"ဦးရဲ့အမုန်း"
တမာန် ကားဟွန်းတီးသံကြောင့် သူမလေးအပေါ် ငုံ့မိုးနေရာမှ အလျင်အမြန်ထလိုက်သည်။ ထိုအချိန်မှ နှောင်းလဲ အသက်ဝဝရှူလိုက်ပြီး ထလာခဲ့သည်။
"တောက်......ဒီအချိန်ကြီးမှ ဘယ်ကောင်"
"သခင်လေး"
သူတောင်စကား မဆုံးသေးခင် သူတို့အနား ရောက်လာခဲ့တဲ့ ဇေထက်ကြောင့် တမာန် အတော်လေး တင်းသွားသည်။
"မင်း......လာခဲ့စမ်း"
"ခ ခဏနေအုံး သခင်လေး"
"ဘာလုပ်မလို့လဲ"
"နှစ်ယောက်လုံးက ဘာဖြစ်ထားတာလဲဟင် "
"ဘာဖြစ်လို့လဲ"
"နှစ်ယောက်လုံး ရေတွေစိုနေတယ်လေ"
"ဟင်......"
ဇေထက် အပြောကြောင့် တမာန် နှောင်းအား ကြည့်လိုက်သည်။ လက်လေးနှစ်ဖက်ပိုက်ကာ တုန်ရီနေတဲ့သူမ။ အဖျားကမပျောက်သေးဘူး အခုရေပြန်စိုသွားတာကြောင့် တမာန် သူ့ကိုယ်ကို အပြစ်တင်နေမိသည်။
"ကျစ်...... သွား အဝတ်သွားလဲချေ"
"ဟုတ်"
"ပြီးရင် ငါ့စီပြန်လာခဲ့ ကြားလား"
"ဟုတ်"
ဒီလိုနဲ့ သူမမျက်နှာလေး ရဲလျက် အခန်းရှိရာသို့ သွားလိုက်သည် ။တမာန် သူမလေး အခန်းထဲ ဝင်သွားသည်အထိ လိုက်ကြည့်နေမိသည် ။
"အဟမှး အဟမှး"
ဇေထက် သူ့သခင်လေးအား ချောင်းဟန့်ပြလိုက်မှ တမာန် မကျေနပ်သော မျက်လုံးများနှင့် သူ့ဘက်လှည့်လာခဲ့သည်။
"မင်း......နာချင်တော့တာလား ဇေထက်"
"ဗျာ"
"မဗျာနဲ့ မင်းဒီကိုဘာလာ လုပ်တာလဲ"
"သခင်လေးကို လာခေါ်တာလေ"
"သွား လာမခေါ်နဲ့ ငါဒီနေ့ ကမ္ပဏီမသွားဘူး"
"မသွားလို့မရဘူးလေ ဒီနေ့ အရေးကြီးတဲ့ meetingရှိတယ်"
"မင်းဘဲကြည့်စီစဉ်လိုက်"
"ဘာလို့လဲ သခင်လေးရဲ့"
"နောက်နေ့ကစပြီး မင်းဘယ်တော့မှ ငါ့ကိုလာကြိုစရာမလိုတော့ဘူး ကြားလား"
"ဟင်......"
"သွားသွား မင်းအခုချက်ချင်း ငါ့အရှေ့က အမြန်ထွက်သွားလိုက်နော် မဟုတ်ရင် ငါမင်းကို သတ်မိတော့မယ်"
"ကြောက်ပါတယ် ကြောက်ပါတယ် ...... ဒါဆို ကျွန်တော် သွားပြီနော် သခင်လေး"
"သွား ဘယ်တော့မှပြန်မလာနဲ့"
"ဟဲဟဲ"
မသွားသေးဘဲ သူ့အားလာရီပြနေတဲ့ ဇေထက်အား တမာန် ခဏကထိုင်နေတဲ့ ထိုင်ခုံဖြင့် ကောက်ပေါက်လိုက်သည်။
"မင်းအခုချိန်ထိ မထွက်သွားသေးဘူးလားဟမ်"
တမာန် အသံစူးစူးဖြင့် အော်လိုက်မှ ဇေထက်လဲ ကြောက်ကြောက်နဲ့ ထွက်သွားတော့သည်။
"တောက်......ဘယ်လိုကောင်လဲ မသိဘူး ကောင်းခန်းရောက်မှ လာဖျက်နေ"
တမာန် ခဏကအကြောင်းပြန် စဉ်းစားရင်း ဒေါသအလွန် ထွက်နေမိသည် ။
ဒီလိုနဲ့ဘဲ သူအပေါ်ထပ်ရှိ သူ့အခန်းထဲသို့ အဝတ်လဲဖို့သွားလိုက်သည်။
"ဟူး......ခဏက ဘယ်လိုခံစားချက်ကြီးပါလိမ့်"
နှောင်း သူ့ရဲ့ ဘယ်ဘက်နှလုံးသားလေး ရှိရာကို စမ်းရင်း ပြောနေလေသည်။
"ကျစ်..... ဘာလို့အခုချိန်ထိ နှလုံးခုန်တာ မရပ်သေးရတာလဲ မဖြစ်ဘူး ဆေးသောက်ရမယ်"
ဆိုကာ တမာန် နှလုံးအားဆေး တစ်လုံးယူလိုက်ကာ ရေနှင့်မော့သောက်ပစ်လိုက်သည်။
"ကျစ်......ဒါလဲ အခုချိန်ထိ မရပ်သေးဘူး နောက်တစ်လုံး ပြန်သောက်လိုက်ရမလား ဟာ.....မဖြစ်သေးပါဘူး ဆေးအညွှန်းမှာ တစ်လုံးဘဲ သောက်ဖို့ပြောထားတာ ခဏလေးအိပ်လိုက်ရင် ပျောက်သွားလောက်မှာပါ "
တမာန် အိပ်ရာပေါ်သို့ လဲကာ ခေါင်းအုံးလေးအား မှီအိပ်နေလိုက်သည်။တမာန် အိပ်သာအိပ်နေတာ စိတ်ကတော့ ခဏက မျက်ခင်းပြင်ပေါ်က အဖြစ်အပျက်စီသာ ရောက်နေမိသည်။
"တောက်......ဇေထက် ဇေထက် နောက်တစ်ခါ လာရဲမှလာကြည့်စမ်း အဲ့ခြေထောက်တွေကို ဖြတ်ပစ်ပေးထားအုံးမှာ"
တမာန် ခဏကအဖြစ်ပျက်ကိုတွေးရင်း ပျော်လဲပျော်သလို သူမလေးအား မနမ်းလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေမိသည်။
"ဟူး.......ဒါနဲ့ အဲ့ကလေးမက ကျောင်းတက်တုန်းထင်တယ် အင်း ခနနေမှ မေးကြည့်ရမယ်"
ထိုအချိန် သူ့ရဲ့အခန်းလေးအား တံခါးခေါက်သံကြားလိုက်သည်။
"ဒေါက် ဒေါက်"
"ဝင်ခဲ့"
နှောင်း သူ့အခန်းလေးထဲသို့ ကုပ်ကုပ်လေးဝင်လာခဲ့သည်။
"မင်း ကျောင်းတက်တုန်းလား"
"အင်း....."
"ဘာတက်နေတာလဲ"
"စီးပွားရေး second years ရောက်ပြီ"
"အော်......ဒါဆို မင်းစီးပွားရေးအကြောင်း နည်းနည်းပါးပါးတော့ နားလည်မှာပေါ့"
"အင်း..….."
"ကောင်းပြီ မင်းအခုဘာလုပ်စရာရှိလဲ"
"ကျွန်မက ဘာလုပ်ပေးရမှာလဲ"
"ဘာမှမလုပ်ပေးနဲ့ မင်းအခုနားလို့ရပြီး"
"အင်း......"
ဒီလိုနဲ့ နှောင်းလဲ ထိုအခန်းထဲမှ ထွက်လာခဲ့လိုက်ပြီး ခြံထဲသို့ ဆင်းကာ ထိုင်နေလိုက်သည်။
တမာန် နှောင်းထွက်သွားပြီနောက် သူ့တပည့် ဖြစ်သူ ဇွဲထက်သီဟ အားဖုန်းဆက်လိုက်သည်။
"ဟယ်လို ငထက် ဘယ်လိုလဲ အခြေအနေ"
"အခြေအနေက မကောင်းဘူး သခင်လေး"
"ဘာကို မကောင်းတာလဲ"
"ဒီလို ဟိုဘက်အဖွဲ့က ခေါင်းဆောင်က သူကိုယ်တိုင်လှုပ်ရှားနေတာ နောက်ပြီး ကျွန်တော်တို့ မှားထားတဲ့ ပစ္စည်းကို သူတို့ဘက်က အလစ်ယူဖို့အတွက် ပြင်ဆင်နေတယ်တဲ့"
"အဟွန်း......ငါတို့မှာထားတဲ့ဟာကို သူတို့ဘက်က အလစ်တိုက်ပြီး ယူမယ်ပေါ့ ဟုတ်လား ငထက်"
"ဟုတ်"
"ဒီကောင်တွေ ဘယ်လို သတ္တိနဲ့များ အခုလိုလုပ်မှာပါလိမ့် ဒါနဲ့ မင်းတို့ဘက်ကို လွှတ်ထားတဲ့လူတွေကော ရှိသေးလား"
"ရှိပါတယ်"
"ဒါဆို ငါ့စီကို ၁၀ယောက်လောက် ပြန်လာခိုင်းလိုက် အိမ်မှာက လူမရှိရင် မဖြစ်ဘူး သိတယ်မလား"
"ဟုတ်သိပါတယ် ဒါနဲ့ သခင်လေး မိန်းမရသွားပြီဆို"
"ဘာ......ငါမိန်းမရတယ် ဟုတ်လား"
"ဟုတ်"
"ဘယ်သူပြောတာလဲ"
"ဇေ ဇေထက်နောင်ပါ သခင်လေး"
"ဒီကောင်က သေချင်တော့တာ မင်းတို့ကော ငါမိန်းမရတယ်ဆိုတာ ယုံလား"
"မယုံပါဘူး သခင်လေး"
"ဘာကွ မင်းတို့က ငါ့ကို အဲ့လောက်တောင်အဖြစ်မရှိတဲ့ဘူးလို့ ထင်နေကြတာလား"
"ဟို အဲ့လိုမဟုတ်ပါဘူး သခင်လေးက ဘယ်မိန်းကလေးနဲ့မှ အပျော်တွဲဖူးတာမှ မဟုတ်တာ ဒါကြောင့်သခင်လေး မိန်းမရတာကို ကျွန်တော်ကမယုံတာပါ "
"အင်း.....ဒီလောက်ဆိုတောသေးတယ် ဒါဆို ငါဖုန်းချပြီ နောက်အပါတ်လောက်ကြရင် ငါမင်းတို့စီလာခဲ့မယ် ဟုတ်ပြီလား"
"ဟုတ်"
ဒီလိုနဲ့ တမာန်လဲ ဖုန်းချလိုက်တော့သည်။
"ဟူး......ဒီအချိန်ဆို ဟိုကလေးမ ဘာမြန်းလုပ်နေမှာပါလိမ့် ကျစ်.....သူ့ကိုကလဲ ဘာခိုင်းရမှာလဲကို မသိဘူး"
တမာန် ပြတင်းပေါက်နားလေး သွားရပ်ကာ ခြံထဲတွင် ထိုင်နေတဲ့ သူမလေးအား ခိုးကြည့်နေသည်။
"အဟွန်း........ မင်းက တော်တော်ချစ်ဖို့ကောင်းတာဘဲ "
တမာန် နှောင်းလေးအား အချိန်ကြာမြှင့်စွာ ကြည့်နေမိသည်။ ထိုအချိန် အိမ်ရှေ့ ခြံခါးပေါက်စီက လူနှစ်ယောက် သူမလေးအား ချောင်းကြည့်နေကြသည်ကို တမာန်တွေ့သွားသည် ။
"နေပါအုံး ဒီကောင်တွေက ဘယ်သူပါလိမ့် ကျစ်......မဖြစ်သေးဘူး"
ဆိုကာ တမာန် အိမ်အောက်သို့ အလျင်အမြန် ပြေးလာခဲ့သည်။ အိမ်အောက်ရောက်တော့ ခြံတံခါးစီက နှောင်းအား ချောင်းကြည့်နေတဲ့ ထိုလူနှစ်ယောက်ထဲကတစ်ယောက်ကို တမာန် ခါးကြားထဲတွင် သေနတ်နှင့် အတူထိုးထားတဲ့ ဓားချွန်အား ထုတ်လိုက်ကာ ထိုလူက်ု ပစ်ပေါက်လိုက်သည်။
လာ လာအမြန်သွားရအောင်"
ဓားစိုက်သွားတဲ့ လူအား ဘေးက လူတစ်ယောက်က တွဲထူကာ ခြံခါးနားလေးမှ ထွက်သွားလိုက်ကြသည်။
"ဟူး......တော်ပါသေးတယ် သူဘာမှမသိလိုက်လို့"
တမာန် အုတ်တံတိုင်းနားလေးက မာလကာပင်ပေါ်က ကြောင်လေးအား အောက်ဆင်းလာဖို့ ခေါ်နေတဲ့ နှောင်းလေးကို သဘောကျစွာဖြင့် ရီလိုက်သည် ။
"အဟွန်း......ကြောင်ကိုများ သူရဲ့5'2"အရပ်လောက်နဲ့ သွားဆွဲခေါ်နေတာပေါ့ ကြောင်က တော်တော်ကြီးဆင်းလာအုံးမှာ ဒီကလေးမနဲ့တော့"
တမာန် မနေနိုင်ကာ သူမလေးအနား သွားလိုက်သည်။
နှောင်း သူအနောက်ပါးမှ သူ့အား ငုံ့မိုးကြည့်နေတဲ့ တမာန်ကြောင့် လန့်သွားရသည်။
"မင်းက အဲ့ကြောင်ကို လိုချင်လို့လား"
"အင်း......"
တမာန် ဘာမှဆက်မပြောတော့ဘဲ သူမကိုယ်လေးအား ခြေသလုံးလောက်ကနေ ပွေ့ချီလိုက်သည်။
"အမလေး"
သူမလန့်သွားကာ တမာန်ရဲ့ လည်ဂုတ်လေးအား ဖတ်ထားမိလိုက်သည် ။
"အဲ့မှာ ကြောင်ကိုယူလိုက်လေ"
"ရှင်....အော် ဟုတ်"
သူမ ရှက်ရက်သားနှင့် ကြောင်လေးအား အပင်ပေါ်မှ ဖမ်းယူလိုက်သည် ။ ကြောင်လေးလဲ နှောင်းရဲ့ရင်ခွင်ထဲမှာ ပွတ်သတ်ပြီး နွေးထွေးစွာဖြင့် နေနေလေသည်။ ဒါကို သဘောမကျတဲ့ တမာန်က
"ပေးအဲ့ကြောင်"
"ဘာလုပ်မလို့လဲဟင်"
"ပေးဆိုပေးလိုက်"
"ဘာလုပ်မလို့လဲလို့"
"ရေချိုးပေးမလို့ ဟုတ်ပြီလား အဲ့ကြောင်က ဘယ်ကလာမှန်းမသိဘူး ဒါကိုမင်းက သွားပြီးမှ ပွတ်လိုက်ဖတ်လိုက် လုပ်နေတာလေ အဲ့တော့ ကြောင်မှာသာ ရောဂါပိုးတွေပါနေမယ်ဆို မင်းစီမှာ ကူးသွားမှာစိုးလို့ အကောင်းနဲ့ပြောတာ"
"ဟုတ်ပါပြီ ရော့ ဒါနဲ့ ကျွန်မကို အောက်ချပေးအုံး"
"မချပေးဘူး"
"ဘာ....."
"မင်းမကြားလိုက်ဘူးလား ဘာလဲ ငါနောက်တစ်ခါ ပြန်ပြောရအုံးမှာလား"
"မပြောရပါဘူး ဒါပေမယ့် ကျွန်မကို အောက်ချပေးပါနော်"
"မချပေးဘူး"
"ရှင်......ဘာလို့လဲဟင်"
"အောက်က မြတ်တွေက ရေစိုနေတယ်လေ မတွေ့ဘူးလား ခဏကလိုမျိုး ဖြစ်သွားမှာမို့လို့ အကောင်းနဲ့ ပွေ့ထားတာ အဲ့ဒါကို မင်းနားလည်"
တမာန် လေသံမာမာနှင့် ပြောလိုက်သည်မို့ နှောင်းလဲ ဘာမှဆက်မပြောတော့ပေ။ တမာန်ကတော့ သူမကိုယ်လေးကို ပွေ့ထားလျက် သဘောကျစွာ ပြုံးနေလေသည်။
"ဟွန်း.....ဘာမှလဲ ရေမစိုတော့တာကို ဘာတွေလာပြောနေမှန်းမသိဘူး"
နှောင်းစိတ်ထဲကနေ မကျေနပ်ကာ ပြောလိုက်သည်။ ခဏကြာတော့ သူတို့အိမ်ထဲသို့ ရောက်လာခဲ့သည်။ အိမ်ထဲရောက်မှ တမာန်လဲ သူမကိုယ်လေးအား အောက်သို့ ချပေးလိုက်သည်။
"ကြောင်ကိုတော့ ငါဘဲခေါ်ထားလိုက်မယ် ကြားလား"
"ဟုတ်"
သူမ ကြောင်လေးအား သနားသော မျက်ဝန်းတို့နှင့် ကြည့်နေလေသည် ။
"ဘာမှလာသနားမနေနဲ့ ငါမင့်ကြောင်ကို ဘာမှမလုပ်ဘူး"
"ပြောလို့မှမရတာ"
"ဘာလဲ ငါကဒီကြောင်ကို ချက်စားပစ်လိုက်ရမလား"
"ရှင် ..... အဲ့ အဲ့လိုတော့မလုပ်ပါနဲ့နော် ကျွန်မတောင်းပန်ပါတယ် ကြောင်လေးကိုတော့ သနားပါနော်"
သူမလက်အုပ်လေး ချီပြီး တောင်းပန်လာသဖြင့် တမာန် ရီချင်စိတ်ကို မနဲထိန်းလိုက်သည်။
"ငါမင်းရဲ့ ကြောင်ကိုဘာမှ မလုပ်ပါဘူး မစိုးရိမ်နဲ့"
"ဟုတ်"
"ဒါဆို ငါသွားပြီ မင်းလဲနေ့လယ်စာသွားချက်တော့ "
"ဟုတ်......."
ဒီလိုနဲ့ သူမကြောင်လေးအား တစ်ချက်ကြည့်လိုက်ပြီး မီးဖိုခန်းထဲသို့ ထွက်လာခဲ့သည်။
"တွေ့ကြသေးတာပေါ့ မင်းကများ ကလေးမကို ပွတ်တီးပွတ်သတ်လုပ်တယ်ပေါ့ ဟုတ်လား ဟမ်..... နောက်ပြီး မာယာကများသေး ငါတောင် မင့်လောက် သနားဖို့ကောင်းအောင် မလုပ်ပြတက်ဘူး မင်းကတော့ အဟင်း....... တွေ့သေးတာပေါ့ "
တမာန် ထိုကြောင်လေးအား ဂျိုကြည့်ကြည့်ကာ အိမ်ပေါ်ထပ်သို့ ခေါ်လာခဲ့သည်။
နှောင်းကတော့ မီးဖိုခန်းထဲကနေ ဘာဟင်းချက်ရမှန်း မသိပေ။ သူမအိမ်မှာဆို ဘာမှမချက်ရသဖြင့် အခုလဲ ဘာချက်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"ကျစ်......မသိတော့ဘူကွာ ခရမ်းချဉ်သီးကြီးဘဲ ဆီနဲ့ချက်ကြည့်လိုက်မယ် ဟင်းတော့ဖြစ်လောက်မှာပါ"
ဆိုကာ နှောင်း ဆီအိုးလေးတည်ထားလိုက်သည်။
"မဖြစ်ဘူး ဆီမပွတ်ခင် ခရမ်းချဉ်သီးလှီးပြီးထားရမယ်"
နှောင်း ခရမ်းချဉ်သီးနှစ်လုံးလောက် ယူလိုက်ပြီး ရေဆေးကာ လေးစိတ်လှီးလိုက်သည် ။ ထို့နောက် ဆီအိုးရှိရာသို့လာကာ အငွေ့ထပြီလား မထသေးဘူးလား ကြည့်နေသည်။
"အငွေ့ထလာပြီ ထင်တာဘဲ ထည့်လိုက်တော့မယ်ကွာ "
ဆိုကာ နှောင်း ခရမ်းချဉ်သီး စိတ်တွေအား ဆီထဲသို့ထည့်လိုက်ချိန် ဆီထဲတွင် ရေပါသွားတာကြောင့် သူမလက်တွေအား ဆီပေါက်လေးကို လာလာဆင်နေသည် ။
"အား.......အမေ့ရေ"
သူမ ရုတ်တရက် ဆီပေါက်တာခံလိုက်ရသဖြင့် သူမလက်လေးနာကာ အသံကုန်အော်လိုက်မိသည်။ သူမရဲ့ အသံကြောင့် ကြောင်အား အမွေးရိတ်ပေးနေတဲ့ တမာန် ထိုင်နေရာမှ အမြန်ထလာလိုက်ပြီး အောက်ထပ်ရှိအသံလာရာစီသို့ အမြန်ဆုံးပြေးလာခဲ့သည်။
"ဟိတ် ဘာဖြစ်တာလဲ"
"ဟို ဟို ဒီအိုးက ပေါက်လို့"
"ဘာ"
တမာန် သူမလေးပြောနေတာတွေအား နားမလည်စွာနှင့်ကြည့်နေသည်။ ခဏနေမှ ဒယ်အိုးထဲကနေ ဆီပေါက်လာတာကိုတွေ့လိုက်သည် ။
"အဟွန်း......ဆီပေါက်တာကိုမြန်း ဒယ်အိုးကဘဲပေါက်တာလိုလိုနဲ့ လာပြောနေတယ်"
တမာန် သူမလေးအား သဘောကျစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"လာ ဒီနားကို"
"ကြောက်တယ်"
"လာ ဘာမှကြောက်စရာမရှိဘူး ငါမင်းကို ဟင်းဘယ်လိုချက်ရမလဲ သင်ပေးမယ်"
"ဒါပေမယ့်"
"ဒါပေမယ့်တွေ ဘာတွေလုပ်မနေနဲ့ လာဆိုလာလိုက်"
"ကျစ်......"
သူမနှုတ်ခမ်းလေးစူလိုက်ပြီး မီးဖိုနားလေးစီသွားလိုက်သည် ။
"အဲ့ဇွန်းကို ကိုင်လိုက်"
တမာန် အိုးထဲက ဇွန်းအား ကိုင်ခိုင်းလိုက်သည်။ နှောင်းလဲ ကြောက်ကြောက်ဖြင့် ကိုင်လိုက်သည် ။
"ဒီမှာ ငါပြောပြမယ် ခရမ်းချဉ်သီးဆိုတာ အိုးထဲရောက်သွားရင် သူ့ဟာသူ ကျေသွားမှာ ဒါကြောင့်မင်းက ဇွန်းကို ကိုင်ပြီး ခဏလေးမွှေပေးရုံဘဲ"
တမာန် သူမအနောက်ကနေ ရပ်လိုက်ပြီး သူမလက်လေးကိုကိုင်ကာ ခရမ်းချဉ်သီးအား ကျေသွားအောင် ချေပေးနေသည် ။
"နောက်ပြီး ခဏက ဒီဒယ်အိုးက ပေါက်တာမဟုတ်ဘူး ဆီကပေါက်တာ မင်းက ခရမ်းချဉ်သီးတွေကို ရေစိုစိုနဲ့ ထည့်လိုက်တော့ ပွက်နေတဲ့ ဆီနဲ့ အေးတဲ့ ရေနဲ့ထိပြီး ဆီပေါက်လာတာ ဒါကြောင့် နောက်ဆို ဘာချက်ချက် ရေစစ်ပြီးမှ ချက်ကြားလား"
"ဟုတ် ဒါနဲ့ ရှင်က ဒါတွေဘယ်လိုသိတာလဲဟင်"
"မင်းက ငါ့ကိုမေးခွန်းပြန်ထုတ်နေတယ်ပေါ့"
"ဟို အဲ့လို မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ပါ"
"မသိချင်နဲ့ သွားဟိုနားမှာ သွားထိုင်နေ ငါဟင်းဘယ်လိုချက်လဲ ဆိုတာ သေချာလိုက်ကြည့်ထား ကြားလား"
"ဟုတ်"
"နောက်တစ်ခါဆို ငါမင်းကို မကူညီဘူးနော်"
"ဟုတ်"
"အဟွန်း......"
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။