“ဦးရဲ့အမုန်း”
“သက်......”
“ဟင်.......”
တေဇ တမာန်အား သေနတ်ဖြစ် ပစ်ဖို့ချိန်လိုက်ချိန် ဇွဲထက်က တေဇထက် အရင် တေဇအား ပစ်လိုက်သည်။ ဒါပေမယ့် ဇွဲထက် ပစ်လိုက်တဲ့ ကျည်ဆံက တေဇအားမထိသွားဘဲ တေဇအစားလာခံပေးသွားတဲ့ သက်မြတ်မိုးခင်ကို ထိသွားလေသည်။
“သက် သက် ထပါအုံး သက် သက်......ဟင့်......”
တေဇ မြေပြင်ပေါ်သို့ လဲကျသွားတဲ့ သက်ရဲ့ခန္ဓာကိုယ်လေးအား လှုပ်ကာ နိုးနေရှာသည်။
“သက်....... ဘာလို့ကိုယ့်အစား လာခံရတာလဲ သက်ရဲ့ အဟင့်......... ”
တေဇ မျက်ရည်များ ကျလျက်ဖြင့် သက်ပါးလေးအား ကိုင်ကာ ပြောနေရှာသည်။
“ချစ်........ချစ်လို့ပေါ့........အဟွတ်.........”
“အဟင့်.......သက်ရာ ”
“မ.......မ ငို ပါနဲ့ အဟွတ်........”
သက်ပြောရင်းဖြင့် သွေးများ ပါးစပ်ထဲမှ ထွက်လာတော့သည်။
“တော်ပြီ မပြောနဲ့တော့ ကိုယ်သက်ကို ဆေးရုံခေါ်သွားမယ် ”
ဆိုကာ တေဇ သူမကိုယ်လေးအား ပွေ့ဖို့ပြင်လိုက်စဉ် သက်
“မ မခေါ်နဲ့တော့......”
“ဘာလို့လဲ သက်ရဲ့ သက်ဘဲ ကိုယ်နဲ့ တစ်သက်လုံး အတူတူနေမှာဆို ”
“အခု ကို ဘယ် မှမသွား ပါနဲ့ သက်ရဲ့ အနား မှာဘဲနေ ပေးပါနော်”
သူမ အသက်ကို မနည်းရှူကာ မှေးကျတော့မယ့် မျက်လုံးများကို မနည်းဖွင့်ကာ ပြောလိုက်ရသည်။ တေဇ သူမရဲ့ အပြောကြောင့် သူမကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်သည်။
ဒီလိုနဲ့ ထိုနေရာလေးက ခဏတာ တိတ်ဆိတ်သွားသည်။ ခဏနေတော့ တေဇ ခေါင်းမော့လာကာ သက်ရဲ့ မျက်နှာလေးသို့ ကြည့်လိုက်ချိန်
“ဟင်.......သက် သက် ကိုယ်ခေါ်နေတာကြားလားသက် သက် ဟင့်........ ကိုယ်ခေါ်နေတယ်လေ သက်လို့ အဟင့်.......သက်ရာ ဘာလို့ကိုယ့်ကို တစ်ယောက်ထဲ ထားခဲ့တာလဲ သက်ဘဲ ပြောတယ်လေ ကိုယ်မရှိရင် မနေနိုင်ဘူးဆို နောက်ပြီး သက် ကိုယ့်ကို ဘယ်တော့မှ တစ်ယောက်ထဲ မထားခဲ့ဘူးဆို သက် သက်လို့ အဟင့်.......ဟင့်....... ကိုယ့်ကို တစ်ကယ်ချစ်ရင် သက် ကိုယ့်ကို တစ်ယောက်ထဲ မထားခဲ့ရဘူးလေ သက်...........”
လောကတစ်ခွင် ကြားအောင် သက်နာမည်ကို သူခေါ်နေပေမယ့် သက်ကတော့ တုပ်တုပ်မျှမလှုပ်ဘဲ သူ့ရဲ့လက်ပေါ်၌ ဆုံးသွားတော့သည်။
“ဟာ.........မင်း တမာန် ခွပ်........”
တေဇ အံကြိတ်ကာ တမာန်ရဲ့နာမည်အား ခေါ်လိုက်ပြီး သူမကိုယ်လေးကို မြေပြင်ပေါ်သို့ ချထားလိုက်ကာ တမာန်စီ လာခဲ့လိုက်ပြီး တမာန်အား ထိုးလိုက်သည်။
“မင်း....... မင်းလဲ ငါ့လိုတစ်နေ့ခံစား စေရမယ် တမာန် ငါ့အပေါ် မင်းအခုလို လုပ်ခဲ့သလို မင်းအပေါ်လဲ ငါပြန်လုပ်မယ် မင်းစောင့်ကြည့်နေလိုက် တမာန် တောက်........”
တေဇပြောလဲပီးရော သူတပည့်တွေနှင့် သက်ရဲ့ကိုယ်လေးကို ပွေ့ကာ ထွက်လာခဲ့သည်။
“ဟူး........”
“သခင်လေး အဆင်ပြေလား”
“ပြေပါတယ်ကွာ ဒါပေမယ့် ငါ့လက် သွေးအရမ်းထွက်နေပြီ ဆေးရုံသွားရအောင်”
တမာန် လက်က ဒဏ်ရာကြောင့် လူမှာ မူးဝေဝေဖြစ်လာသည်။
ဒီလိုနဲ့ ဇွဲထက် တမာန်ရဲ့ ကိုယ်ကို ထိန်းပေးလိုက်ပြီး ဆေးရုံသို့လာခဲ့လိုက်သည်။ ဟိုရောက်တော့ ည၉နာရီခွဲနေပြီ။
“ဆရာ ဒီမှာ အရေးပေါ်လူနာပါ ”
ဇွဲထက် အပြောကြောင့် ဆရာဝန်တွေလဲ တမာန်ကိုယ်အား ကူသယ်လိုက်ကြကာ ဆေးရုံအခန်းထဲသို့ ဝင်လာခဲ့ကြသည် ။
“လူနာက သွေးအရမ်းလိုနေပါတယ် ဆရာ”
“ဟုတ်တယ် လက်ကဒဏ်ရာက အချိန်တော်တော်ကြာနေပြီ ထင်တယ် မဖြစ်ဘူး အခုချက်ချင်း သွေးရမှ ဖြစ်မယ် လူနာက ဘာသွေးလဲ စစ်ကြည့်လိုက်”
ဒီလိုနဲ့ သူနာပြုတစ်ယောက် တမာန်ရဲ့ သွေးအား စစ်ကြည့်လိုက်သည်။
“Bသွေးပါ ဆရာ”
“အင်း.......ဟို.......မင်းက လူနာနဲ့ ဘာတော်တာလဲ”
ဆရာဝန် ဇွဲထက်အား မေးလိုက်သည်။
“ကျွန်တော့ အစ်ကိုပါ”
“ဒါဆို အခုသူ သွေးအရမ်းလိုနေတယ်”
“ဘာသွေးလဲဗျ”
“Bသွေး”
“ဒါဆို ကျွန်တော်နဲ့ သွေးအတူတူဘဲ ကျွန်တော့ သွေးယူလိုက်ပါ ဆရာ”
“ဟုတ်ပြီ ဒါဆို အခန်းထဲဝင်ခဲ့”
ဇွဲထက် သူ့သွေးအား တမာန်ကို ထည့်ပေးလိုက်သည် ။ ထိုအချိန်မှ တမာန် ပုံမှန်တိုင်း ပြန်ဖြစ်သွားပေမယ့် စောင့်တော့ကြည့်ရအုံးမည်။ ဒီလိုနဲ့ မနက်ခင်း နေထွက်ချိန်သို့ ရောက်လာခဲ့သည်။
“အား......ကျွတ် ကျွတ်.....”
“သခင်လေး သတိရလာပြီလား”
“အင်း........ဒါနဲ့အခု ဘယ်အချိန်ရှိပြီလဲ”
“၆နာရီထိုးပါ ”
“ဟင်.......ဒါဆို မဖြစ်ဘူး ငါအိမ်ပြန်ရမယ် ”
“လူနာအိမ် ပြန်လို့မရသေးပါဘူး ”
တမာန် အိပ်ရာပေါ်မှ ရုတ်တရက်ထလိုက်ချိန် ဆေးရုံအခန်းတံခါးဝကနေ ဆရာဝန်တစ်ယောက်ရောက်လာခဲ့သည်။
“ဘာလို့လဲ ဘာလို့ ကျွန်တော်က အိမ်ပြန်လို့မရသေးတာလဲ”
“မင်းလက်မှာချိတ်ထားတဲ့ ဆေးပုလင်းကုန်မှ အိမ်ပြန်လို့ရမှာပါ”
“အဲ့ဆေးပုလင်းက ဘယ်အချိန်မှ ကုန်မှာလဲ”
“ညနေပိုင်းလောက်ပါ”
“ဘာ........ဒေါက်တာ ကျွန်တော့ကို လာနောက်နေတာလား ဆေးပုလင်းချိတ်တာက ၁နာရီ ၂နာရီလောက်ဘဲ ကြာတာမဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဒါပေမယ့် မင်းက အခြေအနေမကောင်းသေးဘူး ဒါကြောင့် ဒီနေ့တစ်နေ့တော့ ဆေးရုံမှာနေပြီး စောင့်ကြည့်ရအုံးမှာပါ”
“ကျစ်........ ဒါနဲ့ မင်းကလဲ ဘာလို့ ငါ့လိုဆေးပုလင်းချိတ်ထားတာလဲ ”
“အဲ့ဒါက မနေ့က သခင်လေး သွေးအရမ်းလိုနေလို့ ကျွန်တော့သွေး ဖောက်ပြီး ထည့်ပေးထားလို့ပါ”
“ဘာ.......ဒါဆို မင့်သွေးတွေ ငါ့စီရောက်သွားပြီပေါ့”
“ဟုတ်ပါတယ်”
“မင်းအပေါ်တော့ ငါကျေးဇူးတွေ အများကြီး တင်နေမိပြီကွာ ”
“မဟုတ်တာ သခင်လေးရာ ကျွန်တော်ကတောင် သခင်လေးကို ကျေးဇူးပြန်တင်ရမှာ”
“အဟွန်း........ဒါနဲ့ ငါတို့ ဒီညနေ ဇေထက်တို့ မင်္ဂလာပွဲကို အမှီသွားရမယ်”
“ဟုတ်သားဘဲ ကျွန်တော့်ကိုတောင် ဟိုတစ်နေ့က ဖိတ်စာပါးလိုက်သေးတယ် ဒါနဲ့ သူတို့ မင်္ဂလာပွဲက ညနေမှာ စမှာနော်”
“ဟုတ်တယ် ၆နာရီမှာ စမှာ ဒါပေမယ့် အခုတော့ စောပါသေးတယ် ညနေ၅နာရီလောက် ဆေးရုံကဆင်းရရင်တော့ ကောင်းတာပေါ့”
“အင်း........”
“ဒါဆို မင်းလဲ ခဏပြန်နားလိုက်ပေါ့ ညနေလောက်ကြရင် မင်္ဂလာပွဲ အမှီသွားကြတာပေါ့”
“ဟုတ်”
ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်အနားယူနေလိုက်ကြသည်။
နာရီအနည်းငယ်ကြာသော်.......
“ဘယ်လိုလဲ ဟိုတယ်မှာ ပြင်ပြီးပြီတဲ့လား”
“ပြင်ပြီးပါပြီ ”
“အင်း.......ဒါဆို မင်းတို့လဲ သွားပြင်တော့လဲ”
“ဟုတ် ဒါဆို ကျွန်တော် ဟိုတယ် အရင်သွားနှင့်ပြီနော် ဦးလေးတို့ ပြင်ပြီးရင် လာခဲ့လိုက်တော့နော်”
“အေးပါ မင်းကလဲ ငါ့သမီးနဲ့က ယူတော့မယ် အခုချိန်ထိ ငါ့ကို ဦးလေးလို့ ခေါ်တုန်း”
“ဟဲဟဲ.....ဒါဆို ကျွန်တော်သွားပြီနော် အဖေ”
“ဒီလိုမှပေါ့”
ဇေထက် ဦးထွဋ်ခေါင်ရှင်းအား ပြုံးပြလိုက်ပြီး ထွက်လာခဲ့သည်။
ဟိုရောက်တော့ အားလုံး အဆင်သင့်ဖြစ်နေပြီ။
ဇေထက် မင်္ဂလာခန်းမ ကြီးကိုကြည့်ကာ အတွေးတစ်ခုဝင်လာခဲ့သည်။
“ဟူး.......ငါတောင် မင်္ဂလာဆောင်ရတော့မှာဘဲ မချစ်ဘဲနဲ့ သူမငါ့ကို ဘယ်လိုလက်ထပ်မှာပါလိမ့် ”
“ဘယ်မိန်းကလေးက မချစ်တဲ့လူတစ်ယောက်ကို ကိုယ့်အိမ်ထောင်ဖက်ဖြင့် တစ်ဘဝလုံး ပုံအပ်ပြီး လက်ထပ်ပါ့မလား”
"ဟင်........"
ဇေထက် အသံကြားရာ လှေကားထပ်များစီ လှည့်ကြည့်လိုက်သည်။ ဂါဝန်အဖြူလေးနဲ့ သူမဟာ အရင်ကလို ကလေးဆန်ဆန်လေးမဟုတ်ဘဲ ရင့်ကျက်ပြီးတည်ငြိမ်လွန်းလှတဲ့ အသွင်ဖြင့် တစ်မျိုးလေး လှနေလေသည်။
"ရှင်း......."
“လှလား အစ်ကိုဇေထက် ”
“အင်း......အရမ်းလှတယ် ဒါနဲ့ ခဏက ရှင်း ဘာပြောလိုက်တယ်”
“မချစ်တဲ့ လူတစ်ယောက်ကို တစ်ဘဝလုံးပုံအပ်ပြီး လက်ထပ်ပါ့မလားလို့”
“အဟွန်း........ဒါဆို ရှင်းက ကိုယ့်ကိုချစ်တယ်ပေါ့”
“အင်း.........”
“ဘယ်တုန်းကချစ်သွားတာလဲ”
“ရှင်ကြီးရဲ့ ဂရုစိုက်မှုအောက်မှာ ကျွန်မနှလုံးသားလေး အရည်ပျော်သွားတာ နေမှာပေါ့”
“အဟွန်း........”
“ဒါဆို နှောင်းကို ခွင့်ပြုအုံးနော် ဖုန်းသွားခေါ်မလို့”
“ဟုတ်ပါပြီ”
ဒီလိုနဲ့ နှောင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
“ရှင်း ကိုယ့်ကိုတစ်ကယ်ချစ်တယ်ပေါ့”
“အင်းပါဆို”
“ပါးစပ်ကနေ ပြောလေ ပါးစပ်ကမပြောဘဲ ကိုယ်ကဘယ်လိုအတည်ယူရမှာလဲ”
“ချစ်တယ် ချစ်တယ် ဟုတ်ပြီလား”
“အဟွန်း........ကိုယ်လဲ ရှင်းကို အရမ်းချစ်တယ်သိလား”
ဆိုကာ ဇေထက် သူမကိုယ်လေးအား ပွေ့ဖက်ထားလိုက်သည်။
ခဏကြာတော့ ဇေထက် သူမနှုတ်ခမ်းလေးအား နမ်းဖို့ပြင်လိုက်စဉ်
“ဟိတ် ငါ့သမီးကို မင်းကအနိုင်ကျင့်နေတယ်ပေါ့”
“ဟင်.......”
“ဒယ်ဒီနဲ့မာမီ”
“အဖေနဲ့အမေ”
“သွား ညကြမှ ငါ့သမီးကို မင်းစိတ်ကြိုက်နမ်းတော့ အခုလောလောဆယ် အဝတ်အစားသွားလဲအုံး”
“ဟုတ်ကဲ့”
ဒီလိုနဲ့ ဇေထက်လဲ အပေါ်တက်ပြီး အဝတ်စားသွားလဲလိုက်သည်။ ခဏကြာတော့ သူတို့ မင်္ဂလာပွဲလေး စတင်တော့သည်။
“ဟူး........သခင်လေး လဲမလာသေးဘူး”
မင်္ဂလာပွဲက စနေပြီ တမာန်က မလာသေးသဖြင့် နှောင်းကော ဇေထက်ပါ စိတ်ပူလာရသည်။
“နှောင်း သခင်လေးကို ဖုန်းဆက်ပြီးပြီလား”
“ဆက်ပြီးပြီ မကိုင်ဘူး”
“သခင်လေး ဘာလို့မလာသေးတာပါလိမ့်”
ထိုအချိန်
“Congratulationsပါ ဇေထက်”
အနောက်ပါးစီမှ အသံကြောင့် ဇေထက်ကော နှောင်းပါ လှည့်ကြည့်လိုက်ကြသည်။
“ဟင်....... သခင်လေး ငထက်”
“ဦး”
“အဟွန်း........”
“သခင်လေး ကျွန်တော်တို့ အရမ်းစိတ်ပူနေတာ”
“ငါအခု မင့်မင်္ဂလာပွဲကို ရောက်နေပြီဘဲ ဘာကိုစိတ်ပူနေသေးတာလဲ ဒါနဲ့ မင်းဒီနေ့ တော်တော် ချောနေတယ်နော်”
“အဟွန်း.......”
“ခလေး”
“သွား စိတ်ကောက်နေတုန်းဘဲ စကားလာမပြောနဲ့”
“အဟွန်း........”
“ဒါဆို ထိုင်ကြအုံး ဟိုမှာ ယောက်ခထီးကြီးခေါ်နေတယ် သွားလိုက်အုံးမယ်”
“အေးအေး”
“ငထက် ငါသွားအုံးမယ်”
“အင်းပါ.......”
ဒီလိုနဲ့ ဇေထက် ရှင်းလက်ကလေးကို ချိတ်ပြီးထွက်လာခဲ့လိုက်သည်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏