“ဦးရဲ့အမုန်း”
“ခလေး ခလေးလို့”
“ဖယ်ပါ”
“ခလေးလို့ ကိုယ်ခေါ်နေတယ်လေ ဘာလဲအခုထိ စိတ်ကောက်နေတုန်းလား”
“ဟုတ်တယ် ကောက်တယ် ”
“ခလေးကလဲ ကိုယ်တောင်းပန်ပါတယ်နော် နော်လို့”
နှောင်း တမာန်စကားကို နားမထောင်ဘဲ မင်္ဂလာခန်းမထဲမှ ထွက်လာခဲ့သည်။
“ဟူး.......ခလေးကတော့ ခဏနေမှ ပြန်ချော့တော့မယ်”
ဆိုကာ တမာန် ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။ မင်္ဂလာပွဲက ပြီးသွားပြီဖြစ်သဖြင့် လူတစ်ချို့သာ ကျန်တော့သည်။
“ရော့ ငါနဲ့နှောင်းပေးတဲ့ လက်ဖွဲ့”
တမာန် ဇေထက်နှင့် ရှင်းတို့နား လာကာ ဘူးတစ်ဘူးပေးလိုက်သည်။
“ဘာကြီးလဲ သခင်လေး”
“ဖွင့်ကြည့်လိုက်ပေါ့”
ဇေထက် တမာန်ပေးတဲ့ ဘူးလေးအား ဖွင့်ကြည့်လိုက်သည်။
"ဟင်......ကားသော့"
“အမြဲတမ်း ငါ့ကားဘဲ ငှားစီးမနေနဲ့ ကိုယ်ပိုင်ကားလေးဘာလေးရှိတော့ ပိုကောင်းတာပေါ့ မဟုတ်လား”
“သခင်လေး ကျွန်တော့ကို ပေးတာတွေများနေပြီ ထင်တယ် ”
“ဟာ.......မင်းကလဲ ဒါက မင်းတို့နှစ်ယောက်ကို လက်ဖွဲ့တာလေ ပေးတာမှမဟုတ်တာ ”
“ကျွန် ကျွန်တော် မယူဘူး သခင်လေး သခင်လေးပြန်ယူလိုက်ပါ”
“ဟာ.........မင်းကတော့ကွာ ယူထားလိုက် မယူရင် ငါ မင်းနဲ့ နောက်နေ့ကစပြီး သူငယ်ချင်းမလုပ်တော့ဘူ ”
“အဲ့လိုတော့ မလုပ်နဲ့လေ”
“အဲ့ဒါဆိုရင် ယူထားလိုက်လေ ရော့ပါ အမြန်ယူထားလိုက် ငါ ခလေးကို သွားချော့ရအုံးမှာ သွားပြီ သွားပြီ အော်.......ဒါနဲ့ မင်းကောင်မလေးအပေါ် သိပ်မဆိုးနဲ့နော် ကြားလား ”
ဆိုကာ တမာန် အလျင်အမြန် ထိုနေရာလေးမှ ထွက်လာခဲ့သည်။
“ဟာ........သခင်လေးကတော့”
“အဟွန်း........ ”
တမာန် နှောင်းရှိရာ ကားနားလေးစီသို့ အမြန်လာခဲ့လိုက်ပြီး ကားပေါ်သို့ တက်ထိုင်လိုက်သည် ။
“ခလေး.......”
“မခေါ်နဲ့လို့”
“ဘာလို့လဲ ခလေးရဲ့ စိတ်ကောက်ပြေပါတော့နော် ကိုယ်တောင်းပန်ပြီးပြီလေ”
“အဟင့်.......ဒီကလူ ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ သိလား ဒီမှာကြည့် မနေ့ညက စိတ်ပူလွန်းလို့ အိပ်တောင်မအိပ်ရဘူး အခုဆို ပန်ဒါမျက်လုံးတောင် ဖြစ်နေပြီ တွေ့လား ဟင့်.......”
သူမ ကိုယ့်မျက်လုံးကိုယ် ပြန်ထောက်ပြလိုက်ပြီး ငိုလျက်သားနှင့် ပြောလိုက်သည်။
“အဟွန်း........”
တမာန်ကတော့ သူမ ဖြစ်နေပုံလေးကို ကြည့်ကာ သဘောကျစွာ ဖြင့်ရီလိုက်သည်။
“ဘာလို့ရီတာလဲ နှောင်းပုံက ဦးအတွက် ရီစရာကောင်းနေတယ်ပေါ့”
“မဟုတ်ရပါဘူးဗျာ ဒီကခလေးလေးရဲ့ ဖြစ်ပုံလေးက ကိုယ့်အတွက် အသည်းယားစရာဖြစ်နေလို့ပါဗျ”
“ဟွန်း.......အခုမှ အသည်းယားတာတွေဘာတွေ လာပြောမနေပါနဲ့ ”
“ဟာ.......ခလေးကလဲ”
“သွားပါ လာမခေါ်ပါနဲ့ ဟင်........ဦးလက်မောင်းက........ ”
သူမအပြောကြောင့် တမာန်ကိုယ့်လက်မောင်းကိုယ် ပြန်ကြည့်လိုက်သည်။ လက်မောင်းက ဒဏ်ရာက ပတ်တီးပြေကာ ရှပ်အဖြူအပေါ်၌ သွေးအနည်းငယ် ထွက်နေသည်ကို အထင်သား မြင်နေရသည်။
“ဘာဖြစ်တာလဲဦး နှောင်းမေးနေတယ်လေ အဲ့လက်က ဘာဖြစ်တာလဲလို့”
“ဟို....... ကျည် ကျည်ထိထားတာ”
“ဘာ.......ကျည်ဟုတ်လား”
“ဦးရယ် တော်သေးတယ် လက်မောင်းနားမှာဘဲရှက်ထိသွားလို့ တစ်ခြားနေရာတွေမှာ ထိရင် အသက်ပါပါသွားနိုင်တယ်ဆိုတာ ဦးသိလား”
“မဖြစ်ဘူး ဆေးရုံအမြန်သွားရမယ်”
“အခုဘဲ ဆေးရုံကပြန်လာတာ နောက်တစ်ခါပြန်သွားရင် ကိုယ်အိမ်ပြန်ရမှာ မဟုတ်ဘူး ခလေးရဲ့”
“ဟူး........ဒါဆို အိမ်ပြန်မယ် နှောင်းဦးရဲ့လက်ကို ဆေးထည့်ပေးမယ် ဟုတ်ပြီလား”
“ဟုတ်ပါပြီဗျ”
“ဒါနဲ့ ဦးကားမောင်းနိုင်လား”
“မောင်းနိုင်ပါတယ် ”
“အင်းပါ.......”
ဒီလိုနဲ့ဘဲ သူတို့နှစ်ယောက် အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ နှောင်း တမာန်ရဲ့ ဒဏ်ရာသို့ ဆေးထည့်ပေးလိုက်သည်။
“ဦးနှုတ်ခမ်းနားမှာ နီနေတယ်နော် ”
“အင်း........”
“ဘာလို့နီနေတာလဲဟင်”
“ဟို.......ဘာလို့မှမဟုတ်ပါဘူး”
“ပြောပြ ဘာဖြစ်တာလဲ ဒါနောက် ဒဏ်ရာတစ်ခုလား ပြောလေ ဦး”
“အင်း.......”
“အဟင့်.......ဒါကြောင့် နှောင်းပြောပါတယ် ဦးကို မသွားပါနဲ့လို့ အခုတော့”
“မငိုပါနဲ့ ခလေးရာ ခလေးငိုတော့ ငိုလဲဝမ်းနည်တာပေါ့”
“ဒါဆို မှောင်ခိုအလုပ် မလုပ်ပါနဲ့တော့လား ”
“အင်းပါ ခလေးမကြိုက်ရင် ကိုယ်မလုပ်ဘူး ဟုတ်ပြီလား”
“တစ်ကယ်လား”
“တစ်ကယ် ဒီအလုပ်ကမကောင်းဘူး ဒါကြောင့် ကိုယ်ဒီအလုပ်ကို လက်စက်သက်လိုက်ပြီး ကမ္ပဏီဘက်ဘဲ အားစိုက်ပြီး လုပ်တော့မှာ ”
“အဟွန်း.......”
နှောင်း တစ်ချက်ပြုံးလိုက်ပြီး တမာန်ကိုယ်လေးကို ဖတ်ထားလိုက်သည်။ ထိုအချိန်
“အား......”
“ဟင်........ဦးဘာဖြစ်တာလဲ”
“ဒီနှုတ်ခမ်းက ဒဏ်ရာက ရုတ်တရက်နာလာလို့”
“ဒါဆို နှောင်းဘာလုပ်ပေးရမှာလဲ”
“ဒဏ်ရာကို မှုတ်ပေး”
ဟူး........
နှောင်း တမာန်မျက်နှာလေးနားကပ်လာပြီ နှုတ်ခမ်းနာက ဒဏ်ရာအား မှုတ်ပေးနေသည် ။
ထိုအချိန် တမာန် အမိအရ သူမနှုတ်ခမ်းလေးအား စုပ်ယူနမ်းရှိုက်လိုက်သည် ။
ဟင်..........
ခဏကြာမှ တမာန် သူမနှုတ်ခမ်းလေးအား ခွာပေးလိုက်သည်။
“ဟွန့်........ လူကြီး နှောင်းကို လူလည်ကြတယ်”
“ချစ်လို့ လူလည်ကြရတာပါ”
“သွားတော့ နှောင်း အိပ်တော့မယ်”
“အဟွန်း........ဟုတ်ပါပြီ”
“ဒါနဲ့ ဦးနှုတ်ခမ်းက ဒဏ်ရာ”
“ရတယ် ခဏကဆေးလိမ်းပြီးသွားပြီ”
“ဘယ်တုန်းက လိမ်းလို့လဲ မလိမ်းရသေးပါဘူး”
“ခဏကဘဲ ခလေးလိမ်းပေးလိုက်ပြီလေ ဘာလဲနောက်တစ်ခါ ပြန်လိမ်းပေးချင်တာလား ရတယ်နော် ကိုယ်ကတော့ အဆင်သင့်ဘဲ”
“ဘာ.......ဦးနော် မကဲနဲ့ အိပ်တော့ နှောင်းလဲအိပ်ပြီ”
သူမ စောင်လေးခြုံကာ အိပ်လိုက်တော့သည်။
“အဟွန်း.......”
တမာန် တစ်ချက်ပြုံးလိုက်ပြီး အိပ်လိုက်တော့သည်။
“ရှင်း........တံခါးဖွင့်ပါအုံး”
“မဖွင့်ဘူး”
“ဒါဆို ကိုယ်ဘယ်မှာသွားအိပ်ရမှာလဲ”
“တစ်ခြားအခန်းမှာအိပ် ”
“ဟာ........ရှင်းကလဲကွာ မင်္ဂလာဦးညကြီးကို”
“ဘာမှလာမပြောနဲ့ ”
“ကိုယ်ဘာအမှားလုပ်လို့လဲ”
“ဘာအမှားမှ မလုပ်ပါဘူး ဒယ်ဒီက ဒီည ကို့ကို အခန်းထဲမအိပ်ခိုင်းနဲ့တဲ့ အဲ့ဒါကြောင့်မို့”
“ဟာ........ယောက်ကထီးကြီးကတော့ လုပ်ပြီကွာ”
“ရှင်းအိပ်ပြီနော် ကိုလဲတစ်ခြားအခန်းထဲမှာ သွားအိပ်တော့ ဂွတ်နိုက်”
“ဟာ........ကျစ်........”
ဇေထက် သူ့လက်ဖြင့် ဆံပင်တွေအား ထိုးဖွလိုက်ကာ ဘေးအခန်းသို့ ဝင်သွားလိုက်သည်။
၂လခန့်ကြာသော်.......
“ပြီးပြီလား ခလေး ”
“ခဏလေး နှောင်း အင်္ကျီလဲလိုက်အုံးမယ်”
“သတို့သားရယ် အဲ့လောက်ထိမလောပါနဲ့ ”
“မရဘူးဗျာ ကျွန်တော့ခလေးကို ကျွန်တော်အရမ်းတွေ့ချင်နေပြီ”
“ပြီးပါပြီ အခုထွက်လာပါ့မယ်”
ဒီလိုနဲ့ နှောင်းအခန်းထဲမှ ထက်လာခဲ့သည်။
“ဟင်........”
တမာန် နှောင်းရဲ့အလှအောက်မှာ နစ်မျှော်ကာ မျက်လုံးမမှိတ်ဘဲ အချိန်ကြာမြှင့်စွာ ကြည့်နေလေသည် ။ အဖြူရောင်ဂါဝန်မဟုတ်ဘဲ ငွေရောင်ဂါဝန်ဝဲလေးကို ဝတ်ထားတဲ့သူမလေးက တမာန်အား မျက်လုံးမမှိတ်နိုင်အောင်ပင် ပြုစားထားလွန်းသည်။
“ဦး.......”
“ဟင်.....အော်.....ပြောလေ ခလေး”
“အောက်ဆင်းစို့.......”
“ခဏနေပါအုံး”
“ဘာလုပ်မလို့လဲ”
“အရမ်းချစ်တယ်ကွာ ခလေးရာ ”
“အဟွန်း........”
တမာန် နှောင်းကိုယ်လေးအား ခဏတာ ဖက်ထားလိုက်သည်။ ထိုနောက် သူမနဖူးလေးအား မြတ်မြတ်နိုးနိုးဖြင့် အနမ်းပေးလိုက်သည်။
“လာ အောင်ဆင်းရအောင်”
“ဟုတ်”
ဒီလိုနဲ့ သူတို့နှစ်ယောက် မင်္ဂလာခန်းမစီသို့ ဆင်းလာခဲ့ကြသည်။ သူတိုနှစ်ယောက် ဆင်းလာတော့ မင်္ဂလာခန်းမထက်၌ လူများက ပြည့်နှက်နေသည်။
ဒီလိုနဲ့ သူတို့မင်္ဂလာပွဲလေး စတင်လိုက်တော့သည်။
“ခလေး ကိုယ်အရမ်းပျော်တယ် သိလား.....”
“အဟွန်း.......အတူတူတာဘဲ ဦးရယ်”
“လာ.......ဒါဆို ကိုယ်တို့ ဧည့်သည်တွေကို သွားဧည့်ခံရအောင်”
ဆိုကာ နှစ်ယောက်သား စင်ပေါ်ထက်၌ဆင်းလာခဲ့ကြသည်။
“ဒီမှာ တမာန်”
ဇေထက် တမာန်အား လက်ပြကာ ခေါ်လိုက်သည်။
“အော်.......ဇေထက် ”
“Congratulations ပါ သခင်လေးတမာန်”
“ တမာန်ဆို တမာန်ပေါ့ ဘာသခင်လေးက ပြောနေသေးတာလဲ”
“အဟွန်း......ဒါနဲ့ တမာန် တော်တော်ချောနေတယ်နော်”
“ဒီလိုဘဲလေ တစ်သက်မှာ တစ်ခါဘဲ မင်္ဂလာဆောင်ရတာဆိုတော့ အရင်နေ့တွေထက် ချောနေရမယ်လေ မဟုတ်လား”
“ဟုတ်ပါတယ်”
“ ဒါနဲ့ မင်းတို့ကလေးလေးရှိနေပြီမလား”
“အင်း.......၂လကျော်ပြီ”
“ကောင်းတယ် ခလေး ကိုယ်ကို့ သူတို့နဲ့အမှီဖြစ်အောင် ကလေးလေး မွေးပေးရမယ်နော်”
“ဦး.......ဘယ်လိုဖြစ်နေတာလဲ ”
“အဟွန်း......ငါ့မိန်းမရှက်နေပြီ ဒါဆို ငါတို့ဟိုဘက်တွေ သွားဧည့်ခံလိုက်အုံးမယ်”
“အင်း......”
နှစ်ယောက်သား ထိုဝိုင်းလေးမှ ထွက်ကာ တစ်ခြားဝိုင်းသို့ သွားလိုက်ကြသည်။ ဒီလိုနဲ့ အချိန်ခဏကြာတော့ သူတို့မင်္ဂလာပွဲလေး ပြီးဆုံးသွားသည်။
“ဒါဆို ကျွန်တော်တို့ပြန်ပြီနော် အဖေနဲ့အမေ”
“ဟုတ်ပါပြီ ”
“ပြန်ပြီနော် အဖေနဲ့အမေ”
“အင်းပါ သမီး”
“ဇေထက်တို့ ငါတို့ပြန်ပြီနော်”
“အေးအေး ဖိုက်တင်းကွာ ငါတို့နဲ့အမှီလိုက်နိုင်ပါစေ”
“လိုက်မှာ စိတ်ချ ဒါဆို သွားပြီ”
ဒီလိုနဲ့ သူတို့နှစ်ယောက်အိမ်ကို ပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ ညမိုးချုပ်နေပြီဖြစ်၍ နှောင်း အိမ်ပေါ်သို့တန်းတက်သွားလိုက်သည်။
“ခလေး”
“ပြောလေ”
သူမ ထုံးထားတဲ့ဆံပင်ကို ဖြေရင်း ပြောလိုက်သည်။
“ချစ်လား”
“အင်း.......”
“ပါးစပ်ကပြော”
“ချစ်တယ်လို့”
“အဟွန်း.........ကိုယ့်ကို ဒီညကြည်ဖြူတယ်မလား ခလေး”
“အဲ့ဒါမဖြေခင် ဦးကို မေးစရာရှိတယ်”
“ဘာမေးမှာလဲဟင်”
“ဦး မင်္ဂလာပွဲတုန်းက စကားပြောနေတဲ့မိန်းကလေးက ဘယ်သူလဲ ”
“ကိုယ့်သူငယ်ချင်းပါ ခလေးရဲ့”
“နောက်ပြီး လက်ဆွဲနှုတ်ဆက်နေတဲ့လူကကော”
“သူက ကိုယ့်မိတ်ဆွေရဲ့ သမီးပါ ”
“နောက်ပြီး”
“လာခဲ့တော့ မေးခွန်းတွေမေးပြီး လူကိုလူလည်ကျချင်နေတာ မရဘူး”
ဆိုကာ သူမကိုယ်လေးအား ပွေ့လိုက်ပြီး မွေ့ယာအိအိပေါ်သို့ တင်ချလိုက်သည်။ ထို့နောက် သူမမျက်နှာနားသို့ တိုးကပ်လာကာ နှုတ်ခမ်းလေးအား အချိန်ကြာမြှင့်စွာ နမ်းရှိုက်နေတော့သည်။ ဒီလိုနဲ့ နှောင်း တမာန်ခေါ်ရာ အချစ်ခရီးလမ်းသို့ လိုက်သွားတော့သည်။
ဒီလိုနဲ့ သူတို့ အချိန်တွေကုန်လာခဲ့တာ လက်ထပ်ပြီး တစ်နှစ်ကျော်သို့ ရောက်လာခဲ့သည်။ အခုဆို နှောင်းမှာ တမာန်နှင့်ရတဲ့ ကိုယ်ဝန်၉လရှိနေပြီ ။ ဇေထက်တို့ကတော့ လဲ့ရည်ထက် ဆိုသည့် အသားဖြူဖြူချစ်စရာကောင်းသော သမီးလေးတစ်ယောက် ရှိနေပြီ။
“ခလေး ဘယ်မှ လျှောက်မသွားနဲ့နော် ကိုယ်ခဏနေပြန်လာမယ် ဟုတ်ပြီလား”
“ဟုတ်ပါပြီ အေးအေးဆေးဆေး သွားပါရှင့် နှောင်းဘယ်မှ မသွားပါဘူး”
“အင်းပါ ဒါဆို ကိုယ်သွားပြီ မွ မွ”
တမာန် နှောင်းနဖူးလေးနဲ့၉လတောင် ရှိနေပြီဖြစ်တဲ့ ဗိုက်လအား နမ်းကာ နှုတ်ဆက်လိုက်ပြီး စိတ်မချစွာဖြင့် ထွက်လာခဲ့သည်။
ဖြစ်ခဲ့တာတွေက ကြာခဲ့ပေမယ့် တေဇဆိုသူက အညိုးသိပ်ကြီးတာကြောင့် တမာန်နှောင်းအတွက် အလွန်ပင် စိုးရိမ်နေမိသည်။
“ကြီးကြီး နှောင်းခြံထဲဆင်းပြီးလမ်းလျှောက် လိုက်အုံးမယ်”
“အေးကွယ် အပြင်တော့မထွက်နဲ့နော်”
“မထွက်ပါဘူး ကြီးကြီးရဲ့”
“ဟုတ်ပါပြီ”
ဒီလိုနဲ့ နှောင်းခြံထဲဆင်းလမ်းလျှောက်နေတုန်း အိမ်ရှေ့မှ ကားတစ်စီးရောက်လာခဲ့သည်။
“ဟင်......ဦးပြန်လာတာထင်တယ် ”
ဆိုကာ နှောင်း အိမ်ရှေ့ခြံတံခါးစီသို့ ထွက်လာခဲ့သည်။
ထို့နောက် တံခါးလေးအား ဖွင့်ကာ ကားနားစီသွားလိုက်သည် ။
သူမကားနားလဲရောက်ရော ကားထဲမှ လူတစ်ယောက်ထွက်လာပြီး သူမကိုယ်လေးအား ကားထဲသို့ ထည့်သွင်းလိုက်သည်။
“အမလေး.......”
“ရှင် ရှင်တို့က ဘယ်သူတွေလဲ”
“အဟွန်း........တမာန်ရဲ့ မိန်းမကအချောလေးဘဲ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကိုယ်ဝန်ကြီးနဲ့ ဒါပေမယ့်လဲ ရပါတယ် ”
နှောင်း ထိုလူအပြောများကို နားမလည်စွာ ကြည့်နေမိသည်။
“သက်ရဲ့ အုတ်ဂူစီမောင်း”
သူ့အမန့်ရသည်နှင့် ကားသမားလဲ သက်ရဲ့အုပ်ဂူရှိရာစီမောင်းလာခဲ့သည်။
“တီ တီ......”
ခြံရှေ့မှ အသံကြောင့် အိမ်အကူ အဒေါ်ကြီး ထွက်လာခဲ့သည်။
“အော်.......မောင်တမာန် ပြန်လာပြီလား”
“ဟုတ် ကျွန်တော် စိတ်တွေလေးနေလို့ ပြန်လာခဲ့တာ ဒါနဲ့ ခလေးကော”
“ခြံထဲမှာ လမ်းလျှောက်နေတယ် ”
“ဟုတ် ”
တမာန် ခြံထဲသို့ ဆင်းသွားလိုက်သည်။ ခြံထဲသို့ရောက်တော့ သူ နှောင်းအားလိုက်ရှာနေတော့သည်။
“ခလေး ခလေး ခလေးဘယ်မှာလဲ”
တမာန် နှောင်းအား ခြံထဲမတွေ့တာနှင့် စိတ်ပူကာ ချွေးတွေပြန်လာသည်။ ထိုအချိန် ဖုန်းသံကြောင့် တမာန် အိတ်ကပ်ထဲမှ ဖုန်းကိုချက်ချင်းပင် ထုတ်ကိုင်လိုက်သည်။
“ဟယ်လို........”
“အဟွန်း ........ အသံက နည်းနည်းစိတ်ပူနေသလိုဘဲနော် ”
“ဟင်........ မင်းဘယ်သူလဲ”
”တစ်နှစ်တောင်ကြာခဲ့ပြီဆိုတော့ ဒီအသံကို ဘယ်မှတ်မိတော့မလဲ ”
“ဟင်.........တေဇ ဟုတ်မလား”
“အဟွန်း.......သိပ်ဟုတ်တာပေါ့ ”
“မင်း မင်း ငါ့မိန်းမကို ဘယ်ခေါ်ငွားတာလဲ တေဇ”
“အဝေးကြီးတော့ မဟုတ်ပါဘူး သက်ရဲ့ အုတ်ဂူလေးဘဲ”
“မင်းတို့ မင်းတို့ အဲ့မှာစောင့်နေ ငါ့မိန်းမကို လက်ဖျားနဲ့တောင်ထိဖို့ မစဉ်းစားနဲ့ ငါအခုချက်ချင်းလာခဲ့မယ်”
ဆိုကာ တမာန် ကားပေါ်တက်ထိုင်လိုက်ပြီး တေဇတို့ရှိရာစီမောင်းလာခဲ့သည်။ လမ်းတွင်လဲ ဇေထက်နဲ့ဇွဲထက်တို့ကို ဖုန်းဆက်အကြောင်းကြားထားသေးသည်။ နောက်ပြီး အရင်က သူနဲ့အတူတူမှောင်ခိုလုပ်ခဲ့တဲ့ သူ့ရဲ့တပည့်တွေကိုလဲ အကြောင်းကြားထားသေးသည်။
“မင်းစောင့်နေလိုက်ပါ တေဇ မင်းဘဲ အညိုးကြီးတက်တာ မဟုတ်ဘူး ငါလဲအညိုးကြီးတက်တယ် ”
တမာန် သူ့မျက်ဝန်းထဲတွင် သူ့မိဘတွေရဲ့ သေဆုံးမှုကို ပြန်မြင်ယောင်လာခဲ့သည်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှကင်းဝေးကြပါစေ။
🙏🙏