book

Index 12

အပိုင်း (12)🍓🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ရှေး သူမရှိတုန်း မီးဖိုးထဲ ဝင်တော့...

စျေးသွားမဲ့ သူမရှိတာကြောင့် သူမစျေး

ဆွဲ ခြင်းလေးယူကာ..စျေးကို ထွက်လာ

လိုက်လိုက်သည်။


သူမမီးဖိုထဲ ဝင်တော့လည်း ဘယ်သူကမှ

သူမကို အလုပ်ပေးမလုပ်တာကြောင့်

စျေးဆွဲ ခြင်းလေးကို အတင်းယူကာ

ထွက်လာခဲ့ ခြင်းဖြစ်သည်။


မဟုတ်ရင် ရှေး အရမ်းတွေ စိတ်ကျင်းကျပ်

လွန်းလှသည်။သူ့ရဲ့ ဟိုဟာလုပ်လည်းမကြိက်

ဒီဟာလုပ်လည်းမကြိုက်...ဆေးရုံပြန်လုပ်ချင်

တယ်ဆိုတော့လည်း လက်ထပ်ပြီးမှတဲ့..ရှေး

ပြင်းလို့ သမီးကို ထိန်းပြန်တော့လည်း မကြိုက်ပြန်..ကြာလာတော့..ရှေးသူ့ကို အမြင်တွေ ကပ်လာမိတော့သည်။


တီ..တီ..တီ..


"အမလေး..."


ရှေး သူ့အကြောင်း စဥ်းစားနေရင်း

ကားဟွန်းသံကြောင့် လန့်ကာ...ခြေ

လှမ်းလှမ်ူလိုက်တော့..ခြေချော်သွား

ကာ..လဲကျသွားမိတော့သည်။


မင်းမျိုးမာန် မထင်မှတ်ထားပဲ

သူမကို တွေ့လိုက်ရတာကြောင့်

ဝမ်းသာသွားကာ..ကားဟွန်းတီးလိုက်

တော့..သူမလန့်ကာ..လဲသွားတော့..

သူ ကားကို လမ်းဘေးချရပ်လိုက်ကာ

ကားပေါ် က အမြန်ဆင်းသွားပြီး..


"ရရဲ့လားဗျာ..ကျွန်တော်..တောင်းပန်ပါတယ်

အမ..ကျွန်တော်..အမကို မြင်ပြီး ဝမ်းသာသွား

လို့ ဟွန်းတီးလိုက်မိတာ.."


ရှေး သူ့အရှေ့မှာ အရမ်းစိုးရိမ်ပြကာ..

သူ့ကိုသိသလိုပြောနေသော ထိုလူကြောင့်

မျက်မှောင်လေး ကုတ်လိုက်ကာ...


"မင်းတို့ကို သိလို့လား...".


"ဟာ..သိတာပေါ့..အမရဲ့..

ကျွန်တော်မနေ့က ကိုမင်းတော်ဝင်

တို့အိမ်လာတဲ့ တစ်ယောက်လေ..''


"ဟင်..''


မင်းမျိုး သူမ မသိသလို ပြန်ကြည့်

နေတာကြောင့် သူပြုံးလိုက်ကာ...


"အမက မမှတ်မိဘူးထင်တယ်...

ဒေါ်လေးနန်းရဲ့ သူငယ်ချင်းလေ

ကျွန်တော်အမေက မနေ့က လာသွားတာ..."


"သြော်..မင်းကို..."


သူမပြောလိုက်တော့ ထိုကောင်လေး

ဝမ်းသာသွားကာ...ခေါင်းငြိမ့်ပြရှာသည်။


ရှေး မမေ့ပါဘူး...အာ့နေ့က 

ဒီကောင်လေးတွေရှေ့မှာပြုံးပြ

လို့ဆိုပြီး ဟိုလူ့ဂွစာ တစ်နေကုန်

ပြဿနာရှာတာ မပြီးနိုင်မစီးနိုင်။


အခုလည်း အာ့ဒိကိစ္စနဲ့ သူမနဲ့ စကား

မပြော။မပြောလည်းနေပေါ့..ရှေးက

ဝမ်းတောင်သာသေးတယ်။


ဒီလူနဲ့ စကားပြောနေရရင်..သူမကို

အသားယူဖို့ပဲ တက်တယ်။ဘာမဟုတ်

တာက အစ သဝန်ကြောင်တက်တဲ့သူ။


ရှေး ကို အလှတွေ ပြင်လို့ဆိုပြီးလည်း

ရန်ရှာတက်သေးသည်။


ရှေးသူ့အပြောကြောင့် သနပ်ခါးပင်မလိမ်း

တော့..မဟုတ်ရင် အလှပြင်နေတယ်လို့

ထပ်အပြောခံနေရအုံးမည်။


အခုလည်း ဒီကောင်လေးနဲ့ လမ်းမှာ

အခုလိုတွေ့တာ သိရင် ဘယ်လောက်

တောင် ပြဿနာ ရှာအုံးမလည်းမသိ။


"အမ..အမ.."


"ဟင်..."


ရှေး အတွေးလွန်နေကာ..ထိုကောင်

လေးခေါ်မှ အတွေးကို ရက်တန့်လိုက်ကာ..


"အမ..ဘာတွေတွေးနေတာလည်း..

ကျွန်တော်ခေါ်တာ ကြာနေပြီ.."


"ဟင့်အင်း..ဘာမှ မဟုတ်ပါဘူး..

တို့သွားအုံးမယ်နေ်.."


ရှေး ဘေးက ဆွဲခြင်းလေးကိုယူကာ

ထွက်သွားမယ်လုပ်တော့..ထိုကောင်လေး

က အရှေ့ကနေ တားကာ..


"နေပါအုံးအမရဲ့ စျေးသွားမို့လား..

ကျွန်တော် လိုက်ပို့ပေးမယ်လေ..

အမ ခြေထောက် နာနေမှာပေါ့..."


ရှေး ခေါင်းလေးခါပြပြီး...


"ရတယ်..မလိုပါဘူး..တို့သွားဖူး

ပါတယ်..ကျေးဇူးပါ "


"ခဏလေးပါ..ကျွန်တော်နာမည် 

မင်းမျိုးမာန်ပါ...အမအကူအညီ

လိုရင် ကျွန်တော့်ကိုပြောနော်.."


"ကျေးဇူးပါပဲ.."


ရှေး စကားအမြနိဖြတိကာ...

ထွက်လာလိုက်သည်။


မဟုတ်ရင် ဘာမဟုတ်တာတွေနဲ့

ဟိုလူ့ဂွစာနဲ့ ပြဿနာမဖြစ်ချင်။


သူမပြောပြီး စျေးကို ခပ်သုတ်သုတ်

လေးလျှောက်လာကာ...လိုအပ်တာ

တွေ ဝယ်ခြမ်းလိုက်ပြီး...အိမ်ပြန်ရန်

စျေးထဲက ထွက်လာလိုက်သည်။


အိမ်ပြန်ရောက်တော့..ရှေးလမ်း

လျှောက်လာတာကြောင့် မောပန်းနေကာ..

မီးဖိုဆောင်ထဲ ဝင်လိုက်ပြီး..


"ညိုညို ရေ ရပြီနော်.."


"ဟယ်မမလေး ပြန်လာပြီ

နောက်ဆို ညိုညိုပဲ သွားတော့

မယ်နော်..ဒီနေ့ ညို့ညို့အစား

မမလေး သွားပေးတါ ကျေးဇူးပါ

နော်.."


ရှေးပြုံးပြလိုက်ကာ..


"ရပါတယ်..မမပေးတဲ့ဆေးသောက်

ထားလား..သက်သာပြီမဟုတ်လား.."


"ဟုတ်မမလေး သက်သာသွားပါ

ပြီ..."


"ဟုတ်ပြီ..ဟုတ်ပြီ..မမဘာလုပ်ပေး

ရအုံးမလည်း.."


"ရတယ်..မမ..ညိုညို တို့ပဲ

အကုန်လုပ်လိုက်တော့မယ်.."


"အာ့ဒါဆို မမရေသွားချိုးပြီနော်..."


"ဟုတ်ကဲ့..."


"ဟေ့..ညိုညို ငါ့ကို ကော်ဖီဖျေည်ပေးစမ်း.."


"ဟုတ်ကဲ့ ခဏစောင့်ပေးပါ..."


"မြန်မြန်လုပ်..ပြောလိုက်ရင်..

အကြောင်းပြချက်တွေကြီးပဲ

ဒီအိမ်မှာနေရင် အလုပ်လုပ်မှ 

ထမင်းစားရမှာ..အလုပ်မလုပ်ပဲ

နဲ့ စားနေတဲ့သူက အချောသမားမို့ပဲ..

အချို့တွေဆို မျက်နှာပျောက်တိုက်

ပြီးတော့ကို စားနေတာ..ဘယ်သူမှ မသာ

ထာတောင်မှ...."


ရှေး မကြားချင်ယောင်ဆောင်ပြီး

အပြင်ထွက်မယ်လုပ်သော်လည်း..

ထိုမိန်းမရဲ့ အပြောကြောင့် ပြုံးပြုံးလေး

ပြန်လှည့်လာကာကြည့်လိုက်တော့..

ရှေးကို မဲ့ ပြနေတာကြောင့် ရှေး

မဲ့ ပြုံးလေးပြုံးလိုက်ကာ..


"မမြတ်သစ္စာက စကားတွေကို

ပြောင်းပြန့ပြောနေတာပဲ..ဒီအိမ်မှာ

ကျွန်မက တစိမ်းမဟုတ်ဘူး..ပြီးတော့

ကျွန်မက အလုပ်မရှိဘဲ ကပ်စားနေတာ

မှမဟုတ်တာ..ကျွန်မယောကျာ်းလုပ်စာ

ကျွန်မ စားနေတာလေ..ပြီးတော့ ကျွန်မ ကိုယ်

နိုင်တဲ့ဝန် ကိုယ်ထမ်းတယ်..အခြားသူတွေလို

သူများအိမ်မှာတောင် နေဖငထိုးအောင်

အိပ်ပြီးမှ ထလာကာ ဘော်ကျော့မစား

တက်ဘူးရှင့် နောက်တစ်ခါ မမြတ်သစ္စာ

ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး မှ အခြားသူ

ကို ဝေဖန်သင့်တယ်..အခု မမြတ်သစ္စာက 

ကိုယ့်ကိုကိုယ် ပြန်​ပြောနေသလိုပဲ..."


"တောက်..ရှင်..ကျွန်မကို ပြန်​ပြောရဲ

တယ်ကြည့်စမ်း..."


မျက်နှာကြီးရဲကာ.ဒေါသတွေနဲ့ 

ရှေးကို ပြန်ကြည့်နေတဲ့ မြတ်သစ္စာ

ကြောင့် ရှေး ပြုံးလိုက်ကာ..


"သြော်..ဘာလို့မပြောရဲ ရမှာလည်း

ရှင် မပြောရဲ ရအောင်လည်းရှင်က

ဘာမို့လည်းနော်...ကျွန်မက မှန်လိုပဲ..

ကျွန်မအပေါ် ကောင်းရင် ပြန်ကောင်း

ပေးပါတယ်..အဟွန်း..ခွင့်ပြုပာအုံး..."


ရှေး ပြူံးပြုံးလေးပြောကာ..

ထွက်လာမလို့ပြင်တုံး..


"နေအုံး..ရှင်..ကိုယ့်ကိုကိုယ်

အထင်တွေကြီးမနေနဲ့ ကိုကိုက

ရှင့်ကို ခဏသာ ပျော်ရွှင်မူအတွက်

ခေါ်ထားတာ...ပြီးတော့..ကျွန်မနဲ့ 

ကိုကိုရဲ့ မင်္ဂလာပွဲအတွက် ဖိတ်စာ

တွေတောင် ရိုက်ပြီးပြီ အဟွန်း...."


ရှေး ပြုံးလိုက်ကာ..မြတ်သစ္စာဘက်

ကို လှည့်လိုက်ပြီး...


"အဟွန်း....ဟုတ်လား..

ကောင်းတာပေါ့...ရှင်က

ဟိုကမလိုချင်တာတောင်

အရမ်းတွေ တစ်ဖက်သက်အရမ်း

ဆန်တာပဲနော်..."


ရှေးပြောပြီး တာနဲ့ အပေါ်ထပ်ကို

တက်လာကာ..ရေချိုးရန်..ဝင်လာ

ခဲ့လိုက်သည်။


မြတ်သစ်စ္စာတစ်ယောက်..လက်သီး

လေးဆုပ်ကာ..မျက်နှာကြီးရဲကာ..

ကျန်နေခဲ့ပြီး...ဘေးက အလုပ်သမား

တွေကို ကြည်လိုက်တော့လည်း မျက်နှာ

တွေမှာ ပြုံးနေတာကြောင့် သူမ ဒေါသ

အခုထွက်သွားကာ..


"ဘာလုပ်နေကြတာလည်း

ကိုယ့်အလုပ်ကိုယ်လုပ်ကြ

တောက်..."


သူမပြောပြီး ထွက်လာလိုက်တော့သည်။


တောက်..ရှေးဆန်သူ ရှင် ဒီနေ့

အတွက်ပြန်ပေးဆပ်ရမယ်။


-----------------------------------------^^^^^🍊🍊🍊🍊🍊🍊🍊🍊


"ကလောက်......"


တော်ဝင် ဧည်သည်တွေနဲ့ တွေ့ပြီး

ပြန်မလို့ ကားပေါ်ကို ဝင်ထိုင်

လိုက်ချိန် ဖုန်းထဲ ဝင်လာတဲ့ အသံ

တစ်ခု​ကြောင့် သူကြည့်လိုက်တော့..

Messager မှာ စာဝင်နေတာကြောင့်

သူကြည့်လိုက်တော့...သုခဖြစ်နေတာ

ကြောင့် သူ ဖွင့်ကြည့်လိုက်တော့

မြင်လိုက်ရတဲ့စာနဲ့ ပုံတစ်ပုံကြောင့်

သူ့မျက်နှာ တင်းမာခက်ထန်သွားကာ..

လက်သီကို ဆုတ်လိုက်မိသည်။


ဟျော့...တော်ဝင် ဒါမင်းမိန်းမ

မဟုတ်လား...ဆိုတဲ့ စာကြောင်း

တစ်ကြောင်းနဲ့ ဓာတ်ပူံကြောင့်

သူ ကားကို ကျွမ်းကျင်စွာ

မောင်းထွက်လာပြီး အိမ်ကို

အရှိန်းပြင်းစွာ မောင်းနေတဲ့ပုံက

သူ့ဘယ်လောက်ဒေါသ ထွက်နေလဲ

ဆိုတာ မေးစရာပင်မလို....


သူ ကားကို အသင်ဖွင့်ပေးထါးတဲ့ခြံဝန်း

ထဲ မောင်းဝင်လာလိုက်ပြီး...အိမ်ထဲဝင်

လာတော့..ဧည့်ခန်း မှာ ထိုင်နေတဲ့ မေမေနဲ့

မြတ်သစ္စာကိုတွေ့တော့ သူ တစ်ချက်

သာကြည့်ပြီး အပေါ်ထပ်တက်လာခဲ့

လိုက်သည်။


ဒေါ်နန်းတော်ဝင် သားဖြစ်သူရဲ့

မျက်နှာမှာဒေါသတွေကြောင့်

မြတ်သစ္စာကို ကြည့်ကာ..ယ


"သမီး..သားဘာဖြစ်လာတာလည်း

မသိဘူး..."


"မြတ်လည်း မသိဘူးအန်တီ..."


တော်ဝင် အခန်းထဲ ဒေါသကြီး

စွာ ဝင်လာသော်လည်း သူမကို

မတွေ့ရတာကြောင့် သူ မျက်မှောင်ကုတ်

သွားကာ..လက်ထဲက ကားသော့နဲ့ ဖုန်းကို

အိပ်ယာပေါ်ပသ်တင်လိုက်ပြီး..


"တောက်...ဒီမိန်းမ ဘယ်ကို သွားနေတာလည်းမသိဘူး..."


သူ ခါးကြီးထောက်ကာ..မျက်မှောင်ကြီး

ကုတ်ထားချိန်...


ဂြီ....ဂျလောက်...


ရေချိုးခန်းတံခါး ပွင့်လာပြီး 

ရေချိုးပြီးလို့ သဘက်လေး ပတ်ကာ

ထွက်လာတဲ့ သူမကို တွေ့တော့..သူ

မျက်မှောင်ကုတ်ကာကြည့်နေလိုက်သည်။


"အမလေး..မင်း..."


ရှေး သူပြန်မလာခင် ရေအမြန်ချိုးပြီး

သနပ်ခါး လိမ်းရန် အခန်းထဲထွက်လာ

လိုက်ချိန်..သူ့ကိုမြင်တာကြောင့် လန့်

သွားကာ...ထအော်လိုက်ပြီး သဘက်လေး

ကို လက်ကလေးနဲ့ ဆွဲဆုပ်ထားကာ..အမြင်

မကြည်စွာ ကြည့်လိုက်မိသည်။


"ဟုတ်တယ်..ခင်ဗျား..ယောကျာ်း..

သေချာကြည့်..."


"မင်းပြောစရာမလိုပါဘူး...အခန်းထဲက

ခဏထွက်ပေးပါ..တို့အဝတ်လဲမလို့..."


"အဟွန်း..အခုမှ အပိုလုပ်မနေနဲ့..ခင်ဗျားကို

ကျွန်တော်..ချမ်းသာပေးထါးလို့ ပျိုနေတာ..

အပိုတွေလုပ်မနေနဲ့ "


ရှေး သူ့စကားကြောင့် မျက်စောင်း

ထိုးလိုက်ကာ..


"မင်းတော်တော်...ပါးစပ်ဖွာတဲ့လူ..."


"ဘာကို ပါးစပ်ဖွာရမှာလည်း..ပြီးတော့

ကျွန်တော့်ကိုမြင်ပြီး လန့်နေရအောင် 

ခင်ဗျား..ဘယ်ကောင်အကြောင်းကို 

တွေးနေရတာလည်း..."


"မင်းမဟုတ်တာလာမပြောနဲ့..ဗြုန်းစား

ကြီး မင်းကို တွေ့တော့လန့်သွားတာပေါ့.."


တော်ဝင် သူမရဲ့ ရန်ပြန်တွေ့ပုံကြောင့်

မျက်မှောင်ကုတ်ကာ ကြည့်နေပြီး..


"ခင်ဗျား..ကျွန်တော့်ကို ပြန်မပြော

နဲ့..ခင်ဗျားဒီနေ့ ဘယ်သွားခဲ့လည်း..."


ရှေး မနေ့ကတော့ စကားပင်မပြော။

အခုမှ လာမေးနေတဲ့ သူ့ကြောင့် 

အမြင်ကပ်စွာ..


"စျေးသွားတယ်..."


"ဒါပဲလား..."


"ဟုတ်တယ်.."


တော်ဝင် အကြောတင်းတင်းနဲ့

ပြောနေတဲ့ သူမကြောင့် မျက်နှာ

ကြီးမှာတင်းမာလာကာ..


"ခင်ဗျား..ကျွန်တော့်ကို လိမ်တယ်.."


"ငါက..မင်းကို ဘာလိမ်လို့လည်း.."


"ခင်ဗျား..လိမ်တာ ခင်ဗျားသိမှာပေါ့.."


ရှေး သူမကို အော်နေတဲ့ သူ့ကြောင့်

နှုတ်ခမ်းလေး ဖိကိုက်ကာကြည့်လိုက်ပြီး..


"ငါက..မလိမ်ဘူး..အာ့ဒါ​ကြောင့် 

မသ်ဘူး..မင်းငါ့ကို ပြဿနာလာမရှာ

နဲ့ တော်ဝင် ငါမင်းကြောင့် အရမ်းစိတ်

ညစ်နေပြီ..."


"ဘာပြောတယ်..ခင်ဗျားက ကျွန်တော့်

ကြောာင့် စိတ်ညစ်တယ် ဟုတ်လား..

ခင်ဗျားစိတ်ညစ်အောင် ဘာလုပ်နေလိူ့

လည်း​ပြောပါအုံး.."


"မင်းအခုပဲ ကြည့်လေ..ငါ့ကို

ပြဿနာလာရှာနေတာမဟုတ်

ဘူးလား..ငါဘာမှမလုပ်တာကို.."


"အော်..ကျွန်တော်က ခင်ဗျားကို

သက်သက်ပြဿနာရှာတယ်ပေါ့..

ရတယ်..ခင်ဗျားလို မိန်းမက သက်သေ

နဲ့ ပြမှရမှာ..ရော..ဒီမှာကြည့်..."


ရှေး သူကမ်းပေးတဲ့ ဖုန်းကို

ယူကြည့်လိုက်ပြီး မျက်လုံးလေး

ပြူးသွားမိသည်။


သူမ ပြဿနာမဖြစ်ချင်လို့..

အမြန်ရှောင်ထွက်ခဲ့ကာမှ 

အခုတော့လည်း ဒီလူ့ဂွစာကို

ဘယ်သူက ပြောလိုက်မှန်းမသိ။


ရှေးမျက်နှာ လေးတင်းပစ်ကာ..


"အာ့တော့..ငါက ဘာလုပ်ရမှာလည်း.."


"အာ့တော့..ငါကဘာလုပ်ရမှာလည်း

ဟုတ်လား..ခင်ဗျားနဲ့ အာ့ကောင်က 

ဘာလည်း.."


ဒေါသတကြီး ရှေးမျက်နှာလေးကိုကြည့်ကာ..

အံကြိတ်ကာပြောနေ ရှေး မျက်နှာလေး ပျက်သွားကာ...


"မင်းငါ့ကို မစော်ကားနဲ့..ငါတို့

ဘာမှ မပတ်သတ်ဘူး..ငါမနက်က

စျေးသွားတယ်..ပြီးတော့..အာ့ကောင်

လေးကားက ဟွန်းတီးလို့ လန့်ပြီး ချော်လဲ

သွားတာ..အာ့ါသူက ဆင်းလာပြီး ထူပေးတယ် ဒီလောက်ပဲ..."


"အာ့ဒါဆို..စောစောကမေးတောက

ဘာလို့မပြောတာလည်း.."


"ငါက..အာ့ဒိအကြောင်းကို အရေးတယူ

လုပ်ပြီး ပြောစရာလား.."


"ခင်ဗျားက တော်တော်လာတဲ် မိန်းမပဲ.."


ရှေး သူ့ကို ဒေါသမျက်ဝန့်းလေးနဲ့

ကြည့်ကာ..


"မင်းငါ့ကို မယုံလည်း လက်မထပ်နဲ့

တော်ဝင်..ငါကို အာ့လို အထင်သေး

သလို လာမကြည့်နဲ့ ငါမင်းအပြော

အဆို ခံဖို့ လူဖြစ်လာတာမဟုတ်ဘူး.."


"ခင်ဗျား..အာ့ဒါဆို အပြောလွှတ်အောင်နေလေ..."


"နေနေတာပဲ..မင်းပဲနေရာတကာ..

အပစ်မြင်နေတာ.ငါကဘယ်လို

နေရမှာလည်း...တော်ပြီး ငါပြင်ဦး

လွင် ပြန်တော့မယ်..မင်းနဲ့လည်း 

လက်မထပ်နိုင်ဘူး..."


တော်ဝင် ထိုတော့လည်း လှုပ်လှုပ်ရှားရှား

ဖြစ်သွားကာ..


"ခင်ဗျား တစ်စိတ်ရှိ ဒီပြင်ဦးလွင်

ပဲ ပြန်ချင်နေတညလား..ဘာလည်း

အားကိုးရမဲ့ လူရှိနေလို့လား..."


"တောက်..တော်ဝင် မင်းလွန်လွန်း

နေပြီနောိ..မင်းသိထားဖို့က ငါက

ဒီမှာ နေချင်လွန်းလို့ နေနေတယ် ထင်နေလား.."


"မထင်ပါဘူး..ခင်ဗျား.ဘာသာခင်ဗျား..

ဘယ်လိုပဲ နေနေ ဂရုမစိုက်ဘူး.."


"ဂရုမစိုက်လည်း..လာမပြောနဲ့... "


"ပြောမှာပဲ..ခင်ဗျားက ကျုပ်မိန်းမ..."


"တောက်..လူယုတ်မာ.."


"ဘာပြန်ပြောစမ်း..လူယုတ်မာ

ဟုတ်လား.."


ရှေး ဒေါသဖြစ်ကာ..ပြောလိုက်ပြီးမှ

သူအနားကို တဖြည်းဖြညိး ကပ်လာတာ

ကြောင့် လက်ရှိ အခြေအနေကို သတိရ

သွားကာ..လန့်သွားပြီ..


"မင်း..မင်း..ငါနဲ့ ဝေးဝေးနေနော်..

တော်ဝင်..."


"ဘာလည်း..အခုမှ ကြောက်မနေနဲ့..

လာခဲ့..ယုတ်မာတာ..ဘယ်လိုလည်း

ဆိုတာပြမယ်.."


"အို..အမေ့..တော်ဝင်...မင်း.

အွန်း..."


တော်ဝင် သူမကိုဆွဲကာ..အိပ်ယာ

ပေါ် ပစ်တင်လိုက်ပြီး သူမအပေါ်က

အုပ်မိုးကာ..မျက်နှာလေး တစ်ခုလုံး

ကို အနမ်းတွေနဲ့ သိမ်းပိုက်ပစ်လိုက်သည်။


ရှေး တဘက်စလေ ပြေသွားတော့

အထိန့်တလန့် သူ့ကို ကြည့်ကာ..

မျက်ဝန်းမှ မျက်ရည်လေးတွေ

ဝေ့လါပြီး..


"တော်ဝင်..မင်းဖယ်..ဟင်အင်း

မရဘူး...အာ့..."


တော်ဝင် နှုတ်ခမ်းလေးကိုအားရအောင်

နမ်းရှိုက်နေရာမှ သဘက်မရှိတော့တဲ့.ရင်ဘက်ဖွေးဖွေးလေးကို အကြည်အရောက်

စိတ်တွေမထိန်းနိုင်ကာ..တဖြည့်းဖြည်း

လည်းပင်လေးမှ ရင်ဘက်လေးဆီ ဆင်း

လာပြီး ဖိကိုက်ချလိုက်ကာ...လွတ်ထွက်ချင်နေသည့် စိတ်ရှိုင်းတွေကို ထိန်းချုပ်လိုက်ကာ

ထရပ်လိုက်ပြီး အခန်းအပြင်ကို ထွက်လာလိုက်သည်။


ရှေးမှာတော့ ပြေကျနေတဲ့ သဘက်လေး

ကို လက်ကလေးနဲ့ ဆုပ်ကိုင်ကာ..

မျက်ရည် လေးတွေကျလာကာ..ငိုနေမိတော့သည်။


"တောက်....!!!!"


တော်ဝင် အလုပ်အခန်းထဲ ဝင်လာပြီး

သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေမိသည်။


သူ့လုပ်ရက်ကြောင့် သူမဘယ်လောက်

လန့်သွားလိုက်မလည်း..တော်ဝင် စိတ်ရူပ်

သလို ခေါင်းမှ ဆံပင်များကို ဖွပစ်လိုက်ကာ..

ဆိုဖာပေါ် ထိုင်ပြီး သက်ပြင်းတွေချနေမိတော့သည်။


ခင်ဗျားကြောင့် ကျွန်တော်..ကြာရင်

မလွယ်တော့ဘူး ရှေး....


--------------------------------------^^^^🍊🍊🍊🍊🍊🍊🍊🍊


မနက်က ကိစ္စကြောင့် ရှေးဝမ်းနည်းကာ..

တစ်​နေ့လုံးငိုနေမိပြီး 


သူလည်း အခန်းထဲကို ပြန်မလာခဲ့။


"ဂြီ..ဒုန်း..."


တံခါးဖွင့်ပြီး ဝင်လာတဲ့ သူ့ကြောင့်

ရှေး အိပ်ယာပေါ်မှ ထထိုင်ပြီး သူ့ကို

ကြည့်တော့ သူမကို မကြည့်ဘဲ ရေချိုး

ခန်းထဲ ဝင်သွားတာကြောင့် ရှေး မျက်နှာ

လေးငယ်သွားကာ..


"နေပေါ့...သူလည်းမှား​သေး

သူကပဲ သူကပဲ စိတ်ဆိုးနေသေးတယ်..."


ရှေး စိတ်ထဲကနေ ပြောပြီး 

အိပ်ယာပေါ်က ထကာ...အိပ်ယာ

ခေါက်သိမ်းလိုက်ပြီး မျက်နှာအစ်နေတာ

ကြောင့် မျက်နှာသစ်ဖို့က...

သူရေးဝင်ချိုးနေတာကြောင့် အိပ်ထပ်က

အခန်းမှာ သွားသစ်ဖို့ ပြင်လိုက်သည်။


သွားခါနီး...တစ်ခုခုကို သတိရသွားကာ..

ပြန်လှည်လိုက်ပြီး...သူ့အတွက် အဝတ်ကို

ထုပ်ပေးလိုက်ကာ..ကုတင်ပေါ်တင်ပေး

လိုက်ပြီး..


"အလကာ..အကျင့်မကောင်းတဲ့သူကြီး..."


ရှေး ပြောကာ..အောက်ထပိကို ဆင်းလာ

လိုက်တော့သည်။


တော်ဝင်...သူမကို ခေါ်ရမှာ မျက်နှာပူ

နေတာကြောင့် ရေကို စိမ်ချ်ိုးပစ်လိုက်ပြီး

အခန်းပြင်ပြန်ထွက်လာတော့ သူမမရှိတော့

တာကြောင့် မျက်မှောင်ကုတ်သွားကာ..

ကုတင်ပေါ် ကြည့်လိုက်တော့..မြင်လိုက်ရ

တဲ့ အရာတွေကြောင့် သူ့မျက်နှာ ပြုံးသွားကာ..


"ခင်ဗျားလည်း ကျွန်တော်မရှိဘဲ

မနေနိုင်တော့ဘူးမဟုတ်လားရှေး..."


သူ ပြုံးကာပြောပြီး သူမ ထုတ်ပေးထါး

တဲ့ အင်္ကျီ ကို ယူဝတ်လိုက်ကာ..ပြင်ဆင်ပြီး

အောက်ထပ်ဆင်းလာခဲ့သည်။


ပြီးရင်  အ​ပြင်ကို သွားရမည်

မဟုတ်လား..


ဒေါ်နန်းတော်ဝင် မနက်ကတော့ ဒေါသ

တကြီး တက်သွားပြီး အခုတော့ ပြူံးရွှင်

စွာ ဆင်းလာတဲ့ သားကြောင့် မျက်ခုံးပင့်

တက်သွားကာ..


"သား..မာမီ.. ပြောစရာရှိတယ်..."


တော်ဝင် ရပ်လိုက်ပြီး..


"ပြောမေမေ.."


ဒေါ်နန်းတော်ဝင် ပြုံးလိုက်ကာ..


"မင်းမိန်းမအကြောင်းပြောမလို့..."


တော်ဝင် မျက်ခုံးပင့်တက်ပြီး

မာမိကိုကြည့်ကာ..


"ကျွန်တော့်မိန်းမက ဘာဖြစ်လို့လည်း.. "


"မနေ့က သမီးမြတ်လေးကို ပြောသွား

တာ ရစရာမရှိဘူးတဲ့ ပြီးတော့ သူက

ဒီအိမ်မှာ..အရေးပါတဲ့ သူ မင်းရဲ့

မိနိးမတဲ့...ပြီးတော့ သူ့မှာဘာလုပ်လုပ်

လုပ်ပိူင်ခွင့် အပြည့်အဝရှိတယ်ဆိုပြီး

အိမ်က အလုပ်သမားတွေရှေ့မှာ သမီးလေး

မြတ်ကို ပြောသွားလိုက်တာ ရစရာကို

မရှိဘူးသိလား.."


"အဟွန်း..."


ဒေါ်နနတော်ဝင် သူမအပြောကို 

သားက နားထောင်ပြီးရယ်လိုက်တော့..


"မင်းဘာရယ်တာလည်း..တော်ဝင်

ကြားကောင်းတယ်ထင်လို့လား..."


တော်ဝင်မာမီကို ကြည့်ကာ..ပြုံးလိုက်ပြီး..


"သူပြောတာ..မှားလို့လား..မာမီ.အမှနိ

တွေပဲလေ..သူက ဒီအိမ်ရဲ့ သခင်မဘဲ..

သူ့ကို လိုက်တုနေတဲ့ မြတ်သစ္စာက မှားတာလေ..အာ့တော့..ကျွန်တော်က ဘာပြော

ရမှာလည်း..."


"တော်ဝင်..မင်းဘယ်လိုပြောလိုက်တာ

လည်း...အခုအပြောခံနေရတာ..သမီးလေး

မြတ်နော်.."


"မာမီရာ..မဟုတိတာတွေကို ပုံကြီးချဲ့

မနေနဲ့...သွားပြီ ကျွန်တော်..."


"တော်ဝင် မင်းဘယ်သွားမလို့လည်း

မာမီပြောတာမပြီးသေးဘူးလေ..."


"ကျွန်တော့ မိန်းမဆီ သွားမလို့...''


ဆက်ရန်..

စာရေးသူ - လွမ်းခြင်း


rate now: