ရှေး အိမ်ထဲဝင်လိုက်တော့
သူမကို မဲ့ကြည့်ကာနေတဲ့
တော်ဝင်အမေကို တွေ့တော့
ရှေး မမြင်ချင်ယောင်ဆောင်ကာ
အပေါ်ထပ်ကို တက်ဖို့လုပ်တော့..
"ဟွန့်..ပြောတော့..မခင်ဘူးမသိဘူးနဲ့
အခုတော့ ရေတောင်ပတ်လို့ မျက်နှာ
ပျောင်တိုက်ချက်..."
ရှေး မျက်နှာလေးတင်းပြီး
ပြန်မပြောချင်တာကြောင့်
ဆက်လျှောက်ဖို့ပြင်တော့..
"ဟဲ့..နင့်ကိုငါပြောနေတာလေ
မကြားဘူးလား...ငါ့ကို အားခံနေ
တာလား.."
ရှေး သက်ပြင်းလေးချကာ..
ပြန်လှည့်လိုက်ပြီး...
"ဒီမှာ အန်တီ..အန်တီကို အားခံ
နေရအောင် အန်တီကို ကျွန်မ
စကားပြောလား...အန်တီတစ်ယောက်
ထည်းပြောပြီး အန်တီတစ်ယောက်ထည်း
ဒေါသထွကိပြီး ပြောနေတာလေ..ဒါကို
ကျွန်မ အာခံတယ်ဖြစ်ရောလား..."
"ညည်း ညည်း ငါ့ကို ပြန်ပြောနေတာ
လား.. "
"အန်တီကို..ပြန်ပြောနေတာမဟုတ်
ဘူး..အခု အန်တီဘဲ တစ်ဖက်သက်
ရှေးကို ပြောနေလို့ပြောတာ..အာ့တစ်
ယောက်က ရှေး ဧည့်သည်လည်မဟုတ်
ဘူး...အန်တီဧည့်သည်ပါ..ရှေးနဲ့ဘာမှ
မဆိုင်ဘူး..."
"ညည်းက ငါ့ကိုပြန်ခံပြောနေတာလား..
အမလေး...သားတော်ဝင် မင်းမိန်းမ
ငါ့ကို ပြန်ခံပြောနေတယ်တွေ့လား.."
ရင်ဘက်တီးကာ..အော်နေသော
ဒေါ်နန်းတော်ဝင်ကို ရှေးကြည့်ပြီး
သက်ပြင်းအသာ ချကာ...အပေါ်ထပ်
ကို တက်လာပြီး အခန်းထဲ ဝင်လာတော့
ရှေးကို ခါးထောက်ပြီး ကြည့်နေတဲ့ သူ့
ကြောင့် ရှေး တစ်ချက်ကြည့်ပြီး ရေချိုး
ခန်း ဝင်ရန်ပြင်တော့ ရှေးလက်ကို ဆွဲကာ
သူ့ဘကိကို လှည့်လိုက်တဲ့ သူ့ကြောင့်
ရှေ့နာသွားသော လက်ကို ပွတ်လိုက်ပြီး
သူ့ကို မော့ကြည့်ကာ..
"မင်း..ဘာလုပ်တာလည်း
တော်ဝင်..."
"ဘာလုပ်တယ်..ခင်ဗျား မြင်လည်း..."
ရှေး သူ့ကို နားမလည်သလို ကြည့်နေမိ
သည်။
မနက်က အကောင်းကြီးပါ အခုမှ ဘာ
ထဖောက်သွားလည်းမသိ။
တော်ဝင် နားမလည်သလို
မော့ကြည့်နေတဲ့ သူမကြောင့်
အသည်းယားသွားကာ...
"ခင်ဗျား...ဘာကြည့်တာလည်း..
ပြောတော့ ဘာမှမပတ်သတ်ဘူးဆို..."
"ဘာကိုလည်း.."
"ဘာ...ခင်ဗျားမသိချင်ယောင်
ဆောင်မနေနဲ့...အခုမှ.."
ရှေးသူပြောတာကို ဘာမှ နားမလည် စွာ
"ငါက..ဘာကို မသိချင်ယောင် ဆောင်ရ
မှာလည်း...တော်ဝင်..မင်းဘာတွေဖြစ်နေ
တာလည်း.."
"ခင်ဗျား..ကျွန်တော်ဘာဖြစ်နေတယ်
ဆိုတာ..မသိဘူးလား..ဟိုက ခင်ဗျား
လက်ကို ကိုင်တာတောင် ခင်ဗျားက
ငြိမ်ငြိမ်လေးခံနေတာပေါ့.."
"အို..တော်ဝင် မင်းဘယ်လိုပြောလိုက်
တာလည်း..ငါက ဘာကို ငြိမ်ခံရမှာ
လည်း..သူ့ဘာသူ ငါ့ကို တွေ့လို့ လာနှုတ်
ဆကိတာတဲ ငါအခုလို မင်းမကြိုက်မှာ
ဆိုးလို့တောင် အမြန်ရှောင်ပြီး ထွက်လာတာ
ပြီးတော့ သူ့ကိုငါခင်တာလည်း မဟုတ်ဘူး.."
"အာ့ဒါဆို ဘာလို့ သူက ခင်ဗျားကို
ဘာပြောတာလည်း... "
"အာ့ဒါတော့ ငါဘယ်သိမလည်း
တော်ဝင်.. မင်းက ငါ့ကို မယုံ
ကြည်ဘူးလား..ငါဘယ်လိုနေရမှာ
လည်း..ငါဘာလုပ်လုပ် သံသရ မျက်လုံး
တွေနဲ့ ကြည့်နေရတာလည်း.."
"ခင်ဗျား..အာ့ဒိလို အကြည့်မခံချင်ရင်
အကြည့်မခံရအောက်နေလေ...အခုတော့
ခင်ဗျားက ဟိုက ခေါ်တာနဲ့ ပြုံးပြနေတာ.."
"မင်းငါ့ကို မဟုတ်တာတွေမပြောနဲ့
ကောင်းကောင်း မွန်မွန် ပြန်ပြောတဲ့သူ
ကို ငါက ရန်တွေ့လွတ်ရမှာလား.."
"တွေ့သင့်ရင် တွေ့ရမှာပဲ...ဒါခင်ဗျား
မသိဘူးလား..."
"မသိဘူး..ငါ့မိဘက ငါ့ကိုသင်ထားတာ
အာ့ဒါမပါဘူး..ကိုယ့်ကို ကောင်းကောင်း
မွန်မွန်ပြောရင် ကောင်းကောင်းမွန်မွန်ပဲ
ပြန်ပြောတက်တယ်..မင်းလို့တော့ ရန်
မတွေ့နိုင်ဘူး.."
တော်ဝင် သူ့ကို ဒေါသထွက်စွာ ပြန်ပြော
နေတဲ့ သူမကြောင့် ပြုံးလိုက်ကာ...
"ဘာလည်း..ခင်ဗျားက ယာဥ်ကျေး
သူကြီးပေါ့.."
ရှေး သူ့ကို မျက်နှာလေး တင်းကာ
ကြည့်လိုက်ပြီး...
"အာ့တော့.မင်းက ဘာဖြစ်ချင်တာလည်း
ငါက ဘာလုပ်ပေးရမှာလည်း ပြော ငါဘယ်
လို နေနေ မင်းက အခုလို ဖြစ်နေတော့
ငါစိတ်တွေ အရမ်းမွန်းကြပ်တယ် တော်ဝင်
ငါတို့ လက်မထပ်ရသေးတာပဲ..ငါ့ကို
ပြန်ခွင့်ပြုတော့.."
"ခင်ဗျား..ဘာပြောတယ်..ပြန်ပြောစမ်းရှေး
ခင်ဗျား ပါးစပ်က နောက်တစ်ခါ အာ့ဒိ
စကားထပ်ထွက်လာရင် ခင်ဗျားနဲ့ ကျွန်တော်
အခု ချက်ချင်း ကုတင်ပေါ် ရောက်သွား
လိမ့်မယ်..."
သူ ရှေး ပုခုံးလေးကို ကိုင်ကာ
ဒေါသတကြီးပြောတော့ ရှေး သူ့ကို
ထိန့်လန့်စွာ...မော့ကြည့်ကာ..
"တော်ဝင် မင်း..မင်း ဟီး.....အဟင့်..."
ရှေး ထိုင်ချလိုကိကာ..မျက်နှာလေး
ကို လက်နဲ့ အုပ်ကာ..ရှိုက်ကြီးတငင်
ငို ချလိုက်တော့သည်။
တော်ဝင် သူမ ငိုနေတာကြောင့်
ပြာသွားပြီး..
"ဒီမှာ...ခင်ဗျား..မငိုနဲ့..ကျွန်တော်
ဘာမှ ပြောရသေးတာမဟုတ်ဘူး.."
"ဘာ..ငါ့ဘာသာ...ငါငိုတာ..
မင်းအပူပါလား..."
"ပါတယ်.."
ရှေးသူ့ကိုမျက်ရည်တွေကြားကနေ
မျက်စောင်းထိုးလိုက်မိသည်။
တော်သေးသည် မပြောရသေးလို့ပဲ
ပြောသာပြောရ ရင် ရှေးဘယ်လောက်
တောင် အပြောခံရမလည်းမသိ။
"ကျစ်.."
တော်ဝင် သူမငိုတော့လည်း မနေတက်
စွာ...ခေါင်းကိုဖိပွတ်လိုက်ပြီး...
"ခင်ဗျား...အခုချက်ချင်း...အငို
ရပ်မှာလား...ကျွန်တော့်အကြောင်း
သိချင်လားပြော..."
ရှေး ထိုငိုနေရာမှ ချက်ချင်း ထရပ်လိုက်တော့
သူ သူမကို ရုပ်တည်ကြီးနဲ့ ကြည့်ကာ..
"ဒါ..ဘယ်လဲ..ခင်ဗျား.."
"ရေးချိုးမလို့.."
ပြောကာ..ခြေလေးစောင့်ကာ
ဝင်သွားတဲ့ သူမကို တော်ဝင်
မျက်မှောင်ကုတ် ကြည့်နေလိုက်
ကာ...ပြုံးလိုက်မိသည်။
သူချိန်းခြောက်လိုက်တာ အသုံး
ဝင်သားပဲ...သူ့ကို တော်တော် လန့်
နေရှာတာပဲ...
"အဟွန်း....မဆိုးပါဘူး.."
----------------------------------------------^^^^🍊🍊🍊🍊🍊🍊🍊🍊
"ဘာ...မြေးတို့ ရန်ဖြစ်တယ်..ဟုတ်
လား.."
"ဟုတ်ပါတယ်..မေမေကြီး...
အကိုလေးနဲ့ မမလေး စကား
များသံ ကြားလိုက်ပါတယ်..."
"ဘယ်လို ဖြစ်တာလည်း..."
"ဟို..အာ့ဒါ မိချိုတို့လည်း သိပ်
တော့မသိဘူး..ဒါပင်မဲ့ မမလေးရှေး
အပေါ်ထပ်မတက်ခင် မမကြီး နန်းနဲ့
စကားနည်းနည်းများသွားသေးတယ်..."
"ဘယ်လို..မိနန်းနဲ့ စကားများတယ်
ဟုတ်လား..."
ဒေါ်နန်းမဟာ အလောတကြီးမေးတော့
မိချို ခေါင်းလေးငြိမ့်ပြကာ.
"ဟုတ်ပါတယ်..မေမေကြီး..."
"အွန်း..ဒါ..မိနန်းစနက်တွေ ဖြစ်ရမယ်.."
"မီချို..သွားမြေးတို့ကို ခေါ်လာခဲ့..."
"ဟုတ်ကဲ့..မေမေကြီး..."
မဖြစ်ဘူး..ဒီကလေးနှစ်ယောကိကို
အမြန်လက်ထပ်ပေးမှပဲ..နောက်မို့ဆို
မလွယ်ဘူး....
ဒေါ်နန်းမဟာ..တွေးရင် သက်ပြင်း
အသာချကာ....ခေါင်းခါလိုက်မိသည်။
ဒေါက်..ဒေါက်..
"အဘွား..ကျွန်တော်တို့ကို ခေါ်တယ်ဆို.."
ဒေါ်နန်းမဟာ..မြေးဖြစ်သူကို ကြည့်ကာ.
ခေါင်းငြိမ်လိုက်ပြီး... အနောက်က မျက်နှာ
မကောင်းစွာပါလာတဲ့ မြေးမလေးကို ကြည့်ကာ..
"မြေးတို့ ထိုင်ကြ..အဘွားပြောစရာ
ရှိလို့ ခေါ်လိုက်တာ.."
သူထိုင်လိုက်တော့ ရှေသူ့ကို အမြင်ကပ်
စွာ..သူနဲ့ ခပ်ဝေးဝေးမှာ ထိုင်လိုက်တော့
သူ သူမကို မျက်မှောင်ကုတ်စွာ ကြည့်နေတာကို ရှေး မမြငိယောင်ဆောင်ကာ...အဖွားကို
ကြည့်နေလိုက်သည်။
တော်ဝင် သူမရဲ့ အပြုအမူကြောင့်
အဘွားအရှေ့မှာမို့ နှုတိခမ်းကို ဖိကိုက်
ထားလိုက်ပြီး အသည်းတွေယားနေတာကို
ဖြေသိမ့်နေလိုက်သည်။
တွေ့မယ်..ခင်ဗျား..အခန်းထဲရောက်ရင်..
တော်ဝင် စိတ်ထဲကနေ ပြောပြီး
အဘွားကို ကြည့်ကာ..
"အဘွား ဘာပြောမလို့လည်း ဗျ.."
"ထွေထွေ ထူးထူး မဟုတ်ဘူးမြေး..
မနက်ဖြန် အဘွားတို့ ဘုန်းဘုန်းဆီ
သွားပြီး မင်္ဂလာရက်သွားရွေး
ရမယ်..အာ့ဒါ မြေးတို့ နှစ်ယောက်
လုံး လိုက်ရမယ်နော်..ပြီးရင် မင်္ဂလာ
ဆွမ်းကျွေးက အဘွားတို့ အာ့ဒိဘုန်းကြီး
ကျောင်းမှာပဲ ကျွေးမယ် မြေးမလေး..
အာ့ဒိဘုန်းကြီး ကျောင်းက အဘွားအဘိုး
အဖေတို့ လက်ထပ်ထည်းက ကိုးကွယ်
လာကြတာလေ..နှစ်တိုင်းလည်း သွားလှူ
တယ်ကွဲ့ မြေးမလေးတို့ မင်္ဂလာကိစီပြီးရင်
အဘွားတို့ အလှူလည်းနီးပြီလေ.."
"ဟုတ်ကဲ့ပါအဘွား.."
တိုက် သူမ မျက်နှာကို အောင်နိုင်သူ
လို ကြည့်ကာ..
"ကောင်းတယ်အဘွား..သားလည်း
မြန်မြန် မင်္ဂလာ ကိစ္စ ပြီးချင်ပြီ
မဟုတ်ရင် အာ့ဒိကိစ္စ ကို အကြောင်း
ပြပြီး အိမ်က ထွက်ပြေးချင်နေတာ..
အချို့လူတွေက.."
ရှေး သူ့ကို မျက်စောင်းလေးထိုးလိုက်မိသည်။
ဒေါ်နန်းမဟာ မြေးဖြစ်သူတို့ကို ကြည့်ပြီး
ပြုံးကာ..
"မြေးမလေး သဘောကရော...''
"ဟို..ရှေးဘာမှ ပြောစရာမရှိပါဘူး..အဘွား.."
ဒေါ်နန်းမဟာ..ပြူံးပြီး..မြေးဖြစ်သူ
ဘက်ကို ကြည့်ကာ..
"မြေးကိုလည်း အဘွားပြောရအူံးမယ်..
မြေးမလေးကို လက်ထပ်တာ အဘွား
တို့ အတင်းပေးစါးတာမဟုတ်ဘူးနော်..
မြေးပဲ ချစ်လို့ လက်ထပ်ချင်လို့ဆိုပြီး.
ခေါ်လာခဲ့တာ..."
"ဟာ..အဘွားကလည်းဗျာ..အခုဘာ
ဖြစ်နေလို့လည်း.."
တော်ဝင် မျက်နှာ နီးမြန်းမြန်းပြောတော့
အဘွားပြုံးလိုက်ကာ..
"ဘာမှ မဖြစ်ပါဘူးကွယ်..အဘွား
ပြောချင်တာက မြေးမလေးကို
ဘယ်သူတွေ ဘာပဲပြောပြော..
မြေးမလေးဘက်မှာ မြေးက
မားမားမက်မက်ရှိနေမှ ဖြစ်မှာလေ..
မဟုတ်ရင် မြေးမလေးက မြေးရဲ့
မျက်နှာတစ်ခုထည်းက ဒီအိမ်ကို
လိုက်လာရတာလေ..အာ့တော့..
မြေးက မြေးမလေးကို ယုံကြည်မှ
ရမယ်..."
အဘွားပြောတော့ မျက်နှာလေး
မကောင်းစွာ ခေါင်းငုံ့နေတဲ့ သူမလေး
ကို သူတစ်ချက် ကြည့်လိုက်ပြီး..
"ကျွန်တော်က သူ့ကို ဘာပြောနေလို့လည်း..''
"ပြောလားမပြောမလားတော့ မသိဘူး
လေ..စောစောက မြေးတို့ ရန်ဖြစ်တယ်ဆို.."
"ဟာဗျာ..အဘွားကို ဘယ်သူပြောလည်း
သားအခန်းက ဒီလောကိလုံနေတာကို
ဘယ်သူက ကြားတာလည်း.."
"မြေးရယ်..နောကိဆို မြေးမလေးနဲ့
ရန်မဖြစ်ပါနဲ့..."
"အဘွားကလည်း သူသာ
သားစကားကို နားထောင်ရင်
ဘာမှ ဖြစ်စရာအကြောင်း
မရှိဘူး.."
"တော်စမ်းတော်ဝင် မင်းနောကိတစ်ခါ
မြေးမလေးကို ထိတာနဲ့ ငါမြေးမလေး
ကို ငါ့အခန်းမှာ ခေါ်ထားလိုက်မှာ.."
ထိုအခါ ခေါင်း ငုံ့နေတဲ့ သူမလေး.မော့လာပြီး
မျက်နှာလေး ဝင်းပသွားတော့ တော်ဝင် အဘွားကို မျက်မှောင်ကုတ်ကာကြည့်ပြီး..
"အဘွား..ဝဠ်လည်မှာ မကြောက်ဘူးလား
သူများ လက်မယားကို ခွဲထားတာကို.."
ရှေး သူ့အပြောကြောင့် မျက်နှာလေး
ပြန်ငုံ့သွားပြီး အရှက်မရှိတဲ့ သူ့ကို
ဒေါသထွက်နေမိသည်။
ဒေါ်နန်းမဟာ ပြုံးလိုက်ကာ...
"ဘာပဲ ဖြစ်ဖြစ်.. ဒီတစ်ခါ
ဖြစ်လည်းဖြစ်ကြည့် မင်းငါ့
အကြောင်းသိသွားမယ်နော်..တော်ဝင်.."
တော်ဝင် အဘွားကို ကြည့်ကာ..
တရားကြနေမိသည်။
မသိရင်သူက ပဲ သူမကို
ထုရိုက်နေသလို သူပြန်ပြီး
ချော့နေရတာ..အဘွားမှ မသိတာ..
ပြောတာနဲ့ ငိုဖို့ပဲ သူမသိတာ..အဘွား
သိရဲ့လား..
တော်ဝင် ဘာမှပြန်မပြောတော့ဘဲ..
"သိပါပြီ..အဘွား.."
ထိုအခါ ဒေါ်နန်းမဟာ ပြုံးသွား
ပြီး...ရှေးဘက်ကိုလှည့်ကာ..
"မြေးမလေး..သူမြေးကို
အော်တာတို့ ကိုယ်ထိလက်ရောက်
လုပ်တာတို့ အဘွားကို ချက်ချင်း
လာပြောနော်..အဘွားဆုံးမပေးမယ်
သိလား.."
ရှေးသူမဘက်မှာ အဘွားတစ်ယောက်
ရှိတာကြောင့် အားတကိသွားကာ..
ပြုံးပြပြီး..
"ဟုတ်ကဲ့..အဘွား..ရှေးပြောပါ့မယ်..."
ဒေါ်နန်မဟာ..ပြုံးကာခေါင်းငြိမ့်
လိုက်ပြီး..
"ပြီးတော့..အဘွားမြေးကို
တောင်းပန်စရာ ရှိတယ်ကွယ်.."
"ဘာများလည်း..အဘွားရဲ့.."
ရှေးနားမလည်သလိုမေးတော့
အဘွားက သူမကိုပြုံးကာကြည့်
ပြီး...
"ဒီလိုကွယ်..အဘွားသမီး နန်းအကြောင့်
ပါ..သူက သူ့သားတော်ဝငိကို သိပ်ချစ်ရှာ
တာ..အာ့ဒါကြောင့် မလုပ်သင့် မပြောသင့်
တာတွေကို လုပ်နေမိတာပါ..သမီးက နားလည် ပေးပါကွယ်..သမီးကိက အခုလို
ပြောရတာ..အဘွား..မျက်နှာပူမိပါတယ်ကွယ်.."
"ရပါတယ်..အဘွားရဲ့..ရှေးနားလည်ပါတယ်.."
"အေးကွယ်..သမီးလို အသကိငယ်တဲ့သူ
က နားလည်သလောကိ.. မိနန်းကတော့
ဘယ်တော့မှ နားလည်မလည်းမသိပါဘူး..
ပြီးတော့..သမီးတို့ ကလေး အမြနိယူလိုက်ယပါလားကွယ်..အာ့ဒါမှ မိနန်း မြေးဖြစ်သူ
ကို လက်ကမချဖြစ်မှာ...သားတော်ဝင်
ကို သူက ချစ်ရှာတော့ ရလာတဲ့ မြေးကိုလည်း
မချစ်ဘဲ မနေနိုင်ပါဘူး.."
"အဟွတ်..အဟွတ်..."
ရှေးမျက်နှာလေးနီရဲသွားသလောကိ
တော်ဝငိတစိယောက်လည်း ရေဘူး
ယူသောက်နေရင်း ရေသီးသွားကာ..
"အဘွားကလည်း ရှေးရှက်အောင်
ဘာတွေပြောနေတာလည်း..."
"အမလေး...မြေးမလေးက
ငါ့ကိုနားလည်တယ်...ဟုတ်တယ်
မဟုတိလား..မြေးမလေး.."
ရှေး မျက်နှာလေး မအ်မသာနဲ့
အဘွားကို ပြုံးပြကာ..
သူနဲ့ သူမကို အဘွားက အတူတူ
နေပြီးတယ် ထင်နေပုံရသည်။
သူအခုအချိန်ထိ ရှေးအပေါ်
နမ်းတာကလွဲပြီး ဘာမှ အခွင့်
အရေးမယူခဲ့ပေ။
ရှေး သူ့မျက်နှာကြီး ရဲသွားတာ
ကို ကြည့်ပြီး ပြုံးလိုက်မိသည်ါ
တော်သေးသည် သူရှကိတက်သေး
လို့...
"အဘွားလည်း ဒီနေ့ ခေါင်းမူးတယ်
ကွယ်..မြေးမလေး အဘွားနဲ့ ဒီည
နေပေးမလား..."
တော်ဝင် လှုပ်လှုပ်ရှားရှား ဖြစ်သွား
ကာ....
"ဟာ..အဘွားကလည်းဗျာ..မိချိုတို့
အလုပ်သမားတွေ အများကြီး
ရှိတာပဲ..ကျွန်တော့်မိန်းမတော့
မထားခဲ့ဘူးနော်..."
"အမလေး..တော်တော် ကောင်းတဲ့
မြေး..သူ့မိန်းမတော့ မထားခဲ့နိုင်ဘူး
အဘွားတော့ ဖြစ်ချင်တာ ဖြစ်ပေါ့..
အာ့လိုလား..."
"အဘွား..ကလည်းဗျား..."
"အဟွန်း..ဟင်း..."
ဒေါ်နန်းမဟာ..သဘောကျစွာ
ပြုံးပြီး ရှက်နေကြသော မြေးနှစ်ယောက်
ကို စိတ်ချမ်းသာစွာကြည့်ပြီး..
"ကဲ..မြေးက အရင်ပြန်နှင့် အဘွားမြေး
မလေးကို ပြောစရာရှိလို့..."
"ဘာပြောမလို့လည်းအဘွား..."
"ကဲပါ..တော်ဝင်..အဘွား
ပြန်လွတ်မှာပါ..မိန်းမသားချင်း
ပေးစရာလည်းရှိပြီး ပြောစရာ
လည်းရှိလို့.."
ထိုသိုပြောမှ တော်ဝင် မထွက်ချင်
ထွက်ချင်နဲ့ ထွက်လာခဲ့တော့သည်။
ဒေါ်နန်းမဟာ မြေးဖြစ်သူရဲ့
ပုံစံကို ကြည့်ပြီး..သူမအနားမှာ
ထိုင်ကျန်နေခဲ့သော မြေးမလေး
ကို ကြည်ကာ..ထလိုက်ပြီး..
အံဆွဲကြီးထဲက ယွနိးဘူးကြီး
ကို ထုတိလိုက်ကာ..ရှေးအနား
ယူလာပြီး သူမအနားတွင်
ဝင်ထိုင်ကာ..
"မြေးမလေးရော..ဒါ..မြေးမလေး
အတွကိ..."
ရှေးသူမကို အဘွားပေးလါတဲ့
ယွန်းဘူးကြီးကို ယူကာ..အဘွား
ကို ကြည့်ကာ..
"အဘွား..ဒါက.."
"အဟွန်း..ဒါက မြေးမနက်ဖြနိ
ဝတ်ရမဲ့ အဝတ်အစားနဲ့ လက်ဝက်ရတာနာ
တွေပဲ မြေး..."
ရှေ့ အံသြ သွားကာ..ခေါငိးလေး
ခါလိုက်ပြီး..
"ဟင့်အင်း..အဘွား..ရှေးမလိုချငိပါဘူး.."
ဒေါ်နန်းမဟာ ဖြူစင်ပြီး ရိုးသားတဲ့
မြေးမလေးကို ကြည့်ကာ..
"မရဘူး မြေးမလေး..အဘွားက
ဒါပဲ ပေးနိုငိတာ..မြေးမလေး
ယောကျာ်းလောက်တော့ မပေး
နိုင်ဘူးလေ..ဒါတွေက အဘွား
မြေးတော်ဝင် လက်ထပ်တဲ့ မိန်းကလေး
ကို ပေးဖို့ ပြင်ထားတာ အခုတော့ မြေးမလေး.အတွက်ပေါ့..ပြီးတော့..အဘွားမြေး
ကို ဂရုစိုက်ပေးပါကွယိ..သူက သိပ်သံယောဇဥ်ကြီးတာ..မြေးကိုလည်း သူချစ်ရှာပါတယ်...
တသ်ခုခုဆို နားလည်ပေးပါကွယိ.."
ရှေးလက်ကလေးကို ဆုပ်ကိုင်ကာ
ပြောတော့ ရှေး အဘွားကို ပြုံးပြကာ
ခေါင်းလေးငြိမ့်ပြပြီး ..
"စိတ်ချပါအဘွား..."
ရှေးအဘွားနဲ့ စကားပြောပြီး
အဘွားပေးတဲ့ ယွန်းဘူးကြီး
ကိုယူကာ...အခန်းကို ပြန်တက်
လာလိုက်သည်။
သူမ. အခန်းတံခါးအသာဖွင့်ကာ..
အထဲဝင်လိုက်တော့..နေ့ခင်းဘကိ
အခနိးမှောင်နေတာကြောင့် သူ မရှိ
ဘူးအထင်နဲ့ အထဲကို ဝင်လိုကိတော့..
"အို..အမလေး..."
သူမကို ကောက်ပွေ့လိုက်တဲ့ တော်ဝင်
ကြောင့် ရှေးလန့်သွားကာ..ယွန်းဘူး
ကြီးလညိး အောက်ပြုတ်ကျသွားပြီး..
"တော်ဝင်..ဘယ်လို လုပ်လိုက်တာလည်း
ပြုတ်ကျကုန်ပြီး..ဖယ်...ချပေး..ငါဆင်းမယ်.."
"ကျပါစေ..နောက်မှကောက်..အခုတော့
ခင်ဗျား..ကို ကျွန်တော် ချော့မလို့..."
"အား..မင်း..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း