ရှေး မီးဖိုထဲမှာ ဝိုင်းလုပ်ပေးကါ..
ပန်ကန်တွေဆေးနေမိသည်။
သူအခုလိုတွေ လုပ်တာမကြိုက်သော်
လည်း ရှေး သူ့ကိုအရွဲ့တိုက်စွာ...ပန်ကန်
တွေဆေးနေမ်သည်။
ဘေးက ညီုညိုနဲ့ အလုပ်သမား
လေးတွေက မျက်နှာငယ်လေးတွေ
နဲ့ ရှေးကိုကြည့်နေတော့ ရှေးပြုံးပြ
လိုက်ကာ..
"ဘာမှ စိတ်မပူပါနဲ့ သူဘာမှမပြော
ဘူးစိတ်ချ...ရှေးဘာသာ ဝင်လုပ်ချင်
လို့ လုပ်တာပါ.."
ညိုညို တို့ မမလေးကို မျက်နှာငယ်
လေးတွေနဲ့ ခေါင်းငြိမ့်ပြတုံး အကိုလေး
တော်ဝင် ဝင်လာတာကြောင့် မျက်လုံး
လေးတွေပြူးသွားကာ..မမလေးကိုကြည့်တော့လည်း ကျောပေးကါ ပန်ကန်တွေဆေး
နေတာကြောင့် သူမ မမလေးကို ပြောဖို့
အလုပ် အကိုလေးက မပြောဖို့နဲ့ သူမတို့ကို
အပြင်ဘက်ထွကိသွားဖိူ့ အချက်ပြတာ
ကြောင့် ညိုညို တို့ခေါင်းလေးငုံ့ကာ..
အသာ လှည့်ထွက်လာလိုက်သည်။
ရှေး ပန်ကုန်တွေ အောင် စင်ကြယ်အောင်
ထပ်ဆေးနေတုံး အနောက်ကနေ သိမ်းဖက်
ခံလိုက်ရတာကြောင့် လန့်သွားသော်လည်း
သူမကို အခု လိုဖက်ရဲတာ သူပဲ ရှိတာကြောင့်
ရှေး လည်းပင်းလေးလမ်က သူ့ကိုလှည့်ကြည့်လိုက်တော့..
"အို..တော်ဝင်..မင်းဘယ်လိုလုပ်လိုက်တာလည်း...ဖယ်..."
"ဘာလည်း..ခင်ဗျား..ကျွန်တော်စိတ်ဆိုးနေတယ်လေ..အာ့ဒါကြောင့် ကျွန်တော့်ကို
စိတ်ဆိုးပြေအောင် လုပ်..."
ရှေးမျက်နှာလေးမဲ့လိုက်ကာ..
"ငါက..ဘာလုပ်လို့လည်း..မင်းဘာသာ
မင်းစိတ်ဆိုးနေတာလေ..."
"မရဘူးဗျာ...ကျွန်တော်စိတ်ဆိုးပြေ
အောင်း ကျွန်တော့်ကို နမ်း...''
ပြောလည်းပြော ရှေးကို အရှေ့လှည့်ကာ
ဘေစင်ပေါ် ပွေ့ချီတင်လိုက်တဲ့ သူ့ကြောင့်
ရှေးမျက်နှာလေးရဲသွားကာ..
"တော်ဝင်.. မင်းဘယ်လို လုပ်လိုက်တာလည်း.."
သူ သူမကို ပြုံးကြည့်ကာ..ခါးလေး
ကနေ ဖက်ထားပြီး..
"ခင်ဗျား နမ်းမှာလား..မနမ်းဘူးလား.."
ရှေး သူ့ကို မျက်စောင်းပိတ်ထိုးပစ်ကာ..
ပြောတဲ့ ပုံစံကိုက နမ်းချင်စရာတစ်စက်မှ
မရှိ။
ရှေး ပေးကပ်ကပ်လေး လည်ပင်းလေးလိမ်ကာ တစ်ဖက်ကို လည့်နေတော့..တော်ဝင် သူမပုံစံလေးကို အသည်းတွေယားလာကာ..
"ရှေး..ကျွန်တော်ပြောနေတယ်လေ...
ရတယ်လေမနမ်းလည်း.."
"အို..အာ့.."
"မင်း..မင်း..လူမဟုတ်ဘူး... "
အကိုက်ခံလိုက်ရတဲ့ လည်ပင်းလေး
ကို အုပ်ကိုင်ကာ..သူ့ကိုဒေါသတကြီး
ကြည့်နေတဲ့ သူမကြောင့် သူပြုံးသွား
ကာ....သူမ နှုတ်ခမ်းပါးလေးကို
လိုက်ရန်ရှာတော့..ရှေးအသည်းအသည်
ရှောင်နေပင်မဲ့လည်း သူ့ရဲ့ သန်မာလှတဲ့
လက်တွေနဲ့ ပွေးဖက်ထိန်စချုပ်ထားခံ
ရတဲ့ ရှေး နှုတ်ခမ်းလေးကို သူ စုပ်လုံး
လေးသဖွယ်...မေ့မေ့မောမော နမ်းရှိုက်
နေကာ..ရှေးတစ်ယောက် သူ့အနမ်းတွေ
ကြောင့် ရင်ခွင်ထဲမှာ သတိလသ်မတက်ဖြစ်
နေမိသည်။
အနမ်း ကျွမ်းကျငိသူကြီးကတော့
အနမ်းမပျက် ရှေးနှုတိလမ်းလေး
ကို စားသုံးနေကာ....ရှေးလက်ကလေး
တွေနဲ့ ဘယ်လောက်ထုရိုက်ရိုက်
နာတယ်လို့ မှတ်ပုံမရ...
"အမလေး...ဗုဒ္ဓေါ..."
ဒေါ်နန်းတော်ဝင် တစိယောက်
သားကို စိတ်မချလို့ မီးဖိုဆောင်
ထဲ လိုက်လာကာမှ..ရင်ဘက်လေး
ဖိကာ...ပြန်ထွက်ပြေးရတဲ့အဖြစ်....
ဒေါ်နန်းတော်ဝင် မျက်နှာတွေနီးမြန်းကာ
နှုတ်ခမ်းလေးကို ဖိကိုက်ထားပြီး..
"တောက်...တော်တော်ဆိုးတဲ့ကောင်လေး..
ဟိုမိန်းကလေးကလည်း အရှက်မရှိ..အမလေး..သွေးတိုးလိုက်တာ..."
ဒေါ်နန်းတော်ဝင် ပြောလည်းပြော
ခေါင်းလေးကို ကိုင်ကာ..အခန်းထဲ
ဝင်သွားတော့သည်။
"အဟင့်....ဟီး...."
"ဟာ..ဘာလို့ငိုတာလည်း... "
တော်ဝင် အခုထိ အငိုမတိတ်တဲ့
သူမကြောင့် သူမချိုမချဥ်ပြုံးကာ..
မေးလိုက်တော့..သူမသူ့ကို မော့ကြည့်ကာ..
"မင်း..အရှက်မရှိတဲ့လူ...မင်းမရှက်ပင်မဲ့
ငါရှက်တယ်...အခုတော့..မင်းအမေကမြင်
သွားတယ်..ငါ့ကိုဘယ်လိုထင်သွားမလည်း
လူရမ်းကားရဲ့.."
"ဟာ..လင်မယားပဲ ဒီလောက်တော့
ရှိမှာပေါ့..မာမီလည်း နားလည်ပေး
မှာပါ..."
"ဘာလင်မယားလည်း..မင်းကို ငါ
မကျေနပ်ဘူးသိလား..."
"ဘာလည်း မကျေနပ်ဘူးဆိုတော့
ပြန်နမ်းမလို့လား...တော်ဝင်တို့က
မချိန်မရွေးဘဲနော်..."
ရှေး သူ့ကို အမြင်ကပ်စွာ..ကုတင်လေး
ပေါ်ထိူင်ကာ..သူ့ကို မျက်နှာလေးလွဲ
ထားကာ ဆူပုတ်နေမိတော့သည်။
တော်ဝင် သူမပုံစံလေးကို ကြည့်ကာ..
အသည်းတွေယားလာကာ..အနားတိုး
သွားလိုက်တော့..သူမသူ့ကို ဆက်ကနဲ့
အလန့်တကြားပြန်ကြည့်ကာ..
"မင်း..မင်း..ငါ့အနားမလာနဲ့... "
သူ သွားလေးပေါ်အောင် ပြုံးလိုက်ကာ..
"မလာလို့မရဘူး..ရှေးကို ကျွန်တော်
ချော့မလို့...."
"ဘာ..."
ရှေး သူမကို သူက ချော့မယ်ပြောတာကြောင့်
မျက်ဝန်းလေးကပြူးကာ သူ့ကိုကြည့်မိတော့
သူ ခေါင်းငြိမ့်ပြလိုက်ပြီ ညာတာပတေး
သူမအနား ဝင်ထိုင်ကာ...ပခုံးလေးကို
ဖတ်လိုက်ပြီး...
"ရှေး ကျွန်တော်ကို စိတ်မဆိုးတော့ဘူး
မဟုတ်လား.."
သူမေးသော်လည်း သူမကို သူ့ကို
မျက်ဝန်းလေးဝိုင်းကာ..မော့ကြည့်
နေတာကြောင့် သူပြုံးလိုက်ကာ..
"ကျွန်တော်တို့..ငြိမ်းချမ်းရေး
ယူလိုက်ရအောင်နော်...''
သူလူလည်ပါ ပြောလည်းပြော
ရှေးမင်သက်နေမိတာကို အခွင့်
ကောင်းယူပြီးရှေးမေးဖျားကနေ
မော့ယူကာ..ရှေးရဲ့ နှုတ်ခမ်းဖူးဖူး
လေးကို သူထပ်မံ သိမ်းပိုက်သွား
ပြန်တော့သည်။
"အို..မင်း..."
ရှေးသတိပြန်ဝင်လာတဲ့ အချိန်
မှာတော့.သူရှေးကိုယ်လေးကို
မွေတစ်ကောင်လို တင်းကြပ်စွာ
ဖက်ထားပြီး သူ့အလိုကျ အနမ်း
များနဲ့ ရှေးမျက်နှာလေးအထက်မှာ
ချယ်လှယ်နေပါတော့သည်။
-----------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
"ညိုညို မြေးတို့ ထမင်းဆင်းမစား
ဘူးလား.."
"ဟို..ဟို..."
"သြော်..မေးနေတာ မဖြေပဲ..တဟိုဟိုနဲ့
ဘာဖြစ်နေတာလည်း..."
ဒေါ်နန်းမဟာ..စိတ်မရှည် စွာမေးလိုက်တော့
ညိုညို တစ်ယောက်မျက်နှာထူပူစွာ..
"စောစောက ဆင်းလာပါသေးတယ်..
ဒါပင်မဲ့ အကိုလေးကြောင့် အပေါ်ထပ်
ပြန်တကိပြေးသွားတယိ..."
ဒေါ်နန်းမဟာ စိုးရိမ်သွားကာ..
"ဟေ...ဒါဆို ရန်ဖြစ်လို့လား..ဘာလို့လည်း.."
"ဟို..ရန်ဖြစ်လို့လညိးမဟုတ်ပါဘူး မေမေကြီး.."
"အာ့ဒါဆို..ဘာလို့လည်းအေး.မြန်မြန်
ဖြေစမ်း..."
ညိုညိုခေါင်းလေးငုံ့ကာ..
မဖြေရဲ ဖြေရဲဖြေရဲနဲ့
ပြောမလို့ရှိသေး..
"ဘာဖြစ်ရမှာလည်းမေမေရဲ့..
မေမေမြေးကို ကြည့်ပြော
ထားနော်..အိမ်မှာက အပျို
လေးတွေ အများကြီးနဲ့..
သူတို့ မခုလို လူရှေ့မရှောင်
သူရှေ့မရှောင်တာ.ကောင်းလား..
ဟိုမိန်းကလေးက လည်း မိန်းကလေးဖြစ်
ပြီး အရှက်ကို မရှိဘူး.."
"သြော်အေ..ဘာတွေလည်းငါ့ကိုလည်း
နားလည်အောင်ရှင်းပြကြပါအေ..."
"ဟို..အကိုလေးက မမလေးကို
မီးဖိုဆောငိမှာ နမ်းနေလို့ အန်တီ
နန်းက ပြောတာပါ.."
ဒေါ်နန်းမဟာ..အာ့တော့မှသဘောပေါက်
သွားကာ..သမီးဖြစ်သူရဲ့ တင်းမာနေတဲ့
မျက်နှာထားကိုကြည့်ကာ..ပြုံးလိုက်ပြီး..
"ဒါတော့အေ...ညားကစ ဇနီးမောင်နှံပဲ
ဒီလောက်တော့ရှိမှာပေါ့...နားလည်
ပေးလိုက်ပေါ့.."
"အို..မေမေ... နန်းကိုတောင် မရိုသေ
တဲ့ သားနဲ့ ချွေးမကို နမ်းက ဘာကို
နားလည်ရမှာလည်း..အာ့မိန်းကလေးကို
ချွေးမလိူ့လည်း အသိအမှတ်မပြုနိုင်ဘူး..."
"ညည်းမပြုလည်း ဟိုက မကြာခင်
မင်္ဂလာဆောင်ရတော့မယ်..ညည်းရဲ့
သားကဲကဲနဲ့ဆို မကြာခင် ဒီအိမ်မှာ
အငယ်လေးတွေတောင် ကျုပ်ကြိုမြင်
နေပြီ.."
"အာ့အတိုင်း..လူံးဝ်ဖြစ်ရဘူးမေမေ..."
"မဖြစ်လို့ ရမလားအေ့..အခုက ညားပြီး
ပြီလေ...ညည်းက ဘာထပ်ပြီး ပြောချင်
သေးလို့လည်း..."
"မရဘူးမေမေ..နန်းအရင်ထဲက
ပြောပြီးပြီပဲ..နန်းချွေးမလေးက
မြတ်တစ်ယောက်ပဲ...အခုလို အရှက်မရှိတဲ့
မိန်းကလေးတော့..မဖြစ်ဘူးမေမေ.."
"အာ့ဒါက ညည်းအကြောင်းလေ..ငါကတော့.နောက်တစ်ပတ်အတွင်းမှာ
ငါ့မြေးကို ငါမင်္ဂလာဆောင်ပေးတော့မယ်..
ညည်းတက်လည်းရတယ်..မတက်လည်း
ရတယ်..ညည်းသဘောပဲ..."
"ဟာ..မေမေ..မရဘူးနော်..တော်ဝင်က
နန်းရဲ့သား..နန်းသဘောကို လိုက်လျော
ရမယ်.."
"အလိုအေ..ညညိးအာ့လို ပြောရအောင်
မြေးက ဘယ်တောက ညည်းစကားကို
နားထောင်ဖူးလို့လည်း..ပြီးတော့..မြေးတော်
ဝင်က သာမာန်လူမဟုတ်ဘူးနော်..အောင်မြင်
နေတဲ့ စီးပွားရေးလုပ်ငန်း ရှင်..."
"အာ့ဒါကြောင့်ပဲ ပြောတာပေါ့မေမေရဲ့..
အခုလို မဟုတ်တာမိန်းကလေးနဲ့
နန်းသဘောမတူနိုင်ဘူး.."
"နေပါအူံး နင်က မြေးမလေးကို
ကြည့်မရနေရအောင် ညည်းကို
ဘာလုပ်မိလို့လည်..."
"အို..မသိဘူးမေမေ..နန်းကတော့
ကြည့်မရတာပဲသိတယ်.."
"အန်တီ..ဘွား..ဒါဘာတွေလည်း
ကြည်ပါအုံး..."
မြတ် အပြင်ကပြန်လာတဲ့ ပုံစံနဲ့
လက်ထဲက စာအိတ်ကို အန်တီ
နန်းကို ကမ်းပေးလိုက်တော့..
ဒေါ်နန်းတော်ဝင် ယူလိုက်ကာ..
"သမီးမြတ်ဒါဘာလည်း.."
"ဖွင့်ကြည့်လိုက်အန်တီ..မြတိလည်း
အသိတစိယောက်ပြလို့...ဒီပုံတွေ
တွေ့တာ..."
ဒေါ်နန်းတော်ဝင် ထုတ်ကြည့်လိုက်
တော့ မြင်လိုက်ရတဲ့ အရာတွေကြောင့်
မဲ့လိုက်ကာ..
"အဟွန်း..မေမေ..ကြည့်ပါအုံး
ေမေမေရဲ့ ကောင်းလှပါကြည်ရဲ့
ဆိုသည့် မြေးချွေးမလေး...ဟိုရက်က
မှ အိမ်လာသွားတဲ နန်းသူငယ်ချင်းရဲ့
သားနဲ့ ချင်ချင်းတောင် သိပြီး ဓာတ်ပုံ
တွေတောင် ထွက်လာပြီလေ..."
"ပြစမ်းအေ..."
ဒေါ်နန်းမဟာ..ဓာတ်ပူံတွေကို ကြည့်ကာ
မျက်မှောင်ကုတ်ကာ..
"အိုအေ...ဒီဓာတ်ပုံက ဘာဖြစ်လို့
လည်း..လမ်းသွားရင် တွေ့ လို့နှုတ်
ဆက်တာနေမှာပေါ့..."
"အို.မေမေကလည်း...မနေ့ကမှ
တွေ့တာ အခုတော့ စကားတွေ
ဖောင်ဖွဲ့ပြီး ပြောနေတဲ့ပုံထွက်လာ
တယ်လေ.ဒါကောင်းတဲ့ မိန်းကလေး
လား..."
ဒေါ်နန်းတော်ဝင် မဲ့ လိုက်ကာ..
"နေတဲ့ ပုံက ကုတ်ကမြင်းပုံနဲ့..
ကြည့်လိုက်ရင် ဖြူစင်သလိုနဲ့..
သားကိူလည်း..ပိုက်ဆံရှိလို့
ရုပ်ချောလို့..မြူစွယ်ထားတာနေမယ်
မေမေ..နန်းကတော့ ပိုသေချာသွား
ပြီး လုံးဝ သဘောမတူဘူး..."
"ဟုတ်တယ်..အန်တီ...မြတ်လည်း
အရမ်းအံ့သြသွားတာ..လူတစိယောက်
ကို ခင်တွယ်တက်အောင် ဒီမိန်းမ ဘယ်
လိုမာယာတွေ သုံးလိုက်လည်း မသိဘူး.."
ဒေါ်နန်းမဟာ..မြတ်သစ္စာကို
သဘောမကျသလိုကြည့်ကာ..
"မိန်းကလေး..မင်းလည်းမိန်းကလေး
တစ်ယောက်ပဲလေ..မသိပဲနဲ့ ရမ်းသမ်ပြီး
တစ်ဖက်သားကို မပြောပါနဲ့.."
ဒေါ်နန်းမဟာပြောတော့ မြတ်သစ္စာတစ်
ယောက် မျက်နှာပျက်သွားတာကို ဒေါ်နန်း
တော်ဝင် ကြည့်ပြီး..
"အို..မေမေကလည်း..သမီးမြတ်
ပြောနေတာ..မှန်နေတာပဲ...
အခုတောင် သမီးမြတ်ယူပြလာလို့
သိရတာ..အခုချိန်လောက်ဆို အာ့မိန်းကလေး
နဲ့ ဒီကောင်လေး ဘယ်လောက်တောင်
ခင်တွယ်နေကြပြီလည်း မသိဘူး..."
"အေး..ညည်းတို့ထင်ရာတွေပဲ
စွတ်ပြောမနေနဲ့..ခဏနေ..မြေး
တို့ကို..ညည်းတို့ရှေ့ခေါိပြီး ရှင်းပေးမယ်.."
ဒေါ်နန်းမဟာ ပြောပြီးတော့..
ဧည့်ခန်းအဝတွင်သွားရပ်နေသော
ညိုညိုကို ကြည့်လိုက်ကာ..
"ညိုညို..သွား..အပေါ်ထပ်မှာ..
နင့်အကိုလေးနဲ့ မမလေးကို
သွားခေါ်လာခဲ့ဘ..အဘွားက အရေး
ကြီးလို့လိူ့.. ''
"ဟုတ်ကဲ့..အဘွား..."
ညိုညိုပြောပြီး အပေါ်ထပ်ကို
လစ်ခနဲပြေးတက်လာခဲ့တော့သည်။
မြတ်သစ္စာနဲ့ ဒေါ်နန်းမဟာ..မျက်နှာ
မှာတော့...သားရဲ့ ဒေါသတွေ ဒီပုံ
ကိုမြင်ရင် ဟိူမိန်းမကို ခွင်လွတ်မှာ
မဟုတ်ဘူးဆိူတာ..ကြိုသိနေသလို
ပြုံးကာ..ကျေနပ်နေမိတော့သည်။
-----------------------------------------^^^^🍓🍓🍓🍓🍓🍓🍓🍓
"အာ့..မင်း..အရမ်းမလုပ်နဲ့လေ.."
"ကျွန်တော်အသာလေ..လုပ်နေတာပဲ.."
"မင်းအသာလေး..လုပ်နေတာကလည်း
ငါသေတော့မယ်.."
"ခဏလေး သည်းခံ.."
"အမလေး..ဘုရာ..ရှက်လိုက်တာ.."
ညိုညိုတစ်ယောက်..အခန်းရှေ့မှာ
အထဲက အသံတွေကြောင့် မျက်နှာ
ကြီးနီရဲနေကာ..အခန်းတံခါး ခေါက်ရ
တော့မလို ပြန်ဆင်းပြေးရတော့မလို
ဖြစ်နေတော့သည်။
မခေါ်ပဲနဲ့လဲ မဆင်းသွားရဲပြန်..သူမ
သတွေးမျိုချပြီး..တံခါးလေးကို
ခေါက်လိုက်တော့..
ဒေါက်..ဒေါက်..
"ဘယ်သူလည်း..."
"ညိုညိုပါ..အကိုလေး..."
"ဘာကိစ္စရှိလို့လည်း... "
"ဟို..မေမေကြီးက အရေးကြီးလို့
ခေါ်ခိုင်းလိုက်လို့ပါရှင့်.. "
"အေး..ဆင်းလာခဲ့မယ်လို့.."
"ဟုတ်ကဲ့..."
ညိုညို တစ်ယောက်ပြောပြီးတာနဲ့.
အမြန်ပြေးဆင်းလာခဲ့တော့သည်။
အကိုလေးတို့ကလည်း အရမ်းကို
ကဲတာပဲ....
"ရပြီ..မင်း..မကိုင်နဲ့တော့..''
သူ့အင်္ကျီ ကြယ်သီးနဲ့ ရှေးဆံပင်ညှိ့နေ
တာကြောင့် ရှေးမျက်နှာလေး မှာ
တူပုတ်နေကာ...သူ့ကို အမြင်မကြည်
သလို ကြည့်ကာနေတော့သည်။
"လာ..အဘွားခေါ်နေတယ်..သွား
ကြရအောင်.."
ရှေး သူ့ကို မကျေနပ်သော်လည်း
အဘွားခေါ်နေတယ်ဆိုတာကြောင့်
မကြည်မသာနဲ့ လိုက်ပါလာခဲ့သည်။
တော်ဝင်တစ်ယောက်ကတော့..
သူအလက်ကို ဆွဲကာ..မျက်နှာကြီး
မှာတော့ မှိုရသလို ပြုံးရွှင်နေတာ
ကိူတော့..ရှေးတစ်ယောက်သိရင်
သူ့ကို မျက်စောင်းထိုးပြီး ရန်တွေ့အုံး
မှာ ကြိမ်းသေလောက်သည်။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း