☠အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ ☠
.......................................................
။ ပင်လယ်ကျား မင်းခေါင် ။
=============
ဆရာကြီးဖုန်းမြတ်ကျော်ဆေးကုသပေးမူ
ကြောင့်သက်ခိုင်မိခင်ကြီးမှာရောဂါသိသိသာသာ သက်သာသွား၏ ။
ပြီးနောက် လိုအပ်သောသောက်ဆေးများကို ပေးထားရစ်ခဲ့၏ ။
နောက်အခါကျမှဆရာကြီးဖုန်းမြတ်ကျော်မှာ
ဒေါက်တာတစ်ယောက်ဖြစ်မှန်းသိလိုက်ရ၏ ။
ထို့နောက် သက်ခိုင်မှာ
မိဘများကို ခွင့်ပန်၍ ဒေါက်တာ ဖုန်းမြတ်ကျော် နောက်လိုက်ပါခဲ့တော့၏ ။
သင်္ဘောကြီးပေါ်တွင် ဒေါက်တာ ဖုန်းမြတ်ကျော်မှာ သူ့လူများကို လိုအပ်သည်များ မှာကြားလျက်ရှိနေသည်။
သက်ခိုင်တစ်ယောက်မှာမူကား
သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်ရင်း တရိပ်ရိပ်ကျန်နေရစ်ခဲ့သော မြင်ကွင်းများကို
ကြည့်ရူနေလျက်ရှိနေသည်။
သူ့အတွက်အသက်ဘေး၊ကြောက်လန့်မူများ၊ အံ့အြ
ထိတ်လန့်ခြင်းများ ရောပြွန်းရာနေရာဖြစ်သော အသူရကယ်ကျွန်းသို့ ကံအကြောင်းတိုက်ဆိုင်စွာ နောက်တကြိမ်ပြန်ရောက်လာခဲ့ပြန်ပြီဖြစ်၏ ။
ဒေါက်တာဖုန်းမြတ်ကျော်တစ်ယောက်မှာ
မြေပုံတစ်ချပ်အားကြည့်လိုက် ဘေးပတ်ဝန်းကျင်အားကြည့်လိုက်ဖြင့်ရှိနေ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်တစ်ယောက်
သင်္ဘောနစ်မြုတ်သည်ဆိုသောမြေပုံအား
မည်သည့်နေရာမှရရှိခဲ့သနည်း။
သင်္ဘောပျက်အတွင်းမည်သည့် ပစ္စည်းများ
ရှိနေသနည်း။
ထိုမေးခွန်းများ၏ အဖြေများမှာ ဒေါက်တာ ဖုန်းမြတ်ကျော်ထံတွင်သာ အဖြေရှိပေလိမ့်မည်။
”....မောင်သက်ခိုင် ဟိုကျွန်းလား
အသူရကယ်ကျွန်းဆိုတာ....”
”....ဟုတ်ပါတယ် ဆရာကြီး....”
.”....အဲဒီကျွန်းနဲ့ မနီးမဝေးမှာ သင်္ဘော
ရပ်လိုက်ကြဟေ့....”
အသူရကယ်ကျွန်းအားလှမ်းမြင်ရသော
အချိန်တွင်ဒေါက်တာဖုန်းမြတ်ကျော်မှာသက်ခိုင်အားအသူရကယ်ကျွန်းဟုတ်မဟုတ်သေချာစေရန်မေးမြန်း၍ သင်္ဘောအား ထိုကျွန်းနဲ့ မနီးမဝေးတွင် ကျောက်ချရပ်နားရန်သူ့လူများအားပြောကြားလိုက်၏ ။
မနက်စာထမင်းကို သင်္ဘောအိုးသူကြီးမှ ချက်ပြုတ်ကျွေးသည်ကို စားပြီးကြချိန်
ဒေါက်တာမြတ်ထင်ကျော်မှသင်္ဘောတွင်ပါလာသူများကို ကုန်းပတ်ပေါ်တွင် စုစည်းခိုင်းလိုက်၏ ။
”....ကျုပ်ရထားတဲ့မြေပုံဟာ ဒီနေရာမှာပဲ
အဆုံးသတ်သွားခဲ့ပြီ ရေအောက်မှာ မြုတ်နေတဲ့ သင်္ဘောပျက်ကတော့ ဒီကျွန်းပတ်လည်မှာ ရှာကြည့်ရလိမ့်မယ်
ဒါကြောင့် ခနနေရင် ရေထဲဆင်းဖို့ လုပ်ကြပါ......”
ဒေါက်တာ ဖုန်းမြတ်ကျော်ခေါ်လာသူများမှာ ရေကူး၊ရေငုတ်လုပ်ငန်းများတွင် အတွေ့အကြုံရှိသူများ ဖြစ်ပုံရသည်။
ခေတ်မှီ ၊ ရေကူးဝတ်စုံ၊ မျက်မှန် အောက်စီဂျင်ဘူးများ ကိုယ်စီလွယ်၍ လူဆယ်ယောက်မှာ ရေထဲဆင်းသွားကြ၏ ။
ထိုအဖွဲ့နောက်မှ သက်ခိုင်လည်း ရေကူးဝတ်စုံအပြည့်အစုံဖြင့် ပင်လယ်အတွင်းဆင်းသက်ခဲ့တော့သည်။
ရာသီဥတုမှာ နေသာနေသောကြောင့်
နေရောင်မှာ ပင်လယ်ရေပြင်ကို ထိုးဖြတ်ကျဆင်းနေ၏ ။
ရေအောက်တွင်ကြည်လင်နေလျက် အနွေးဓတ်များလည်းရနေပြန်သည်။
ရေနက်ပိုင်းသို့ ငုတ်လျိုးလာသောအချိန်တွင် သန္တာကျောက်တန်းများကြားတွင် ခိုကပ်နေကြသော ငါးအုပ်များ ပင်လယ်ဂဏန်းကောင်များ၊ပင်လယ်
လိပ်များ လူပ်ရှားသွားလာနေခြင်းကို မြင်တွေ့ရ၏ ။
ပင်လယ်ကြမ်းပြင်အောက်ခြေတွင်မူ
သူတို့ရှာလိုသော သင်္ဘောပျက်ကိုရှာမတွေ့
ကြပေ။
နေရာသုံးလေးနေရာပြောင်း၍ လိုက်ရှာကြသော်လည်း သင်္ဘောပျက်အရိပ်အယောင် ၊ အစအနကိုပင် ရှာမတွေ့ပဲရှိနေ၏ ။
ထိုနေ့ညနေစောင်းသောအခါမှ သင်္ဘောပျက်ရှာဖွေခြင်းလုပ်ငန်းအားရပ်နားလိုက်ကြတော့၏ ။
ရေငုတ်သူများ ရေပေါ်တက်လာတိုင်း
ရှာတွေ့ပြီလားဟူ၍ စောင့်ကြိုမေးတတ်သော ဒေါက်တာ ဖုန်းမြတ်ကျော်မျက်လုံးများက မျော်လင့်ချက်ရောင်ခြည်ဖြင့် လက်ထနေသည်။
တစ်နေကုန်ရှာမတွေ့သော်လည်း စိတ်ပျက်ပုံမပေါ်ပေ။ ရေငုတ်ရှာသူများကိုပင် လက်မလျော့ ရန်အားပေးစကားဆိုနေ၏ ။
သူပုံစံမှာ သင်္ဘောပျက်မှာ အသူရကယ်ကျွန်းနဲ့ မနီးမဝေးရေပြင်
တနေရာတွင် ကျိန်းသေပေါက်ရှိရမည်ဟု ယုံကြည်လက်ခံလောက်သော အကြောင်းတစ်ခု ရှိထားဟန်တူသည်။
ညဖက်ရောက်သောအခါ အိုးသူကြီးချက်ပြုတ်ပြင်ဆင်ပေးထားသော
ညစာကို စားသောက်ကြပြီးလျင် ဟိုတစ်စုသည်တစ်စု ကုန်းပတ်ပေါ်တွင်ထိုင်လျက် လေတဖြူးဖြူးဖြင့် စကားဝိုင်းဖွဲ့နေကြသည်။
ဒေါက်တာမြတ်ဖုန်းကျော်မှာ သူ့နားခိုရာ အခန်းမှ ထွက်မလာတော့ချေ။
သက်ခိုင်မှာလည်းသင်္ဘောပေါ်တွင်
ပါလာသူများနဲ့ ခင်မင်ရင်းနှီးသွားပြီဖြစ်ရာ
လူအုပ်ကြားတွင်ရောထိုင်၍ သင်္ဘော သားများ ပြောသော ဘဝဇတ်ကြောင်းများကို နားထောင်နေမိသည်။
သင်္ဘောသားများ အများဆုံးပြောသော
အကြောင်းအရာများမှာသရဲတစ္ဆေဇတ်လမ်းများဖြစ်ပြီး၊ တစ်ယောက်တလှည့်ဖြင့် သူတို့ဘဝတွင်ကြုံရသော တစ္ဆေဇတ်လမ်းများကို ပြောကြခြင်းဖြစ်သည်။
စကားဝိုင်းမှာတဖြည်းဖြည်းဖြင့် ကောင်းလာပြီး ညနက်လာသောအခါစကားဝိုင်းတွင်အကြောင်းအရာ စုံလာပြီဖြစ်၏ ။
နောက်ဆုံးတွင်ကား ရေသူမအကြောင်း
စကားဦးလှည့်သွားပြီး ရေသူမတကယ်ရှိ၊မရှိဟူသော ယုံကြည်သူ၊မယုံကြည်သူနှစ်စု စကားငြင်းခုန်ကြရင်း စကားဝိုင်းသိမ်းသွားတော့၏။
သက်ခိုင်အပါအဝင်သင်္ဘောသားများမှာ ကုန်းပတ်ပေါ်ရှိ အဆင်ပြေသောနေရာတွင် ဝင်လှဲ၍ အထုတ်ကို ခေါင်းအုံလုပ်၍ အိပ်ယာဝင်ကြတော့၏ ။
သက်ခိုင်မှာလည်း လူရှင်းရာထောင့်တထောင့်တွင် ဝင်လှဲရင်း
အထုတ်ကို ခေါင်းအုံးကာ ခေါင်းချလိုက်သည်နဲ့ တပြိုင်နက်အိပ်ပျော်ခြင်းသို့ရောက်သွားတော့သည်။
ပတ်ဝန်းကျင် လေတိုးသံ၊ လိူင်းရိုက်ပုတ်သံများမှလွဲ၍တခြားအသံမကြားရပေ။
ကောင်းကင်ပြင်တွင်ကား ကြယ်ပွင့်လေးများ မှိတ်တုတ် ၊ မှိတ်တုတ်
လင်းနေလျက်ရှိနေသည်။
သင်္ဘော တစ်စီးလုံးလူများအိပ်စက်၍
အသံဗလံတိတ်ဆိတ်ကာငြိမ်သက်သွားပြီဖြစ်သော်လည်းအခန်းတစ်ခုအတွင်းမအိပ်စက်သေးသူတစ်ယောက်ရှိနေပါ၏ ။
ဒေါက်တာမြတ်ဖုန်းကျော်တစ်ယောက်
မြေပုံအား စားပွဲပေါ်ဖြန့်ခင်းလျက် မှန်ဘီလူးတစ်လက်ဖြင့် မြေပုံကို စေ့စပ်သေချာစွာကြည့်ရူနေလျက်ရှိနေသည်။
မြေပုံပေါ်မှ တချို့သော အမှတ်အသားများမှာ နှစ်ကာလကြာညောင်းပြီဖြစ်၍ မှေးမှိန်နေပြီ
ဖြစ်၍အတော်ကြီးဂရုစိုက် ကြည့်နေရ၏။
မြေပုံညွန်ပြချက်အရ ယခုအသူရကယ်ကျွန်းနေရာကို အတိအကျ
ညွန်ပြထားသော်လည်း အဓိက အချက်ဖြစ်သော သင်္ဘော နစ်မြုတ်ရာနေရာကို မူကား ပြမထားပေ။
ဒေါက်တာမြတ်ဖုန်းကျော်တစ်ယောက်
မြေပုံကိုကြည့်နေရာမှ အကြည့်ခွာ၍ သူ့သံသေတ္တာလေးအတွင်းမှဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်သော စာအုပ်ကလေးတစ်အုပ်ကို တရိုတသေကိုင်၍ထုတ်လျက် စာကြည့်စားပွဲ တင်လိုက်သည်။
ဒိုင်ယာရီစာအုပ်အဟောင်းတစ်အုပ်ဖြစ်ပြီး
လက်နှစ်ဆစ်ခန့်မျထူသောစာအုပ်တစ်အုပ်
ဖြစ်ကာ စာအုပ်အဖုံးတွင်ရေးခြစ်ထားသော
စာမှာကား
.. ပင်လယ်ကျား မင်းခေါင်၏ ကိုယ်ရေးမှတ်တမ်း.....
ထိုစာအုပ်မှာ ဒေါက်တာ သာမန်ဖတ်ကြည့်ပါက ပင်လယ်ဓားပြတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ဘဝမှတ်တမ်းတစ်ခုမျသာဖြစ်ကောင်းဖြစ်ပေလိမ့်မည် ။
သို့ရာတွင်
သံဝေဂရစရာ၊ အတုယူစရာ ၊နောင်တရစရာများနဲ့ စွန့်စားခန်းများပြည့်နှက်လျက်ရှိသော
မင်းခေါင်ဟူသော လူတစ်ယောက် အကြောင်းမှာ ယူတတ်လျင် ယူတတ်သလို
အကျိုးရှိသော စာအုပ်တစ်အုပ်လည်းဖြစ်နေပြန်၏ ။
ထိုထက်ပို၍ စိတ်ဝင်စားစရာတစ်ခုမူကား
ယခုစာအုပ်နဲ့ ဆက်စပ်နေသော အရာတစ်ခုကား ရှိနေပြန်သည်။
ယင်းမှာ သင်္ဘော ပျက်ရှိသော နေရာကို
ညွန်ပြရာ မြေပုံနဲ့ စာအုပ်မှာ တနည်းတဖုံ ပတ်သက်ကောင်းပတ်သက်နေသောကြောင့်လည်းဖြစ်သည်။
နစ်မြုတ်သွားသောသင်္ဘောပျက်မှာ
စာအုပ်ပိုင်ရှင် မင်းခေါင်၏ သင်္ဘောဖြစ်နေခြင်းက စာအုပ်နဲ့ မြေပုံဆက်စပ်နေသောအကြောင်းအရာတစ်ခုပင် ။
မင်းခေါင်ဒိုင်ယာရီစာအုပ်မရှိလျင်
မြေပုံ အသုံးမဝင်နိူင်သလို ၊ မြေပုံမရှိလည်း
ဒိုင်ယာရီက အသက်မဝင်နိူင်သော ဆက်စပ်မူ မျိုးလည်းစာအုပ်နဲ့ပန်းချီကားအကြားရှိနေပြန်သည်။
စာအုပ်ပါအကြောင်းအရာမှာအောက်ပါ
အတိုင်းဖြစ်၏။
မင်းခေါင်ဆိုသော လူတစ်ယောက်မှာ ငယ်စဉ်က ရိုးသားဖြောင့်မတ်သောလူငယ်လေးတစ်ယောက်ဖြစ်သောလည်းပတ်ဝန်းကျင်ရိုက်ခတ်မူကြောင့် လမ်းမှားရောက်ကာ နောက်ဆုံးတွင်ပင်လယ်ဓားပြ
ကြီးတစ်ယောက်ဖြစ်သွားပြီးချိန်။
..ပင်လယ်ကျား..ဟူသောသင်္ဘောကြီးတစ်
စီးကို ဦးစီးပြီး မြိတ်ကျွန်းစုတစ်လျောက်
ဓားမြတိုက်စားနေခဲ့၏ ။
အင်္ဂလိပ်အစိုးရမင်းဖမ်းဆီးခြင်းကို
အကြိမ်ကြိမ်လွတ်မြောက်အောင်ရှောင်တိမ်း
ရင်းဓားမြအလုပ်ကို လုပ်ကိုင်နေခဲ့သော
မင်းခေါင်တစ်ယောက် တစ်နေ့တွင် အချီကြီး
မိသွားတော့၏ ။
နိူင်ငံခြားသဘေ်ာတစ်စီးကို ဓားပြတိုက်မိရာမှ ငွေသားများ ၊ ရွေချောင်းများနဲ့ အတူ ရှေးဟောင်းပစ္စည်းများအတော်ကြီးရရှိလိုက်တော့၏ ။
သို့ရာတွင်....။
နောက်မှထပ်ချပ်မကွာလိုက်လာသော အင်္ဂလိပ်စစ်သင်္ဘောတစ်စီးနဲ့ ထိပ်တိုက်ဆုံတွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရင်း
အဏ္ဏဝါကျားမှာ တန်ဘိုးကြီးရတနာများနဲ့အတူ ရေအောက်နစ်မြုတ်သွားခဲ့ရသလို ။
အင်္ဂလိပ်စစ်သင်္ဘော ကြီးမှာလည်း
ရေအောက်နစ်မြုတ်သွားတော့၏ ။
နှစ်ဖက်သင်္ဘောသားများမှာ အမြှောက်ဆန်၊ ကျဉ်ဆံမထိမှန်သူများ ညကြီးသန်းခေါင် လိူင်းလေများကြားကူးခတ်ရင်းနစ်မြုတ်သေဆုံးကုန်တော့သည်။
ထိုအကြောင်းအရာများသည် ပုံမှန်အတိုင်းဆိုပါက ရတနာများအပြည့်ဖြင့်
နစ်မြုတ်သွားရာ သင်္ဘောကြီးတည်နေရာကို
ပြောပြနိူင်သူရှိလိမ့်မည် မဟုတ်ချေ ။
တန်ဘိုးကြီးရတနာများမှာ ရေအောက်တွင်
လူသူမသိ နစ်မြုတ်ကွယ်ပျောက်သွားမည်မှာ သေချာနေ၏ ။ သို့ရာတွင် ကံတရားသည်
ထူးဆန်းလွန်းလှ၏ ။
ထိုထူးဆန်းသောအကြောင်းအရာဇတ်လမ်းကို
ပြန်၍အသက်သွင်းသူမှာဒေါက်တာ ဖုန်းမြတ်ကျော်
ပင်ဖြစ်ပါတော့၏ ။
ယခုနေရာတွင်ဒေါက်တာဖုန်းမြတ်ကျော်လက်အတွင်းသို့ စာအုပ်နဲ့ပန်းချီကားမည်သို့ရရှိသည်ဆို
ခြင်းကလည်းစိတ်ဝင်စားစရာကောင်းနေပြန်၏ ။
ဇတ်လမ်း၏အဓိကအစ
ပင်လယ်ကျားမင်းခေါင်အကြောင်းဖော်ပြရာတွင်
ဒေါက်တာဖုန်းမြတ်ကျော်ဘဝအကြောင်းရော၍
ထည့်သွင်းဖော်ပြပါမှပိုအဆင်ပြေမည်ဖြစ်သော
ကြောင့် ဒေါက်တာဖုန်းမြတ်ကျော်ဘဝစိတ်တပိုင်း
ကိုပါထည့်သွင်းဖော်ပြလိုက်ပါ၏ ။
ကျွန်ပ်မှာနှစ်ဖက်မိဘများပြည့်စုံကြွယ်ဝသူများဖြစ်ခြင်းကြောင့် မိဘများ သဘောဆန္ဒအရ နိူင်ငံခြားမှ
ဒေါက်တာဘွဲ့ယူပြီး ဆရာဝန်တစ်ယောက်
ဖြစ်ခဲ့သူဖြစ်သည်။
မိသားစုတွင် ကျွန်ပ်မှာ စာအတော်ဆုံးဖြစ်ရာ ကုန်သည်ပွဲစားများအဖြစ် အသက်မွေးဝမ်းကြောင်းပြုကြသောမိဘများက ဆရာဝန်ဖြစ်လိုကြ၏ ။
ကျွန်ပ်နိူင်ငံခြားမှ ဆရာဝန်ဘွဲ့ယူပြန်လာပြီး ရန်ကုန်မြို့ဆေးရုံကြီးတစ်ခုတွင်တာဝန်ထမ်းဆောင်နေစဉ် မိဘနှစ်ပါးမှာ လူကြီးရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြတော့၏ ။
ထိုအချိန်မှစပြီးကျွန်ပ်မှာ စိတ်အတွင်း
ငုတ်ချိုးနေသော ဗီဇပိုးသည် ထကြွသောင်း
ကျန်းလာတော့သည်။
ကျွန်ပ်ရူးသွပ်သော ဗီဇပိုးမှာ မကောင်းသောအကြောင်းအရာမျိုးတော့
မဟုတ်ချေ။
ကျွန်ပ်မှာ ငယ်ရွယ်စဉ်လူပျိုပေါက်အရွယ်တွင်စိတ်ကူး
တစ်ခုထူးဆန်းစွာပေါ်ပေါက်ခဲ့ဖူး၏ ။
ယင်းစိတ်ကူးမှာကား မြန်မာပြည်နေရာ
အနှံ့အပြားရှိ လူသိမသိတိမ်မြုတ်ပျောက်ကွယ်နေသော
ရတနာပစ္စည်းများကိုရှာဖွေဖော်ထုတ်လိုခြင်းပင်ဖြစ်သည်။
ထိုစိတ်ကူးမှာ နှစ်အတော်ကြာသည်အထိ
ကျွန်ပ်အတွေးမှ ဖယ်ခွာမသွား အခြေအနေအရ စိတ်တွင်းတစ်နေရာတွင်
ယာယီ၊ခနငုတ်လျိုးနေခြင်းမျသာဖြစ်သည်။
ယခု မိဘများမရှိချိန်ရောက်သောအခါ၊
ကျွန်ပ်စိတ်ကူးများ အသစ်တဖန် ပြန်နိူးလာခြင်းမျိုးဖြစ်သည်။
ညီအစ်ကို မောင်နှမများမှာ အိမ်ထောင်ကိုယ်စီကျ၍ ကိုယ့်စီးပွားရေးနဲ့ကိုယ် ဖြစ်နေကြပြီဖြစ်သော်လည်း ကျွန်ပ်ကား
တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်သာရှိသေး၏ ။
မိဘများရှိစဉ်က သင့်တော်သော မိန်းခလေးများနဲ့. ကြောင်းလမ်းရန်မကြာခနစီစဉ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်ပြကာငြင်း
တတ်သော ကျွန်ပ်ကြောင့် မိဘများမှာ
နောက်ဆုံးတွင် အိမ်ထောင်ပြုမည့်အကြံအား လက်လျော့လိုက်ရတော့သည်။
ကျွန်ပ်မှ ကျွန်ပ်ဝါသနာပါရာ အလုပ်ကိုလုပ်ရန်ဆေးရုံမှ ထွက်လိုက်ပြီး
မြန်မာပြည်တနှံတလျားခြေဆန့်ဖြစ်တော့၏။
ကျွန်ပ်စိတ်ကူးအတိုင်း ပျောက်ကွယ်နေသော ရတနာသိုက်များရှာဖွေရန် လူအား၊ငွေအား
အသုံးပြု၍ ရတနာသိုက်မုဆိုးလုပ်ခဲ့တော့သည်။
အောင်မြင်သည်လည်းရှိသည်။ မအောင်မြင်သည်ကလည်း ဒုနဲ့ဒေးပင်။
သို့ရာတွင် ကျွန်ပ်ကားစိတ်မပျက်ပေ
ဝါသနာပါရာအလုပ်ဖြစ်သောကြောင့်
အနေအစားဆင်းရဲသော်လည်း ကျွန်ပ်စိတ်အတွင်း ပင်ပန်းဆင်းရဲသည်ဟုမခံစားရမိပေ။
ကျွန်ပ်ရန်ကုန်သို့ရောက်နေစဉ်
ကျွန်ပ်မိဘများ ကိုးကွယ်ရာကျောင်းတိုက်မှ
ကျောင်းသားလေးတစ်ယောက်ရောက်လာ
ပြီးဆရာတော်အခေါ်လွတ်ကြောင်း။
ဆေးအိတ်ကိုပါယူ၍ လာစေလိုကြောင်း
ပြောကြားသောကြောင့်ဆရာတော်ကျောင်းသို့ဆေးအိတ်ယူ၍ အမြန်ထွက်လာခဲ့မိသည်။
ကျွန်ပ်စိတ်အတွင်း ကျောင်းထိုင်ဆရာတော်
ကျန်းမာရေးတစ်ခုခု ဖြစ်နေပြီလားဟူ၍
ကျောင်းသို့လာရာလမ်းတလျောက်စိုးရိမ်
ထင်မှတ်မိသော်လည်း ကျောင်းတိုက်ရောက်သောအခါမှ မကျန်းမာဖြစ်သူမှာ ကျောင်းထိုင်ဆရာတော်
မဟုတ်ပဲ သက်တော်အတော်ကြီးရင့်နေသော ရဟန်းတစ်ပါးဖြစ်နေသည်။
ရဟန်းတော်ကြီးမှာ ရှည်လျားသောအရပ်အမောင်း ဖြူဖွေးသောအသားရေဖြင့် အရိုးအဆစ်များကို ကြည့်ခြင်းဖြင့် ငယ်စဉ်က အတော်ပင် ကြံခိုင်သန်မာမည့်သူဖြစ်မှန်း မြင်ရုံဖြင့်
သိသာနေသည်။
ရဟန်းတော်ကြီးမှာ ဆရာတော်တို့နယ်မှဖြစ်ကာ မကျန်းမာ၍
ရန်ကုန်သို့ဆေးလာကုခြင်းဖြစ်၏။
ကျွန်ပ်မှာ ရဟန်းတော်ကြီးကို စမ်းသပ်ကုသပေးရင်း ရောဂါအခြေအနေရ
နောက်ဆုံးအခြေအနေရောက်ပြီမှန်းသိလိုက်ရသည်။
ရဟန်းတော်ကြီးမှာ သူ့အခြေအနေကိုသူလည်းသိနေဟန်ပင်။
သို့ရာတွင်တုန်လူပ်ကြောက်ရွံ့သော
အမူအယာမျိုးမပြပေ။
အထူးအိနြ္ဒရတည်ငြိမ်လျက်ရှိနေသည်။
ရဟန်းတော်ကြီးထံ ကျွန်မှာ မကြာခန
သွားကြည့်ကုသပေးရင်း ရင်းနှီးခင်မင်ကာ
ရဟန်းတော်ကြီးဘဝအကြောင်းများသိခွင့်ရခဲ့၏ ။
ရဟန်းတော်ကြီး ဘဝမှာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ကြောက်ရွံဖွယ်အသွယ်သွယ် ၊
မယုံကြည်နိူင်စရာအဖြစ်အပျက်များဖြင့်
ပြည့်နှက်လျက်ရှိနေသည်။
ရဟန်းတော်ကြီးအမည်မှာ လူဘဝနာမည်
မင်းခေါင်ဟု သိရပြီး ပင်လယ်ဓားပြတစ်ယောက်ဖြစ်ကြောင်းလည်းသိရ၏ ။
သူနဲ့အတူ ကျွန်ပ်အတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ ပစ္စည်း
နှစ်ခုအား ရဟန်းတော်ကြီးက မသေဆုံးမှီ
ကျွန်ပ်ထံ အပ်နှံ၍ တာဝန်တစ်ခုပေးလာခဲ့၏ ။
ထိုပစ္စည်းနှစ်မျိုးကား ဒိုင်ယာရီစာအုပ်
တစ်အုပ်၊ မြေပုံတစ်ချပ်ပင်ဖြစ်နေတော့သည်။
အင်္ဂလိပ်စစ်သင်္ဘောနဲ့ ပင်လယ်ကျားမင်းခေါင်မှာတိုက်ပွဲဖြစ်စဉ်
မသေဆုံးပဲ နီးစပ်ရာ ကျွန်းတစ်ကျွန်းသို့
လိူင်းလေများကြား ကူးခတ်ရောက်ရှိသွားသူမှာ မင်းခေါင်တစ်ယောက် သာရှိပြီး ထိုကျွန်းပေါ်မှ လှေကြုံဖြင့် နီးစပ်ရာရွာတစ်ရွာသို့လိုက်ပါသွားရင်း သူ့အဖြစ်အပျက်များကိုမှတ်တမ်းတင်ထားရင်း သင်္ဘော နစ်မြုတ်ရာနေရာကိုမြေပုံတစ်ခု ဆွဲထားခဲ့သည်။
သို့ရာတွင်....
မြေပုံတွင်သင်္ဘော နစ်မြုတ်ရာနေရာကိုကား
အတည်အကျ မဖော်ပြထားပေ။
မသမာသူများလက်ထဲမြေပုံရောက်သွားပါက အကျိုးထက်အဆိုးများမည်ဖြစ်သော
ကြောင့်ဖြစ်၏။
သူ့စိတ်ကူးမှာအခြေအနေငြိမ်သက်
သွားသော တစ်ချိန်တွင် ရတနာပစ္စည်းများသွားယူရန်စိတ်ကူးထား၏ ။
သို့ရာတွင်ထင်ထားတွေးထားသလိုအခြေနေမျိုးရောက်မလာပေ။
အင်္ဂလိပ်စစ်သင်္ဘော များက
ခြေချင်းလိမ်နေ၍မြုတ်သွားသောသင်္ဘောများကို
ရှာဖွေနေခြင်းကြောင့်ထိုအရပ်ဒေသမှဆုတ်ခွာလာခဲ့တော့၏ ။
ပင်လယ်ကျားမင်းခေါင်မှာ မရောက်ဖြစ်သည်မှာကြာပြီဖြစ်သောမွေးရပ်
မြေသို့ ခရီးဆက်လာရင်း ငယ်ဆရာဖြစ်သော ဆရာတော်ကျောင်းတွင်တည်းခိုနေထိုင်၍
နေထိုင်ရင်း ခနတဖြုတ် ဒုလ္လဘဝတ်ရာမှ ရာသက်ပန်ဝတ်ရန်ဆုံးဖြတ်လိုက်တော့သည်။
ထိုအတောအတွင်းကာလတွင် နှောင်းလူများ ရှောင်ကျဉ်သံဝေဂရနိူင်စေရန်ပင်လယ်ကျား
မင်းခေါင်မှာသူ့့အကြောင်းကိုနေ့စဉ်မှတ်တမ်းအဖြစ်
ပြီးဆုံးအောင်ရေးသားနေလျက်ရှိနေတော့၏ ။
( မင်းခေါင်ဆိုသော ရဟန်းအိုကြီးပြောပြသော သူ့ဘဝဇတ်ကြောင်း အကျဉ်းချုပ်ကိုဖော်ပြခြင်းဖြစ်ပါသည်။
အကျယ်ဝင့်ဖော်ပြလျင် ယခုဇတ်မှကွဲ၍
ဇတ်လမ်းရှည်ကြီးတစ်ပုဒ်ဖြစ်သွားနိူင်သော
ကြောင့် မင်းခေါင်အကြောင်းကို နောက်ထပ်ဇတ်လမ်းတပုဒ်တွင်သီးသန့်ရေးသားဖော်ပြပါမည်ဖြစ်ပါကြောင်း။ စာရေးသူ)
ကျွန်ပ်အား ရဟန်းအိုကြီးတဖြစ်လဲမင်းခေါင်မှ ငါးပါးသီလခံယူစေလျက် သစ္စာ အဓိဠန်ပြုခိုင်း၏ ။
အကယ်၍သာ သင်္ဘောပျက်အတွင်းမှရရှိသောရတနာများကိုကိုယ်ကျိုးအတွက် အသုံးပြုမိပါက ရေသွားလျင်ရေဘေး၊ ကုန်းသွားလျင်ကုန်းဘေး စသောဘေးကပ်ဆိုးပေါင်းများစွာကို ခံစားရလျက် နောက်ဆုံး မကျွတ်မလွတ်သော ဘဝဖြင့် ဘဝအဆက်ဆက်ကျင်လယ်နေရကာ အရိမေတ္တယျ ဘုရားကို မဖူးမျော်ရပါစေဟု
ကြောက်မက်ဖွယ်ရာကျိန်စာကိုကျိန်ဆိုရ၏ ။
ရဟန်းကြီးတစ်ဖြစ်လဲ မင်းခေါင်ဖြစ်လိုသည်မှာ ရရှိလာသောရတနာများကို သုံးစုခွဲ၍ တစ်စုကို ဘုရားတည်ကျောင်းဆောက်အတွက်
လှူဒန်းရမည်။
ကျန်တစ်စုကိုမြန်မာပြည်လွတ်မြောက်ရေးအတွက် တော်လှန်ရေးပြုလုပ်နေကြသော အဖွဲ့များကို ကူညီထောက်ပံ့ပေးရမည်။
တစ်ခြားသောတစ်စုကိုမူ ကျွန်ပ်ကြိုက်ရာ
အသုံးပြုခိုင်းထား၏ ။
တစ်သက်လုံးကိုယ်ကျိုးတစ်ခုတည်းသာ
ကြည့်၍ ဓားမြတိုက်လာသော ပင်လယ်ဓားပြကြီး၏နောက်ဆုံးမွန်မြတ်သောစိတ်ဓတ်ကို ကျွန်ပ်လေးစားမိရတော့၏ ။
ရဟန်းအိုကြီးထံမှ ဒိုယ်ယာရီနဲ့
မြေပုံရပြီးတပတ်ခန့်အကြာတွင် ရဟန်းအိုကြီး ပျံလွန်တော်မူလေသည်။
ကျွန်ပ်သည်လည်း တစ်လအတွင်းလိုအပ်သော ကိစ္စများစီမံ၍မြိတ်ကျွန်းစုဖက်သို့ ခရီးထွက်ရန် ယုံကြည်ရသူများနဲ့ဆက်သွယ်ကာ လူစုခြင်း၊
လိုအပ်သော ရိက္ခာ ပစ္စည်းများစုဆောင်းခြင်း။စသောကိစ္စရပ်များပြီးစီးသော် သင်္ဘော တစ်စီးကို လပေးငှါးရမ်း၍ ခရီးထွက်လာခဲ့တော့၏ ။
ရေကြောင်းကျွန်းကျင်သူတစ်ယောက်
ပြောပြချက်အရ သင်္ဘောပျက်နေရာမှာ
သချိုင်းကျွန်းယခုအသူရကယ်ကျွန်းအနီးတဝိုက်တွင် ရှိမှန်းသိ၍ ယခုနေရာသို့ရောက်ရှိလာခဲ့
ခြင်းပင်ဖြစ်သည်။
သင်္ဘောနဲ့ပတ်သက်သောအကြောင်းအရာများကိုတစ်ခြားသူများသိရှိပါကကလောဘတက်လာနိူင်သောကြောင့် ရှေးဟောင်းပစ္စည်းများ
သင်္ဘောပျက်အတွင်းမှ ရှာရန်ဟုသာ အကြမ်းဖျင်းပြောပြထားခဲ့သည်။
သင်္ဘော ပျက်အတွင်း ရတနာပစ္စည်းများတကယ်ပင်ရှိနေသလား။
သို့မဟုတ်၊ နှစ်ကာလကြာ၍ ရေစီးဖြင့်
မျောပါကာ နေရာရွေ့ပျောက်ဆုံးသွားပြီလား
ကျွန်ပ်မတွက်ဆနိူင်ပေ။
ထို့အတူကျွန်ပ်သင်္ဘောပျက်ရှာသော
ကိစ္စရပ်သည် အဆင်ပြေချောမွေ့စွာဖြင့်
လိုရာခရီးရောက်မရောက်ကိုလည်းမမှန်းဆနိူင်ချေ။
အရာအားလုံးကံစီမံအရာအတိုင်းသာ
လိုက်ပါကပြအသုံးတော်ခံရပေတော့မည်။
☠☠☠☠☠☠☠☠☠☠☠☠☠
ဆက်ရန်