အဏ္ဏဝါအတွင်းမှအကျဉ်းစံများ
=================
ဒေါက်တာဖုန်းမြတ်ကျော်မှာလည်းခြောက်
လုံးပြူးသေနတ်ကိုကျည်ဖြည့်လိုက် ပစ်လိုက်ဖြင့်
ရှိနေသလို၊ သက်ခိုင်နဲ့ အဏ္ဏဝါပုလဲတို့မှာလည်း
တစ်ခြားမြှားသမားများနဲ့အတူ။
မြှားကိုတစ်ချောင်းပြီးတစ်ချောင်းအလျင်အမြန်
တပ်ဆင်၍ပစ်ခတ်နေကြ၏ ။
......အား......အား.........
အော်သံများဟိုမှသည်မှဆက်တိုက်ပေါ်ထွက်လာ
၏ ။ လင်းနိူ့ငှက်ကြီးများမှာ ကောင်းကင်ပေါ်တွင်
ဟိုမှဒီပျံဝဲရင်း အောက်မှလူများကို အလစ်တွင်
ဝင်ဆွဲကုတ်ချီသွားခြင်းဖြစ်၏ ။
သေနတ်ကျည်ဆံများလည်းနည်းလာသလို
မြှားတံများကလည်း တဖြည်းဖြည်းနည်းလာပြီဟု
စော်ဘွားကြီး စိုင်းနွံဖ ခန့်မှန်းတွေးနေမိသည်။
ယခုအတိုင်းဆက်သွားနေလျင်ကြာလျင်
အခြေအနေမဟန်နိူင်မှန်းရိပ်စားမိသော စော်ဘွား
ကြီးမှာ တစ်ခုခုကိုအလေးအနက်စဉ်းစားရင်းဆုံး
ဖြတ်ချက်တစ်ခုပြတ်သားစွာ ချလိုက်၏ ။
” ....ရပ်.....ရပ်ကြ.....”
စော်ဘွားကြီးမှာပုန်းအောင်းနေရာမှအပေါ်သို့ခုန်
တက်ရင်းအသံကျယ်ကြီးပြု၍ ပစ်ခတ်ခြင်းကိုရပ်
ရန်အမိန့်ပေးလိုက်တော့၏ ။
အားလုံးသောလူများမှာစော်ဘွားကြီးအပြုအမူ
ကိုနားမလည်နိူင်စွာဖြင့် ပစ်ခတ်ခြင်းကိုရပ်လိုက်
ကြတော့၏ ။
ရဲတိုက်ကိုပတ်ဝိုင်း၍လိျု့ထားသော
မီးတောက်များမှာလည်း မီးအရှိန်သေ၍ မီးကျီးမီးခဲများအဖြစ်ရှိနေကာ မီးခိုးတအူအူထွက်
လျက်ရှိနေပါ၏ ။
...စော်ဘွားကြီးမှာ ကောင်းကင်ပေါ်တွင်
အတောင်ပံခတ်သံတဝှီးဝှီးပြုလျက် ပျံသန်းနေကြ
သောလင်းနိူ့ငှက်ကြီးများကိုမော့ကြည့်လိုက်၏ ။
”...ကျုပ်ဟာ ဒီလူသားတွေရဲ့ ခေါင်းဆောင်
တစ်ယောက်ပဲ ဒီတော့ ခင်ဗျားတို့အဖွဲ့က ခေါင်းဆောင်နဲ့ စကားပြောလိုတယ်....”
အားလုံးသောလူများမှာစော်ဘွားကြီးရပ်ခိုင်းချိန်
စော်ဘွားကြီး ဘာဆက်လုပ်မလဲဟူသောအတွေး
ဖြင့်နားလည်ရခက်စွာရှိနေစဉ်။
စော်ဘွားကြီး၏အောင်မြင်ခန့်ငြားသော
အသံကိုအားလုံးကြလိုက်ရ၏ ။
အားလုံးသောအကြည့်များက စော်ဘွားကြီးထံ
တွင်သာရှိနေကြချိန်... ။
ကောင်းကင်မှအရိပ်တစ်ခုမှာစော်ဘွားကြီးရှေ့မလှမ်းမကမ်းသို့ ဝဲပျံဆင်းလာတော့၏ ။
...ဟာ....
...ဟင်...
...ဒါ..ဒါတကယ်လား....
...ဘုရား...ဘုရား....
ကောင်းကင်မှစော်ဘွားကြီးရှေ့မလှမ်းမကမ်းဆင်း
လာသောအရာကိုကြည့်၍ အ့ံသြခြင်း၊မယုံကြည်နိူင်ဖြစ်ခြင်းတို့ကြောင့်အလန့်တကြား
ပြုသံများပါးစပ်မှတစ်ယောက်တပေါက်ထွက်လာ
ကြခြင်းဖြစ်၏ ။
ကောင်းကင်မှဝဲပျံဆင်းလာသူမှာ လင်းနိူ့ငှက်
တစ်ကောင်မဟုတ်ပဲ၊ လူသားတစ်ပိုင်း၊လင်းနိူ့ငှက်
တစ်ပိုင်းဖြစ်နေ၏ ။
လူသားတစ်ယောက်ကိုယ်တွင်လင်းနိူ့တောင်ပံကြီး
နှစ်ခုကနောက်ကျောတွင်ရှိနေခြင်းဖြစ်သည်။
ပို၍ထူးဆန်းနေခြင်းသောအချက်ကလူသား
တစ်ပိုင်းလင်းနိူ့တစ်ပိုင်းမှာ စော်ဘွားကြီးဇနီး
ဒေါ်နန်းကလျာဖြစ်နေခြင်းဖြစ်၏ ။
....ဟားဟား.. ဟားဟား... ဟားဟား......
..ဘယ်လိုလဲခုမှတိုက်ပွဲစတာ သွေးပျက်နေကြပြီလား မင်းတို့သာစကားနားထောင်ပြီးဒီကထွက်သွားရင်
အားလုံးအသက်ချမ်းသာရာရမယ် အခုတော့
မင်းတို့အားလုံးတစ်ယောက်မှအသက်ရှင်ရက်
ဒီကခွာဖို့မတွေးနဲ့တော့....
”...ငါ့မိန်းမခန္ဓာကိုယူထားတ့ဲမကောင်းဆိုးဝါးကောင် ငါတစ်ခုပြောမယ်.တစ်ခြားသူတွေတိုက်ခိုက်
နေမယ့်အစား.. မင်းနဲ့ငါပဲတိုက်ပွဲကိုတစ်ယောက်
ခြင်းတိုက်ပွဲကိုအဆုံးသတ်လိုက်ကြရအောင်...၊
ငါနိူင်ရင် မင်းအဖွဲ ့တွေဒီနေရာကခွာပေးရမယ်
နောက်ဘယ်တော့မှပြန်မလာရဘူး... ၊
တကယ်လို့မင်းနိူင်ရင်ငါ့လူတွေ ဒီနေရာက
ထွက်သွားမယ် နောက်တစ်သက်လုံးငါလူတွေကို
မမြင်စေရဘူး......”
...ဟား..ဟားဟား...ဟား....
ငါ့အဖွဲ့သားတွေမင်းတို့ကြောင့်သေကြေကုန်တာ
ငါကဒီအတိုင်း လွယ်လွယ်သွားခွင့်ဘယ်ပေးနိူင်
ပါ့မလဲ..မင်းနိူင်ရင်ငါ့အဖွဲ့သားတွေဒီနေရာကို
တသက်လုံး ခြေမချစေရဘူး...
. ငါနိူင်ရင်မင်းလူတွေအကုန်လုံးကိုတစ်
ယောက်မကျန်သတ်မယ်..ဘယ်လိုလဲ...
....ဟင်....
ဒေါ်နန်းကလျာမှာယခုမူလအသံပျောက်လျက်
စူးအက်အက်အသံဖြင့်တဟားဟားရယ်မော၍
စော်ဘွားကြီးကမ်းလှမ်းလာသောကမ်းလှမ်းချက်
ကိုပြင်၍ကြောက်မက်ဖွယ်ရာ ကမ်းလှမ်းချက်
ကမ်းလှမ်းလာနေ၏ ။
အကယ်၍ယခုတိုက်ပွဲကိုသာလက်ခံလိုက်ပါက
အားလုံးသေရေးရှင်ရေးမှာ သူတစ်ဦးတည်းအပေါ်
မူတည်နေ၏ ။
အကယ်၍ဆက်တိုက်ပါကလည်းလက်နက်အင်အားလူအင်အားနည်းပါးနေပြီမို့အင်အားကြီးမားသော
မကောင်းဆိုးဝါးများကိုနိူင်စရာအကြောင်းမရှိပေ။
စော်ဘွားကြီးမှာခေါင်းငိုက်စိုက်ချ၍အတွေးရကြပ်နေမိချိန်။
...အဖေ...အဖေ.....
....ဟင်..သမီးလေး....
”...အဖေတစ်ယောက်တည်းမတိုက်ပါနဲ့ဖေဖေရယ်
သမီးမှာ အားကိုးတွယ်တာစရာ အဖေပဲရှိတော့လို့ပါ..အဟင့်...အဟင့်....”
အဏ္ဏဝါပုလဲမှာပုန်းကွယ်နေရာမှပြေးထွက်လာရင်း
ဖခင်ကိုဖက်၍ရိူက်ငိုနေတော့၏။ ဒေါ်နန်းကလျာ
အခြေအနေက သူတို့လက်လွတ်လိုက်ရပြီမှန်း
သားအဖနှစ်ယောက်ခံစားနားလည်သောကြောင့်
ဝမ်းနည်းနာကျင်ကြရ၏ ။
အဏ္ဏဝါပုလဲလိုမိန်းခလေးတစ်ယောက်အတွက်
ယခုအခြေအနေကပို၍စိတ်ထိခိုက်ဝမ်းနည်းရသောအခြေအနေမျိုးဖြစ်၏ ။
မိခင်ကိုမိစၦာတပိုင်းဘဝဖြင့်မြင်တွေ့နေရသလို၊
ဖခင်နဲ့ရင်ဆိုင်တိုက်ခိုက်ရမည့်အရေးကြုံနေရသောကြောင့်ဝမ်းနည်းပက်လက်ရိူက်ငိုနေမိခြင်းပင်
ဖြစ်၏ ။
ဒေါ်နန်းကလျာမှာတောင်ပံကိုတစ်ချက်အား
ပြုခတ်လိုက်၍ သူတို့ခေါင်းပေါ်တွင်လှည့်ပတ်ပျံ
သန်း၍ရယ်သံစူးစူးဖြင့်ရယ်မောလျက်ရှိနေပါ၏။
အားလုံးသောလူများမှာစော်ဘွားကြီးစိုင်းနွံဖတို့
မိသားစုအခြေအနေကိုကြည့်၍ စိတ်မကောင်းခြင်း
ကြီးစွာဖြစ်ရတော့၏ ။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်တို့နှစ်ယောက်
မှာစော်ဘွားကြီးအနီးရပ်၍မည်သည့်စကားဖြင့်
နှစ်သိမ့်ပေးရမှန်းမသိအောင်ရှိနေပါတော့သည်။
”...ဒေါက်တာ ကျွန်တော် စကားနည်းနည်း
ပြောချင်တယ်ဗျာ..ခလေးတွေရှေ့မပြောချင်ဘူး..”
သူ့အပေါ်တင်းကြပ်စွာဖက်ထားသောသမီးဖြစ်
သူလက်များကိုဖြေလျော့လိုက်ပြီး ဒေါက်တာဖုန်းမြတ်ကျော်ကိုခေါ်၍ ခပ်လှမ်းလှမ်း
ဆီလျောက်သွားနေသောစော်ဘွားကြီးနောက်သို့
ဒေါက်တာဖုန်းမြတ်ကျော်လိုက်ပါခ့ဲတော့၏ ။
”..အချိန်မရှိတော့ဘူး ဒေါက်တာ ကျုပ်စကားကို
အကျဉ်းချုပ်ပြောတော့မယ်...
တကယ်လို့ခုတိုက်ပွဲမှာကျုပ်တခုခုဖြစ်သွားခ့ဲရင်
ကျုပ်လူတွေနဲ့ ကျုပ်သမီးလေးကိုစောင့်ရှောက်
ကူညီပေးပါလို့ ကတိပေးပါ.. ဒေါက်တာ...”
”...ဟင်. ..စော်ဘွားကြီး.. ”
”..အခြေအနေကို ခင်များလဲမြင်သားပဲ ..ဒီတော့
ကျုပ်ကိုကတိပေးနိူင်မလား ဒေါက်တာ...”
”..ဟူး...ကောင်းပါပြီစော်ဘွားကြီးသမီးအတွက်
နောက်ဆံမတင်းပါနဲ့ သူ့ကိုကျုပ်သမီးလေးအဖြစ်
စောင့်ရှောက်ပေးပါ့မယ်...
စော်ဘွားကြီးလူတွေရှေ့က မားမားမတ်မတ်ရပ်ကာကွယ်ပေးပါ့မယ် ကတိပေးပါတယ်... ”
” ကျေးဇူးပါ ဒေါက်တာရယ် ကျုပ်ဒေါက်တာကိုယုံပါတယ် ကျုပ်စိတ်ချပါပြီ..”
စော်ဘွားကြီးမှာဒေါက်တာဖုန်းမြတ်ကျော်ပခုံးကိုဆုတ်ကိုင်၍ နောက်ဆံတင်းနေသောကိစ္စရပ်များ
စိတ်ချသွားဟန်ရှိနေ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာစော်ဘွားကြီးစိတ်ချမ်း
သာစေရန်ကတိပေးလိုက်ရသော်လည်းသူ့ကတိက
စော်ဘွားကြီးကိုအန္တရယ်တွင်းထဲတွန်းချနေခြင်းမျိုး
လားဟူသောအတွေးဖြင့်စိတ်မကောင်းဖြစ်မိရပြန်
သည်။
” ကျုပ်သမီးကိုခနထိန်းထားပေးကြပါ တိုက်ပွဲ
စတော့မယ် ဒေါက်တာ...”
”...ခန..ကျွန်တော်စော်ဘွားကြီးကိုဒါလေး
လက်ဆောင်ပေးပါရစေ....”
ဒေါက်တာဖုန်းမြတ်ကျော်မှကျည်အပြည့်ဖြည့်ထား
သောသူ့ခြောက်လုံးပြူးသေနတ်လေးကိုစော်ဘွား
ကြီးကိုကမ်းပေးလိုက်၏ ။
စော်ဘွားကြီးမှာ သေနတ်ကိုခါးတွင်ထိုးလိုက်
၍ဓားရှည်ကို လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုတ်
ကိုင်၍အ့ံတင်းတင်းကြိတ်ကာကွင်းပြင်အလယ်တွင်ရပ်လိုက်၏ ။
...အဖေ...အဖေ....
...မောင်သက်ခိုင်.အဏ္ဏဝါပုလဲကိုထိန်းထား
သူ့အဖေဆီမသွားစေနဲ့...
စော်ဘွားကြီးတိုက်ခိုက်တော့မည်မှန်းသိ၍
ငိုကြွေး၍ဖခင်ထံပြေးသွားရန်ပြုနေသော
အဏ္ဏဝါပုလဲမသွားစေရန်ဒေါက်တာဖုန်းမြတ်ကျော်
မှသက်ခိုင်ကိုထိန်းခိုင်းလိုက်ရာသက်ခိုင်မှာ အဏ္ဏဝါပုလဲကိုဖမ်းချုပ်ထားလိုက်၏ ။
အဏ္ဏဝါပုလဲမှာသက်ခိုင်ရင်ခွင်အတွင်း
ထုရိုက်နေသော်လည်းသက်ခိုင်မှာအရေးကြီးသော
အခြေအနေမို့အနာခံ၍တင်းကြပ်စွာဖက်ထားလိုက်တော့၏ ။
”.. ကဲ... တိုက်ပွဲစကြရအောင် အနိူင်အရူံးထွက်
ရင်ပေးထားတ့ဲ ကတိအတိုင်းလုပ်ကြတာပေါ့...”
...ဝှီး....ဝှီး...ဖပ်...ဖပ်...ဖပ်......
စော်ဘွားကြီးစိန်ခေါ်မူဆုံးသည်နဲ့တပြိုင်နက်
ကောင်းကင်ခတ်သံခပ်ပြင်းပြင်းကြားလိုက်ရ
ခြင်းကြောင့် စော်ဘွားကြီးမှာ ဓားကိုလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဆုတ်ကိုင်၍
တောင်ပတ်ခတ်သံသူ့ခေါင်းအနီးရောက်လာချိန်
ဓားဖြင့်ပင့်ခုတ်ပြီးတပြိုင်နက်ဘေးသို့ခုန်ရှောင်ထွက်လိုက်၏ ။
စော်ဘွားကြီးလူပ်ရှားမူမှာအရွယ်နဲ့မမျအောင်
သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ပင်။ဓားဖြင့်
ခုတ်ပြီးသည်နဲ့တပြိုင်နက် ဘေးသို့ခြေဆုတ်ခုန်
ထွက်ခြင်းကိုတဆက်တည်းလျင်မြန်စွာပြုလိုက်ခြင်းဖြစ်၏ ။
စော်ဘွားကြီးဓားခုတ်ချက်မှာ လေကိုသာခုတ်မိ
သွား၏ ။
စော်ဘွားကြီးကိုယ်ပေါ်ဝင်ပူးနေသောမကောင်း
ဆိုးဝါးလင်းနိူ့မိစၦာမှာ အပေါ်ဖက်မှပျံဝဲ၍စော်ဘွားကြီးကိုအဆက်မပြတ်
တိုက်ခိုက်နေ၏ ။
လင်းနိူ့တောင်ပံဖျားတွင်လွသွားက့ဲသို့စူးချွန်များ
ပါသောကြောင့် အကယ်၍ ထိခိုက်မိပါက အသားများ ဟက်တက်ကွဲသွားနိူင်၏ ။
စော်ဘွားကြီးမှာ လက်တွင်းမှဓားဖြင့်
တိုက်ခိုက်လာမူများကာကွယ်နေသလို တခါတရံ
ရှောင်တိမ်းနေရ၏ ။
တိုက်ပွဲမှာ အပေါ်နဲ့အောင်တိုက်နေရသည့်အပြင် မီးတောက်အလင်းရောင်မှိန်ကျနေသည့်အတွက်
အမှောင်ပိုနေ၍ စော်ဘွားကြီးမှာ စတိုက်ကတည်း
ကရန်သူကိုထိခိုက်ရန်ထက် ကာကွယ်ရှောင်တိမ်း
ရင်းသာရှိနေတော့၏ ။
အိမ်အတွင်းပုန်းအောင်းနေသော ရွာသားများ
တိုက်ပွဲဝင်ရွာသားများ သူတို့စော်ဘွားကြီးတိုက်ပွဲ
ကိုရင်တမမနဲ့ကြည့်နေကြလျက်ရှိနေ၏ ။
အဏ္ဏဝါပုလဲမှာလည်းရုန်းကန်၍အတန်ငယ်
မောပန်းသွားဟန်သက်ခိုင်ရင်ခွင်အတွင်း ရိူက်သံသ့ဲသ့ဲပြု၍ ဖခင်ကြီးနဲ့မိစၦာအသွင်ပြောင်း မိခင်တိုက်ပွဲကို ကြည့်ရူလျက်ရှိနေပါသည်။
ဒေါက်တာဖုန်းမြတ်ကျော်မှာ စော်ဘွားကြီးအခြေအနေကိုကြည့်၍စိုးရိမ်စိတ်ဝင်
နေမိ၏ ။
စော်ဘွားကြီးမှာတိုက်ပွဲကတဖက်သတ်မမျတသည့်
အပြင်အသက်အရွယ်ထောက်နေပြီမို့ အချိန်ကြာ
သောအခါ တစ်ကိုယ်လုံးချွေးများရေချိုးသည်အလားစိုရွဲ၍
လူပ်ရှားမူများနှေးကွေးလေးလံလာသလို အတောင်ဖျားစူးသွားများရှပ်ခြစ်ရာများမကြာခနထိ၍ထိုနေရာမှသွေးများစိမ့်ထွက်လျက်ရှိနေ၏ ။
တစ်ကြိမ်တွင် ခဲတစ်လုံးကိုနင်းမိ၍ခြေချော်ကာ
ကိုယ်ဟန်ပျက်သွားစဉ်....
..အ.. ဖျန်း...အား....
နောက်ကျောကိုတောင်ပံစူးဖြင့်ခြစ်ဆွဲခံလိုက်ရပြီး
စော်ဘွားကြီးနောက်ကျောမှာ အကျီ ၤစုတ်ပြဲပြီး
သွေးများငေါက်ခနဲ ပန်းထွက်ကာ လူမှာရှေ့သို့ယိုင်
ထိုးသွားချိန် နောက်ထပ်တောင်ပံစူးသွားများဆက်တိုက်ကျရောက်လာပြီးစော်ဘွားကြီးမှာဝမ်းလျားထိုးလဲကျသွားကာသူ့လက်အတွင်းမှာလည်းအဝေးသို့လွင့်ထွက်သွားတော့၏ ။
စော်ဘွားကြီးကိုအဖြစ်ကိုမြင်နေရသောရွာသား
များမှာအာမေဋိတ်သံများထွက်ကုန်ကြတော့၏ ။
သက်ခိုင်ရင်ခွင်အတွင်းမှ အဏ္ဏဝါပုလဲမှာသူမှဖခင်အဖြစ်အပျက်မြင်ရချိန်
ရင်းတွင်းခံစားမူဝေဒနာအရှိန်ကြောင့်မေ့မြောသွား
ရှာ၏ ။
စော်ဘွားကြီးမှာနာကျင်မူကိုအံကြိတ်၍
သွေးသံတရဲရဲဖြင့်ကုန်းရုန်းထလာချိန်သူ့မိန်းမဝင်ပူးထားသော လင်းနိူ့မိစၦာကသူရှေ့သို့ ပျံဝဲဆင်းလာ
တော့၏ ။
တောင်ပံအဖျားထိပ်မှတစ်ထွာခန့်မျစူးတောင်နှစ်ဖက်ကစော်ဘွားကြီးလည်ပင်းဘေးတစ်ဖက်တစ်ချက်သို့ထောက်ထားလျက်ဖြင့်ရှိနေ၏ ။
..ကဲ..ပွဲပြီးသွားပြီ.. မင်းကိုသတ်ပြီးရင်
မင်းလူတွေတစ်ယောက်မကျန်အကုန်သတ်ပေး
ရတာပေါ့..ဘာပြောစရာကျန်သေးလဲ...
စော်ဘွားကြီးမှာနာကျင်မူများကြားမှယ့ဲယ့ဲပြုံးလိုက်
ရင်းသူ့မိန်းမရုပ်သွင်ကိုငေးနေ၏ ။
”...ငါ...မသေသေးဘူးလေ.. မင်းမနိူင်သေးပါဘူး....သတ်လိုက်ပါ..ငါသေမှပဲ
ငါ့လူတွေကိုမင်းထိလို့ရမယ်...”
...မင်းရဲ့ ဆန္ဒပြည့်စေရပါမယ်...
အားလုံးသောရွာသားများမှာ သူတို့အတွက်ရှေ့ဆုံး
မှရပ်တည်တိုက်ခိုက်ပေးရင်း အသက်ဘေးကြုံနေရသောစော်ဘွားကြီးကို
ကြည့်၍ရင်တွင်း မချိတင်ကဲရှိနေကြ၏ ။
...ဒိုင်း...ဒိုင်း....ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...
.....အား.....
....ဟာ....
...စော်ဘွားကြီး မသေဘူး.....
..စော်ဘွားကြီး....
...ဝေး...ယေး.....ယေး.....
ရုတ်တရက်အရူံးမှအနိူင်ဖြစ်သွားသောအခြေအနေ
မိျုးပင်။
စော်ဘွားကြီးမှအတောင်ထိပ်ဖျားစူးနှစ်ခုလည်ပင်း
ထောက်ထားရာမှနောက်သို့ဆတ်ခနဲကိုယ်ခန္ဓာယိမ်းလိုက်၍ မုဆိုးဒူးထောက်ထိုင်ချလိုက်၏ ။
ထို့နောက်ခါးကြားမှခြောက်လုံးပြူးသေနတ်ကိုထုတ်ယူ၍ လင်းနိူ့မိစၦာပူးကပ်ခံထားရသောဇနီးဖြစ်သူ
ရင်ဘတ်ကို ကျည်ခြောက်တောင့်လုံးကုန်သည်အထိပစ်ခတ်လိုက်တော့၏ ။
ဒေါ်နန်းကလျာဝင်ပူးကပ်ထားသောမကောင်း
ဆိုးဝါးလင်းနိူ့မိစၦာမှာဆက်တိုက်ပစ်ခတ်လိုက်သော
သေနတ်ကျည်ဆန်များကြောင့်ရင်ဘတ်ပေါ်မှ
သွေးပုတ်များ အတားအဆီးမရှိကျဆင်းနေကာ
ဘာမှလုပ်ချိန်မရ
လိုက်ပဲ နာကျင်စွာအော်ညည်းလျက်မှနောက်ဆုတ်
နောက်ဆုတ်ဖြင့်ပြိုလဲကျသွားတော့၏ ။
လင်းနိူ့မိစၦာကျဆုံးသွားသည်နဲ့တပြိုင်နက်
ကောင်းကင်တွင်ပျံဝဲနေသော လင်းနိူ့ငှက်များမှာ
အဝေးဆီသို့တောင်ပံခတ်ပျံသန်းသွားသံများကြား
လိုက်ရတော့၏ ။
ယခုမှသတိရလာသော အဏ္ဏဝါပုလဲတစ်ယောက်သူမဖခင်မသေဆုံးခြင်း
အတွက်ဝမ်းသာရသော်လည်း မိခင်ဖြစ်သူသေဆုံး
ရခြင်းအတွက်ဝမ်းနည်းနေလျက်ရှိနေပါသည်။
ရွာသားများမှာစော်ဘွားကြီးအနီးဝမ်းသာအားရ
ပျော်မြူးစွာရှိနေကြ၏ ။
စော်ဘွားကြီးမှာဇနီးဖြစ်သူအလောင်းကိုကြည့်
လျက်မျက်ရည်များစို့တက်လျက်မှ သမီးဖြစ်သူကို
တင်းကြပ်စွာဖက်ထားလျက်ရှိနေပါတော့၏ ။
အလင်းရောင်ပါးပါးမှာအမှောင်ထုကိုထိုးဖောက်
ရောက်ရှိလာခ့ဲပြီဖြစ်၏ ။
==========================
ထိုအဖြစ်အပျက်များဖြစ်ပွားပြီးတစ်လအကြာ..။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့စော်ဘွားကြီးဦး
စီး၍ ပင်လယ်အောက်ရောက်နေသောသငေ်္ဘာ
ပျက်များရှာဖွေကြရာ မီးပြတိုက်မှသက်ခိုင်မီးပြတိုက်မှပင်လယ်ပြင်အတွင်းတိုက်ပွဲဖြစ်ခြင်းကိုမြင်ခ့ဲရသောနေရာတွင်
သငေ်္ဘာပျက်ကြီးများကို ရှာဖွေတွေ့ရှိရတော့၏ ။
သငေ်္ဘာပျက်အတွင်းမှရတနာများဝင်ရောက်
မရှာဖွေခင်အချိန်။
စော်ဘွားကြီးမှာဘုန်းတော်ကြီးများကိုပင့်ဆောင်ကာ အသူရကယ်ကျွန်းအနီးကမ်းစပ်တွင်ဆွမ်းကျွေး
၍တရားနာအမျပေးဝေရာတွင် အသူရကယ်ကျွန်း
အတွင်းမှတောလဲသံကြီးများနဲ့အတူ သာဓုခေါ်သံ
များကိုပီသစွာကြားလိုက်ကြရတော့၏ ။
ရတနာများရှာဖွေမည့်နေ့တွင်လည်းစော်ဘွားကြီးမှာသငေ်္ဘာဦးထိပ်ရပ်၍ မိမိသည်ရရှိလာသောရတနာများကိုတိုင်းပြည်အတွက်တဖက်တလမ်းမှအကူအညီရစေရန်အသုံး
ပြုမည်ဖြစ်သလို ဘုရားတည်ကျောင်းဆောက်
ရန်အတွက်ရည်ရွယ်ထားသောကြောင့်အနှောင့်
အယှက်မပြုရန်မြင်အပ်မမြင်အပ်သောပရလော
ကသားများကို မေတ္တာရပ်ခံ၍ရတနာများရှာဖွေကြရာ သံချေးအထပ်ထပ်စွဲကပ်နေသော ရတနာအပြည့်
သေတ္တာကြီးဆယ့်သုံးလုံးကိုအနှောင့်အယှက်မရှိ
ရရှိကြတော့၏ ။
စော်ဘွားကြီးနဲ့ဒေါက်တာဖုန်းမြတ်ကျော်မှာရရှိလာ
သောရတနာများကို ထုခွဲ၍မြန်မာပြည်အနှံအပြားမှ
တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုစော်ဘွားကြီးအဆက်အသွယ်ဖြင့်ကူညီထောက်ပ့ံကြ၏ ။
တခြားတဖက်တွင်လည်းတနိူင်ငံလုံးအနှံအပြား
ဘုရားတည်၊ကျောင်းဆောက်ရာများတွင်လှူဒန်းမူ
ပြုကြပြန်သည်။
အလှူရှင်များအမည်ကိုထည့်သွင်းရာတွင်
မင်းခေါင်နှင့်သငေ်္ဘာသားများကောင်းမူဟုကဗ္ဗည်း
ထိုးစေ၏ ။