book

Index 14

အပိုင်း(14)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ရှေး သူဆွဲခေါ်ရာ အနောက်ကို

လိုက်လာခဲ့လိုက်သည်။


တော်ဝင် အောက်ထပ်ဧည့်ခန်းမှာ

ထိုင်နေကြတဲ့ မာမီ အဖွား မြတ်သစ္စာ

တို့ကြောင့် အလို မကျသလို မျက်ခုံးကြီး

ပင့်တက်သွားကာ...သူမလက်ကလေးကို

ဆွဲကာ..ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။


ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာရဲ့

မျက်နှာမှာတော့..အောင်နိုင်သော

အပြုံးတွေ ဝေဆါနေကာ...ရှေးကို

မဲ့ ပြုံးပြုံးကြည့်နေကြကာ..


"သား..မင်းသိပြီးပြီလား.."


"တော်စမ်း မိနန်း..ငါပြောမယ်.."


အဘွားအသံကြောင့် မာမီ ငြိမ်ကြ

သွားတာကို တော်ဝင်ကြည့်ကာ..


"ဘာပြောမှာလည်းအဘွား."


ရှေးမှာတော့..သူ့လက်ကို အား

ကိုးတကြီး ဆုပ်ကိုင်ထားမိတော့သည်။


တော်ဝင်သူ့ကို အားကိုးတကြီး ကိုင်

ထားသော သူမလက်ကလေးကို ကြင်နာ

စွာ ပြန်ဆုပ်ကိုင်ထားတာကို ဒေါ်နန်းတော်

ဝင်နဲ့ မြတ်သစ္စာတို့ တွေ့တော့ ပြုံးနေတဲ့

မျက်နှာတွေမှာ ပျက်ယွင်းသွားကြကာ..

ရှေးကို မုန်းတီးစွာကြည့်နေတာကို တော်ဝင်

မသိချင်ယောင်ဆောင်ကာ.အဘွား

ပြောလာမှာကို နားစွင်နေလိုက်သည်။


"ဒီလိုမြေးရဲ့...အဘွား...​မြေးမလေး

ကိုယုံပါတယ်..အခု..မြေးမလေးဆီမှာ

သူငယ်ချင်းရှိလားကွယ်..."


"အို..မေမေကလည်း..ဘာတွေ

ကွေ့ဝိုက်နေတာလည်း... "


"တိတ်စမ်း မိနန်း ညည်းဝင်မပါနဲ့...

ငါမေးတာကို.."


ဒေါ်နန်းမဟာ အပြောကြောင့်

ဒေါ်နန်းတော်ဝင် စိတ်ဆိူးကာ..

တစ်ဖက်လှည့်သွားတော့သည်။


တော်ဝင်အဘွားအမေးကြောင့်

မျက်ခူံးပင့်တက်သွားသလို

ရှေးမှာလည်း မျကိဝန်းလေး

ဝိုင်းသွားကာ...သူ့ကို မော့ကြည့်

လိုက်တော့လည်း သူမကို ကြင်နာ

စွာကြည့်နေတာကြောင့် ရှေး

အဘွားဘကိကို ပြန်ကြည့်လိုက်

ခေါင်း လေးခါပြပြီး....


"ဟင့်အင်း..မရှိပါဘူး..အဘွား..."


"ဟဲ့ ညည်းမညာနဲ့ ငါတို့ မြင်လို့မေးတာ.."


ရှေး သူမကို ရင့်ရင့်ပြောလာတဲ့

သူ့အမေကြောင့် သူမကြည့်လိုက်ကာ..


"အန်တီ..ကျွန်မက အန်တီကိုညာ

ရအောင် ဘာရမှာလည်း ကျွန်မမိဘတွေက

သွန်းသင်ထားပြီးသား..သူတစ်ဖက်သား

ကို အခုလည်း စကားပြောမကြမ်းဘူးဆို

တာရယ်..မလိမ်မညာရဘူးဆိုတာရယ်.."


"ဘာ..နင်ဘာပြောတယ်.."


"ဒီမှာ...မရှေးဆန်သူ ရှင်အခု

အန်တီကိုပြန်ပြောနေတာလား.."


"ပြန်ပြောနေတာမဟုတိဘူး..

တစ်ဖက်သားကို စကား

ပြောရင် ပြေပြစ်အောက်ပြောတက်

ဖို့ ပြောတာ..ပြန်ပြောတာ ထင်ရင်လည်း

sorry ပဲအန်တီ..."


"မေမေ..ကြည့်စမ်း..နန်းကို 

မေမေ အရမ်းကောင်းပါတယ်

ဆိုတဲ့မိန်းမက ပြန်ပြောနေတာ

ကြည့်စမ်း..."


"ညည်းကလည်း..ဟုတ်တာပဲ

စကားကို ပြေပစ်အောင်ပြောလေ..

မြေးမလေးက ​ပြောပြတာလေ..."


"သား..မင်းမိန်းမ မေမေကို ပြန်ပြော

တာ မြင်တယ်မဟုတ်လား..."


တော်ဝင် သူမကို ပြူံးကာကြည့်

နေတုံးမေမေကြောင့် တော်ဝင်

မေမေကိုကြည့်ကာ..


"မေမေကလည်း..ဟုတ်သားပဲ

စကားပြောတာအေးဆေး.ပြောလေဗျား

."


ဒေါ်နန်းတော်ဝင် သူမဘက်မှာ 

ဘယ်သူမှ မရှိတာကြောင့်

ဆွေဆွေခုန်သွားကာ..


"အေးမင်းတို့ ​မြေးအဘွားပဲ

အာ့မိန်းကလေးရဲ့ မာယာ

ထဲမှာ ကျရှုံးနေကြ..."


"ရှေး ဘယ်သူ့ကိုမှ မာယာမသုံး

ထားသလို..ရှေးကလည် အခုလို

နေရတာကို ကျေနပ်နေတယ်လို့

အန်တီ ထင်လို့လား..."


"အမလေး..ငါ့ကိုပြန်ရန်တွေ့တာ

ကပ်ကပ်က်ုလန်နေတာပဲ.."


ရှေးသူ့အမေကို ဒီတစ်ခါမှာတော့

တစ်ကယ့်ကို စိတ်ပျက်စွာကြည့်

နေလိုက်သည်။


"တော်စမ်း မိနန်း..နင့်ကိုငါ

ဝင်မပါနဲ့ လိူ့ပြောထားတယ်လေ..."


တော်ဝင် သူမလက်ကလေးကို

ကြင်နာစွာ ဆုပ်ကိုင်ကာ..နူးညံ့

စွာ ကြည့်နေတာက ဘယ်သူ့ကို

မှ ဂရုမစိုက်စွာ...


ဒါကိုပဲ ဒေါ်နန်းတော်ဝင်နဲ့

ရှေးသစ္စာ အသည်းတယား

ယားဖြစ်နေတော့သည်။


ဒေါ်နန်းမဟာ..တည်တည်လေး

ရှိနေတဲ့ ရှေးကိုကြည့်ကာ..


"မြေးမလေး..ဒါဆို ဒါကဘာလည်း..

အဖွားကို ရှင်းပြ.."


အဘွားကမ်းပေး လာတဲ့ ဓာတ်ပုံ

ကို တော်ဝင် ယူကြည့်လိုက်ကာ..

မျက်ခုံးတွေပင့်တက်သွားပြီး

လျှာကို ပစောင်းထိုးထည့်လိုက်ကာ

ပုံကို သေချာစိုက်ကြည့်ကာ မဲ့ပြုံးပြုံး

လိုက်မိသည်။


ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာကတော့

သားမျက်နှာကို ကြည့်ကာ..မျက်နှာ

များမှာ ပြုံးနေပြီး ရှေးကို ဘယ်လိုလည်း

ဆိုသည့်သဘောဖြင့် ကြည့်နေကြကာ..


ဒေါ်နန်းမဟာကတော့..ရှေးဘယ်လို

ဖြေမလညိးဆိုတာကို စိတ်ဝင်တစား

ကြည့်နေသည်။


ရှေး အကုန်လုံးကို တစ်ချက်ဝေ့ကြည့်ကာ

သူ့လက်ထဲက ဓာတ်ပုံကို ကြည့်လိုက်ပြီး...


"ရှေး သူ့ကို မသိပါဘူး..."


"ဘာ..ဒီလောက် ပြုံးပြီး

စကားပြောနေတာကိုမသိဘူး

လုပ်နေတာလား.."


"အန်တီ..လူကြီးလူကောင်းပီသ

ပေးပါ...လူတစ်ယောက်စကား

မဆုံးသေးတာ..ဝင်မပြောရဘူး

ဆိုတာ အန်တီကို အဘွားသင်ပေး

မှာပါ.."


ထိုတော့မှ ဒေါ်နန်းတော်ဝင် ငြိမ်ကြသွားကာ..

မျက်စောင်းထိုးပြီး ရှေးကို မကျေမနပ်ကြည့်နေတာကို ရှေးမမြင်ယောင်ဆောင်ကာ..


"အာ့ဒါ..ဘယ်သူလည်းဆိုတာ..အန်တီလည်း

သိမှာပါ...မနက်ကရှေး စျေးသွားမဲ့သူ

မရှိတာကြောင့် စျေးသွားတာပါ..လမ်းမှာ

အာ့ဒိကောင်လေးကားက ဟွန်းအကျယ်

ကြီးတီးလိုက်တာကြောင့် ရှေးလန့်ပြီး 

ချော်လဲသွားတာကို သူဆင်းလာပြီး

ရှေးကိူ ထူပေးပြီး သူမနေ့က လာသွားတဲ့

အန်တီသူငယ်ချင်း ဖြစ်ကြောင်းပြောတာ

ဒီလောက်ပါပဲ..ကျန်တာရှေးတို့ဘာမှမပတ်ယသတ်ပါဘူး..သူ့ကို ရှေး ခင်လည်းမခင်ဖူးပါဘူး အဘွား..."


"အဘွားယုံပါတယ်ကွယ်..မြေးကို.."


ဒေါ်နန်တော်ဝင်နဲ့ မြတ်သစ္စာကတော့

ရှေးကို မယုံသလို နှုတ်ခမ်း တွေမဲ့သွားကာ

မကျေမနပ်ကြည့်နေကြသည်။


ရှေး အဘွားကို ကြည့်ကာ..


"ရှေးကတော့ အမှနိတိုင်းပြောတာပါ

အဘွား..ရှေးကိုယုံကြည်လို့လည်းရပါ

တယ်..မယုံကြည်ဘူးဆိူလည်း ရှေး

အဘွားတို့ကို အပစ်မမြင်ပါဘူး..

ရှေးရှင်းပြပြီးတဲ့ အတွကိ ရှေးကို

သွားခွင့်ပြု ပါအုံး.."


ရှေး ပြောပြီးတာနဲ့ သူ့လက်ကို

ခါချပြီး အပေါ်ကို တက်လာ

ခဲ့လိုက်သည်။


တော်ဝင် သူမအပေါ် တက်သွား

တော့ ထမလို့ပြင်တုံး..


"သား..ဘယ်လည်း.. မင်းမိန်းမ

ညဏ်ဆင်ပြီး ဖြေသွားတာကြား

တာမှတိလား.."


တော်ဝင် အယူသီးနေသော 

မာမီကို ကြည့်ကာ..


"မာမီ...ကိစ္စတစ်ခုခုကို သေချာ

စုံစမ်းပါ..အခြားသူတွေ ပြောတိုင်း

နားမယောင်ပါနဲ့.."


တော်ဝင် မာမီဘေးက မြတ်သစ္စာကို 

ကြည်ဲပြီးပြောတော့ မြတ်သစ္စာတစ်

ယောက်မျက်နှာပျက်နေတော့သည်။


"သား..မင်း မွန်ပြီး စုံလုံးကန်း

သွားပြီးပဲ..အခုပြောသွားတာ

မင်းယုံလို့လား.."


"သားယူံတယ်..မာမီ..သားမိန်းမ

ကို သားမယုံဘူးဆို ဘယ်သူ

ယုံမှာလည်း..ရှေးက ပေါ့ပျက်

ပျက်နေတဲ့ မိန်းမလည်း မဟုတ်ဘူး

မာမီ..ရှေးက သိက္ခာကို အသက်ထက်

ပိုတန်ဖိုးထားတဲ့ မိန်းမ...မေမေနောက်

တစ်ခါ..ဒါမျိုးတွေ ဆင်ခြင်ပေးပါ

မာမီ..."


တော်ဝင်ပြောကာ..တက်သွားတော့..

ဒေါ်နန်းတော်ဝင် ရင်ဘက်ကိုဖိကာ..


"အမလေး..မောလိုကိတာ..."


"အန်တီ..အနိတီ..ဘာဖြစ်တာလည်း.."


မြတ်သစ်စ္စာတစ်ယောက် ယောက်ရက်

ခက်နေသလောက် ဒေါ်နန်းမဟာ...သမီး

ဖြစ်သူအကြောင်းသိတာကြောင့် ခေါင်း

လေးခါကာ...အခန်းထဲ ဝင်လာခဲ့လိုက်သည်။


----------------------------------------^^^^^^🍓🍓🍓🍓🍓🍓


ရှေး သူမကို မကြည်ဖြူတဲ့

သူရှိနေတဲ့ ဒီအိမ်မှာ သူမ မနေချင်တော့

ပြီးတော့သူ ရှေးကို ကြည့်တဲ့အကြည့်က

မယုကြည်သော အကြည့် အခြားသူ

မယုံကြည်တာ ရှေး ဖြေသာပါသေး

သည်။ အခုတော့ သူကပါ...ရှေးစဥ်း

စားရင် မျက်ရည်တွေဝဲလာကာ..

ရှေး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး

ဗီဒိုသွားဖွင့်ပြီး အဝတ်တွေ ထည့်နေလိုက်

သည်။


ရှေးဘဝမှာ အခုလို အပြောမခံခဲ့ရဖူး

ပေ။ရှေးတူမလေး ပြန်မပေးလည်း

နေပါစေတော့ယ.သူမလေးလည်း

ဒီမှာကောင်းကောင်းမွန်မွန်နေနေ

ရပြီပဲကို....


ရှေးဘာမှ မစဥ်းစားတော့ဘဲ အဝတ်

တွေ ထညိ့နေလိုက်တော့သည်။


တော်ဝင် အခန်းထဲဝင်လာတော့..

အဝတ်တွေထည့်နေတဲ့ သူမကြောင့်

မျက်ခုံးပင့်တက်သွားကာ...အနားသွား

လိုက်ပြီး သူမလက်ကလေးကို ဆွဲလိုက်

ကာ..အိတ်ကို လွတ်ပလိုက်ပြီး..


"ရှေး..မင်းဒါဘာလုပ်တာလည်း..''


ရှေးသူ့ကို ဒေါသထွက်..မော့ကြည်ကာ..


"မင်းမမြင်ဘူးလား..ငါဘာလုပ်

နေတယ်ဆိုတာ..မင်းရိုးင်းလိုက်လား..."


"ဘာရိုင်းတယ်..ဟုတ်လား..

ခင်ဗျားက ဘာသဘောလည်း

အခုလို ပြောတာနဲ့ အထုတ်ဆွဲ

ပြီး ဆင်းမယ်ပေါ့.. "


"ဟုတ်တယ်..ငါရှင်းပြခဲ့ပြီးပြီး..

ယုံတာ..မယုံတာ..မင်းတို့အပိုင်း.

ငါမင်းနဲလည်း လက်မထပ်ချင်

တော့ဘူး...အာ့ဒါ​ကြောင့် ငါ့ကို

ပြန်ခွင့်ပြု ပါ.."


"ဘာ..ခင်ဗျားကြည့်တော့..ရင့်ကျက်မဲ့

ပုံနဲ့ ညာဏ်မမှီဘူးပဲ..."


ရှေူသူမကို ညာဏ်မမှီဘူး ပြောတာ

ကြောင့် သူမ သူကို မျက်စောင်းဝင့်

ကြည့်ကာ..


"အာ့လိုမိန်းမကို မင်းလက်မထပ်နဲ့လေ..

ဖယ်..ငါအဝတ်တွေထည့်နေတာ.."


တော်ဝင် ပြောမရတဲ့ သူမကြောင့်

အသည်းတွေယားက ပွေချီလိုက်ပြီး

အိပ်ယာပေါ့တင်ကာ.သူမကို 

စီးမိုးကာ..ချုပ်ထားလိုက်ပြီး...


"ခင်ဗျား..တော်တော်သွားချင်နေတယ်

ဟုတိလား...သနားလို့ လွတ်ပေးထါးတာ

ကို ရောင့်တက်မလာနဲ့နော်ရှေး.."


"မင်း..ငါ့ကိုလွတ်..မင်းကို

လက်မထပ်ဘူး ငါ့ကို မကြည်

ဖြူတဲ့ ဒီအိမ်မှာလည်း ငါမနေနိုင်ဘူး..

ဖယ်..."


ရှေး သူ့ရင်ခွင်အောက်မှာ ရန်တွေ့ကာ

အတင်းရုန်းနေသော်လည်း..

တော်ဝင် သူမ ဒေါသထွက်နေသော

မျက်နှာလေးကို မျက်လုံးတွေစင်းကြည့်ကာ...


"ခင်ဗျားကို..ဘယ်သူက

မယုံဘူးလို့ပြောလို့လည်း.."


"ဟင်.."


သူ့ကို အခုမှ မျက်ဝန်းလေးဝိုင်း

ကားကြည့်နေတဲ့ သူမကို သူ

အသည်းယားစွာကြည့်လိုက်ကာ..


"ပြော ခင်ဗျားကို ကျွန်တော်မယုံ

ဘူးလို​့ ပြောမိလို့လား.."


"မင်း..မင်းဘဲ ငါ့ကို 

အာ့လို အကြည့်နဲ့ ကြည့်နေတာလေ..."


"ဟာဗျာ..ကျွန်တော်သာမယုံရင်

ခင်ဗျား..အခုလို အေးဆေးနေရမယ်

ထင်နေတာလား..."


"မသိဘူး..ငါ့ကို အာ့လိုကြည့်တော့

ငါကထင်တာပေါ့..."


အခုမှ နှုတိခမ်းလေး ဆူကာ..

ပြောနေသော သူမကြောင့်

တော်ဝင် ပြုံးလိုက်ကာ.ပါး

လေးကို ငုံ့နမ်းလိုက်တော့

ရှေး မျက်နှာလေးရဲကာ..

သူ့ကို ပြန်ကြည့်ကာ..


"တော်ဝင်..မင်း..."


"လာခဲ့..ဒါက ထွက်သွားမယ်လို့

ပြောလို့.."


ပြောလည်းပြော သူမပါးလေးနှစ်

ဖက်လူံးကို ထပ်ခါထပ်ခါ နမ်းနေတဲ့

သူ့ကြောင့် ရှေးမျက်နှာလေး နီလာကာ..


"တော်ဝင် မင်းတော်တော့နော်..."


"မတော်ဘူးဗျာ..လာခဲ့ဒါက..."


"အို..မင်း..အွန်း.."


ရှေးစကားအရှေ့ကို မဆက်နိုင်

တော့ဘဲ သူ့အနမ်းတွေအောက်

မှာ ထပ်ပိတ်မိကာ...ရှေးတသ်ယောက်

အနမ်းကမ္ဘာထဲမှာ ပြန်ရူန်းထွက်လို့

ရမှာ မဟုတ်ဘူး ဆိုတာသေချာသလောက်ပင်။


------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓


"မိန်းမ..မင်းသမီးကို ပြန်ခေါ်သင့်ပြီ

လို့ငါထင်တယ်.."


ဒေါ်သလင်း စာရင်းတွေလုပ်နေတုံး

ခင်ပွန်းအပြောကြောင့် မျက်ခုံးပင့်

သွားကာ..


"ဘာလို့..ပြန်ခေါ်ရမှာလည်း..မမနန်း

ကိုယ်တိုင်ခေါ်ထားတာလေ..လင်းရဲ့

သမီးက အတင်းဖက်တွယ်ထားပြီး

နေနေတာမှမဟုတ်တာ.."


"ဟာ..အာ့လိုမဟုတ်ပင်မဲ့လည်း

အခု အာ့လိုဖြစ်နေတာလေ...

မင်းတော်ဝင် က အခု မိန်းမနဲ့

ဒါကို အရှက်မရှိတွယ်ကပ်နေတဲ့

သမီးကို ဆုံးမဖို့ မင်းက မလုပ်ဘဲ

အားပေးနေတာ..ငါမပြောချင်လို့

ကြည့်နေတာ.."


"အို..ရှင့်ကိုယ့်သမီးကိ​ု အခုလို

ပြောစရာလား...ရှင် သမီးနဲ့

မောင်တောင်ဝင်နဲ့ ယူလိုက်ရင်

ဘာတွေ အကျိုးအမြတိရမလည်း

ဆိုတာ..ရှင်မသိဘူးလား.."


"တော်စမ်းကွာ..အာ့ဒါတွေကို

ငါမမက်ဘူး..သမီးကို ပြန်ခေါ်..."


"အို..မခေါ်နိုင်ပါဘူး..သမီးဘက်မှာ

မမနန်း..တစ်ယောက်လုံးရှိတယ်..

ရှင်ဘာမှစိတ်မပူနဲ့...''


"အေးကွာ..မင်းတို့ပြောမရလည်း

သဘောပဲ..နောက်မှ မျက်ရည်ကျပြမလာနဲ့..."


"အမလေးကျစရာလား..ရှင်မကြာခင်

မင်္ဂလာပွဲ တက်ရတော့မှာ စိတ်ချ..."


ခင်ပွန်းဖြစ်သူ ထွက်သွားတာကို

ဒေါ်သလင်းကြည့်ကာ..မျက်စောင်း

ထိုးလိုက်ပြီး...


"ဟွန်း..သူ့စိတ်ကြီးပဲ..နောက်မှ

သူဌေး ယောက္ခမ ဖြစ်မှ ပြုံးနေရင်

တွေ့မယ်..ရှင်ကြီး...


ဒေါ်သလင်းပြောကာ..မျက်နှာမှာ

ပြုံးနေမိကာ...


"မကြာခင် ငါ့သမီးလေး..သားတော်

ဝင်နဲ့ ယူပြီးရင်..ငါ့ပွဲလဲသဘင်တွေ

တက်ရင် မျက်နှာရတော့မှာပဲ...အာ့ဒိ

အခါ..ငါ့ကို ဖားတဲ့သူတွေလည်း များ

လာမှာ..အမလေးတွေးရင်း ကျေနပိလိုက်

တာ..."


ဒေါ်သလင်း စိတ်ကူးကာ..ကျေနပ်နေပြီး

ပိတိတွေ ဝေဖျါနေတော့သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: