"ရှေး..လာအုံးဗျာ.....''
"မလာဘူး...ဒီမှာ သမီးကို
ထမင်းခွန့်နေတယ်..မင်း
မမြင်ဘူးလား...''
"မမြင်လို့ ခေါ်နေတာပေါ့...
ကျွန်တော်...ခေါင်းမှာ ဆပ်ပြာ
တွေများပြီး မျက်လုံးစပ်နေလို့...
ရေကရော ဘာဖြစ်သွားတာလည်း
မသိဘူး...မြန်မြန်လာစမ်းပါဗျာ..."
"ညီမလေး သမီးကို အပြင်က
ဧည့်ခန်းခေါ်သွားပြီး ကျွေး
ထားလိုက်နော်..ပြီးရင် အမ လာ
ခဲ့မယ်..."
"ဟုတ်ကဲ့မမ..."
ကလေးထိန်း ကောင်မလေး အပြင်ထွက်
သွားမှ ရှေး ရေးချိုးခန်းနား အသာ
ကပ်သွားပြီး..
"တော်ဝင် မင်း အဆင်ပြေရဲ့လား..."
"မပြေဘူး....မြနိမြနိလာဗျာ..."
ရှေးအထဲဝင်ဖို့ တစ်ခုခုကိုသတိ
ရသွားကာ...
"မင်း..မင်း..အဝတ်အစားရော
ဝတ်ထားရဲလား..."
"ဟာ...ဒေါ်ရှေး..ခင်ဗျား...အမေးအမြန်း
ထူလိုက်လား..ဒီမှာစပ်နေပြီဗျ..မြန်မြန်လာ..."
ရှေးခေါင်းလေးငြိမ့်ပြကာ
တံခါးဖွင့်တော့ မပွင့်တာကြောင့်..
"တော်ဝင် မင်းကတံခါး လော့ချထား
တယ်လေ..ငါကဘယ်လိုဝင်လာရမလည်း...''
"အံဆွဲထဲမှာ သော့ရှိတယ်ဗျာ...မြန်မြန်လာခဲ့...."
ရှေး အမြန်အံဆွဲထဲ ကသော့
ကိုယူကာ..တံခါးကို ဖွင့်လိုက်တော့
ရသွားပြီး အထဲ ဝင်လိုက်တော့..သူ
ဆပ်ပြာတွေ တစ်ကိုယ်လုံးပေါ်မှာ တင်နေပြီး
ခေါင်းမှာလည်းဆပ်ပြာတွေ အများကြီး
ဖြစ်နေကာ..ရှေး သူ့ပုံ စံကို ကြည့်ပြီး
ရယ်ချင်သွားသော်လည်း..ရှေး မရယ်
ရက်ပဲ သူ့အနားကို သွားကာ..အပေါ်က
ရေးဗန်းခလုတ်ကို ဖွင့်သော်လည်း မပွင့်..
တော်ဝင် အသံလေးကြောင့်..
"ရှေး..ခင်ဗျားလား.."
"ဟုတ်တယ်..ခဏလေး ငါရေဗန်က
ရေကျလာလို့ ကြည့်နေတာ..."
"အာ့ဒါအရင်ထား...ကျွန်တော်ခေါင်း
လေးဖို့ ရေအရင်ယူပေး..''
"အင်း..ခဏ..."
"ဒုန်း...အမလေး..."
"ဟာ...."
ဗျော...ဗျော.....ဗျော....
ရှေး ဘေးက ချောနေသော
ကြွေပြားကြောင့် သူထိုင့်နေ
တဲ့ ရေချိုးကန် လေးထဲ ပြုတ်ကျ
သွားကာ..သူ့ပေါင်ပေါ်ထိုင်မိပြီး..
သူ့လည်းပင်းကို ဖက်ထားမိပြီး..
အပေါ်က ရေဗန်းကရေတွေ ကျလာ
တာကြောင့် မွန်းနေမိကာ..အတင်း
ထဖို့ ပြင်သော်လည်း သူ့ရဲ့ လက်နှစ်
ဖက်က သူမရဲ့ ခါးကို ခငယပ်တင်းတင်း
ဖက်တွယ်ထားတာကြောင့် ရှေးရေမွန်းနေ
တဲ ကြားက နေ သူ့ကို မော့ကြည့်ကာ..
"တော်ဝင် မင်း..ငါ့ကိုလွတ်လေ..."
တော်ဝင် သူမပုံလေးကို ပြုံးပြီး
ကြည့်နေမိကာ..သူ့မရဲ့ အလှတရား
တွေကြောင့် သူ့စိတ်တွေ ယိုင်ကုန်ကာ..
သူမခါးလေးကို တင်းတင်းထပ်ဖက်လိုက်
ပြီး သူ့ကိူ မော့ကြည့်နေသော သူမလေးရဲ့
နှုတ်ခမ်းလေးကို ငုံခဲထားလိုက်ပြီး..
နမ်းရှိုက်နေမိတော့သည်။
ရှေး မျက်လုံးလေးပြူးကာ..
အလန့်တကြားဖြစ်သွားပြီး
သူ့ရင်ဘကိကို ထုသော်လည်း
သူက မလွတ်ပေးပဲ အနမ်း
ကြမ်းတွေနဲ့ ထပ်မံနမ်းရှိုက်နေတာ
ကြောင့် ရှေး အသက်ရူတွေကြပ်ကာ
သူ့အနမ်းတွေကြောင့် လူက လေပေါ်
မြှောက်တက်သလို..ရင်တွေ တလပ်လပ်ခုန်
စွာ...ရုန်းမရတာကြောင့် မျက်ဝန်းလေးတွေ
မှိတ်ထားမိတော့သည်။
တော်ဝင် စိတ်တွေ မထိန်းချုပ်နိုင်တော့
စွာ သူမကိုယ် အိအိလေးကို ခပ်တင်း
တင်းဖက်ထားပြီး နှုတ်ခမ်း လေးမှ အစ
လည်တိုင်လေးတွေဆီကို အနမ်းတွေ တဖြည်း
ဖြည်းဆင်းသွားပြီး နမ်းရိူက်နေမိကာ..
အချစ်မူးမူးနေတော့သည်။
ရှေး သူမရဲ့ ဘဝကို အခုလိုတော့
မပေးနိုင် ရှေး တဖြည်းဖြည်းပြည့်လာပြီ
ရေတွေကို လက်နဲ့ အနည်းငယ်ခပ်ကာ
သူ့မျက်နှာကို ပတ်လိုက်တော့မှ သူ သူမ
လည်တိုင်လေးကို နမ်းနေတာရပ်သွား
ပြီး အသိပြန်ဝင်သွားတော့မှ သူမကို
မော့ကြည့်ကာ..
"Sorry ရှေး..."
တော်ဝင် သူမအခုလို လုပ်လိုက်တာကို
ပဲ ကျေးဇူး တင်လို့မဆုံးပေ။မဟုတ်ရင်
သူ့စိတ်တွေ လွတ်ထွက်ကုန်ုကာ..ဘယ်အခြေအနေအထိ ရောက်သွာမလည်းမသိန်ိုင်။
သူရေလဲ တဘက်ကြီးကို ယူပြီး
သူ့ကိုရောပတ်ကာ..နောက်တစ်ထညိ
ထပ်ယူပြီး အခုအချိန်ထိ ရေ ချိုးကန်ထဲ
မှာ ထိုင်နေတဲ့ သူမဆီသွားပြီး....ကမ်းပေးလိုက်ကာ..
"ရော..ပတ်လိုက်..."
ရှေး မျက်နှာလေးရဲနေကာ...သူပေးတဲ့
တပတ်လေးကို ယူလိုက်ပြီး အမြန်ပတ်
လိုက်ကာ...ရေချိုးခန်းအပြင်ကို ပြေး
ထွက်လာခဲ့သည်။
တော်ဝင် သူမပုံစံလေးကို ကြည့်ကာ..
ပြုံးလိုက်မိပြီး..အခုန်မြန်နေသော
ရင်ဘက်ကိုစမ်းကာ..
"စောင့်လိုက်အုံးတော်ဝင်...အချိန်မကျသေး
ဘူး..."
-------------------------------------------^^^^^🍊🍊🍊🍊🍊🍊🍊🍊
ရှေး အခန်းအပြင်ရောက်မှ. သက်ပြင်း
ချလိုက်ကာ...အဝတ်လဲခန်းထဲ အမြန်ဝင်
ပြီး အဝတ်လဲကာ...ဆံပင်ကို သဘက်
နဲ့ သုတ်နေလိုက်တော့သည်။
"ဟက်..ဟင်ချိုး... "
"ဟက်ချို..."
တော်ဝင် အပြင်ပြန်ထွက်လာတော့
ခေါင်းထိုင်သုတ်ကာ...နှာချေနေသော
သူမကြောင့် စိုးရိမ်သွားကာ....သူ သူမအနား
သွားလိုက်တော့ သူမ သူ့ကိုလန့်ကာ..မျက်
ဝန်းလေးပြူးပြီး ကြည့်နေတော့သူ
သဘေယကျကာ..သွားလေးတွေပေါ်အောင်
ရယ် လိုက်ကာ...
"မကြောက်ပါနဲ့..ကျွန်တော်..ဆံပင်သုတ့
ပေးမလို့ပေ..."
ပြောပြီး သူမလက်ထဲက သဘက်
ကိုယူကာ...သူစိတ်ရှည်စွာသုတ်ပေး
နေပြီး..
"ရှေး..ခင်ဗျားက လူတင်လှတာမဟုတ်
ဘူး ဆံပင်တွေလည်း အရမ်းလှတာပဲနော်.."
ရှေး သူ့အပြောကြောင့် ဘာမှ ပြန်အပြောဘဲ
နှုတ်ခမ်းလေး ကိုက်ကာ..မှန်ထဲမှာ မြင်နေရတဲ့ သူ့ရဲ အင်္ကျီ မပါတဲ့ ရင်ဘက်ဖွေးဖွေး
ကြီးကြောင့် မျက်နှာလေးရဲသွားကာ..
"တော်ဝင်..မင်း..မင်း..အင်္ကျီ ဝတ်
သင့်တယ်...ဖျားအူံးမယ်.."
"အဟက်..ကျွန်တော့ကို စိတ်မပူ
ပါနဲ့... ခင်ဗျားကိုယ်သာ ခင်ဗျား
စိတ်ပူ..."
ရှေး သူ့ကို ပြောမရမှာ သိတာကြောင့်
သူခေါင်းသုတ်ပေးတါကို ပြီးအောင်
သာ စောင့်နေလိုက်သည်။
"ဟက်..ချို.."
"အဟွန်း..."
တော်ဝင် သူနှာချေတာကို ရယ်
လိုက်တဲ့ သူမကြောင့် ပြုံးကာ..
"ခင်ဗျား..ဘာရယ်တာလည်းပြော..."
"အဟင်း...မင်းလည်း နှာချေတာပဲလေ...
ထမင်းစားပြီးရင် ဆေးသောက်..."
"ဟုတ်ပါပြီး..ခဏနေ ထမင်း
ဆင်းစားမယ်..စောင့်အုံး.."
သူရှေးခေါင်းလေးကို နမ်းကာ
ပြောပြီး အဝတ်လဲခန်းထဲ ဝင်
သွားတာကြောင့် ရှေးမှာ..မျက်နှာ
လေးနီကာ..ကျနိနေခဲ့ရှာတော့သည်။
တော်တော်ဆိုးတဲ့ကောင်စုတ်လေ...
သူအဝတ်လဲပြီးတော့ သူမလက်
ကလေးက်ု ဆွဲကာ..ထမင်းစား
ခန်းထဲ ဝင်လာတော့..အကုန်
ရောက်နေပြီဖြစ်တာကြောင့်
တော်ဝင် သူမနဲ့အတူ ခပ်တည်တည်
ခုံမှာ ဝင်ထိုင်လိုက်ပြီး.....အဘွားကို
ဟင်းခပ်ထည့်ပေးကါ..
"အဘွား...စား.."
"အေးပါ..မြေးရယ်..အဘွားကရတယ်
မြေးမလေးကို ထည့်ပေးလိုက်..."
သူ သူမကိုလှည့်ကြည့် ပြီး...
အရှေ့က ဝတ်သားဟင်း..
ကြက်သားဟင်းကို ထညိ့ပေးကါ..
"ခင်ဗျား..အားရှ်မှ..ရမှာစား..များများ.."
"အဟွတ်..အဟွတ်..."
"ဟယ်..မြေးမလေး..အဆင်ပြေရဲ့လား..."
ရှေးသူ့စကားကြောင့် ထမင်း
သီးသွားပြီး ဘေးက ရေခွက်ထဲမှ
ရေကို ယူသောက်လိုက်သလို..
ဒေါ်နန်းတော်ဝင်တစ်ယောက်
သားဖြစ်သူကို ကြည့်ကာ..
"တော်ဝင် မင်းစကားတွေကို
ဘယ်လိူပြောနေတာလည်း
မင်းအမေ မင်းအဘွား..မြတ်လည်း
ရှိသေးတာ..သတိရအုံး...."
တော်ဝင် မျက်ခုံးပင့်တက်သွားပြီး..
"ကျွန်တော် ဘာလုပ်လို့လည်း.."
"ဘာ..ဘာလုပ်ရမှာလည်း...
မင်းစကားတွေကို ဘယ်လို
တွေပြောနေတာလည်း..."
"ဟာ..မာမီကလည်းဗျာ...
ကျွန်တော်ပြောတာ..မရှေး
အားရှိမှ..ရမှာလည်း မင်္ဂလာ ဆောင်
ကလည်းနီးနေပြီး ပြီးတော့ သူ သိပ်
နေမကောင်းချင်သလို ဖြစ်လို့ပြော
နေတာပါ..."
"ဟယ်..မြေးမလေး နေမကောင်းလို့လား.."
ရှေး သူ့အပြောကြောင့် အဘွားက
မေးလာတာကြောင့်..
"ဟို..ရှေး..နှာချေယုံလေးပါ..''
"ဂရုစိုက်နော်..မြေးမလေး...
မင်္ဂလာပွဲလည်း နီးနေပြီကို.."
"ဟုတ်ကဲ့အဘွား..."
ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာ
ကတော့ မျက်စောင်းထိုးကာ
ထမင်းသာစားနေကြတော့သည်။
တော်ဝင်တစ်ယောက်
သူပြောလိုက်လို့ ဖြစ်သွား
ကြတဲ့ ပုံက်ို သဘောကျ
ကာ..ပြုံးနေမိတော့သည်။
-----------------------------------------------^^^^^^🍊🍊🍊🍊🍊🍊🍊🍊
"သား...အပြင်သွားရင်း မမနန်းတို့အိမ်
ဒါလေး ပေးပေးပါ..."
"ဟာ..မေမေကလည်း..ဗျာ..အန်တီ
နန်းတို့အိမ်လား...ရတယ်မာမီ...သား
သွားပေးပေးမယ်...''
စောစောကတော့ မသွားချင်တဲ့သူက
အခုချက်ချင်းကြီး အားရဝမ်းသာ
သွားမယ်ပြောတော့..ဒေါ်မာလာ..
အံသြကာ....သူမလက်ထဲက ပစ္စည်းကို
ပါယူပြီး ပြုံးရွှင်စွာထွက်သွားတဲ့..သား
ကြောင့် ပြုံးလိုက်ကာ..
"အဟွန်း..ဘာတွေများ..ပျော်စရာ
ရှိလို့လည်းမသိဘူး...''
မင်းမျိုး..တစ်ယောက် ကားကို
မောင်းလာကာ...ပြုံးနေမိသည်။
မကြာခင် သူမြင်ချင်တဲ့ သူမမျက်
နှာလေးကို မြင်ရတော့မည်ဖြစ်
တာကြောင့် စိတ်တွေက လန်းဆန်း
နေမိတော့သည်။
"တီ...တီ..တီ..."
သူ ခြံရှေ့မှာ ကားရပ်လိုက်ပြီး
ဟွန်းသံပေးလိုက်တာကြောင့်
တံခါးကြီးက ပွင့်သွားသော
ကြောင့် သူ ကားကို ခြံထဲမောင်း
ဝင်လာတော့...မြင်လိုက်ရတဲ့
သူမြင်ချင်နေတဲ့ သူမကြောင့်
သူ ပြုံးသွားကာ...ကားကိုရပ်
လိုက်ပြီး သူမ ရေလောင်းနေတဲ့
အနား သွားရပ်လိုက်ကာ..
"အမ ...''
"အမလေး..."
ရှေးလန့်ပြီး ရေပိုက်ကို ဆွဲလှည့်လိုက်
တော့ ထိုလူရဲ့ အဝတ်တွေဆိုကုန်ကာ.
"Sorry နော်..ရှေးက လန့်သွားရင်
ဖြစ်တက်လို့ပါ..."
မျိုးမင်း ရေတွေသက်ချလိုက်ကာ
ပြုံးလိုက်ပြီး..
"ရတယ်...ကျွန်တော်ဘာမှ မဖြစ်ဘူး.."
"ရရဲ့လား..တို့ကြောင့် ဖြစ်သွား
တာလေ...အားနာလိုက်တာ.."
"ရပါတယ်..ကျွန်တော့်ကြောင့်လည်း
ပါပါတယ်..အခုလိုဖြစ်တာ..အမ
လန့်သွားအောင် လုပ်လိုက်မိတာကို..
ကျွန်တော်တောင်းပန်ပါတယ်..''
ရှေး သူ့ကို ပြန်ပြုံးပြနေသော်
လည်း စိတ်တော့မပါ..ဟိုရက်က
ပဲ သူ့ကြောင့် ရှေးတို့ရန်ဖြစ်ပြီး
သွားပြီမဟုတ်လား...
ပြီးတော့..သူCompany ကိုလည်း
မသွားသေပေ။အပေါ်ထပ်မှရှိသေးတော့
ရှေး မဟုတ်တာမလုပိသော်လည်း..
သူနဲ့ စကားမများချင်..ဒါ့ကြောင့်
ရှေး..ထိူကောင်လေးကို ပြုံးပြကာ..
"အမကို ခွင့်ပြု ပါအုံး..
အလုပ်လေးရှိသေးလို့..."
"နေပါအုံး...အမ.."
"အို..ဘာလုပ်တာလည်း.."
"Sorry အမ ကျွန်တော် အမကို
တားချင်လို့ လက်ဆွဲလိုက်မိတာပါ.."
ရှေး လက်ကလေးကို ရုန့်းပြီး
မျက်နှာပျက်ကာ..
"တို့ပြောစရာမရှိဘူ..ဒါ့ကြောင့်
ခွင့်ပြု ပါအူံး.."
ရှေး ပြောပြီးတာနဲ့
အမြန်ထွက်လာလိုက်တော့သည်။
ရှေး မသိလိုက်တာက..
အပေါ်ထပ်အခန်းကနေ
သူတို့ကို ခါးကြီးထောက်ကာ
မျက်မှောင်ကြီးကုတ်ပြီး ကြည့်
နေတဲ့ လူတစ်ကိုပေါ့..
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း