book

Index 10

အခန်း(၁၀)

အဏ္ဏဝါအတွင်းမှအကျဉ်းစံများ

===================


မြေအောက်ကမ်ဘာမှထူးဆန်းသောရောဂါဆန်း

==========================


နန်းကလျာမှာ စောဘွားကြီးစိုင်းနွံဖ၏ဇနီး

ဖြစ်၏ ။

သူတို့နှစ်ယောက်မှာစိုင်းနွံဖစော်ဘွားမဖြစ်ခင်

အချိန်ကတည်း လူငယ်ဘဝမှာပင်ချစ်ခ့ဲကြသော

ငယ်ချစ်များဖြစ်ကြ၏ ။

စိုင်းနွံဖ ဖခင်ကြီးဆုံး၍ အကြီးဆုံးသား စိုင်းနွံဖ

ကိုစော်ဘွားရာထူးတင်မြောက်ချိန်၊ စိုင်းနွံဖမှာ

ငယ်ချစ်ဦးကိုနန်းကလျာကို လက်ထပ်ယူခ့ဲခြင်း

ဖြစ်၏ ။

နန်းကလျာမှာ စိုင်းနွံဖအပေါ်ချစ်ခင်လေးစား

သူဖြစ်၍ စိုင်းနွံဖတော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်ချိန်တွင်

ငြိုငြင်စကားတစ်ခွန်းမဆိုအင်္ဂလိပ်စစ်တပ်များလာ

ရောက်ဖမ်းဆီးမည့်အရေးကြောင့်မိသားစုရှောင်တိမ်းနေရချိန်မျိုးတွင် အနေအစားဆင်းရဲပင်ပန်း

သည်ဟုတစ်ခွန်းမငြီးငြူသူဖြစ်၏ ။


ပြောရလျင်နန်းကလျာမှာစိုင်းနွံဖအတွက် ပါရမီဖြည့်ဖက်ဇနီးကောင်းတစ်ယောက်ဟုဆို

လျင်မမှားပေ။


နောက်ဆုံးနေရာသစ်တစ်ခုဖြစ်သော ယခုရောက်

ရှိနေသောနေရာမြေအောက်ကမ်ဘာလိုနေရာမျိုးသို့ပင်ကိုယ်ဝန်ကြီးတကားကားဖြင့်လိုက်လာ၍သမီး

ဖြစ်သူအဏ္ဏဝါပုလဲကို ယခုနေရာတွင်မွေးဖွားခ့ဲသူ

ဖြစ်၏ ။

နန်းကလျာပင်ကိုယ်ဗီဇမှာ စကားနည်း၍

မာန်မာနမရှိအနေအထိုင်အေးဆေးသူတစ်ယောက်

ဖြစ်၏ ။

စိုင်းနွံဖကိုယ်တိုင်လည်း သူ့အပေါ်အနွံအတာခံသောဇနီးမယားနန်းကလျာ

အပေါ်အလွန်ပင်ချစ်ခင်မြတ်နိူးသူဖြစ်၏ ။


နန်းကလျာမှာ မြေအောက်ကမ်ဘာအသစ်တွင်

အသားကျအောင်နေထိုင်ရင်းဖြင့် နှစ်များတဖြည်း

ဖြည်းကုန်လွန်၍လူငယ်ဘဝမှလူကြီးဘဝသို့ကူး

ရောက်ရှိ၍သမီးဖြစ်သူ အဏ္ဏဝါပုလဲတစ်ယောက်

ပင်အသက်နှစ်ဆယ်အရွယ်သို့ကူးပြောင်းရောက်

ရှိလာတော့၏ ။


ထိုသို့ဖြင့်...။

ပျော်ရွင်သောမိသားစုဘဝဖြင့်နေထိုင်လာကြသော

မိသားစုထံသို့ ကံကြမ္မာဂြိုလ်ဆိုးတစ်ခုက မဖိတ်ခေါ်ပဲ ဝင်ရောက်လာတော့၏ ။


လွန်ခ့ဲသော ငါးလခန့်က

------------------------------


ဒေါ်နန်းကလျာတစ်ယောက် အိမ်အနောက်တွင်စိုက်ပျိုးထားသော ပန်းပင်များ

ကိုဘုရားကပ်ရန် အပွင့်ကြီး၊အပွင့်လှတစ်ချို့ခူး

ဆွတ်ရင်းရှိနေချိန်။


.....ဒေါင်...ဒေါင်...ဒေါင်...ဒေါင်...


.....ရွာထဲထူးဆန်းတ့ဲကောင်တွေ ဝင်လာပြီ

အားလုံးသတိထားကြဟေ့.....


....ခလေးတွေကိုဘေးလွတ်ရာပို့ကြ......


......အား.....အောင်မလေး......


....ကယ်ကြပါအုံး.....


ရွာဖက်ဆီမှစိုးရိမ်တကြီးအော်ဟစ်သံ၊ နာကျင်စွာအော်ဟစ်သံများက လေအဝှေ ့တွင်

ဒေါ်နန်းကလျာရှိနေရာနေရာမှကြားလိုက်ရ၏ ။


ဒေါ်နန်းကလျာမှာ သူမယခုမြေအောက်ကမ်ဘာသို့

ရောက်ချိန်မှစ၍ တစ်ခါမှမကြားဖူးသောကြောင့်

အ့ံသြတသင့်ဖြစ်ကာ အသံလာရာနားစွင့်နေမိလျက်ရှိနေ၏ ။


…ဝှီး...ဖတ်.....ဖတ်...ဖျပ်...ဖျပ်......


...ဖလပ်....ဖလပ်.....ဖလပ်.........ဖလပ်..


ဒေါ်နန်းကလျာတစ်ယောက်ရွာဖက်ဆီမှကြား

ရသောအသံများကြောင့် အ့ံသြမှင်သက်နေစဉ်။


တောင်ပံရိုက်သံများအနီးကပ်ကြားလိုက်ရ

ခြင်းနဲ့အတူ၊ ဒေါ်နန်းကလျာရှိရာနေရာသို့ပျံဝဲ

လာသော ထူးဆန်းသော သတေ္တဝါဆန်းများ

တွေ့လိုက်ရတော့၏ ။


..ဝှီး...ဖပ်.....ဖပ်.....


...အား...အမလေး......


ဒေါ်နန်းကလျာအနီးပျံသန်းလန်သော သတေ္တဝါဆန်းများ ပုံပန်းသဏ္ဏန်ကိုဖော်ပြရလျင်

ငါးနှစ်သားခလေးအရွယ်အရပ်အမောင်း၊ပိန်ကပ်မဲ

ခြောက်နေသောကိုယ်ခန္ဓာ၊ ကျောကုန်းပေါ်တွင်လင်းနို့က့ဲသို့တောင်ပံရှည်ကြီး

များရှိနေ၏ ။


မျက်နှာမှာ လင်းနိူ့နဲ့ဆင်တူပြီး အကြီး၊အသေး

အရွယ်အစားသာကွာခြား၍ ငါးနှစ်ခန့်ခလေးအရွယ် လင်းနိူ့ကြီးဟု ဖော်ပြရမည်

ဖြစ်၏ ။


လင်းနို့ကောင်ကြီးတစ်ကောင်မှာကောင်းကင်မှ

ဒေါ်နန်းကလျာထံပျံဝဲလာ၍ ကြောင်ငေးကြည့်နေသော ဒေါ်နန်းကလျာအား

အတောင်နှစ်ခုဖြင့်မျက်နှာအုပ်ချုပ်လိုက်၍ ချွန်မြ

သောသွားချွန်ကြီးများဖြင့် ဒေါ်နန်းကလျာလည်ပင်း

ကိုကိုက်လိုက်ရာ ဒေါ်နန်းကလျာတစ်ယောက်နား

ထင်နှစ်ဖက်ကိုအတောင်ဖြင့်ရိုက်ခံရမူ၊နာကျင်မူ

များကြောင့်ရုတ်တရက်သတိလစ်မေ့မြောသွားရ

တော့၏ ။


သူမနိူးလာသောအချိန်တွင်

အိပ်ယာပေါ်ရောက်ရှိနေပြီး စိုးရိမ်တကြီးစောင့်ကြည့်နေကြသော ခင်ပွန်းနဲ့ဇနီး

ကိုတွေ့လိုက်ရ၏ ။


”…မေမေ…ဘာမှမဖြစ်ဘူးနော်…စိုးရိမ်လိုက်ရတာ

မေမေရယ်…ဟင့်…ဟင့်…”


”…နန်း…တော်ပါသေးရဲ့ …တော်ပါသေးရဲ့…

ဟူး…”


”…အင်း…ဒါနဲ့…ဟို…ကြောက်စရာကောင်ကြီး

တွေရော…”


ဒေါ်နန်းကလျာတစ်ယောက် စိုးရိမ်တကြီးမေးမြန်းနေကြသောယောက်ကျားနဲ့

သမီးအမေးကိုပြန်ဖြေ၍ သူမကြုံရသောအဖြစ်ကို

ပြန်သတိရ၍ကြောက်လန့်တကြားပြန်မေးလိုက်

ခြင်းဖြစ်၏ ။


”…ဘာမှစိတ်မပူနဲ့နော် …ကိုတို့…အဲကောင်တွေ

မောင်းထုတ်လိုက်ပါပြီ …ဘာမှစိုးရိမ်စရာမရှိိ

တော့ပါဘူး...”


အဏ္ဏဝါပုလဲမှာမိခင်အားဖက်၍ ဝမ်းနည်းစိတ်ဖြင့် တရူံရူံငိုကြွေးနေချိန် စောဘွားကြီး စိုင်းနွံဖမှ ဇနီးဖြစ်သူမစိုးရိမ်စေရန်

နှစ်သိမ့်စကားဆိုနေခြင်းဖြစ်၏ ။


ဒေါ်နန်းကလျာမှာ လည်ပင်းဒဏ်ရာမှာ

ဆေးမြစ်များသွေး၍လိမ်းကျံထားမူကြောင့်သွေး

တိတ်နေသော်လည်းရင်ဘတ်တစ်ခုလုံးမီးခဲများ

မြိုချထားရသည်အလားပူလောင်လျက်ရှိနေ၏ ။


စော်ဘွားကြီးစိုင်းနွံဖတစ်ယောက်ဇနီးဖြစ်သူအခြေ

အနေအေးဆေးဖြစ်သွားပြီမို့သက်ပြင်းချလိုက်မိ၏ ။

ကုန်လွန်ခ့ဲသော နှစ်နာရီအချိန်ခန့်ကသူ့အနေဖြင့် ရွာအတွင်းထူးဆန်းသော အကောင်ကြီးများဝင်​ရောက်မူကြောင့် ရွာသားများကိုစုစည်း၍

သိမ်းဆည်းထားသော လက်နက်ခဲယမ်းများ

ထုတ်ယူ၍ သတ္တဝါဆန်းကြီးများကိုနှိမ်နှင်းခ့ဲ၏ ။


ရုတ်တရက် အမှတ်မထင်ဝင်ရောက်လာသော

ထိုအကောင်ကြီးများကြောင့်အသေအပျောက်မရှိ

သော်လည်း ရွာသားတစ်ချို့ဒဏ်ရာအနာတရဖြစ်

ကုန်ကြ၏ ။


ရွာသားများအရေးကိုဖြေရှင်း၍ အိမ်သို့ပြန်ရောက်

ချိန်ဇနီးဖြစ်သူဒဏ်ရာအနာတရ ဖြစ်ခြင်းကိုသိရခြင်းဖြစ်၏ ။


စော်ဘွားကြီး စိုင်းနွံဖတစ်ယောက်

ဇနီးဖြစ်သူ အခြေအနေ အေးဆေးဖြစ်သွားပြီဟု

စိတ်အတွင်းတွေး၍သက်ပြင်းချမိတော့၏ ။


သို့ရာတွင်...။


ယခုအခြေအနေမှာ ပြသာနာဆိုးတစ်ခု၏ အစဟု

စော်ဘွားကြီး စိုင်းနွံဖမထင်မိ​ချေ..။


. ထူးဆန်းသော အကောင်ကြီးများ

ရွာသို့ဝင်ရောက်၍ ရွာသို့ဝင်ရောက်၍ ရွာသားများ

နဲ့ဒေါ်နန်းကလျာအားကိုက်ဖ့ဲသွားပြီး သုံးရက်မြောက်နေ့တွင်.........။


”....စော်ဘွားကြီး...စော်ဘွားကြီး.....”


”…ဟေ…ခွန်သာ …မထိတ်သာ မလန့်သာ

ဘာဖြစ်လို့လဲ…”


”… ကျွန်တော်…မိန်းမအခြေအနေ…လာကြည့်

လှည့်ပါအုံးစော်ဘွားကြီးရေ…အီး…ဟီး…ဟီး…”


”…ဟေ…ယောက်ကျားတန်မ့ဲ ငိုလို့ …

ဒီကောင်ကတော့ …ဘာဖြစ်လို့လဲ ငါလိုက်ကြည့်မယ်…ငိုမနေနဲ့…သွား…”


ရွာသားများမှာ သူ့လက်ရုံးတပည့်များ ဆွေမျိုး

များဖြင့်ဖြင့်ရွာတည်ထောင်ထားခြင်းဖြစ်သောကြောင့် ကိစ္စကြီးငယ်တစ်စုံတရာဖြစ်လာပါက

စော်ဘွားကြီး စိုင်းနွံဖကိုအားကိုးတကြီးအကူအညီ

တောင်းတတ်ကြ၏ ။


ယခုလည်းရွာသားတစ်​ယောက်မှာ ယောက်ကျား

သားတစ်ယောက်မှာ ငိုယို၍ စော်ဘွားကြီးစိုင်းနွံဖ

ကိုအရေးတကြီးလာခေါ်နေခြင်းဖြစ်၏ ။


ရွာထဲမှအိမ်သို့ရောက်သောအခါ

ထိုအိမ်အတွင်း ရွာသားများဝိုင်းအုံလျက်ရှိနေကြ

လျက် စော်ဘွားကြီး စိုင်းနွံဖလာသောအခါ

လမ်းဖယ်ပေးကြ၏ ။

လူများအလယ်တွင်သူ့အားလာခေါ်သော

အမျိုးသမီးမှာ ကိုယ်ခန္ဓာ တဆတ်ဆတ်တုန်လျက်

ဆံပင်ဖားလျားချထိုင်လျက်ရှိနေ၏ ။



”..နန်ခမ်....နန်ခမ်...ဟေ့..ဘာဖြစ်နေတာလဲ..

ဟေ့ ငါမေးနေတယ်လေ....တယ်..ဒီခလေးမ..”


...နင်ကဘာမို့ ငါကဖြေရမှာလဲ..မလောက်လေး

မလောက်စားကများ...


....ဟင်.....


”...စော်ဘွားကြီး ကျွန်တော်တောင်းပန်ပါတယ်

ကျွန်တော်မိန်းမ အသိစိတ်လွတ်ပြီး စိတ်ထင်ရာ

လျောက်ပြောနေတာ ဗွေမယူပါနဲ့ ...”


”… ဒါက ဘယ်လိုဖြစ်တာလဲ ခွန်သာ..

ဒီလိုဖြစ်တာကြာပြီလား…”


”…ရွာထဲကို ဟိုထူးဆန်းတ့ဲကောင်ကြီးတွေ

ဝင်လာပြီး ကျွန်တော်မိန်းမကို ကိုက်သွားတယ်

အဲဒဏ်ရာနဲ့အပြင်းဖျားပြီးသတိလစ်နေတာ ခုသတိရလာတော့ ဘာကိုမှသတိမရတ့ဲ လူစိမ်း

တစ်ယောက်လိုဖြစ်နေတာပါပဲ....”


စော်ဘွားကြီး စိုင်းနွံဖမှာ ရွာသားအပြောကြောင့်

ထိုသူ့မိန်းမအားသေချာစွာဂရုတစိုက်ကြည့်မိ၏ ။


လူနာအမျိုးသမီးမှာ မျက်လုံးကလယ်ကလယ်ဖြင့် ခေါင်းကိုရှေ့တိုးနောက်ဆုတ်တဆတ်ဆတ်ငြိမ့်ကာကြမ်းပြင်အား လက်နှစ်ဖက်မှ လက်သည်းများ

ဖြင့်အကြောင်းမ့ဲ ကုတ်ဆွဲလျက်ဖြင့်ရှိနေ၏ ။


နဂိုမူလစိတ်ဆိုပါကသူ့အပေါ်တလေးတစား

ဆက်ဆံလေ့ရှိသော်လည်း ယခုမူ ထီမထင်၊အရေး

မစိုက်သော ဟန်အမူအယာဖြင့်ရှိနေ၏ ။

နယ်ပေါင်းစုံသွားရောက်ဖူးသူမို့

သူကြုံဖူး၊ကြားဖူးသောအဖြစ်အပျက်များအရအမှောင့်ပယောဂတစ်ခုခုကပ်ငြိနေခြင်းလားဟူ၍စိတ်အတွင်းထင်

မှတ်နေမိ၏ ။


”…နင်ဘာဖြစ်တာလဲ ဘာလိုချင်လို့်လဲ... ”


…အေး...ငါတို့နယ်​မြေမှာနင်တို့နေတာ ငါတို့

အနေရအထိုင်ရကျည်းကြပ်တယ်

အခုငါတို့နယ်မြေအထိနင်တို့လူတွေကျုးကျော်

လာတယ်.. ငါတို့ သည်းမခံနိူင်တော့ဘူး

ဒီ​တော့နင်တို့အကုန်လုံး ဒီနေရာက ဖယ်ပေးပါ

ခုအဖြစ်အပျက်က အစပဲရှိသေးတယ်..

မကြာခင် ဒါထက်ဆိုးတ့ဲအဖြစ်အပျက်တွေ

မကြုံချင်ရင် ဒီနေရာကအမြန်ဆုံးဖယ်ပေးကြ

ဖို့ပြောချင်တယ်…”


…ဟင်…


စော်ဘွားကြီး စိုင်းနွံဖအ့ံသြမူကြောင့်ပါးစပ်အ​ဟောင်းသားဖြစ်သွားရမိ၏။

ယခုမြေအောက်ကမ်ဘာတွင်နေထိုင်သည်မှာ

နှစ်အတန်ကြာပြီဖြစ်သော်လည်း ယခုက့ဲသို့

ထူးဆန်းသောစကားမျိုး ပထမဆုံးအကြိမ်ကြား

ဖူးခြင်းပင်ဖြစ်၏ ။



rate now: