book

Index 2

အပိုင်း(၂)

☠☠အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ☠☠


🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃


   ။ကျွန်းပေါ်မှနာနာဘာဝများနဲ့ကြုံတွေ့ရခြင်း။

=========================


                   သက်ခိုင်တစ်ယောက်တစ်နာရီခန့်မျလှေငယ်ကိုအားစိုက်၍လှော်ခတ်လာပြီးချိန်တွင်

အသူရကယ်ကျွန်းကိုမိူင်းပျပျလှမ်းတွေ့နေရပြီဖြစ်၏ ။


 တဖြည်းဖြည်းကျွန်းနဲ့ နီးကပ်လာပြီး

ကျွန်းကြီးအားအနီးကပ်သဲကွဲစွာမြင်နိုင်သော

အကွာအဝေးရောက်လာသောအခါ အသူရကယ်

ကျွန်းမှာ တစ်ခြားသောကျွန်းများနဲ့မတူ၊ပုံစံတမျိုး

ဖြစ်နေကြောင်းမြင်တွေ့လိုက်ရတော့၏ ။


     ကျွန်းကြီးပုံသဏ္ဏာန်မှာ အဝေးမှကြည့်လျှင် မကောင်းဆိုးတစ်ကောင် ပင်လယ်အတွင်း

ဆောင့်ကြောင့်ထိုင်နေပုံနဲ့အတော်ကြီးဆင်တူနေ၏။


       အသူရကယ်ကျွန်းကမ်းခြေသို့ သက်ခိုင်

ရောက်လာခဲ့ပြီဖြစ်၏ ။


သက်ခိုင်မှာ အချိန်ဆိုင်းမနေပဲ ရောက်သည်နဲ့

တပြိုင်နက်ငါးဖမ်းကောင်းမည့်နေရာလိုက်ရှာကြည့်လျက်ရှိနေပါ၏ ။


 ကျွန်းအတွင်းပိုင်းသို့ပင်လယ်ရေများဝင်၍ချောင်း

ငယ်တစ်ခုကဲ့သို့ဖြစ်နေသောနေရာကိုတွေ့ရချိန်တွင်ထိုနေရာကို သက်ခိုင်ရွေးချယ်လိုက်၏ ။


    ဘေးတစ်ဖက်တစ်ချက်တွင်

သစ်ပင်ကြီးများရေပြင်ပေါ် အကိုင်ထိုးအုပ်မိုးနေပြီး အရိပ်ဝါသအလွန်ကောင်း၍ငါးများခိုအောင်းနေမည်မှာ သေချာနေမှန်းသက်ခိုင်တွေးလိုက်မိ၏ ။ 


ထို့ကြောင့်ပင်....။

ထိုချောင်းလက်တက်ပုံဖြစ်နေသောနေရာအတွင်းသို့ လှေကိုလှော်ခပ်ဝင်ရောက် လာခဲ့တော့၏ ။


      နေပူကြီးထဲတွင်လှေကိုလှော်ခပ်လာရခြင်း

အတွက်အေးမြနေသောချောင်းလက်တက်လေးအတွင်းခနတဖြုတ်အမောဖြေအနားယူ၍ ဘူးသီးခြောက်ရေဘူးအတွင်းမှရေကို

သောက်ပြီးသက်ခိုင်မှာသူ့ငါးဖမ်းခြင်းလုပ်ငန်းစတင်လိုက်ပါတော့၏။


 ချောင်းရိုးဘေး ပိုက်ထောင်၍ကောင်းမည့်နေရာ

ရွေး၍ငါး၊ပုဇွန်၊ ဖမ်းသောပိုက်များကို ကျွမ်းကျင်သွက်လက်စွာဖြင့် ပိုက်ထောင်ခြင်းအမူ

ပြုနေပါတော့သည်။ 


ပိုက်အစတစ်ခုကိုရေပြင်နဲ့ကပ်လျက်ရှိနေသော

သစ်ကိုင်းတွင်ချည်နှောင်၍တခြားကျန်နေသော

ပိုများကိုရူတ်ထွေးမူမရှိစေရန်ရှင်းလင်း၍ပိုက်

ထောင်ခြင်းပြုနေရာ သူကိုင်ထားသောပိုက်ကို

တစ်ခုခုဝင်တိုးနေ၍ရုန်းနေခြင်းကြောင့် 

သက်ခိုင်ဝမ်းသာအားရဖြစ်သွားမိတော့သည်။


အကြောင်းမှာ...။


သူပိုက်ထောင်၍ ပိုက်တစ်တန်း မဆုံးမှီမှာပင် ပိုက်အပေါ်ကြိုးတွင်တွဲချည်ထားသောဖော့လုံးလေးများ မြုတ်ချည်ပေါ်ချည်ဖြစ်နေသောကြောင့်

ဖြစ်ပါ၏ ။


ထိုသို့ဖြစ်နေခြင်းမှာပိုက်တွင် ငါး၊ပုဇွန်များမိ၍ ရုန်းကန်နေ၍အပေါ်မှာဖော့လုံးလေးမှာ မြုတ်

ချည်၊ပေါ်ချည်ဖြစ်နေခြင်းဖြစ်သည်။


လူသူမရောက်သောနေရာဖြစ်သောကြောင့်

ငါးပုဇွန်များမှာဖမ်းယူသူမရှိအလွန်ပေါများနေခြင်းမို့့ယခုအတိုင်းဆိုပါက အချိန်ခနအတွင်း ငါး၊ပုဇွန်

အတော်ရနိူင်ကြောင်းသက်ခိုင် တွေးလိုက်မိ၏ ။


   သက်ခိုင်တစ်ယောက်ပိုက်တွင်မိသော

ငါး၊ပုဇွန်၊များကို သွက်လက်စွာ လက်မလည်အောင်ဖြုတ်ယူ၍လှေဝမ်းဗိုက်တွင်

စုပုံထားရာ

   သူလှေဝမ်းထဲတွင် 

ငါးများအတော်ပင်ရရှိနေပြီဖြစ်ရာ ယခုပိုက်တစ်တန်းဖော်ပြီးပါက အိမ်ပြန်ရန်တွေး

နေစဉ်....


    

.....ဝေါ....ဝေါ...ဝေါ...


.....ဖျောင်း...ဖျောင်း....


.....ဝုန်း.....ဝုန်း...


....ဖျော........ဖျော....ဖျော...


....ဖျပ်...ဖျပ်...ဖျပ်.....ဖျပ်......ဖျပ်...


..အား...အား....အား....အား.....အား...


...ဟင်.. ဘာအသံတွေလဲဟ များလိုက်တဲ့ကျီးကန်းတွေ..


   ဖမ်းမိထားသောငါးများကိုကြည့်၍

ပျော်တပြုံးပြုံးဖြင့်ရှိနေသော သက်ခိုင်တစ်ယောက် ။

ကျွန်းအတွင်းပိုင်းမှ သစ်တောဆီမှ သစ်ပင်ကြီးများ

တစ်ပင်နဲ့ တစ်ပင်ထိ၍လူပ်ရှားယိမ်းထိုးသံ၊ 

သစ်ကိုင်းကျိုးသံ၊ သစ်ပင်ကြီးများလဲကျ၍နေသံ

စသောအသံများကြားလိုက်ရပြီး...


ရာပေါင်းများစွာသော

 တောကျီးကန်းအုပ်ကြီးကကျွန်းပေါ်တွင်ဝဲပျံလျက်

ကြောက်လန့်စရာတစ်ခုတွေ့သည့်အလား

အဝေးသို့မပြန်ပဲ ကျွန်းအပေါ်တွင်လှည့်ပတ်

ပျံသန်းပြီး ကျက်သရေကင်းသောအော်သံများ

ဖြင့်ရှိနေကြ၏။


    ရာပေါင်းများစွာသောကျီးကန်းအုပ်

ကြီးကနေကိုကာထားသကဲ့သို့ဖြစ်နေရာ

ကျွန်းနေရာတဝိုက်တွင်နေရောင်ပျောက်ကွယ်

သွားတော့၏..။


   ...ဟာ.......


တောလဲသံ၊တောကျီးကန်းများပွက်လောရိုက်ဆူညံ့နေမူကြောင့် 

သက်ခိုင်တစ်ယောက် အံ့အြသင့်နေမိစဉ်..။


 လှေမှာသိမ့်ခနဲတစ်ချက်ဖြစ်သွားပြီးကမ်းစပ်ဘေး

သစ်ပင်များမှ လူကိုမမြင်ရသော်လည်း မြောက်မြားစွာသောလက်များသစ်ပင်များပေါ်

မှအောက်သို့ရှည်လျားစွာကျဆင်းလာကြပြီးလှေဝမ်းထဲမှ ငါးပုဇွန်များကိုအလုအယက်နိူက်ယူနေကြ

ခြင်းကိုသက်ခိုင်တစ်ယောက်တွေ့နေရတော့၏။


    လှေဝမ်းထဲမှ သက်ခိုင်ရှာဖွေဖမ်းဆီးထားသော ငါး၊ပုဇွန်၊

များတစ်ခနအတွင်းတစ်ကောင်မျ မကျန်အောင် ကုန်သွားသကဲ့သို့ တကျွတ်ကျွတ်ကိုက်ဝါးစားနေသောအသံများကိုကမ်းစပ်ဘေးမှကြားနေရပြန်၏။


     ထူးဆန်း၊ကြောက်မက်ဖွယ်ရာ အခြေအနေ အဖြစ်အပျက်နဲ့ ကြုံတွေ့ရနေရသော

သက်ခိုင်တစ်ယောက်ကြက်သီးမွေးညှင်းများတစ်ကိုယ်လုံးထနေကာကျောရိုးတစ်လျောက်ချမ်းစိမ့်စိမ့်ဖြင့်ခေါင်းမှာပုတ်တောင်းကြီးအလား ကြီးနေပြီဟုစိတ်တွင်းထင်မှတ်နေမိ၏ ။


    ကြောက်ရွံ့စိတ်နည်းပါးသူဖြစ်၍သာ

ယခုကဲ့သို့ကြောက်စရာအဖြစ်အပျက်ကြုံရချိန် လိပ်ပြာ မလွင့်ခြင်းပင်။


     သက်ခိုင်တစ်ယောက်

ကြောက်စရာကောင်းသောအဖြစ်အပျက်ကြုံရချိန်

ထွက်ပြေးရန်မေ့လျောနေသလိုကြောင်ငေးနေမိ၏။


ယခုနေရာတွင်နောက်ဆက်နေပါထိုထက်ဆိုးရွား

သောကြောက်လန့်စရာများကြုံရမည့်အရေးအထိတ်တလန့်တွေး၍ရောက်နေသောနေရာမှရွာဆီ

ပြန်ရန်လှေကို ပင်လယ်ဝသို့ အားကုန်လှော်ခတ်လိုက်တော့၏ ။


ကြောက်လန့်စိတ် ထိတ်လန်အံ့အြစိတ်များမှာ သက်ခိုင်စိတ်အတွင်းရေပြွန်းလျက်ဖြင့်ရှိနေသည်။ 


ဒီလိုနေရာမျိုးတွင်သူကြာကြာဆက်မနေ

လိုတော့ပေ။ 


.....ဝေါ....ဝေါ.....ဝေါ......ဝေါ.......


......ဝုန်း.....ဝုန်း......ဝုန်း......


..ဟာ..သွားပါပြီ..

ဘာလုပ်ရမှန်းမသိတော့ဘူး...


   ချောင်းလက်တက်ကလေးမှအထွက် 

ပင်လယ်ပြင်မှစောင့်ကြိုနေသောမြင်ကွင်းကြောင့် သက်ခိုင်တစ်ယောက် စိတ်ပျက်အားလျော့ ခြေကုန်လက်ပန်း

ကျသလိုခံစားမိကာ စိတ်ပျက်လက်ပျက်ငြီး

တွားလိုက်ခြင်းဖြစ်၏။


   သက်ခိုင်စိတ်ပျက်လက်ပျက် ဖြစ်ရခြင်းအကြောင်းအရင်းမှာ သူသတိမထားမိသောအချိန်ကပင်၊ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းမှောင်မဲလာနေပြီးချောင်းလက်တက်ထဲရောက်နေချိန်

လေပြင်းတိုက်ခတ်နေခြင်းကိုမသိရသော်လည်း

ပင်လယ်ပြင်ထွက်သောအခါတွင်မူ လေပြင်းများတဝေါဝေါ တိုက်လျက် ငြိမ်သက်နေသော ရေပြင်ကျယ်ကြီးမှာ

ရေဘောင်ဘင်ခတ်ကာ လိူင်းလုံးကြီးများက တဝုန်းဝုန်းတဝေါဝေါမြည်သံပြု၍ရှိနေခြင်းကိုတွေ့မြင်လိုက်ရခြင်းကြောင့်ဖြစ်ပါတော့၏ ။


ယခုလိုအခြေအနေမျိုးတွင် သူ့လှေငယ်လေးဖြင့် ပင်လယ်ပြင်ကို ဖြတ်၍ ပြန်ရန်ဘယ်လိုမှန်း

သက်ခိုင်နားလည်ပြီးသားပင် ။ 

   

   ရောက်နေသောကျွန်းတွင်ခိုအောင်းနေပြီး

ရာသီဥတုသာယာချိန်ရောက်မှ ပြန်ရ 


အသူရကယ်ကျွန်းတွင်နေမည့်အရေးကလည်း စစချင်းဆောက်နဲ့ထွင်းဆိုသကဲ့သို့ 

    မကြာသေးခင်အချိန်က ကြုံရသော

သွေးပျက်စရာများကြောင့် ကျောတွန့်နေမိတော့၏။


 သို့သော်လည်း.....။


ခိုနားရန်မှတစ်ပါးတစ်ခြားရွေးချယ်ရာလမ်းမရှိ၊

လာမည့်ဘေးပြေးတွေ့ရုံအခြေအနေဖြစ်

သောကြောင့်ချောင်းလက်တက်အတွင်း လှေကို ခေါင်းပြန်လှည့်၍လှော်ခပ်လိုက်တော့၏။  


ပင်လယ်ပြင်အားဖြတ်သန်းတိုက်ခတ်လာသောလေကပင်ယခုလိုအချိန်မျိုးတွင်မကောင်းဆိုးဝါး

ကောင်ကြီးများရယ်နေသံလိုလိုသက်ခိုင်စိတ်တွင်း

ထင်ယောင်ထင်မှားရှိနေပြန်၏ ။


   ကျီးကန်းများသံပြိုင်အော်ဟစ်ခြင်းကို 

တစ်ခြားအချိန်မျိုးတွင် စိတ်ခြောက်ခြားမည်မဟုတ်သော်လည်း

အသူရကယ်ကျွန်း ကဲ့သို့နေရာမျိုးရောက်နေပါက ကြောက်လန့်မိကြမည်ပင်။ 


မကြောက်လန့်လျင်တောင်အနည်းဆုံးကြက်သီးမွေးညှင်းလောက်ထမိမှာသေချာနေသည်။


လေပြင်းလာသောအခါတွင် တောကျီးကန်းအော် သံများထပ်မကြားရတော့ပေ။


      သက်ခိုင်မှာ သူ့လှေကိုကမ်းခပ်ပြေပြေနေရာတွင်ရပ်လိုက်၏။


 လူအတက်အဆင်းပြုလုပ်ရန်ကောင်းသော

ဆင်ခြောလျောနေရာမျိုးဖြစ်သည်။


  လှေကြိုးအား အပင်ကိုင်းတစ်ခုတွင် သေချာစွာချည်နှောင်၍ ငါးဖမ်းပိုက်များကိုလှေပေါ်တွင်တင်ထားခဲ့၍ ငါးထိုးသောမှိန်းနဲ့ သူ့ဆောင်ဓားဖြစ်သော အသွားခြောက်လက်မဓားမြောင်ကိုခါးကြားတွင်ထိုးပြီးချိန်ကျွန်းပေါ်သို့တက်လာခဲ့တော့၏ ။ 


...ဝူ...ဝူ......ဝူး....ဝူး........


ချောင်းလက်တက်လေးမှတစ်ဆင့်ကျွန်းအတွင်းပိုင်းသို့လျောက်လာက နားခိုရန်နေရာ

တစ်ခုရှာဖွေနေသော သက်ခိုင်တစ်ယောက်

ခွေးအအူသံကြီးများသူ့ဘေးပတ်လည်တောအုပ်များအတွင်းမှ အော်မြည်နေခြင်းကြောင့်

ကျောတွန့်သွားရတော့သည်။


 သစ်ပင်ကြီးများမှာလည်းလေပြင်းကြောင့်

ယိမ်းထိုးနေရာမကောင်းဆိုးဝါးများ မြူးထူးသက်ဝင်နေသလို သက်ခိုင်စိတ်အတွင်း ထင်မြင်နေမိသည်။


ကျွန်းပေါ်မှသစ်တောအတွင်းပိုင်းမှာ

နေ့လည်ခင်းပင်ဖြစ်လင့်ကစား။

မှောင်ရိပ်သန်းလျက်ဖြင့်ရှိနေပြီး မြေကြီးမှ မြူခိုးများထွက်လျက်ဖြင့်ရှိသောကြောင့်

ပတ်ဝန်းကျင်မြင်ကွင်းမှန်သမျ ကြည်လင်ပြတ်သားမူမရှိ ဝိုးတဝါးဖြင့်သာ မြင်တွေ့နေရသည်။


     သက်ခိုင်မှာဓားမြောင်ကိုလက်တစ်ဖက်မှကိုင်

တစ်ခြားလက်တစ်ဖက်မှ မှိန်းကိုကိုင်၍ ရှေ့သို့လျောက်လာနေစဉ်........။


...ဟိတ်...ဘယ်သူလဲကွ.. ခိုးကြောင်ခိုးဝှက်လိုက်ချောင်းနေတာ

သတ္တိရှိရင်ပေါ်တင်လာခဲ့....


   သူ့ရှေ့မြူခိုးများကြားမှရိပ်ခနဲရိပ်ခနဲ

ဖြတ်ပြေးသွားသော လူရိပ်များကို မြင်တွေ့

လိုက်ရသောကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားကာ သူ့ကိုသူအားပေးသည့်အနေဖြင့် အော်ဟစ်လိုက်ခြင်းပင်ဖြစ်၏ ။


.....အီး....ဟီး....ဟီး....ဟင်း....ဟင်း....

....ဟင်း....


    သက်ခိုင်ဘေးပတ်လည်မှငြီးတွားသံများ

အဆက်မပြတ်ပေါ်လာသောကြောင့်ကြောက်စိတ်

များဝင်မိသလို တကိုယ်လုံးကြက်သီးဖျန်းဖျန်းထ၍

 ဖြစ်နိူင်လျင်ယခုနေရာမှအမြန်ဆုံးသွားလိုနေ၏ ။


ကြောက်ရွံမူကြောင့်ခံစားနေရသောစိတ်

ဒုက္ခကို သက်ခိုင်မခံစားနိူင်တော့ပေ။ နောက်ကျော

မလုံသလိုခံစားနေရမိပြီး သူ့ကိုစောင့်ကြည့်နေကြ

သလိုစိတ်အတွင်းခံစားနေရမိသည်။


    သက်ခိုင်တစ်ယောက်ဟိုသည်

ကြည့်၍နောက်ကျောမလုံစွာလျောက်သွားနေရာမှ

ကျွန်းတွင်းတစ်နေရာအရောက်

မြင်လိုက်ရသောမြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြစ်သားအံ့အြရသလို တစ်ကိုယ်လုံးတုန်ယင်သွားတော့သည်။


 ...ဒါ...ဒါ.....လူ...လူသေမြုတ်တဲ့နေရာပဲ.


ငါရောက်နေတာလူသေမြုတ်တဲ့နေရာပါလား


..ဘုရား..ဘုရား...ဒီကအမြန်သွားမှ....


    သက်ခိုင်တွေ့လိုက်ရသည်မှာ အချိန်ကာလကြာညောင်း၍ မြက်ပင်ခြုံပင်များ ပေါက်ရောက်နေသော်လည်း တချို့မယိုင်လဲပဲရှိနေသေးသော မှတ်တိုင်များ၊မြေစာပုံများကို ကြည့်ရင်းဖြင့်

 ဟိုးယခင်ကလူသေများမြုတ်နှံရာ

နေရာအလယ်တည့်တည့်သို့ရောက်နေမှန်းသိလိုက်ရသောခနမှာပင်ထိုနေရာမှအမြန်ပြေးထွက်ရန်ခြေလှမ်းပြင်လိုက်စဉ်.....


....ဖျော...ဖျော...ဖျော.... ဖျော...


လူမြုတ်နှံရာမြေစာပုံများမှာ အောက်မှတစ်စုံတစ်ယောက်တိုးထွက်နေသည့်အလားမြေသားများလူပ်ရှားနေသည်ကိုတွေ့လိုက်ရတော့၏။


  သက်ခိုင်လည်းအချိန်ဆိုင်းမနေတော့ပဲ

သူ့ရှေ့မျက်နှာမူရာ အရပ်သို့အားကုန်သုံး၍ စွတ်ရွတ်ပြေးလေတော့၏ ။


...ဝုန်း.....ဝုန်း......ဝုန်း......ဝုန်း.....ဝုန်း...


....ဟာ....အမလေး....ဘုရား..ဘုရား....


သက်ခိုင်ကားစိတ်တွင်းကြိတ်၍သာ ဘုရား

တနေမိတော့သည်။


 သက်ခိုင်ပြေးနေရာပြေးလမ်းတစ်လျောက် 

မြေကြီးကိုထိုးခွဲ၍ ရုတ်တရက်ပေါ်ထွက်လာသော လက်များကသက်ခိုင်ခြေထောက်ကိုလှမ်းဆွဲကြတော့၏ ။ 


သက်ခိုင်မှာလည်း ထိုလက်များကြားမှ

ရှောင်ပြေးရင်း ပွတ်ကာသီကာလွတ်မြောက်

နေ၏။


ဘယ်ဖက်ခြေထောက်ဖက်အခြမ်းမြေကြီးမှ

ရုတ်တရက်မြေသားကိုထိုးခွဲ၍ထွက်လာသော

လက်တဖက်ကြောင့် ကြောင့်ကြောက်လန့်စိတ်ဖြင့်

ညာဖက်သို့ခုန်ရှောင်လိုက်စဉ်ခနတွင် သက်ခိုင်

ခြေထောက်တည့်တည့်ကျရာ မြေကြီးအတွင်းမှ

လက်တဖက်ထွက်လာ၍သက်ခိုင်ခြေကျင်းဝတ်အား ဖမ်းဆုပ်ကာဆွဲထားလိုက်သောကြောင့် သက်ခိုင်လည်း ပြေးနေသောအရှိန်ဖြင့်

ဘိုင်းကနဲဝမ်းလျားမှောက်ကာလဲကျသွားတော့၏။


        သက်ခိုင်လဲကျချိန်မှာပင်မြောက်မြားလှစွာသော

လက်များမှာ မြေကျင်းထဲမှ ထိုးထွက်လာရင်း

သက်ခိုင် လက်၊ခြေ၊ ကိုယ်ခန္ဓာများကိုချုပ်ကိုင်၍

သက်ခိုင်အားကိုင်၍မြေကြီးထဲသို့ 

ဆွဲသွင်းနေကြတော့၏ ။


....လွတ်...လွတ်....လွတ်ကြ...မကောင်းဆိုးဝါးကောင်တွေ...ငါ့ကိုလွတ်ကြ....


သက်ခိုင်တစ်ယောက်သူ့အားဝိုင်းချုပ်ထားသော

မြေအောက်မှလက်များကြားတွင် ပုံမှန်သံမဟုတ်ပဲ ကြောက်လန့်မူကြောင့်အော်ဟစ်ရာတွင်ထွက်သော

ပြာနှမ်းအက်ကွဲသော အသံတိုးရှပ်ရှပ်သာ

ထွက်၍ ရုန်းကန်အော်ဟစ်လျက်ရှိနေ၏ ။


     သက်ခိုင်တစ်ယောက်ဝမ်းလျား  မှောက်ကာ ရုန်းကန်အော်ဟစ်နေရင်းမှ သူ့ခန္ဓာကိုယ်မှာ

မြေကြီးထဲ တစတစဝင်လာရင်းရှိနေ၏ ။


    ထိုနောက်...။


သက်ခိုင်တစ်ယောက်ဝိုင်းဆွဲကြသောလက်များ

ကြားမရုန်းနိုင်ပဲမြေကြီးထဲရောက်သွားရတော့၏။


မြေကြီးအောက်ရောက်သွားချိန်

သက်ခိုင်ခန္ဓာကိုယ်မှာ လေဟာနယ်ကိုခနမျ ဖြတ်သန်းသွားကာဘေးတစ်စောင်းအောက်သို့ပြုတ်ကျသွားတော့၏ ။


      ...ဘုန်း..


......အင့်.....


.......ဝုန်း.....  .


......ဟင်.....


  သက်ခိုင်မှာပြုတ်ကျသောအရှိန်ဖြင့်နာကျင်မူးဝေ

နေချိန်သူ့အပေါ်မှ အဖုံးတစ်ခုပြုတ်ကျလာပြီး ပိတ်သွားတော့၏ ။


....ဝေါ...ဖျော.ဖျော....ဝရော...ဝရော.......


   သူ့အပေါ်မှ မြေကြီးများပြုတ်ကျခြင်းသံကြား

နေရခြင်းနဲ့အတူမြေမူန့်များပါ အပေါ်အဖုံးကြားမှ ဝင်လာသောကြောင့် အခြေအနေတစ်ခုကို

တွေးရင်းသက်ခိုင်ရင်ထဲကြောက်ရွံ ၊တုန်လူပ်စိတ်များထိန်းချုပ်မရစွာဖြင့်ဗလောင်ဆူကုန်တော့၏ ။


.....ကယ်.. ကယ်..ကြ..ပါ..အုံး...ဗျို့...

 ..ကျုပ်.. အရှင်လတ်လတ်မြေမြုတ်ခံနေရလို့ပါ.....

..ကယ်ကြပါ.... 


   သက်ခိုင်မှာယခု

ခေါင်းတစ်လုံးတွင်ထည့်၍ အရှင်လတ်လတ်မြေမြုတ်ခံရသောသူ့အဖြစ်ကို

တွေးရင်း ကြောက်လန့်ဇောဖြင့် ခေါင်းအဖုံးကို တဒုံးဒုံးထု၍အော်ဟစ်လျက်ရှိနေတော့သည်။   


သို့သော်လည်းသက်ခိုင်အော်သံကိုလူသူမနီးကျွန်း၊

လူမလာဝံ့သောကျွန်းတွင်

အတွင်းကြားနိူင်မည့်သူမရှိသလို။


လူရှိလျင်ပင်မြေတွင်းထဲမှအသံကိုကြားနိူင်ရန်မလွယ်ကူတော့ပေ။


အပေါ်မှခေါင်းအဖုံးကို

လက်နှစ်ဖက်ဖြင့် အဆက်မပြတ်တွန်းထိုးနေမိရာ လက်များပေါက်ပြဲ၍သွေးများပင်စီးကျလာတော့၏ ။


 ခေါင်းအဖုံးမှာတုတ်တုတ်မျပင်မလူပ်ပေ။


အတန်ငယ်မျကြာသောအခါ သက်ခိုင်တစ်ယောက် အောက်ဆီဂျင်ပြတ်လတ်မူနဲ့အတူ ရုန်းကန်

အော်ဟစ်သံတိုးသွားလျက်တဖြည်းဖြည်းငြိမ်ကျလာ၍ အသက်ရူမရမူကြောင့် သတိလစ်သွား

တော့၏ ။


   အကယ်၍

ရှေ့ဆက်အချိန်အနည်းငယ်ကြာ

လေကိုမရူရိူက်ရပါက သက်ခိုင်တစ်ယောက် လူသူမသိပဲတခါတည်းမသေခင်ကပင်မြေ

မြုတ်နှံခံထားရပြီး၊ သေဆုံးရမည်

မှာကျိန်းသေမလွဲဖြစ်ပါ၏ ။


 ထိုစဉ်မှာပင်.....။


သက်ခိုင်မြေမြုတ်ခံထားရသော

မြေစာပုံမှမြေသားများကို လူတစ်ယောက် ယက်ထုတ်လျက်ရှိနေပါတော့သည်။


.....................................................


..သက်ခိုင်... ဟေ့ကောင် ..သက်ခိုင်...


ခေါ်သံသည်အဝေးကြီးမှခေါ်နေသကဲ့သို့ပင်

ကြားနေရ၏ ။

 သက်ခိုင်စိတ်များထိုခေါ်သံကြားရနောက်လိုက်ရင်းရုတ်တရက်မျက်လုံးများဖွင့်လိုက်မိတော့သည်။


 ...ဟင်း...အဟွတ်...အဟွတ်...အဟွတ်....


ဖူန်မူန့်များပါးစပ်နှာခေါင်းအတွင်းဝင်ကုန်သောကြောင့်ချောင်းတဟွတ်ဟွတ်ခါးကုန်း

ဆိုးနေရင်းမြေတွင်းထဲတွင်မသေသောသူ့အဖြစ်ကိုတွေးကာ ဝမ်းသာသွားမိသည်။


   ယခုအဖြစ်အပျက် အိပ်မက်လိုလို ၊ တကယ်လိုလိုမယုံမရဲစိတ်ဖြစ်နေမိသေး၏ ။


သို့ရာတွင်...။


 အိပ်မက်မဟုတ်မှန်းလည်းသိနေသောကြောင့်

သေဘေးမှလွတ်မြောက်ချိန်ဝမ်းသာမူကြောင့်မျက်ရည်များပင်ကျလာတော့၏ ။


  လူသူတစ်ယောက်မှ မရှိသော အသူရကယ်ကျွန်း တွင်သူ့အားကယ်တင်ပေးသောသူမှာမည်သူနည်း ။


ကယ်တင်ပေးသောကျေးဇူးရှင်အား

သတိရ၍အလျင်အမြန်လိုက်ရှာကြည့်ရာထိုသူမှာသက်ခိုင်နဲ့မနီးမဝေးတွင်ရပ်လျက်ရှိနေသည်ကိုတွေ့လိုက်ရ၏ ။


ထိုသူအနီးသို့သွားရင်းကျေးဇူးရှင်ကိုကျေးဇူးတင်စကားပြောရန်ကြံရွယ်နေစဉ် ဘေးတစောင်းနေရာ

မှသက်ခိုင်ဖက်သို့မျက်နှာခြင်းဆိုင်လှည့်လာသော

ထိုလူ့ရုပ်ကိုမြင်ရချိန်ခန၊အံ့အြစိတ်နဲ့အတူဝမ်းသာ

အားတက်သွားရတော့၏ ။


”...ဟင်...ထွန်းအောင်   ...သူငယ်ချင်း...

ငါ့ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်ကွာ

ငါမှာမင်းပေးတဲ့အသက်ပဲရှိပါတော့တယ်

ကျေးဇူးပဲ..သူငယ်ချင်း....ဟာ...မင်း..မင်းက....ဟာ....မဖြစ်… မဖြစ်နိူင်ဘူး...”


  ထိုသူမှာ သက်ခိုင်အချစ်ဆုံးသူငယ်ချင်း

ထွန်းအောင်ဖြစ်သောကြောင့် ဝမ်းသာအားရ

ကျေးဇူးတင်စကားဆိုနေရင်းထွန်းအောင်နဲ့

ပတ်သက်၍

သက်ခိုင်မှာတစ်စုံတခုသောအကြောင်းအရာ

အားပြန်လည်သတိရလာချိန်မယုံကြည်နိူင်စွာဖြစ်သွားရတော့၏။ 


ထိုအကြောင်းအရာမှာ။


ထွန်းအောင်မှာလွန်ခဲ့သောသုံးနှစ်ခန့်က ပင်လယ်အတွင်းငါးရှာချိန် မုန်တိုင်းနဲ့တိုး၍

မလွတ်မြောက်နိူင်ပဲသေဆုံးသွားရခြင်းကြောင့်ပင်ဖြစ်သည်။


 အလောင်းအားကိုယ်တိုင်မတွေ့ခဲ့ရသော်လည်း ထွန်းအောင် စီးသောလှေမှာ တစ်စစီ ဖြစ်နေသည်ကိုတွေ့ရကာ လူမှာလည်းမုန်တိုင်းကြားပင်လယ်ပြင်တွင်အသက်ရှင်စရာလမ်းစလုံးဝမရှိနိူင်ပေ။


   ယခုကဲ့သို့...

 ထွန်းအောင်ကိုတိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေ

ရခြင်းအတွက်လည်း သက်ခိုင်အံ့အြမူများကဆိုဖွယ်ရာမရှိတော့ပေ ။


.”..ထွန်းအောင်မင်းမသေဘူးလား...”


....ဟေး.......လူစိမ်းနံတွေရနေတယ်ဟေ့

ငါတို့နေရာကို လူတစ်ယောက်ရောက်နေပြီ

.လူစိမ်းနံ့ကဒီဖက်ကပဲ.. အမြန်လိုက်ကြဟေ့..

...


.”..သက်ခိုင်...မင်းမေးချင်ရာနောက်မှ

မေးတော့ ခုအသံတွေက မင်းမသေမှန်းသိလို့ရောက်လာကြမယ့်သူတွေရဲ့

အသံတွေပဲ..


 သူတို့မင်းကိုဒီအတိုင်းတွေ့သွားရင်

မလွယ်ဘူး ဒီတည့်တည့် ကမ်းစပ်ကိုဆင်းသွားရင်

မီးပြတိုက်တစ်ခုတွေ့လိမ့်မယ် .....


အဲဒီမှာခနဝင်ပုန်းပြီးအခြေအနေကောင်းရင်ရွာပြန်တော့.. သွားအမြန်ပြေးတော့..သွား.....”


”...သူတို့ဆိုတာ ဘယ်သူလဲတွေလဲ .ငါမှာရန်ငြိုးဖွဲ့လောက်သူမရှိပါဘူးမင်းရော ဘာလုပ်နေတာလဲ ဒီမှာ ငါတို့အတူ

ပြေးကြရအောင်လေကွာ....”


”....အတော်ခက်တဲ့အကောင်ပဲ သက်ခိုင်ရာ..

အသံတွေနီးလာပြီ မင်းအမြန်ပြေးတော့.. 


ငါ့အတွက်စိတ်မပူနဲ့ ငါလိုက်လာခဲ့မယ်....

တကယ်လို့လိုက်မလာဖြစ်ရင်လည်း..


ငါ့အတွက်ကုသိုလ်ကောင်းမူလုပ်ဖို့ ငါ့မိဘတွေဆီခနပြောပေး.. သွားတော့....

..သက်ခိုင်..အခုအမြန်သွားတော့...”


ထွန်းအောင်တစ်ယောက် မျက်စိမျက်နှာပျက်ဖြင့် အရေးတကြီးအမူအယာဖြင့်သက်ခိုင်ကိုသာအတင်းသွားရန်ပြောဆိုနေ၏ ။


 သက်ခိုင်မှာ သူ့နောက်သို့လိုက်မည့်ဟန်မရှိသော ထွန်းအောင်ကိုစိတ်မချစွာတစ်ချက်ကြည့်ရင်းထွန်းအောင်ညွန်ပြရာနေရာသို့တစ်ရှိန်ထိုးပြေးထွက်သွားတော့၏ ။


      သက်ခိုင်မှာ သူ့နောက်မှ လူအုပ်စုတစ်စု

အမဲဖျက်တော့မည့်အလား။ 


ညာသံပေးလိုက်လာသံများကြားနေရသောကြောင့်

 လုံးဝမနားရဲပဲ ရှေ့သို့တစ်ရှိန်ထိုးပြေးထွက်ခဲ့တော့

၏။


👹👹👹👹👹👹👹👹👹👹👹👹👹


    ဆက်ရန်


   မြူခိုးအလင်္ကာ


rate now: