book

Index 11

အပိုင်း (11)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"မေမေ...ခြစ်.ခြစ်..ခစ်ခစ်...''


"အဟွန်း..မေမေလည်းချစ်ပါတယ်ကွယ်.."


ရှေး ချစ်စရာကောင်းပြီး အရမ်း

စကားတက်တဲ့ သမီးလေးကို အခန်း

ထဲ ခေါ်ပြီး သနပ်ခါးလိမ်ပေးနေပြီး

သမီး နှစ်ယောက်အတူ ရယ်မောနေမိသည်။


သူမ သမီးလေး ကို သေချာကြည့်ပြီး...


"သမီး...သမီးဘာလို့ ဟိုစိတ်ပုတ်

နဲ့ တူနေရတာလည်း..."


"ခစ်..ခစ်..."


"ဟယ်..ကြည့်စမ်း..မေမေ​ပြောတာကို

သမီးကနားလည်လို့လား...အဟွန်း.."


"မေမေ..ချိ..ချိ...''


ရှေးကို ချီခိုင်းနေတာကြောင့်

ရှေး သနပ်ခါးလေး လိမ်းပြီး

ချစ်စရာကောင်း တဲ့ သမီးလေး

ကို ချီလိုက်ကာ..ပြုံးလိုက်ပြီး.

မောင်လေးကို သတိရမိတော့

မျက်ရည်လေးတွေ ဝဲလာကာ..

မျက်တောင်ရှည်ကြီးတွေနဲ့

ပုတ်ထုပ်ကာ...


"သမီး..ပြီးရင် မန်မန်...စားမယ်နောိ..."


ဂျလောက်...


ထိုအချိန်ရေချိုးခန်းထဲက သူထွက်

လာပြီး...


"မိန်းမ မောင့်ကို အင်္ကျီရွေးပေးအုံး..."


"ဘာ..."


သမီးကို ချီထားရင်း သူ့ကို

အော်လိုက်တဲ့ သူမကြောင့်

တော်ဝင် မျက်ခုံးပင့်တက်ပြီး..

ပြန်ကြည့်ကာ..


"ဘာလို့ အော်နေတာလည်း..

မောင်ဘာလုပ်ရသေးလို့လည်း..."


"မင်း..ဦးနှောက်ရောကောင်းသေး

ရဲ့လား..."


"ကောင်းပါတယ်..ဘာလို့လည်း.."


မသိသလိုမေးနေတဲ့ သူ့ကြောင့်

သူမ သမီးကို ချီထားရင်းသူ့

ကို မျက်နှာလေးနီပြီးကြည့်ကာ..


"မင်း...မင်းပါစပ်စည်းမရှိ..

ကမ်းမရှိ ဘာမိန်းမလည်း..."


"ဟာ..မင်းက မောင့်မိန်းမလေ..

အာ့ဒါကြောင့် မိန်းမလို့ခေါ်တာ

ပေါ့.."


"အို..ဘာမောင်လည်း..ဘာမိန်းမလည်း

မခေါ်နဲ့ မင်းမရှက်ပင်မဲ့ ငါရှက်တယ်..''


"ဟာ..ဘာကို ရှက်စရာရှိလို့လည်း..

ခင်ဗျာ..နောက်ဆို သားသမီးတွေ

တောင် မွေးပေးရအုံးမှာ..."


"တော်ဝင်....!!!!"


"ဘာလည်းဗျာ.."


"မင်းပါးစပ်အရသာခံပြီး

လိုက်မပြောနေနဲ့နော်..."


"ဟ..အရသာခံချင်မှတော့..အခုလို

ပြောမနေဘူး.."


"အို..မင်း...သွား..သွား

အင်္ကျီ သွားဝတ်...အရှက်မရှိတဲ့လူ.."


သူမမျက်နှာရဲလေးနဲ့ သူကို အော်တော့

တော်ဝင် ပြုံးလိုက်ပြီး..


"ခင်ဗျာ..ထုတ်ပေးလေ..."


ရှေး သူ့ကို စကားဆက်ပြော

ချင်စီတ်မရှိတော့တာကြောင့်

သမီးကို အိပ်ယာပေါ်ခဏထား

ပြီး အင်္ကျီသွားထုတ်ပေးရန်

အဝတ်ဗီဒိုကြီးဆီကို သွားလိုက်ကာ..

သူ့အတွက် အင်္ကျီနဲ့ ပုဆိုးတစ်ထည်း

ထုပ်ပေးပြီး..


"ရော့..ဒီမှာ..."


"ဟ..ဘာလည်း ဝတ်ပေးလေဗျာ..."


ရှေး နှုတ်ခမ်းလေး ဖိကိုက်ကာ...

သူ့ပုံစံကို ကြည့်ပြီးမဲ့လိုက်ကာ..


"မင်းမှာ ခြေလက်မပါဘူးလား..."


"မင်းမှာ လက်တွေပါတပဲ ကိုယ့်

ဘာသာကိုယ်ဝတ်..."


သူမ မဲ့ကာမေးတော့...တော်ဝင်

ပြုံးလိုက်ကာ...


"မပါဘူး....ခင်ဗျာနဲ့တွေ့မှ တိုသွားတာ.."


ရှေး နှုတ်ခမ်းလေး ကိုက်ကာ

ကြည့်လိုက်ပြီး...


"မင်းကို ငါပြောမလို့..."


တော်ဝင် သူမထုပ်ပေးထါးတဲ့

အင်္ကျီကို ဝတ်အလိုက်ပြီး...

အိပ်ယာပေါ်က သမီးကို

ချီလိုက်ကာ...သူမကို

ပြောလေဆိုသည့်သဘောဖြင့်

မေးငေ့ပြတော့..ရှေး သူ့ကို

ကြည့်လိုက်ပြီး...


"ငါ...ငါ..ပြင်ဦးလွင်ပြန်တော့မယ်.."


"ဘာ..ဘာပြောတယ်..ပြောပြော..."


သူ သူမအနားလျှောက်လာပြီး

ပြောတော့..ရှေးလန့်ပြီး အနောက်

လေးကို ဆုပ်ကာ...မျက်နှာလေး

ပျက်နေပြီး...မျက်နှာလေးလွဲကာ..


"ငါ..ငါ..ဘာအလုပ်မှ မရှိဘဲ

မနေနိုင်ဘူး....ပြီးတော့..ငါအခုလို

မျိုးလည်း မနေတက်တော့ဘူး...

ငါ..ငါ...ပြန်ချင်တယ်.."


တေယ်ဝင် သမီးကို ချီထားပြီး

သူမကို နှုတ်ခမ်း ကိုက်ပြီးကြည့်

နေကာ...


"ခင်ဗျာ...ကျွန်တော်နဲ့ အခု

အတူနေနေတာကို ခင်ဗျား..

ကလေး ကစားစရာလို့ထင်နေတာ

လား..ခင်​ဗျားနဲ့ ကျွန်တော်..အတူတူ

အိပ်နေတာ..ဘယ်နှစ်ရက်ရှိသွားပြီလည်း

ပြီးတော့ ခင်ဗျား..နဲ့ ကျွန်တော် လက်ထပ်

ရမယ်ဆိုတာရော..ခင်ဗျား မေ့ထားတာလား..."


"အို..ငါမမေ့ပါဘူး...ပြီးတော့..

အခုငါက မင်းကို ဘာမှမသိပဲ

လက်ထပ်ရမှာလေ..ငါ့ဘက်ကို

လည်းစာနာပေးအုံး...ငါဘယ်လောက်

အထိ တုန်လှုပ်နေတယ်ဆိုတာရော..

မင်းသိလား..."


"ခင်ဗျားတုန်လှုပ်နေရအောင်....ကျွန်တောက

ဘာဖြစ်နေလို့လည်း.. ခင်ဗျားကို နှိပ်စက်

နေလို့လား...ခင်ဗျားသဘောမပါပဲ...

ကျွန်တော်ဘာတွေလုပ်နေလို့လည်း..ကျွန်တော်သာ..ခင်ဗျားကို မငဲ့ဘူး

ဆို..အခုလောက်ဆို..ခင်ဗျား...ဗိုက်နဲ့ မြင်

နေလောက်ရပြီ...''


"အို..မင်းဘာတွေပြောနေတာလည်း.. "


"ကျွန်တော်က ဖြစ်နိုငိတဲ့ သဘောတရား

ကို ပြောပြတာ.."


ရှက်လို့ မျက်နှာလေးရဲကာ

သူ့ကို ဘုကြည့်ကြည့်နေသော

သူမကို သူ ခပ်တည်တည်ပြန်ကြည့်

ကာ ပြောလိုက်တော့...


"မင်းက အရမ်းအသာယူပြောတက်တဲ့လူ.."


"အာ့ဒါခင်ဗျား..ဟုတ်လို့..."


ရှေး သူ့မျက်နှာကို အမြင်ကပ်စွာ

မကြည့်တော့ဘဲ တစ်ဖက်ကို

လွဲပစ်ကာ..


"ငါက..ဒါဆို..ဘာမှမလုပ်ရတော့

ဘူးလား..ဒီအတိုင်းပဲနေရမှာလား..

ငါဝါသနာပါလို့ အချိန်ကုန်လူပင်ပန်း

ခံပြီး ကြိုးစားလာတဲ့ ငါအလုပ်ကို

တော့ ငါပြန်လုပ်မှာ.."


"ခင်ဗျားကို...ဘယ်သူက မလုပ်နဲ့ပြောလို့

လည်း..ပြန်လုပ်ရမှာပါ..ဒါပင်မဲ့အခုမဟုတ်

ဘူး..လက်ထပ်ပြီးမှ..."


"အို..မရဘူး..ငါအခု ပြန်လုပ်ချင်တာ..

ပြီးတော​့..ဒီအိမ်မှာ..မင်းအမေက

ငါ့ကို ကြည်တာမဟုတိဘူး..အလကား

စားနေတာလို့လည်း အပြောမခံနိုင်ဘူး..ငါ

မင်းတို့လို ပိုကိဆံမရှိပင်မဲ့ ကောင်းကောင်း

မွန်မွန် စားလို့ရတဲ့ အထိ ငါနေနိုင်တယ်..."


တော်ဝင် ခေါင်းမာပြီး ကပ်သပ်ပြောနေသော

သူမကို အသည်းတွေယားကာကြည့်ပြီး...


"ခင်ဗျား..ဘယ်သူကပြောနေလို့လည်း

ခင်ဗျားအခုစားနေတာတွေက ခင်ဗျား

ယောကျာ်းရဲ့ လုပ်စာတွေ.. ခင်ဗျားတော်ရမဲ့

ယောက္ခမရဲ့ ပိုကိဆံမပါဘူး..စိတ်သန့်သန့်

နဲ့စား...အပိုတွေ မပြောနဲ့ ဗျာ...သွားရေသွား

ချိုး ပြီးရင် ထမင်းစားမယ်..ကျွန်တော်သမီး

ကို သွားပို့လိုက်အုံးမယ်.."


"မင်း..."


ရှေး သူမစကားကို ဆုံးအောင်နာမထောင်

ပဲ ထွကိသွားတဲ့ သူ့ကို အသည်းတွေယား

လာကာ..နှုတ်ခမ်းလေးကိုသာ ပြတ်လုမထွက် ဖိကိုက်ထားကာ...ဒေါသတွေ ဖြေလျော်နေမိတော့သည်။


-----------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"မမ နန်းက အရင်တုန်ကထက်တောင်

နုပျိုနေသေးတယ်နော်..."


"အဟင်း..မာလာကတော့..နောက်ပြီး..."


"သားတော်ဝင်...လက်ထပ်တော့

မယ်ဆို...ဘယ်သူနဲ့လည်းမမနန်း.."


"အဟင်..အသိမိတ်ဆွေ သမီးနဲ့လေ..

အခုတောင် သမီးမြတ်က ဒီမှာလာ

နေနေပြီလေ...''


"ဟုတ်လား..မမနန်းတို့တော့..

နောက်ပိုင်းဆို မြေးတွေတောင် 

ရတော့မှာကို...."


"အဟွန်း..ဟုတ်တယ်မာလာရေ

မမလည်း သားရဲ့ ကလေးကို 

ချီချင်နေပြီလေ...''


"ဒါနဲ့ သားတော်ဝင်နဲ့ ....အန်တီရော.."


"မေမေက..အခု..သူ့အခန်းထဲမှာ..

ရေချိုးနေတယ်ထင်တယ်..သားကတော့.."


ထိုအချိန် တော်ဝင် သမီးကို ကလေးထိန်း

တွေဆီ ပေးဖို့လာနေချိန်...ဒေါ်နန်းတော်ဝင်

ပြုံးလိုက်ကာ...


"သား..လာအုံး..ဒီမှာ မင်းအန်တီမာလာ

တို့ကို လာနှုတ်ဆက်လိုက်အုံး.."


တော်ဝင် အန်တီမာလာနဲ့ မင်းမျိုးမာန်

ကို တွေ့တာကြောင့် သမီးကို ချီပြီး

ပြုံးပြကာ...


"အန်တီတို့ မတွေ့တာတောင်

ကြာပါရောလား.."


"ဟုတ်တယ်..သားရယ်...သား

သတင်းတွေကြားတယ်နော်..

မင်္ဂလာဆောင်တော့မှာရော...

စီးပွားရေးတွေ ထပ်ပြီးအောင်မြင်

နေတာရော...မမနန်းတို့က အရမ်း

တော်တဲ့သားကို ရထားတော့..

အရမ်းကံကောင်းတာပဲ...ဒါနဲ့..

ဒီကလေးက..."


ဒေါ်မာလာ..တောင်ဝင်နဲ့ အရမ်းတူ

နေတဲ့ ကလေးလေးကို ကြည့်ကာ..

တအံ့တသြေမေးတော့..တော်ဝင်

ပြုံးပြကာ..


"ကျွန်တော့်သမီးပါ...."


"ဟင်...သားက သမီးတောင် ရနေပြီလား..."


"အဟင်း..သားကတော့..နောက်ပြီး..

မဟုတ်ဘူးမာလာရေ..ဒါ နန်း

သမီးကြီးရဲ့ သမီးလေး..."


ဒေါ်နန်း တော်ဝင်ပြောလိုက်မှ

အံသြနေသော ဒေါ်မာလာပြူံးလိုက်ကာ..


"အမလေး..သားတော်ဝင်တို့ကတော့

အတည်ပေါက်ကြီးနဲ့ အရမ်းနောက်တာ

ပဲ..အဟွန်း..."


တော်ဝက်ဘာမှ ပြန်မပြောဘဲ

ပြုံးကာ..ပြူးပြူးလေးကြည့်နေသော

သမီးလေးကို နမ်းကာ..ပြုံးနေလိုက်သည်။


ဒါကို ဒေါ်မာလာကြည့်ပြီး..


"သားတော်ဝင်က..ကလေး..အရမ်း

ချစ်မဲ့ပုံပဲ..အခုအတိုင်းဆို မမနန်းရေ..

မြေးချီဖို့သာ ပြင်ထား.."


"အဟွန်း..တို့ကိုပဲ ပြောမနေပါနဲ့..

မာလာကရော..သားကို မိန်းမ

မပေး စားဘူးလား.."


အာ့တော့မှ တောဝင်ပါ

ဘေးမှာထိုင်နေသော ဖြူဖြူသွယ်သွယ်

အရပ်ရှည်ရှည် ခပ်ချောချောကောင်လေး

ကို ကြည့်မိသည်။


သူကြည့်လိုက်တော့ ထိုကောင်လေးက

သူ့ကို ပြုံးပြ တော့ သူပြုံးပြလိုက်ပြီး 

သမီးဆီကို ပြန်အာရုံစိုက်ပြီး သမီးကို

ပြုံးကြည်နေလိုက်သည်။


"ဟုတ်တယ်မမရေ..မာလာလည်း

ယူပါလို့ပြောတာကို အခုထိ ဂျီးများ

နေတယ်လေ..."


"အချိန်အခါသင့်တုန်း.. ပေးစါး

မာလာရေ..မဟုတ်ရင်..ဒီခေတ်မိန်းက

လေးတွေက လွယ်တာမဟုတ်ဘူး.."


"ဟုတ်တယ်မမရေ..ဟင်..."


ဒေါ်မာလာ စကားရပ်သွားတာကြောင့်

​ဒေါ်နန်းတော်ဝင်ပါ သူမကြည့်တဲ့ ဘက်ကို

ကြည့်လိုက်ပြီး မျက်နှာ ပျက်နေတော့သည်။


တော်ဝင်အကုန်လုံးတိတ်သွားတာကြောင့်

သမီးကို မြူနေရာမှ မော့ကြည့်လိုက်တော့

သူ့အနောက်ဘက်ကိူ ကြည့်နေတာ​ကြောင့်

ကြည့်လိုက်တော့..သူမလေးက ရေချိုးပြီး

လို့ သနပ်ခါလေး လိမ်းထားကာ..သူမဝတ်နေ

ကျအတိုင်း ခေါင်ဝန်အရှည်လေးကို ဝတ်ထား

ပြီး လှပနေပုံက အရမ်းကို မျက်လုံးမခွာချင်စရာ ဖြစ်လောက်ပါပေသည်။


တော်ဝင် မျက်မှောင်ကြီး ကုတိကာ..

အရှေ့ကို ပြန်ကြည့်တော့..ဟိုသကောင့်

သားက ကြည့်နေလိုက်တာ..မျက်တောင်ပင်မခက်...တော်ဝင် လျှာကို ပစောင်ထဲ ထိုးလိုက်ပြီး...သူ့မကို အသည်းတွေယားနေမိသည်။


ဘာလို့ ဒီလောက်လှနေတာလည်းမသိ။

သူမျက်မှောင်ကြီးကုတ်တာ..မျက်နှာကို

ပြင်ပြီး ပြုံးလိုက်ကာ..


"မိန်းမ..လာလေ..ဒီမှာ အသိတွေနဲ့

မိတ်ဆက်ပေးရအောင်.."


"ဟငိ..."


ရှေး သူ့အခေါ်အဝေါကြောင့်ရော..

အကုန်လုံးကပါရှေးကို ကြည့်နေပြီး

နောက်တော့ သူ့အမေက ရှေးကို

အလိုမကျစွာကြည့်နေတော​့ ရှေး

ခြေလှမ်းလေးတန့်သွားပြီး သူပြုံးကာ

ခေါ်နေတာကြောင့် ရှေး မသွားချင်

စွာနဲ့ လှမ်းသွားလိုက်သည်။


မိရှေး နင် အရှေ့မကြည့် အနောက်မကြည့်

လာအုံး...


သူမစိတ်ထဲကနေပြောကာ.သူ့အနား

ကိုရောက်တော့ သူ သူမကို ကြင်နာ

စွာကြည့်ပြီး လက်ကလေးကို ဆွဲကာ..

သူ့အနား ထိုင်စေလိုက်ပြီး...


"အန်တီမာလာ..ဒါကျွန်တော့်မိန်းမ...

ရှေးဆန်သူတဲ့..."


ဒေါ်မာလာ အရမ်းလှပြီး ကျက်သရေ

ရှိတဲ့ သူမလေးကို မင်သက်စွာကြည့်ပြီး

သားတော်ဝင် မိတ်ဆက်ပေးမှာ အသိပြန်

ဝင်ကာ..


"အန်တီက..ဒေါ်မာလာပါ..ဒါက

အန်တီသား..မင်မျိုးမာန်တဲ့..

သမီးလေးက လှပြီး ကျက်သရေ

ရှိလိုက်တာကွယိ...ပြီးတော့

သမီးလေးကို အန်တီတစ်ခါမှ

မမြင်ဖူးဘူးနော်.."


ရှေး အရှေ့မှ အန်တီကို ပြုံးပြပြီ ရှေးကို မျက်တောင်မခက်ကြည့်နေတဲ့ ကောင်

လေးကို မျက်နှာပြီး တစ်ဖက်လွဲ နေလိုက်သည်။


တော်ဝင် မင်းမျိုးမာန်ကို မျက်မှောင်

ကုတ်စွာကြည့်ပြီး သူမပုခုံးလေးကို

ဖက်ထားကာ...ထိုကောင်လေးကို 

တင်းတင်းပြန်ကြည့်ကာ...မကြိုက်

ကြောင်း ပြလိုက်တော့..ထိုကောင်လေး

မှာ မျက်နှာလေး ငုံ့သွားပြီး ခေါင်းလေး

ငုံ့သွားရှာသည်။


"အဟွန်း..မြင်ဖူးမလား အန်တီရဲ့..

ကျွန်တော့်...မိန်းမက ဒီရောက်တာ

မကြာသေးဘူး..သူကအရင်က

ပြင်ဦးလွင်မှာနေတာလေ..."


"ဟယ်..ဟုတ်လား...ပြင်ဦးလွင် သူလေး

တွေ ချောချက်က သမီးလေးကို မြင်မှ

အန်တီ ယုံတော့တယ်ကွယ်..."


ရှေးထိုအန်တီကို ပြုံးယုံသာ

ပြုံးပြလိုက်သည်။


ဒေါ်နန်းတော်ဝင် တစ်ယောက် သူမိတ်ဆက်

ပေးမဲ့ မြတ်မပေါ်လာဘဲ ထိုမိန်းကလေး

ရောက်လာတာကြောင့် မျက်နှာမှာ ပျက်နေကာ..လက်သီးလေးကို ခပ်တင်းတင်း

ဆုပ်လိုက်ကာ..ပျက်နေသော မျက်နှာကို

မနည်းပြုံးကာ..


"မာလာရေ..မမနောက်တစ်ယောက်နဲ့

မိတ်ဆက်ပေးအုံးမယ်..သမီးမြတ်က

ခဏနေဆင်းလာလိမ့်မယ်..''


"ဟင်..ဘယ်သူနဲ့လည်းမမရဲ့..."


"ခဏနေ သိလိမ့်မယ်..အဟင်း.."


တော်ဝင် မေမေစကားကြောင့် 

မြတ်သစ္စာရောက်လာမှာ သိတာ

ကြောင့်ရော..အရှေ့က သူ့မိန်းမကို

ခိုးခိုးကြည့်နေတဲ့ သူကောင့်သား

ကြောင့်ရော..ထိုင်နေလို့မရတော့

တာကြောင့် သူ သမီးကို ချီပြီး ထလိုက်ကာ..

သူမလက်ကလေးကို ဆွဲကိုင်လိုက်ပြီး..


"မိန်းမလာ..မောင့်ကို မိန်းမပြောစရာ

ရှိလို့ဆို..အခုမှသတိရတယ်.. အဟက်.."


သူပြောပြီး 


"အန်တီမာလာ..ခွင့်ပြုအုံး​နော်..

ကျွန်တော်တို့..လုပ်စရာရှိသေးလို့...''


"ကောင်းပါပြီး သားတော်ဝင်.."


ရှေး မှာတော့ သူပြောတာကို နားမလည်

စွာ ယောင်တောင်တောင်လေးနဲ့

သူဆွဲခေါ်ရာကို လိုက်ပါလာခဲ့တော့သည်။


-------------------------------------^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


မြတ်တစ်ယောက် အန်တီခေါ်ထားတာ

ကြောင့် လှလှပပလေးပြင်ကာ.အောက်ထပ်ကိုဆင်းလာတော့...မျက်နှာမှာ ဒေါသကြောင့်

နီရဲတင်းမာပြီ...ဘေးမှာ မျက်နှာငယ်လေးနဲ့

သူ့ကို ကျော်တက်သွားတဲ့ ကိုကိုတို့ကို

ကြည့်ကာ..မဲ့ပြုံးပြုံးလိုက်မိသည်။


"အဟွန်း..သနားစရာကောင်းလိုက်တာ..

ရှေးဆန်သူတစ်ယောက်တော့..ကိုကို

ဒေါသကြောင့် ပြန်ပြေးတော့မှာပဲ 

အဟွန်း.."


သူမ ဝမ်းသာစွာ ခပ်တိုးတိုးပြောပြီး

ပေါ့ပါးသော ခြေလှမ်းတွေနဲ့ အောက်

ထပ်ကို ဆင်းလာပြီး အန်တီ ထိုင်နေတဲ့

အနားသွားလိုက်ကာ..လေသံကို

အချိုသာဆုံးပြင်ပြီး မျက်နှာလေးကို

ပြုံးထားကာ...


"အန်တီး မြတ်ကို ခေါ်တယ်ဆို..."


ဒေါ်နန်းတော်ဝင် စကားပြောနေရင်း

သမီးမြတ်လေး အသံချိုချိူလေးကြောင့်

ပြုံးကာ ..လှည့်ကြည့်ပြီး...


"လာသမီးထိုင်..မာလာ..ဒါတို့ချွေးမ..

မြတ်သစ္စာ တဲ့.."


"ဟင်..စောစောက..."


ဒေါ်မာလာ အံသြကာမေးတော​့

ဒေါ်နန်းတော်ဝင် ပြုံးလိုက်ကာ..


"မဟုတ်ဘူးမာလာ..အာ့မိန်းကလေးနဲ့

နန်းရဲ့သားကို လုံးဝသဘောမတူဘူး

ပြီးတော့..မြတ်ရဲ့ ချွေးမလေးက ဒီက

အရမ်းတော်ပြီး မျိုးရိုးမြင့်မြတိကာ

စိတ်ထားဖြူစင်ပြီး မမကို လေးစားရိုသေ

တဲ့ သမီးမြတ်ပဲ... "


"ဟင်..ဟိုမိန်းကလေးက...သား"


"သြော်မာလာရယ်..ရူပ်ကလေးနဲ့ မမရဲ့

သားကို သိမ်းသွင်းထားတာလေ..မမကို

တောင် ရိုင်းစိုင်းစွာပြန်ပြောတာ..ပြီးတော့

မမသမီးကြီးရဲ့ ယောင်းမလေ.."


"ဟယ်..ဟုတ်လား..မထင်ရဘူးနော်.."


"ဟုတ်တယ်မာလာရေ..အာ့ဒါသာကြည့်

ရုပ်ကိုကြည့်ပြီး လူတစ်ယောက်ကို

မဆုံးဖြတ်ရဘူးဆိူတာ..မာလာသိပြီ

မဟုတ်လား...အခုလည်း သားရိုးသွား

ရင် ကန်ထုပ်ပစ်လိုက်လိမ့်မယ်..မကြာ

ခင်ကျင်းပမဲ့ ဒီက သမီးလေးနဲ့ သား

မင်္ဂလာပွဲကို တော့လာရမယ်နော်..."


"လာမှာ..လာမှာ စိတ်ချ..မမနန်းရေ..."


မြတ်တစ်ယောက် ထို အန်တီဘေးမှာ

ထိုင်နေသေ ကောင်လေး  ကိုကိုတို့

တက်သွားတဲ့ အပေါ်ထပ်ကိုပဲ ကြည့်နေတာ

ကြောင့် ပြုံးလိုက်ကာ...မဲ့လိုက်မိသည်။


စိတ်တော်မကောင်းဘူး..ရှေးဆန်သူ

ရှင့်ဆီ မကြာခင် လက်ဆောင်တွေ

ရောက်လာတော့မယ်...


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: