"ဦးရဲ့အမုန်း"
"တီ တီ....."
ကားဟွန်းတီးသံကြောင့် နှောင်း ခြံတံခါးပေါက်နားစီ ရောက်လာခဲ့ပြီး ခြံတံခါးလေးအား ဖွင့်ပေးလိုက်သည်။ ခြံတံခါးလေးဖွင့်လိုက်သည်နှင့် တမာန်ရဲ့ကား အိမ်ကြီးထဲသို့ ဝင်လာခဲ့သည်။ သူမလဲ ခြံတံခါးပြန်ပိတ်လိုက်ပြီး တမာန်တို့ ကားလေးစီ အမှီလိုက်ခဲ့လိုက်သည်။
"ညစာ လုပ်ထားပြီလား"
"ရှင်....."
"မင်းမကြားဘူးလား အမြဲတမ်း တစ်ရှင်ရှင်နဲ့ ငါ့လုပ်လိုက်ရ ကျစ်......"
တမာန် သူမလေးအား ရိုက်ဖို့ လက်ရွယ်လိုက်ချိန် မျက်ဝဲလေးများ ဝဲလျက်ဖြင့် သူ့အား ကြည့်လာတဲ့ နွေထနှောင်း ကြောင့် တမာန် ကျစ်တစ်ချက် သပ်လိုက်ပြီး အိမ်ထဲသို့ စိတ်တိုတိုဖြင့် ဝင်သွားလိုက်သည်။
"ဘာမှမဖြစ်ဘူးနော် သခင်လေးကအဲ့လိုဘဲ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ကြားလား"
"ဟုတ်"
ဇေထက်လဲ သူမလေးအနား ကြာကြာမနေရဲသဖြင့် ခဏတာ နှစ်သိမ့်စကား ပြောလိုက်ပြီး တမာန်အနောက်သို့ အမှီလိုက်သွားလိုက်သည် ။
"ဟွန်း...... မကောင်းတဲ့လူကြီး လူကိုအပြစ်ပြောဖို့ဘဲ လိုက်ရှာနေတာ အကျင့်ကိုမကောင်းဘူး "
သူမ ခြေလေးစောင့်ပြီး ထိုနေရာမှ မီးဖိုခန်းစီသို့ ထွက်လာခဲ့လိုက်သည် ။
တမာန် အပေါ်ထပ်ပြတင်းပေါက်ကနေ သူမဖြစ်နေပုံလေးအားကြည့်ကာ ရီနေသည်။
"အဟင်း......သခင်လေးတို့ကတော့ အပြစ်ပေးဖို့ခေါ်လာတဲ့သူကို အပြစ်မပေးနိုင်ဖြစ်နေပြီထင်တယ်"
"ဟိတ်ကောင် မင်း နာချင်ပြီးနဲ့တူတယ်"
"ဟုတ်တယ်လေ ကျွန်တော်ပြောတာမဟုတ်လို့လား"
"မင်းငါ့စိတ်ကို မသိပါဘူး"
"ဟုတ်ပါတယ် ကျွန်တော်က သခင်လေးစိတ်ကိုတော့ မသိပါဘူး ဒါပေမယ့် ကျွန်တော်သိတာတစ်ခုရှိတယ်နော်"
"ဘာလဲ"
"ဦးထွဋ်ခေါင်ရှင်းတို့စီမှာ မွေးစားသမီးတစ်ယောက်ရှိတယ်လို့ ကျွန်တော်ကြားမိတယ်"
"တစ်ကယ်လား"
"ဟုတ်တယ်"
"ဒါဆို အဲ့အကြောင်းကို သေချာသိအောင် စုံစမ်းခဲ့ ကြားလား ဇေထက်"
"ဟုတ်"
"ဒါနဲ့ ဟိုကောင်တွေက ဘယ်အချိန်ပြန်လာမှာတဲ့လဲ"
"မနက်ဖြန်လောက် ပြန်လာမယ်ထင်တာဘဲ"
"ဒါဆိုလဲ သူတို့ကိုအမြန်လာခိုင်းလိုက် အိမ်မှာက ငါအမြဲတမ်းရှိနေတာ မဟုတ်ဘူး အဲ့ဒါကြောင့်"
"အဲ့ဒါကြောင့် ဟိုကလေးမလေးကို တစ်ယောက်ထဲ အိမ်မှာနေခိုင်းရမှာ စိတ်မချလို့ ဟုတ်တယ်မလား သခင်လေး"
သူတောင် စကားပြောလို့မပြီးသေးဘူး သူ့ထက်အရင်ပြောလိုက်တဲ့ ဇေထက်ကြောင့် တမာန် ဒေါသထွက်သွားသည်။
"မင်းတစ်ကယ်နာချင်တော့တာထင်တယ်"
ဆိုကာ တမာန် ခါးကြားထဲတွင် ထိုးထားတဲ့ သေနတ်အား ဆွဲထုတ်ရန်ပြင်လိုက်သည်။ ထိုအချိန်မှ ဇေထက်
"ကျွန်တော်က စတာပါ သခင်လေးရဲ့ ဒါဆို ကျွန်တော် သွားပြီနော် သခင်လေး တာ့တာ"
ဇေထက် ပြုံးဖြီးဖြီးလေးနှင့် တမာန်အခန်းထဲမှ ထွက်ပြေးလာခဲ့သည် ။
"အစ်ကို ပြန်တော့မှာလား"
မီးဖိုခန်း အရှေ့က ဖြတ်လျှောက်လာတဲ့ ဇေထက်အား နွေထနှောင်း နှုတ်ဆက်လိုက်သည်။
"ဟင်......အော် ဟုတ်တယ် အစ်ကိုပြန်တော့မလို့"
"အော်.....ဒါဆို တာ့တာနော်"
"အဟင်း...အဟင်း....."
ဇေထက် တာ့တာပြန်ပြမည်အလုပ် လှေကားထက်က ချောင်းဟန့်ပြနေတဲ့ တမာန်ကြောင့် လန့်သွားကာ အိမ်ထဲမှ အမြန်ပြေးထွက်လာခဲ့သည်။
"ဟင်.....ငါက အကောင်းနဲ့ တာ့တာပြတာကို "
"ညစာချက်ပြီးပြီလား"
"ရှင်...အော် မ မချက်ရသေးဘူး"
"မင်းမချက်ဘဲနဲ့ အဲ့မှာဘာထိုင်လုပ်နေတာလဲ"
"ဟို ဟို ဟင်းချက်ဖို့အတွက် ဘာမှမရှိလို့ပါ"
"ကျစ်.....ပြောလိုက်ရင် ဆင်ခြေတွေကြီးဘဲ သွား အခုချက်ချင်း ဟင်းချက်စရာ သွားဝယ်ချေ"
"ဟုတ် ဟုတ်"
သူမခေါင်းလေးငြိမ့်ကာ သူအရှေ့မှ ထွက်သွားဖို့ ပြင်လိုက်စဉ်
"ပိုက်ဆံက မယူတော့ဘူလား"
"အော်....ဟုတ်သားဘဲ"
"ဘယ်ကိုမှထွက်ပြေးဖို့ မစဉ်းစားနဲ့နော်"
"ရှင်...."
"လာပြန်ပြီ ရှင် နောက်တစ်ခါ မင်းပါးစပ်ထဲကနေ ရှင်ဆိုတဲ့အသံ ထွက်လာကြည့် ငါမင်းရဲ့လျှာကို ဖြတ်ပစ်မှာ ကြားလား"
"ဟုတ်"
"နောက်ပြီး အခုက၅နာရီဆိုတော့ ၅နာရီခွဲကြရင် ဒီကို အရောက်ပြန်လာခဲ့ ကြားလား"
"ဟုတ်"
သူမကြောက်ကြောက်ဖြင့်သာ သူ့အနားလေးကနေ ထွက်လာခဲ့လိုက်သည်။
"ကျစ်.....ဒီအချိန်ကြီးမှတော့ City Mark ဘဲသွားရတော့မှာပေါ့"
ဆိုကာ သူမ City Markသို့ Taxi ငှားလိုက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အမြန်ဆုံးဝယ်လိုက်သည်။ ထို့နောက် သူမ လိုအပ်သည့်ပစ္စည်းများ ဝယ်ပြီးသည်နှင့် အိမ်ပြန်ဖို့ ပြင်လိုက်သည်။ သူမဘဲ ကံဆိုးသည်လို့ ပြောရမလား။ သူမအိမ်ပြန်မဲ့ချိန်မှ မိုးကအသည်းအသန်ရွာလာခဲ့သည်။ မိုးရေတွေထဲ သူမအိမ်ပြန်ဖို့အတွက် taxiလိုက်ရှာရင်း အမည်မသိတဲ့ လူတစ်ယောက်နှင့် သူမတိုက်မိသွားလေသည် ။
"အမလေး"
"အဆင်ပြေလား ကျွန်တော် တောင်းပန်ပါတယ်နော်"
"ဟုတ် ရပါတယ်"
"ဒါနဲ့ တစ်ကိုယ်လုံး စိုရွှဲနေတာဘဲ ဒီကမိန်းကလေးက ဘယ်မှာနေတာလဲဟင်"
"ရှင်....."
"တစ်မျိုးမထင်ပါနဲ့ ကျွန်တော်က ဒီကမိန်းကလေးကို အိမ်ပြန်လိုက်ပို့ပေးမလို့ပါ ဘာလို့လဲဆိုတော့ မိန်းကလေးတစ်ယောက်ထဲ မိုးရွာထဲမှာ ပြန်နေရင် အမြင်မသင့်လို့ပါ"
"ဟုတ် ကျေးဇူးပါ ဒါပေမယ့် ညီမအရမ်းလောနေလို့ အရင် သွားနှင့်ပြီနော်"
ဆိုကာ နှောင်း ထိုနေရာလေးမှ အမြန်ဆုံးထွက်လာခဲ့သည်။
ထိုကောင်လေးကတော့ ကြောင်အအလေးဖြင့် ကျန်ရစ်ခဲ့သည်။
"တောက်......ငါကတော့ အကောင်းနဲ့ မိုးရွာနေလို့သွားကြိုပေးပါတယ် သူကတော့ ဘယ်ကမှန်းမသိတဲ့ ကောင်လေးနဲ့ စကားတွေပြောနေလိုက်တာမှန်း "
တမာန် ဒေါသအလွန်ထွက်ကာ ကားကိုကွေ့လိုက်ပြီး အိမ်ကြီးစီသို့ အမြန်မောင်းလာခဲ့သည်။ အိမ်လဲရောက်ရော တမာန် သူမလေးအား အိမ်တံခါးပေါက်ကနေ၍ စောင့်နေလေသည်။ ခဏကြာတော့ တစ်ကိုယ်လုံး စိုရွှဲကာ သူ့အရှေ့သို့နှောင်းရောက်လာခဲ့သည်။
တမာန် ဒေါသမျက်လုံးများဖြင့် သူမလေးအား စူးစိုက်စွာ ကြည့်နေသည် ။ နှောင်း သူ့အကြည့်များကို ကြောက်ကာ ခေါင်းလေးငုံ့ထားလိုက်သည်။
"သွား အခုချက်ချင်း ခြံတံခါးပေါက်နားမှာ သွားရပ်နေ"
"ရှင်....."
"မင်းကိုငါ ဘာပြောထားလဲ ရှင်လို့ပြောရင် မင်းရဲ့ လျှာကိုငါဖြတ်ပစ် မှာလို့ပြောထားတယ်လေ မင်းနားမလည်ဘူးလား"
"ကျွန် ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မကို ဘာလို့ ခြံတံခါးပေါက်နားမှာ သွားရပ်ခိုင်းရတာလဲဟင်"
သူ့ရဲ့ အပြောတွေကြောင့် နှောင်းမှာ စကားများပင် တုန်ရီနေသည်။
"မင်း ကိုယ့်ကိုကိုယ် ဘာအပြစ်လုပ်ထားလဲဆိုတာ မသိဘူးလား"
"ကျွန်မ ဘာအပြစ်လုပ်ထားလို့လဲဟင်"
"မင်းကို ငါက ဟင်းချက်စရာ သွားဝယ်ခိုင်းတာ ယောင်္ကျားလေးတစ်ယောက်နဲ့ သွားပြီးစကားပြောခိုင်းတာ မဟုတ်ဘူး "
"မသိတဲ့ သူစိမ်းတစ်ယောက်နဲ့ မတော်တစ်စ တိုက်မိလို့ စကားခဏလေးပြောလိုက်မိတာ အဲ့ဒါကို အပြစ်လို့ ခေါ်တာလား"
"ဟုတ်တယ်"
သူမ မျက်ရည်များဝဲလျက်နှင့် ခြံတံခါးပေါက်နားစီ သွားလိုက်ပြီး မတ်တပ်ရပ်နေလိုက်သည်။
"အဟင့်.....ရှင်က တစ်ကယ်အရမ်းရက်စက်ပါတယ်"
သူမ မျက်ရည်များက မိုးရေများနှင့်အတူ စီးဆင်းသွားရသည်။
"ဟာ......တောက်...... ဒုန်း...."
တမာန် ဒေါသအလွန်ထွက်ကာ သူ့အခန်းထဲမှ ထိုခုံတစ်ခုံအား အားပြင်းပြင်းနှင့် ကန်လိုက်သည်။
"မင်းက ငါမဟုတ်တဲ့ တစ်ခြား ယောင်္ကျားလေးတွေနဲ့ဆို ဘာလို့ အမြဲတမ်း ပြုံးရွှင်နေရတာလဲ ....... တောက်..... ငါက မင်းကို တစ်ခြား ယောင်္ကျားလေးတွေရဲ့ အရှေ့မှာ မပြုံးခိုင်းစေချင်ဘူး အဲ့ဒါကို မင်းနားလည်လား"
တမာန် ပြတင်းပေါက်လေးကနေ မိုးရေထဲတွင် တုန်ရီစွာ ရပ်နေတဲ့ သူမလေးအား ကြည့်နေလေသည် ။ သူ့မျက်လုံး ထက်တွင်လဲ မျက်ရည်စများက ဝဲလျက်။ ခဏကြာတော့ နှောင်း မတ်တပ်ရပ်နေရာမှ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
"ဟင်....."
တမာန် သူမအတွက် အလွန်စိတ်ပူသွားကာ ခြံတံခါးပေါက်နားစီ အပြေးလေးလာခဲ့သည် ။
"ဟိတ် ဟိတ် ကလေးမ ထအုံးလေ ဟိတ် ငါခေါ်နေတယ်လေ ကြားလား ဟင့်......."
တမာန် မိုးရေထဲ၌ သူမကိုယ်လေးအား အလျင်အမြန် ပွေ့ချီလိုက်ပြီး အိမ်အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ လာခဲ့လိုက်သည်။
"မဖြစ်ဘူး ဆရာဝန်စီဖုန်းဆက်ရမယ်"
ဆိုကာ တမာန် မိန်းကလေး ဆရာဝန်တစ်ယောက်အား ချက်ချင်းပင် ဖုန်းဆက်လိုက်သည်။ ထို့နောက် သူမနားလေး သွားကာ စောင်ထူထူလေး ခြုံပေးထားလိုက်ပြီး သူမရဲ့ လက်ကလေးတွေအား တင်းကျပ်အောင် ဆုပ်ကိုင်ထားလိုက်သည်။ မကြာပါ ဆရာဝန်မလေးလဲ သူတို့အိမ်သို့ ရောက်လာခဲ့သည်။
"ဘယ်မှာလဲ လူနာ"
"အပေါ်မှာဘဲ"
"လာ ဒါဆိုအမြန်သွားရအောင်"
"ဟုတ်"
ဒီလိုနဲ့ တမာန်နဲ့ ထိုဆရာဝန်မလေး နွေထနှောင်းရှိရာအခန်းစီသို့ တက်လာခဲ့ကြသည်။
"ဒေါက်တာ သူမက မိုးမိထားတာပါ အဝတ်အစားလဲ မလဲထားရသေးဘူး ဒါကြောင့် လဲပေးလိုက်ပါအုံး "
"ဟုတ်ပါပြီ"
"ဒီမှာပါ သူ့ရဲ့ အင်္ကျီ"
"အင်းပါ ဘာမှစိတ်မပူနဲ့နော် ဒေါက်တာ အကောင်းဆုံးကုပေးပါ့မယ်"
"ဟုတ် ကျေးဇူးပါ"
"ရပါတယ် ဒါဆိုအပြင်ခဏထွက်လိုက်အုံးနော် အဝတ်လဲပေးရမှာမို့"
"ဟုတ်"
"အော်...ဒါနဲ့ သူများအတွက်ဘဲ စိုးရိမ်မနေနဲ့အုံး ကိုယ်ကိုတိုင်ကလဲ မိုးမိထားတာနော်"
"အော်....ဟုတ်သားဘဲ"
"အင်း...အဝတ်လေး ဘာလေးလဲလိုက်အုံး လူက နည်းနည်းလေးဆို ဖျားတက်တာ သိတယ်မလား မောင်တမာန်"
"ဟုတ်"
ဒီလိုနဲ့ တမာန် ဗီရိုထဲကနေ အဝတ်တစ်စုံယူလိုက်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။ ထိုဒေါက်တာက တမာန်မိဘတွေ ရှိကတည်းက နေခဲ့သည်ဖြစ်၍ တမာန် အကြောင်းကောင်းကောင်းကြီးသိသည် ။ တမာန် အဝတ်အမြန်လဲလိုက်ပြီး အခန်းအရှေ့၌ ဟိုသွားလိုက် ဒီသွားလိုက်ဖြင့်လုပ်နေသည်။
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။