book

Index 7

အပိုင်း(၇)

"ဦးရဲ့အမုန်း"

"ဟိတ် ဟိုကလေးမ ဒီမှာ ဟင်းပန်းကန်တွေ လာသသယ်ကူအုံး"

"ဟုတ်"

နှောင်း ဟင်းပန်ကန်တွေအား စာပွဲပေါ်သို့ ယူလာကာ တင်ထားလိုက်သည်။
ထို့နောက် သူမ စားပွဲနားလေးတွင် မတ်တပ်ရပ်နေလိုက်သည်။ တမာန်ကတော့ နေ့လယ်စာစားဖို့ အတွက် ထိုင်ခုံပေါ်တွင် အကျအနထိုင်လိုက်သည် ။

"မင်း အဲ့မှာဘာရပ်လုပ်နေတာလဲ"

"ရှင်......"

"ကျစ်......လာပြန်ပြီ ဒီတစ်ရှင်ရှင်နဲ့ ငါနောက်တစ်ခါဆို မင်းရဲ့လျှာကို တစ်ကယ်ဖြတ်ထားလိုက်မှာနော် ကြားလား"

"ဟုတ်"

"လာ ဒီမှာလာထိုင်"

သူမလဲ တမာန်နားလေးက ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

"အဲ့မှာ ထည့်စား"

"ဟုတ်"

ဒီလိုနဲ့ သူတို့နေ့လယ်စာ စားနေကြသည်။ ထိုအချိန်

"ညောင်...... ညောင်......."

ထိုအချိန် ခဏကကြောင်လေး သူတို့ထမင်းစားနေရာ အခန်းသို့လာခဲ့သည်။

"ဟင်......"

ခဏက အမွှေးပွပွနှင့်ကြောင်က အခုတော့ တမာန်လက်ချက်ကြောင့် အမွှေးတွေမရှိတော့ဘဲ အရိတ်ခံထားရသည်။

"ဒါ ရှင်လုပ်လိုက်တာလား"

တမာန် သူလက်ချက်ဖြစ်သဖြင့် နှောင်းအား ဘာမှပြန်မပြောရဲ ဖြစ်နေသည်။

"ကျွန်မမေးနေတာ ဖြေလေ ဒါရှင်လုပ်လိုက်တာလားလို့"

"ဟုတ်တယ်"

"ဘာလို့အဲ့လိုလုပ်လိုက်တာလဲ"

"အမြင်ကတ်လို့ ဒါနဲ့ မင်းအဲ့ကြောင်ကိုချစ်သေးလား"

"ချစ်တာပေါ့"

"ကျစ်......"

တမာန် ထမင်းစားနေရာမှ ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး ထိုကြောင်အား ပွေ့ချီလိုက်သည်။

"ဟိတ် ရှင်ဘာလုပ်မလို့လဲ"

တမာန် သူမလေး အမေးအား ဘာမှပြန်ဖြေဘဲ ထိုကြောင်အား ပွေ့ချီကာ အိမ်အနောက်ဘက်သို့ လာခဲ့သည်။ ထို့နောက် ခုံတစ်ခုံပေါ်တက်ကာ အုတ်တံတိုင်း အပြင်ဘက်သို့ ထိုကြောင်အား ပစ်လိုက်သည်။ နှောင်း သူ့ရဲ့လုပ်ရက်ကြောင့် ဘာမှပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားနှင့် ရပ်ကြည့်နေမိသည်။

"ရှင် ဘာလို့အခုလိုလုပ်လိုက်ရတာလဲ"

"အမြင်ကတ်လို့ ကြည့်မရလို့ အခုလိုလွှတ်ပစ်လိုက်တာ မဟုတ်ရင် ငါကအဲ့ကြောင်ကို သတ်ပစ်လိုက်မှာ ဒါပေမယ့် မင်းကအဲ့ကြောင်ကို သိပ်ပီး အချစ်တွေပိုနေလို့ အဲ့ဒါကြောင့် လွှတ်ဘဲလွှတ်ပစ်ပေးလိုက်တာ အဲ့ဒါကို မင်းနားလည်"

ဟုတ်ပါတယ် လူပေါင်းများစွာကို သတ်နေတဲ့ သူ့လိုအသဲနှလုံးမရှိတဲ့သူက ကြောင်တစ်ကောင်ကို သတ်ပစ်ဖို့ဆိုတာလဲ သူ့အတွက် ဝန်မလေးပါဘူး။ ဒါကြောင့် နှောင်း တမာန်အား ဘာမှဆက်မပြောတော့ဘဲ ဒီတိုင်းသာ ညိမ်နေလိုက်သည်။

"ဒါနဲ့ ငါမင်းကို တစ်ခုပြောထားမယ်နော် မင်းချစ်နေတာက တိရိစ္ဆာန် ဖြစ်နေလို့ ငါကလွှတ်ပစ်ရုံဘဲပစ်လိုက်တာ တစ်ကယ်လို့ မင်းချစ်တာက တိရိစ္ဆာန်မဟုတ်ဘဲ တစ်ခြား ယောင်္ကျားလေးတစ်ယောက်သာ ဖြစ်နေကြည့် ငါအဲ့လူကို သတ်ပစ်မှာ ကြားလား"

တမာန် ပြောလဲပြီးရော သူမအနားလေးမှ ထွက်လာခဲ့တော့သည်။ နှောင်း သူအပြောတွေအား နားမလည်စွာဖြစ်နေမိသည်။

"ရှင်က တစ်ကယ်အသဲနှလုံး မရှိတာဘဲ အဟင့်......."

သူမငိုနေလျက် ထိုင်ခုံလေးပေါ်တက်ကာ အုတ်တံတိုင်း အပြင်ဘက် ရောက်သွားသည့် ကြောင်လေးအား မမှီတစ်မှီဖြင့် ခုံကြည့်နေသည်။

"မင်းအဲ့မှာ ဓာတ်လိုက်ပြီး သေချင်တာလား"

"ဟင်......"

သူမ အသံလာကာ ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အဲ့အုတ်တံတိုင်းတွေက အထဲမှာလျှပ်စစ်ဓာတ် လွှတ်ထားတာ မင်းသေချင်ရင်တော့ သွားထိနေပေါ့"

ထိုအချိန်မှ သူမကြောက်ကာ အနောက်သို့ ဆုတ်လိုက်ချိန်

"အမလေး"

သူမမျက်လုံးလေးပြူးလျက် ခုံပေါ်က ချော်ကျသွားသည်။ ထိုအချိန် တမာန် သူမနားလေး အပြေးသွားကာ ခုံပေါ်က ကျလာတဲ့ သူမကိုယ်လေးအား အမိအရဖမ်းလိုက်သည်။ နှောင်းမျက်လုံးလေး ပြူးကာ တမာန်ရဲ့ ရင်ခွင်ထဲမှ နေ၍ တမာန်အား မော့ကြည့်နေသည်။

"ကျစ်......တော်တော်နမော်နမဲ့နိုင်တာဘဲ"

တမာန် သူ့ဟာသူ ပြောပြီး သူမကိုယ်လေးအား အိမ်ထဲသို့သယ်လာခဲ့သည်။

"သွား နေ့လယ်စာအမြန်ပြီးအောင် စား ပြီးရင်အခန်းထဲ သွားနေနေ"

"ဟုတ်"

တမာန် သူမလေးအား ပြောပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည် ။ နှောင်းလဲ ထမင်းစားခန်းထဲသို့ ပြန်ဝင်သွားလိုက်ပြီး နေ့လယ်စာပြန်စားလိုက်ပြီး ပန်းကန်တွေဆေးကာ သူ့အခန်းထဲသို့ ပြန်သွားလိုက်သည် ။

"ကျစ်......ဘာလို့ အဲ့ကလေးမ ကိုယ်ကိုပွေ့လိုက်တိုင်း လူက နှလုံးခုန်မြန်လာရတာလဲ ဒါမှမဟုတ် ငါ အဲ့ကလေးမကို ဟာ......မဟုတ်လောက်ပါဘူး "

တမာန် ခေါင်းတွေခါရမ်းလိုက်သည်။ ထို့နောက် ဖုန်းဝင်လာသဖြင့် ချက်ချင်းပင် ကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို သခင်လေး"

"အေး ပြော"

"သခင်လေး ရှာခိုင်းထားတဲ့လူ ကျွန်တော်တို့ တွေ့ပါပြီ"

"ဒါဆို အခုချက်ချင်း ငါ့စီခေါ်လာခဲ့ နောက်ပြီး ဟိုကောင်တွေပါ တစ်ခါတည်းခေါ်လာခဲ့လိုက် ကြားလား"

"ဟုတ်"

"ဒါဆို ငါဖုန်းချပြီ"

"ဟုတ်"

ဒီလိုနဲ့ တမာန်ဖုန်းချလိုက်တော့သည်။

"အဟွန်း......နောက်ဆုံးတော့ ငါ့စီးပွားရေးကို လာဖျက်ချင်တဲ့ ဦးရှိုင်းဝနထက် တွေ့ကြသေးတာပေါ့"

ဆိုကာ တမာန် ဗီရိုထဲမှ သေနတ်တစ်လက် ထုတ်လိုက်ပြီး ပုဝါနီလေးဖြင့် အသေအချာ ပွတ်တိုက်နေသည်။
မကြာပါ ခဏက တမာန်ရှာနေတဲ့ လူလဲ အိမ်ရှေ့ခြံပေါက်ဝသို့ရောက်လာခဲ့သည် ။ ကားထဲမှ လူတစ်ယောက် ခြံတံခါးအားဖွင့် လိုက်ပြီး အနက်ရောင် ကားငါးစီး အပြိုင် တမာန်အိမ်ရှေ့သို့ ရောက်လာခဲ့ကြသည် ။ တမာန်လဲ သေနတ်အား ကိုင်ထားပြီး အိမ်အောက်သို့ ဆင်းလာခဲ့သည်။

"သခင်လေး သူပါ ကျွန်တော်တို့ မှောင်ခိုလောကကို လာနှောင့်ရှက်တဲ့သူ"

"အဟွန်း......ဦးရှိုင်းဝနထက် ဟုတ်တယ်မလား"

"ဟုတ် ဟုတ် ဟုတ်ပါတယ်"

ထိုလူကြီး တမာန်အားကြည့်ကာ ကြောက်နေပြီး အသံများပင်တုန်ရီနေသည်။

"ခင်ဗျားက ဘာကိစ္စနဲ့ သူများအလုပ်ကို လာနှောင့်ရှက်ရတာလဲ"

"ဦးလေး မှားပါတယ် မောင်တမာန် ဒါကြောင့် ဦးလေးကို ခွင့်လွှတ်ပါနော်"

"အဟွန်း......ကျုပ်က အမှားလုပ်ထားတဲ့လူကို အပြစ်ပြန်မပေးရရင် မနေနိုင်ဘူးဗျ "
"အော်......ဒါနဲ့ ကျုပ်တစ်ခုမေးစရာရှိတယ်"

"ဟုတ် ဟုတ် မေးပါမောင်တမာန်"

"ခင်ဗျား ကျုပ်တို့ မှောင်ခိုကိစ္စဆို ဘယ်သူတွေကို ပြောပြလိုက်သေးလဲ"

"ဘယ် ဘယ်သူမှ မပြောပြ‌ရသေးပါဘူး"

"လိမ်မယ်ဆိုလဲ ပီပြင်အောင် လိမ်ပါကွာ ...... ဟူး...... ကျုပ် ၁ကနေ၅အထိ ရေမယ် ခင်ဗျား အဲ့အချိန်အတွင်းမှာ ကျုပ်ကိုမပြောပြနိုင်ရင်တော့ ကျုပ်အကြောင်းခင်ဗျား သိတယ်နော် ဒါဆို ကျုပ်စရေပြီ"

"၁ ၂ ၃"

" တေဇ"


တေဇ ဟုတ်လား"

"ဟုတ် ဟုတ်ပါတယ်"

"အဟွန်း.......ဟိတ်ကောင်တွေ "

"ဟုတ်သခင်လေး"

"တေဇတို့ကလဲ ငါတို့လို လုပ်နေတာဘဲ မဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆို သူတို့က ဘာဆိုင်လို့ အဟွန်း......လိမ်ချင်တယ်ပေါ့ ဒိုင်း........"

တမာန် ဒေါသအလွန်ထွက်ကာ ဦးရှိုင်းဝနထက်ရဲ့ ဦးခေါင်း တည့်တည့်သို့ သေနတ်ပစ်ထည့်‌လိုက်သည်။

ထိုမြင်ကွင်းကို ချောင်းကြည့်နေသူက နှောင်းပင်။
လူတစ်ယောက်ကို အေးအေး‌ဆေးဆေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ တမာန်ကြောင့် နှောင်း အလွန်ပင် လန့်သွားရသည်။

"‌အဲ့အလောင်းကို ရှင်းပစ်လိုက်"

"ဟုတ်"

"နောက်ပြီး သေနတ်ကောင်းတာလေး တစ်လတ်‌လောက် သွားမှာထားလိုက်အုံး ဒီသေနတ်က ပစ်မကောင်းတော့ဘူ"

"ဟုတ် မှာထားလိုက်ပါ့မယ်"

"အင်း......ဒါဆို ငါအခုသွားစရာ ရှိသေးတယ် မင်းတို့ဘဲ ဒီအလောင်းကို သေချာလက်စဖျောက်လိုက်ကြ ကြားလား"

"ဟုတ်"

တမာန် သူ့လက်ကသေနတ်အား ခဏက သေသွားတဲ့ လူရဲ့ ဗိုက်ပေါ်ပစ်ထားလိုက်ပြီး နှောင်းရှိရာသို့ လာခဲ့လိုက်သည်။ နှောင်းသူလာနေပြီ ဖြစ်၍ အခန်းတံခါးလေးအား ချက်ချင်းပင်သော့ခတ် ပိတ်ထားလိုက်သည်။

"ဟိတ် မင်းတံခါးသော့ခတ်ထားမှန်းငါသိတယ် ငါမင်းကို မှာစရာရှိလို့ မင်းအခုလိုဘဲ ငါပြန်လာတဲ့အထိ ဒီအခန်းထဲက မထွက်ဘဲ နေနေကြားလား မဟုတ်ရင် ခဏက လူတွေ မင်းကိုသတ်ပစ်လိုက်လိမ့်မယ် ကြားလား ဟိုကလေးမ"

"ဟုတ်"

သူမခြေဖျားလက်ဖျားလေးတွေ တုန်ရီစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆို ငါသွားပြီ"

ဆိုကာ တမာန်သူမအနားလေးမှ ထွက်သွားလိုက်ပြီး သူ့အစောင့်တွေအား မှာထားလိုက်ကာ အိမ်ကြီးထဲမှ ထွက်လာခဲ့လိုက်သည်။
ထို့နောက် တမာန် ကားမောင်းရင်းဖြင့် ဇေထက်နောင်စီအား ဖုန်းဆက်လိုက်သည်။

"ဟယ်လို သခင်လေးပြောပါ"

"ငါ့ကို လာပြောင်နေတာလား"

"မပြောင်ပါဘူး သခင်လေးရဲ့ ကဲပါ ပြောစရာရှိတာပြောပါ ကျွန်တော်က သခင်လေးလို မအားဘူးဗျ"

"တောက်.....မင်းကများ အဟင်း.....ငါနဲ့တွေ့လို့ကတော့ မင်းအသေပါဘဲ ဇေထက်နောင်"

"သိပါတယ် ကဲပါ ပြောစရာရှိတာ အမြန်ပြောပါ သခင်လေးရဲ့"

"ဒီလို အိမ်မှာ အခု အစောင့်တွေရောက်နေပြီ အဲ့ဒါ ဟိုကလေးမ သူတစ်ယောက်ထဲဆို ကြောက်နေလိမ့်မယ် ဒါကြောင့် မင်းအခု ငါ့အိမ်ကိုပြန်သွား အဲ့ကလေးမက မင်းနဲ့ဘဲ ခင်တာမို့လို့ သူ့ကို အဖော်သွားလုပ်ပေးလိုက် ကြားလား ဇေထက်နောင်"

"ဟုတ် ကြားပါတယ် သခင်လေး"

"ဒါဆို အခုချက်ချင်းသွားတော့ သူ့ကို စကားပြောဖို့ အဖော်ဘဲ လုပ်ခိုင်းတာနော် သူအသားတစ်ချက်ထိကြည့် မင်းလက်တစ်ချောင်း ဖြတ်ခံရမယ်မှတ် ကြားဇေထက်"

"ကြားပါတယ် သခင်လေးရဲ့ ကျွန်တော်လဲ သူ့အသားကို မထိပါဘူး သူ့ရဲ့ဆံပင်တစ်မွှေးဘဲ ဆွဲနှုတ်ခဲ့မှာ"

ဇေထက် ပြောလဲပြောပြီး ချက်ချင်းပင် ဖုန်းချလိုက်သည်။

"ဟာ....တောက် ဒီကောင်တော့ ဂတုံးတုံးခံရတော့မယ်"

ဆိုကာ တမာန် ဖုန်းချလိုက်ပြီး တစ်ဖက်လမ်းသို့ ကွေ့မယ် အလုပ် အရှေ့၌ မောင်းနှင်လာတဲ့ ပြိုင်ကား အနီလေး ဖြင့် တိုက်မိသွား‌တော့သည်။

"ဟာ.....တောက်....."

"ဘယ်ကကားလဲကွာ ဘယ်လိုမောင်းလာတာလဲ မအားရတဲ့ကြားထဲ"

တစ်ဖက်က ပြိုင်းကားအနီလေးမှ မိန်းကလေးငယ် တစ်ဦးဆင်းလာပြီး တမာန်ရဲ့ ကားနားလေးစီ လျှောက်လာသည်။

"ဒေါက် ဒေါက်"

တမာန် သူ့ကားမှန်တံခါးလေးအား လာခေါက်သဖြင့် ကားမှန်တံခါးလေးအား ဖွင့်ပေးလိုက်သည်။

"ဒီမှာ ဦးလေးကြီး ခင်ဗျားကြီး ကားကို ဘယ်လိုမောင်းလာတာလဲ"

"ဘာကွ ငါ့ကိုဘယ်လို ခေါ်လိုက်တယ်"

"ဦးလေးကြီးလို့ ခေါ်တာလေ ဘာလဲ ခင်ဗျားကြီးက မကြိုက်လို့လား"

"ငါ့မှာ နာမည်ရှိတယ် ဟုတ်ပြီလား"

"ဆိုပါအုံး နာမည်လေး"

"ရာဇတ်တမာန် ဟုတ်ပြီလား"

"ဟွန်း.....နာမည်ကြီးကလဲ ဘယ်လိုကြီးလဲ မသိဘူး"

"ငါ့နာမည် ဘယ်လိုဘဲ ဖြစ်ဖြစ်မင့်အပူပါလား"

"မပါပါဘူး ဒါပေမယ့် ရှင်းလဲ ပြောလိုက်မယ် ရှင်းမှာလဲ နာမည်ရှိတယ် လဲ့ရည်ရှင်းသန့် ဟုတ်ပြီလား ဟွန့်......."

"ဟင်......"

တမာန်အတွက် ထိုနာမည်က အတော်လေး ထူးဆန်းနေသည်။ ထို့နောက် တမာန် ရှင်းအား ခေါက်းအစ ခြေအဆုံး အသေအချာကြည့်လိုက်သည်။
ပေါင်တိုဂျင်ဘောင်းဘီလေးနှင့် ခါးတိုအင်္ကျီလေးအား အပေါ်မှ ကုတ်ထပ်ကာ ဝတ်ထားတဲ့ သူမလေးက ခေတ်အတော်ဆန်မည့်ပုံပင်။

"အဟွန်း......ဟုတ်ပြီ"

တမာန် ခေတ်ဆန်လွန်းတဲ့ ထိုကောင်မလေးအား သူ့အိမ်သို့ ခေါ်သွားလျှင် နှောင်း တဝန်တိုလားမတိုလား သိချင်သဖြင့် ရှင်းအား သူ့အိမ်ခေါ်သွားဖို့ လုပ်လိုက်သည်။

"ကိုယ်မင်းရဲ့ ပြိုင်ကာအနီလေးကို အသစ်အတိုင်း ဖြစ်သွားအောင် ပြင်ပေးမယ် ဒါပေမယ့် အခုလောလောဆယ် ပိုက်ဆံကပါမလာဘူး ဒါကြောင့် အိမ်လိုက်ခဲ့ပါလား"

"ဘာ.....ရှင်းကို ဒီလိုမျိုး လာလုပ်လို့မရဘူး ဟုတ်ပြီလား"

"အဟွန်း.....ဘာလဲ မင်းကကိုယ့်ကို မယုံလို့လား ကိုယ့်ပုံစံကိုလဲ ကြည့်လိုက်ပါအုံး မကောင်းတဲ့လူနဲ့ တူလို့လား"

ထိုအချိန်မှ ရှင်း တမာန်အား သေချာကြည့်လိုက်သည်။
အနောက်တိုင်းဝတ်စုံနှင့် သပ်ရပ်စွာ ဝတ်ထားတဲ့ တမာန်ကြောင့် ရှင်း တမာန်ရဲ့ အိမ်သို့ လိုက်သွားဖို့ သဘောတူလိုက်သည်။

"ဒါဆိုလဲ ရှင်းလိုက်မယ် ဒါနဲ့ ဦးလေးကြီးက တစ်ကယ်လူကောင်းပါနော်"

"အော်.....တစ်ကယ် လူကောင်းပါ"

"ဟုတ်ပါပြီ ဒါဆိုလဲ ဘယ်လိုလိုက်ခဲ့ရမှာလဲ"

"ကိုယ်ကအရှေ့ကနေ ကားနဲ့သွားမယ် ဒီက ချာတိတ်က ကိုယ့်နောက်ကို အဲ့ပြိုင်ကားနဲ့ လိုက်ခဲ့လိုက် အိုကေ လား"

"ပြီးသာဘဲ ဟိုရောက်ရင်တော့ ကားကိုအသစ်အတိုင်းဖြစ်အောင် ပြင်ပေးရမှာနော်"

"ပြင်ပေးပါ့မယ်"

"အင်း......"

ဒီလိုနဲ့ ရှင်း ပြိုင်ကားအနီလေးပေါ် တက်လိုက်သည်။ တမာန်လဲ ပြုံးလျက်နှင့် အရှေ့မှ ဦးဆောင်ကာ မောင်းလာခဲ့သည်။

"အဟွန်း......မင်းဘယ်လိုဖြစ်သွားမလဲ ငါအရမ်းသိချင်တာဘဲ မင်းတစ်ခါလောက် ငါ့ကို သဝန်သွားရင် ကောင်းမှာဘဲ ကလေးမ"

တမာန် သူ့‌အတွေးတွေနှင့်သူ ပျော်နေသည်။ ဒီလိုနဲ့ ခဏကြာတော့ ကားနှစ်စီးလုံး အိမ်ကြီးထဲသို့ ဝင်လာခဲ့သည်။

"ရောက်ပြီ ချာတိတ် ဆင်း"

"ဟုတ်"

"ကားကိုတော့ ဒီမှာခဏထားထားလိုက် ကိုယ်တပည့်ကို သွားပြင်ခိုင်းလိုက်မယ်"

"ဟုတ်"

"ဒါဆို အထဲဝင်အုံးလေ"

"ရှင်...."

"ကိုယ်မင်းကို မကိုက်စားပါဘူး မင်းကို မိတ်ဆက်ပေးရမဲ့လူရှိလို့ပါ"

"အော်.....အင်းပါ"

ရှင်း တမာန်ရဲ့ အိမ်ထဲသို့ ဝင်သွားလိုက်သည်။

"သူသာ ငါ့ချစ်သူလို့ မင့်ကို မိတ်ဆက်ပေးလိုက်ရင် မင်းဘယ်လို ဖြစ်သွားမလဲ ငါအရမ်းသိချင်တာဘဲ အဟွန်း......"

ဒီလိုနဲ့ တမာန်ကော ရှင်းပါ ဧည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။

"ဒီမှာ ခဏထိုင်နေအုံးနော် ချာတိတ် ကိုယ်မင်းနဲ့ မိတ်ဆက်ပေးမဲ့ လူကို သွားခေါ်လိုက်အုံးမယ်"

"ဟုတ်"

တမာန် အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်ပြီး နှောင်းအား ရှာလိုက်သည်။ တွေ့ပါပြီ ဇေထက်နဲ့အတူ ဂိမ်း‌ဆော့နေတဲ့ နှောင်း ။ သွား၃၂ချောင်းလုံးကလဲ ဖြီးလို့။ တမာန် ဒေါသထွက်ကာ သူတို့အနားလေး လာခဲ့သည်။

"ဟိတ် ဟိုကလေးမ"

"ဟင်...."

"အော်.....သခင်လေး ပြန်လာပြီလား"

"အင်း.....ဟိုကလေးမ မင်းငါ့နောက်လိုက်ခဲ့ ငါမင်းနဲ့ မိတ်ဆက်ပေးစရာ လူရှိလို့"

"ဟုတ်"

"ဟိုကောင် ဇေထက်"

"ဗျာ သခင်လေး"

"ဟိုက ပြိုင်ကားအနီလေး တွေ့လား"

"ဟုတ်"

"အဲ့ကားကို ကားဝက်ရှော့ စီ‌ပို့လိုက် နောက်ပြီး အသစ်အတိုင်း ဖြစ်သွားမှ ဒီကို ပြန်သယ်လာခဲ့ ကြားလား ဇေထက်"

"ဟုတ်"

"သွားမယ် ဟိုကလေးမ"

"ဟုတ် သွားပြီနော် အစ်ကို"

"ဟင် အော် အင်း ညီမ"

"ကျစ်....."

တမာန် စိတ်တိုတိုနှင့် အရင်ထွက်လာခဲ့လိုက်သည်။ နှောင်းလဲ တမာန်အနောက်ကနေ အပြေးလေးနှင့် အမှီလိုက်သွားလိုက်သည် ။

စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။


rate now: