"ဦးရဲ့အမုန်း"
"တောက်......ဇေထက်နောင်"
"ဗျာ သခင်လေး"
"သွား မြေအောက်ခန်းထဲက အဲ့ကလေးမကို သွားခေါ်လာခဲ့"
"ဟုတ် သခင်လေး"
"ရော့ သော့ယူသွား"
"ဟုတ်"
ဇေထက် တမာန်စီက သော့ကိုယူကာ မြေအောက်ခန်းစီသို့ လာခဲ့လိုက်သည်။
"တောက်.......ဒါလေးတောင်မလုပ်နိုင်တာ ကျန်ဒါတွေဆို ဘယ်လိုများလုပ်မလဲ မသိဘူး"
တမာန် မေ့လဲသွားတဲ့ သူမလေးကို ကြည့်ကာ ဒေါသထွက်နေသည်။
ဇေထက် မြေအောက်ခန်းတံခါး ဖွင့်လိုက်ပြီး အထဲမှ မေ့လဲနေတဲ့ သူမလေးရဲ့ ကိုယ်အားပွေ့ချီခဲ့သည်။ ထို့နောက် တမာန်ရဲ့အခန်းစီသို့ လာခဲ့လိုက်သည်။
"သခင်လေး သူမကို ဘယ်မှာထားလိုက်ရမလဲ"
"ငါ့အိပ်ရာပေါ်တင်ခဲ့လိုက်"
"ဟုတ် ဆရာဝန်ခေါ်ခဲ့ပေးရမလား"
"မလိုဘူး သူ့ဟာသူမေ့လဲသွားတာ ခဏနေရင် သူ့ဟာသူပြန်နိုးလာလိမ့်မယ်"
"ဟုတ်"
"အော် ဒါနဲ့ မင်းနယ်စပ်ဘက် တစ်ချက်သွားကြည့်လိုက်အုံး အဲ့ဘက်မှာ ဒီနေ့ညကြရင် ပစ္စည်းအသစ်တွေ ရောက်မှာ"
"ဟုတ် ကျွန်တော် သွားကြည့်လိုက်ပါ့မယ် ဒါဆို ကျွန်တော့ကိုခွင့်ပြုပါအုံး"
"အင်း ......."
ဇေထက်လဲ တမာန်စီမှ ခွင့်ပြုချက်ရသည်နှင့် နယ်စပ်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
တမာန်ကတော့ သူ့ကုတင်ထက်၌ မေ့လဲနေတဲ့ သူမလေးအား အသေအချာစိုက်ကြည့်နေသည်။ ကော့တက်နေတဲ့ သူမရဲ့မျက်တောင်များနှင့် နှာတံဆင်းဆင်းလေးက ခဏကငိုထားတဲ့အရှိန်ကြောင့် ရဲနေလျက်။ ပါးမို့မို့လေးကလဲ ရဲနေလေသည်။ မျက်နှာတစ်ခုလုံးကြည့်ပြီးနောက် သူမရဲ့ ဖူးကြွပြီး ရဲနေတဲ့ နှုတ်ခမ်းတစ်စုံတွင် တမာန်ရဲ့ အကြည့်များရပ်သွားသည်။ သူမရဲ့ ထိုနှုတ်ခမ်းတစ်စုံက တမာန်အား အကြည့်လွှဲလို့ မရအောင်ပင် ဆွဲဆောင်လွန်နေသည်။ တမာန် ရုတ်တရက် ဘယ်ဘက်ရင်အုံက တစ်ခုခုလှုပ်ခက်သွားသည်ကို ခံစားလိုက်ရသည်။
"ဟာ.....မဖြစ်ဘူး"
တမာန် ရင်ခုန်လာတာနှင့်အတူ စိတ်ရိုင်းများ ဝင်လာသဖြင့် ခေါင်းကိုခါရမ်းလိုက်ပြီး ထိုစိတ်ရိုင်းများကို ဖျောက်ပစ်လိုက်သည်။ ထို့နောက် သူမရဲ့ လက်မောင်းနားလေးက ဒဏ်ရာစီ အကြည့်ရောက်သွားသည်။
"ဟင်......"
ထိုဒဏ်ရာတွေက လက်မောင်းတင်မဟုတ်ဘဲ သူမရဲ့ ဖြူဖွေးနေတဲ့ ခြေသံသွယ်သွယ်လေးပေါ်တွင်လဲ ထပ်ရှိနေသေးသည်။ တမာန် ရဲ့ခဏကန်ချက်ကြောင့် ရလာတဲ့ ဒဏ်ရာတွေဆိုတာ သိသဖြင့် သူထိုဒဏ်ရာတွေအား ဆေးထည့်ပေးဖို့ ပြင်လိုက်သည်။ မေ့လဲနေတဲ့ သူမရဲ့ ဘေးနားတွင် တမာန်ထိုင်လိုက်ကာ ဆေးသေတ္တာဘူးထဲမှ လိမ်းဆေးတစ်ချို့ ယူလိုက်ပြီး သူမရဲ့ လက်မောင်းထက်က ဒဏ်ရာလေးကို သနားသော အကြည့်များဖြင့်ကြည့်ကာ ဆေးထည့်ပေးနေသည် ။ ထိုအချိန် စပ်ဖျင်းဖျင်း အရသာကြောင့် နှောင်း မေ့လဲနေရာမှ နိုးလာခဲ့သည်။
"ဟင်......"
သူမမျက်လုံးများ ဖွင့်လိုက်ချိန် ဆေးထည့်ပေးနေတဲ့ တမာန်အား တွေ့လိုက်သဖြင့် လန့်သွားရသည် ။ တမာန် သူမရဲ့ လက်မောင်းနားက ဒဏ်ရာကို ဆေးထည့်အပြီး သူမရဲ့ဒူးခေါင်းထက်က ဒဏ်ရာကို ဆေးထည့်ပေးဖို့ သူမရဲ့ဒူးဖုံးဂါဝန်လေးကို မလိုက်ချိန် သူမလန့်သွားကာ ခြေထောက်လေးအား အနောက်သို့ဆုတ်လိုက်သည် ။
"ငါ့ကြောင့် ဒဏ်ရာရထားတာမို့လို့ အကောင်းနဲ့ ငါကဆေးထည့်ပေးမလို့ကို မင်းကလာငြင်းနေတာလား"
တမာန် စိတ်မရှည်တဲ့ အကြည့်များနှင့်သူမအား ကြည့်လိုက်သည်။
"ဟို.....အဲ့လိုမဟုတ်ပါဘူး"
"ငါက လုပ်ရဲရင်ခံရဲတယ် မင်းတို့မိသားစုလို သိန်းတစ်ထောင်နဲ့ လူနှစ်ယောက်ရဲ့ အသက်ကိုလဲလိုက်တာမဟုတ်ဘူး"
"ကျွန်မအဲ့ကိစ္စကို သိပါတယ် ဒါပေမယ့် ရှင်ကျွန်မကို နာကျင်အောင် လုပ်ခဲ့တာတွေအတွက် ရှင်တစ်နေ့နေ့ကြရင် ပြန်ခံစားရမှာပါ"
"အဟွန်း......ငါက အမြတ်ရှိမှ အလုပ်လုပ်တဲ့သူမျိုး ဆိုတာမင်းမြဲမြဲမှတ်ထားလိုက်"
ဆိုကာ တမာန် အခန်းထဲမှ ထွက်လာခဲ့သည်။
သူမလဲ အိပ်ရာပေါ်မှ ထလိုက်ကာ ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် ထိုအခန်းထဲမှ ထွက်လာလိုက်ပြီး သူ့အခန်းရှိရာသို့ မနဲလျှောက်သွားလိုက်ရသည်။
"ငါလဲ မင်းကိုအဲ့လောက်ထိ မရက်စက်ချင်ပါဘူး ဒါပေမယ့် ဟင့်...... ဒုန်း......."
တမာန် ဆုံးသွားတဲ့ သူ့မိဘတွေ မျက်နှာအား ပြန်မြင်ယောင်လာကာ မျက်ရည်များနှင့်အတတူ ဒေါသပါ ထွက်ကာ ဘေးနားလေးရှိ ပန်းအိုးလေးအား ရိုက်ခွဲလိုက်သည်။
"အရမ်းမုန်းတယ် မင်းတို့မိသားစုကို ငါအရမ်းမုန်းတယ် "
တမာန် တစ်ယောက်ထဲ ထိုအဖြစ်တွေကို ပြန်တွေးရင် နွေထနှောင်းတို့ မိသားစုအား အမုန်းများပိုမိုကြီးထွားလာရသည်။
"အဟင့်......."
နှောင်း ဒူးခေါင်းနားလေးက ဒဏ်ရာကြောင့် နာကျင်လွန်းကာ အခန်းသေးလေးထဲ၌ ငိုနေလေသည်။
တမာန် ညရောက်နေပြီ ဖြစ်၍ သူမလေးအား ညစာလာပို့ချိန် အခန်းထဲ၌ သူမရဲ့ငိုသံကြောင့် သနားမိသွားသည်။
"ကျစ်......"
တမာန် ကျစ်တစ်ချက်သက်လိုက်ပြီး အခန်းတံခါးအား ခေါက်လိုက်သည်။
"ဒေါက် ဒေါက်......."
နှောင်း တံခါးခေါက်သံကြောင့် ပါးပြင်ထက်က မျည်ရည်များအား ကပြာကယာ သုတ်လိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် အခန်းတံခါးနားစီ ထွက်လာခဲ့သည်။
"ဘာခိုင်းစရာရှိလို့လဲ"
"ရော့ ဒီမှာ မင်းရဲ့ညစာ"
"ဟုတ် "
သူမ တမာန်ရဲ့ လက်ထဲက ထမင်းထုတ်လေးအား အမြန်ယူလိုက်သည်။ သူမထမင်းထုတ်လေးယူလိုက်ပေမယ့် အခုချိန်ထိ သူမအနားက မထွက်သွားသေးတဲ့ တမာန်ကြောင့် နှောင်း ကြောင်အအလေးဖြင့် သူ့အား ရပ်ကြည့်နေမိသည်။
"မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ"
"ရှင်......."
"ငါမေးတာ မင်းနားမလည်ဘူးလား"
"ဟို နားလည်ပါတယ်"
"ဒါဆိုဖြေလေ"
"ဟုတ် နည်းနည်းတော့ သက်သာပါပြီ"
"ဒါဆို မနက်ဖြန်မနက်စောစော ငါ့အခန်းစီလာခဲ့ကြားလား"
"ဟုတ်"
ဒီလိုနဲ့ တမာန် သူမအနားမှ ထွက်သွားလိုက်သည်။
"ကျစ်......သူဘဲ လူကိုဒဏ်ရာ ရအောင်လုပ်ပြီး အခုကြမှ ဂရုစိုက်သလိုလာလုပ်ပြနေတယ် ဘယ်လိုလူလဲမသိဘူး သေချာတာကတော့ ရှင်က အသဲနှလုံးမရှိတဲ့ လူဆိုတာတော့ဟုတ်လောက်တဲ့ နောက်ပြီး ကြင်နာမှုမရှိတဲ့လူ စာနာသနားစိတ် ကင်းမဲ့တဲ့လူ အစွဲအလမ်းကြည့်တဲ့လူ အငြိုးကြီးတဲ့လူ ကျစ်......တစ်ခုမှကောင်းတာကို မရှိဘူး"
သူမတစ်ယောက်ထဲ အခန်းအပြင်ဘက်မီးရောင်ဖျော့ဖျော့ အောက်ကနေ လက်ညိုးတစ်ထိုးထိုးနှင့် ပွစိပွစိပြောနေသည်ကို တမာန် အပေါ်ထပ်ရှိ သူ့အခန်းထဲကနေ ကြည့်ကာ ရီနေလေသည်။
"အဟွန်း...... ငါ့အရှေ့ကြရင်တော့ တစ်ကယ့်ရင့်ကျတ်တည်ငြိမ်တဲ့ မိန်းကလေးလိုလိုနဲ့ ကွယ်ရာမှာကြတော့ မင်းကအပြစ်ကင်းစင်တဲ့ ခလေးတစ်ယောက်ပါလား အဟွန်း......."
"မဟုတ်သေးပါဘူး ငါက ဘာလို့ရီနေတာလဲ မရီနဲ့ မရီနဲ့"
တမာန် သူ့ကိုယ်ကို ပြန်ပြောလိုက်ပြီး မရီဖို့တားနေလေသည်။ ဒီလိုနဲ့ ထိုညလေးဟာ ကုန်ဆုံးသွားလေပြီ။
"ဟာ.......ဘယ်နှစ်နာရီတောင် ရှိနေပြီလဲ မသိဘူး ကျစ် မဖြစ်ဘူး အမြန်သွားရမယ်"
နှောင်း ကုတင်ပေါ်မှ အမြန်ထလိုက်ပြီး အခန်းအပြင်ဘက်နားလေးက ရေဇလုံးထဲကနေ ရေခပ်လိုက်ကာ သွားတိုက် မျက်နှာသစ်လိုက်သည်။ ထို့နောက် တွေ့ရာ ဂါဝန်လေး တစ်ထည်ကောက်ဝတ်လိုက်ပြီး အလျင်အမြန်ထွက်လာခဲ့သည်။
"အဟွန်း......မင်းတော့ အပြစ်ပေးခံရတော့မယ်"
တမာန် သူ့အခန်းထက်နေ သူမရဲ့ လှုပ်ရှားပုံလေးတွေကို ကြည့်ကာ ပြောနေလေသည်။
ခဏကြာတော့ သူအခန်းရဲ့ တံခါးပေါက်အား ခေါက်သံကြားလိုက်သည်။
"ဒေါက် ဒေါက်......."
"ဝင်ခဲ့"
"ဟုတ်"
"ငါဗိုက်ဆာပြီ အဲ့ဒါကြောင့် မနက်စာသွားလုပ်"
"ဟုတ်"
နှောင်း အခန်းလေးထဲက အမြန်ထွက်လာလိုက်ပြီး အိမ်အောက်ထပ်ရှိ မီးဖိုခန်းလေးထဲသို့ ဝင်သွားလိုက်သည်။ အသင့်ထားထားတဲ့ ပေါင်မုန့်ထုပ်လေးထဲကနေ ပေါင်မုန့်တစ်ချို့ယူလိုက်ကာ ပေါင်မုန့်မီကင်လေးလုပ်လိုက်ပြီး ကော်ဖီချိုချိုလေး ဖျော်ပေးလိုက်သည်။ ထို့နောက် အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ လာခဲ့လိုက်သည်။
"ဒေါက် ဒါက်...... မနက်စာစားလို့ရပါပြီ"
"အင်း ....... လာခဲ့မယ်"
တမာန် အဝတ်စားလဲလိုက်ပြီး အခန်းထဲကနေ အမြန်ထွက်လာခဲ့သည်။
"ဘယ်မှာလဲ မနက်စာ"
"ဒီမှာပါ"
နှောင်း တမာန်အရှေ့၌ ခဏက သူမလုပ်ထားတဲ့ ပေါင်မုန့်မီးကင်နှင့် ကော်ဖီချိုချိုလေးအား ချပေးလိုက်သည်။
တမာန် ပေါင်မုန့် တစ်ကိုက်ကိုက်လိုက်ပြီး ကော်ဖီ တစ်ကျိုက်မော့သောက်လိုက်သည်။
"ချိုနေတာဘဲ မင်းဘယ်လိုဖျော်ထားတာလဲ "
"ဟို ကျွန်မမှ ရှင့်အကြိုက် မသိတာ အဲ့ဒါကြောင့် ချိုချိုလေး ဖျော်လိုက်တာ"
"ကျစ် မင်းကတော့ နာချင်တော့တာလား"
တမာန် သူမမျက်နှာနားလေးအား လက်ဖြင့်ရွယ်လိုက်သည်။ သူမလဲအရမ်းကြောက်သွားကာ ကိုယ်လေးပုသွားရသည်။
"ဟူး......"
တမာန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူမအနားမှ ထွက်လာခဲ့လိုက်တော့သည်။
"အဟင့်......ဟင့်......."
နှောင်း သူလုပ်ပေးထားတဲ့ မနက်စာလေးအား မစားသည့်အပြင် သူမအား လက်ဖြင့်ရွယ်လိုက်တဲ့ တမာန်ကြောင့် သူမဝမ်းနည်းသွားရသည်။
"ဟင့်......မစားလဲနေပေါ့ ကိုယ့်ဘာသာဘဲ စားမယ်"
ဆိုကာ နှောင်းစားပွဲပေါ်က မနက်စာလေးအား ဝမ်းနည်းနည်းဖြင့် စားနေလိုက်သည် ။
"ဟိတ် မင့်ကိုဘယ်သူက အဲ့ဒါတွေ စားခိုင်းနေလို့လဲ"
"ရှင်......."
နှောင်း ပေါင်မုန့်လေး တစ်ကိုက်ကိုက်နေတုန်း အပြင်ဘက်ကနေ အော်လိုက်တဲ့ တမာန်ကြောင့် ကိုယ်လေးပင် တုန်သွားကာ လန့်သွားရသည်။
"သွား အဲ့မုန့်ရယ် ကော်ဖီရယ်ကို အခုချက်ချင်း သွားပစ်ချေ"
"ရှင်......"
"မကြားဘူးလား ဘာလဲ ငါကိုယ်တိုင်လာပစ်ပေးရမှာလဲ"
"ရှင်......ရပါတယ် ကျွန်မ အခုခချက်ချင်း သွားပစ်လိုက်ပါမယ်"
သူမမျက်နှာလေး ညိုးကာ ပြောလိုက်ပြီး မုန့်ပန်းကန်လေးနှင့် ကော်ဖီခွက်လေးကိုယူကာ အမှိုက်ပုံးထဲသို့ နှမျှောမျှောဖြင့် သွားပစ်လိုက်ရသည် ။ တမာန်ကတော့ သူမအဖြစ်ကို သဘောကျစွာ ပြုံးလိုက်ပြီး ကမ္ပဏီစီ သွားဖို့ပြင်လိုက်သည်။
"သခင်လေး ဘယ်သွားမှာလဲ"
"ကမ္ပဏီ"
"ဟုတ်"
"မင်း ခဏနေကြရင် မနက်စာ ကောင်းတာလေးတစ်ခုခုဝယ်ပြီး ဟိုကလေးမကို သွားပေးလိုက် ကြားလား"
"ဟုတ်"
"ငါပေးတာလို့ သွားမပြောနဲ့နော်"
"ဟုတ်"
"ဒါနဲ့ မနေ့ညက အသစ်ရောက်တဲ့ ပစ္စည်းတွေ အဆင်ပြေလား"
"အကုန်အဆင်ပြေပါတယ်"
"အင်း...... တော်တယ် ဇေထက် နောက်နေ့ညမှ ငါbar မှာလိုက်တိုက်တော့မယ် "
"ရပါတယ် သခင်လေးရဲ့"
"အင်းပါ ဒါဆိုလဲ သွားရအောင်"
"ဟုတ်"
ဒီလိုနဲ့ သူတို့ ကမ္ပဏီသို့ ထွက်လာခဲ့ကြသည်။ ဇေထက် တမာန်အား ကမ္ပဏီအရှေ့သို့ ချပေးလိုက်ပြီး မနက်စာဝယ်ဖို့ ထွက်လာခဲ့သည်။ ထို့နောက် ဇေထက် ဆိုင်တစ်ဆိုင်ကနေ သူမကြိုက်မည်ထင်တာလေး ဝယ်ခဲ့လိုက်ပြီး အိမ်ကြီးစီသို့ ပြန်လာခဲ့သည်။
"ဟိတ် ဟိုကလေးမ"
"ရှင်......ဘာခိုင်းစရာရှိလို့လဲဟင်"
"ရော့ မနက်စာ"
"ဟီး......ကျေးဇူးပါနော် "
သူမ ဇေထက် လက်ထဲက မနက်စာလေးအား ပြုံးရွှင်စွာဖြင့် ယူလိုက်သည်။
"အစ်ကိုက ဟိုလူကြီးနဲ့ မတူဘူးနော်"
"ဘာလို့လဲ"
"ဟိုလူကြီးက အကျင့်မကောင်းဘူး သူမစားတော့တဲ့ မနက်စာကိုတောင် နှောင်းကို မစားခိုင်းဘူး အစ်ကိုကကြတော့ နှောင်းအတွက် မနက်စာတောင်ဝယ်ခဲ့ပေးတယ် ကျေးဇူးဘဲနော် အစ်ကို"
"ဟင်......အော် ရပါတယ် ဒါဆို အစ်ကိုသွားတော့မယ်နော်"
"ဟုတ်"
"အိမ်ကြီးမှာ တစ်ယောက်ထဲနေရဲတယ်မလား"
"ဟုတ် နေရဲပါတယ်"
"အင်း......ဒါဆို အစ်ကိုသွားပြီနော်"
"ဟုတ်"
ဒီလိုနဲ့ ဇေထက် ထိုအိမ်ကြီးထဲမှ ထွက်လာခဲ့သည်။
နှောင်း ဇေထက် ပေးတဲ့ မနက်စာလေးအား ဗိုက်ဆာဆာနှင့် အမြန်စားလိုက်ပြီး ခြံထဲသို့ ဆင်းကာ ဘာမှလုပ်စရာမရှိတာနှင့် ထိုင်နေလိုက်တော့သည်။
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။