အဏ္ဏဝါအတွင်းမှအကျဉ်းစံများ
======================
၁၂ ။ လူသိမခံဝံ့သောလျို့ဝှက်ချက်
==================
တစ်ရက်တွင်နှစ်ဆယ့်လေးနာရီရှိရာ
အပြင်ဖက်ကမ်ဘာကြီးတွင်နေ့တဝက်ညတဝက်ဖြင့်
အချိုးအစားညီစွာရှိနေသော်လည်းမြေအောက်
ကမ်ဘာတွင်အလင်းရောင်ရချိန်၈နာရီခန့်သာရှိပြီး
တခြားအချိန်များက အမှောင်ဖုံးနေတတ်၏ ။
နေမင်းကြီးကိုလည်းတွေ့ရခြင်းမရှိပေ။
ရာသီဥတုမှာလည်း မူန်မိူင်းနေတတ်ပြီး တခါတရံ
မိုးရွာသွန်းတတ်၏ ။
ပေါက်ရောက်သောသစ်ပင်၊တောနေသတေ္တဝါများ
ကလည်းအပြင်ကမ်ဘာလောကတွင်မြင်တွေ့ရသော
ပုံစံမျိုးမဟုတ်ပဲတမူထူးခြားစွာရှိနေတတ်ပြန်သည်။
ထိုက့ဲသို့်ဆန်းပြားသောနေရာမှာ စော်ဘွားကြီး
စိုင်းနွံဖနဲ့သူနောက်လိုက်နောက်ပါများနေထိုင်ရာ
မြေအောက်ကမ်ဘာအခြေအနေပင်ဖြစ်သည်။
အမှောင်ထုမှမြေအောက်ကမ်ဘာတွင်ကြီးစိုးနေချိန်
စော်ဘွားကြီးစိုင်းနွံဖနေထိုင်ရာရဲတိုက်ကြီးအပေါ်ထပ်မှအခန်းပြတင်းတခါးတစ်ချပ်ပွင့်လာ၏။
တအိမ်လုံးဆီမီးရောင်များဖြင့်ရှိနေသော်လည်း
ထိုအခန်းမှာ မဲမှောင်လျက်ရှိနေသည်။
ပြတင်းတခါးပွင့်သည်နဲ့လူတယောက်မှအခန်း
အတွင်းမှအပြင်သို့ထွက်လိုက်၍ နံရံများကိုတွယ်ဖက်ကုတ်တွယ်လျက်အောက်သို့
ဆင်းလာ၏ ။
ထိုလူပုံစံမှာပေါ့ပါးသွက်လက်၍မျောက်တကောင်
အလား ဟိုမှဒီကုတ်ဖက်ရင်းဆင်းလာပြီးမြေပေါ်
ရောက်ချိန်တွင် ဘေးဘီဝဲယာသို့ ကျီးကန်းတောင်း
မှောက်ကြည့်လိုက်ရင်းလူရိပ်လူယောင်မတွေ့မှ အရှေ့ဖက်အရပ်ဆီသို့ဦးတည်၍ပြေးလွားနေတော့
၏ ။
ထိုလူပြေးသွားပြီးမရှေးမနှောင်းမှာပင်
ခြုံအကွယ်မှစောင့်ကြည့်နေသော လူတစ်ယောက်
ထွက်လာ၏ ။
ရိုးရာရှမ်းဘောင်ဘီ၊ရှမ်းအကျီ ၤဝတ်ဆင်၍ခေါင်း
ပေါင်းပေါင်းကာ ကျောတွင်ဓားရှည်တစ်လက်လွယ်ပိုးထားသော
စော်ဘွားကြီးစိုင်းနွံဖပင်ဖြစ်၏ ။
စော်ဘွားကြီးမှာ အပေါ်ထပ်ပြတင်းပေါက်မှ
ထိုသူတွယ်ဆင်းလာချိန်ကတည်းက စောင့်ကြည့်
နေခြင်းပင်ဖြစ်၏ ။
ထိုသူမည်သူဆိုသည်ကိုလည်းသိနေပြီးသား
ပင်ဖြစ်၏ ။
အတောင်နှစ်ဆယ်ခန့်အမြင့်မျိုးမှ အချိန်တိုအတွင်းမြေပြင်ပေါ်ရောက်အောင်ဆင်း
နိူင်သူမှာစော်ဘွားကြီးချစ်ဇနီးဒေါ်နန်းကလျာပင်
ဖြစ်နေပါ၏ ။
စော်ဘွားကြီးမှာ ဇနီးဖြစ်သူအခြေအနေကို
ကိုယ်တိုင်မျက်မြင်ကြုံလိုက်ရပြီမို့ ဘာကိုမှစဉ်းစား
မနေပဲလိုက်သွားရန်ဆုံးဖြတ်၍ ကြိုတင်ပြင်ဆင်
ထားသောမီးတုတ်ကိုမီးညှိလိုက်ရင်း
ဇနီးဖြစ်သူပြေးလွားသွားရာသို့ခပ်သွက်သွက်
လိုက်ခ့ဲတော့၏ ။
အမှောင်အတွင်းလူတစ်ယောက်နောက်သို့
စမ်းတဝါးဝါးလိုက်ရခြင်းမှာအလွန်ပင်ခက်ခဲသော
အလုပ်ဖြစ်၏ ။
သို့ရာတွင် ..။
ဇနီးအပေါ်ချစ်စိတ်ကြောင့် မီးတုတ်တစ်ဖက်၊ဓားတစ်ဖက်လက်တွင်ကိုင်စွဲ၍ လိုက်ခ့ဲတော့၏ ။
သူရှေ့မှသစ်ကိုင်းသစ်ရွက်များကိုနင်းဖြတ်၍
ပြေးလွားနေသံများကိုနားစွင့်၍လျောက်လာသော
စော်ဘွားကြီးမှာ အတန်ကြာချိန်ထိုအသံများကို
မကြားရပဲစမ်းတဝါးဝါးတစ်ယောက်ထဲတောတွင်း
ရှေ့ဆက်သွားရမည်လား ပြန်ဆုတ်ရမည်လား
အတွေးများဖြင့်ရှိနေတော့သည်။
ဇနီးဖြစ်သူအတွက် ပူပန်သောကစိတ်ဝင်နေရသော်လည်း ဘယ်အရပ်
ဘယ်ဆီဘယ်ဝယ်သွားသည်မသိသောကြောင့်
အခက်တွေ့နေရခြင်းဖြစ်၏ ။
ထိုသို့အခက်တွေ့နေချိန်မှာပင်ရှေ့ခပ်လှမ်း
လှမ်းအရပ်ဆီမှစကားပြောသံများကြားလိုက်ရသောကြောင့်နားစွင့်လိုက်ရင်းထိုနေရာသို့ဦးတည်
လျောက်လှမ်းသွားတော့၏ ။
မည်သူမည်ဝါဟုခွဲခြားမသိနိူင်သေးချိန်မို့
မီးတုတ်ကိုငြိမ်း၍ ခြေသံဖွနင်းကာအသံကြားရာ
တိုးကပ်လာရာ ကြားရသောအသံများကပီသလာ
တော့သည်။
”…ငါတို့ရဲ့ပိုင်နက်နေရာကို လူသားတွေကျုးကျော်
နေတာကြာပြီ အရင်ကသူတို့လည်းသူတို့စည်း
ငါတို့လည်းငါတို့စည်းနဲ့နေတာမို့ ဘာပြသာနာမှ
မရှိဘူး အခုက လူသားတွေကငါတို့ပိုင်နက်ကို
စပြီးစည်းကျော်လာပြီ ဒီအတိုင်းဆက်ထားရင်မကြာခင်ငါတို့နေရာပါ
ပျောက်သွားလိမ့်မယ်...... ”
”…ဘာဆက်လုပ်ကြမလဲ ဒီလူသားတွေကို...”
စော်ဘွားကြီးစိုင်းနွံဖမှာအမှောင်အတွင်းမှအသံရှင်
သူ့ဇနီးစောကလျာအသံမှန်းသိလိုက်ရခြင်းနဲ့အတူ
တခြားအသံစူးစူးအက်အက်အသံတစ်ခုကိုပါကြား
လိုက်ရ၏ ။
” ...ဘာမှစိတ်ပူစရာမရှိတော့ပါဘူး..ဒီလူသားတွေ
ရဲ့ခေါင်းဆောင်မိန်းမကို ငါထိန်းချုပ်ထားလိုက်ပြီ
ဒီတော့သူတို့ဒီရွာကထွက်မသွားရင်တစ်ယောက်
မကျန်သတ်ရုံပဲပေါ့....”
....ဟာ......
ကြားလိုက်ရသောစကားကြောင့်စော်ဘွားကြီးစိုင်းနွံဖရင်ထဲတွင်စိုးရိမ်စိတ်များအတားအဆီးမရှိဝင်ရောက်လာ၏ ။
ယခုအရေးကမိသားစုအရေးမဟုတ်၊တစ်ရွာလုံးအရေးမို့ကြောက်လန့်တုန်လူပ်စိတ်များ
ပေါ်လာခြင်းဖြစ်သည်။
”…တကယ်အရေးအကြောင်းအချိန်ကျရင်
မင်းတို့အသင့်ဖြစ်နေပါစေ... ငါလည်းလာတာ
ကြာနေပြီ အိမ်ကလူတွေမရိပ်မိခင်အမြန်ပြန်မှ
ဖြစ်တော့မယ်...”
ဒေါ်နန်းကလျာမှာပြန်ရန်ပြောလိုက်ချိန်တွင်
စော်ဘွားကြီးမှာသူရောက်နေသောနေရာတွင်ထိုင်
ချလိုက်တော့၏ ။
မကြီမှီအရှေ့ဖက်အရပ်ဆီသို့ဦးတည်သွားလာ
နေသောအသံများကြားရခြင်းနဲ့အတူ၊ သူအနီးမှ
ဖြတ်၍ရွာသို့ပြန်သွားသောခြေသံများကြားလိုက်
ရတော့၏ ။
စော်ဘွားကြီးမှာရင်ခုန်စိတ်မောစွာဖြင့်အချိန်အ
နည်းငယ်စောင့်ဆိုင်း၍ စိတ်ချရပြီဟုသတ်မှတ်ချိန်
ရောက်မှပုန်းကွယ်ရာမှထွက်၍အိမ်သို့မှန်းဆ၍ပြန်
လာခ့ဲ၏ ။
ယခုတကြိမ်တွင်သူ့အနေဖြင့်မီးတုတ်ကို
မထွန်းညှိဝ့ံတော့ပေ။
နောက်ကျောမလုံသောစိတ်ခံစားမူနဲ့အတူ၊
တစ်ယောက်ယောက်မြင်တွေ့သွားမည်စိုးသော
ကြောင့်ဖြစ်၏ ။
အမှောင်ထဲမှရဲတိုက်ဆီမှန်းဆပြန်လာရင်း
ရဲတိုက်အနီးရောက်ချိန်တွင် အနောက်ဖေးမှပတ်မလျောက်ပဲ အိမ်ရှေ့ဆီမှအိမ်
အတွင်းသို့ဝင်လာခ့ဲတော့၏ ။
ထို့နောက်အချိန်မဆိုင်းပဲသူလူယုံတပည့်များကို
တိတ်တဆိတ်ခေါ်၍လျို့ဝှက်အစည်းအဝေးတစ်ခု
ပြု၍လိုအပ်သည်များမှာကြားလိုက်၏ ။
စော်ဘွားကြီးစိုင်းနွံဖမှာသူ့လူများထွက်သွားချိန်
အဝတ်အစားများလဲလှယ်ဝတ်ဆင်၍ တပည့်များ
ကိုစောင့်ဆိုင်းလျက်ရှိနေသည်။
တစ်နာရီခန့်မျကြာချိန်ရောက်သောအခါသူ
လွတ်ထားသော တပည့်ငါးယောက်ပြန်ရောက်
လာကြချိန်တွင်သူ့အစီအစဉ်များအကောင်အထည်
ဖော်ရန်စတင်လိုက်တော့သည်။
...ဒေါက်...ဒေါက်...ဒေါက်...
...နန်း...ကိုခနဝင်လာမယ်နော်.....
စော်ဘွားကြီးမှာသူ့လက်အတွင်းဆေးများထည့်
ထားသောလင်ဗန်းတစ်ချပ်ကိုကိုင်၍တခါးခေါက်
အသံပြု၍ အတွင်းသို့လှမ်းဝင်လိုက်၏ ။
မှောင်နေသောအမှောင်မှာတဖြည်းဖြည်း
ပျယ်လွင့်လာပြီဖြစ်သောကြောင့် အခန်းအတွင်း
အလင်းရောင်အနည်းငယ်ရနေရာ ကုတင်ပေါ်တွင်
တဖက်သို့စောင်းလှဲ၍အိပ်နေသောဇနီးဖြစ်သူကို
တွေ့လိုက်ရ၏ ။
ဆေးထည့်လာသောလင်ဗန်းကိုအနီးရှိစားပွဲပေါ်
တင်၍ကုတင်စွန်းတွင်တင်ပလွဲဝင်ထိုင်လိုက်ရင်း
ဇနီးဖြစ်သူပခုံးကိုဖွဖွပုတ်လိုက်၏ ။
”...နန်း..မင်းခုလိုမကျန်းမမာဖြစ်နေတာ ဂရုမစိုက်
မိတာ ကိုတောင်းပန်ပါတယ်..ခနထပါအုံး
ဆေးဆရာဆီကဆေးယူလာတယ် သောက်လိုက်
ပါအုံး....”
”…မလိုဘူး.. ရတယ်...ကျွန်မ ဘာဆေးမှမလိုဘူး...”
”…နန်း..ဆေးသောက်လိုက်မှရောဂါ သက်သာသွားမှာပေါ့ သောက်လိုက်ပါကွာ...”
”...ဟာ...အတော်ရူတ်တာပဲ သောက်မယ်..
ပေး...ပေး.....ပြီးရင်သွားတော့...”