book

Index 17

အပိုင်း(၁၇)

"ဦးရဲ့အမုန်း"



တစ်ပတ်ခန့်ကြာသော်......


"ဦး "


"ပြောလေ ခလေး"


"ဦး အဲ့နယ်စပ်ကို မသွားရင်မရဘူးလား"


"မရဘူး ခလေးရဲ့ ကိုယ်ကိုတိုင်သွားမှ ဖြစ်မှာ"


"ဘာလို့လဲ ဘာလို့ ဦးကိုယ်တိုင်သွားမှရမှာလဲ"


"ဒီတစ်ခေါက်က အရမ်းအရေးကြီးလို့ပါ ဒါကြောင့် ကိုယ်ကိုတိုင်မသွားရင် မရဘူး "


"အဟင့်........ ဒါကြောင့် ဦးကို အဲ့မှောင်ခိုအလုပ်တွေမလုပ်ပါနဲ့လို့ ပြောသားဘဲ ဘာမှကောင်းတာမရှိဘူး ဥပဒေနဲ့ကလဲ မကင်းဘူး အခုလဲ ဦးကိုယ်တိုင်သွားရအုံးမယ် တစ်ကယ်လို့ အဲ့ကိုသွားလို့ ဦးတစ်ခုခုဖြစ်ခဲ့ရင် အဟင့်......."


နှောင်းပြောရင်း ငိုလာသဖြင့် တမာန် သူမကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်သည်။


"မငိုပါနဲ့ ခလေးရယ် ကိုယ်ဘာမှမဖြစ်စေရဘူး ဟုတ်ပြီလား "


"မယုံဘူး ဦးတစ်ခုခုဖြစ်ရင် နှောင်းရင်ကျိုးလိမ့်မယ် ဒါကြောင့် နှောင်းလဲ လိုက်ခဲ့မယ် ဦး"


"ဟာ........မဖြစ်ဘူးလေ ခလေးရဲ့ ဒါက ယောင်္ကျားသားတွေ တိုက်ခိုက်ကြမှာ ဒါကြောင့် ခလေးလိုက်ခဲ့လို့ လုံးဝမဖြစ်ဘူး လိမ်မာပါတယ် ခလေးကလဲ မနက်ဖြန် ဇေထက်နဲ့ နှောင်းရဲ့ညီမလေး  မင်္ဂလာပွဲမှာ နှောင်းလှလှလေး ဝတ်ပြီး စောင့်နေ ကိုယ် ဇေထက်မင်္ဂလာပွဲ အမှီပြန်လာခဲ့မယ် ဟုတ်ပြီလား "


နှောင်းခေါင်းလေး ငုံ့လျက်သားဖြင့် တမာန်အား ဘာမှပြန်မပြောဘဲ ရပ်နေသည်။


"အဟွန်း........ကိုယ့်ခလေးက လိမ်မာပါတယ် ကိုယ်မရှိတဲ့ ဒီတစ်ရက်လေးမှာ ခလေးရဲ့ မိဘတွေစီ ပြန်နေလိုက်နော် ကိုယ်တို့သွားရင် ခလေးကို ဝင်ပို့ပေးခဲ့မယ် "


"အဟင့်......."


"ဟာ.......ခလေးကလဲ ဘာလို့ငိုနေတာလဲ အဲ့လိုကြီးငိုနေတော့ ကိုယ်က ဘယ်စိတ်နဲ့ ဟိုကိုသွားရမှာလဲ"


"မသိဘူး ဦးကို အရမ်းချစ်တယ် တစ်ရက်လေးခွဲရမှာတောင် နှောင်းမလိုလားဘူး "


ဆိုကာ တမာန်ရင်ခွငါကျယ်ကြီးအား တိုးဝှေ့ကာ ဖက်ထားလိုက်သည် ။ တမာန်လဲ သူမကိုယ်လေးအား ပြန်ဖက်ပေးထားလိုက်သည် ။


"ကိုယ်လဲအတူတူပါဘဲ ခလေးရယ် တစ်ရက်ခွဲနေဖို့ မပြောနဲ့ တစ်စက္ကန့် လေးတောင် ခွဲမနေချင်ပါဘူး"


"ဒါဆို မသွားနဲ့တော့လေ"


"အဲ့လိုကြပြန်တော့လဲ မရဘူးလေ ခလေးရဲ့"


"ဟွန်း.......ရပါတယ် သွားပါ ‌"


သူမစိတ်စိုးသလိုသည့်ဟန်ဖြင့် တမာန်အား လုပ်ပြလိုက်သည်။


"အဟွန်း....... ကဲ ဒါဆို ကိုယ်သွားတော့မယ်"


"ဟွန့်......."


နှောင်း တမာန်အား မျက်စောင်းလေးထိုးလိုက်သည်။ တမာန်ကတော့ သူမအပြုအမူလေးကို သဘောကျစွာ ပြုံးလိုက်ပြီး သူမကိုယ်လေးအား တင်ပါးထက်ကနေ မပြီး ပွေ့ချီလိုက်သည်။ သူမလဲ လန့်သွားပြီး သူ့လည်တိုင်လေးအား ကိုင်ထားလိုက်သည်။


"ဘာလဲ ကိုယ့်ကို စိတ်စိုးတယ်ပေါ့ "


"စိုးတယ် စိုးတယ် အရမ်းစိုးတယ် "


"စိတ်စိုးရင် ကိုယ်ဘယ်လိုအပြစ်ပေးမယ်လို့ ပြောထားလဲ"


"ဟင်........"


ထိုအချိန် သူမ တမာန် ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်လာတေ့သည်။


"ဟို.......  စိတ်မစိုးတော့ဘူ "


"မရတော့ဘူ နောက်ကျသွားပြီ"


ဆိုကာ တမာန် သူမကိုယ်လေးအား ပွေ့လျက်နှင့် သူမနှုတ်ခမ်းလေးတွေအား အပိုင်းသိမ်းကာ အချိန်ကြာမြှင့်စွာ နမ်းရှိုက်နေတော့သည် ။

ခဏကြာမှ တမာန် အနမ်းမိုးများရွာသွန်းခြင်းကို ရပ်တန့်လိုက်တော့သည်။


"စိတ်စိုးနေတုန်းလား"


"အစောကတည်းက စိတ်မစိုးဘူး ပြောသားဘဲကို "


"အဟွန်း....... ‌ဒါဆိုလဲ ကိုယ်ပြန်လာမှ ပြန်ချော့တော့မယ် ဟုတ်ပြီလား အခုတော့ အောက်ဆင်းရအောင် အောက်မှာ ကိုယ်လူ့တွေစောင့်နေလောက်ပြီ"


ဆိုကာ တမာန် သူမကိုယ်လေးအား ပွေ့လျက်သားနှင့် အိမ်အောက်သို့ဆင်းလာခဲ့သည်။


"သခင်လေး"


"ဟင်......."


သူတို့ လှေးကားပေါမှ ဆင်းလာချိန် အောက်မှ‌ဇေထက်ရဲ့ ခေါ်သံကြောင့် တမာန်လန့်သွားရသည်။


"ဦး အောက်ချပေး"


"ဘာဖြစ်လို့လဲ "


"အောက်မှာ လူတွေအများကြီးဘဲလေ နောက်ပြီး အစ်ကိုဇေထက်လဲရှိတယ် အမြန်ချပေးပါ "


"အဟွန်း......ဟုတ်ပါပြီ"


တမာန် သူမကိုယ်လေးအား အောက်သို့ ချပေးလိုက်ပြီး ဇေထက်နောင်သို့ ရှိရာစီ ဆင်းလာခဲ့လိုက်သည်။


"ဘာကိစ္စရှိလို့လဲ ဇေထက်"


"သခင်လေး နယ်စပ်သွားမှာ ဘာလို့ကျွန်တော့ကို မပြောတာလဲ"


"ဒါတွေက မင်းနဲ့မဆိုင်တော့ဘူလေ ဇေထက်ရဲ့ အခုချိန်မှာ မင်္ဂလာဆောင်ဖို့အတွက်ဘဲ မင်းစဉ်းစား ဟုတ်ပြီလား"


"မဟုတ်ဘူး ကျွန်တော်ကတိပေးပြီးထားလေ သခင်လေး တေဇတို့နဲ့တိုက်ရင် ကျွန်တော်လိုက်မှာလို့"


"ဟာ.......မင်းနဲ့တော့ ဇေထက် ငါမင်းရဲ့ မင်္ဂလာပွဲအမှီလာခဲ့မယ် ဟုတ်ပြီလား ဘာမှစိတ်မပူနဲ့"


"စိတ်ပူရမှာဘဲ သခင်လေး တစ်ကယ်လို့ သခင်လေးသာ အဲ့ကို သွားလို့ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် မင်္ဂလာမဆောင်တော့ဘူ သခင်လေး"


"ရတယ် ငါသာတစ်ခုခုဖြစ်ခဲ့ရင် မင်းမင်္ဂလာမဆောင်နဲ့ ဒါပေမယ့် ငါရဲ့ညီအစ်ကို အရင်လိုခင်တဲ့ မင်းကို မင်္ဂလာမဆောင်ဘဲ မနေခိုင်းဘူး ဇေထက် ငါ့အတွက်ဘာမှ စိတ်မပူနဲ့ ငါအကောင်းတိုင်းနဲ့ မင်းတို့မင်္ဂလာပွဲစီလာခဲ့မယ် ဟုတ်ပြီလား "


"ဟင့်....... "


ဇေထက် ယောင်္ကျားတန်မဲ့ မျက်ရည်များကျလာတော့သည်။ ထို့နောက် နှောင်းပါ မျက်ရည်ကျလာတော့သည် ။ တမာန်လဲ သူတို့နှစ်ယောက်ကို ကြည့်ကာ မျက်ရည်များဝဲတက်လာပြီး သူတို့ရှေ့ မငိုမိအောင် မနည်းထိန်းလိုက်ရသည် ။


"ဒါဆို ငါသွားတော့မယ် ဒါနဲ့ မင်းအခု ဦးထွဋ်ခေါင်ရှင်းတို့အိမ်သွားမှာမလား" 


"အင်း....."


"ဒါဆို ခလေးကိုပါ တစ်ခါတည်း ခေါ်သွားပေးပါလား "


"ရတယ်လေ သခင်လေးသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"


"ဟုတ်ပါပြီကွာ မင်းကလဲ ယောင်္ကျားဖြစ်ပြီး ငိုနေစရာလား မငိုနဲ့”


“ဟုတ်”


“ခလေးလည်း မငိုနဲ့....... ဒါဆို ကိုယ်သွားတော့မယ်နော် ခလေး ဇေထက် ငါသွားပြီ”


နှောင်းကော ဇေထက်ကော ဘာမှပြန်မပြောသဖြင့် တမာန်လဲ သူတို့အား တစ်ချက်သာလှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ ထွက်သွားတော့သည်။ နှောင်း တမာန်တို့ကား ခြံအပြင်ဘက်သို့ ထွက်သွားသည်အထိ လါုက်ကြည့်နေမိသည် ။


“နှောင်း သွားရအောင် ”


“ဟုတ်”


သူတို့နှစ်ယောက်လုံး တမာန်ထွက်သွားသည်နှင့် မျက်နှာလေးညိုးကာ ထိအိမ်ကြီးထဲမှ ထွက်လာခဲ့လိုက်ကြသည်။


တီ.......


တမာန် ဖုန်းသံကြောင့် ချက်ချင်းပင် ကိုင်လိုက်သည်။


”ဟယ်လို”


“သခင်လေး အခုဘဲ တေဇတို့ထွက်သွားပါပြီ”


“ဟုတ်ပြီ ဒါဆို ဟိုမိန်းမကို သွားဖမ်းတော့”


“ဟုတ်”


“ဖမ်းပြီးရင် တစ်ခါတည်း နယ်စပ်ကို လာခဲ့ကြားလား”


“ဟုတ်”


“ဒါဆို ငါဖုန်းချပြီ”

 

ဒီလိုနဲ့ တမာန်လဲ ဖုန်းချပြီး ကားကို အမြန်မောင်းခိုင်းလိုက်သည်။ ဒီလိုနဲ့ မကြာပါ နေ့လယ်၂နာရီလောက်တော့ သူတို့အားလုံး နယ်စပ်ဘက်သို့ ရောက်လာခဲ့ကြသည်။


“ပစ္စည်းတွေ ဘယ်မှာလဲ ငထက်”


“ဒီဘက်မှာပါ သခင်လေး”


ထိုအချိန် သေနတ်သံတစ်ချက် ကြားလိုက်ရသည်။


“ဟင်........ဒါ တေဇတို့ဘဲ အားလုံး ပစ္စည်းရှိတဲ့စီသွားကြ”


သူတို့အားလုံး ပစ္စည်းရှိရာ ဂိုထောင်နားစီသွားလိုက်ကြသည်။


“အဟွန်း........တွေ့ရတာ ဝမ်းသာပါတယ် ရာဇတ်တမာန်”


အသံနှင့်အတူ မှောင်ခိုလောကရဲ့ ဒုတိယဘုရင်ဖြစ်တဲ့ မိုးမင်းတေဇဆိုသူ တမာန်ရဲ့ အရှေ့သို့ သေနတ်တစ်လက်ကိုင်ကာ သူ့တပည့်များနှင့် ထွက်လာခဲ့သည်။


“ဝမ်းသာပါတယ် မိုးမင်းတေဇ”


“အဟွန်း....... ”


“ဒါနဲ့ ဘာကိစ္စ”


"မင်းအနောက် ဂိုထောင်ထဲက ပစ္စည်းကိစ္စပေါ့"


“အော်........ ဒီကိစ္စဆို မင်းလာရာလမ်းအတိုင်း ပြန်သွားသင့်တယ်နော် တေဇ”


“အဟွန်း........”


“ဒိုင်း......”


ထိုအချိန် တမာန်ရဲ့ လက်မောင်းအား တေဇ မပြောမဆိုနှင့် ပစ်ထည့်လိုက်သည်။

ဒါဟာ တေဇဘက်က စတိုက်ခိုက်ပြီဆိုတာ သိသဖြင့် နှစ်ဖက်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


“သွား မင်းတို့ ဂိုထောင်ကို အဓိကကာကွယ်ကြ ငါ့ကိုကာကွယ်စရာမလိုဘူး ကြားလား”


“ဟုတ်”


“အဲ့ဒါဆို အမြန်သွားတော့”


ဒီလိုနဲ့ တမာန် ဂိုထောင် အနောက်ဘက်သို့ ပြေးလာခဲ့လိုက်သည်။ လက်ကလဲနာနေသဖြင့် သူ့အား သေနတ်ဖြင့် လာပစ်နေသူများကို ကောင်းကောင်းပြန်မပစ်နိုင်ပေ ။ 


“မဖြစ်ဘူး တေဇဆိုတဲ့ကောင်က ငါလူတွေကို အရင်ပစ်မှာသေချာတယ် ဟိုမိန်းမအမြန်ရောက်လာမှ ဖြစ်မယ်”


ဆိုကာ တမာန် ဂိုထောင်နှင့် ခပ်ဝေးဝေးဘက်ကို ထွက်လာခဲ့လိုက်သည် ။ ဟိုမှာဘာဖြစ်နေတယ်ဆိုတာထက် သူ့လက်ကဒဏ်ရာကို ဦးစားပေးရမည်မလား။ 


“အဟွန်း.......ဘယ်ပြေးမှာလဲ တမာန်”


သူတောဘက်သို့ ထွက်လာချိန် အနောက်ပါးမှ ကြားလိုက်ရတဲ့ အသံကြောင့် တမာန် သစ်ပင်တစ်ပင်အနောက်သို့ ဝင်ပုန်းလိုက်သည်။


“အား.......ကျစ်.......”


သူ့လက်က ဒဏ်ရာက သွေးတော်တော်ထွက်နေသည်။


“အဟွန်း.......မင်းက ဒီမှာကို တမာန်”


ဆိုကာ တေဇ တမာန်ရဲ့ ဦးခေါင်းနားအား သေနတ်ဖြင့် ချိန်လိုက်သည်။


“မင်းငါ့ကိုပစ်မှာသေချာပြီလား တေဇ”


“အဟွန်း.......”


ထိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် တမာန်ရဲ့ ဖုန်းဝင်လာခဲ့သည် ။

တမာန်လဲ တေဇအား ကြောက်မနေဘဲ ချက်ချင်းပင် ကိုင်လိုက်သည်။


“ဟယ်လို......”


“စပီကာဖွင့်”


တေဇအပြောကြောင့် တမာန် စပီကာဖွင့်လိုက်သည်။

ထိုအချိန် တစ်ဖက်စီမှ ကြားလိုက်ရတာက


“ရှင်တို့ ကျွန်မကို ဘယ်ခေါ်လာတာလဲ လွှတ် လွှတ်လို့”


”ဟာ.......$စကားအရမ်းများတာဘဲ ဖြောင်း.......”


“ဟင်......ဒါ”


“ဒီအသံကို မှတ်မိတယ်မလား တေဇ”


“တောက်.......မင်း သက်နဲ့ အခုကိစ္စနဲ့က ဘာမှမဆိုင်ဘူး”


“အဟွန်း.......ငါဒါတွေမသိဘူး ဟယ်လို သူ့ကို ဂိုထောင်အနောက်ဘက်က တောထဲခေါ်လာခဲ့ ငါစောင့်နေမယ်”


“ဟုတ်ကဲ့ပါ သခင်လေး ”


ဒီလိုနဲ့ တစ်ဖက်မှ ဖုန်းချသွားတော့သည် ။


“မင်း သက်ကို တစ်ခုခုလုပ်ကြည့် မင်းအသေဘဲ တမာန်”


“အဟွန်း.......”


တမာန် တစ်ချက်ပြုံးလိုက်ပြီး တေဇလက်ထဲက သေနတ်အား အဝေးသို့ရောက်သွားအောင် ပစ်ပေးလိုက်သည်။


“အခု မင်းငါ့နောက် အေးအေးဆေးဆေးလိုက်ခဲ့မှာလား မလိုက်ဘူးလား မလိုက်ရင်တော့ သိတယ်နော် မင်းမဟေသီလေး အသက်ရှင်ရမယ် မထင်နဲ့”


“တောက်.......”


တေဇ တောက်တစ်ချက်ခေါက်လိုက်ပြီး ဒေါသထွက်ထွက်ဖြင့် လိုက်သွားလိုက်သည်။

ဟိုရောက်တော့ တေဇအား အပြေးလာဖက်လာတဲ့ သက်။


“ကို ”


“သက် ဘာမှမဖြစ်ဘူး မကြောက်နဲ့ ”


“ငါ့အရှေ့မှ အလွမ်းတည်ပြမနေနဲ့ ငထက် အဲ့မိန်းမကို ဒီကို ခေါ်လာခဲ့”


“ဟုတ်”


“ဟင့်အင်း ကျွန်မမလိုက်ဘူး မလိုက်ဘူး”


‌သက်ကိုကော တေဇကိုပါ တမာန်ဘက်က လူများက ချုပ်ထားလိုက်ကြသည်။


“အဟွန်း.......ငါ့ကို ကစားသွားတာ တော်တော် ပျော်တယ်ပေါ့ ဟုတ်လား တေဇနဲ့သက်”


“တောက်......”


“အခုငါမင်းတို့ကို ဘယ်လိုလုပ်ရမလဲ ငါ့ပစ္စည်းတွေကို..... ”


“သခင်လေး အနောက်မှာ သူတို့ဘက်က လူတွေပစ္စည်းခိုးနေကြပြီ”


“ဘာ........”


လူတစ်ယောက်အပြောကြောင့် တမာန်ဒေါသအလွန်ထွက်သွားရသည်။


“ဒါမင်းတို့ရဲ့ ဒုတိယလက်နက်ပေါ့ ဟုတ်လားတေဇ”


“မင်းထင်ချင်သလိုထင်ပေါ့ ဒါပေမယ့် တစ်ခုတော့မှတ်ထား အဲ့ပစ္စည်းတွေကို ငါဘဲရရမယ် ”


“အဟွန်း.......”


တမာန် သူတို့အား မဲ့ပြုံးတစ်ချက်ပြုပြလိုက်ပြီး ဂိုထောင်ဘက်သို့ သူ့တပည့်အချို့နှင့် ထွက်လာခဲ့သည်။


“သွား သူတို့ကို တစ်ခေါက်လောက် ပညာပေးလိုက် ငထက်”


“ဟုတ်”


ဇွဲထက် ဂိုထောင်နား အနီးကပ်သွားလိုက်ကာ ပစ္စည်းအဓိက ယူနေတဲ့ လူတစ်ယောက်ရဲ့ လက်ဖျံအား သေနတ်ဖြင့် ပစ်ထည့်လိုက်သည်။


“အား........ နောက်ဆုတ် ”


‌ဒီလိုနဲ့ ဂိုထောင်အနောက်ဘက်တွင် တိုက်ခိုက်မှုဖြစ်နေစဉ် တေဇနဲ့သက် သူတို့ကို ချုပ်ထားတဲ့ လူများအား မရမက ဖယ်ထုတ်လိုက်ကာ သူတို့လက်ထဲမှ သေနတ်ယူလိုက်ပြီး အနောက်ဘက်သို့ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။


“သတိထားနော် သက်”


“ဟုတ်”


“အရမ်းချစ်တယ် ”


“အဟွန်း.......အတူတူပါဘဲ”


ဒီလိုနဲ့ တေဇအရှေ့မှ သွားလိုက်ပြီး တိုက်ခိုက်နေတဲ့ကြားက အနောက်ဆုံးမှာ ရပ်နေတဲ့ တမာန်အား သေနတ်ဖြင့် ချိန်လိုက်သည်။

တမာန်ကတော့ အေးဆေးဖြင့်သာ တေဇအားကျောပေးပြီး ရပ်နေမိသည်။ တေဇ တမာန်အား သေနတ်ဖြင့် ပစ်ရန်ချိန်နေသည်ကို သိတဲ့ ဇွဲထက်သီဟဆိုသူက တမာန်နား အပြေးလာခဲ့လိုက်ကာ


“သခင်လေး”


“ဒိုင်း........”


“ဟင်........”


“အဟွတ်........”


စာဖတ်သူလေးများ အားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။


ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏။


rate now: