book

Index 8

အပိုင်း(၈)

"ဦးရဲ့အမုန်း"

"ဟိုမှာ မင်းနဲ့ မိတ်ဆက်ပေးမယ့်သူ"
နောက်ကျောပေးလှည့်ထားတဲ့ ထိုကောင်မလေးအား နှောင်း တစ်ချက်ကြည့်လိုက်သည်။
"ချာတိတ် "
တမာန်လဲ ခေါ်လိုက်ရော ရှင်း သူတို့ရှိရာဘက်သို့ လှည့်လာခဲ့လိုက်သည် ။
"ဟင်......"
"ရှင်းလေး"
"မမနှောင်း"
"ဟမ်......"
ရှင်း သူ့ရဲ့ အစ်မဖြစ်သူ နှောင်းအား ထိုင်နေရာမှ ထကာ ပြေးဖတ်လိုက်သည်။
တမာန် ထိုမြင်ကွင်းကို အံ့ဩစွာဖြင့် ကြည့်နေမိသည်။
"ရှင်းလေး ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ"
"ရှင်းကားနဲ့ ဟိုဦးလေးကြီးကားနဲ့ တိုက်မိပြီး ဟိုဦးလေးကြီးက ရှင်းရဲ့ကားကို ပြင်ပေးဖို့ သူ့အိမ်ခေါ်လာတာ"
"ဘာ......ဒီမှာ ရှင်ခိုင်းချင်တာ ရှိရင် ကျွန်မကို ခိုင်းပါ နှိပ်စက်မယ်ဆိုလဲ ကျွန်မကိုဘဲ နှိပ်စက် ရှင်းလေးကိုတော့ ဘာမှမလုပ်ပါနဲ့"
"နေပါအုံး မင်းနဲ့ ဒီချာတိတ်နဲ့က"
"ရှင်းက ကျွန်မရဲ့ ညီမလေး ကျွန်မက ဦးထွဋ်ခေါင်ရှင်းနဲ့ ဒေါ်မြလဲ့ရည်ရဲ့ သမီးအရင်း ရှင်းက ကျွန်မရဲ့ မွေးစားညီမလေး ဟုတ်ပြီလား"
"ဘာ......"
"မမနှောင်း"
နှောင်းလက်ကို ပုတ်ကာပြောလာတဲ့ ရှင်းကြောင့် နှောင်း ရှင်းအား အနောက်သို့ ပို့လိုက်သည် ။
"ဟုတ်တယ် ငါလုပ်တာ မှန်တယ် ရှင်းက ငါ့ရဲ့ညီမလေး သူကဘာမှလုပ်တက်ကိုင်တက်တာ မဟုတ်ဘူး သူသာ သမီးအရင်းဆိုတာ ဟိုလူကြီးသိရင် ရှင်းလေးကို နှိပ်စက်တော့မှာ ရှင်းလေးကိုတော့ အန္တရာယ်တွင်းထဲ မရောက်ခိုင်းချင်ဘူး ဒါကြောင့်ငါ လုပ်တာမှန်တယ် ဟူး....... ရှင်းလေးရေ မင်းကတော့ မမကို သမီးအရင်းလို့ ပြောလိုက်တဲ့ အတွက် တစ်မျိုး ထင်သွားမှာပေါ့ ဒါပေမယ့်လဲ ဒီလိုလုပ်မှ ရှင်းလေးကို မမ ကယ်နိုင်မှာ မမတောင်းပန်ပါတယ်"
နှောင်း ဘယ်သူမှမကြားအောင် စိတ်ထဲမှ ပြောလိုက်ပြီး ကျဆင်းလာတော့မယ် မျက်ရည်တို့ကို အလျင်အမြန်ပင် ပုတ်ထုတ်လိုက်သည်။
"ဒါဆို မင်းပြောချင်တာက မင်းတို့မှာ မွေးစားထားတဲ့သမီးတစ်ယောက်ရှိတယ်ဆိုတာ သူလား"
"ဟုတ်တယ် သူက နိုင်ငံခြားသွားနေတာ အခုမှပြန်ရောက်လာတာ"
"ငါတစ်ကယ်နားမလည်ဘူး "
"ရှင်နားလည်တာ နားမလည်တာက ကျွန်မအပိုင်မဟုတ်ဘူး ကျွန်မဘက်က ရှင့်ကို မေးစရာတစ်ခုရှိတယ်"
"ဆိုပါအုံး"
"ရှင်က သမီးအရင်းနဲ့ မွေးစားသမီးနဲ့ဆိုရင် ဘယ်သူ့ကို အပြစ်ပေးမှာလဲ"
"မေးစရာလိုလို့လား သမီးအရင်းကိုဘဲ အပြစ်ပေးမှာပေါ့"
"ဟုတ်ပြီလေ ဒါဆို ရှင်းလေး"
"ရှင်"
"ရှင်းလေး အိမ်ပြန်တော့နော် "
"မပြန်ဘူး ရှင်းပြန်ရင် မမနှောင်းပါ တစ်ခါတည်း လိုက်ရမှာ"
"မမက လိုက်လို့မရဘူး ရှင်းလေး အရင်ပြန်လိုက်ပါနော် လိမ်မာတယ်နော် ရှင်းလေးက သွားပြန်တော့နော်"
"ဟင့်အင်း မပြန်ဘူး"
"အမြန်ပြန်တော့လို့ ရှင်းလေး မမစိတ်တိုလာပြီနော်"
သူမ လေသံခပ်မြှင့်မြှင့်ဖြင့် ပြောလိုက်မှ ရှင်း ကြောက်ကြောက်ဖြင့် အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
"ဟို.....ကျွန်မရဲ့ ညီမလေးကို သူ့အိမ်စီ ပြန်လိုက်ပို့ပေးလို့ရမလား"
"ပြောစရာမလိုဘူး လိုက်ပို့ပေးမှာ"
တမာန် ပြောလဲပီးရော အိမ်ထဲမှ ရှင်းနဲ့ အတူထွက်လာခဲ့သည်။
"ဟင့်......"
နှောင်းကတော့ ငိုလျက်သားနှင့် ကျန်ခဲ့တော့သည်။
"သွားမယ်လေ ချာတိတ် မင့်အစ်မကို စိတ်မပူပါနဲ့ "
"ကျစ်......"
သူမစိတ်ညစ်ညစ်ဖြင့် တမာန်ရဲ့ ကားပေါ်သို့ တက်ထိုင်လိုက်သည် ။
"ဘာလို့ မမနှောင်းက သမီးအရင်းဆိုပြီး လိမ်ပြောရတာလဲ ဟိုလူကြီးကလဲ မမနှောင်းကို ဘာတွေပြောနေတာလဲ ဟူး...... မသိတော့ဘူကွာ အိမ်ရောက်မှ မာမီတို့ကို မေးကြည့်တော့မယ်"
သူမစိတ်ထဲမှပြောလိုက်သည်။ ဒီလိုနဲ့ ခဏကြာမောင်းနှင်လာပြီး ရှင်း အိမ်သို့ ရောက်လာခဲ့သည်။
"ကိုယ် ချာတိတ်ရဲ့ကားကို ပြင်ပြီးရင် ကိုယ့်တပည့်ကို လာပို့ခိုင်းလိုက်မယ် ဟုတ်ပြီလား"
"ဟုတ် ဒါနဲ့ မမနှောင်းကို ဦးလေးကြီးက ဘာလုပ်မှာလဲဟင်"
"အဟွန်း....... ကိုယ်မင်းရဲ့ မမကိုဘာမှမလုပ်ပါဘူးကွာ စိတ်မပူနဲ့"
"မမကို ဘာမှမလုပ်ပါနဲ့နော် မမက အမောမခံနိုင်ဘူး နည်းနည်းလေး အမောခံလိုက်ရင် မေ့လဲသွားတက်တယ်"
"ဟုတ်ပါပြီ ဒါနဲ့ ချာတိတ်ရဲ့ မိဘအတုတွေကို ပြောလိုက်အုံး ရာဇတ်တမာန် ဆိုတဲ့သူ လာသွားတယ်လို့"
"ရှင်......ဟုတ်"
"အဟွန်း......ဒါနဲ့ ချာတိတ်က အရမ်းချစ်ဖို့ ကောင်းတာဘဲသိလား"
"ရှင်......"
"ဒါဆို ကိုယ်သွားပြီနော်"
ဒီလိုနဲ့ တမာန်လဲ ထိုအိမ်ရှေ့မှထွက်လာခဲ့လိုက်သည်။
ရှင်း အိမ်ထဲသို့ အပြေးလေးဖြင့် ဝင်လာခဲ့သည်။
"ဟင်......သမီး ဘာဖြစ်လာတာလဲ"
"မာမီနဲ့ ဒယ်ဒီ"
"ပြောလေ သမီး"
"သမီးလေ မမ မမနှောင်းကို ဦးရာဇတ်တမာန်တို့ အိမ်မှာတွေ့ခဲ့တယ်"
"ဘာ......"
ရှင်း စကားကြောင့် ဦးထွဋ်ခေါင်ရှင်းကော ဒေါ်မြလဲ့ရည်ပါ လန့်သွားကြသည်။
"သမီးက ဘယ်လိုလို့ နှောင်းလေးကို တွေ့လာတာလဲ"
"သမီးရဲ့ ကားနဲ့ အဲ့ ဦးရာဇတ်တမာန်ဆိုတဲ့ လူရဲ့ ကားနဲ့ တိုက်မိသွားကြတာ အဲ့ဒါနဲ့ သူက သမီးရဲ့ ကားကို အသစ်အတိုင်း ပြင်ပေးမယ်ဆိုပြီး သူ့အိမ်ခေါ်သွားတာ အဲ့မှာ မမ‌နှောင်းနဲ့ တွေ့တာဘဲ"
"သမီးရဲ့ မမနှောင်း ဟိုမှာ အဆင်ပြေလား"
"ပြေမယ်ထင်တာဘဲ ဒါပေမယ့် မမနှောင်းက သူ့ကိုယ်သူ မာမီနဲ့ ဒယ်ဒီတို့ရဲ့သမီးအရင်း ဆိုပြီးလိမ်ပြောတယ် ရှင်းကိုကြတော့ မွေးစားသမီးတဲ့"
"အဟင့်......သမီး မမနှောင်း လိမ်ပြောတာကို ဗွေမယူရဘူးနော် မမနှောင်းက သမီးလေး အန္တရာယ်မဖြစ်အောင် ပြောပေးလိုက်တာ သိလား သမီး ဟင့်......."
ဒေါ်မြလဲ့ရည်ပြောရင်းဖြင့် နှောင်းလေး အတွက် သနားကာ မျက်ရည်များ ပါးပြင်ထက်သို့ စီးကျလာရသည်။
"သမီးနှောင်းရယ် ဘာလို့ ဒီလောက်ထိ အနစ်နာခံရတာလဲ ဟင့်......."
ဦးထွဋ်ခေါင်ရှင်းပါ နှောင်းလေးအတွက် သနားမိပြီး ငိုသွားရတော့သည်။ ဒီကိစ္စတွေကို ဘာမှမသိတဲ့ ရှင်းကတော့ သူ့မိဘတွေငိုနေတာ ကြည့်ပြီး သူပါမျက်ရည်များ ကျလာတော့သည်။
"အဟွန်း.......မင်းမှာက ဒီလောက်ချစ်ဖို့ ကောင်းတဲ့ ညီမလေး ရှိကြောင်း ဘာလို့မပြောပြရတာလဲ ကလေးမ ဒါပေမယ့်လဲ ငါမင့်ညီမကို စိတ်မဝင်စားဘူး ငါစိတ်ဝင်စားတာက မင်းဘဲ ကလေးမ ဟူး....... မင်းကိုစိတ်ဝင်စားပေမယ့်လဲ ငါ့မိဘတွေကို သတ်ပစ်ခဲ့တဲ့အတွက် မင်းကိုထိုက်တန်တဲ့ အပြစ်တော့ ပေးရမှာဘဲ ငါစိတ်က မင်းကို လုံးဝအပြစ်မပေးနိုင်တော့ဘူဆိုမှ မင်းကိုငါ ခွင့်လွှတ်ပေးမယ် နွေထနှောင်း ဒါနဲ့ ဘာလို့ မင်းတို့နာမည်တွေက ထူးဆန်းနေရတာလဲ"
တမာန် အတွေးများစွာနှင့် အိမ်ကြီးစီ မောင်းလာခဲ့သည်။ အိမ်ထဲသို့ ရောက်တော့
"နွေထနှောင်း အခုချက်ချင်း ငါ့စီလာခဲ့"
သူ့ရဲ့ အသံစူးစူးကြောင့် နှောင်း အခန်းထဲတွင် ကြိတ်ငိုနေရာမှ ထွက်လာခဲ့သည်။
"ဟုတ် ဘာခိုင်းမလို့လဲ"
"မင်းမှာ ဒီလောက်ချစ်ဖို့ ကောင်းတဲ့ မွေးစားညီမလေး ရှိတာ ဘာလို့ ငါ့ကို မပြောပြရတာလဲ"
"ရှင်......."
"ပြောပြန်ပြီလား ရှင် သွားအခုချက်ချင်း မင်း ဒီအိမ်တစ်အိမ်လုံး သန့်ရှင်းရေးလုပ် ခြံထဲမပါသေးဘူး"
"ဟုတ်"
"တစ်နေရာမှမကျန် အကုန်လုံးကို ပြောင်ဝင်းသွားအောင်လုပ် ကြားလား "
"ဟုတ်"
"ငါ မင်းသန့်ရှင်းရေး လုပ်ပြီးလို့ လာစစ်ရင် အမှိုက်တစ်စဖြစ်ဖြစ် ဖုန်မှုန့်လေး နည်းနည်း ကပ်နေတာဖြစ်ဖြစ် တွေ့လို့ကတော့ မင်းကြိမ်လုံးစာ ရမယ်မှတ် ကြားလား ကလေးမ"
"ဟုတ်"
တမာန် ပြောလဲပြီးရော ထွက်လာခဲ့လိုက်သည်။
"ဟူး.......တစ်အိမ်လုံး ငါကဘယ်လိုလုပ်ရမှာလဲ လူကိုများ ဖုန်စုပ်စက်ထင်နေလားမသိဘူး ဘာတဲ့ ကြိမ်လုံးစာ ရမယ်တဲ့ အဲ့တော့ ငါက ကြောက်ရမှာလာ ကျစ်......ဘယ်လိုလူလဲမသိဘူး စာနာစိတ်ကိုမရှိဘူး "
"မင်း အဲ့မှာဘဲ ရပ်နေတော့မှာလား"
"ဟင်......."
နှောင်း အနောက်ပါးစီမှ ကြားလိုက်ရတဲ့ အသံကြောင့် ကိုယ်လေးပင် တုန်သွားအောင် လန့်သွားရသည်။ ထို့နောက် ကြောက်ကြောက်ဖြင့် အပေါ်ထပ်သို့ အမြန်တက်လာခဲ့သည်။
"အိမ်ကသုံးထပ်ကြီးတောင် ငါကဘယ်လိုရှင်းရမှာလဲ ကျစ်....... ရှင်က ဘယ်လိုလူကြီးလဲ အဘိုးကြီးရဲ့"
တမာန် သူမဖြစ်နေပုံလဲအား CCTVကနေ ကြည့်ကာ ရီနေလေသည်။
"အဟွန်း......ပါးစပ်က ပွစိပွစိနဲ့ "
နှောင်း တစ်နေရာမှ မကျန် အသေအချာလေး တိုက်နေရသည်။ ပါးစပ်ကသာ မကြောက်ဘူးဆိုပေမယ့် တစ်ကယ်တမ်းတော့ နှောင်း ထိုလူကြီးကို အတော်လေး ကြောက်မိသည်။ ဒီလိုနဲ့ နှောင်း အပေါ်ဆုံး အထပ်ကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ ။ ထို့နောက် သူမအရမ်းမောလာကာ လှေကား လက်ရမ်းတန်းလေးအား မှီပြီး ထိုင်နေလိုက်သည်။
သူမအဖြစ်ကို စောင့်ကြည့်နေတဲ့ တမာန်က
"ဟင်......သူက အမောမခံနိုင်ဘူးဘဲ ကျစ်......မဖြစ်သေးပါဘူး ခိုင်းတာကခိုင်းတာဘဲ မေ့လဲသွားတဲ့အထိတော့ ခိုင်းလို့ မဖြစ်ဘူး"
ဆိုကာ တမာန် စိတ်ပူပူဖြင့် အောက်ထပ်ရှိ CCTVအခန်းထဲမှ အမြန်ဆုံး ထွက်လာပြီး အပေါ်ထပ်သို့ အပြေးလေးဖြင့် တက်လာခဲ့သည်။
နှောင်းသူ့အရှေ့မှ ရုတ်တရက် ရောက်လာတဲ့ တမာန်ကြောင့် လန့်သွားကာ ထိုင်ပြီး အမောဖြေနေရာမှ ချက်ချင်းပင်ထလိုက်သည်။
"ဟို......ကျွန်မ ‌မောလို့ ခဏနားနေတာပါ အခုဒုတိယအထပ်ကို သန့်ရှင်းရေး သွားလုပ်တော့မှာပါ"
"မလုပ်နဲ့တော့ ခဏနေ ညရောက်တော့မှာ ညစာသွားချက်ချေ"
"ဟုတ်"
ဒီလိုနဲ့ သူမသန့်ရှင်းရေး လုပ်နေသည့် ပစ္စည်းများအား နေရာတကျ ပြန်သွားထားလိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။
ထို့နောက် သူမဟင်းချက်ဖို့ စပြင်လိုက်သည်။ သူမဟင်းမချက်တက်သေးတာကို သိတဲ့ တမာန်က မီးဖိုခန်းထဲသို့ဝင်လာခဲ့ပြီး ထိုင်ခုံတစ်ခုံယူကာ ထိုင်နေလိုက်သည်။
"အရှုပ်ထုတ်က လာပြီ သူများဟင်းချက်နေလဲ လာကြည့်နေတာ ဘယ်လိုလူလဲ မသိဘူး"
သူမစိတ်ထဲကနေ ပြောလိုက်ပြီး တမာန်အား မကျေနပ်ဖြစ်နေသည်။
"ဟိုမှာ ရေခဲသေတ္တာထဲမှာ ငါးရှိတယ် ယူခဲ့"
နှောင်း ဘာမှပြန်ပြောဘဲ ရေခဲသေတ္တာထဲမှ ငါးတစ်ကောင်ယူခဲ့လိုက်သည်။
"ဒီငါးကြီးကို ကျွန်မက ဘာလုပ်ရမှာလဲ"
"ကြော်ရမှာပေါ့"
"ကျစ်......."
သူမထိုငါးကြီးကို မကိုင်ချင် ကိုင်ချင်ဖြင့် ကိုင်လိုက်ရသည် ။
"ငါးက အကုန်လုပ်ပြီးတာ ‌ဆီထဲ ထည့်ပြီး ကြော်လိုက်ရုံဘဲ"
ဒီလိုနဲ့ သူမလဲ ဒယ်အိုးထဲ ဆီထည့်လိုက်သည်။
"ဟိတ်ဆီက များများထည့်လေ နည်းနည်းလေးနဲ့ ဘာသွားလုပ်မှာလဲ"
"ဘယ်သိမှာလဲ"
"ကျစ်...... အဲ့မှာ ဆီများများထည့်လိုက် ငါကြည့်နေမယ်"
သူမလဲ ဒယ်အိုးထဲသို့ ဆီများများထည့်လိုက်သည်။
"ခဏလေး စောင့်နေလိုက် ခဏနေရင် ဆီပွတ်မှ ထည့်ကြားလား"
"အင်း....... ဒါနဲ့ အဲ့ငါးကြီးက ရှင်နဲ့တူတယ်နော်"
တမာန်က စတာမကြိုက်ပေမယ့် နှောင်းအမြင်ကတ်လာတာကြောင့် တမင်ပြောပစ်လိုက်သည်။
"ဘာကွ.....ငါ့ကို အဲ့ငါးနဲ့ တူတယ် ဟုတ်လား"
"အင်း......မျက်လုံးက ကြီးကြီးနဲ့ လူကို ပြူးပြီးကြည့်နေတာ တွေ့လား"
"ကျစ်.....မင်းက ငါ့ကို လာစနေတာလား"
"မစပါဘူး ကျွန်မစိတ်ထဲရှိတဲ့ အတိုင်းပြောပြတာ "
"ဟူး....... ထားလိုက်ပါ ဟိုမှာ ဆီပွတ်နေပြီ"
"အော် ဟုတ်သားဘဲ ကြည့်ထား ဒီငါးကို ကျွန်မအမြင်ကတ်တဲ့လူကို မြင်ယောင်ပြီး ကြော်ပစ်လိုက်မှာ ကြည့်ထား"
တမာန် သူ့ကို တစ်မင် ပြောနေတာသိပေမယ့် သူမရဲ့ ကလေးဆန်တဲ့ အပြောအဆိုကြောင့် အပြစ်မယူနိုင်ဘဲ သူမမသိအောင် ပြုံးလိုက်မိသည်။
"ထည့်ပြီနော်"
ဆိုကာ သူမ ငါးအကောင်လိုက် ဆီထဲသို့ ထည့်လိုက်ချိန်
"အမေ့ရေ"
ဆီပေါက်လာသဖြင့် လန့်သွားကာ အော်မိလိုက်သည်။
"ဟာ.....မင်းကတော့....."
တမာန် ထိုင်နေရာမှ အမြန်ထကာ ဒယ်အိုးအရှေ့၌ ကုတ်ကုတ်လေး ရပ်နေတဲ့ သူမလေးနား အမြန်သွားကာ ဒယ်အိုးရှေ့မှ ပိတ်ရပ်လိုက်သည်။
"ဟင်......"
ငါးကို ခပ်မြှင့်မြှင့်ကနေ ထည့်လိုက်တာကြောင့် ဆီပေါက်တွေက ထင်ထားတာထက် ခပ်ဝေးဝေးထိ လာစင်နေသည်။ တမာန် နှောင်း ထိခိုက်မိဆိုးကာ အရှေ့မှ ကာလိုက်သဖြင့် သူ့ရဲ့ နောက်ကျော၌ ဆီပေါက်လေးများ လာစင်တော့သည် ။
"ကျစ်......မင်းအခုချိန်ထိလဲ ဟင်းမချက်တက်သေးဘူးလား"
"တစ်ခါဘဲ သင်ပေးပြီးမှ ဘယ်လို ချက်တက်မှာလဲ"
"ကျစ်......သွား သွား မင်းဟိုဘက်က ပန်းကန်တွေဘဲ သွားယူခဲ့တော့ ငါဟာ့ငါဘဲ ချက်တော့မယ်"
ဒီလိုနဲ့ ဒီတစ်ခါလဲ တမာန် သူ့ဘာသာ ညစာအတွက် ချက်လိုက်ရတော့သည် ။
"ဟွန့်......"
နှောင်းကတော့ သူ့ရဲ့အ‌ဖြစ်ကို တွေးရင်း ပျော်နေမိသည်။ ဒါပေမယ့် တမာန်ရဲ့ နောက်ကျောလေးက ဆီကွက်လေးတွေကြောင့် တဖန် ပြန်ပြီး ဝမ်းနည်းလာရသည်။

စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။


rate now: