကာ..


"မြေးတော်ဝင်...မြေးကို အဘွား

ပြောစရာရှိတယ်.."


"ဟုတ်ကဲ့....အဘွားပြောလေ.."


"မြေးတို့ ကလေး အမြန်ယူပါ.."


"ဗျာ..."


တော်ဝင် ဘေးမှာရပ်နေသော ရှေးကို

တစ်ချက်ကြည့်လိုက်တော့ မျက်နှာလေး

ရဲနေကာ..သူ့ကို မျကိလုံးလွဲသွားတာ

ကြောင့် ပြုံးလိုက်ကာ..အဘွားဖြစ်သူ

သူ့အဖြေကို မျှော်လင့်တကြီး စောင့်

နေသော ကြောင့် သူ ခေါင်းငြိမ့်ပြကာ..


"စိတ်ချအဘွား..ကျွန်တော် အဘွား

ဖြစ်စေချင်သလို ကလေး အမြန်ယူပါ

မယ်.."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: