"ဦးရဲ့အမုန်း"
"ရော့ စားပြီးရင် ပန်းကန်တွေ အကုန်ဆေးပြီး ငါ့အခန်းစီ လာခဲ့"
"ဟုတ်"
"ဒါဆို ငါသွားပြီ"
တမာန် ညစာစားလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။
"ဟွန်း...... တစ်ခါလောက် လူကိုပြုံးပြရင် ကောင်းမှာဘဲ ဘယ်တော့မှကို မပြုံးဘူး ရုပ်တည်ကြီးနဲ့ ဟူး သူ့ရုပ်ကြီးမြင်တာနဲ့ ကျောထဲတောင် စိမ့်တယ်"
နှောင်း လက်လေးနှစ်ဖက်ပိုက်ကာ ပြောလိုက်ပြီး ပန်းကန်တွေဆေးလိုက်သည်။ ထို့နောက် အပေါ်ထပ်ရှိ တမာန်ရဲ့ အခန်းထဲသို့ ဝင်သွားလိုက်သည်။
"ဟင်......"
သူမအခန်းထဲလဲရောက်ရော အပေါ်ပိုင်းဗလာနှင့် အိပ်ရာပေါ်တွင် မှေးနေတဲ့ တမာန်အား လန့်ကာ ကြည့်နေသည် ။
"အော် မင်းရောက်ပြီလား"
"ဟုတ်"
သူမ တမာန်အား မကြည့်ဘဲ ဖြေလိုက်သည်။
"တစ်မျိုးထင်မနေနဲ့ ငါမင်းကို ဆေးလိမ်းခိုင်းမလို့"
"အော်......"
"လာ ဒီနားကို"
"ဟုတ်"
ဒီလိုနဲ့ သူမလဲ တမာန်နားလေးသို့ သွားလိုက်သည်။
"ရော့ "
နှောင်း တမာန်လက်ထဲမှ ဆေးဘူးအား ယူလိုက်ပြီး နီရဲနေတဲ့ သူ့ရဲ့ ကျောပြင်၌ အရည်ကြည်ဖု သေးသေးလေးတွေကို အသာလေး လိမ်းပေးလိုက်သည် ။
"ဖြည်းဖြည်းလိမ်းစမ်းပါ နာတယ်ဟ"
"ရှင် ဟုတ်"
သူမ ထိုအနာလေးတွေအား သနားသော အကြည့်တို့နှင့် ကြည့်ကာ လိမ်ပေးနေသည် ။ အချိန်တစ်ခဏကြာတော့ သူမထိုကျောပြင်ထက်ရှိ အနာလေးတွေအားလုံး ဆေးလိမ်ပြီးသွားပြီ။ ထိုအချိန် တမာန်ရဲ့ အိပ်ရာဘေး၌ ချထားတဲ့ ဖုန်းလေး ဝင်လာသည်။ တမာန်လဲ ချက်ချင်းပင် ကိုင်လိုက်သည်။
"ဟယ်လို"
"ကျွန်တော် ဇေထက်ပါ သခင်လေး"
"အေး ပြော"
"ဟို သခင်လေးရဲ့ မတော်လိုက်ရတဲ့ မိန်းမချောလေး ပြင်သစ်ကနေ ပြန်ရောက်ပါပြီ"
"ဘာ သက်မြတ်မိုးခင် ပြင်သစ်ကနေ ပြန်ရောက်ပြီ ဟုတ်လား"
"ဟုတ်"
"ဘာလဲ သူ့ယောင်္ကျားနဲ့ ကွဲသွားမှ ငါ့စီပြန်လာတယ်ဆိုတဲ့ သဘောပေါ့"
"မဟုတ်ဘူး သူပြောတာကတော့ ပြင်သစ်မှာ သူဘယ်ယောင်္ကျား နဲ့မှ မယူသေးဘူးတဲ့ အဲ့ဒါ အခုသူပြန်လာတာက သခင်လေးကို လက်ထပ်ဖို့တဲ့"
"ဘာ......အဟွန်း......ငါ့ကိုလက်ထပ်ဖို့ ဟုတ်လား "
"ဟုတ်"
"ဘယ်လိုပါးစပ်နဲ့များ ဒီစကားပြောထွက်တာပါလိမ့် တစ်ချိန်တုန်းကတော့ ငါလက်ထပ်မယ်လို့ ပြောတာကို ငြင်းခဲ့ပြီး ပြင်သစ်မှာ လင်ယူဖို့ ထွက်သွားတဲ့အဲ့မိန်းမက ငါ့ကိုအခုမှ ပြန်လိုချင်တယ်ပေါ့ မင်းသူ့ကို ပြောလိုက်"
"ဟုတ်"
"ငါအခုမိန်းမရနေပြီလို့ အဲ့ဒါကြောင့် ငါ့ကိုလာမပတ်သက်ပါနဲ့လို့ ပြောလိုက်ကြားလား"
"ဟို.....သူက အခုသခင်လေးရဲ့အိမ်ကို သွားလိုက်ပါပြီ အဲ့ဒါကြောင့် သူ သခင်လေးရဲ့ အိမ်ရောက်မှ ကိုယ့်ကိစ္စကို ရှင်းလိုက်ကြပါတော့နော်် ဒါဆို ကျွန်တော်ဖုန်းချလိုက်ပြီနော် သခင်လေး"
ဇေထက် ပြောလဲပီးရော ချက်ချင်းပက် ဖုန်းချလိုက်တော့သည်။
"ဟာ.....ဟိတ်ကောင် ဇေထက် တောက်....... ကိစ္စက တစ်ခုပြီးတော့ နောက်တစ်ခုက ပြန်ပေါ်လာပြန်ပြီ"
တမာန် စိတ်တွေအတော် ရှုပ်ကာ ဆံပင်များအား ထိုးဖွနေသည်။ တစ်ချိန်က သူအရမ်းချစ်ခဲ့ရလို့ လက်ထပ်ဖို့ထိ လုပ်ထားပါတယ်ဆိုမှ ချစ်ရတဲ့သူက သူ့ထက်သာတဲ့ ပြင်သစ်က သူဌေးစီ ပါသွားတော့ တမာန်တစ်ယောက် ဒေါသတွေထွက်ကာ ထိုနေ့ကစပြီး သူဘယ်မိန်းမနှင့်မှ မပတ်သက်ဘဲ ပိုက်ဆံရှိဖို့အရေး အလုပ်တွေသာ ဖိကုပ်လုပ်ခဲ့သည်။ အခုဆို သူကြားသိရသလောက် သူ့ရဲ့ တစ်ချိန်က ချစ်ရသူရဲ့ ယောင်္ကျားဟာဆိုရင် မိန်းမအရှုပ် စပွန်စာပေးမှု ငွေအလွှဲသုံးစားလုပ်မှုတွေကြောင့် ထောင်နန်းစံသွားရပြီ ။ ထိုအချိန်မှ သက်မြတ်မိုးခင် ဆိုသည့် တမာန်ရဲ့ အချစ်ဦးကြီးက မြန်မာပြည်သို့ တမာန်အား လက်ထပ်ဖို့ ပြန်လာခဲ့သည်။ တမာန် ဟိုအတိတ်ကအကြောင်းအရာ တွေကို တွေးနေစဉ် အိမ်ရှေ့မှ ကားဟွန်းတီးသံကြားလိုက်ရသည်။
"တီတီ......"
"ဟို မိန်းမရောက်လာပြီနဲ့တူတယ် ဒီမှာ ဟိုကလေးမ"
"ဟုတ်"
"မင်းကို ဘယ်သူကဘဲ မေးမေး မင်းက ငါ့ရဲ့မိန်းမဆိုပြီး ဖြေရမယ် ကြားလား ကလေးမ"
"ရှင်"
"လာပြန်ပြီလား ဒီရှင် ဒါနဲ့ဆို မင်းတစ်ရှင်ရှင်နဲ့ ပြောနေတာ အခါပေါင်းမနည်းတော့ဘူနော်"
"ဟုတ် နောက်ဆို မပြောတော့ပါဘူ ဒါပေမယ့် ဘာဖြစ်လို့"
"ငါ့ကို မေးခွန်းပြန်မထုတ်နဲ့ ငါကဒါဆို ဒါလိုက် ကြားလား"
"ဟုတ်"
"ဒီနေ့ကစပြီး ဘယ်သူကဘဲမေးမေး မင်းကငါ့ရဲ့ မိန်းမဆိုပြီး ဖြေရမယ် ဟုတ်ပြီလား"
"ဟုတ်"
သူတို့ စကားပြောနေတုန်း အခန်းထဲသို့ သက်မြတ်မိုးခင် ဝင်လာခဲ့လိုက်သည်။ တမာန်လဲ သူမဝင်လာတာနှင့် နှောင်းကိုယ်လေးအား ကုတင်ထက်သို့ ဆွဲချလိုက်ပြီး သူမကိုယ်လေးအပေါ် ငုံ့မိုးကာ နမ်းနေသယောင် လုပ်လိုက်သည်။
"ဟင်......ဇတ် ရှင်....."
"ကျစ်...... သူများရဲ့ အချိန်ကောင်းကို ဘာလို့ လာနှောင့်ယှက်တာလဲ "
"ရှင် မဟုတ်သေးပါဘူး ရှင်နဲ့သူနဲ့က"
"ကျစ် ...... မင်းငါ့ရဲ့ သတင်းလေးတောင် မကြားမိဘူးလား ....အော်.....ဘယ်ကြားမိပါ့မလဲ မင်းယောင်္ကျားရဲ့ အမှုလိုက်ရှင်းပေးနေရတာကို ငါမေ့သွားတာ"
"ဒါတွေထားပါ ရှင်နဲ့သူနဲ့က"
"သူလား ငါ့ချစ်လွန်းလို့ ယူထားတဲ့ ငါ့ရဲ့ဇနီးချောလေး ချောတယ်မလား "
"ဘာ......"
"ခလေး လာပါအုံး ကိုယ့်အနားလေး "
"ဟုတ်"
နှောင်းလဲ ကြောက်ကြောက်ဖြင့် တမာန်အနားလေး သွားလိုက်သည်။
"ဒီမှာ သူက ကိုယ်ပြောဖူးပါတယ် ဟိုးတစ်ချိန်က ကိုယ်ချစ်ခဲ့တဲ့လူလေ သက်မြတ်မိုးခင်တဲ့ ဒါပေမယ့် အခုတော့ ကိုယ်ကဒီခလေးလေးကိုဘဲ ချစ်တော့တာပါ"
ဆိုပြီး တမာန် နှောင်းနှာခေါင်းလေးအား ညစ်လိုက်သည်။
သက်မြတ်မိုးခင်ကတော့ သူတို့နှစ်ယောက် ကြည်နူးနေတာကို စိတ်တိုတိုနှင့် ကြည့်နေလေသည်။
"အော်...... ဒါနဲ့ သက်မြတ်မိုးခင် ခလေးရဲ့နာမည်က နွေထနှောင်းနော် မှတ်ထား"
သက် နှောင်းလေးအား စူးစိုက်စွာကြည့်နေလေသည်။
"အဟွန်း....... ထားလိုက်ပါ ကျွန်မ အခုနေစရာမရှိလို့ အဲ့ဒါ ရှင့်အိမ်မှာ ခဏနေလို့ ရမလား ဇတ်"
"အင်း...... ဒါကတော့ မင်းသဘောဘဲ ဒါပေမယ့် နေစရာတော့ပေးပါမယ် စားစရိတ်ကတော့ ငါမထောက်ပံ့ပေးဘူးနော်"
"အဟွန်း......ရပါတယ် ဒါနဲ့ ရှင့်ရဲ့မိဘတွေကော မတွေ့ပါလား"
တမာန် သူ့ရဲ့အမေးကို အတော်လေး ဒေါသထွက်သွားပြီး ဘေးနားလေးရှိ ခဏကချွတ်ထားတဲ့ shirtအဖြူရောင်လေးအား ကောက်ဝတ်လိုက်ကာ နှောင်းလက်လေးကို ဆွဲပြီး ထွက်လာခဲ့သည်။
"တောက်........ မင်းလိုဘာမဟုတ်တဲ့ မိန်းမက ငါ့ရဲ့ဇတ်ကိုများ အပိုင်လုသွားတယ်ပေါ့ အဟွန်း......မင်းနောက်နေ့ကစပြီး ကံဆိုးမှုတွေနဲ့ ကြုံရတော့မယ် ချာတိတ်ရေ"
သက် ကောက်ကျစ်သော အပြုံးများဖန်တီးလိုက်သည်။
"ဒီမှာ ဒီနေ့ကစပြီး မင်းငါ့အခန်းမှာ လာနေကြားလား ကလေးမ "
"ဟုတ်"
သူမကြောက်နေမှန်း သိသဖြင့်
"ငါမင်းကို ဘာမှမလုပ်ပါဘူး ခဏကဟိုမိန်းမကို တစ်မင်ရွှဲ့ချင်လို့ ခဏဘဲ ငါ့မိန်းမဟန်ဆောင်ပေး ကြားလား"
"ဟုတ်"
"ဒါနဲ့ မင်းငါ့ကို ရှင်လို့ မခေါ်ဘဲ နာမည်လေးဘာလေး ပြောင်းခေါ်ပါလား ဒါမှ ဟိုမိန်းမ ယုံမှာ"
"ဦး အဆင်ပြေလား"
"အဟွန်း.......မဆိုးပါဘူး ဒါဆိုလဲ အပေါ်တက်တော့ မင်းရဲ့အဝတ်တွေကတော့ မနက်ဖြန်မှ ဟိုမိန်းမမသိအောင် တိတ်တိတ်လေး သွားယူရမှာပေါ့"
"ဟုတ်"
"ဒါဆို မင်းအရင် အပေါ်ကို တက်နှင့်လိုက် ငါလုပ်စရာလေး ရှိသေးလို့"
"ဟုတ်"
ဒီလိုနဲ့ နှောင်း အပေါ်ထပ်ရှိ တမာန်ရဲ့ အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
"အဟွန်း....... ဦးတဲ့ "
တမာန် ခဏက သူမလေး ခေါ်လိုက်တဲ့ နာမ်စားကို သဘောကျကာ ပြုံးနေလေသည်။ ဒီလိုနဲ့ တမာန်ခြံထဲရှိ အစောင့်တွေရှိရာစီလာခဲ့လိုက်သည်။
"ဟိတ်"
"ဟုတ် သခင်လေး"
"မင်းတို့ ဒီနေ့ကစပြီး ဟိုမိန်းမကို သေချာစောင့်ကြည့်ထား ကြားလား"
"ဟုတ်"
"ငါဘယ်မိန်းမကို ပြောလဲဆိုတာ မင်းတို့သိတယ်နော်"
"ဟုတ် သိပါတယ်"
"အင်း...... ဒါဆို ငါသွားပြီး "
"ဟုတ်"
တမာန် ပြောလဲပြီး အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ တမာန်အခန်းထဲဝင်ဖို့ ပြင်လိုက်စဉ် အနောက်ပါးစီမှ ခေါ်သံကြောင့် လှည့်မကြည့်ချင်ဘဲ လှည့်ကြည့်လိုက်သည်။
"ဇတ်"
"ကျစ်......."
သက် တမာန်နားလေး လျှောက်လာလိုက်ပြီး သူ့ရဲ့ ရင်အုပ်သို့ လက်ဖြင့်ထိကာ ပွတ်တီးပွတ်ကပ်လုပ်နေသည်။
"ဖယ်စမ်းပါ မင့်လက် ငါကအရင်ကလို မင်းမှမင်းဘဲ ဖြစ်နေတဲ့ကောင် မဟုတ်တော့ဘူ အခုငါ့မှာ သိပ်ချစ်ရတဲ့မိန်းမ ရှိနေပြီ ဒါကြောင့် ငါ့ကို ပွတ်တီးပွတ်ကပ်တွေ လာလာမလုပ်ပါနဲ့ မဟုတ်ရင် မင်းဒီအိမ်မှာ နေဖို့နေနေသာသာ အိမ်အရိပ်တောင် နှင်းရမှာ မဟုတ်ဘူးဆိုတာ မင်းမှတ်ထားလိုက် သက်မြတ်မိုးခင် "
တမာန်ပြောလဲပြီးရော အခန်းထဲသို့ ချက်ချင်းပင် ဝင်သွားလိုက်သည် ။
"တောက်.......ရှင့်ကို ကျွန်မ မရရအောင် ပြန်ယူမှာ ဇတ်"
သက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည် ။
"မင်းကုတင်ပေါ်မှာအိပ်လိုက် ငါဆိုဖာပေါ်မှာ အိပ်လိုက်မယ်"
"ဟုတ်"
ဒီလိုနဲ့ သူမကုတင်ပေါ်သို့ တက်လိုက်ပြီး မွေ့ရာ အိအိလေးပေါ် သူ့ရဲ့ကိုယ်လေးလဲချလိုက်သည်။ ထိုအချိန် တမာန် သူမအနားလေး လာခဲ့ပြီး မွေ့ရာပေါ်ဒူးတစ်ဖက်တင်လိုက်ကာ နှောင်းရဲ့အပေါ်ကနေ ငုံ့မိုးလိုက်သည်။
"ဟင်......."
"ငါမင်းကို ဘာမှမလုပ်ဘူး ဟိုမှာ မင်းဘေးနားက ခေါင်းအုံးနဲ့စောင် ယူမလို့"
"အော်......."
တမာန် စောင်နဲ့ခေါင်းအုံး ယူလိုက်ပြီး ဆိုဖာရှိရာစီသွားလိုက်သည်။
"ဟူး....... "
နှောင်း ရင်ပတ်လေးကိုဖိကာ အသက်ဝဝရှူလိုက်သည် ။
"အဟွန်း......"
တမာန်ကတော့ သူမရဲ့ နီမြန်းသွားတဲ့မျက်နှာလေးကို ပြန်မြင်ယောင်ကာ ပြုံးနေလေသည်။
စာရှည်ရှည်မရေးနိုင်တာ ကိုယ့်အားနည်းချက်မို့ ခွင့်လွှတ်ပေးပါ။🙏
အရှုပ်ထုတ်ဝင်လာမှ ဦးရဲ့အမုန်းတွေက အချစ်တွေစီပြောင်းသွားတော့မှာ ထင်တယ်။😁
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။