book

Index 3

အပိုင်း(၃)

☠အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ ☠

🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃


   ။ တစ္ဆေသင်္ဘောကြီးနဲ့ သင်္ဘောသားဝိညဉ်များ ။

..........................................................


        နောက်မှလိုက်လာသော အသံပိုင်ရှင်များလက်တွင်သက်ခိုင်သာအဖမ်းခံလိုက်ရပါက မတွေးရဲစရာအခြေမျိုးဖြစ်၏။


ထို့အပြင် ....။


သက်ခိုင်နောက်မှလိုက်လာကြသူများမှာ

မည်သည့်နည်းနဲ့မှ လူမဖြစ်နိူင်မှန်း သက်ခိုင်

ပြေးလွားရင်းဖြင့်တွေးနေမိ၏။


   ကြောက်ရွံစိတ်ကြောင့် သက်ခိုင်တစ်ယောက် ကျောက်တုံးကျောက်ဆောင်တောအုပ်များအား အလဲလဲအပြိုပြို  ပြေးလွားဖြတ်သန်းရင်း ထွန်းအောင်ပြောဆိုမှာကြားထားသော

အရှေ့ဖက်အရပ်ဆီ ဦးတည်ပြေးလာခဲ့တော့၏ ။


   အမှောင်အတွင်း  ပြေးလွားရင်း ရှေ့သို့ မျော်ကြည့်မိရာ

သူ့ရှေ့လှမ်းလှမ်းအမြင့်တစ်နေရာမှ  မီးရောင်လက်လက်ထွက်ပေါ်နေသည်ကို

လှမ်းမြင်လိုက်ရသောကြောင့် ထိုနေရာမှာ

မီးပြတိုက်ဖြစ်ရမည်ဟု တွေးလိုက်ကာဘာကိုမှစဉ်း

စားမနေတော့ပဲ ထိုနေရာသို့မှန်းဆ၍ ပြေးလွားသွားလိုက်တော့၏ ။ 


       မီးရောင်ထွက်လာသောနေရာအနီး

ရောက်သောအခါ သက်ခိုင်တွေးသကဲ့သို့

  ထိုနေရာမှာ မီးပြတိုက်တစ်ခုဖြစ်ကြောင်း

တွေ့လိုက်ရတော့၏ ။


    သက်ခိုင်လည်းဘာမှတွေးမနေတော့ပဲ

မီးပြတိုက်အပေါ်တက်ရန် အောက်ခြေ 

ကျောက်တုံးကြီးများအားနင်း၍ အပေါ်တက်ရန်ပြုလုပ်ထားသော မြွေလိမ်

ကောက်လှေကားမှ တစ်ဆင့်အပေါ်သို့

ပြေးတက်ခဲ့တော့သည်။


  

  မီးပြရန်ပြုလုပ်ထားသောအခန်းတွင်

မီးအိမ်ချိတ်ဆွဲသောနေရာတွင် ထိန်လင်းစွာ

လင်းနေသော မီးအိမ်တစ်ခုမှလွဲ၍ 

တခြားသော လူသူအရိပ်အယောင်ကို

မတွေ့မြင်ရချေ။ 


သက်ခိုင်မှာ မီးပြတိုက်

အပေါ်မှ သူပြေးလာရာဖက်သို့ ပြန်ကြည့်မိရာ နောက်မှလိုက်လာသူ မည်သူမျ ရှိမနေခြင်းကြောင့် ယခုမှသက်ပြင်းမောကြီးချရင်း မောပန်းလွန်းသောကြောင့်ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတော့၏ ။


    မျက်လုံးကမူ မီးပြတိုက်မှမီးအိမ်ကို

မော့ကြည့်၍ သွေးပူ၊ကြောက်လန့်နေစဉ်

မတွေးမိသောအကြောင်းအရာများကို တွေးမိလာတော့သည်။


     ယခုကဲ့သို့ လူသူမရှိသော အသူရကယ်ကျွန်းတွင်မည်သူကများ မီးပြတိုက်မှမီးကိုလာရောက်ထွန်းညှိထား

ထားသလဲ..အသေအချာတွေးတောကြည့်ပါ

အဖြေရှာမရသော ပဟေဠိမေးခွန်းများက သက်ခိုင်

ခေါင်းတွင်တစ်ခုခြင်းတန်းစီ၍ပေါ်လာနေတော့၏။


     ဖြစ်နိူင်လျင် သက်ခိုင်အနေဖြင့် ဒီကျွန်းတွင် တစက္ကန့်မျပင်မနေလိုတော့ပေ။


   သို့သော်လည်း ...


ယခုလို မှောင်နဲ့မည်းမည်း

အချိန်သူ့လှေရှိရာနေရာကို ပြန်ရှာရန်မလွယ်သလို တစ်ခြားသောလှေကြုံတစ်စီး စီးရန်အတွက်လည်း ဖြစ်နိူင်စရာအကြောင်းနည်းပါးလွန်းလှသည်။


 လူတိုင်းနေ့လည်နေ့ခင်းပင် ဖြတ်သန်းသွားလာခြင်း မပြုသော အသူရကယ်ကျွန်းကို ညအချိန် မည်သူကများ လာဝံ့မည်မဟုတ် ။ 


အကယ်၍ဖြတ်သန်းဖြတ်လာ လှေတွေ့သည်ဆိုစေဦး ၊ သက်ခိုင် လှမ်းခေါ်ပါက သရဲတစ္ဆေခေါ်သည်ထင်ပြီး

ကြောက်လန့်ရှောင်ကွင်းသွားမည်မှာသေချာနေသည်။ 


သက်ခိုင်တစ်ယောက်ခေါင်းတဗျင်းဗျင်း

ကုတ်လျက်အကြံရခက်စွာ အသူရကယ်ကျွန်းသို့ လာမိခြင်းအတွက်အကြီးအကျယ်ပင်နောင်တရနေမိတော့သည်။


    ယခုအတိုင်းဆိုလျင်မီးပြတိုက်မှာပင်

တစ်ညအိပ်လျက် မနက်မိုးလင်းမှ သူ့လှေရှိရာ ရှာဖွေ၍ ပြန်ရပေတော့မည်မှာ

သေချာနေ၏ ။


     သက်ခိုင်လည်း အမောအပန်းပြေပြီဖြစ်သောကြောင့် မတ်တတ်ရပ်လျက် ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေညှင်းအား

မျက်လုံးမှိတ်၍ခနခံယူလိုက်မှ သူ့စိတ်တွင်း

အနည်းငယ် သောကများ ကင်းဝေးသွားတော့၏ ။


     .....ဟင်.......


   သက်ခိုင်အံ့အြတကြီးဖြင့် မျက်လုံးများ

ဖွင့်လိုက်မိသည်။


      ထို့နောက်ပင်လယ်ပြင်သို့ အမှောင်အတွင်း ပြူးပြဲဖြင့်ကြည့်လိုက်မိ၏။


   အကြောင်းမှာသူ့နားအတွင်း လိူင်း၊လေများအသံနဲ့ရောထွေး၍ သင်္ဘောကြီးတစ်စင်း စက်သံကြားလိုက်ရသလို လူသံသူများကြားလိုက်ရခြင်းကြောင့်ပင်ဖြစ်သည်။


....ဟင်...သင်္ဘောတစ်စင်းပါလား.....


       သက်ခိုင် ပင်လယ်ပြင်အမှောင်အတွင်း

လှမ်းကြည့်နေစဉ် သူ့မျက်စိရှေ့အတွင်း

သင်္ဘောကြီးတစ်စင်း ရုတ်တစ်ရက်ပေါ်လာသည်။  မီးများလင်းထိန်စွာဖြင့် သူ့ရှိရာ ကမ်းဖက်သို့

တရွေ့ရွေ့လာနေသော သင်္ဘောကြီးကို သက်ခိုင်တစ်ယောက်စိတ်ဝင်တစားကြည့်နေမိသည်။


    ငါးဖမ်းသင်္ဘောကြီးတစ်စင်းဟု သက်ခိုင်

 အစပထမ ထင်မြင်နေမိသော်လည်း

တဖြည်းဖြည်း ကမ်းနဲ့နီးကပ်လာသောအခါ

သူအတွေးမှားကြောင်းသိလိုက်ရတော့၏ ။


     သင်္ဘောကြီးမှာ သူမြင်ဖူးသော သင်္ဘော

များနဲ့ကွဲလွဲနေကြောင်းလည်းသတိပြုလိုက်မိသည်။ 


သက်ခိုင်မြင်ရသော

သင်္ဘောမှာ.....

      သင်္ဘောဦးခေါင်းပိုင်းမှာ ငါးမန်းကြီးတစ်ကောင်ပါးစပ်ကြီးဖြဲရေပြင်ကိုထိုးခွဲ၍ ပါးစပ်အောက်ပိုင်းမှာရေထဲမြုတ်နေရာ

ရေသတ္တဝါများကို လိုက်ဖမ်းစားနေသည်နဲ့

တူနေ၏ ။


   ထိုငါးမန်းခေါင်းကြီးတစ်လျောက်တွင်လည်း

မည်သည့်အရာမှန်း သက်ခိုင်(မမြင်ဖူးသော)

အစိမ်းရောင်သန်းနေသောအလင်းမူန်

လေးများကပ်ညှိနေသောကြောင့် ထိုအလင်းမူန်များမှစုပေါင်းထွက်လာသော

အလင်းက မီးထွန်းထားသကဲ့သို့ရှိနေ၏ ။


    သင်္ဘောပေါ်တွင်မူ  ရွက်တိုင်ကြီးအောက်တွင် မီးရောင်ဖြင့်အလုပ်ရူတ်နေကြသော သင်္ဘော သားများကို တွေ့မြင်နေရသလို၊ အလုပ်သမားခေါင်းဆောင်(ရေရူ)၏ဆဲဆို

ကြိမ်းမောင်းသံများကိုလည်း ကြားနေရပြန်သည်။


        သင်္ဘောကြီးမှာ သက်ခိုင် ရှိနေရာ

မီးပြတိုက်နဲ့ ခပ်လှမ်းလှမ်းရေပြင်တွင်ရပ်တန့်သွားသည်ကိုတွေ့လိုက်ရပြီးလျင် သင်္ဘောကြီးပေါ်မှ

လှေငယ်များကျဆင်းလာပြီးလျင် သင်္ဘော

သားများမှာ လူနှစ်ယောက်ထမ်းမျခန့်လေးလံသော သေတ္တာကြီးများကို သင်္ဘောပေါ်မှ မြစ်ထဲသို့

လိူင်းလေများကြားတွင်ပစ်ချနေကြတော့သည်။


     သက်ခိုင် သင်္ဘောကြီးပေါ်မှ မြင်ကွင်းကို

အစအဆုံးလိုက်ကြည့်၍ စိတ်ဝင်စားမိသလို

အံ့အြသင့်မိရတော့၏ ။


    ယခုလို လူသူမနီးကျွန်းတစ်ကျွန်းအနီး

ပင်လယ်ပြင်တွင် ညအချိန်မတော် လျို့ဝှက်လူပ်ရှားနေကြခြင်းမှာမည်သည့်

အကြောင်းအခြင်းကြောင့်ဆိုသည်ကိုတွေးမရပေ။


    ထိုအချိန်မှာပင်...။


 နောက်ထပ် သင်္ဘော

တစ်စီးမှာ ပထမသင်္ဘော ရပ်နေသောနေရာသို့အရှိန်ဖြင့်မောင်းနှင်လာသည်ကိုသက်ခိုင်

တွေ့လိုက်ရပြန်သည်။


    ....ဒိန်း....ဒိန်း....ဝုန်း....ဝုန်း......ဝုန်း....


ပတ်ဝန်းကျင်မှာငရဲပွက်သံအလားဆူညံ့သွားတော့၏ ။ 


အကြောင်းမှာ နောက်မှရောက်လာသော သင်္ဘောမှ ပထမသင်္ဘောအား အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သောကြောင့်ပင်ဖြစ်သည်။


     ပထမသင်္ဘောသားများမှာ ရုတ်တရက်

ရောက်လာကာပစ်ခတ်လိုက်သော သင်္ဘော

ကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကာ အော်ဟစ်သံ၊

များဆူညံသွားကြပြီး သင်္ဘောကိုယ်ထည်ဘေးမှအမြှောက်များဖြင့်ပြန်လှန် ပစ်ခတ်ကြသည်။


     သင်္ဘောနှစ်စီးမှာ အမြှောက်များဖြင့်

အပြန်အလှန်ပစ်ခတ်ကြသောကြောင့်

သဘေ်ာကိုယ် ပျဉ်ချပ်များပေါက်ထွက်ကုန်၍ သင်္ဘောမှာပင်လယ်ပြင်တွင်းလူးလှိမ့်နေတော့သည်။ 


သင်္ဘောသားများမှာလည်းဇကောထဲတွင်

ဇီးဖြူသီးထည့်လှိမ့်သကဲ့သို့ ဟိုဒီယိုင်ထိုးလျက်

ရှိနေကြသည်။ 


တချို့မှာ သင်္ဘောပေါ်ကျလာသောအမြှောက်ဆံများ

ထိမှန်လွင့်စင်၍ ပင်လယ်ပြင်အတွင်းပြုတ်ကျ ကုန်ကြတော့၏ ။


ဒုတိယလာလာသောသင်္ဘောမှာ ပထမရောက်

နေသော သင်္ဘောနဲ့

 အလွန်နီးကပ်လာသော အခါ တစ်စီးနဲ့တစ်စီး သေနတ်များဖြင့် ပစ်ခတ်ကြသလို တစ်စီးပေါ်တစ်စီး ကြိုးများပစ်၍ တွဲလွဲခို ခုန်တက်ကြပြီး

ဓားများအသုံးပြု၍ တိုက်ခိုက်နေကြသော

မြင်ကွင်းကို သက်ခိုင်မှာ အံ့အြတကြီးဖြင့်

ငေးကြည့်နေမိလျက်ဖြင့်ရှိနေပါသည်။


  နာကျင်စွာအော်ဟစ်သံ၊ ကြုံးဝါးအော်ဟစ်သံ၊ အမြှောက်သံ၊သေနတ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့လျက်ရှိနေ၏။


    သင်္ဘောနှစ်စီးမှာ အခြေအနေမဟန်

တော့ပေ။ အမြှောက်ဆံများထိမှန်ခြင်းကြောင့် ကိုယ်ထည်ပျဉ်ချပ်များ ပေါက်ထွက်သော

အပေါက်များမှ ရေတရဟောဝင်လျက်ရှိနေကာ တအိအိဖြင့်နစ်မြုတ်နေလျက်ရှိနေတော့သည်။


     မကြာမှီ အချိန်အတွင်းမှာပင်သင်္ဘောနှစ်စီးလုံးရေအောက်သို့ နစ်မြုတ်သွားသည်ကို သက်ခိုင်

တွေ့လိုက်ရတော့သည်။


   မည်သူရှင်သည်၊သေသည်ကို သက်ခိုင်မသိ ပတ်ဝန်းကျင်တစ်ခုလုံးအသံများတိတ်၍

မဲမှောင်သွားကာလိူင်းပုတ်သံများကိုသာကြားနေရလျက်ရှိနေတော့သည်။


    သက်ခိုင်တစ်ယောက်မူကာ သင်္ဘော နှစ်စီးတိုက်ပွဲမှာ မည်သည့်အကြောင်းကြောင့် တိုက်ခိုက်နေကြခြင်းကို နားမလည်နိူင်စွာ

ရှိနေ၏ ။


      ....ဟာ...သင်္ဘောကြီးပြန်ပေါ်လာပါလား....

.

..နောက်တစီးလည်းပြန်ပေါ်လာပြန်ပြီ...


..ဒါ..ဒါ..ငါအမြင်မှားတာလား...အို..ငါ..


အမြင်မှားစရာမရှိပါဘူးလေ...ငါရှေ့မှာပဲ


သင်္ဘောနှစ်စီးလုံးမြုတ်သွားကြတာ.. ဒါဆို


ဘာလို့ပြန်ပေါ်လာကြတာလဲ......


        သက်ခိုင်အံ့အြသင့်ခြင်းများဆိုဖွယ်ရာမရှိပေ။


   တိုက်ခိုက်၍ နစ်မြုတ်သွားသော သင်္ဘော

နှစ်စီးမှာ ရေပြင်ပေါ်သို့ ဘွားခနဲ ရှေ့ဆင့်နောက်ဆင့်ပေါ်လာပြီး မီးရောင်ထိန်ထိန်ဖြင့် သင်္ဘော သားများမှာလည်း ပုံမှန်အတိုင်းလူပ်ရှားနေကြလျက် ပင်လယ်ပြင်သို့ သင်္ဘော ကြီးများခုတ်မောင်းသွားသည့်မြင်ကွင်းကို သက်ခိုင်တွေ့လိုက်ရခြင်းကြောင့် မယုံကြည်နိူင်စွာ

ဖြစ်နေရတော့၏ ။


   သင်္ဘောနှစ်စီးလုံး မီးရောင်များ ဝေး၍ဝေး၍သွားကာ မြင်ကွင်းတွင် အမှောင်ထု ဖုံးလွမ်းသွားချိန်ထိ သူ့မြင်ရသော မြင်ကွင်းကို မယုံကြည်နိူင်ဖြစ်နေသူ သက်ခိုင်တစ်ယောက်အံ့အြမူနဲ့အတူ

မယုံကြည်နိူင်စရာဖြစ်ခြင်းများနဲ့ စိတ်ဝင်စားမူများ သက်ခိုင်စိတ်တွင်းရောယှက်၍တလှည့်စီဖြစ်ပေါ်

နေစဉ်

မီးရောင်ငယ်တစ်ခုမှာ ပင်လယ်အတွင်းမှ

တရွေ့ရွေ့ဖြင့် ရွေ့လျားလာနေသည်ကို

စိတ်ဝင်စားဖွယ်တွေ့လိုက်ရပြန်တော့၏ ။


    မီးရောင်မှာ မီးပြတိုက်နဲ့ တရွေ့ရွေ့နီးကပ်

လာသောအခါ

    ငါးဖမ်းလှေငယ်တစ်စီးမှ ထွက်ပေါ်လာသော မီးရောင်ဖြစ်မှန်းသိလိုက်ရတော့သည်။

       လှေငယ်သည်မီးပြတိုက်ဘေးကျောက်ဆောင်ကမ်းစပ်ဘေးတွင်ရပ်တန့်သွား၏ ။


    " ...ဗျို့....မီးပြတိုက်ပေါ်က မိတ်ဆွေ

ခင်များပြန်ရခက်နေတယ်မလား


   ကျုပ်တို့လှေနဲ့ ခင်များရွာကို လှေကြုံ

လိုက်နိူင်ပါတယ်.... "


   „ ဟင်...ငါဒီမှာရှိနေတာ ဘယ်သူကများသိနေတာလဲ ငါ့အသိထဲကလူတွေများလား..."


     လှေပေါ်မှဖိတ်ခေါ်သံကြားလိုက်ရသော

ကြောင့်သက်ခိုင် တစ်ယောက် ဇဝေဇဝါ

ဖြစ်သွားရမိသည်။ 


သက်ခိုင် အသူရကယ်ကျွန်းသို့ လာရောက်ခြင်းကို

မည်သူ့ကိုမျ မပြောပြမိပေ။

 

     သို့ရာတွင်....။


 လှေသမားက သူရှိရာနေရာ

အတိအကျသိကာ လှေကြုံလိုက်ရန်ဖိတ်ခေါ်နေ၏ ။


 ယခုလိုညကြီး

အချိန်မတော် အသူရကယ်ကျွန်းသို့ လာရောက်ကြသူများမှာ လူလား၊ သို့မဟုတ်၊ တစ်ခြားသော ပရလောကသားများလားဟူသော အတွေးဝင်လာမိပြန်၏ ။


 ဖြစ်နိူင်လျင်

ယခုကျွန်းတွင် သက်ခိုင် တစက္ကန့်မျပင်မနေ

 ပြန်လိုနေသောကြောင့်

လှကြုံလိုက်သင့်၊မလိုက်သင့် သက်ခိုင် တွေးနေစဉ်မှာပင်......။


"  ဗျို့...မိတ်ဆွေ ကျုပ်တို့က ခင်များကို

အန္တရယ်ပြုဖို့ လာကြတာမဟုတ်ပါဘူး...


ကူညီဖို့လာကြတာ ခင်ဗျား မလိုက်ရင်

နေခဲ့တော့....."


” ...ဟာ...နေ...နေအုံး....ကျုပ်လိုက်ခဲ့ပါ့မယ်.....ခနစောင့်ပါအုံး.....”


   လှေသမားဒုတိယအကြိမ်ဖိတ်ခေါ်ခြင်းကို

သက်ခိုင်တစ်ယောက်မငြင်းဆန်နိူင်တော့ပဲ

လှေကြုံလိုက်ပါရန်လက်ခံလိုက်တော့သည်။


    မီးပြတိုက်ပေါ်မှဆင်း၍ကမ်းခြေ လှေရပ်နားရာနေရာသို့ ရောက်သောအခါ

လှေမှာ ပေါင်းမိုးတပ်လှေငယ်တစ်စီးဖြစ်ပြီး

မီးရောင်မှာထိုပေါင်းမိုးအောက်မှထွက်နေခြင်းပင်ဖြစ်၏ ။


လှေသမားကိုအကဲခတ်ကြည့်မိရာတွင် ခမောက်ခပ်ငိုက်ငိုက်ဆောင်းလျက်ဖြင့်ရှိနေခြင်း

အတွက်မျက်နှာကိုမတွေ့ရပေ။


    သက်ခိုင်လည်းဘာမှစဉ်းစားမနေပဲ 

လှေပေါ်တက်လိုက်ပြီး ပေါင်းမိုးအောက်ငုံ

ဝင်လိုက်ရာ............။


"......ဟင်........"


      သူထင်သလို လှေတွင်လှေသမားတစ်ယောက်တည်းမဟုတ်ပဲ သူနဲ့သက်တူရွယ်တူ မိန်းခလေးတစ်ယောက်ပါ လှေပေါင်းမိုးအောက်တွင်ရှိနေသည်ကိုတွေ့လိုက်ရခြင်းကြောင့် အံ့အြကြောင်ငေးသွားရမိတော့၏။


     ဖြူဖွေးသော အသားအရေ ချောမောလှပသော မျက်နှာသွင်ပြင်ရှိသော

မိန်းမပျိုတစ်ယောက်မှာသက်ခိုင်အားလှပစွာပြုံး

ပြပြီးတဆက်တည်း..။ 


”....လာလေ.. အစ်ကို.. ထိုင်ပါ အစ်ကို့ ရွာကို

လိုက်ပို့ပေးပါ့မယ်...”


...ဟုတ်...ဟုတ်ကဲ့... .


     သက်ခိုင်လည်းလှေပေါင်းမိုးအောက်မိန်းခလေးနဲ့ မျက်နှာခြင်းဆိုင်အနေအထားဖြင့်ဝင်ထိုင်လိုက်တော့၏ ။


    လှေသမားမှာ သက်ခိုင်လှေပေါ်ရောက်သောအခါ လှေကို 

လှော်ခတ်ကာ ကမ်းမှခွာနေပြီဖြစ်သည်။


လှေငယ်လိူင်းလုံးများကြားနိမ့်လိုက်မြင့်လိုက်ဖြင့်

ပင်လယ်ပြင်သို့ဖြတ်နေပြီဖြစ်၏ ။


လှေမှာ ငါးဖမ်းလှေအဖြစ်အသုံးပြုသောကြောင့်လားမဆိုနိူင် ညှီစို့စို့အနံ့များကို သက်ခိုင်ရူရိူက်နေရမိ၏။


    လှေအတွင်းတစ်ယောက်နဲ့တယောက်စကား

မဆိုဖြစ်ကြပဲခတ္တခန နူတ်ဆိတ်နေကြချိန်

သက်ခိုင် မိန်းခလေးအား မသိမသာခိုး၍

အကဲခတ်ကြည့်မိနေသည်။ 


မိန်းခလေးမှာယခုမှရေထဲမှတက်လာသူလိုတစ်ကိုယ်လုံးရေများ ရွဲရွဲစိုလျက်ဖြင့်ရှိနေသည်။


  ဖျံအရေကဲ့  အနက်ရောင်သားရေ အကျီထမီအောက်မှ ရုန်းထွက်နေသောအလှတရားများ။


 ရေစက်များဖြင့် တွဲလွဲခိုကာ အချောင်းလိုက်ပူးကပ်၍ကပိုကရိုကျနေသောဆံနွယ်ရှည်များကြားမှာ ဖြူဖွေးနုဖတ်နေသော မျက်နှာလှလှလေးမှာတမျိုးတဖုံကြည့်ကောင်းနေလျက်ရှိ၏ ။


      ”  ...ဒါနဲ့ အစ်ကို ဒီကျွန်းကို အစ်ကို

ဘယ်လိုရောက်လာတာလဲ.....”


”....ဗျာ..ဟို...ဟို...ငါးဖမ်းထွက်လာရင်း

ရောက်လာတာပါ....”


   သက်ခိုင်မှာမိန်းခလေးကိုခိုးကြည့်နေစဉ် မိန်းခလေးထံမှစကားသံထွက်လာသောကြောင့် သူခိုးလူမိဖြစ်ကာ သက်ခိုင်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့်စကားအယောင်ယောင်မှားမှားဖြစ်ကုန်ရတော့၏ ။


    ” ..အစ်ကိုက ဒီကျွန်းအကြောင်းမသိလို့လား ဒါမှမဟုတ်

သီရက်နဲ့ တမင်လာတာလား....”


”....လူပြောသူပြောနဲ့ ဒီအသူရကယ်ကျွန်းအကြောင်းကြား

ဖူးပါတယ်


 ညီမရယ် အစ်ကိုလည်းစိတ်ထဲ

သိပ်အယုံအကြည်မရှိတာနဲ့ ငါးရှာထွက်လာခဲ့တာ 


အခုတော့ ဘဝမှာ

တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်တွေကြုံရပြီး လူလည်းကံကောင်းလို့သာ မသေတာပြောရမယ်.......”


”....ဒါနဲ့ ဘယ်လိုအကြောင်းအရာမျိုးတွေ

ကြုံခဲ့ရတာလဲ ပြောပြပါအုံး အစ်ကို....”


  သက်ခိုင်တစ်ယောက် သူငါးဖမ်းထွက်လာခြင်းမှစ၍ မီးပြတိုက်မှ

ယခုလှေပေါ်ရောက်သည်အထိကြုံရသမျ

အကြောင်းကို မိန်းခလေးအား မချွင်းမချန်

ပြောပြလိုက်၏ ။


    မိန်းခလေးမှာ သက်ခိုင်ပြောစကားကို

စိတ်ဝင်စား အဆုံးအထိဘာမျ မပြောပဲနားထောင်နေလျက်ရှိပြီး သက်ခိုင်

သူ့အကြောင်းပြောပြီးချိန်စကားရပ်လိုက်မှ

စကားပြောလာသည်။


”...တကယ်က အစ်ကို ဒီကျွန်းကို မလာခဲ့သင့်ဘူး..ဒီကျွန်းမှာ မကျွတ်လွတ်တဲ့

ပရလောကသားဝိညဉ်တွေအပြင်


ဒီကျွန်းအနီးရေပြင်မှာလည်းရှေးကတည်းကဥစ္စာပစ္စည်းအစွဲအလန်းကြောင့်ခုထိမကျွတ်လွတ်သေးတဲ့ ပရလောကသားတွေရှိနေသေးတယ်


အစောနက အစ်ကို မြင်လိုက်ရတဲ့ 

သင်္ဘောနှစ်စီးလိုမျိုးပေါ့....”


”....ဟုတ်တယ် အတော်ထူးဆန်းတဲ့ 

သင်္ဘောတွေပဲ ညီမ...”


.”..ထူးဆန်းဆို အဲတာတွေက တစ္ဆေသင်္ဘော

တွေပဲလေ...”


”...ဟင်..တစ္ဆေသင်္ဘောတွေ ဟုတ်လား...”


”....အစ်ကိုတို့ရွာ ကမ်းစပ်ရောက်ပြီ အစ်ကို....”


   မိန်းခလေးအားသင်္ဘောအကြောင်းမေးမြန်းရန်ပြုနေစဉ်မှာပင် ရွာကမ်းစပ်သို့ရောက်ပြီဟု မိန်းခလေးပြောလာသောကြောင့် လှမ်းကြည့်လိုက်ရာ မီးရောင်မှိမှိန်ဖြင့်မြင်ရသော်လည်း အဖန်ဖန်အထပ်ထပ်သွားလာဖူးသောကြောင့်သူ့ရွာကမ်းစပ်မှန်း သက်ခိုင်သိလိုက်ရသလို၊သူ့စိတ်အတွင်းတခနမျသာကြာသေးချိန်၊ရွာကမ်း

ခြေသို့ရောက်နေခြင်းကိုအံ့အြသင့်စိတ်ဖြစ်မိရပြန်၏။


”...အခုလို လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် ညီမ၊အစ်ကိုနာမည် သက်ခိုင်ပါ 


 ညီမတို့ကရော ဘယ်ရွာကလဲ 

နောက်များလမ်းကြုံရင် ဝင်လည်ပါလို့

ဖိတ်ခေါ်ပါရစေ...”


”....ညီမတို့က ဒီပင်လယ်ကျွန်းတွေထဲက ကျွန်းတစ်ကျွန်းမှာနေပါတယ်


  နောက်များ ကံမကုံရင်ပြန်ဆုံကြတာပေါ့

အစ်ကို .တစ်ခုတော့မှာချင်တယ်


အသူရကယ်ကျွန်းဖက်နောက်နောင်မလာ

မိပါစေနဲ့ အစ်ကို အန္တရှိလို့တားရတာပါ...


 သွားပြီ.. အစ်ကို. .”


   သက်ခိုင်ကို ကမ်းစပ်တွင်ချထားပြီးလှေငယ်လေးမှာ မီးရောင်မှိတ်တုတ်မှိတ်တုတ်ဖြင့်ပင်လယ်ပြင်အတွင်းထွက်ခွာသွားခဲ့ပြီဖြစ်သည်။


သက်ခိုင်တစ်ယောက်ပင်လယ်ပြင်အတွင်း

သွားနေသောလှေငယ်ကိုလှမ်းကြည့်နေရင်း

 မီးရောင်ပျောက်သွားသောအခါမှ သက်ခိုင်တစ်ယောက် ရွာဖက်သို့လှည့်လာရင်း မိန်းခလေးနာမည်အား မမေးမြန်းမိခြင်းကို

နောင်တရနေမိသည်။ 


တကြိမ်တခါတွေ့ရသည်ဆိုသော်လည်း သူမပုံရိပ်မှာ သက်ခိုင်စိတ်အတွင်း တသက်လုံးမေ့၍ရနိူင်တော့မည်မဟုတ်တော့ပေ။


သက်ခိုင် အိမ်ရောက်သောအခါ စိုးရိမ်တကြီးဖြင့်

မအိပ်သေးပဲ စောင့်နေသောမိဘများကို

ကျွန်းတစ်ကျွန်းသို့တက်၍လျောက်ကြည့်နေစဉ်လှေခိုးခံလိုက်ရ၍ ယခုမှ လှေကြုံဖြင့်

လိုက်လာရကြောင်းစိတ်မပူစေရန်ပြောပြရတော့၏။


   နောက်ရက်များတွင် သက်ခိုင်တစ်ယောက်

ငါးဖမ်းမထွက်နိူင်ဖြစ်နေသည်။


    အကြောင်းမှာ ပင်လယ်အတွင်းငါးဖမ်းသော သူ့လှေ အသူရကယ်ကျွန်းတွင်ကျန်နေရစ်ခဲ့သော

ကြောင့်ဖြစ်၏ ။


    ထို့ကြောင့် လှေတစ်စီးရုတ်တရက်

မဝယ်ယူနိူင် ၊ မပြုလုပ်နိူင်သောကြောင့် အခက်

တွေ့နေရခြင်းဖြစ်သည်။


     အိမ်စားသောက်ရေးသည်လည်း သက်ခိုင်အား မှီခိုနေကြရသောကြောင့်

ရှိသမျစားသောက်ရင်း ကုန်တော့မည်၊နောက်ထပ်ရက်အနည်းငယ်

အတွင်းငါးဖမ်းမထွက်နိူင်ပါက စားသောက်ရေး 

အခက်တွေ့ရတော့မည်ဖြစ်၏ ။


ထိုအရေးတွေးရင်းသက်ခိုင်ခေါင်းခဲနေရတော့၏။


    လှေတစ်စီးရရေးအတွက် သက်ခိုင် မှာငွေကြေးမတတ်နိူင်သောကြောင့် သူငယ်ချင်း မိုးအောင်ကိုအဖော်ညှိ၍တစ်ခြားကျွန်းတစ်ကျွန်း

တွင်သစ်ပင်ကြီးတစ်ပင်ရှာ၍ လှေထွင်းကြရန်

အဖော်ညှိထား၏ ။


   မိုးအောင်မှာလည်း မိသားစုဝမ်းရေး အလုပ်တစ်ဖက်နဲ့မို့ မိုးအောင် အားမည့်ရက်ကို စောင့်ဆိုင်းနေရသောသက်ခိုင်အတွက် ထိုနေ့ရက်များမှာ ပျင်းရိငြီးငွေ့စရာ ကောင်းလွန်း

နေတော့၏ ။


တပူရှိနေ၍စိတ်ညစ်နေရချိန်တပူပေါ်နောက်တပူ

ထပ်ဆင့်သောကိစ္စပေါ်ပေါက်လာပြန်၏ ။


     ထိုအတောအတွင်း မိခင်ကြီးမှာ

ကျန်းမာရေးချို့တဲ့လာသောကြောင့် မိခင်ကြီးကို မြို့တက်၍ ဆေးရုံဆေးခန်းပြရန် ငွေကြေးအပူတပြင်းလိုလာပြန်တော့သည်။


သက်ခိုင်တယောက်မိခင်ကြီးဆေးဖိုးငွေကြေးအတွက်ကြံရာမရဖြစ်ကာ စိတ်မချမ်းမသာဖြစ်နေရ

တော့၏ ။


     တစ်ခုသောနံနက်ခင်းအချိန်...။


ပင်လယ်ကျွန်းစုရွာငယ်လေးတစ်ရွာမှဆိပ်ကမ်းတွင် ခလေး၊လူကြီး အရွယ်စုံ ကမ်းခြေပြည့် ရွာလုံးကျွတ်မျ ကြိတ်ကြိတ်တိုးလျက်ရှိနေသည်။


          ကမ်းစပ်မနီးမဝေးရေနက်ပိုင်းတွင်

သင်္ဘောကြီးတစ်စင်း ကျောက်ချရပ်နားလျက် သင်္ဘောမှ လှေငယ်များဖြင့် မြို့မှမြို့သားများရွာသို့

ရောက်လာကြခြင်းကိုရွာသားများဝိုင်းကြည့်နေကြခြင်းဖြစ်သည်။


   သင်္ဘောပေါ်မှ မြို့သားများမှာ ရွာသားများကို အဝတ်အထည်များ။ မုန့်ပဲသရေစာများဝေငှ၍ မိတ်ဖွဲ့ကြသောကြောင့်ရွာသားများမှာ အထူးဝမ်းသာပျော်မြူးနေကြတော့၏ ။


   ထိုပစ္စည်းမျိုးမှာ သူတို့အတွက်အထူးပင်

အသုံးတည့်သောကြောင့်လည်းပျော်ရွင်

နေကြခြင်းလည်းဖြစ်သည်။ 


မြို့ရွာများသို့အကြောင်းထူးကိစ္စမရှိပဲ သွားလာကြခြင်းမရှိသောရွာသားများမှာ

မြို့မှလာသော နို့ဆီ ၊ ဘီစကစ်များ၊မီးထွန်းညှိရန်ရေနံများကိုအဖိုးတန်ဟု သတ်မှတ်ကြခြင်းဖြစ်ကာအလွန်တန်ဖိုးထားကြ၏။


     မြို့သားများမှာရွာလူကြီးအိမ်တွင်စတည်းချတည်း

ခိုကြ၏။


    မြို့သားများမှာ ညဖက်အထိမအိပ်စက်နိူင်ကြပဲ တစ်စုံတစ်ခုကိုတီးတိုးတိုင်ပင်လျက်ရှိနေကြသည်။ 


        ထို့နောက်သူတို့လာရင်းကိစ္စအား 

ရွာလူကြီးကို ဖွင့်ပြောအကူအညီတောင်းလာ၏ ။


.....ဒူ..........ဒူ.........ဒူ......ဒူ............


     ရွာလူကြီးအိမ်မှ မောင်းသံကြောင့်ရွာသားများမှာ လုပ်လက်စ

အလုပ်များကို ရပ်နား၍ ရွာလူကြီးအိမ်သို့ထွက်ခွာလာခဲ့ကြသည်။


      အရေးအကြောင်းကိစ္စကြီးငယ်ရှိပါက

ရွာလူကြီးအိမ်တွင် မောင်းထု၍စုဝေးတတ်ကြသော အစဉ်အလာရှိသောကြောင့်မောင်းသံကြားသည်

နဲ့သူကြီးအိမ်တွင်စုဝေးကြသည်မှအစဉ်အလာ

ဖြစ်နေ၏ ။


    ရွာသားများစုံသောအခါ ရွာလူကြီးမှ

အင်မတန်ထူးဆန်းသောစကားအားဆိုလာတော့

သည်။ 


ရွာလူကြီးပြောကြားချက်မှာအောက်ပါအတိုင်း

ဖြစ်ပါတော့၏ ။


”....ရွာသူရွာသားများအားလုံးသေချာနားထောင်ပေးကြစေလိုပါတယ်


   အခုမြို့က ရောက်လာတဲ့ မြို့သားတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ရေအောက်ကိုနစ်မြုတ်ပျောက်ကွယ်သွားတဲ့


သင်္ဘောပျက်ကြီးတစ်စီးကို လာရောက်ရှာဖွေကြတဲ့ သမိုင်းပညာရှင်တွေပဲဖြစ်ကြပါတယ်...


သူတို့ရရှိထားတဲ့ မြေပုံအရဆိုရင် သင်္ဘောပျက်ဟာ ကျုပ်တို့ရွာနဲ့ သိပ်မဝေးတဲ့

ကျွန်းတစ်ခုအနီးမှာလို့. သိရပါတယ်...


နေရာကိုအတိအကျမညွန်ပြနိူင်ပေမယ့် 

ဒီနေရာဟာ ရှေးယခင်က သချိုင်းကျွန်း

(ယခုအသူရကယ်ကျွန်း)နေရာအနီးတစ်ဝိုက်

မှာလို့ မြို့သားဆရာကြီးပြောပြချက်အရ

ကျုပ်မှန်းဆရမိပါတယ်.


.ဒီအတွက်သင်္ဘောပျက်ရှာဖွေရေးမှာ ကျုပ်တို့ရွာက ရွာသားတွေထဲက ရေကူး၊ရေငုတ် ၊ ကျွမ်းကျင်သူတွေကို အခကြေးငွေပေးငှါးရမ်းပြီး ဆရာကြီးကခေါ်သွားချင်လို့ပါတဲ့ လိုက်မယ့်လူတွေ ရှိရင်တခါတည်းစာရင်းပေးသွင်းနိူင်ပါတယ်....”


...အလိုလေးလေး....အသူရကယ်ကျွန်း..


...အဲဒီလောက်အခြောက်အလှန့်ကြမ်းတဲ့နေရာကို ဘယ်လောက်ရရ မသွားရဲပါဘူး....


...ဟုတ်တယ်ဗျ အသံကြားရုံတင်

ကြောက်လို့...


.......ရှိတာလေးနဲ့ပဲစားပါတော့မယ် အသူရကယ်ကျွန်းနဲ့တော့ ဝေးဝေးမှာနေပါရစေ.....


   အသူရကယ်ကျွန်းနာမည်ကြားသည်နဲ့

ရွာသားများတစ်ယောက်တစ်ပေါက်တီးတိုးပြောဆိုသံများထွက်လာ၏ ။


 အားလုံးမှာငွေကြေးဘယ်လောက်ပင်ရပါစေ၊

အသူရကယ်ကျွန်းသို့

လိုက်မည်မဟုတ်မှန်း ရွာလူကြီးမှ သိသော်လည်း မြို့သားဧည့်သည်များကိုအားနာ၍လူခေါ်ရခြင်း

ဖြစ်၏။


     ယခုကားရွာလူကြီးခြံဝိုင်းအတွင်း

ရွာသားများတစ်ယောက်မျမရှိတော့ပဲ အလျိုလျို ပြန်ကုန်ကြပြီဖြစ်သည်။ 


       မြို့သားများထဲမှ ခေါင်းဆောင်အဖြစ်ဦးဆောင်၍လာသော

ယခုခရီးစဉ်ကို စီစဉ်သူအမည်မှာ ဒေါက်တာ

ဖုန်းမြတ်ကျော် ဟူသောအသက်လေးဆယ်အရွယ် ဥပဓိရုပ်ကောင်းကောင်းအရပ်ရှည်ရှည်လူပင်ဖြစ်သည်။ 


စူးရဲသော

သူ့မျက်လုံးများမှာ မည်သည့်ကိစ္စမျိုးကိုမဆို အလွယ်ကူ လက်မလျော့တတ်သူဖြစ်မှန်း မျက်လုံးများက သက်သေခံလျက်ရှိနေသည်။


  " ဆရာကြီးရယ် စိတ်မကောင်းပါဘူး

အဲဒီနေရာအနီးတဝိုက်ကို ကျုပ်တို့ရွာသားတွေတင်မဟုတ်ပါဘူး

အနီးအပါးကျွန်းက ရွာသားတွေလည်း

မသွားရဲကြပါဘူး...အားနာလိုက်တာဗျာ..."


" ရပါတယ် ကျွန်းလူကြီးရယ် ကျွန်တော်ကို

အဲဒီကျွန်းနေရာကိုသာလိုက်ပြပေးကြပါ

ကျန်တာ ကျွန်တော်ကြည့်စီစဉ်ပါ့မယ်...”


    ဒေါက်တာ ဖုန်းမြတ်ကျော် တို့လူစုနောက်မည်သူမျ လိုက်မည့်သူမရှိဟု

ရွာသားများထင်မှတ်နေကြစဉ် ညနေစောင်း

မှောင်ရီဖြိုးဖျအချိန်......။


.. .ရွာလူကြီး....ရွာလူကြီး......


”....ဟေ..ဘယ်သူလဲကွ... ..သက်ခိုင်ပါလား..ဘာကိစ္စရှိလို့လဲ...”


”....ကျုပ်မြို့သားတွေပြောတဲ့အလုပ်

လုပ်ချင်လို့...”


.”...ဟေ..လာလာ...အိမ်ပေါ်တက်ခဲ့.....”


သက်ခိုင်အိမ်ပေါ်ရောက်သောအခါ မြေပုံကြီးတစ်ချပ်ကို အောက်လင်းမီးရှေ့ချ၍ ကြည့်ရူနေသောဥပဓိရုပ်ကောင်းကောင်း လူကြီးတစ်ယောက်အားတွေ့လိုက်ရသည်။


”...ဆရာကြီး သက်ခိုင်က ဆရာကြီးတို့နဲ့

လိုက်မယ် ပြောနေလို့.....”


အောက်မှစကားပြောခန်းများမှာဆရာကြီးဆိုသော ဖုန်းမြတ်ကျော် နဲ့သက်ခိုင်တို့ အပြန်အလှန်ပြောဆိုကြခြင်းဖြစ်သည်။


”... ...နာမည် သက်ခိုင်နော် .....”


”....ဟုတ်ဆရာကြီး ကျွန်တော်

နာမည် သက်ခိုင်ပါ...”


.”...သဘက်ခါလောက်ခရီးထွက်ဖို့ရှိတယ်

အထုတ်အပိုးအဆင်သင့် ပြင်ထားပေါ့...”


” .....ဟို..ဆရာကြီး ကျွန်တော် တစ်ခုပြောချင်လို့....”


.”..ဘာလဲ မောင်သက်ခိုင်....”


”...ကျွန်တော် ဒီခရီးကို လိုက်ဖို့ရွေးချယ်ရခြင်း အကြောင်းက

ကျွန်တော့်အမေ အသည်းအသန်ဖြစ်နေတာ

ဆေးကုချင်လို့ ငွေအရေးပေါ်လိုနေလို့ပါ..."


" အော်.... ဆရာနားလည်ပြီ မောင်သက်ခိုင် 

   မောင်ရင့်အမေ အတွက် ဘာမှစိတ်မပူနဲ့တော့ လိုအပ်တဲ့ဆေးဝါးအပြည့်အစုံနဲ့ ဆရာကြီး

မနက်ဖြန်လာကြည့်ပေးမယ်..

မောင်သက်ခိုင် ခရီးထွက်နေတုန်း နောက်ဆံမတင်းရအောင် စားသောက်ဖို့လည်း ငွေကြိုတင်ထုတ်ပေးခဲ့ပါမယ် စိတ်အေးအေးထားပေတော့..... "


" ဟာ....ဝမ်းသာလိုက်တာဆရာကြီးရယ်

ကျေးဇူးလည်းတင်ပါတယ်..."


သူကြီးအိမ်မှပြန်လာရာလမ်းတလျောက်သက်ခိုင်ခြေလှမ်းများပေါ့ပါးသွက်လက်နေသည်။ 


သဘောကောင်းလွန်းလှသောဆရာကြီးအားလည်းစိတ်အတွင်းကျေးဇူးအထပ်ထပ်တင်နေမိသည်။


   သူ့အမေအတွက်လိုအပ်သောဆေးဖိုး

အတွက် ထိတ်လန့်ကြောက်လန့်မူ ရောပြွန်းသော ခရီးတစ်ခုအား ရွေးချယ်မူ

အတွက် သက်ခိုင် နောင်တရစရာအကြောင်း

မရှိပေ။


 သက်ခိုင်စိတ်များပေါ့ပါးလတ်ဆတ်လျက်ရှိနေ၏။


   👻👻👻👻👻👻👻👻👻👻👻👻


ဆက်ရန်

............


rate now: