☠ အဏ္ဏဝါအတွင်းမှ အကျဉ်းစံများ☠
🎃🎃🎃🎃🎃🎃🎃🎃🎃🎃
အသူရကယ်ကျွန်း
-------------------
မြိတ်ကျွန်းစုသည်ကျွန်းပေါင်းရှစ်ရာ
ကျော်ခန့်ရှိသည်ဟု ခန့်မှန်းပြောဆိုကြ၏ ။
မြိတ်ကျွန်းစုတွင်နေထိုင်ကြသူအများစုမှာ ပင်လယ်ပြင်ကို အမှီပြုလုပ်ကိုင်စားသောက်
ကြသူများပင်။
အပြောကျယ်လှသော ပင်လယ်ပြင်အတွင်း
ငါး၊ပုဇွန်၊ ဂဏန်းနဲ့
ရေနေသတ္တဝါများမှာ လွန်ခဲ့သော အနှစ်
ရှစ်ဆယ်ကျော်ခန့်က အလွန်ပင်ပေါများ
စွာရှိကြောင်းရှေးလူကြီးများပြောဆိုခြင်းဖြင့်
သိရ၏ ။
ယခုခေတ်တွင်ကား ခေတ်မှီငါးဖမ်း ကိရိယာများနဲ့ အတူ၊လူတို့၏ အတောမသတ်နိူင်သော လောဘကြောင့်
ဟိုးယခင်ကလို ပေါများခြင်းကားမရှိတော့ပဲ
တချို့သော ငါးမျိုးစိတ်များမှာ မျိုးတုန်းမည့်အရေးနဲ့ပင်ကြုံနေရပြီဖြစ်သည်။
ငှက်သိုက်ရှာ ၊ ပုလဲငုတ်လုပ်ငန်းများမှာလည်း ရှာဖွေသူများပြားလာခြင်းကြောင့်ရှားပါးလာခြင်း
ကြောင့် ငှက်သိုက်လုပ်သော ဇီဝဇိုးငှက်များကို
မွေးမြူ၍ ငှက်သိုက်ယူကြသလို၊ပုလဲများရရှိရန်အတွက်လည်းကမာကောင်များ မွေးမြူကာပုလဲထုတ်ယူလာကြတော့၏ ။
ရှေးယခင်က ငှက်သိုက်ရှာ ပုလဲငုတ်
ငါးဖမ်းခြင်းအလုပ်ကို တစ်ခြားသူများထက်
ပင်လယ်ပျော်များဖြစ်ကြသော
ဆလုံလူမျိုးများအထူးတလည်ကျွမ်းကျင်ကြ၏ ။
.
ဆလုံလူမျိုးများမှာ ရေအောက်တွင် တစ်နာရီ ကျော်မျခန့် ငုတ်လျိုးနေနိူင်ကာ
ငါးရှာ၊ပုလဲရှာနိူင်ကြ၏ ။
ထို့အပြင်လှေကို အိမ်အဖြစ် အသုံးပြု၍
နေထိုင်သွားလာနေကြသူများဖြစ်ခြင်းကြောင့်
လူသူအရောက်အပေါက်နည်းပါးသော၊
မရောက်ဖူးသော ကျွန်းများကိုရောက်ဖူးသိရှိကာ ငှက်သိုက်ရှာကြသူများလည်းဖြစ်၏ ။
ရရှိလာသော ငှက်သိုက် ၊ ပုလဲ များကို မြန်မာပြည်ပိုင်နက် မြိတ်၊ထားဝယ်၊ကော့သောင်း အပြင်တစ်ဖက်နိူင်ငံထိုင်းဖက်သို့ပင်သွားရောက်
ရောင်းချတတ်ကြ၏။
ပင်လယ်တွင်နေထိုင်သူများပီပီ၊ ရာသီဥတုကို ခန့်မှန်းတွက်ချက်ရာတွင်လည်းအလွန်တော်
သူများဖြစ်ကြသောကြောင့် မုန်တိုင်းများ
ရှိနေပါက နီးစပ်ရာ ကျွန်းများပေါ်တွင် ကြိုတင်၍ရှောင်ရှားလေ့ရှိတတ်ကြ၏... ။
မိုးရာသီရာသီဥတုဆိုးရွားသောကာလများတွင် နီးစပ်ရာကျွန်းတစ်ကျွန်းတွင်ခိုအောင်း
၍ရာသီဥတုသာယာချိန်မှ ပင်လယ်ပြင်တွင်
လူပ်ရှားတတ်ကြသည်။
မြိတ်ကျွန်းစုမှ ကျွန်းပေါင်းများစွာတွင်
လူမရောက်ဖူးသော ကျွန်းများရှိနေသလို၊
ထူးဆန်းစွာရေကြောင်းပြမြေပုံတွင်မပါပဲ
တစ်ခါတစ်ရံ သင်္ဘောများဖြတ်သန်းချိန်
ရုတ်တရက်တွေ့မြင်ရပြီးနောက်တစ်ကြိမ်
ပြန်ရှာပါက မတွေ့ရသော ကျွန်းပျောက်ကြီးများ
ရှိကြောင်းရေကြောင်းခရီးဖြင့်သွားရောက်ရင်း
တွေ့ရှိဖူးသူများပြောပြချက်အရသိရ၏ ။
ထို့ကြောင့် အပြောကျယ်လှသောမြိတ်ကျွန်းစု
ပင်လယ်ပြင်နဲ့ကျွန်းများတွင် ထူးဆန်း၍ မယုံကြည်နိူင်စရာကောင်းသော၊ လက်ခံရန်
ခက်ခဲလွန်းသော အကြောင်းအရာ
ဇတ်လမ်းပေါင်းများစွာက ပုံစံမျိုးစုံရှိနေမည်မှာသေချာမုချပင်ဖြစ်ပါ၏ ။
ယခု ကျွန်ပ်ရေးသားဖော်ပြမည့်ဇတ်လမ်းမှာ
မြိတ်ကျွန်းစုကို အခြေတည်ပေါ်ပေါက်လာ
သောဇတ်လမ်းတစ်ပုဒ်ဖြစ်ပြီး။
မြန်မာပြည်အား အင်္ဂလိပ်များ ကျွန်ပြုအုပ်
ချုပ်စဉ်ကာလတွင်ဖြစ်ပျက်ခဲ့သော မြိတ်ကျွန်းစုကျွန်းများထဲတွင်ပါဝင်သော ။
ကျွန်းတစ်ကျွန်း တံငါရွာတစ်ရွာမှရွာသား သက်ခိုင်ဆိုသော လူငယ်တစ်ယောက်ကြုံရသော သဘာဝလွန်မယုံကြည်နိူင်စရာဇတ်လမ်းတစ်ပုဒ်ဖြစ်ပါ၏။
==========================
ပင်လယ်ပြင်မှာ ထွက်ပြူစနေရောင်ခြည်အောက်တွင် တိုက်ခတ်လာသော လေပြေညှင်းကြောင့်
လိူင်းကြက်ခွပ်လေးများ ခပ်စိတ်စိတ်ထလျက် ရှိနေပါ၏ ။
ရာသီဥတုသာယာခြင်းကြောင့်ပင်လယ်ပြင်အတွင်း
နေထိုင်ကျက်စားကြသော၊ဇင်ယော်ငှက်များမှာ
ရေပြင်ကောင်းကင်ထက်တွင်အုပ်စုဖွဲ့ပျံသန်းလျက်
ရှိနေကြသည်။
လိူင်းကြက်ခွပ်ငယ်လေးများမှာ ပင်လယ်ပြင်မှ တငြိမ့်ငြိမ့်ဖြင့်ရှပ်ပြေးလာကြရင်းကမ်းစပ်
ပေါ်သို့ ရေလိူင်းလေးများပြေးတက်လာလိုက် ပြန်ဆင်းသွားလိုက်ဖြင့်ဆော့မြူကစားနေကြဟန်
ရှိနေတော့၏ ။
ရေလိူင်းနဲ့အတူပါလာသော အရွယ်မျိုးစုံ၊ပုံသဏ္ဏန်မျိုးစုံလှပသော ခရုခွံလေးများမှာ ကမ်းခြေသောင်ပြင်တစ်လျောက်တင်ကျန်
လျက်ရှိနေခြင်းနဲ့အတူ ဂဏန်းငယ်လေးများ
မှာကမ်းခြေတစ်လျောက်ပြေးလွားနေကြလျက်
ဝင်ကစွတ်ကောင်လေးများမှာ ခရုအခွံများတွင်း
ဝင်လျက်သွားလာနေလျက်ဖြင့်ရှိနေသည်။
အုန်းပင်ကြီးများ စုစုရုန်းရုန်းပေါက်ရောက်လျက်ရှိသော အိမ်ခြေသုံးဆယ်ခန့်မျရှိ ရွာငယ်လေးမှာ
နံနက်ခင်းအလင်းရောင်အောက်တွင်လူပ်ရှား
သက်ဝင်လျက်ရှိနေသည် ။
ထိုရွာငယ်လေးအမည်မှာ အုန်းတောရွာဟုအမည်ရပြီး ရွာသားများမှာ
အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ပင်လယ်ပြင်ကို အမှီပြု၍လုပ်ကိုင်စားသောက်၍အသက်မွေးဝမ်း
ကြောင်းမူကိုပြုကြသူများဖြစ်၏ ။
ငါးပုဇွန်ရှာဖွေသူပုလဲငုတ်ငှက်သိုက်တည်ချိန်ကာလတွင်ငှက်သိုက်ရှာဖွေခြင်းများမှာရွာသားများအဓိကလုပ်ကိုင်သောစီးပွားရေးအလုပ်များဖြစ်သည်။
ယခုလည်းမနက်မိုးလင်းချိန် ကိုယ်စီကိုယ်ငှ ပိုက်ကွန်များငါးဖမ်းကိရိယာများယူငင်၍ လှေငယ်များလှော်ခတ်၍တစ်နေ့တာလုပ်ငန်းအစပြုရန်ပင်လယ်ပြင်သို့ထွက်ခွာနေကြပြီဖြစ်သည်။
ပင်လယ်တွင်းရှာဖွေစားသောက်သူများဖြစ်သော
ကြောင့်တစ်အိမ်တွင်လှေတစ်စီးတော့ အိမ်တိုင်း
စေ့ရှိ၏ ။
သက်ခိုင်မှာလည်းအများနည်းတူ
လှော်တက်ကို ပခုံးပေါ်တင်ကာ လက်တစ်ဖက်ဖြင့်ထိန်းကိုင်၍ ငါးထည့်သော ပလိုင်းကို ကျောတွင်လွယ်ကာ လက်တစ်ဖက်မှ ငါးဖမ်းပိုက်နဲ့ ငါးမျှားတံကို ကိုင်ဆောင်၍
ကမ်းစပ်တွင် ချည်နှောင်ထားသော သူ့ပိုင်
သစ်လုံးထွင်းလှေငယ်လေးကို လှော်ခတ်၍
ငါးဖမ်းထွက်လာခဲ့သည်။
သက်ခိုင်မှာ တစ်ဦးတည်းသောသားဖြစ်၏။
မိဘနှစ်ပါးလုံးအသက်အရွယ်ကြီးရင့်ပြီ
ဖြစ်သောကြောင့် မိဘနှစ်ပါးကို တလှည့်ပြန်၍သူက ရှာဖွေကျွေးမွေးနေသူတစ်ယောက်ဖြစ်သည်။
သက်ခိုင်ပုံစံမှာ ကိုယ်ကာယကျန်းမာသန်စွမ်းသူတစ်ယောက်ဖြစ်၍ခြောက်ပေနီးပါးခန့်မျ မြင့်သောအရပ်၊ ရင်အုပ်ကျယ်ကျယ် ဗလတောင့်တောင့်ဖြင့် အလုပ်ကြမ်းလုပ်နေရသောကြောင့် ကိုခန္ဓာအချိုးအစားက လေ့ကျင့်ထားသူကဲ့သို့ ကြည့်ကောင်းသူဖြစ်၏ ။
နေဒဏ်၊ လေဒဏ်ကြောင့်ညိုမောင်းနေသောအသားအရေ မျက်လုံးမျက်ဖန်ကောင်းကောင်းဖြင့် ရုပ်မဆိုးသူတစ်ယောက်ပင် ။
နေဒဏ် ဆားငန်ရေထိဖန်များ၍ နီကျင်ကျင်
အရောင်သန်းနေသော ဂုတ်ထောက်ဆံပင်ရှည်ကို နဖူးတွင်ကြိုးတစ်ချောင်းစီး၍ နောက်သို့လှန်ထားသော သက်ခိုင်မှာ
ယောက်ကျားပီသသူတစ်ယောက်ပင်ဖြစ်၏ ။
သက်ခိုင်မှာ လှေကို တစ်ခြားသော
ငါးဖမ်းသူများနဲ့ဝေးရာသို့ လှော်ခတ်ရင်းဖြင့်
လူသူအရောက်နည်းသော ကျောက်တန်းကြီးတစ်ခုအနားတွင် ပိုက်ထောင်ရန် ပြင်ဆင်လိုက်သည်။
ကျောက်တန်းကြီးတွင် ခိုအောင်းနေသော
ပင်လယ်ငါးကြီးမျိုးယခုနေရာမှသူမကြာခနရတတ်ဖူးသောကြောင့် ပိုက်ထောင်ထားခဲ့ရင်း လှေကိုတစ်ခြားသောနေရာတစ်ခုသို့ဦးတည်လှော်ခတ်လိုက်တော့သည်။
ကျွန်းငယ်တစ်ကျွန်းအနီးသို့
သက်ခိုင်လှော်ခတ်သွားရင်း ကျွန်းနဲ့ခပ်လှမ်းလှမ်းတွင် လှေရပ်လိုက်သည်။
ထိုကျွန်းအနီးတွင်ကျောက်တုံးကျောက်ဆောင်များပြားသောကြောင့်ပိုက်ထောင်ရန်အဆင်မပြေသောကြောင့်ငါမျှားကြည့်ရာ ငါးများအတော်ရသောကြောင့်မကြာခနငါး
လာမျှားတတ်သောနေရာလည်းဖြစ်သည်။
သက်ခိုင်မှာ မြေအိုးငယ်အတွင်းမှ ရေထည့်၍ အရှင်လှောင်ထားသော ပုဇွန်အရှင်တစ်ကောင်အားယူ၍ အမြှီးကို
ငါးမျှားချိတ်ဖြင့်ချိတ်၍ ရေထဲချလိုက်တော့သည်။
ပုဇွန်အရှင်မှာ ရေထဲတွင် ဟိုမှသည် သွားလာနေသောကြောင့် အစာအသေဖြင့်
ငါးမျှားသည်ထက် အရှင်ဖြင့်မျှားပါက
အရမြန်တတ်၏ ။
သက်ခိုင်မှာ ငါးများတံကို ကိုင်ရင်း
ငါးမျှားကြိုးအားစိုက်ကြည့်နေလျက်ရှိနေသည်။
ငါးမျှားကြိုးမှာ ပုဇွန်အရှင်ဆွဲရာသို့ ဟိုမှသည်သို့ ရွေ့လျှားလျက်ရှိနေသည်။
ငါးမျှားတံမှာ အနည်းငယ်တုန်ယင်သွားသဖြင့် ငါးစာကို
ငါးလာဟပ်ပြီမှန်းသက်ခိုင်သိလိုက်၏ ။
ငါးကို ငါးမျှားချိတ်မိစေရန် ငါးမျှားတံကို
နောက်သို့ခပ်ဆတ်ဆတ်ကလေးဆောင့်ဆွဲရင်းငါးအကြီးအသေးသိစေရန် အသာမျ ဆွဲကြည့်ရာ အောက်မှငါးမှာဆောင့်ရုန်းသောကြောင့်
ငါးမျှားတံအားလက်မှလွတ်၍ရေထဲချလိုက်တော့သည်။
သက်ခိုင်ပျော်သွားမိ၏ သူ့အတွေ့အကြုံအရ ယခုမိနေသောငါးမှာသုံးပိသာအထက်အရွယ်အစားမှန်းခန့်မှန်းလိုက်မိသည်။
အကယ်၍သာ ငါးကို ငါးမျှားတံဖြင့်
ဆောင့်ဆွဲနေမည်ဆိုပါက သူ့ငါးမျှားကြိုး
ကျိန်းသေ ပြတ်ထွက်ကုန်မည်မှာ သေချာနေ၏ ။
ထို့ကြောင့်ငါးကိုမောပန်းစေရန် အရင်ဆုံးပြုလုပ်ပြီးမှ လှေပေါ်တင်ရမည်ဖြစ်သည်။
ငါးမျှားတံမှာ ရေအောက်သို့ စွတ်ကနဲမြုတ်သွား သဖြင့် သက်ခိုင်မှာ ငါးများတံမြုတ်သွားရာနေရာသို့လှေကို လှော်ခပ်ရင်း ငါးမျှားတံပြန်အပေါ်အလာကို
ကြည့်နေမိသည်။
ဆယ့်ငါးမိနစ်ခန့်မျကြာသောအခါ
ရေပြင် အတော်ဝေးဝေးတွင် ငါးမျှားတံပေါ်လာခြင်းကို တွေ့လိုက်ရသောကြောင့် ထိုနေရာသို့ လှေကို အလျင်အမြန်လှော်၍ လိုက်သွားရာငါးမျှားတံမှာပြန်၍ရေအောက်နစ်မြုတ်သွားပြန်၏။
ထိုသို့ဖြင့် တစ်နာရီမျ အချိန်ကြာသောအခါ အချိန်အတော်အကြာမြုတ်လိုက်ပေါ်လိုက်ဖြစ်နေသောငါးမျှားတံမှာ အစောပိုင်းကကဲ့သို့ ဆယ်မိနစ် ဆယ့်ငါးမိနစ်မမြုတ်နိူင်တော့ပဲ တစ်မိနစ်ခန့်မျသာကြာလာ၍နောက်ဆုံးတွင်ငါးမျှားတံမှာ ရေအောက်သို့ပင်မမြုတ်နိူင်တော့ပေ။
ငါကြီးမှာ အချိန်အတော်ကြာ ငါးမျှားတံကို
ရေအောက်ဆွဲပြေးနေရသောကြောင့် မောပန်းအားလျော့လာပြီဖြစ်သည် ။
ငါးကြီးနည်းတူသက်ခိုင်လည်းမောနေပြီဖြစ်သည်။
ငါးမျှားတံပေါ်ရာနေရာသို့ တစ်နာရီခန့်မျ လှေလှော်၍ လိုက်နေရသောကြောင့်နေအပူရှိန်နဲ့
လှေလှော်ခတ်ရမူတို့စုပေါင်း၍ချွေးပြိုက်ပြိုက်ကျ
၍ရှိနေပါ၏ ။
သက်ခိုင်မှာ ငါးများတံအနီးရောသောအခါ ငါးမျှားကြိုးကို လက်ဖြင့် အသာအယာ ဆွဲ၍ အပေါ်သို့တင်နေစဉ်ကြိုးမှာတင်းကနဲဖြစ်သွားခြင်းကြောင့်ကြိုးကို အလျှင်အမြန် ပြန်လွတ်လိုက်၏ ။
ငါးကြီးသည်နောက်ဆုံးအားကိုသုံး၍ လွတ်မြောက်ရန်ကြိုးစားနေခြင်းပင်။
ငါးမျှားတံမှာ ရေအောက်သို့ စွတ်ကနဲမြုတ်သွား ပြန်ရာ ဆယ်မိနစ်ကျော်မျ ကြာလာချိန် ရေပြင်ပေါ်မှ ငါးမျှားတံပေါ်အလာကိုစောင့်ကြည့်နေသော
သက်ခိုင်တစ်ယောက်အနည်းငယ်စိတ်ပူနေမိ၏။
သူစိတ်ပူရခြင်းက တစ်ခါတစ်ရံ ငါးမျှားချိတ်မှာ ငါးရုန်းရာတွင် ရေအောက်ကျောက်ဆောင်များဖြင့် ရစ်ပတ်၍ကြိုးပြတ်ကာငါးလွတ်သွားတတ်သောကြောင့် ယခုလိုစိတ်ပူနေရခြင်းဖြစ်၏ ။
သက်ခိုင်မှာအချိန်အနည်းငယ်ကြာအထိရေပြင်ပတ်ချာလည်ကိုကြည့်ရင်း ဝမ်းသာမူကြောင့်ပြုံး
လိုက်မိတော့၏ ။
သက်ခိုင်ပျော်ရွင်စွာပြုံးမိရခြင်း အကြောင်းမှာ ခပ်လှမ်းလှမ်းရေပြင်တွင် ငါးများတံပြန်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် အပြည့်အဝမပျော်နိူင်သေးချေ။
တစ်ခါတစ်ရံငါးမျှားကြိုးပြတ်၍လည်းပေါ်လာတတ်သောကြောင့်လည်းအပြည့်အဝမပျော်နိူင်သေးခြင်း
ပင်။
ငါးမျှားတံအနီးသို့လှေကို အလျှင်အမြန်လှော်ခတ်သွား၍ ကြိုးကို အသာဆွဲကြည့်ရာ တင်းနေသောကြောင့်
ငါးရှိနေမှန်းသိ၍ ကြိုးကိုအသာအယာ ဆွဲတင်နေမိတော့၏ ။
.......ဟာ .....
သက်ခိုင်အံ့အြတကြီးဖြင့် ဟာခနဲ ဖြစ်သွားရခြင်းမှာ တဖြည်းဖြည်း ရေပေါ်
တွင်ပေါ်လာသော ငါးကြီးမှာသူထင်သည်ထက် ကြီးမားနေသောကြောင့်ပင်ဖြစ်ပါတော့၏ ။
ထို့ကြောင့် ....။
လှေဝမ်းထဲမှ မှိန်းကို လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်ရင်း ငါးကြီးအား လှေနံရံအနီး
ဆွဲတင်ပြီးလျင်မှိန်းဖြင့်အားကုန်ထိုးချလိုက်တော့၏ ။
....ဝှီး...
.......စွတ်....
.....ဒုတ်.....
....ဗွမ်း...ဗွမ်း... ဗွမ်း.... ဗွန်း....
...ဖျန်း....ဖျန်း....
မှိန်းချက်မှာငါးကြီးကိုယ်လုံးကိုအရှိန်ဖြင့်
တိုးဝင်သွားရာ ငါးကြီးမှာ ရေထဲတွင်တဗွမ်း
ရုန်းကန်နေသောကြောင့် သက်ခိုင်မှာ ငါးမျှားကြိုးကိုလွတ်လိုက်ပြီးမှိန်းကိုလက်နှစ်ဖက်ဖြင့်တင်းတင်းဆုပ်ကိုင်ထားလိုက်၏ ။
အဟက်ပါသော မှိန်းဖြစ်သောကြောင့်ငါကိုယ်မှ
မှိန်းက ကျွတ်စရာအကြောင်းမရှိပေ။
ငါးကြီးမှာ မောပန်းအားကုန်နေရာ
ခနမျသာ ရုန်းကန်နိုင်ရင်း ငြိမ်သွားတော့၏ ။
ငါးကြီးကိုယ်မှထွက်သော သွေးများဖြင့်
ထိုနေရာတစ်ဝိုက် ပင်လယ်ရေမှာသွေးနီရောင်သန်းသွားတော့၏ ။
သက်ခိုင်လည်း ယခုမှ သက်ပြင်းမောကြီး
ချလိုက်မိရင်း ငါးကြီးရုန်းကန်၍ လာစင်သော မျက်နှာပေါ်မှ ရေစက်ရေပေါက်များကို သပ်ချလိုက်ရင်း
ငါးကြီးပါးဟက်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍
လှေပေါ်မတက်လိုက်တော့သည်။
သက်ခိုင်ဝမ်းသာမူသည်ဆိုဖွယ်ရာမရှိ
တော့ပေ။
သူပင်ပန်းရကျိုးနပ်ပေပြီ။ သူ့ရင်ညွန့်ခန့်မျ
အရှည်ရှိပြီး ဆယ်ပိသာကျော်ခန့်မျရှိမည်ဖြစ်သော
ပင်လယ်ငါးကြီးတစ်ကောင်ကို သူဖမ်း
နိူင်ခဲ့ပြီမို့ အိမ်အပြန်မျက်နှာပန်းလှပြီဖြစ်၏ ။
ပင်လယ်ရေလည်းတက်လာပြီဖြစ်သောကြောင့် ပြန်ရပေတော့မည်။
ရေအတက်ဖြင့် ကျောက်စွန်းအနီးအပါးဝင်ခိုနားမည့်ကျောက်ငါးများလည်းသူ့ပိုက်ကွန်တွင်မိနေနိူင်သေး၏ ။
တစ်ကောင်မျမမိလျင်ပင်သက်ခိုင်အတွက် ကိစ္စတော့မရှိပေ။
ယနေ့အတွက်တော့ ငါးကြီးတစ်ကောင်နဲ့တင်တန်သွားပြီဖြစ်သောကြာင့်ပူပန်စိတ်မရှိပဲလေကလေးတချွန်ချွန်ဖြင့်လှေကို
လှော်ခတ်နေပါတော့၏ ။
ထိုသို့ဖြင့် ....။
သက်ခိုင်တစ်ယောက်ငါးဖမ်းထွက်ရင်းဖြင့်
နေ့ရက်များသည်တရွေ့ရွေ့ကုန်ဆုံးလျက်ဖြင့်
ရှိနေ၏ ။
သက်ခိုင်ဘဝတွင် ငါးဖမ်းခြင်း ငှက်သိုက်ရာသီတွင် ငှက်သိုက်ရှာခြင်းဖြင့်
သူ့မိဘများကို လုပ်ကိုင်ကျွေးမွေးရင်း
အပြောင်းအလဲမရှိ၊အတက်အကျမရှိ ရိုးရှင်းသောဘဝတစ်ခုကို ဖြတ်သန်းနေစဉ်
သက်ခိုင်ဘဝအားပြောင်းလဲစေမည့် ထူးဆန်းသောအကြောင်းအရာများ၏ အစပထမနဲ့ စတင်ဆုံတွေ့ရတော့၏ ။
သက်ခိုင်တစ်ယောက် ယနေ့
စိတ်တိုဒေါသဖြစ်နေမိ၏။
စထွက်လာကတည်းက အချိန်အတန်ကြာအထိငါးဟုတ်တိပတ်တိမရသေးပေ။
အချိန်သာတရွေ့ရွေ့ကုန်လာ၍ငါးဖမ်းနေသော
သက်ခိုင်ငါးမရနိူင်ပဲရှိနေ၏ ။
အိမ်ဟင်းစားငါးသေးငါးနူတ်အနည်းငယ်မှအပ
ရောင်းချရန်ငါးမရသေးခြင်းမျိုးဖြစ်သည်။
သူကားငါးမရပဲဒီအတိုင်းလက်ချည်းပြန်တတ်သူမဟုတ်။
ရွာမှတံငါသည်အားလုံးထဲတွင်သူငါးဖမ်းအတော်ဆုံးငါးအရဆုံးဟု တံငါချင်းပင်ချီးကြူးရသူ
တစ်ယောက်က ယခုရောင်းငါးတစ်ကောင်မှမရပဲ
ပြန်ရမည်ဆိုသောအခါရှက်စရာကောင်းသည်ဟု
သက်ခိုင်တွေးနေမိ၏ ။
ငါးများကားဘယ်ဆီဘယ်ဝယ်ရောက်နေကြပြီမဆိုနိူင်။ ပိုက်တွင်လည်းမမိ၊ မျှား၍လည်းမရဖြစ်နေ၏ ။
ထို့ကြောင့်ပင် ...။
ငါးဖမ်းရန်နေရာတစ်ခုအားမိုက်မဲစွာရွေးချယ်လိုက်တော့၏ ။
...အသူရကယ်ကျွန်း...
ရှေးယခင်ကာလများဆီကကျွန်းပေါ်တည်ထားသောရွာငယ်လေးများမှာ ကျွန်းတစ်ကျွန်းကို လူသေမြုတ်နှံရန်ရွေးချယ်ကာ လူသေဆုံးပါက ထိုကျွန်းတွင် မြုတ်နှံခဲ့ကြသည်။
ထိုသို့ဖြင့်....။
ထိုကျွန်းကိုသချိုင်းအဖြစ်အသုံးပြုလာကြရင်းနှစ်အတန်ကြာသောအခါ ထိုကျွန်းပေါ်မည်သူမျခြေမချဝံ့ကြတော့ပေ။
ထိုသို့ကျွန်းပေါ်မတက်ဝံ့့ဖြစ်ရခြင်းအကြောင်းအရင်းကိုကြားရသူတိုင်း မယုံကြည်နိူင်စွာ အံ့အြကြရတော့၏ ။
အကြောင်းမှာ ...။
သေဆုံးပြီးအသုဘအလောင်းမှာထိုကျွန်းပေါ်ရောက်သည်နဲ့တစ်ပြိုင်နက် ဖုတ်ဝင်သကဲ့သို့ တောထဲဝင်ပြေးသွားခြင်းမျိုး မကြာခနဖြစ်လာ၏ ။
ထို့အပြင်...။
သေဆုံးပြီးလူများသွားလာလူပ်ရှားနေသည်ကိုမြင်တွေ့ကြရသောကြောင့်အားလုံးကြောက်လန့်ကုန်ကြကာထိုကျွန်းတွင်လူသေမမြုတ်နှံဝံ့ကြတော့ပေ။
ကျွန်းအနီးငါးရှာသူများမှာလည်းနေ့ခင်းကြောင်တောင်ပင် အခြောက်အလှန့်ခံရတတ်၏ ။
ဖြတ်သွားဖြတ်လာလှေများမှာ လှေကြုံလိုက်စီးရန် ခေါ်သံကြားရ၍ကျွန်းအနီးရောက်သောအခါ
လူမတွေ့ရတတ်ပေ။
တစ်ချို့ဆိုပါက ကြောက်စရာ ရုပ်သွင်များမြင်တွေ့၍လန့်ဖျတ်ကုန်ကြတော့၏ ။
ထို့ကြောင့်ပင် ထိုကျွန်းအနီးမည်သူမျ
မကပ်ဝံ့ကြတော့ပေ။
ထိုကျွန်းကိုသင်ချိုင်းကျွန်းဟူသောအမည်မှအသူရကယ်ကျွန်းဟူ၍ပြောင်းလဲခေါ်ဆိုခဲ့ကြတော့၏ ။
ထိုအကြောင်းအရာများမှာ လူကြီးသူမများလက်ဆင့်ကမ်းပြောပြခြင်းကြောင့်သက်ခိုင်လည်းကြားသိထားခြင်းဖြစ်သည်။
သို့သော်လည်းတစ်ခြားသူများကဲ့သို့အသူရကယ်
ကျွန်းကိုသူမကြောက်တတ်ပေ။
သားစိတ်ကိုသိသောမိဘများက ထိုအသူရကယ်ကျွန်းကိုမသွားရန်တားမြစ်ခြင်းကြောင့်သာ မသွားခြင်းဖြစ်၏ ။
ယနေ့ သက်ခိုင် မှာ အသူရကယ်ကျွန်း သို့သွားရန်ဆုံးဖြတ်ကာလှေကို အသူရကယ်ကျွန်း သို့ဦးတည်လှော်ခတ်လိုက်ပါတော့၏ ။
သူ့စိတ်ကူးထဲတွင်ဖမ်းဆီးမည့်သူမရှိ၍
အပေါကြီးပေါနေမည့် ငါးပုဇွန်များကို မြင်ယောင်ရင်းလှေကိုခပ်သွက်သွက်လှော်ခပ်လိုက်တော့၏ ။
သက်ခိုင်တစ်ယောက် သူတွေးထင်သလို
ဖြစ်လာမလား ။ဒါမှမဟုတ်
ဘယ်လို အကြောင်းအရာမျိုးက သူ့ကိုကြို
စောင့်နေမှာလဲ........ ။
.......................................................
၂-ဆက်ရန်
မြူခိုးအလင်္ကာ