book

Index 16

အပိုင်း(၁၆)

"ဦးရဲ့အမုန်း"


"ဟင်........"


သူတို့အိမ်လဲရောက်ရော ပန်းအိုးများကကွဲနေပြီး တမာန်ရဲ့ တပည့်တစ်ချို့ မြေပြင်ပေါ်၌ ဒဏ်ရာတွေကြောင့် လဲနေကြသည် ။ တမာန် ကားပေါ်ကနေ အလျင်အမြန်ပင် ဆင်းလိုက်ပြီး သူ့တပည့်တွေရှိရာစီ လာခဲ့လိုက်သည် ။


"ဘယ်လိုဖြစ်ကြတာလဲ"


"တေဇတို့အဖွဲ့ မြေအောက်ခန်းက မိန်းကလေးကို ခေါ်သွားကြပြီ"


"ဘာ......တောက်.....မင်းတို့ ဘာလို့ အဲ့မိန်းမကို အလွှတ်ပေးလိုက်ရတာလဲ"


"သူတို့ဘက်က လူအင်အားများတာမို့ ကျွန်တော်တို့ သူတို့ကို နိုင်အောင်မတိုက်နိုင်ခဲ့ပါဘူး"


"ဟာ........ခွပ်........"


တမာန် စိတ်တိုတိုနဲ့ နံရံအား လက်သီးဖြင့် ထိုးလိုက်သည်။


"‌တောက်.......အဲ့မိန်းမက အစကတည်းက တေဇတို့နဲ့ တစ်ဖွဲ့တည်းဆိုတာ ငါသိခဲ့သင့်တယ် အခုတော့.......ဟာ........"


"ဦး......"


တမာန်နောက်တစ်ကြိမ် နံရံအား ထိုးဖို့ပြင်လိုက်စဉ် အနောက်ပါးစီမှ နှောင်းရဲ့အသံလေးကြောင့် ထိုးဖို့ပြင်နေတဲ့ လက်သီးများ သူ့အလိုလို ရုတ်သိမ်းသွားတော့သည်။


"ဦး ဒေါသထွက်တိုင်း အခုလို‌ ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်ပါနဲ့"


'မသိဘူး ခလေး ကိုယ်အရမ်းအခဲ့တာ အဲ့မိန်းမ အကြံနဲ့လာတယ်ဆိုတာ ကိုယ်အစောကြီးကတည်းက သိသင့်တာ အခုတော့ ဟာ.......ခွပ်.......ခွပ်........"


တမာန် ဒေါသတွေ ထိပ်ဆုံးသို့ရောက်ကာ နံရံအား အဆက်မပြတ်ထိုးနေတော့သည်။ မာကျောတဲ့ နံရံတွေကြောင့် တမာန်ရဲ့လက်‌မှ သွေးများစီးကျ လာတော့သည်။


"ဦး.......တော်တော့လို့"


နှောင်းရဲ့ အော်သံကြောင့် တမာန် နှောင်းဘက်သို့ လှည့်လာခဲ့သည်။ 


"အဟင့်........"


တမာန် နှောင်းဘက်သို့ လှည့်လာချိန် သူမလေးက မျက်ရည်များ ကျနေလေပြီ။


"ဟင်........ခလေး ဘာလို့ငိုနေတာလဲ ခလေးရဲ့"


"အဟင့်.........ဦးကို တော်တော့လို့ ပြောနေတယ်လေ "


"ကိုယ်အခဲ့တာအတွက် ကိုယ့်ကိုကိုယ်အပြစ်ပြန်ပေးတာပါ ခလေးရာ"


"မပေးနဲ့ နှောင်းမကြိုက်ဘူး ဦးကအလဲမအဘူး မှားခဲ့တာလဲ မရှိဘူး ဦးမှာ အပြစ်ပေးရမဲ့ အချက်ဘာမှမရှိဘူး ဒါကြောင့် ကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်ပါနဲ့ "


"ဟုတ်ပါပြီ ကိုယ်မလုပ်တော့ပါဘူး"


"အဟင့်......."


တမာန် နှောင်းကိုယ်လေးအား ဖက်ထားပေးလိုက်သည် ။

အပြင်ကသာ သူမလေးအတွက် ပြုံးနေရပေမယ့် စိတ်ထဲကတော့ အိမ်အထိလာတိုက်သွားတဲ့ တေဇဆိုသူနှင့် သက်မြတ်မိုးခင်တို့ကို သတ်ချင်စိတ်တစ်ဖွာဖွာ ဖြစ်နေသည်။


"ဒါဆို ခလေး‌အပေါ်ကို တက်ပြီး ခဏလောက်သွားနားလိုက်နော် ကိုယ်ခဏနေကြရင် တက်လာခဲ့မယ် ဟုတ်ပြီလား"


"ဟုတ်"


"အဟွန်း......."


တမာန် နှောင်းအားပြုံးပြလိုက်ပြီး ဘယ်လက်လေးဖြင့် သူမခေါင်းလေးအား ဖွဖွလေးပွတ်ပေးလိုက်သည်။


"ဒါနဲ့ ဦးရဲ့လက်"


"ဘာမှမဖြစ်ဘူး ကိုယ်ခဏနေကြရင် ဆေးလိမ်းလိုက်မယ်"


"နှောင်းလိမ်းပေးမယ် ခဏနေအပေါ် တက်လာခဲ့နော်"


"ဟုတ်ပါပြီ"


ဒီလိုနဲ့ နှောင်းလဲ အပေါ်သို့ တက်လာခဲ့လိုက်သည် ။


"ဟိုကောင်တွေက သတ္တိတော်တော်ရှိနေတယ်ပေါ့ ငါ့အိမ်ထိလာတိုက်ရဲတယ်ဆိုတော့ "


"ဟို........သခင်လေး သူတို့နောက်တစ်ပါတ်လှုပ်ရှားမယ်ဆိုတာ သေချာပါပြီ"


"ကောင်းတာပေါ့ အဲ့အချိန်မှ မင်းနဲ့ငါနဲ့တွေ့ကြတာပေါ့ တေဇ မင်းရဲ့ မဟေသီလေးကို ငါဘာလုပ်မယ်ဆိုတာ မင်းစောင့်ကြည့်နေလိုက်ပါ"

"ဒါဆို နောက်တစ်ပါတ်ကြရင် သူတို့အားလုံး နယ်စပ်ဘက်ကိုလာလိမ့်မယ် အဲ့အချိန်ကြရင် မင်းတို့အဖွဲ့က တေဇအိမ်က ဟိုမြေအောက်ခန်းက မိန်းမကို သွားဖမ်းလာခဲ့ ကြားလား"


"ဟုတ် "


"ဒါဆို အခုနောက်အပါတ်အတွက် ကြိုပြီးပြင်ထားလိုက်ကြ အမှားလုံးဝမပါစေနဲ့ ကြားလား "


"ဟုတ်ကဲ့ပါ သခင်လေး"


"ဒါဆို ငါသွားပြီ ဖန်ကွဲစတွေ ရှင်းဖို့လူခေါ်လိုက် "


"ဟုတ်"


"မင်းတို့လဲ ကိုယ့်ဒဏ်ရာကိုယ် ပျောက်အောင်လုပ်ကြအုံး နောက်တစ်ပါတ်ကြရင် အခြေအနေတွေက ဘယ်လိုလာမလဲမသိဘူး "


"ဟုတ်"


"ဒါဆို ငါအပေါ်တက်ပြီ"


"ဟုတ်"


တမာန်လဲ လက်သီးကို ကျစ်ကျစ်ပါအောင်စုပ်ပြီး အပေါ်သို့တက်လာခဲ့သည်။


"ဟင်........ခလေး အဲ့မှာဘာထိုင်လုပ်နေတာလဲ"


"ဦးကိုဆေးထည့်ပေးမလို့လေ "


"အဟွန်း......."


"လာ ရီမနေနဲ့ "


"ဟုတ်ပါပြီဗျာ"


ခဏကထွက်လာတဲ့ ဒေါသတွေ အခုသူမလေး မျက်နှာကို နောက်တစ်ခေါက်ပြန်မြင်မှ လျော့သွားတော့သည်။

နှောင်း တမာန်ရဲ့လက်လေးက သွေးများထွက်နေတဲ့ ဒဏ်ရာလေးကို ဆေးလိမ်းပေးလိုက်သည်။


"အား.......နာတယ် ခလေးရဲ့"


"ဒါဆို ဖြေးဖြေးလေးလိမ်းပေးမယ် ဟုတ်ပြီလား"


"မရဘူး "


"ဒါဆိုဘယ်လိုလုပ်ပေးရမှာလဲ"


"ဒီနားမှာနမ်းပေး"


ဆိုကာ တမာန် သူ့ပါးလေးအား လက်ညိုးလေးဖြင့် ထိုးပြနေသည်။


"မနမ်းဘူး"


"မရဘူး နမ်းလို့ မနမ်းရင် ကိုယ့်လက်က ဒဏ်ရာက မပျောက်တော့ဘူ ခလေးရဲ့"


"မပျောက်လဲနေပေါ့"


"ရတယ်လေ ခလေးက အဲ့လိုပြောတော့လဲ နောက်နေ့ကစပြီး ဘယ်တော့မှ ကိုယ့်ကို လာစိတ်မပူနဲ့တော့ အခုလဲ လက်ကဒဏ်ရာကို ဆေးမထည့်ပေးနဲ့တော့ ဟုတ်ပြီလား"


ဆိုကာ တမာန် ဆိုဖာပေါ်ထိုင်နေရာမှ ထလိုက်သည်။


"ဦး......နေအုံးလေ နှောင်းကစတာကို"


"စလဲ ကိုယ်ကတော့ အတည်ယူလိုက်ပြီ"


"ဟာ......ဦး စိတ်မစိုးပါနဲ့ "


"စိုးတယ်"


"ရတယ်လေ မွ......"


နှောင်း တမာန်ရဲ့အနောက်မှ ခြေဖျားလေးထောက်ကာ သူ့ပါးလေးအား နမ်းလိုက်သည်။


"ဟင်........"


တမာန် မျက်လုံးလေးပြူးလျက်ဖြင့် သူမဘက်သို့ လှည့်လာခဲ့သည်။


"နောက်တစ်ခါ စိတ်မစိုးနဲ့ စိတ်စိုးရင် အခုလိုအပြစ်ပေးမှာ ကြားလား"


"နောက်တစ်ခါ ပါးမဟုတ်ဘဲ နှုတ်ခမ်းလေးကို အပြစ်ပေးပါလားဟင် ခလေး"


"ဘာ........ ဦးနော် "


"ကိုယ် စိတ်စိုးနေတုန်းဘဲ ခလေး အဲ့တော့ နောက်တစ်ခါ ပြန်နမ်းအုံး"


"ဘာ......"


နှောင်း သူ့စကားနှင့်သူ ပြန်ပတ်သွားသဖြင့် ရှက်သွားကာ ခေါင်းလေးငုံ့ထားလိုက်သည်။


"ဘာလို့လဲ ကိုယ်စိတ်စိုးတုန်းလေး ခလေးဘဲ ခဏကပြောတော့ စိတ်စိုးရင် ပါးကိုနမ်းပြီး အပြစ်ပေးမှာစို အဲ့တော့ အခုအပြစ်ပေးတော့လေ ခလေး"


တမာန် သူမအရပ်လေးနဲ့ ညီသွားအောင် ခါးလေးကုန်‌လိုက်ပြီး ပြောလိုက်သည်။


"ဘာလဲ အခုမှ ရှက်သွားတယ်ပေါ့ ဟုတ်လား မွ......."


တမာန် ပြောရင်းဖြင့် ခေါင်းလေးငုံ့နေတဲ့ သူမလေးကို အောက်ကနေ ပါးလေးအား နမ်းပေးလိုက်သည်။


"ဟာ.......ဦး"


"အဟွန်း......."


"ဘာလဲ ဦးက နှောင်းကို တစ်ကယ်ချစ်တာမဟုတ်ဘဲ နမ်းချင်လို့ ချစ်တာလား ဟမ်"


ခါးလေးထောက်ပြီး ပြောလိုက်တဲ့ သူမလေးက တမာန်အတွက် အသဲယားဖွယ်ကောင်းလှသည်။


"ဒီက‌ခလေးကို နမ်းချင်လို့ချစ်ရတာ မဟုတ်ရပါဘူးဗျာ"


"ဒါဆို ဘာလို့ နမ်းဘဲလာနမ်းနေတာလဲ"


"ချစ်လို့ ခလေးကို ချစ်လို့နမ်းတာ နမ်းချင်လို့ချစ်တာ မဟုတ်ဘူး ချစ်ရလွန်းလို့ ဒီက ခလေးလေးကို ကိုယ်အရမ်းချစ်လို့ သိလား ခလေး"


ဆိုကာ တမာန်သူမကိုယ်လေးအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။


"နှောင်းလဲ ချစ်ပါတယ် အခုလောလောဆယ်တော့ နှောင်းကိုလွှတ်ပေးအုံး နှောင်းအသက်ရှူရကြပ်တယ်"


"ဟုတ်ပါပြီဗျာ"


"လာ ဒါဆို ဒဏ်ရာကို ဆေးပြန်ထည့်ရအောင်"


"ဟုတ်"


"အဟွန်း........"


တမာန် လက်လေးနောက်ပစ်ကာ ခေါင်းလေးငုံ့လိုက်ပြီး ပြောလိုက်သဖြင့် နှောင်း သဘောကျစွာ ရီလိုက်သည်။ ဒီလိုနဲ့ နှောင်း တမာန်ရဲ့ ဒဏ်ရာကို ဆေးပြန်ထည့်ပေးလိုက်ပြီး ပတ်တီးလေးစီးပေးထားလိုက်သည်။ ထို့နောက် တမာန်အဝတ်စား လဲလိုက်ပြီး နှောင်းနှင့်အတူ အိမ်အောက်ထပ်သို့ ညစာချက်ဖို့ ဆင်းလာခဲ့လိုက်သည်။


"ခလေး ဘာစားချင်လဲ"


"ဦးကြိုက်တာချက် အကုန်စားမယ်"


"အဟွန်း........"


သူမလေးအပြောကြောင့် တမာန် သဘောကျစွာရီလိုက်ပြီး သူမနဖူးလေးကို နမ်းလိုက်ကာ ဟင်းချက်ဖို့ မီးဖိုခန်းထဲဝင်သွားလိုက်သည်။

နှောင်းလဲ တမာန်အနောက်မှ လိုက်ဝင်လာခဲ့ပြီး ဘေးနားရှိ ထိုင်ခုံလေး၌ထိုင်နေလိုက်သည်။


"ဦးက ဟင်းကောင်းကောင်း ချက်တက်တယ်နော်"


"ဟုတ်တယ် ကိုယ်အသက်၁၇လောက်က စာဖိုမှူးသင်တန်းတက်ဖူးတယ် စာဖိုမှူးဖြစ်အောင်မို့လေ"


"ဒါဆို ဦးက ဟင်းချက်ဝါသနာပါတာပေါ့"


"မပါဘူး "


"ဟင်........ ဒါဆိုဘာလို့ စားဖိုမှူးသင်တန်းတက်သေးလဲ"


"ကိုယ်ငယ်ငယ်တုန်းက ဟင်းကောင်းကောင်းမစားခဲ့ရဘူး တစ်ခါတစ်လေ တစ်နေ့လုံးမှ ထမင်းတစ်နပ်စားခဲ့ရတဲ့ အချိန်တွေတောင်ရှိဖူးတယ် "


"ဘာလို့လဲဟင်"


"ဟူး........ကိုယ်မိဘတွေပေါ့ ကိုယ်ပြောပါတယ် အိမ်မှာ ထမင်းဟင်းချက်ဖို့ လူတစ်ယောက်လောက်ခေါ်ပေးဆိုတော့ ကိုယ်အဖေက မှောင်ခိုလုပ်တာဆိုတော့ ယုံရတဲ့လူဆိုတာ မရှိဘူးဆိုပြီး အိမ်ကို အိမ်ဖော်တစ်ယောက်မှ မငှားဘူးလေ ကိုယ့်အမေကလဲ ကမ္ပဏီတစ်ဖက်နဲ့ဆိုတော့ ကိုယ့်ကို ဂရုမစိုက်နိုင်ဘူး အဲ့ဒါနဲ့ဘဲ ကိုယ်က ကိုယ့်အမေ ကိုယ့်ကိုသတိရမှ ထမင်းစားရတာဘဲ တစ်ခါတစ်လေ ကိုယ့်အမေက ကမ္ပဏီမှာ meetingရှိလို့ မအားရင် ကိုယ့်ကိုလဲသတိမရ ကိုယ်ကလဲ ငတ်ပေါ့ အဟွန်း........တော်တော်ရီရတယ် ဒီအဖြစ်က အဲ့ဒါကြောင့်နဲ့ဘဲ ကိုယ်လဲ ဟင်းချက်တက်အောင် စားဖိုမှူးသင်တန်းတက်ခဲ့တာ ဒါမှ ဗိုက်ဆာခံနေစရာမလိုဘဲ ကိုယ်စားချင်တဲ့အချိန် ထချက်စားလို့ရတာပေါ့ "


"အော်........ဒါဆို နောက်နေ့ကစပြီး နှောင်း ဟင်းချက်တက်အောင်သင်ပြီး ဦးကို ဟင်းကောင်းကောင်းလေးတွေ ချက်ပေးမယ်နော်"


"ရပါတယ် ခလေးရဲ့ ကိုယ်ကကိုယ့်ခလေးကို ဘာမှမခိုင်းဘူး ဟင်းလဲ ကိုယ်ဘဲချက်ကျွေးမှာ ဟုတ်ပြီလား"


"အဟွန်း........ ဒါပေမယ့် ဦးမအားတဲ့နေ့ကြရင် ဦးကနှောင်းကို ဘယ်လိုချက်ကျွေးမှာလဲ"


"ခလေးအတွက်ဆို ကိုယ်ကအချိန်တိုင်းအားတယ် "


"ဟွန်း.......စကားတွေတော်တော်တက် "


"အဟွန်း........"


ဒီလိုနဲ့ ခဏကြာတော့ တမာန်လဲ ဟင်းချက်ပြီးသွားပြီ။ ဒါကြောင့် နှစ်ယောက်သား အတူတူညစာစားလိုက်ကြသည်။ 


"ဒီနေ့စားတာ များသွားပြီထင်တယ်"


"များသွားပြီဆို ဘာလို့အများကြီးစားသေးလဲ ခလေးရဲ့"


"ဦးလက်ရာက ကောင်းတာကို "


"တစ်ကယ်ပေါ့"


"တစ်ကယ် ဒါနဲ့ နှောင်း ဒီရက်ပိုင်း နည်းနည်းဝလာသလိုဘဲနော် ဦး"


"ပုံမှန်ပါဘဲ ခလေးရဲ့ ဝလဲမဝသလို ပိန်လဲမပိန်ဘူး"


"မဟုတ်ဘူး နှောင်းနည်းနည်းဝလာတယ် ဦးရဲ့"


"ဝလဲဘာမှမဖြစ်ဘူး ကိုယ်ရဲ့ခလေး ဝတာဘဲဖြစ်ဖြစ် ပိန်တာဘဲဖြစ်ဖြစ် ကိုယ်ကတော့ အမြဲတမ်းချစ်နေမှာဘဲ ဟုတ်ပြီလား"


"အဟွန်း......."


"လာ ဒါဆို အပေါ်တက်စို့ ခလေး"


"ဟုတ်"


ဒီလိုနဲ့ နှစ်ယောက်သား အပေါ်ထပ်သို့ တက်သွားလိုက်ကြသည်။


"ခလေးဒီမှာ ခဏထိုင်နေအုံးနော် ကိုယ် ဖုန်းဆက်စရာလေးရှိသေးလို့ သွားဆက်လိုက်အုံးမယ်"


"ဟုတ်"


တမာန် ဖုန်းလေးအား ကောက်ကိုင်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူ့ရဲ့တပည့်ဖြစ်သူ ဇွဲထက်သီဟအား ဖုန်းခေါ်လိုက်သည်။


တီ......

"ဟယ်လို"


"ငထက် ငါ"


"အော်....သခင်လေး"


"နောက်တစ်ပါတ်အတွက် ကြိုပြင်ထားလိုက်တော့ "


"ဟုတ်"


"ငါလဲ နောက်တစ်ပါတ် မင်းတို့စီလာခဲ့မယ် "


"ဟုတ် "


"ဒါဆို ငါဖုန်းချတော့မယ် ငါလာမှာသေချာသလို တေဇတို့လာမှာလဲ သေချာတယ်ဆိုတာ မင်းတို့သိတယ်မလား"


"ဟုတ် သိပါတယ် "


"အင်း.......ဒါဆို ငါဖုန်းချပြီ ဇေထက်နောင်ကို သွားမပြောနဲ့နော် ငထက်"


"ဟုတ် မပြောပါဘူး"


"အေး....သူက အခု မင်္ဂလာဆောင်တော့မှာဆိုတော့ ထိခိုက်မိလို့မဖြစ်ဘူး ဒါကြောင့်"


"အော်.......ဇေထက်က မင်္ဂလာဆောင်တော့မှာလား"


"ဟုတ်တယ် ဒီနေ့ဘဲ သွားတောင်းပြီးပြီ မင်းတို့ဇေထက်က မယူခင်ကတည်းက သူ့မိန်းကလေးကို အိမ်ခေါ်သွားတာ အဲ့တော့ မယူရင်မဖြစ်တော့ဘူ"


"အဟွန်း ....... ဇေထက်က မထင်ရဘူး"


"ဟုတ်တယ် မင်းတို့ကတော့ ဇေထက်ကို သွားအတုယူမနေနဲ့နော် "


"မယူပါဘူးဗျာ"


"ပြီးသာဘဲ မင်းတို့က ငါ့ကိုအတုယူ ဇေထက်ကို အတုမယူနဲ့ ကြားလား"


"ဟုတ်"


"ဒါဆို ငါဖုန်းချပြီ"


"ဟုတ်"


ဒီလိုနဲ့ တမာန်ဖုန်းချလိုက်ပြီး အပေါ်သို့ တက်လာခဲ့သည်။


"ခလေး အိပ်ပြီလား"


သူဘက်ပြောလိုက်ပေမယ့် ဘာမှမတုန့်ပြန်လာတဲ့ နှောင်းကြောင့် နှောင်းအိပ်နေရာ ကုတင်နားစီလာခဲ့လိုက်သည်။


"ဟင်.......အိပ်ပျော်နေပြီဘဲ အဟွန်း....... မွ"


တမာန် သူမနဖူးလေးအား အနမ်းပေးလိုက်ပြီး သူလဲ ဆိုဖာရှိရာသို့ လာလိုက်ကာ အိပ်လိုက်တော့သည်။


စာတိုသွားရင် တောင်းပန်ပါတယ်။🙏

စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။


ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏


rate now: