အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ
===================
စော်ဘွားကြီးစိုင်းနွံဖစကားကိုမငြင်းဆန်နိူင်သော
တပည့်များမှာဒေါ်နန်းကလျာအနီးသို့ပေါ်နှစ်ယောက်အောက်နှစ်ယောက်တိုးကပ်လာကြတော့၏။
သံခြေကျင်းများများဝတ်ပေးရန်လေးစားရသော
စော်ဘွားကတော်မို့ အသားကိုထိရန်မဝ့ံမရဲစိတ်ဖြင့်
တွန့်ဆုတ်နေမိကြ၏ ။
”…အမြန်လုပ်စရာရှိတာလုပ်ကြလေကွာ.
တောက်...ဒီကောင်တွေ....”
....ဝုန်း.....
....ဟာ....
...ဟင်...
.....အလိုလေး....
....ဘာဖြစ်တာလဲ....
...နင့်အကြံ ဒါအကုန်ပဲလား ငါ့ကိုဒုက္ခမပေးခင်
နင့်ကိုအရင်သတ်မယ်...
ရုတ်တရက်အခြေအနေမို့အားလုံးကြောင်ငေး
ကုန်ကြတော့၏ ။
ဒေါ်နန်းကလျာမှာသူခြေလက်များကိုလာထိ
သည်နဲ့တပြိုင်နက်ဝုန်းခနဲခုန်ထလိုက်၏ ။
တဆက်တည်းရင်ခေါင်းသံကြီးဖြင့်ကြုံးဝါးအော်
ဟစ်၍လေပေါ်လွားခနဲခုန်လိုက်ရာ စော်ဘွားကြီး
အနီးရောက်သွား၍စော်ဘွားကြီးလည်ပင်းအား
လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်တော့၏ ။
စော်ဘွားကြီးစိုင်းနွံဖတစ်ယောက်ရုတ်တရက်
မမျော်လင့်သောအခြေအနေမို့ နောက်သို့ယိုင်လဲ
ကျသွားရာ ဒေါ်နန်းကလျာမှာစော်ဘွားကြီးအပေါ်
သို့ရောက်သွားပြီး ရင်ဘတ်ကိုတက်ဖိ၍လက်နှစ်ဖက်ဖြင့်လည်ပင်းကို
ညှစ်လျက်ဖြင့်ရှိနေ၏ ။
စော်ဘွားကြီးစိုင်းနွံဖတပည့်များမှာ ဒေါ်နန်းကလျာရုတ်တရက်လူပ်ရှားမူကိုဘာလုပ်ရမှန်းမသိပဲအ့ံသြကြောင်ငေးစွာရှိနေကြ၏ ။
စော်ဘွားကြီးအခြေအနေမှာ ရုတ်တရက်နောက်လန်လဲကျသွားရာ တစ်ကိုယ်တည်းမဟုတ်ပဲ သူ့အပေါ်မှနန်းကလျာ
ရောပါလာခြင်းကြောင့်ကြမ်းပြင်ပေါ်ကျချိန်တခေါင်းလုံးမူးဝေနေခြင်းနဲ့အတူ၊ လည်ပင်းကိုတင်း
ကြပ်သောလက်နှစ်ဖက်ဖြင့်ညှစ်ထားခြင်းကြောင့်
အသက်ရူရခက်၍မျက်လုံးကြီးများပြူးလျက်သူ့ဇနီး
လက်နှစ်ဖက်ကိုအသည်းအသန်သူ့လက်များဖြင့်
ဖယ်ခွာနေ၏ ။
သို့ရာတွင်..တင်းကြပ်စွာဖျစ်ညှစ်ထားသော
လက်နှစ်ဖက်မှာဖယ်ခွာမရပဲရှိနေသည်။
ယောက်ကျားအားဖြစ်သည့်အပြင် အသက်ဇော
ကပ်၍ရုန်းဖယ်နေသောအားကို ဒေါ်နန်းကလျာက့ဲ
သို့မိန်းမသားတစ်ယောက်မှာ ပုံမှန်ဆိုလျင်မည်သို့
မည်သို့မျလည်ပင်းညှစ်၍ရနိူင်မည်မဟုတ်သော်
လည်းယခုတစ်စုံတခုဝင်ပူး၍အားဖြည့်ထားဟန်
ဖြင့်ရှိနေသည်။
”...ဟေ့ကောင်တွေ စော်ဘွားကြီးသေတော့မယ်
သခင်မကြီးကိုအမြန်ဖယ်ကြ....”
...လွတ်...လွတ်....နင်တို့မသေချင်ရင်ငါ့ကိုလွတ်ကြစမ်း....
..အ...ဟင်း..ဟင်း...အ..မြန်...ခြေကျင်းတွေ
ခတ်လိုက်ကြ....
စော်ဘွားကြီးတပည့်များထဲမှတစ်ယောက်မှ
ကြောင်ငေးနေရာမှသတိဝင်လာပြီးတစ်ခြားလူများ
ကိုသတိပေးလိုက်ရာ ယခုမှအားလုံး ဒေါ်နန်းကလျာကိုဝိုင်းဆွဲကြတော့၏ ။
ဒေါ်နန်းကလျာမှာ ဒေါသတကြီးဖြင့်ရုန်းကန်အော်ဟစ်ကြိမ်းမောင်း၍
စော်ဘွားကြီးလူများဆွဲခေါ်ရာနောက်ပါသွားသော်
လည်းယောက်ကျားသားငါးယောက်မှာအသက်ကြီး
ကြီးအမျိုးသမီးတစ်ယောက်ကိုပင်ခြေကုန်၊အားကုန်ထုတ်၍ဝိုင်းဆွဲနေကြရသည်။
စော်ဘွားကြီးမှာဇနီးဖြစ်သူလက်မှလွတ်မြောက်
ချိန်ခနမျ ပက်လက်လှန်၍အသက်ကိုအငမ်းမရရူ
ရိူက်နေပြီး အားတင်း၍ကုန်းရုန်းထနေ၏ ။
စော်ဘွားကြီးရင်ဘတ်မှာဖားဖိုက့ဲသို့နိမ့်ချည်မြင့်ချည်ဖြင့်ရှိနေ၏။
စကားပြောရန်ကြိုးစားရာပထမလေသံရှပ်ရှပ်
မျသာထွက်ပြီး နောက်မှလေသံပြာအက်အက်ထွက်လာရာသူ့လူများကိုဇနီးဖြစ်သူကိုချုပ်ရန်ပါးစပ်မှပြောနေသလို
လက်ဟန်ခြေဟန်ဖြင့်အချက်ပြနေသည်။
ယခုတကြိမ်တွင်စော်ဘွားကြီးလူများမှာ
ဆဲဆိုကြိမ်းမောင်း၍ အားအင်အပြည့်ဖြင့်ရုန်းကန်
နေသောဒေါ်နန်းကလျာကို ခက်ခက်ခဲခဲဖြင့်ကုတင်
ပေါ်တွင်ခြေလက်များကို သံခြေကျင်းလက်ထိတ်များဖြင့်ချုပ်နှောင်လိုက်ကြ
တော့၏ ။
...အေး..ငါကိုရအောင်ချုပ်ထား..ငါလွတ်လာရင်
နင်တို့အားလုံးတစ်ယောက်မကျန်သတ်ပစ်မယ်...
..ဟက်.. ဟက်...ဟက်... ဟက်........
ဒေါ်နန်းကလျာမှာ ပက်လက်အနေအထား
ခြေလက်များ သံကြိုးများတုတ်နှောင်ခံထားသော
ကြောင့်ခြေလက်များလူပ်ရှားမရသော်လည်းကိုယ်ခန္ဓာမှာအပေါ်သို့မြောက်သွားလိုက်အောက်သို့အရှိန်ဖြင့်ပြုတ်ကျလာလိုက်လုပ်နေသလိုပါးစပ်မှ
နားကြားမြင်းကပ်ဖွယ် စူးအက်အက်အသံပြုလျက်
မပြတ်တမ်းကြိမ်းမောင်းလျက်ရှိနေသည်။
စော်ဘွားကြီးမှာရွာသားများအားလုံးစုရုန်းစေလျက်
အရေးတကြီးစကားပြောရတော့၏ ။
အရှေ့ဖက်တောအုပ်သို့မည်သည့်အကြောင်းနဲ့မျ
မသွားရန်။သတိဝိရိယထား၍နေထိုင်ကြရန်ပြော
ကြားခြင်းဖြစ်၏ ။
ထိုအချိန်မှစ၍စော်ဘွားကြီးမှာဇနီးဖြစ်သူ
အားထိုအခန်းအတွင်းမှာပင်ချုပ်နှောင်ထားရတော့၏။
စော်ဘွားကြီးမှာဇနီးဖြစ်သူကိုလုံးဝမလွတ်ပေး
ရဲတော့ပေ။
သမီးဖြစ်သူအားလည်းသူကြုံတွေ့ခ့ဲရသောအခြေအနေကိုပြောပြ၍သူမအားယခုလိုပြုလုပ်ထားရခြင်းဖြစ်ကြောင်းပြောပြရာ အဏ္ဏဝါပုလဲမှာမိခင်
အတွက်ဖြေမဆည်နိူင်စိတ်ဖြစ်ရတော့၏။
သူမကိုယ်တိုင်မိခင်ကြီးအခြေအနေပြောင်းလဲ
နေမှန်းအစကတည်းကရိပ်စားမိသည်မို့ယခုအခြေ
အနေကိုလက်မခံချင်သော်လည်းလက်ခံမှရတော့
မည့်အခြေအနေမို့လက်ခံလိုက်ရတော့၏... ။
ဒေါ်နန်းကလျာအခြေအနေမှာဆေးဆရာနဲ့
ပြသကြည့်သော်လည်း သာမာန်ရောဂါမဟုတ်သောကြောင့်ကုသ၍ထူးမလာပေ အစားအသောက်ကျွေးလျင်ထမင်းဟင်း
ကိုမစားသောက်သောက်ပဲ အသားစိမ်းများတောင်း
တတ်သောကြောင့် စော်ဘွားကြီးမှာ တောကောင်
ငယ်များရှာဖွေစေ၍ဇနီးဖြစ်သူကိုကျွေးကြည့်ရာ
အသားစိမ်းများကိုအငမ်းမရစားတတ်၏ ။
ဇနီးဖြစ်သူကိုလွတ်မပေးရဲပဲထိုအတိုင်းထား
လျက်မှတနေ့ပြန်ကောင်းလာနိူးနိူးမျော်လင့်ချက်
အရောင်မှိန်မှိန်လေးဖြင့်စော်ဘွားကြီးစိုင်းနွံဖနဲ့
အဏ္ဏဝါပုလဲတို့မှာနေ့စဉ်ရက်ဆက်သောကပွားနေရတော့၏ ။
”…ခုပြောပြခ့ဲတာတွေက ကျုပ်ဇနီးမယားရဲ့
ထူးဆန်းတ့ဲရောဂါ အစတည်ရာအကြောင်းအရာ
တွေပါပဲ ဒေါက်တာ...”
”....ကျွန်ပ်ဟာ အရင်ကအခြေအနေမျိုးဆိုရင်
စော်ဘွားကြီးပြောတာ ယုံချင်မှယုံမိလိမ့်မယ်
အခုတော့..ကျွန်ပ် သဘာဝလွန်အဖြစ်အပျက်တွေ
မကြာသေးခင်ကကြုံထားရသူမို့ ယုံပါတယ်...
စော်ဘွားကြီး...ဇနီးဖြစ်သူအတွက်လည်းမကူညီ
ပေးနိူင်တာ စိတ်မကောင်းပါဘူး.....ဒါနဲ့ဒီကြားထဲ
ဆေးဆရာတွေခေါ်မပြဘူးလား..စော်ဘွားကြီး..”
”..မပြပဲ ဘယ်နေပါလိမ့်မလဲ ဒေါက်တာရယ်...
အခုနေရာတွေပြင်ပကလူတွေမသိစေချင်ပေမယ့်
ကျုပ်ဇနီးအတွက် အဖိုးအခကောင်းကောင်းပေးပြီး
ဆေးဆရာတွေတယောက်ပြီးတစ်ယောက်ခေါ်ပြဖူး
ပါတယ်..အားလုံးလည်း ..ရောဂါကိုအဖြေရှာမရပဲ
လက်လျော့ပြန်ရတာချည်းပါပဲ....”
”… ဆေးဆရာတွေကတဆင့် ဒီနေရာကိုတခြား
သူတွေသိသွားမှာ မစိုးရိမ်ဘူးလား စော်ဘွားကြီး..”
”…ဒီလိုတော့ အလွယ်တကူဘယ်သိခွင့်ပေးပါ့မလဲ
ဒေါက်တာရယ်..
ဆေးဆရာတွေကိုဒီနေရာကိုခေါ်ဖို့အတွက်
စည်းကမ်းချက်တချို့တော့လိုက်နာခိုင်းရတာပေါ့ ဒီနေရာကိုလာချိန်မျက်လုံးကိုအဝတ်စီးထားရတယ်
ပြန်ချိန်ကျတော့လည်းစိတ်ချရတ့ဲနေရာရောက်မှ
မျက်လုံးအဝတ်ဖြေပေးတယ်.. ခုလိုလျို့ဝှက်ဆေး
ကုခိုင်းတ့ဲအကြောင်းကိုမေ့ပစ်ဖို့ကတိတောင်းတယ်။ မက်မောလောက်စရာငွေကြေးရတော့ လက်ခံကြ
ပါတယ်၊တကယ်လို့ ဆေးကုတ့ဲအကြောင်းတခြား
လူတွေကိုဖွင့်ပြောတယ်ထားအုံး..ကျုပ်တို့နေရာလာဖို့ကဘယ်လောက်ခက်လဲဒေါက်တာတွေ့ခ့ဲတယ်မလား....”
” စီမံထားတာတွေက နေရာကျတော့ အတွင်းလူ
မပါပဲဒီနေရာကိုလာဖို့ ဘယ်လိုမှမလွယ်ကူနိူင်ပါဘူး စော်ဘွားကြီး...”
”…ဟာ...အခုမှဒေါက်တာတို့ခုထိမနားရသေးတာ
သတိရတယ် ကျုပ်လည်းသောကဝေနေလို့
တဖက်လူအပေါ်ထည့်မတွက်သလို ဖြစ်သွားတာ
တောင်းပန်ပါတယ်... ”
”…တောင်းပန်စရာမလိုပါဘူး စော်ဘွာကြီးရယ်
ကျွန်ပ်တို့အပေါ်ယုံကြည်မူထားပြီးပြောပြပေမယ့်
အကူအညီတစ်စုံတရာပြန်မပေးနိူင်လို့အားနာမိပါ
တယ်...”
စော်ဘွားကြီးမှာပူပန်သောကဖိစီးသောစိတ်ခံစား
မူကိုရင်ဖွင့်တိုင်ပင်စရာလူမရှိဖြစ်နေရာမှ ဒေါက်တာဖုန်းမြတ်ကျော်နဲ့တွေ့ချိန်တွင်သူ့အခက်
အခဲခံစားချက်များကို တောက်လျောက်ဖွင့်ပြောနေရာယခုမှဒေါက်တာ
ဖုန်းမြတ်ကျော်နဲ့သက်ခိုင်မနားရသေးမှန်းသတိရဟန်တောင်းပန်စကားဆိုလာခြင်းဖြစ်သည်။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့စော်ဘွားကြီးမှာ
အသက်အရွယ်သိပ်မကွာပဲ တစ်ယောက်နဲ့တစ်ယောက်လေးလေးစားစားပြော
ဆိုနေကြရာ လူငယ်ဖြစ်သော သက်ခိုင်မှာ နားထောင်သမားသီးသန့်အဖြစ်သာရှိနေ၏ ။
သို့သော်လည်း သက်ခိုင်မှာပျင်းရိငြီးငွေ့စိတ်
မရှိပဲ ထူးဆန်းသောအကြောင်းအရာများမို့စိတ်
ဝင်တစားနားထောင်နေမိတော့၏ ။
စော်ဘွားကြီးမှာသူ့လူတစ်ယောက်ကိုဒေါက်တာ
ဖုန်းမြတ်ကျော်နဲ့သက်ခိုင်နားရန်အခန်းသို့လိုက်ပြ
ခိုင်းပြီးနူတ်ဆက်စကားဆိုလျက် စိတ်ရူတ်ထွေးနေဟန်မျက်နှာမသာမယာဖြင့်ကျန်
နေရစ်ခ့ဲတော့သည်။
အောက်ထပ်မှအခန်းတစ်ခုကိုသူတို့နှစ်ယောက်နားနေရန်စီမံထားပေးခြင်းဖြစ်၏ ။
အခန်းအတွင်းရောက်သောအခါ နှစ်ယောက်သားမောပန်းနွမ်းနယ်မူအရှိန်ဖြင့်စကား
စမည်ပင်မဆိုနိူင်တော့ပဲ အိပ်ယာပေါ်လဲလျောင်း၍
ခေါင်းအုံးနဲ့ခေါင်းထိသည်နဲ့တပြိုင်နက် အိပ်ပျော်ခြင်းသို့ရောက်ရှိသွားကြတော့၏ ။
မြေအောက်ကမ်ဘာအပြင်လောကမှာမှောင်မဲ
တိတ်ဆိလျက်ရှိနေ၏ ။
သို့ရာတွင်..စော်ဘွားကြီးစံအိမ်ရဲတိုက်နဲ့ခပ်လှမ်းလှမ်းတွင်ရှိသောတောအုပ်အတွင်းနီနီရဲရဲမျက်လုံးများက ရဲတိုက်ကြီးသို့မမှိတ်မသုန်စိုက်ကြည့်လျက်
ရှိနေကြပါ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်မှာ
အချိန်အတော်ကြာအိပ်စက်ပြီးချိန်၊ဒေါက်တာဖုန်း
မြတ်ကျော်နိူးပြီးမရှေးမနှောင်းမှာပင်သက်ခိုင်လည်း
နိူးလာတော့၏ ။
”...အိပ်ကောင်းလိုက်တာ ဆရာကြီးရေ
အချိန်ဘယ်လောက်ရှိပြီလဲ မသိဘူး...”
” ဒါတော့ ကျွန်ပ်လည်းမပြောတတ်ဘူး မောင်သက်ခိုင်ရယ် ဒီမှာကစက်နာရီကလည်း
အလုပ်မလုပ် နေကလည်းမရှိတော့ ပြောရခက်သား နိူးလာတ့ဲအချိန်မနက် အိပ်တ့ဲအချိန်ညလို့ သတ်မှတ်ထားရတော့မှာပေါ့
လန်းသွားအောင် ရေမိုးချိုးလိုက်ကြမယ်....”
...ဝုန်း....ဝုန်း...ဒုန်း...ဒုန်း....ဒုန်း...
...ဟင်...
”...တစ်ခုခုဖြစ်နေပြီထင်တယ် ဆရာကြီး...”
အိပ်ယာမှနိူးလာသော ဒေါက်တာဖုန်းမြတ်ကျော်
နဲ့စကားပြောရင်းရေချိုးရန်ကြံရွယ်နေကြချိန်အပေါ်
ထပ်မှဝုန်းဒိုင်းကြဲဆူညံသံများကြားလိုက်ရခြင်း
ကြောင့်နှစ်ဦးသားမှာ အခန်းပြင်ထွက်လာကြရင်း
အပေါ်ထပ်လှေကားရှိရာမှတ်မိနေပြီဖြစ်၍လှေကား
အနီးရောက်လာခ့ဲကြရာ အိမ်သားများမှာအပေါ်
ထပ်တွင်အကုန်စုရုန်း၍ တစ်ယောက်တစ်ပေါက်
အော်ဟစ်လျက်ရှိနေခြင်းကိုတွေ့လိုက်ကြရ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်အပေါ်ရောက်ချိန်တွင်လူများစုရုန်းနေသောအခန်းမှာဒေါ်နန်းကလျာ
အခန်းဖြစ်မှန်းသိလိုက်ရခြင်းကြောင့် အခန်းအတွင်းစုရုန်းနေသောလူများကိုတိုးဝှေ ့၍
အခန်းတွင်းကြည့်လိုက်ကြရာမြင်လိုက်ရသော
မြင်ကွင်းကြောင့် အ့ံသြစိတ်ဖြင့်မှင်သက်ကြကုန်၏။
အဏ္ဏဝါပုလဲမှာအခန်းအတွင်းဖြေမဆည်နိူင်ဟန်
ငိုကြွေးနေခြင်းနဲ့အတူ၊ စော်ဘွားကြီးမှာသမီးဖြစ်
သူကိုအားပေးနှစ်သိမ့်နေရသော်လည်း၊သူကိုယ်
တိုင်စိတ်မကောင်းသောအသွင်အပြင်ဖြင့်ရှိနေပါ၏။
အကြောင်းအရင်းမှာ ပြတင်းပေါက်တခါးမှာ
တစ်စုံတစ်ယောက်ချိုးဖျက်ထားသည်အလားတစ်စစီကျိုးပဲ့နေခြင်းနဲ့အတူ၊ ကုတင်ပေါ်တွင်ဒေါ်နန်းကလျာရှိမနေတော့ပဲပြတ်
ထွက်နေသော သံကြိုးများကိုတွေ့မြင်ရသောကြောင့် ဒေါ်နန်းကလျာလွတ်မြောက်သွားပြီဟု ဒေါက်တာ
ဖုန်းမြတ်ကျော်နဲ့သက်ခိုင်သိလိုက်ရတော့၏ ။
ထိုမျခိုင်ခန့်သောသံကြိုးကိုဖြတ်တောက်၍
မည်သို့လွတ်မြောက်သွားခြင်းကိုမူမတွေးတတ်
အောင်ပင်ရှိနေကြတော့၏ ။
စော်ဘွားကြီးစိုင်းနွံဖမှာခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းကြောင့်ကိုယ်တိုင်စိတ်ခံစားချက်ကိုပြင်းပြင်းထန်ထန်ခံစားနေ
ရသော်လည်း သမီးဖြစ်သူကိုအားပေးနှစ်သိမ့်မူ
ပြု၍ အိမ်သားများကိုလည်းမစိုးရိမ်ကြရန်၊ကိုအလုပ်ကိုလုပ်ကြရန်ပြောဆိုနေ၏ ။
ဒေါက်တာဖုန်းမြတ်ကျော်မှာစော်ဘွားကြီးအတွက်
စိတ်မကောင်းကြောင်း ဇနီးဖြစ်သူကိုပြန်ရှာတွေ့
မည်ဖြစ်ကြောင်းပြောစကားကို စော်ဘွားကြီး မချိပြုံးပြုံး၍နားထောင်နေ၏ ။
စော်ဘွားကြီးစိုင်းနွံဖမှာရွာသားများကိုဆင့်
ခေါ်၍ရဲတိုက်ရှေ့မြေကွက်လပ်တွင်စုရုန်းစေ၏။
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်ကိုလည်း
လာရောက်ရန်ဖိတ်ခေါ်သောကြောင့် နှစ်ယောက်
သားရောက်သွားကြရာ စော်ဘွားကြီးမှာလူအုပ်ရှေ့ ကိုယ်ခန္ဓာကိုမတ်မတ်ရပ်လျက် သူ့မျက်နှာကအထူးတလည်တည်ကြည်လေးနက်
နေ၏ ။
”...ကျုပ်ဆွေမျိုးသားခြင်းတွေကို အခုလိုခေါ်
ရတ့ဲအကြောင်းအရင်းက ကျုပ်ဆွေမျိုးသားခြင်း
တွေကိုဒီနေရာကနေ ပြင်ပကမ်ဘာကိုထွက်သွား
ခိုင်းချင်လို့ပါပဲ..... ”
”...ဟင်....ဒီနေရာက ကျွန်တော်တို့ဘာလို့
တခြားနေရာသွားရမှာလဲ ...”
” ...နေလာတာပဲကြာပြီ ပြင်ပကမ်ဘာနဲ့ ကျုပ်တို့
အသားမကျတော့ဘူး...”
”...ဘာပြသာနာများရှိလို့လဲ စော်ဘွာကြီး
ကျွန်တော်တို့ကိုပြောပြပါ...”
ရွာသားများမှာစော်ဘွားကြီးစကားကြောင့်တစ်ယောက်တစ်ပေါက်ဆူည့ံကုန်တော့၏ ။
မိမိအိိမ်ယာလိုဖြစ်နေသောနေရာတစ်ခုမှ
တစ်ခြားတစ်နေရာသို့သွားခိုင်းခြင်းကသူတို့အား
လုံးအတွက်လက်ခံ၍မရနိူင်သောကိစ္စဖြစ်နေ၏ ။
”....အားလုံးပဲ ခနတိတ်ကြပါ.. ကျုပ်ကို
အထင်မလွဲကြပါနဲ့..ကျုပ်အကြောင်းစုံ ရှင်းပြပါမယ်....”
စော်ဘွားကြီးမှာဆူည့ံနေသောလူအုပ်ကြီးကို
ခနမျငြိမ်ရန်လက်နှစ်ဖက်ကာတားလိုက်ရင်းမှ
လွန်ခ့ဲသောငါးလခန့်အချိန်က ရွာသို့သတ္တဝါဆန်း
ကြီးများဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်
သတ္တဝါဆန်းများကိုက်ခဲခံရသောရွာသားများသေ
ဆုံးရပုံ၊ ကိုက်ခဲခံရ၍မသေသောသူ့မိန်းမပြောင်း
လဲသွားခြင်းနဲ့အတူ သူကြားခ့ဲရသောအကြောင်း
သူမိန်းမနဲ့ရွာကိုဒုက္ခပေးမည့်အစီအစဉ်ကိုပြော
ပြလိုက်၏ ။
စော်ဘွားကြီးစကားဆုံးသောအခါရွာသားများ
မှာခနတာမျမီးကိုရေနဲ့ငြိမ်းသတ်သည်အလား
ငြိမ်သက်သွားတော့၏ ။
ရွာသားယောက်ကျားသားတစ်စုမှာ
တစ်ယောက်နဲ့တစ်ယောက်လက်ကုတ်၍တီးတိုး
စကားဆိုကြရင်း စော်ဘွားကြီးရှေ့တိုးထွက်လာ
ကြ၏ ။
”…ကျွန်တော်တို့စိတ်တူကိုယ်တူပါပဲ စော်ဘွားကြီး
ဒီကောင်တွေကိုကြောက်လို့ ဒီနေရာကခွာမယ့်အစားသေသွားတာကမှ
ကျွန်တော်တို့အတွက်ပိုသိက္ခာရှိပါတယ် ဒီတော့
ရွာသားတွေထဲက ကျွန်တော်လိုဆန္ဒရှိသူတွေ
လက်ထောင်ကြပါ...”
...ဟုတ်တယ် ကျွန်တော်တို့လည်းသေချင်သေပါစေ ဒီနေရာက
တဖဝါးမှမခွာနိူင်ဘူး...
..စော်ဘွားကြီး ကျွန်တော်တို့ကိုဦးဆောင်ပြီး
တိုက်ခိုက်ပါ....
စော်ဘွားကြီးစိုင်းနွံဖမှာတစ်ရွာလုံးယောက်ကျား
မိန်းမရှိသမျအကုန်လက်ထောင်၍ တခဲနက်ညာသံ
ပေး၍ ယခုနေရာမှထွက်မသွားကြောင်းပြောကြား
နေကြသည်ကိုကြည့်ရင်း ကျေနပ်စိတ်ကြောင့်မျက်
ရည်များပင်စို့တက်နေ၏ ။
စော်ဘွားကြီးမှာသူလူ့များကိုအသက်အန္တရယ်အရ
ရှောင်တိမ်းခိုင်းရသော်လည်းသူကိုယ်တိုင်ကမူ
ယခုနေရာတွင်ကျန်ရစ်ခ့ဲမည့်သူဖြစ်၏ ။
ယခုအားလုံးသောသူများက ထွက်သွားရန်စိတ်
ကူးမရှိခြင်းကိုသိလိုက်ရသောကြောင့်စိုးရိမ်စိတ်
နဲ့အတူကျေနပ်ပီတီဖြစ်သောစိတ်ကယှဉ်တွဲဖြစ်ပေါ်နေ၏ ။
”...စော်ဘွားကြီး ဒီအရေးအရေးဟာ စော်ဘွား
ကြီးတို့အရေးဆိုပေမယ့် စော်ဘွားကြီးကြောင့်သာ
အခုအချိန်အထိအသက်နဲ့ကိုမြဲနေရတာပါ
ကျွန်ပ်လည်းတစ်တပ်တအားပါဝင်ပြီးကျေးဇူး
ဆပ်ပါရစေ....”
”…ဟင်...ဒေါက်တာ.....”
”....ကျွန်တော်လည်း ဒေါက်တာလိုစိတ်ခံစားချက်
ထားသူမို့ ကျွန်တော်လည်းပါဝင်ပါရစေ...”
.....ယေး......ယေး.....ယေး.....
....ရွီ....ဖြောင်း...ဖြောင်း.....ဖြောင်း......
နောက်ဆုံးစာရင်းပေးသွင်းသူနှစ်ယောက်မှာ
ဒေါက်တာဖုန်းမြတ်ကျော်နဲ့သက်ခိုင်တို့ပင်ဖြစ်ကြပါ၏။
ရွာသားများမှာ အားလုံးစိတ်တူကိုယ်တူအခြေအနေမို့ ညာသံပေး
အော်ဟစ်သူ လက်ခေါက်မူတ်သူ လက်ခုတ်တီးသူ
များဖြင့်ရှိနေကြတော့၏ ။
စော်ဘွားကြီးစိုင်းနွံဖမှာ အသက်ကြီးမှတကြိမ်ပြန်
ဆင်နွဲရမည့်တိုက်ပွဲအတွက် သူ့လူများကိုကြည့်၍
ငယ်မူငယ်သွေးစိတ်များပင်ပြန်ပေါ်လာနေ၏ ။
ယခုတကြိမ်တိုက်ပွဲမှာ လူလူခြင်းတိုက်ရမည့်တိုက်ပွဲမဟုတ်ပဲ လူနဲ့မကောင်းဆိုးဝါးတိုက်ပွဲဆိုသော်လည်းသူ့ရင်ထဲတွင်ကြောက်လန့်စိတ်ကင်းမဲ့နေသည်။
==========================
၁၄-ဆက်ရန်
မြူခိုးအလင်္ကာ