"ဦးရဲ့အမုန်း"
"သမီးရေ ပြီးပြီလား"
"ဟုတ် ပြီးပါပြီ မေမေ"
"အေးကွယ် လိုအပ်တဲ့ မစ္စည်းတွေ အကုန်ပါပြီမလား"
"ဟုတ်"
"ဟိုရောက်ရင် ဘာမှမကြောက်နဲ့နော် သူခိုင်းတဲ့ ဟာလေးတွေဘဲ လုပ်ပေးလိုက် ဟုတ်ပြီလား"
"ဟုတ်"
"သူ့ကိုတော့ အာသွားမခံနဲ့နော် သူကမွေးကတည်းက နှလုံးသား ပါလာတာမဟုတ်ဘူး ဒါကြောင့် သမီးသာ သူ့ကိုအာသွားခံရင် သမီး အသတ်ခံရလိမ့်မယ် ကြားလား သမီး"
"ဟုတ် "
"အေးကွယ် အမေ့သမီးလေး ဘာအပြစ်မှမရှိဘဲ အဟင့်....."
"မငိုပါနဲ့ မေမေရယ် မေမေငိုတော့ သမီးလဲ ငိုချင်တာပေါ့"
"အေးပါ အမေမငိုတော့ပါဘူး...... လာပါအုံး အမေ့စီ"
ဒေါ်မြလဲ့ရည် သူ့သမီးလေးအား ရင်ခွင်ထဲသို့ ပွေ့ဖတ်ထားလိုက်သည်။
ဦးထွဋ်ခေါင်ရှင်းကတော့ သူ့သမီးလေးထွက်သွားမည်ကို မကြည့်ရက်ကာ အခန်းထဲနေပင် ထွက်မလာပေ။
ဒီလိုနဲ့ ခဏကြာတော့ သူတို့အိမ်ရှေ့၌ ကားတစ်စီးရောက်လာသည်။
"တီ တီ....."
"ဟင်......သမီး လာခေါ်ကြပြီ ထင်တယ်"
"ဟုတ် အဲ့ဒါဆို သမီးသွားပြီနော်"
"အေးကွယ် ဟင့်....."
ဒေါ်မြလဲ့ရည် သူ့သမီးအား ကြည့်ကာ မျက်ရည်များမထိန်းနိုင်ဘဲ ပါးပြင်ထက်သို့ ကျဆင်းလာရသည်။ ဦးထွဋ်ခေါင်ရှင်းလဲ အိမ်အပေါ်အခန်းထက် ပြတင်းပေါက်ကနေ မျက်ရည်များကျလျက် သူမအား ကြည့်နေသည်။ နွေထနှောင်း ၅နှစ်သားအရွယ်လောက်ကစ နေခဲ့သည့် ထိုအိမ်ကြီးအား ကြည့်ကာ မျက်ရည်များကျဆင်းလာရသည်။ သူမ တမန်အိမ်သို့ ဘယ်အချိန်ထိ သွားနေရမည်ဆိုတာ သူမမသိပေ။ ဒါကြောင့် သူငယ်ငယ်ကတည်းက နေခဲ့သည့်အိမ်ကြီးအား ကြည့်ကာ ဝမ်းနည်းနေရသည် ။ သူမတစ်အိမ်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အသင့်လာကြိုတဲ့ ကားနက်ကြီးပေါ်သို့ တက်လိုက်သည်။ သူမကားပေါ်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကားကလဲ မောင်းထွက်သွားတော့သည် ။ ဒီလိုနဲ့ထိုနေကစပြီး သူမရဲ့ဘဝဟာ အမည်မသိ တစ်ခါမှမမြင်ခဲ့ဖူးတဲ့ သူရဲ့အစေခံ အဖြစ်သို့ ရောက်သွားရသည်။
တစ်ခဏကြာ ကားမောင်းလာပြီး အနက်ရောင်နှင့်အဖြူရောင်ကိုသာ အသုံးပြုထားသည့် အိမ်ကြီးအရှေ့သို့ ကားလေးရပ်လိုက်သည်။ သူမ ထိုအိမ်ကြီးအား ကားထဲကနေ တစ်ချက်ကြည့်လိုက်သည်။ သူမနှစ်ရပ်စာလောက်ရှိတဲ့ အုတ်တံတိုင်းကြီးများက အိမ်ပတ်ပတ်လဲကို ကာထားသည်။
"တီ တီ....."
ကားဟွန်းတီးသံကြောင့် ခြံတံခါးကြီးက ပွင့်သွားသည်။ ထို့နောက် ထိုကားလေး အိမ်ကြီးအရှေ့သို့ မောင်းနှင်လာခဲ့သည်။ မောင်းနှင်လာရာ တစ်လမ်းလုံးတွင်လဲ သစ်ပင်ရှည်ကြီးများနှင့် ပန်းပေါင်းစုံကို လှပစွာဖြင့် စိုက်ထားသည်။ ခြံထဲဝင်လိုက်သည်နှင့် တောအုပ်ထဲသို့ ရောက်သွားသည့်အလားပင် အပင်မျိုးစုံကို စိုက်ပျိုးထားသည်။ ဒီလိုနဲ့ အိမ်ကြီးအရှေ့သို့ ကားလေးရပ်လိုက်သည်။
"ရောက်ပြီ ဆင်း"
ကားမောင်းတဲ့လူ လေသံခပ်ပြင်းပြင်းဖြင့် သူမအား ပြောလိုက်သည်။ သူမလဲ ထိုလူအပြောကြောင့် အဝတ်ထုတ်လေးတွေကို ကိုင်ကာ အိမ်ကြီးထဲသို့ ကုပ်ကုပ်လေးဝင်လိုက်သည်။
ကြွေပြားတွေပေါ်မှ ထပ်ခင်းထားသည့် အနက်ရောင် ကော်ဇော်ကြီးက သူမအတွက် စိတ်ရှုပ်ဖို့ အတော်ကောင်းသည်။ ဘေးပတ်ပတ်လဲတွင်လဲ တန်ဖိုးကြည့် ပန်းချီကားများနှင့် ပရိဘောဂအစုံအလင်ကို လှပစွာ နေရာတကျထားထားသေးသည်။ ဒီအိမ်ကြီးဟာ သူများတွေအတွက်တော့ လှပပြီးနေချင်စရာ ကောင်းပေမယ့် သူမအတွက်တော့ စိတ်ခြောက်ခြားစေမိတာအမှန်ပင်။ တိတ်ဆိတ်ပြီး ခြောက်ကပ်နေတဲ့ ထိုအိမ်ကြီးထဲ၌ တမန် ဧည့်ခန်းထဲတွင် ခြေချိတ်ထိုင်ကာ စီးကရက် တစ်လိပ်ဖွာနေရင်း သူ့ရဲ့အစေခံအသစ်အား စောင့်နေသည်။ ခဏကြာတော့ သူမ ဧည့်ခန်းထဲသို့ ခပ်ကုပ်ကုပ်လေး ဝင်လာခဲ့သည်။
"ရောက်ပြီလား"
"ဟုတ်"
"မင်းနာမည်က"
"နွေထနှောင်းပါ"
"အသက်က"
"၁၈"
"အဟွန်း.......တော်တော်ငယ်သေးတာဘဲ ဒါဖြင့် မင်းဒီကို ဘာကိစ္စနဲ့ လာခဲ့လဲဆိုတာ သိတယ်နော်"
"ဟုတ်သိပါတယ် "
"အင်း......သိရင်လဲ ပြီးသာဘဲ ဒါဆိုရင် ဇေထက် သူမကို နေဖို့နေရာ လိုက်ပြပေးလိုက်"
"ဟုတ်ကဲ့ပါ သခင်လေး"
"အော် ဒါနဲ့ အခုဘယ်နှစ်နာရီရှိပြီလဲ ဇေထက်"
"၃နာရီပါ သခင်လေး"
"အင်း.....ဒါဆို ၄နာရီထိုးရင် မင်းငါ့စီလာခဲ့ ကြားလား "
"ဟုတ် ကြားပါတယ်"
"ဒါဆို သွားပို့လိုက်တော့"
ဒီလိုနဲ့ ဇေထက်နှင့်အတူ နှောင်းဧည့်ခန်းထဲမှ အိမ်အနောက်ဘက်သို့ ထွက်လာခဲ့သည်။
"ဒီမှာ ရောက်ပြီ ဒါမင်းနေရမဲ့နေရာဘဲ"
"ရှင်......"
ပတ်ပတ်လည်၌ ထရံအစုတ်တွေဖြင့်သာ ကာထားပြီး လူတစ်ယောက်သာ နေလို့ရမည့် ထိုအခန်းသေးသေးလေးကြောင့် သူမအလွန်ပင် အံ့ဩမိသွားသည်။
"ဒီမှာ နှောင်းနေရမှာလားဟင်"
"ဟုတ်တယ် "
"နှောင်း ဒီမှာမနေနိုင်ဘူး"
"မနေနိုင်ရင် သခင်လေးကို သွားပြော ငါကမင့်သခင်လေးမဟုတ်ဘူး"
ဆိုကာ ဇေထက်နောင် သူမအနားမှ ထွက်သွားတော့သည်။ သူမထိုအခန်းထဲသို့ မဝင်ချင်ဝင်ချဖြင့်သာ ဝင်သွားလိုက်ရသည်။
"ဟင်......"
အခန်းထဲရောက်တော့ သူမတွေ့လိုက်ရတာက သူမအိပ်ဖို့ အတွက် ပျဉ်သုံးပြားဖြင့်သာ ပြုလုပ်ထားတဲ့ ကုတင်သေးသေးလေးပင်။ နောက်ပြီး ဘေးပတ်ပတ်လည်တွင်လဲ ထိုကုတင်တစ်လုံးကလွှဲ၍ ဘာမှမရှိပေ။ သူမ မျက်ရည်များဝဲလျက် ထိုကုတင်ပေါ်သို့ အဝတ်ထုတ်တွေအား တင်လိုက်သည်။ မျက်နှာပေါ်လာလာထိုးနေတဲ့ နေရောင်ခြည်ကြောင့် သူမအပေါ်သို့ မော့ကြည့်လိုက်မိသည်။ သွပ်ဖြင့်မိုးထားတဲ့ ထိုအမိုးတွေ၌ အပေါက်တစ်ချို့ရှိနေသည်။
"ဟူး......ဘယ်တုန်းက ဝဋ်တွေပါလိမ့်"
ဆိုကာ စိတ်ပြေလက်ပျောက် ကုတင်ပေါ်သို့ ခဏတာအိပ်လိုက်သည် ။ သူမအိပ်တာပင် မကြာသေး အခန်းတံခါးပေါက်သို့ လာခေါက်သံကြောင့် သူမနိုးလာခဲ့သည်။
"မင်းကို ငါပြောထားတယ်လေ ၄နာရီကြရင် ငါ့စီလာခဲ့ဖို့"
"ဟို ဟိုနှောင်း သိပါတယ် "
"သိတယ်ဆို ဘာလို့မလာတာလဲ"
"ဟို ဟို"
တမန် အသံစူးစူးဖြင့် အော်လိုက်တာကြောင့် နှောင်းကိုယ်လေးပင် တုန်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
"ဘာမှဟိုမနေနနဲ့ အခုချက်ချင်း ငါ့နောက်လိုက်ခဲ့"
"ဟုတ်"
ဒီလိုနဲ့ သူမကြောက်ကြောက်ဖြင့် တမန်အနောက်သို့ လိုက်သွားလိုက်သည်။ တမန်ခေါ်ဆောင်လာသည့်နေရာက သူတို့ လူတွေသတ်တဲ့ မြေအောက်အခန်းထဲကိုပင်။ မြေအောက်ခန်းထဲလဲ ရောက်ရော အပုတ်နံ့တစ်ခုကြောင့် နှောင်း ကြက်သီးထသွားသည်။
"မင်း ဒီနေ့လုပ်ရမှာက ဒီသွေးတွေအားလုံးကို ပြောင်အောင်သန့်ရှင်းရေးလုပ် မပြောင်မချင်း ဒီမြေအောက်အခန်းထဲက မထွက်ရဘူး ကြားလား"
"ဟုတ် "
သူမ လက်လေးနှစ်ဖက်အား စုကိုင်ထားကာ ကြောက်ကြောက်ဖြင့် ပြန်ဖြေလိုက်သည် ။
"ဒါဆို ငါသွားပြီ မင်းထွက်ပြေးမယ်တော့ မကျန်နဲ့နော် ဒီအခန်းမှာက CCTVအပြည့်ရှိတယ်"
"ဟုတ် နှောင်းမထွက်ပြေးပါဘူး"
"ပြီးသာဘဲ ဒါနဲ့ မင်းကိုယ့်ကိုယ်ကို နှောင်းလို့မပြောနဲ့ တစ်ခြား နမ်စားနဲ့ ပြော .......ကြားလား"
"ရှင် ဟုတ်"
သူမမှာ အလွန်ကြောက်ကာ အသံများပင် တုန်နေရသည်။
သူမအား ပြောချင်တာပြောပြီးတော့ တမန်ထိုမြေအောက် အခန်းထဲမှ ထွက်လာခဲ့သည်။ သူမကတော့ မျက်ရည်များနှင့် ထိုသွေးအိုင်တွေအား ကြည့်နေသည်။
"အဟင့်........"
သူမ အရမ်းကြောက်ကာ ထိုနေရာလေးကနေ မရွှေ့နိုင်ပင် ဖြစ်နေသည် ။
"ဘယ်လိုလုပ်ရမလဲ ငါဒါတွေကို ဘယ်လိုမှ မလုပ်နိုင်ဘူး"
သူမစိတ်ထဲကနေ ရေရွှတ်လိုက်ရင်း ခြေလှမ်းတို့က အရှေ့ကို ဆက်မလှမ်းတော့ဘဲ နောက်သို့သာ ပြန်ဆုတ်နေမိသည်။
"မင်း အဲ့တိုင်းဘဲရပ်နေတော့မှာလား"
"ဟင်......"
သူမအနောက်ကနေ မားမားကြီး ရပ်ကာ သူမအား မေးလိုက်သည့်တမန်
"ဟို ကျွန် ကျွန်မကို တစ်ခြားဟာလေး လုပ်ခိုင်းပါလားဟင် ကျွန်မ ဒါ ဒါတွေကို မလုပ်ရဲလို့ပါ"
သူမတမန်အနားလေး ပြေးသွားကာ ဒူးထောက်ပြီး ထိုအလုပ်တွေအား မလုပ်နိုင်ကြောင်း တောင်းပန်နေလေသည်။
"မရဘူး ငါကမင်းရဲ့ သခင် ဒါကြောင့် ငါခိုင်းတာကိုဘဲ မင်းက လုပ်ရမှာ"
"ဒါပေမယ့်"
"ဒုန်း......"
တမန် သူ့ဒူးအား လာဖတ်ကာ တောင်းပန်နေတဲ့ နွေထနှောင်းအား ကန်ထုတ်ပစ်လိုက်သည်။ သူမလဲ တမန်ရဲ့ ကန်ချက်ကြောင့် ကိုယ်လေ အနောက်သို့ လိမ့်ကျသွားသည်။ တမန် သူမအား တစ်ချက်မျှပင် မကြည့်ဘဲ အခန်းတံခါး သော့ခတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
"ကျွန်မ တောင်းပန်ပါတယ် တံခါးဖွင့်ပေးပါ ကျွန်မကျန်တာ အကုန်လုပ်ပါ့မယ်နော် ကျွန်မကို ဒီအခန်းထဲက ထွက်ခွင့်ပေးပါနော်"
သူမ ဘယ်လောက်တောင်းပန်နေပေမယ့် တမန်ကတော့ သူမရဲ့နာကျင်မှုတွေ မျက်ရည်တွေကို သဘောကျကျဖြင့် ပြုံးနေသည်။
"အဟွန်း......မင်းနောက်တစ်ခါကြရင် ဒီထက်မက ခံစားစေရမယ်"
"အဟင့်......အဟင့်......."
သူမ လှေကားနားတွင် မှီလျက် ငိုနေရှာသည်။ ခဏကြာတော့ သွေးညှီနံ့တွေကြောင့် မူးလာကာ သတိမေ့သွားတော့သည်။ ထိုအလုပ်တွေကို လုပ်ရတာထက်စာရင်တော့ အခုလိုမေ့လဲ သွားတာက ကောင်းအုံးပေမည်။
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။