"အဘွား...ကျွန်တော့်တို့ကို ခေါ်တယ်ဆို...''
တော်ဝင်နဲ့ ရှေး.. အဘွားအခန်းထဲ ဝင်လာပြီး
မေးတော့..ဒေါ်နန်းမဟာ..ခေါင်းငြိမ့်ပြကာ...
"ဟုတ်တယ်..မြေးတို့ထိုင်..."
တော်ဝင်နဲ့ ရှေး အဘွားအရှေ့ ဆိုဖာ
ပေါ်တွင် ဝင်ထိုင်လိုက်တော့..အဘွား
ကို သူတို့နှစ်ယောက်ကို သေချာကြည့်ကာ..
"အဘွားခေါ်တာက အခြားအကြောင်း
မဟုတ်ပါဘူး...မြေးတို့ရဲ့..မင်္ဂလာကိစ္စ
အကြောင်းကိုပြောမလို့...''
"ရှင်..."
ရှေးမျက်ဝန်းလေးတွေ ပြူးကျယ်
သွားသလောက် သူကတော့အေး
ဆေးပင်။
ရှေးသူ့လို လူ့ဂွစာကို တကယ်
လက်ထပ်ရတော့မှာလား...
"အဘွား..မေးချင်တာက..သမီးကို...''
"ရှေးကို ဟုတ်လား..အဘွား..
ဟုတ်ကဲ့မေးပါ..."
"သမီးမှာက..အုပ်ထိန်းသူ ရှိသေးလား..."
ရှေးခေါင်းလေးငြိမ့်ပြကာ..
"ဟုတိကဲ့..အဘွား..အဒေါ်တစ်
ယောက်ရှိပါတယ်.."
"ဟုတ်လား...အာ့ဒါဆို သမီးအဒေါ်ကို
အကြောင်းကြားရမယ်လေ...သမီးဘက်
က အုပ်ထိန်းသူ ရှိတော့..ပိုကောင်းတာ
ပေါ့."
"ဟုတ်ကဲ့..."
"ဒါနဲ့ သမီးပုံကို ကြည့်ရတာ...
ပညာတော့တက်မဲ့ပုံပဲ..."
အဘွားမေးတော့ သူက ရှေးကို
ဖြေလိုက်လေဆိုးသည့် သဘောဖြင့်
မျက်ခုံးပင့်ပြတော့..ရှေး စောင်းလေး
ထိုးပြီး အဘွားဘက်ကို ပြန်လှည့်ကာ...
"ဟုတ်ကဲ့..အဘွား..ရှေးက နှလုံး
အထူးကု ဆရာဝန်ပါ..."
ရှေးဖြေလိုက်တော့..အဘွားမျက်နှာ
ကြီး ပြုံးရွှင်သွားကာ..
"အဘွား..ထင်တော့ထင်သားပဲ..
ဒါပင်မဲ့ ဆရာဝန်လို့တော့မထင်ထားဘူး
မြေးကတော်လိုက်တာ...ငါ့မြေးနှစ်
ယောက်လုံးကတော်နေတော့..မွေး
လာမဲ့ နောက်မြစ်လေးတွေက ညာဏ်
အရမ်းကောင်းကြမှာ..."
အဘွားပြောတော့..ရှေး မျက်နှာလေး
မှာ ရဲသွားကာ..ဘေးကို သူ့ကိုတောင်
မကြည့်ရဲတော့..သေချာတယ် အခု
လောက်ဆို လူယုတ်မာပြုံး ပြုံးနေပြီ
ဆိုတာပင်။
"ကဲ...မြေးတို့သဘောကရော..
ဘယ်လိုလုပ်ချင်လည်း..."
တော်ဝင် သူမကို တစ်ချက်ကြည့်ကာ..
"ကျွန်တောက.. သူ့သဘောပါပဲ..."
ရှေးကို ကြည့်ပြီး ပြောနေတာ
ကြောင့် ရှေးသူ့ကိုကြည့်ပြီး...
အဘွားကို ပြန်ကြည့်ကာ...
"ရှေးကတော့...ကြီးကြီး
ကျယ်..ကျယ်..ကြီးတွေ
မလုပ်ချင်ပါဘူး..အဘွာ..."
"အို..မြေးကလည်း..မင်းတော်ဝင်
အမွေ ဆက်ခံသူရဲ့..မင်္ဂလာ
ပွဲကို ခန်းခန်းနားနားတော့..
ကျင်းပသင့်တာပေါ့..."
ရှေး အဘွားအပြောကြောင့်
အကြပ်ရိုက်သွားကာ..
"ဟိုလေ..အာ့ဒါဆိုရင်တော့
ဆွမ်းကပ်ပြီးတော့...ကုန်ကျ
စရိတ်တွေကို မီးဘမဲ့ ဂေဟါနဲ့
အဘိုးအဘွားဂေဟါကို လှူပေး
ပါလားရှင့်..."
တော်ဝင် သူမရဲ့ ရိုးသားပြီး
စိတ်ထားဖြူစင်မှုလေးကြောင့်
ပြုံးလိုက်ကာ...ခေါင်းငြိမ့်ပြလိုက်ပြီး..
"အဘွား....မရှေး..သဘောအတိုင်း
လုပ်ပေးလိုကိပါ..."
သူ့အပြောကြောင့် အဘွား
ခေါင်းငြိမ့်ပြကာ...
"အာ့ဒါဆိုရင်တော့..night party
လေးတော့..လုပ်မှ ရမယ်မြေးတော့..ဒါမှ
သမီးလေးကိုလည်း လူသိကုန်မှာလေ..."
ရှေးလည်း ထပ်ပြီး မငြင်းချင်တော့
တာကြောင့် ခေါင်းအသာငြိမ့်ပြလိုက်တော့သည်။
ဒေါ်နန်းမဟာ..ထိုအစီစဥ်လေးကို
လက်ခံတဲ့ မြေးနှစ်ယောကိကိုကြည့့်
ကာပြုံးနေမိတော့သည်။
တော်ဝင်..အဘွားကို ပြန်ကြည့်ကာ...
"အဘွား..အာ့ဒါဆို..ကျွန်တော်တို့
သွားနားတော့မယ်..ထမင်းစားမှပဲ
ပြန်ဆင်းလာခဲ့တော့မယ်.."
"ကောင်းပြီးမြေး.."
တော်ဝင်..ရှေးလက်ကလေးကို
ဆွဲကာ..အခန်းအပြင်ဘက်ကို
ထွက်လာတော့..သူမလက်ကလေး
ရုန်းလိုက်တာကြောင့် သူ ပြန်ကြကာ..
"ဘာဖြစ်လို့လည်း.. အခန်းထဲသွား
မယ်လေ..."
"တို့..သမီးဆီသွားလိုက်အုံးမယ်.."
တော်ဝင် မျက်မှောင်ကြီး
ကုတ်ကာကြည့်ပြီး...
လျှာကို ပစောင်ထိုးလိုက်ကာ...
"သမီး ဆီ ဘာသွားလုပ်မှာလည်း
ဟိုမှာ အထိန်းတွေနဲ့ ဆော့နေတာ.
ခင်ဗျာ..တာဝန်က ကျွန်တော့်အနား
မှာ နေဖို့ပဲ..လာဗျာ..ရေသွားချိုးမယ်..''
"ဘာ..အို..မင်းဘယ်လိုလုပ်တာ
လည်း..ငါ့ကိုလွတ်နော်..."
ပြောလည်းပြော သူမကိုယ်လေးကို
ကောက်ပွေ့ကာ..အပေါ်ထပ်ကို ချီခေါ်
လာတော့...ရှေး မျက်မျက်လုံးပြူး
မျက်ဆံပြူးလေးနဲ့ ပါလာခဲ့သည်။
တော်ဝင်..အခန်းထဲရောက်တော့
သူမကို ကုတင်ပါ်ချပေးလိုက်ပြီး
သူမအပေါ် အုပ်မိုးကာ...
"ဒေါ်ရှေး...ခင်ဗျား..ကျွန်တော့်ကို
ချစ်လား..."
ရှေး သူ့ရင်ခွင့်အောက်ကနေ..
မျက်စောင်းလေးထိုးကာ...
"မချစ်ဘူး.."
"အဟက်..ကျွန်တော်လည်း..ခင်ဗျားကို
မချစ်ပါဘူး.."
"အာ့ဒါဆို..ဖယ်..."
"ချစ်တယ်လို့ပြောရင်..ဒီအတိုင်း
နေလို့ရတယ်ပေါ့...''
ရှေး မျက်နှာလေးတွေရဲလာကာ...
"မင်း..မင်း..ငါ့ကို စော်ကား
လွနိးတယ်...အထင်သေးတယ်...
ဖယ်.."
သူမ မျက်နှာလေးမဲ့ကာ..ပြောနေတာကို
သူ သေချာကြည့်ပြီး...
"ခင်ဗျာကို စော်ကားတယ်လို့
ပြောရအောင်..ကျွန်တော်ဘာ
မှမလုပ်ရသေးဘူးနော်..ကျွန်တော်
စိတ်ပါအောင်း စကားတွေလာစမနေနဲ့..."
"ဘာ..."
ရှေးသူ့စကားကြီးကြောင့်
စကားတွေ အရှေမြဆက်နိုင်ဘဲ..
သူ့ကို နှုတ်ခမ်းလေးကိုက်ကာ...
ကြည့်နေတော့ သူ ပြုံးပြီး သူမဘေး
ကို လှဲ အိပ်လိုက်ကာ..သူမခါးလေး
ကို တင်းကြပ်အောင် ဖက်ထားပြီး...
နှုတ်ခမ်းတွေက ပြုံးသွားကာ..
ခင်ဗျား..အရမ်းပြုစားလွန်းတယ်ရှေး....
ရှေး တင်းကြပ်စွာ ဖက်ထားတဲ့
သူ့ကြောင့် အသက်မရူရဲစွာ
တောင့်တောင့်လေးနေပြီး...
"တော်..တောင်ဝင်..ငါ.ငါရေချိုး
မလို့.."
သူမပြောသော်လည်း ဘာမှပြန်မပြောဘဲ
သူမခါးလေးကို တင်းတင်းဖကအထားကာ
မျက်လုံးတွေမှိတ်ထားတာကြောင့် ရှေး နှုတ်
ခမ်းလေဖိကိုက်ထားပြီး စိတ်ထဲကနေ
ကျိန်ဆဲနေလိုက်သည်။
"အကျင့်မကောင်းတဲ့လူ.."
----------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓
"ဘာ..မေမေ...နန်းလက်မခံနိုင်ဘူးး
နော်..ဘယ်ကမှန်းမသိတဲ့ မိန်းကလေး
ကို နန်းတို့က စံအိမ်ကြီးရဲ့ ဘက်ခံရမှာလား..."
"ညည်းလက်မခံလို့လည်း ရမလား
ဟိုက လက်မှတ်တောင်ထိုးပြီးလို
ကလေးတောင်ရတော့မယ်..မပြော
လိုက်ချင်ဘူး..."
ဒေါ်နန်းမဟာ..သမီးဖြစ်သူကို မျက်စောင်း
ထိုးကာပြောတော့..နန်း..မေမေကို ကြည့်ကာ...
"အာ့တော့လည်း..ဘာဖြစ်လည်းမေမေ..
ငွေပေးပြီး ပြန်ခိုင်းလိုက်ပေါ့..."
"အို..ညည်းဘယ်လိုပြောလိုက်တာလည်း
ညည်းသမီးမိန်းကလေး မရှိတော့ပင်မဲ့လည်း
သားသမီးချင်းစာနာပြောအေ..ညည်းမှာ
မြေးမိန်းကလေးလည်းရှိသေးတယ်..."
"သွားစမ်းပါမေမေ..အာ့မြေးဆိုတာ
ကိူလည်း..အာ့မျိုးရိုးကြောင့်
ချစ်ကြည့်လို့ကိုမရတာ..."
"အေး..ညည်းကဘယ်ချစ်မလည်း
စရောက်ထည်းက ညည်းမြစ်လေး
မျက်နှာရော သေချာကြည့်မိလိူ့လား..."
"မသိဘူးမေမေ..နန်းသဘောမတူဘူး
နော်..နန်းရဲ့ချွေးမက သမီးမြတ်တစ်ယောက်
ပဲ ဖြစ်ရမယ်..နန်းကို ပြန်ပြောတက်တဲ့
အာ့မိန်းကလေးတော့မဖြစ်ဘူး..."
"ညည်း အာ့လိုမျိုး စကားမပြောနဲ့အေ..
ဟိုဘက်ကလည်း ပါမတက်တဲ်သူမဟုတ်ဘူးပြီးတော့..မြေးကလည်း သည်းသည်းလှုပ်ချစ်တာ... "
"အစမို့လို့နေမှာပေါ့မေမေ...."
"ညည်းဘာမှ လာမပြောနဲ့ မိနန်း..
ငါအကုန်စီစဥ်ပြီးပြီး..ညည်း
ကြားထဲကနေ မဟုတ်တာလုပ်
လို့ကတော့..ငါ့အကြောင်း ညည်း
သိသွားမယ်.."
"မေမေကလည်း...မေမေပဲ
အရင်က နန်းတို့မျိုးရိုးက
ကြီးကျယ်မြင့်မြတ်ရမယ်ဆို..
အခုတော့ မေမေ့ကို ဟိုကဘယ်
လိုမာယာနဲ့ ကပ်ထားလို့
မေမေက သဘောတူနေရတာလည်း..."
နားလည်မှုလွဲနေသော သမီးဖြစ်သူကို
ဒေါ်နန်းမဟာ ကြည့်ကာ...
"ငါကို..ဟိုက ဘာမာယာနဲ့မှာ
မကပ်ဘူး...ညည်းသားအမြင်မှနိမရတာ..
ငါ..ငါ့မြေးမလေး ဆုံးသွားပြီးထည်းက
ငါ...နောင်တတရားတွေ ရနေပြီးသား...
ညည်းတာ..အခုထိ မရသေးတာ...
အခုက မြေးတော်ဝင်ကလည်း သမီး
ရှေးလေးကို ချစ်တယ်..အာ့ဒါကို ညည်းက
ဘာတွေ အယူသီးနေတာလည်း..''
"သီးရမယ်မေမေ..နန်းမှာက ဒီသားလေး
ပဲ ရှိတာ...နန်းကြိုက်တဲ့လူနဲ့ နန်းပေးစါး
မှာ.."
"ညည်းအာ့ဒိလို လုပ်ရအောင် ညည်းသား
ကို ညည်းနိုင်လို့လား..ဟိုကရော...
ညည်းစကားကို ဘယ်တောကများ
နားထောင်လို့လည်းအေ..."
"မသိဘူးမေမေ..နန်းကတော့
သမီးမြတ်နဲ့ပဲ ရအောင်ပေး
စားမှာ..''
"ပြောမရလည်းညည်းသဘောပဲ
အေ..ငါကတော့..သမီးရှေးလေး
နဲ့ မင်္ဂလာပွဲကို ရအောင်လုပ်မှာ."
ဒေါ်နန်းမဟာ...ဒေါသထွက်ပြီး
ဧည့်ခန်းထဲက ထွက်သွားတော့..
ဒေါ်နန်းတော်ဝင် လက်သီလေးဆုပ်ကာ
ကျန်ခဲ့ပြီး...မျက်နှာမှာ ဝတ်ထားသော
စိန်များကဲ့သို့ တင်းမာနေပြီး..မဲ့လိုက်ကာ...
"မရဘူး..မေမေ..နန်းကတော့
ရအောင်းတားအုံးမှာ....''
-----------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓
Ring...Ring... Ring.....
မြတ်ရေချိုး ခေါင်းလျှော်ပြီး ထွက်လာ
တော့ ဖုန်းလာတာကြောင့် ခေါင်းကို
သပတ်နဲ့သုတ်နေရင်း ကြည့်လိုက်တော့
နာပါတ်အစိမ်း ဖြစ်နေတာကြောင့် ကိုင်
လိုက်ကာ...
"Hello...."
"အဟက်..အသဲလေး.. ''
မြတ် တစ်ဖက်က လူရဲ့ အသံကြောင့်
ထိန့်လန့်အံသြသွားကာ..ဒေါသထွက်
သွားပြီး...
"နင်..နငိ..ငါ့ကို ဘာကိစ္စဆက်တာလည်း
ဇာနည်စွမ်း...."
"အဟက်..အချစ်ကလေးကို
ကိုယ့်အသံကြားတာနဲ့ မှတ်မိနေတာပဲ.."
"နင်အပိုတွေလာမပြောနဲ့
နင်နဲ့ငါရဲ့ ကိစ္စက ပြီးသွားပြီး
အာ့ဒါကြောင့် နင့်ငါ့ကို အာရုံ
လာမစားနဲ့..."
"အဟွန်း...နင့်ဘက်ကပြီး
ပင်မဲ့ ငါ့ဘက်က မပြီးသေးဘူး
မြတ်..နင်သေချာဂရုစိုက်နေပေါ့..."
မြတ်နှုတ်ခမ်းလေး ဖိကိုက်
လိုက်ကာ..
"နင့်ငါ့ကို လညခြမ်းခြောက်
နေတာလား အာ့ဒါဆိုရင်တော့
Sorry ပဲ မြတိဆိုတဲ့ မိန်းမက
အာ့လိုမျိုးတွေ မကြောက်တက်ဘူး..."
"အဟွန်း..ဟုတ်လား..ငါမှတ်မိသေး
တယ်သိလား..နင်နဲ့ငါ..ခရီးသွားထား
တဲ့ ပုံတွေ နင်စေ့စပ်မဲ့ နင့်ရဲ့ သတိုး
သားကြီးဆီကို ပို့ရကောင်းမလားလို့...
အဟက်..လက်ဆောင်ပေါ့..."
"တောက်..နင်ယုတ်မာလိုက်လား
ဇာနည်စွမ်း..နင့်ကိုငါ..အာ့ဒါတွေ
ကြောင့် ရွံပြီးထားခဲ့တာ.."
"အဟက်...ငါကလည်း နင့်လို့
အကျင့်မကောင်းတဲ့ မိန်းမကို
ရွံတယ်..ရှင်းလား...မိန်းမပျက်မ.."
"တောက်...လူယုတ်မာ..."
မြတ်ဖုန်းချလိုက်ပြီး..လက်သီး
လေးကို ဆုပ်ထားပြီး ဒေါသကြောင့်
မျက်နှာလေးမှာရဲနေကာ..နှုတ်ခမ်း
လေး ကိုက်ကာ..မျက်မှောင်ကြုံ့ထား
မိချိန်...
ဒေါက်..ဒေါက်...
"သမီးမြတ်ရေ...အန်တီဝင်လာ
မယ်နော်.."
မြတ် အန်တီနန်းအသံကြောင့်
မျက်နှာလေးကို ပြင်လိုက်ကာ...
"ဟုတိကဲ့ အန်တီ..ဝင်ခဲ့နော်...''
ဒေါ်နန်းတော်ဝင် ပြုံးကာ..
ဝင်လာပြီး..
"သမီး...ရေအခုမှချိုးပြီးတာလား..
ထမင်းစားဖို့အန်တီလာခေါ်တာ.."
"ဟုတ်အန်တီ..မြတ်အဝတ်အစား
လဲ လာခဲ့ပါ့မယ်နော်..."
ဒေါ်နန်းတော်ဝင် မြတ်ရဲ့ လှပသော
မျက်နှာလေးကို ပြုံးကြည့်ကာ...
"သမီးလေးက အမြဲတမ်းလှနေတာပဲ
ကွယ်...အာ့ဒါ့ကြောင့် အန်တီက စိတ်
မချနေရတာ..အိမ်ကသားလည်း
တကယ့်အဖိုးတန်းလေးကို မမြင်ဘဲ
တောကြိုအုံကြားက ဟာတွေကိုပဲ
မြင်နေတာ..."
အန်တီနန်းအပြောကြောင့်မြတ်ရုက်
ပြုံးလေးပြုံးကာ..
"အန်တီနန်းရယ်ယ..အချိန်တန်ရင်
ကိုကိုလည်း..ဘယ်သူဟာ...
တန်ဖိုးရှိလည်းဆိုတာ သိလာမှာပါ
အန်တီရဲ့..."
"ဟုတိတယ်..ငါ့ချွေးမလည်းပြောတာ
မှန်တယ်..အာ့ဒါဆို ပြီးရင်..အောက်ထပိ
ဆင်းခဲ့နော်..သမီး.."
"ဟုတ်..အန်တီမြတ်..."
မြတ်..အန်တီထွက်သွားမှ
ပြုံနေသော မျက်နှာက
ချက်ချင်းတည်ပြီး မဲ့ပြုံး
ပြုံးလိုက်ကာ...
"အချိန်တန်ရင်..ဒီအိမ်ရဲ့ စံအိမ်သခင်
မကလည်း မြတ်ပဲ ဖြစ်ရမယ်..."
ဆက်ရန်..
စာရေးသူ - လွမ်းခြင်း