book

Index 20

အပိုင်း၂၀ (ဇာတ်သိမ်းပိုင်း)

“ဦးရဲ့အမုန်း”


“ဟင်........ခလေး”


“ဦး........”


တမာန် သစ်ပင်အောက်မှာကြိုးတုတ်ခံထားကာ ထိုင်နေတဲ့ နှောင်းအား မျက်ရည်များဝဲကာ ကြည့်လိုက်သည်။


“အဟွန်း........ဘယ်လိုလဲ ခံစားရတာ ပျော်တယ်မလား”


“မင်း........တေဇ မင်းရှင်းစရာရှိရင် ငါနဲ့ရှင်း နှောင်းနဲ့ ဘာမှမဆိုင်ဘူး”

        

“အဟွန်း........ဘာလဲမင်းက ငါပြောခဲ့တဲ့စကားတွေကို မေ့နေပြီလား ဟုတ်မှာပေါ့လေ ဒီနှစ်တွေအတွင်း အပြစ်ကင်းကင်းနဲ့ ပျော်ပျော်ကြီးနေခဲ့တာဆိုတော့ အရင်တုန်းကအကြောင်းတွေ မေ့လောက်ပြီပေါ့ ”


“စကားများမနေနဲ့ တေဇ မင်းပြောစရာရှိတာပြော ငါမှာအချိန်သိပ်မရှိဘူး”


“ဒါဆိုလဲပြောရတာပေါ့ မင်းမိန်းမကို သက်လိုဖြစ်ခိုင်းစေချင်တယ် ”


“ဘာ.......မင်း....... အဲ့တုန်းက သေရမှာက မင်းဘဲတေဇ ဒါပေမယ့် မင်းရဲ့သက်က ကိုယ့်ဟာကို ရှည်ပြီးမှ ကြားထဲက လာခံသွားတာ ဒါကြောင့် ဒီနေရာမှာ မှားတာက မင်းရဲ့သက်ဘဲ”


“ဘာ........သက်မှားတယ် ဟုတ်လား ”


“ဟုတ်တယ် ဒါနဲ့မင်းမှတ်မိအုံးမလားတော့မသိဘူး ”

“မင်း ငါ့မိဘတွေကို သတ်ခဲ့တာမလား တေဇ”


“ဘာ........”


“ပြင်ဦးလွင် အပြန်လမ်းမှာ ငါ့မိဘတွေကို ကားဘာရိတ်ကြိုးဖြတ်ပြီး ကားမှောက်အောင် လုပ်ခဲ့တာ ဘယ်သူလဲ ဟမ်......ငါမေးနေတယ်လေ တေဇ ဖြေစမ်းပါ”


တမာန် မျက်ရည်များ ဝဲတက်လာပြီး တေဇအား ပြောလိုက်သည်။ တေဇကတော့ သူ့လက်ချက်ဖြစ်နေသဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ဒီတိုင်းတာ ရပ်နေမိသည်။


“မင်းဘက်က ဆုံးရှုံးခဲ့ရတာ သက်ဆိုတဲ့ မင်းနဲ့သွေးမတော်သားမစပ်တဲ့ မိန်းမတစ်ယောက်ကိုဘဲ ငါ့ဘက်ကဆုံးရှုံးခဲ့ရတာက ငါ့ရဲ့မိဘတွေ အဲ့ဒါမင်းသိလား မိန်းမဆိုသေသွားရင် နောက်တစ်ယောက် ပြန်ရှာယူလို့ရတယ် မိဘဆိုတာ ပြန်ရှာလို့မရဘူး ဟင့်......... မင်းထက်ငါပိုခံစားခဲ့ရတာပါ တေဇရာ ငါမိဘတွေမရှိတော့တဲ့အချိန်ကစပြီး ငါဟာတစ်ကောင်ကြွက်ဘဝဖြစ်သွားရတာ အဲ့ဒါမင်းသိလား မင်းကတော့ မင်းရဲ့အမေရှိသေးတယ်ဆိုတော့ နေနိုင်တာပေါ့ မဟုတ်လား ”


တမာန် ပြောရင်းဖြင့် မျက်ရည်များ ကျလာတော့သည်။


“ဒါတွေပြောဖို့ မင်းသိပ်နောက်ကျသွားပြီ ‌တမာန်”


ဆိုကာ သေနတ်ကို ထုတ်ယူလိုက်ကာ နှောင်းအား ပစ်ဖို့ ပြင်လိုချိန် 


ဒိုင်း..........


ဇေထက်တို့ရောက်လာကာ တေဇရဲ့ သေနတ်ကိုင်ထားတဲ့ လက်အား ပစ်လိုက်တော့သည်။


“ဟင်.........”


တေဇ သူ့လက်ထဲမှ သေနတ် အဝေးသို့ ရောက်သွားတော့သည်။


“မင်းက လူပိုတွေခေါ်ထားတာကို”


“အခုချက်ချင်း နှောင်းကိုလွှတ်ပေးလိုက် တေဇ”


“မလွှတ်ဘူးဆိုရင်ရော”


“အဟွန်း......... ရတယ်လေ ဇေထက်”


တမာန် ဇေထက်အား အချက်ပြလိုက်တဲ့အချိန် ဇေထက်တို့အဖွဲ့က တေဇတို့ အဖွဲ့အား စတင်တိုက်ခိုက်တော့သည်။ ဇေထက်ကတော့ တေဇကို အဓိကရည်ရွယ်ကာ တိုက်ခိုက်နေတော့သည်။ တမာန် နှောင်းအနားလေး အပြေးသွားလိုက်ကာ နှောင်းအား ချည်နှောင်ထားတဲ့ ကြိုးတွေအား ဖြုတ်နေတော့သည်။ 


“ဦး အဆင်ပြေလား”


“ပြေပါတယ် ခလေးရော”


“နှောင်း ဗိုက်နည်းနည်းနာလာသလိုဘဲ”


“ဟင်......ခလေးမွေးချင်တော့တာ ထင်တယ် မဖြစ်ဘူး ခလေးကို ဆေးရုံအမြန်ပို့ရမယ်”


ဆိုကာ တမာန် သူမကိုယ်လေးအား မြေပြင်ပေါ်မှ ထူလိုက်သည်။ ထိုအချိန် တေဇ ထိုမြင်ကွင်းကို မြင်သွားကာ ဇေထက်နှင့် ထပ်မတိုက်ခိုက်နေတော့ဘဲ သူတို့အနားအပြေးလာခဲ့သည်။ ဇေထက်လဲ တေဇပြေးသွားသည်ကို တွေ့သဖြင့် အနောက်မှ လိုက်လာခဲ့တော့သည်။ 


“ရပ်လိုက် တမာန်”


“ဟင်........”


“မင်းငါ့ကို နိုင်အောင်တိုက်ပြီးမှ မင်းမိန်းမကို ခေါ်သွား”


“မင်းငါ့ကို လာမနှောင့်ယှက်နဲ့ တေဇ အခုနှောင်းမွေးတော့မှာ အဲ့ဒါကြောင့် ငါ့အရှေ့ကနေ အတက်နိုင်ဆုံး အမြန်ဖယ်ပေးပါ တေဇ”


“မဖယ်ဘူး ”


“ရတယ်လေ ခလေး ဒီမှာခဏထိုင်ပြီး နေနေနော်”


ဆိုကာ တမာန် နှောင်းအား ဘေးနားလေးသို့ သစ်ပင်တစ်ပင်အား မှီကာ ခဏထိုင်ခိုင်းထားလိုက်သည်။


“လာခဲ့စမ်းပါ တေဇ”


ဒီလိုနဲ့ သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကြတော့သည်။


“ဟင်........နှောင်း အဆင်ပြေလား”


ဇေထက် သူမအနားလာကာ မေးလိုက်သည်။


“နှောင်း နှောင်း မွေးတော့မယ်ထင်တယ်”


“ဟုတ်လား ဒါဆို မဖြစ်ဘူး ထ နှောင်း အစ်ကိုထူပေးမယ်”


ဇေထက် သူမကိုယ်လေးအား မထူလိုက်သည်။


“ခွပ်.......”


တမာန် အားပါပါဖြင့် ထိုးလိုက်တာကြောင့် တေဇ နှုတ်ခမ်းထောင့်နား သွေးများထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုအချိန်မှ တမာန် နှောင်းတို့အနား အပြေးလေးလာခဲ့လိုက်သည်။


“‌ခလေး အဆင်ပြေလား ဇေထက် ခလေးကို ဆေးရုံအမြန်ခေါ်သွားလိုက် ငါခဏနေ လိုက်လာခဲ့မယ်”


“ဖြစ်ပါ့မလား တမာန်”


“ရတယ် ငါ့ကိုစိတ်မပူနဲ့ ခလေးကိုသာ ဆေးရုံကို ကောင်းကောင်းပို့ပေးလိုက် ဟုတ်ပြီလား”


“ဟုတ် ဒါဆို အစ်ကိုတို့ သွားရအောင် နှောင်း”


“ဦး နှောင်းစီအမြန်လိုက်ခဲ့နော်”


“ဟုတ်ပါပြီ ဒါဆိုသွားတော့နော် အရမ်းချစ်တယ် ခလေး ဟိုမှာ ကလေးလေးနဲ့အတူတူ ကိုယ့်ကိုစောင့်နေနော်”


“ဟုတ်”


ဒီလိုနဲ့ နှောင်းနဲ့ဇေထက် ကားရှိရာစီသို့ သွားလိုက်ကြသည် ။ တမာန် နှောင်းထွက်သွားသည်အထိ ကြည့်ကာ ပြန်လှည့်လာခဲ့သည်။


“ဟင်.........”


သူလဲ တေဇဘက် လှည့်လာချိန် တေဇအား ဇွဲထက်တို့အဖွဲ့က ဝိုင်းထားကြပြီ။


“တေဇ မင်းအခုဘယ်လိုလုပ်မှာလဲ အခုငါ့လူတွေမင်းကို ဝိုင်းထားကြပြီနော် ငါမင်းကို အခုသတ်ချင်ရင် သတ်ပစ်လိုက်လို့ရတယ်နော် ”


ထိုအချိန်မှ တေဇ ဒူးထောက်လိုက်ကာ


“ငါတောင်းပန်ပါတယ် တမာန်”


“မလိုပါဘူး ဒါနဲ့ မင်းမှောင်ခို လုပ်နေတုန်းလား”


“အင်း.......”


“ဒါဆို မင်းကို ထပ်မလုပ်တော့ဖို့ ငါပြောချင်တယ် ငါလဲအခု အဲ့အလုပ်တွေ မလုပ်တော့တာ အတော်ကြာနေပြီ နောက်ပြီး သက်မြတ်မိုးခင်အတွက် အဲ့လောက်ထိ ခံစားမနေပါနဲ့ သက်မြတ်မိုးခင်ဆိုတာ ကောင်းတဲ့မိန်းမမဟုတ်ဘူး”


“မင်း သက်ကို အဲ့လိုမပြောနဲ့ သူကငါ့အတွက်နဲ့ သေသွားရတာ အဲ့ဒါမင်းသိလား တမာန်”


“ငါသိပါတယ် ဒါပေမယ့် မင်းကိုငါမခံစားခိုင်းစေချင်လို့ပါ   ဒါဆို ငါမင်းကို ကိစ္စအားလုံး အတွက်ခွင့်လွှတ်ပေးတယ် တောင်းလဲတောင်းပန်တယ် မင်းဘက်ကကော”


“ငါ.......ငါလဲ တောင်းပန်ပါတယ် အားလုံးအတွက်လဲ ငါခွင့်လွှတ်ပါတယ်”


“အဟွန်း........ဒီလိုမှပေါ့ အမုန်းတွေ အညိုးတွေနဲ့ ရှေ့ဆက်နေမဲ့အစား ချစ်ခြင်းတရားတွေ မေတ္တာတွေနဲ့ ရှေ့ဆက်တော့ နှစ်ဖက်လုံးပိုကောင်းတာပေါ့ ဒါဆို ငါသွားပြီနော် ငါမိန်းမ ကလေးမွေးတော့မှာမို့”


“အင်း.........ငါတောင်းပန်ပါတယ် ”


“ရပါတယ်ကွာ ဒါဆို ငါသွားပြီ”


“ဒါဆို ဒီနေ့ကစပြီး မင်းနဲ့ငါနဲ့က မိတ်ဆွေတွေဖြစ်သွားပြီပေါ့”


“ဒါပေါ့........ ”


“အဟွန်း.......”


တမာန် တစ်ချက်ပြုံးပြလိုက်ပြီး အလျင်အမြန်ပင် ထွက်လာခဲ့တော့သည်။


ဇွဲထက်တို့အဖွဲ့လဲ တေဇကို ဒီတိုင်းသာ ထားခဲ့၍ ထွက်လာခဲ့တော့သည်။


“ဟင့်....... ကိုယ်တို့အမုန်းတွေ ပြေပျောက်သွားပြီ သက်ရဲ့ သက်အတွက် ကိုယ်ကလဲ့စား ပြန်မချေပေးနိုင်ခဲ့လို့ ကိုယ်တောင်းပန်ပါတယ်”


တေဇ သက်ရဲ့အုပ်ဂူရှေ့၌ ဒူးထောက်ကာ ငိုနေ‌တော့သည်။


‌တမာန် ဇောချွေးတွေပြန်ကာ ဆေးရုံသို့ ရောက်လာခဲ့သည်။


ထို့နောက် သူနာပြုတစ်ယောက်အား မေးလိုက်ကာ အပေါ်သို့ မောမောနှင့် တက်လာခဲ့လိုက်သည်။

အပေါ်ရောက်တော့ ပြုံးလျက်သားနှင့် ကလေးလေးအား အိပ်ယာပေါ်လှဲကာ ကြည့်နေတဲ့ နှောင်းကြောင့် တမာန်အလွန်ပင် ဝမ်းသာသွားရသည်။


“ခလေး”


“ဟင်........ ဦး.......”


“အဟွန်း.......ခလေး ဘယ်လိုလဲ အဆင်ပြေလား နေလို့ထိုင်လို့ကော ကောင်းလား”


“ကောင်းပါတယ် ဒါနဲ့ ဦးကော အခြေအနေဘယ်လိုလဲ”


“အားလုံးကောင်းသွားပါပြီ တေဇနဲ့ကိုယ်တို့လဲ အားလုံးအဆင်ပြေသွားပါပြီ”


“အဟွန်း........”


“ဟင်........ကိုယ်တို့ကလေးလေးက အရမ်းချစ်ဖို့ကောင်းတာဘဲ ခလေး”


“အဟွန်း ......... ချစ်စရာကောင်းလိုက်တာ ဒါနဲ့ ကိုယ်တို့ကလေးကို ဘာနာမည်ပေးမှာလဲ ခလေး”


“အမ်.........”


“ကလင် ကလင်........”


နှစ်ယောက်သား စဉ်းစားနေတုန်း တမာန်ရဲ့ ဖုန်းလေးဝင်လာသည်။ တမာန်လဲ စပီကာဖွင့်ကာ ကိုင်လိုက်သည်။


“ဟယ်လို.........”


“မြေးလေး မွေးပြီဆို ”


“ဗျာ.........ဟို ဟုတ်ပါတယ် နှောင်းမွေးပါပြီ အဖေ”


“အေးအေး အဖေတို့ မလာနိုင်ခဲ့လို့ တောင်းပန်ပါတယ်ကွာ ”


“ရပါတယ်ဗျ”


“အင်း.......ဒါနဲ့ ကလေးက ဘာလေးတဲ့လဲ”


“ယောင်္ကျားလေးပါ”


“အဟွန်း........ကောင်းတာပေါ့ ဒါနဲ့ မင်းတို့ ကလေးနာမည် ပေးပြီးကြပြီလား”


“မပေးရသေးဘူး”


“ဒါဆို အဖေတို့စဉ်းစားထားတဲ့ နာမည်လေးရှိတယ် ”


“ဟုတ်လား ဒါဆိုပြောကြည့်ပါလား အဖေ”


“အင်း........ခွန်းဇတ်အာဏာဆို ဘယ်လိုလဲလို့”


“ကြိုက်လား ခလေး”


“အင်း........ကောင်းတယ် ဦး”


“ကျွန်တော်ကော နှောင်းကော အဲ့နာမည်လေး ကြိုက်တယ် အဖေ”


“ဒါဆို အဖေတို့ မြေလေးကို အဲ့နာမည်လေး မှည့်လိုက်ပြီနော်”


“ဟုတ် ခွန်းဇတ်အာဏာ အဟွန်း.......တော်တော်လှတဲ့နာမည်လေးဘဲ ”


“ဒါနဲ့သမီးနှောင်းကော ကျန်းမာရဲ့လား”


“ဟုတ် ဖေဖေ သမီးကျန်းမာပါတယ်”


“ဟုတ်ပါပြီကွာ် ဒါဆို အဖေတို့နောက်နေ့မှ မြေးလေးကို လာတွေ့တော့မယ်နော်”


“ဟုတ်”


“အေးအေး......”


ဒီလိုနဲ့ ဦးထွဋ်ခေါင်ရှင်း ဖုန်းချသွားတော့သည်။


“ပျော်လိုက်တာ ခလေးရာ အခုဆို ကိုယ်တို့မှာ သားလေးတစ်ယောက်ရှိပြီ ဒါပေမယ့် သမီးလေးကြ‌တော့မရှိဘူးနော် ”


“အဟင်း........ဦးနော် သိပ်မကဲနဲ့”


“အဟွန်း.......ကိုယ်ကစတာပါ ဒါနဲ့ ဒီကလလေးက ကိုယ်နဲ့တစ်ပုံစံတည်းနော်”


“ဟုတ်တယ် သားလေးက ဦးနဲ့အရမ်းတူတယ်”


“အဟွန်း.........”


တမာန် သူ့‌ကလေးအား ကြည့်ကာ ပြုံးနေလေသည်။ နှောင်း တမာန်ပြုံးနေသည်ကို ကြည့်ရင်း သူပါလိုက်ပြုံးနေမိသည်။


၅နှစ်ခန့်ကြာသော်........


“သားရေ ထမင်းစားမယ်”


“ဟုတ်”


ခွန်းဇတ်လေးတစ်ယောက် ခြံထဲတွင် ကစားနေရာမှ အိမ်ထဲသို့ အပြေးလေးဖြင့် ဝင်လာခဲ့သည်။


“ဒယ်ဒီ ဒီနေ့ဘာဟင်းလဲ”


“သားမာမီအကြိုက်တွေဘဲ”


“ဟာ.......ဒယ်ဒီကလေ အမြဲတမ်း မာမီအကြိုက်တွေဘဲ ချက်ကျွေးနေတာ သားကြိုက်တာလဲ ချက်ကျွေးပါအုံး”


“ဟုတ်ပါပြီဗျာ နောက်နေ့ ချက်ကျွေးမယ် ဟုတ်ပြီလား”


“ဟုတ်”


“ဒါနဲ့ သားမာမီရော”


“ခြံထဲမှာ စာအုပ်ဖတ်နေတာ”


”ဟုတ်လား.........ဒါဆို ဒယ်ဒီတို့ သားမာမီကို သွားခေါ်ရအောင်”


“ဟုတ်”


ဒီလိုနဲ့ နှစ်ယောက်သား ခြံထဲသို့ ဆင်းလာခဲ့ကြသည်။


“ခလေးရေ ခလေး ဘယ်မှာလဲ”


တမာန်ခြံထဲ နှံ့အောင် ရှာနေပေမယ့် နှောင်းအားမတွေ့သဖြင့် စိတ်ပုသွားရသည်။


“ဟင်......သားမာမီကော ”


“ခဏက ဒီနားမှာ စာအုပ်ထိုင်ဖတ်နေတာ အခုတော့ ဘာ်ရောက်သွားမှန်း မသိတော့ဘူ”


“ကျစ်.........ခလေးကတော့ လုပ်ပြီကွာ ဘာ်သွားနေမှန်းမသိဘူး လာလာ ဒယ်ဒီတို့ အနောက်ဘက် သွားရှာရအောင်”


“ဟုတ်.........”


နှစ်ယောက်သား အိမ်အနောက်ဘက်သို့ ထွက်လာခဲ့ကြသည်။


“ဟော........တွေ့ပါပြီဗျာ”


“မာမီ”


“သားလေး”


“မာမီဘယ်တွေသွားနေတာလဲ ဟိုမှာ ဒယ်ဒီကတော့ လိုက်ရှာနေရတာ မောနေပြီသိလား”


“ဟင်........ဟုတ်လား ဦး”


“ဟုတ်တာပေါ့ ကိုယ်ခလေးကို လိုက်ရှာနေရတာ မောနေပြီသိလား”


“နှောင်း တောင်းပန်ပါတယ် ”


“အဟွန်း.........ရပါတယ် ဒါဆိုကိုယ်တို့ နေ့လယ်စာသွားစားရအောင် ကိုယ်အဆင်သင့်ပြင်ပြီးပြီ”


“နှောင်း သိပ်မဆာသေးဘူး ဦးရဲ့”


“ဟာ........ မရဘူး မဆာသေးလဲ စားရမှာဘဲ လာလာ သွားမယ်”


“ဦး.........”


နှောင်း တမာန်လက်လေးအား ကိုင်ကာ ချစ်စဖွယ်အမူအယာလေးလုပ်ပြနေသည်။


“အဟွန်း......... လာခဲ့”


ဆိုကာ တမာန် နှောင်းကိုယ်လေးအား ပွေ့ချီလိုက်သည် ။


“ဦး ဘာလုပ်တာလဲ သားလေးရှိတယ် အမြန်ချပေး”


“ရပါတယ် မာမီရဲ့ ”


“တွေ့လား ကလေးကတောင် ဘာမှမဖြစ်ဘူး”


“ဒါပေမယ့်”


“မှ........”


“ဟင်.........”


တမာန် နှောင်း ပါးလေးအား ရုတ်တရက်နမ်းပေးလိုက်သည်။


“ကိုယ်တို့ ထမင်းစားလို့ ခလေးက မဆာသေးဘူးပြောရင် အခုလိုအပြစ်ပေးမှာ ဟုတ်ပြီလား ”


“ဦး ကလေးရှိနေတာကို”


“သား......ဘာမှမမြင်ဘူးနော် သားအရင်သွားနှင့်ပြီ”


ဆိုကာ ခွန်းဇတ်လေး အိမ်ထဲသို့ပြေးဝင်သွားတော့သည်။


“အဟွန်း........”


ဒီလိုနဲ့ သူတို့နှစ်ယောက်လဲ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။


“ထိုင် ဒါက သားရဲ့ပန်းကန် ဒါက ခလေးရဲ့ပန်းကန် ရော့ယူထား ကိုယ်ထမင်းခူးပေးမယ်”


“ဒယ်ဒီ”


“ပြောလေ သား”


“ဒယ်ဒီ မာမီနဲ့သဆို ဘယ်သူ့ကိုပိုချစ်လဲ”


“နှစ်ယောက်လုံးကို အတူတူချစ်တယ်”


“ဟုတ်လို့လား မာမီကို ပိုချစ်တာမဟုတ်ဘူးလား”


“ဘာလို့လဲ”


“ဟုတ်တယ်လေ ဒယ်ဒီက မာမီကိုကြတော့ ခလေးတဲ့ သားကိုကြတော့ သားတဲ့”


“ဟောဗျာ.......သားလေးကတော့ လုပ်ပြီ သားက သားမ့်ုလို့ သားလို့ခေါ်တာလေ ”


“မာမီက‌ကြတော့ကော”


“သားမာမီကိုကြတော့ အမ်........”


“မဖြေနိုင်တော့ဘူမလား”


“ဟဲ........ဟုတ်တယ် ဒါကြောင့် မမေးနဲ့တော့”


“သားလဲကြီးလာရင် မာမီနဲ့တစ်ပုံစံတည်း တူတဲ့မိန်းကလေးကိုယူမှာ”


“မယူရပါဘူး သားမှာက လဲ့ရည်လေးရှိတယ်လေ”


“ကြိုက်ပါဘူး လဲ့ရည်ထက်က သားထက် အသက်ကြီးတယ် သားက သားထက်ငယ်တဲ့ သူကိုဘဲယူမှာ ဒါမှ ခလေးလို့ခေါ်လို့ရမှာ”


“အဟား..........”


သူတို့သားလေး အပြောကြောင့် နှစ်ယောက်သား အားရပါးရရီလိုက်ကြသည် ။


ဒီလိုနဲ့ သူတို့ထမင်းစားခန်းလေးထက်၌ ရယ်မောသံများက ဖုံးလွှမ်းသွားတော့သည်။


                                                                             ပြီးပါပြီ

*****************************************************


အစနေအဆုံးထိ ဖတ်ရှုပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်းပါတယ်။ အရေးအသားမကောင်းခဲ့ရင်လဲတောင်းပန်ပါတယ်။ စာလုံးပေါင်းသတ်ပုံ မှားခဲ့တာတွေ ရှိခဲ့ရင်လဲ တောင်းပန်ပါတယ် ။ အပုဒ်တိုင်း Commentရေးပေးခဲ့တဲ့သူလေးတွေ react ပေးခဲ့တဲ့သူလေးတွေ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ တစ်ချို့ Commentတွေ replyမပြန်နိုင်ပေးခဲ့ရင် တောင်းပန်ပါတယ် ။ 🙏


ဒီအပုဒ်မှာ စာဖတ်သူအသစ်လေးတွေ အများကြီးနဲ့ ခင်မင်ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် ။ ခေါင်းစဉ်နဲ့ရေးပုံမကိုက်လို့လဲ တောင်းပန်ပါတယ်။ ဝါသနာအရရေးခဲ့တာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏


စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။ 


နောက်ရေးမဲ့ “ချာတိတ်” ဝတ္ထုကိုလဲ အားပေးကြအုံးနော်။ 

😊🤗❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️


My third novel “ဦးရဲ့အမုန်း”


                                                                 𝖠𝖴𝖳𝖧𝖮𝖱 𝖭𝖶𝖤


rate now: