အဏ္ဏဝါအတွင်းမှအကျဉ်းစံများ
=================
စော်ဘွားကြီးစိုင်းနွံဖမှာတော်လှန်ရေးလုပ်စဉ်
သိမ်းဆည်းထားသောလက်နက်များကိုသိမ်းဆည်း
ထားရာစုစုပေါင်းသေနတ်ဆယ်လက်ရလာ၏ ။
တော်လှန်ရေး
တိုက်ပွဲတွင်ပါဝင်ဖူးသောရဲဘော်ဟောင်းကြီးများမှာ
သေနတ်ကောင်းကောင်းပစ်တတ်သူများမို့အဆင်
ပြေနေ၏ ။
တစ်ခြားသူများအတွက်ဓားလှံလေးမြှားများပြုလုပ်
စေ၍ အလွယ်ကူဆုံးတိုက်ခိုက်နည်းများကိုတတ်
ကျွမ်းသူများက ဖုတ်ပူမီးတိုက်သင်ပေးခိုင်း၏ ။
တစ်ရွာလုံးအတွက်အတွက်အန္တရယ်ကြုံနိူင်သော
အခြေအနေရောက်နေပြီမို့ စော်ဘွားကြီးမှာ သက်ကြီးရွယ်အိုများမိန်းမသားနဲ့ကလေးများကို
ရဲတိုက်အတွင်းခိုလူံနေစေ၏ ။
တခြားသူများမှာရဲတိုက်ရှေ့ကွင်းပြင်တွင်
ဆီမီးတုတ်ထွန်း၍ စုရုံးစွာရှိနေကြ၏ ။
စော်ဘွားကြီးစိုင်းနွံဖမှဒေါက်တာဖုန်းမြတ်ကျော်ကို
တိုင်ပင်ဆွေးနွေးစရာကိစ္စများအတွက်လာခေါ်သွား
သောကြောင့် သက်ခိုင်မှာတစ်ယောက်တည်းကျန်
နေရစ်ခ့ဲတော့၏ ။
မြှားပစ်လေ့ကျင့်ပြီးပြီမို့ လူအုပ်စုနဲ့ခပ်လှမ်းလှမ်းတွင်ထိုင်၍တစ်ကိုယ်
တည်းရှိနေစဉ်..။
..အစ်ကို...
...ဟင်...ညီမ...
ခေါ်သံကြားလိုက်ရသောကြောင့်နောက်သို့လှည့်
ကြည့်မိရာ သူ့ထံလျောက်လာနေသော အဏ္ဏဝါပုလဲကိုတွေ့လိုက်ရတော့၏ ။
”… ပျင်းနေပြီလား ညီမလည်း ပြသာနာတွေရူတ်
နေတာနဲ့ဧည့်ဝတ်မကျေသလိုဖြစ်သွားတယ်...”
”…ရပါတယ်..အစ်ကိုက ညီမတို့ကိုဘာမှအကူ
အညီမပေးနိူင်လို့သာစိတ်မကောင်းဖြစ်
နေရတာ...”
”...အစ်ကိုအနေနဲ့ ညီမတို့နဲ့အတူမကောင်းဆိုးဝါး
တွေကိုကူတိုက်ပေးတာလည်းကူညီတာပဲ
နောက်လည်း အကိုညီမကိုအကူအညီပေးဖူးပါတယ်...”
”..ဘယ်လို အဲဒီစကားလှေပေါ်မှာကတည်းက
မေးချင်နေတာ..အစ်ကိုညီမကိုအကူအညီ
ဘယ်မှာပေးဖူးလဲတွေးနေတာခေါင်းသာမူးသွားတယ်တွေးလို့မရဘူး.ညီမလူမှားနေတာနေမှာပါ...”
”…အစ်ကိုမမှတ်မိတာပါ ညီမပြောပြမယ်
တမြန်နှစ်က ကျင်းပတ့ဲ အစ်ကိုတို့ရွာရဲ့ပျော်ပွဲ
ရွင်ပွဲညကို မှတ်မိသေးလား....”
”...ဝိုးတဝါးပဲ ညီမရေ အစ်ကိုအဲဒီညက
အမှန်ပြောရရင်နည်းနည်းထွေနေတာ
ရန်ဖြစ်တာတော့မှတ်မိတယ် ဘာကြောင့်
ဖြစ်တယ်ဆိုတာတွေးမရတော့ဘူး ရန်ဖြစ်တ့ဲနေရာ
အနားမှာပဲဒဏ်ရာတွေနဲ့လဲနေလို့ သူငယ်ချင်း
တွေအိမ်ထမ်းခေါ်သွားရတာ ဒဏ်ရာထက်မူးနေ
တာကြောင့်ပါ...”
သက်ခိုင်တို့ရွာတွင်နှစ်နှစ်တကြိမ်ခန် ့မြို့မှဇတ်ပွဲများငှါးရမ်း၍လေ့ရှိ၏ ။
ကျွန်းသားများမှာ ပျော်ပွဲရွင်ပွဲများကင်းဝေး
နေကြသူများမို့ မြို့တွင်အလွန်တရာည့ံသည်ဟု
သတ်မှတ်ထားသောဇတ်သဘင်များပင်သက်ခိုင်
တို့ကျွန်းသားများအတွက်အလွန်ကောင်းသည်ဟု
စိတ်တွင်သတ်မှတ်တတ်ကြ၏ ။
အပျော်အပါး ဖျော်ဖြေရေးဇတ်သဘင်များနဲ့
ဝေးနေသော တခြားသော ကျွန်းများမှလည်း
ဇတ်ပွဲလာကြည့်တတ်ကြရာ ကြက်ပျံမကျစည်ကား
သောပွဲဖြစ်၏ ။
ဇတ်ပွဲမှာသုံးညတိတိကပြရာသက်ခိုင်မှာ
နောက်ဆုံးနေ့တွက်အရက်မူးတော့၏ ။
သက်ခိုင်မှာအရက်သေစာမသောက်စားတတ်
သော်လည်း ညလယ်ခန့်ဇတ်ပွဲစည်ကားနေချိန် သူငယ်ချင်းများမှ မသောက်မနေရ
တစ်ခွက်သောက်ခိုင်းရာ အူရိုင်းဖြစ်နေသောကြောင့်မူးယစ်ရီဝေလာတော့၏။
ထို့ကြောင့်..အိမ်သို့ပြန်လာရာတွင်ရန်ဖြစ်သည်ကို
သာမှတ်မိ၍ အသိစိတ်ဝင်လာချိန် ဒဏ်ရာဗရဗွဖြင့်
အိမ်သို့ရောက်နေမှန်းသိလိုက်ရတော့သည်။
ထိုအဖြစ်အပျက်အကြောင်းအရာများ အဏ္ဏဝါပုလဲနဲ့ မည်သို့ဆက်စပ်နေသည်ကိုကား
သက်ခိုင်တွေး၍မရပေ ။
”...အစ်ကိုမမှတ်မိရင် ညီမပြောပြပါ့မယ်...
ညီမဟာ အစ်ကိုတို့ပြင်ပကမ်ဘာကိုတခါတလေမှ
သွားရောက်လည်ပတ်ခွင့်အဖေကပေးထားတာ
မို့အကိုတို့ရွာမှာဇတ်ပွဲရှိမှန်းသိတော့...၊
တခါမှပွဲမကြည့်ဖူးတာမို့ အစ်ကိုတို့ကိုဒီလိုက်
ပို့တ့ဲလှေသမားကြီးနဲ့ ပွဲနောက်ဆုံးညအဖေမသိ
ခိုးထွက်ပြီး ပွဲလာကြည့်ပြီးညတအားမနက်ခင်
လှေဆိပ်ကိုအလာ အကိုနဲ့ဆုံတာပါပဲ....”
”..ဘယ်လို..အကိုနဲ့ဆုံတယ်...ဟုတ်လား...”
” ဟုတ်တယ် အစ်ကို လှေဆိပ်ကိုအပြန်လမ်း
လူရှင်းတ့ဲတစ်နေရာမှာ အမူးသမားနှစ်ယောက်က
ညီမကိုဆွဲလားရမ်းလား လာလုပ်ကြတယ်
အော်ဟစ်အကူအညီတောင်းပေမယ့်ပွဲခင်းက
အသံတွေ ဆူည့ံနေတာရော လူရှင်းတ့ဲနေရာဖြစ်
နေတာရောကြောင့် ကူကယ်ရာမ့ဲ ညီမဘဝရေတိမ်
နစ်ရမလိုဖြစ်နေချိန် လူတစ်ယောက်ရောက်လာပြီး
အဲဒီလူနှစ်ယောက်ကိုထိုးပါလေရော..ညီမလည်း
ကြောက်လန့်ပြီးလှေဆိပ်ကိုပြေးပြီးစောင့်နေတ့ဲ
လှေသမားကြီးကိုအမြန်လှော်ခိုင်းပြီးအိမ်ပြန်လာခ့ဲ
မိတယ်..
အဲဒီအချိန်ကတခါမှမကြုံဖူးတ့ဲအခြေနေမို့
ကြောက်စိတ်ရှက်စိတ်နဲ့လူကထူပူပြီး ဝမ်းနည်း
နေတာမို့လာကယ်တ့ဲသူဘယ်သူဘယ်ဝါမသိ
ခ့ဲရဘူး...
နောက်သွေးအေးသွားတော့မှကျေးဇူးရှင်အခြေအနေသိချင်တာနဲ့လှေသမားကြီးကို အဲအဖြစ်အပျက်
ကြုံခ့ဲတ့ဲနေရာမှာစုံစမ်းခိုင်းတော့ ကျေးဇူးရှင်က
အကိုဖြစ်နေမှန်းသိလိုက်ရတယ်...
ဒါပေမယ့် အဲဒီအချိန်အထိအကိုရုပ်ကိုမမြင်ဖူး
သေးပါဘူး.....”
”…အသူရကယ်ကျွန်းမှာလာကယ်တာကရော
အစ်ကိုရှိမှန်းဘယ်လိုသိတာလဲ...”
”...လှေသမားကြီးက ညီမကျေးဇူးရှင်အဖြစ်
အစ်ကိုရုပ်ကိုမြင်ဖူးထားတယ် အသူရကယ်ကျွန်းထဲ ငါးဖမ်းဖို့အစ်ကိုဝင်သွားတာ
မြင်တော့ ညီမကိုလာပြောတယ်...”
” …ညီမတို့လိုက်လာဖို့လုပ်ချိန် ရုတ်တရက်ရာသီ
ဥတုပြောင်းသွားတာကြောင့်ရာသီဥတု အခြေအနေ
ငြိမ်သွားအောင်စောင့်ရင်း ကျွန်းနားရောက်လာတော့ကံကောင်းတယ်ပြောရမလား မီးပြတိုက်မှာလူရိပ်တွေ့တော့ အစ်ကိုကိုယ်
လာကယ်တာပါ...”
...ဟင်...
ကြားလိုက်ရသောစကားကြောင့် သက်ခိုင်တစ်ယောက်အ့ံသြသင့်နေမိတော့၏ ။
အဏ္ဏဝါပုလဲနဲ့သူဆုံတွေ့ရခြင်းမှာတိုက်ဆိုင်မူဟု
ထင်မှတ်ခ့ဲသော်လည်းသူထင်သလိုကား့မဟုတ်။
သူမူးယစ်ချိန်ကူညီဖူးသူတစ်ယောက်ကကျေးဇူး
လာဆပ်ခြင်းဖြစ်မှန်းယခုမှသိလိုက်ရတော့၏ ။
”…ကျေးဇူးပါညီမရေ အစ်ကိုတကယ်ကျေးဇူး
တင်ပါတယ် အဲဒီနေ့က ညီမတကူးတကကူညီ
မူအတွက်ကျေးဇူးတင်ပါတယ်...”
”...ရပါတယ်အစ်ကို ညီမအရှက်နဲ့ အသက်ကို
အစ်ကိုကူညီဖူးတာပါပဲကျေပြီလို့မှတ်လိုက်....”
သက်ခိုင်နဲ့အဏ္ဏဝါပုလဲတို့နှစ်ယောက်မှာ
တစ်ယောက်ကိုတစ်ယောက်စိတ်အတွင်းကျိတ်၍
သဘောကျနေကြသူများဖြစ်သောကြောင့်လေပေး
ဖြောင့်နေကြသည်။
ထိုအချိန်တွင်...။
စော်ဘွားကြီးနဲ့ ရွာသားထဲမှစော်ဘွားကြီးနဲ့လက်တွဲ
ဖူးသောတော်လှန်ရဲအဖွဲ့အဝင်အချို့မှာရှေ့ဆက်ရ
မည့်ကိစ္စရပ်များတိုင်ပင်နေကြ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာလည်းစော်ဘွားကြီး
ခေါ်ထားခြင်းကြောင့်ရောက်ရှိနေ၏ ။
” ကျုပ်တို့ကို ဒီကောင်တွေခုထိလာမတိုက်တာ
စိတ်ထဲဘဝင်မကျဖြစ်နေတယ်..ကျုပ်ဇနီးက
လည်းဒီကောင်တွေဆီမှာ...ဟူး.....”
”...ဒီကောင်တွေ ကျွန်တော်တို့အလစ်ကို
ချောင်းနေတာဖြစ်ရမယ် စော်ဘွားကြီး... ”
”..ဒီကောင်တွေအနေနဲ့ လင်းနေတ့ဲအချိန်ထက်
မှောင်တ့ဲအချိန်တိုက်မှာသေချာတယ်... ”
စော်ဘွားကြီးမှာဇနီးဖြစ်သူအတွက်သောကမအေး
ဖြစ်နေကာမျက်နှာအသွင်အပြင်မှာစိတ်ဆင်းရဲမူ
ဒဏ်ကြောင့်ချောင်ကျလျက်ရှိနေသည်။
ဒေါက်တာဖုန်းမြတ်ကျော်မှာတစ်စုံတစ်ခုသော
အကြောင်းကိုရုတ်တရက်သတိရမိသွားသော
ကြောင့် စော်ဘွားကြီးစိုင်းနွံဖအနီးတိုးကပ်
လိုက်၏ ။
”…စော်ဘွားကြီး ကျွန်ပ်အတွေးတစ်ခု
ပြောပြချင်တယ်... ”
”ပြောလေဒေါက်တာ ဘာပြောမလို့လဲ ဒီသတ္တဝါ
ဆန်းတွေဟာ မီးကိုကြောက်တာသတိထားမိတယ်
ဒီတော့ ကျွန်ပ်တို့ကမီးတွေပတ်ချာလည်ထွန်းထားတော့
မဝင်ရဲတာပဲနေမယ်....ကျွန်ပ်ကတော့ ဒီကောင်တွေဟာ အလင်းရောက်ချိန် မီးမထွန်းပဲ
ပေါ့လျော့နေချိန်ဝင်လာနိူင်တယ် ထင်မိလို့ပါ...”
”…ဟုတ်တယ် ဒေါက်တာ ..ဟုတ်တယ်..
ကျုပ်ထူပူနေလို့ခုမှပဲတွေးမိတော့တယ်...
ဒီအတွေးနဲ့ဆက်စပ်ပြီး ကျုပ်အကြံတစ်ခုရပြီ...
ဒီတော့ ဒီလိုလုပ်ကြရအောင်...”
အားလုံးမှာစော်ဘွားကြီးအနီးခေါင်းတိုးကပ်၍
စော်ဘွားကြီးပြောစကားကိုခေါင်းတငြိမ့်ငြိမ့်ထောင်
နေကြပြီး ခနအကြာလူစုခွဲ၍အလျိုလျိုထွက်ခွာ
သွားကြတော့၏ ။
စောဘွားကြီးစိုင်းနွံဖဦးဆောင်သောအစည်း
အဝေးပြီးဆုံးချိန်မှတွက်လျင်နာရီဝက်ခန့်မျအကြာ
တွင် အိမ်တွင်းအိမ်ပြင်မှမီးများမှာ အားလုံးငြိမ်းသွားရာ အမှောင်ထုစိုးမိုးသွားတော့၏ ။
လူသံသူသံများမှာမီးကိုရေနဲ့ငြိမ်းလိုက်သလို
ချက်ခြင်းငြိမ်ကျသွားရာ အမှောင်ထုအောက်တွင်
တိတ်ဆိတ်မူသာကြီးစိုးလျက်ရှိနေပါတော့သည်။
ထိုက့ဲ့သို့ငြိမ်သက်တိတ်ဆိတ်နေချိန်တွင်အရှေ့
ဖက်တောအုပ်ဆီမှ အမှောင်အတွင်းရဲရဲနီလျက်
ရှိနေသောမျက်လုံးများ ရဲတိုက်အနီးတရွေ့ရွေ့တိုး
ကပ်လာနေကြတော့၏ ။
အနီရဲရဲမျက်လုံးပေါင်းများစွာမှာ ရဲတိုက်ကြီး
ဆီသို့စက်ဝိုင်းပုံစံပြု၍ချည်းကပ်လာနေကြ၏ ။
တဖြည်းဖြည်းဖြင့်စက်ဝိုင်းမှာကျည်းသည်ထက်
ကျည်းလာချိန်တွင်... အမိန့်ပေးသံတစ်ခုထွက်
ပေါ်လာတော့၏ ။
......အသင့် .....အားလုံး..ပစ်..
...ဒိုင်း....ဒိုင်း...ဒိုင်း...ဒိုင်း.. ဒိုင်း...
...ဝှစ်...ဝှစ်....ဖောက်....ဖောက်....ဖောက်...
..အူး.....ဂူး.....အူး......ဂွီး....ဂွီး.......
အမိန့်ပေးသံစသည်နဲ့တပြိုင်နက် ရဲတိုက်ခပ်လှမ်းလှမ်းဆီတွင်မီးရောင်တစ်ခုထွက်
ပေါ်လာခြင်းနဲ့အတူထိုမီးရောင်က အိမ်ပတ်ချာလည်သို့ လျင်မြန်ပြေးလွားသွား၍
မီးတောက်စက်ဝိုင်းကြီးတစ်ခုကရဲတိုက်ကြီးကို
ပတ်ဝိုင်းလိုက်တော့၏ ။
စော်ဘွားကြီးကြိုတင်ပြင်ဆင်မူအရ ဆီမီးထွန်းသောသစ်စေးလောင်စာဆီကိုသစ်ကိုင်း
ခြောက်များသစ်ရွက်ခြောက်များပေါ်သို့လောင်းချ
ကာရဲတိုက်ပတ်ချာလည်မီးဝိုင်းထားစေ၍အချက်ပေးသံကြားချိန်တွင်ပုန်းအောင်းနေသူတစ်ယောက်မှ
မီးရိူ့လိုက်ခြင်းပင်ဖြစ်၏ ။
မီးရောင်အောက်တွင်တွေ့လိုက်ရသည့်အနီရောင်
မျက်လုံးပိုင်ရှင်များမှာလူဝံနဲ့ဆင်တူပြီးတစ်ကိုယ်လုံး
အမွေးအမှင်များဖုံးလွမ်းနေ၏။
လူဝံနဲ့မတူသောအချက်မှာဦးခေါင်းထိပ်တွင်ဂျိုတစ်
ခုရှိနေခြင်းဖြစ်ပြီးပါးစပ်အတွင်းမှကောက်ချိတ်သောအစွယ်ကြီးနှစ်ချောင်းမှာအပေါ်သို့ကော့ပျံတက်လျက်ရှိနေခြင်းဖြစ်၏။
မီးတောက်များမှာရဲတိုက်အားပတ်ဝိုင်းလိုက်ရာ
ထိုအကောင်ကြီးများမှာမီးရောင်ထွက်ပေါ်လာခြင်း
ကြောင့်ထိတ်လန့်တကြားဖြစ်ကုန်ချိန်မှာပင်အိမ်
ပတ်ချာလည်တွင်ကတုတ်ကျင်းများအတွင်း
အသင့်ပုန်းအောင်းစောင့်ဆိုင်းနေသော၊မြှားသမား
သေနတ်သမားများသမားများကထိုအကောင်ကြီးများကိုဝိုင်းပစ်နေကြတော့၏ ။
မြှားများမှာရိုးရိုးမြှားများမဟုတ်ပဲ ထိပ်တွင်မီးခွက်
ထွန်းသောသစ်ဆီသုတ်လိမ်းထားသော အဝတ်စုတ်ကို မီးရိူ့၍ပစ်လွတ်ခြင်းပင်ဖြစ်၏ ။
သေနတ်ထိခံရသော မြှားထိခံရသောအကောင်ကြီးများမှာ နာကျင်စွာ
အော်မြည်သံကြီးများပြု၍ရှိနေကြတော့၏ ။
ထူးဆန်းသောအချက်အနေဖြင့်ထိုအကောင်
ကြီးများမှာ မီးကိုကြောက်ရွံခြင်းနဲ့အတူ၊ မြှားထိမှန်
ရာတွင်မြှားတွင်ပါလာသောမီးမှာလောင်စာကိုမီးရိူ့
လိုက်သည်အလားမီးတောက်များစွဲလောင်ကုန်တော့၏ ။
ထိုအကောင်ကြီးများနောက်ကြောင်းပြန်လှည့်
ပြေးရန်ကလည်းမီးတောက်ကဝိုင်းထား၏ ။
ရှေ့ဆက်တိုးပါကလည်းသေနတ်၊မီးမြှားချက်များဖြင့် အတုန်းအရုန်းကျဆုံးကုန်ကြတော့၏ ။
ထို့ကြောင့်အလယ်မှာပင်ပတ်ချာလှည့်၍
ဟိုဒီပြေးလွားလျက်ရှိနေကြကုန်တော့သည်။
...တိုက်....
...ကျား.....ယား.....ယား.....
...စွတ်...ဒုတ်.....စွတ်....ဒုတ်...
...ဒိုင်း...ဒိုင်း.......ဒိုင်း....ဒိုင်း....
စောဘွားကြီးမှာဓားရှည်တစ်ချောင်းကိုလက်နှစ်
ဖက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်၍ရှေ့ဆုံး
မှညာသံပေး၍ပြေးသွားရာ သူ့နောက်မှတစ်ခြားသူ
များလည်းဓားကိုယ်စီကိုင်၍ညာသံပေးကာ ပတ်ချာ
လှည့်ပြေးနေသောအကောင်ကြီးများကိုလိုက်လံ
ထိုးခုတ်လျက်ရှိနေကြတော့သည်။
မြှားပစ်သံ၊သေနတ်သံ၊ အနီးကပ်တိုက်ခိုက်မူများ
ကြောင့် လူဝံဘီလူးများငြီးတွားအော်ဟစ်၍ဘာမှ
ပြန်မလုပ်နိူင်ပဲအတုန်းအရုန်းကျဆုံးကုန်ကြတော့၏ ။
မကြာမှီ အသားညှော်နံ့တထောင်းမီးခိုးတလူလူဖြင့် လူဝံဘီလူးကြီးအလောင်းများရဲတိုက်ပတ်လည်တွင်
စုပြုံလျက်ရှိနေတော့သည်။
ရွာသားများမှာလက်သီးလက်မောင်းတန်းအော်ဟစ်
အောင်ပွဲခံနေကြတော့၏ ။
တစ်ယောက်နဲ့တစ်ယောက်ဘေးခြင်းကပ်၍မြှားပစ်
တာဝန်ယူထားကြသော သက်ခိုင်နဲ့ အဏ္ဏဝါပုလဲ
မှာတစ်ယောက်ကိုတစ်ယောက်ကြည့်၍ပြုံးလျက်
ရှိနေကြ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာယမ်းငွေ့ဝေနေသော
ခြောက်လုံးပြူးကိုကိုင်၍ စော်ဘွားကြီး စိုင်းနွံဖထံ
လျောက်သွားလိုက်၏ ။
စော်ဘွားကြီးမျက်နှာအမူအယာက တခုခုကိုအလို
မကျဟန်သုန်မူန်နေခြင်းကြောင့် ဒေါက်တာဖုန်းမြတ်ကျော် အ့ံသြသင့်မိရ၏ ။
”…စော်ဘွားကြီးတိုက်ပွဲက ပြီးသွားပြီလေ
မပျော်ဘူးလား....”
”…မဟုတ်သေးဘူး ဒေါက်တာ တစ်ခုခုမှားနေ
သလိုကျုပ်ခံစားနေရတယ် ကျုပ်တို့ပထမတွေ့တာ
လင်းနိူ့လိုအကောင်ကြီးတွေ ခုအဲလိုအကောင်မျိုး
တစ်ကောင်မှမတွေ့ရဘူး နောက်ကျုပ်ဇနီး...”
..ဝှီး...ဝှီး....ဖတ်....ဖတ်....ဖတ်......
....အား.....
အား...ကယ်ကြပါအုံး....
....မြှားသမား သေနတ်သမားတွေ အသင့်ပြင်
နောက်ထပ် ရန်သူရှိနေတယ်...
တိုက်ပွဲမှာယခုတကြိမ်ပြောင်းပြန်အခြေအနေပြန်
ဖြစ်သွားတော့၏ ။
အားလုံးတိုက်ပွဲပြီးဆုံးပြီထင်၍ ကွင်းပြင်သို့ထွက်၍ သတိလက်လွတ်အောင်ပွဲခံနေ
ကြသောရွာသားများမှာ ကောင်းကင်ပေါ်မှရုတ်တရက်တောင်ပံခတ်သံ
ကြီးများကြားလိုက်ရခြင်းနဲ့အတူ ။
လင်းနိူ့ကောင်ကြီးများကို ရုတ်တရက်တွေ့လိုက်
ရချိန်တွင် လင်းနိူ့ငှက်ကြီးများမှာ ရွားသားများပခုံး
ပေါ်လက်သည်းချွန်ကြီးများကုတ်စိုက်၍ ကောင်း
ကင်ပေါ်သို့ဆွဲမြှောက်ပျံသန်းသွားပြီး ကောင်းကင်
ပေါ်တွင်တခြားလင်းနိူ့ငှက်ကြီးများက ထိုသူအား
ဝိုင်းဝန်းကိုက်ဆွဲစားသောက်နေကြရာခနအတွင်း
အသားများကုန်၍အရိုးပုံကြီးသာအပေါ်မှပြုတ်ကျ
လာသည်။
ရွာသားသုံးလေးယောက်မှရုတ်တရက်အမှတ်တမ့ဲ
မို့လင်းနိူ့ငှက်များလက်ချက်ဖြင့် အရိုးပုံဘဝသို့ရောက်ကုန်တော့၏ ။
စော်ဘွားကြီးစိုင်းနွံဖမှာသူ့လူများကို အလောတကြီးအော်ဟစ်အမိန့်ပေးလျက်ဖြင့်ရှိနေ၏။
ရွာသားများမှာနေရာပြန်ယူ၍ သေနတ်သမားနဲ့
မြှားပစ်တာဝန်ယူထားသူများမှာ မြှားတံများ
သေနတ်များကို လင်းနိူ့ငှက်ကြီးများကိုချိန်ရွယ်
ပစ်ခတ်လိုက်ကြတော့၏ ။
...ဒိုင်း....ဒိုင်း....ဒိုင်း....ဒိုင်း...ဒိုင်း......ဒိုင်း...
..ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...ဝှစ်.....ဝှစ်....
သေနတ်ကျည်ဆံများမှာလင်းနိူ့ငှက်များကိုထိမှန်၏။သို့ရာတွင်သေကွင်းသေကွွက်ကိုထိမှန်ပုံမရပဲ
လှည့်ပတ်ပျံသန်းလျက်ရှိနေကြ၏ ။
တချို့အတောင်ပံထိမှန်သောအကောင်များမှာ
အတောင်ကျိုး၍မြေပေါ်ပြုတ်ကျလာကြ၏ ။
မြှားသမားများပစ်သောမြားချက်များမှာမူ လင်းနိူ့ငှက်ကြီးများလှည့်ပတ်ပျံသန်းနေမူကြောင့်
မထိမှန်ပဲရှိနေ၏ ။
စော်ဘွားကြီးမှာ ယခုအတိုင်းရေရှည်သွားလျင်
သေနတ်ကျည်ကုန်၊ မြှားကုန်မည့်အရေးကိုတွေး
၍စိုးရိမ်ထိတ်လန့်စိတ်ဝင်နေမိ၏ ။
==========================
၁၅ - ဇတ်သိမ်းဆက်ရန်