book

Index 1

အပိုင်း (1)🍓🍓🍓🍓

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ကြီးမားထည်ဝါခန့်ညားလွန်းလှသော

မင်းတော်ဝင် စံအိမ်ကြီးအတွင်း...ဆိုဖာကြီး ပေါ်

တွင်ထိုင်နေသော စံအိမ်ကြီးရဲ့ အရှင်သခင်မကြီး...ဒေါ်နန်းမဟာနဲ့ ဒေါ်နန်းတော်ဝင်တို့မျက်နှာပေါ်တွင် မာနအရောင်များက ကိုယ်မှာဝတ်ထားသော စိန်ရဲ လဲ့လဲ့တောက်နေသော အရောင်များနဲ့ အပြိုင်တင်းမာနေပြီး...

တစ်ခုခုကို အလိုမကျသလိုဖြစ်နေကြသည်။


"မေမေ..သမီးကတော့..လုံးဝ..မခွင့်လွတ်

နိုင်ဘူးနော်..."


ဒေါ်နန်းမဟာ..သမီးဖြစ်သူ နန်းတော်ဝင်ကို

ကြည့်ပြီး ခေါင်းငြိမ့်ပြကာ...


"ငါကရော...ခွင့်လွတ်မယ်လို့

ပြောနေလို့လား..ငါတို့မျိုးရိုးထဲ

မှာ..အခုလို..သာမာန်လူကို

လက်ထပ်တဲ့ လူမျိုးမရှိဘူး..ဒါကို

ညည်းသမီးက မိုက်တွင်းနက်သွားတာကြည့်.."


မာနရောင်ဖြင့် တင်းမာနေသော

မျက်နှာထားများနဲ့ သားအမိနှစ်ယောက်

လုံး...မျက်နှာကိုယ်စီပျက်နေကြရသည်။


အ​ကြောင်းကတော့ မင်းတော်ဝင်စံအိမ်ရဲ့

သမီး တော်ဝင်မဟာ...ချစ်သူအနောက်

ကို လိုက်ပြေးသွားတာကြောင့်ဖြစ်သည်။


မင်းတော်ဝင် စံအိမ်ဆိုတာ မျိုးရိုးစဥ်ဆက်

ချမ်းသာလာခဲ့ကြတဲ့ တော်ဝင်မျိုးနွယ်ဖြစ်ပေသည်။မင်းတော်ဝင် ရဲ့ ပိုင်ဆိုင်မှုဆိုတာ လက်ညိုးထိုးမလွဲလောက်အောင် များပြားနေကာ...မင်းတော်ဝင် ဆိုတာနဲ့ လူတွေ ချက်ချင်းခေါင်းငုံအရိုအသေ ပေးပြီးသားဖြစ်နေရတဲ့ အကြီးမားဆုံး သြဇာအာဏာပြင်းလှတဲ့ ဂုဏ်သရေရှိတဲ့ စီးပွားရေးGroup ကြီးတစ်ခုဖြစ်ပါတယ်။


အခုလို လူတကာက အထင်ကြီးလေးစားရတဲ့အထိ တရှိန်ထိုးပိုပြီးအောင်မြင်

အောင်..စီးပွားရေးအကုန်လုံးကို အဓိက ကြိုးကိုင်သူကတော့ မင်းတော်ဝင်Group ရဲ့ 

အဓိက အမွေဆက်ခံသူ မင်းတော်ဝင် စံအိမ်ရဲ့ 

သူဌေး မင်းတော်ဝင် ပင်ဖြစ်ပေသည်။


အသက်အရွယ်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့

စီးပွားရေးလုပ်ငန်းရှင်ဖြစ်တာကြောင့် သမီးရှင်တိုင်းရဲ့ မျက်စီကျလောက်စရာ ယောကျာ်းတစ်ယောက်...ရုပ်ရည်မှာလည်း

​ပြောစရာမလိုအောင် မဟာသွေး မဟာနွယ်ဖြစ်တာကြောင့် ချောမောခန့်ညားနေမှာအမှန်။


အသက်အရွယ်ငယ်တာကြောင့် ဂျစ်ကန်ကန်

အမှူအရာကတော့ မိန်းကလေးတွေရဲ့  မျက်လုံးထဲမှာ...ထိုအရာတွေက ဆွဲဆောင်နေလားမသိ။ သူ့ကိုမြင်တဲ့ မိန်းကလေးတိုင်း

ရပ်ပြီးငေးကြည့်နေမိမှာအမှန်။


"သား...တော်ဝင်...အိမ်ပဲမောင်းမယ်နော်.."


တော်ဝင်..အလုပ်ကိစ္စတွေပြီးလို့...အသင့်ဖွင့်ပေး

ထားသော....ပြောင်လက်နေသောကားပေါ်

ဝင်ထိုင်လိုက်ပြီး...ကားမောင်းတဲ့ ဦးကြယ်စင်

အမေးကြောင့် သူ မျက်ဝန်းတွေ မှိတ်ကာ..ကားကူရှင်ကို မှီပြီး...ခေါင်းငြိမ့်ပြလိုက်တော့...ကားလေးကလည်း..သခင်စေရာအတိုင်း မောင်းထွက်လာတော့သည်။


ခဏနေတော့..တော်ဝင်...မျက်လုံးတွေ ပွင့်လာပြီး...


"ဦးလေးကြယ်...မမကို ရှာနေတဲ့ 

လူတွေ အကုန် ရပ်ခိုင်းလိုက်တော့..

မရှာနဲ့တော့..."


"ဟုတ်ကဲ့.. သားတော်ဝင်..ဦးလေး

ပြောလိုက်ပါ့မယ်..."


ဦးကြယ်စင်ပြောလည်းပြော...ခလုတ်တစ်

ခုကို နှိပ်ပြီး...


"မမလေးကို ရှာနေတာရပ်လိုက်တော့..."


"ဘာ...."


တော်ဝင်..အရှေ့ခန်းက ဦးကြယ်ရဲ့ 

အသံကြောင့် သူမျက်မှောက်ကုတ်

ကာကြည့်လိုက်တော့..ဦးကြယ်က

သူ့ဘက်ကို လှည့်လာကာ..


"သားတော်ဝင်..မမလေးကို သူ့ကောင်

လေးနဲ့ ပြင်ဦးလွင်ဘက်မှာတွေ့ပြီတဲ့..."


တော်ဝင်..ခဏလောက်တိတ်ဆိတ်သွားပြီး...

ကားကူရှင်ကို ပြန်မှီလိုက်ကာ...


"ထားလိုက်တော့လို့...လွတ်ပေးလိုက်..."


ဦးကြယ်..သားတော်ဝင် ကို နားလည်

စွာ...ခေါင်းငြိမ့်ပြလိုက်ပြီး..တစ်ဖက်လူကို

ပြန်ညွှန်ကြားလိုက်တော့သည်။


တော်ဝင်..တရွေ့ရွေ့ကျန်နေခဲ့သော

မြင်ကွင်းများကို ကြည့်ပြီး...


"မမ...နောက်တစ်ခါ ကျွန်တော့်

စက်ကွင်းအောက်ကို မရောက်

လာပါစေနဲ့...နောက်တစ်ခါဆို

ကျွန်တော်မမတို့ ချစ်သူနှစ်ဦးကို

အလွတ်မပေးတော့ဘူး..."


-----------------------------------------------^^^^^^🍓🍓🍓🍓🍓🍓


နှစ်နှစ်ခန့်ကြာသော်အခါ......


သုံးနှစ်အရွယ်... ချစ်စရာကောင်းပြီးလှပနေသော သမီးလေးတစ်ယောက်

ကို ဖက်ကာငိုနေသော မိန်းမချောလေးတစ်ဦး...


သူမအရှေ့မှာရိုက်ထားသော မင်္ဂလာဓာတ်ပုံ

ထဲက ပြုံးနေရှာသော ယောင်းမနဲ့ မောင်ဖြစ်သူ ကိုကြည့်ပြီး ချစ်စရာ တူမလေးကို ဖက်ကာတအင့်အင့်

ရှိုက်ကာငိုနေတော့သည်။


"ဟင့်...အဟင့်...."


"တိတ်ပါတော့..ရှေးလေးရယ်...အဒေါ်

တို့လည်း စိတ်မကောင်းပါဘူး.. အခုလို

သားရတုပြိုင်နဲ့ သမီး တော်ဝင်မဟာတို့

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုဖြစ်

သွားတာ...ဒေါ်လေးတို့လည်း ရင်ထဲ

အလွန်ခံစားရပါတယ်ကွယ်...ဟီး..အဟင့်.."


ရှေး..အဒေါ်ဖြစ်သူက သူမကို ပြောကာ

ထပ်ငိုတော့ တူမဖြစ်သူလေးကို ဖက်ကာ..

ရှေးမှာမျက်ရည်တွေထပ်စီးကျလာပြီး..


"ရှေး...ရှေး..မမနဲ့ မောင်လေးကို သနား

လွန်းလို့ပါ..ပြီးတော့..အဟင့်...ရှေးမီးဘမဲ့

သွားတဲ့ တူမလေးကိုလည်း ရှေး..အရမ်းသနားတယ်..ဒေါ်လေးရယ်...ရှေးတူမလေး

ကို ရှေး မမနဲ့ မောင်လေးအစား ရှေး စောင့်ရှောက်မယ်ဒေါ်လေး...."


ဒေါ့်ငြိမ့်သူ ခေါင်းလေးငြိမ့်ပြကာ....


"ငါ့သမီးရှေးလေးက အရမ်းတော်တာ

ဒေါ်လေးသိပါတယ်..အခုလည်း..သမီး

တူမလေးကို စောင့်ရှောက်နိုင်မယ်ဆိုတာ

ဒေါ်လေးယုံပါတယ်ကွယ်...သမီးဆေးရုံ

သွားရတဲ့ အချိန်ကြရင် သမီးလေး နန်းဆန်သူလေးကို ဒေါ်လေး ထိန်းပေးပါ့မယ်.."


ရှေးက ပြင်ဦးလွင်မှာ...ကျနေတဲ့ ဆရာဝန်

တစ်ဦးဖြစ်ပါသည်။


ရှေးတို့မှာက မီးဘနှစ်ပါး..မရှိတော့ပါ။မောင်လေးဖြစ်သူနဲ့ ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့အချိန်...ရှေးတို့ဘဝထဲကို

မောင်လေးရဲ့ ချစ်သူ တော်ဝင်မဟာဆိုတဲ့ 

ချောမောလှပတဲ့ မောင်လေးရဲ့ အမျိုးသမီး

ဝင်လာခဲ့သည်။


ရှေး မိဘတွေ အမွေးပေးခဲ့သမျှကို

မောင်လေးကိုသာပေးခဲ့လိုက်ပြီး..ရှေးကတော့ ဆေးရုံက ပေးတဲ့ တိုက်ခန်းမှာသာနေဖြစ်ခဲ့သည်။


ရှေးမောင်လေးတို့ ဇနီးမောင်နှံကို တစ်လ

တစ်ခါတော့လာကြည့်ဖြစ်ခဲ့သည်။


မမတော်ဝင်မဟာက ရှေးကို အရမ်းချစ်ပြီး..

ရှေးလည်းမမတော်ဝင်မဟာကို အရမ်းချစ်ပါသည်။


ပြီးတော့ မမတော်ဝင်မဟာနဲ့ မောင်လေးက

အသက်အရွယ်ကွာသော်လည်း မောင်လေးရဲ့ ရင့်ကျက်မှုကြောင့် မမတော်ဝင်မဟာ..ပျော်ရွှင်နေရတယ်ဆိုတာ..ရှေးမြင်ခဲ့ပြီး စိတ်ချထားခဲ့ကာ..သူတို့ဆီ ရှေးမရောက်ဖြစ်ခဲ့တော့ပါ..


အခုတော့ အမင်္ဂလာသတင်းဆိုးကရှေးဆီကို

ရောက်လာပြီး..ရှေးကို အရမ်းတုန်လှုပ်စေခဲ့ပါသည်။


ရှေးမျက်ရည်လေးကျပြီးခေါင်းငြိမ့်ပြ

လိုက်ကာ...ကားတိုက်မှုဖြစ်ပြီး ဆုံးသွား

ရှာသော မောင်လေးနဲ့ ယောင်မဖြစ်သူ 

ဓာတ်ပုံလေးကို ကြည့်ပြီး...


စိတ်ချသွားကြပါ..မောင်လေးနဲ့ မမ...

ရှေးတူမလေးကို စောင့်ရှောက်သွားမှာပါ...


ရှေ့ပြောလည်းပြောဘာမှမသိရှာသေး

သော သူမပေါင်ပေါ်တွင် မျက်ဝန်းလေးဝိုင်းကာ..ထိုင်နေသောတူမလေးကို ဖက်ကာ..မျက်ဝန်းများကို မှိတ်ချလိုက်တော့

မျက်ရည်များက နောက်ဆုံးအနေနဲ့ စီးကျလာတော့သည်။


-------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓


တော်ဝင် ကားကို ပြင်ဦးလွင်ဘက်ကို

တစ်ယောက်ထည်းမောင်းချလာတော့သည်။


မမဆုံးသွားတယ်လို့သိရတဲ့အချိန် သူ့ရင်ဘက်ထဲကို မုန်တိုင်တွေ ဝင်တိုက်သွားသလို

သူတို့တစ်မိသားစုလုံး..ပူပင်သောက ရောက်

နေကြရတော့သည်။


အဆိုးဆုံးကတော့ အဘွားနဲ့ အမေ..အမွေဖြတ် တောက ပြန်လာမလားဆိုပြီးဖြတ်လိုက်ပြီး..ဟိုကပြန်မလာတဲ့ အပြင်....အခုတော့

သူတို့နဲ့ ပြန်မဆုံနိုင်တော့မဲ့ အဝေးဆုံးကို

မမက..ထွက်သွားပြီမဟုတ်လား....


မမအခုလိုဖြစ်တာ သူ့​ကြောင့်လည်း

ပါသည်။ သူစစတွေ့တယ်ဆိုထည်းက

ပြန်ခေါ်ခဲ့သင့်တာ။ အာ့ဒါဆို အခုလို

ဖြစ်မှာမဟုတ်။


ပြီးတော့ အခုမမ မှာသမီးတစ်ယောက်

ကျန်နေခဲ့တယ်ဆိုလို့ သူ မမရဲ့ ကိုယ်ပွား

လေးကို သွားခေါ်ခြင်းဖြစ်ပါတယ်။


ကြားရတာတော့..သူ့အဒေါ်နဲ့ အတူနေတယ်

ဆိုလားပဲ။ဘာပဲဖြစ်ဖြစ် သူတူမလေးကို မရရအောင် ခေါ်လာရမည်။


သူ့ ပုံစံအတိုင်း....နှုတ်ခမ်းများက ဂျစ်ကန်ကန်ပြုံးလိုက်ကာ...

ဆုံးဖြတ်ချက်များကို ခိုင်မာစွာ

ချလိုက်ပြီး..ကားလေးကို မမရဲ့သမီးရှိရာ ပြင်ဦးလွင်ဆီသို့သာ.....လျှင်မြန်စွာမောင်းလာခဲ့လိုက်သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: