book

Index 5

အပိုင်း(၅)

"ဦးရဲ့အမုန်း"


"ဒေါက်တာ အခြေအနေ"

"ကောင်းသွားမှာပါ ဒေါက်တာ အားဆေးတစ်ချောင်းထိုးပေးထားတယ် အခုလောလောဆယ်တော့ သတိမရသေးဘူး ခဏနေရင်တော့ ရလာမှာပါ နောက်ပြီး ဒီမှာ သူမလေးကို တိုက်ဖို့ဆေး"

"ဟုတ်"

"ဒါဆို ဒေါက်တာပြန်တော့မယ်နော်"

"ဟုတ် ကျွန်တော်လိုက်ပို့ပေးရအုံးမလား"

"ရပါတယ် အခန်းထဲက သူမလေးကိုသာ ဂရုစိုက်လိုက်ပါ"

"အဟင်း......"

တမာန် ဒေါက်တာ အပြောကြောင့်မချိုမချဉ်လေး ပြုံးလိုက်သည်။

"အဟွန်း.....ဒါဆိုဒေါက်တာ သွားပြီနော်"

"ဟုတ်"

ဒီလိုနဲ့ ဒေါက်တာလဲ ပြုံးလျက်သား ထွက်သွားတော့သည်။ တမာန် အခန်းထဲဝင်လိုက်ပြီး နှောင်း အနားလေး သွားထိုင်ကာ သူမလေးအား စူးစိုက်ကြည့်နေမိသည်။

"ဟူး......ငါမင်းအပေါ် ဘာတွေဖြစ်နေမှန်းလဲ မသိတော့ဘူ ဇေထက်ပြောသလိုဘဲ ငါမင်းကို အပြစ်မပေးနိုင်ဖြစ်နေတယ် ကျစ်....... ငါဘယ်လိုလုပ်ရမှာလဲ"

တမာန် ပြောရင်းဖြင့် သူမနာဖူးလေးအား မြတ်နိုးစွာဖြင့် နမ်းလိုက်မိသည် ။ ထိုအချိန် နှောင်း သူ့နာဖူးလေး နွေးကနဲဖြစ်သွားသဖြင့် သူမနိုးလာခဲ့သည်။

"ဟင်......"

ထိုအချိန်မှ တမာန် ရှက်ရမ်းရမ်းကာ သူမအနားလေးမှ ချက်ချင်းထလိုက်သည်။

"မင်း မင်းခဏက မေ့လဲသွားလို့ ငါ ဆရာဝန်ပြပြီး အခန်းထဲခဏခေါ်ထားတာ"

တမာန် ရုပ်တည်ကြီးနှင့် သူမလေးအား ပြောလိုက်သည် ။

"ကျွန်မကလဲ မေးနေလို့လား"

သူမအသံတိုးတိုးလေးဖြင့် တမာန်အား ပြန်ရွှဲ့လိုက်သည်။

"မင်း.....ဟူး......ဒီတစ်ခါတော့ ငါခွင့်လွှတ်ပေးလိုက်ပါ့မယ် နောက်တစ်ခါကြရင်တော့ မိုးရေထဲမဟုတ်တော့ဘူ နေပူထဲလှန်းထားပေးမှာ ကြားလား"

"ဟုတ်"

ဒီလိုနဲ့ တမာန်လဲ အခန်းထဲမှထွက်လာခဲ့လိုက်သည် ။
ထိုနောက် တမာန် သူမလေးအတွက် ဆန်ပြုတ်ပြုတ်ပေးဖို့ မီးဖိုအခန်းထဲသို့ ထွက်လာခဲ့လိုက်သည် ။

"ဒီတစ်ခါတော့ လုပ်ပေးလိုက်ပါ့မယ်"
ဆိုကာ ဆန်ပြုတ်ပြုတ်လိုက်ပြီး အပေါ်ထပ်ရှိသူမ အိပ်နေရာ အခန်းလေးထဲသို့ လာခဲ့လိုက်သည်။

"ထ ဆန်ပြုတ်သောက်မယ်"

"အင်း......"

သူမ တမာန်လက်ထဲက ဆန်ပြုတ်ခွက်လေးအား ယူလိုက်ချိန်

"မင်းဘာလုပ်တာလဲ"

"ရှင်ဘဲ ဆန်ပြုတ်သောက်မယ်ဆို ဒါကြောင့် ကျွန်မဆန်ပြုတ်ခွက်ကို ယူလိုက်တာလေ"

"ကျစ်.....ဟ ငါခွံပေးမယ်"

သူမ ကြောင်အအလေးဖြင့်သာ တမာန်အားဆက်ကြည့်နေသည်။ တမာန်စိတ်မရှည်ကာ

"ကျစ်.....ငါစိတ်ကောင်းနေတုန်း အမြန်ဟလိုက်နော်"

တမာန် လေသံမာမာဖြင့်ပြောလိုက်မှ နှောင်းပါးစပ်လေး ဟလိုက်သည်။ သူမဖြစ်သွားပုံလေးအား တမာန်ကြည့်ကာ ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။
ဒီလိုနဲ့ ခဏကြာတော့ သူမလဲ ဆန်ပြုတ်သောက်ပြီးသွားပြီ။ ထို့နောက်တမာန် ‌ခဏက ဒေါက်တာပေးခဲ့တဲ့ ဆေးထုတ်လေးတွေအား ယူလိုက်သည်။

"ဟ ဆေးသောက်မယ်"

"ကိုယ့်ဘာသာကိုယ် သောက်လိုက်မယ်"

"မရဘူး ငါကဟဆို ဟလိုက်‌မှ မဟုတ်ရင် မင်းကိုငါ တစ်ခုခုလုပ်မိလိမ့်မယ်နော်"

ထိုအချိန်မှ သူမလဲ ပါးစပ်ဟလိုက်သည်။ နှောင်းဆေးမသောက်ချင်သဖြင့် ကိုယ့်ဟာကိုယ်သောက်မည်ဟု ပြောလိုက်ပေမယ့် တမာန်သူမလေးအား စိတ်မချကာ သူကိုယ်တိုင် တိုက်ပေးဖို့ပြင်လိုက်သည်။
နှောင်း တမာန်လက်ထဲက ဆေးလုံးတွေအား ကြည့်လိုက်သည်။

"ဟို ကျွန်မကို ဆေးတစ်လုံးချင်းစီ တိုင်ပေးလို့မရဘူးလား"

"မရဘူး"

"ကျွန်မ အဲ့ဆေးလုံး ၈လုံးကြီးကို တစ်ခါတည်းမသောက်နိုင်ဘူး"

"မသောက်နိုင်လဲ သောက်ရမှာဘဲ ငါလေးလုံးချင်းစီခွဲ တိုက်မယ် အဲ့ထက်ပိုပြီးလာပြောဖို့ မစဉ်းစားနဲ့"

"ကျစ်......."

နှောင်း တမာန်အား စိတ်စိုးကာ မျက်စောင်းလေးထိုးလိုက်သည် ။
တမာန် သူမပါးစပ်လေးထဲအား ဆေးလေးလုံး တစ်ခါတည်း ထည့်ပေးလိုက်သည်။ သူမပါးစပ်ထဲလဲ ဆေးလုံးရောက်ရော သူမ မနေနိုင်ကာ အန်ချလာခဲ့သည် ။

"အော့......"

"ဟာ.....မင်း......"

"ကျွန်မ‌ဆေးလုံး အများကြီးတစ်ခါတည်းမှ မသောက်နိုင်တာ ဟင့်....."

သူပြောရင်းဖြင့် ငိုလာခဲ့သည်။

"ဟာ.....ကျစ်.....ရော့ ရော့ ကိုယ့်ဟာကိုယ် သောက်တော့"

တမာန် သူမလေး ငိုလာသဖြင့် မနေနိုင်ကာ ဆေးတွေအားလုံး သူမလက်ထဲအားထည့်ပေးလိုက်တော့သည်။

"ဒီည မင်းဒီအခန်းထဲမှာ အိပ်လိုက်တော့ ငါသွားပြီ "

"အင်း......"

ဒီလိုနဲ့ တမာန်လဲ သူမအခန်းထဲမှ ထွက်လာခဲ့တော့သည်။ လူကသာ အခန်းထဲမှ ထွက်လာခဲ့တာ စိတ်ကတော့ သူမလေးစီသာ ရောက်နေသည်။

"ကျစ်.....တစ်ယောက်ထဲ အဆင်ပြေပါ့မလားမသိဘူး "

တမာန် အခန်းထဲဝင်ခါနီးမှ စိုးရိမ်စိတ်များ မြှင့်တက်လာကာ သူမလေး အခန်းရှိရာသို့ ပြန်လာခဲ့လိုက်သည်။

"ဒီည ငါဒီမှာ အိမ်မယ်"

"ဒါဆို ကျွန်မက ထွက်သွားရမှာလား"

"မသွားရဘူး ငါကဆိုဖာပေါ်မှာ အိပ်မယ် မင်းက ကုတင်ပေါ်မှာအိပ်လိုက်"

"ရှင်က ဆိုဖာပေါ်မှာ အိပ်နိုင်လို့လား"

"မအိပ်နိုင်ရင် ငါကမင်းနဲ့အတူ ကုတင်ပေါ် လာအိပ်ရမှာလား"

"ရှင်....ဟို အဲ့လိုပြောတာမဟုတ်ပါဘူး "

"ဒါဆိုလဲ စကားများမနေနဲ့တော့ အမြန်အိပ် ဆေးကသောက်ပြီးပြီလား"

"သောက်ပြီးပြီ"

သူမတစ်ခွန်းသာ ပြောလိုက်ပြီး တစ်ဖက်သို့လှည့်ကာ အိပ်လိုက်တော့သည်။

"အဟက်....."

တမာန် သူမလေး မကြားအောင် တိုးတိုးလေး ရယ်လိုက်ပြီး သူလဲ အိပ်ပျော်သွားတော့သည် ။ တမာန် အိပ်ပျော်တာပင် မကြာသေး နှောင်းရဲ့ အသံကြောင့်နိုးလာခဲ့သည်။

"ဟင့်.....ဖေဖေ မေမေ သမီးကို ထားမသွားပါနဲ့နော် ဟင့်....."

"ဟင်....."

တမာန် နှောင်း အိမ်မက်ရောင်ကာ ကယောင်ကတမ်း ပြောနေသည်များကို စဉ်းစားနေလေသည်။

"ကျစ်.....နောက်နေ့မှ သေချာအောင် မေးကြည့်ရမယ်"

ဆိုကာ တမာန် အတွေးများစွာနှင့် အိပ်လိုက်တော့သည်။

နောက်နေ့မနက်

"ဝါး......"

နှောင်း အိပ်ရာပေါ်မှ ထလိုက်ပြီး ဆိုဖာဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

"ဟင်.....ဘယ်ရောက်သွားတာပါလိမ့်"

နှောင်း ဆိုဖာပေါ်က တမာန်အား မတွေ့သဖြင့် ကိုယ့်ဘာသာကိုယ် ထလာလိုက်ပြီး မျက်နှာသစ် သွားတိုက်လိုက်ကာ အိမ်အောက်သို့ ဆင်းလာခဲ့သည်။
အောက်လဲရောက်ရော မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတဲ့ တမာန်အား သူမ အံ့ဩစွာကြည့်လိုက်မိသည်။

"ဘာလာ ကြည့်နေတာလဲ မျက်နှာသစ်ပြီးပြီလား"

"သစ်ပြီးပြီ"

"ဒါဆို လာထိုင် ဆန်ပြုတ်လာစား "

"အင်း....."

နှောင်း သူ့အနားလေး သွားလိုက်ကာ ဆန်ပြုတ်လေး စားလိုက်သည်။ ထို့နောက် သူ့ဟာသူ ဆေးသောက်လိုက်ပြီး အဝတ်လဲဖို့ ထွက်လာခဲ့သည်။

"ဘယ်ဆိုးလို့လဲ ဒီလိုကြတော့လဲ သိတက်သားဘဲ အဟွန်း...... "

နှောင်း တမာန်အကြောင်း တွေးရင်းဖြင့် ရီလိုက်သည်။

"ဟိတ် ဟိုကလေးမ အဝတ်လဲပြီးပြီလား"

"လဲပြီးပြီ"

"ဒါဆို ခဏထွက်လာခဲ့အုံး"

"ဟုတ်"

"ဘာပြောစရာရှိလို့လဲ"

"ပြောစရာရှိလို့ မဟုတ်ဘူး ခိုင်းစရာရှိလို့"

"ဘာခိုင်းမှာလဲ"

"ဟိုနားက ပန်းပင်တွေတွေ့လား"

တမာန် သူတို့ခြံထဲက ပန်းပင်တွေအား လက်ညိုးထိုးပြလိုက်သည်။

"တွေ့တယ်"

"အဲ့ဒါတွေ ရေသွားလောင်း"

"ဒါဘဲလား"

"အင်း...."



နှောင်း သူ့အား မျက်စောင်းလေးထိုးပြီး ခြံထဲသို့ ဆင်းလာခဲ့သည်။ သူမလဲ ခြံထဲဆင်းလာရော တမာန်လဲ လိုက်ဆင်းလာခဲ့ပြီး သူမပန်းပန်ရေလှောင်းနေတဲ့ အရှေ့တွင် ထိုင်နေသည် ။

"ကျစ်.....ဘယ်လိုလူလဲ မသိဘူး သူများအလုပ်လုပ်နေတာကို လာစောင့်ကြည့်နေသေးတယ် ဟွန်း.....တစ်ကယ်စိတ်ပျက်ဖို့ကောင်းတယ်"

သူမ တမန်မကြားအောင် ပွစိပွစိနှင့် ပြောနေလေသည်။

"ဒီလောက်တောင် စောင့်ကြည့်ချင်နေတာ တွေ့ကြသေးတာပေါ့"

ဆိုကာ သူမ တမာန်အနားလေးသို့ မသိမသာနှင့် သူ့အား ရေစိုသွားအောင်လုပ်လိုက်သည်။

"ဟိတ် ဒီမှာလူထိုင်နေတယ်လေ မင်းမမြင်ဘူးလား"

"မြင်ပါတယ် "

"မြင်တယ်ဆို ဘာလို့ ဒီဘက်ကို ရေလာဖျန်းတာလဲ"

"မတော်တဆလေ"

" မတော်တဆ ဟုတ်လား ရတယ်လေ"

တမာန် ထိုင်နေရာမှ ထလာလိုက်ပြီး သူမလေး လက်ထဲက ရေပိုက်အား ဆွဲလုဖို့ အလုပ် နှောင်း အနောက်ဘက်သို့ လှည့်သွားလိုက်သည်။

"ပေး ငါ့ကိုအဲ့ရေပိုက်"

"မပေးဘူး"

"ငါပေးလို့ ပြောနေတယ်နော်"

"ရှင်ကို ကျွန်မရေပိုက်ပေးလိုက်ရင် ရှင်က ဘာလုပ်မှာလဲ"

"ဘာဘဲလုပ်လုပ် မင့်အပူမပါဘူး ငါ့ကိုအမြန်ပေးလို့"

"မ ပေး ဘူး"

တမာန် စိတ်မရှည်ကာ သူမကိုယ်လေးအား ဆွဲလိုက်သည်။ မြတ်ပင်တွေအောက်က မြေကြီးတွေက ရေစိုနေသဖြင့် လျှောနေကာ နှစ်ယောက်လုံး ကိုယ်မထိန်းနိုင်ဘဲ မြတ်ခင်းပြင်ပေါ်သို့ ကျသွားသည်။ နှောင်း မျက်လုံးလေး မှိတ်ထားလျက် တမာန်ရဲ့ ရင်ခွင်ထဲသို့ ရောက်နေသည်။ တမာန် သူမကိုယ်လေးအား ဘေးသို့တွန်းပို့လိုက်ကာ သူမရဲ့ မျက်နှာလေးအား အပေါ်ကနေငုံ့မိုးကြည့်နေလိုက်သည်။ ထို့နောက် တမာန် စိတ်မထိန်းနိုင်ကာ သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေအား နမ်းဖို့ အလုပ်

"တီ တီ"

အိမ်ရှေ့မှ ကားဟွန်းတီးသံကြားလိုက်ရသည်။

စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။
M🙏🙏


rate now: