"ဦးရဲ့အမုန်း"
"ရောက်ပြီ ဆင်းကြတော့"
ဒီလိုနဲ့ လေးယောက်သား ကားပေါ်ကနေဆင်းလိုက်ကြပြီး အိမ်ထဲသို့ ဝင်သွားလိုက်ကြသည်။
"မာမီ"
အသံလာရာသို့ ဒေါ်မြလဲ့ရည်ကော ဦးထွဋ်ခေါင်ရှင်းပါ လှည့်ကြည့်လိုက်သည် ။
"ဟင်....…...သမီး"
"မာမီ"
ဒေါ်မြလဲ့ရည် သူ့သမီးနားပြေးသွားလိုက်ကာ ပွေ့ဖက်ထားလိုက်သည် ။ ဦးထဋ်ခေါင်ရှင်းကတော့ တမာန်နဲ့ဇေထက်ကို စူးစိုက်ကြည့်နေသည် ။
"သမီးမနေ့ည တစ်ညလုံး ဘယ်တွေသွားနေတာလဲ ဒီမှာ သမီးဒယ်ဒီနဲ့မာမီ ဘယ်လောက်စိတ်ပူနေရလဲဆိုတာ သမီးသိလား"
"အဟင့်......သမီး သမီး ဒယ်ဒီနဲ့ မာမီကိုတောင်းပန်ပါတယ်"
"သမီးရယ် တောင်းပန်စရာမလိုပါဘူး ဒါနဲ့ သူတို့က"
"ကျွန်တော်တို့က အန်တီရဲ့သမီးလေး လဲ့ရည်ရှင်းသန့်ကို လာတောင်းတာပါ အန်တီ"
ဇေထက်မပြောရဲသဖြင့် တမာန်က ကြားထဲမှ ဝင်ပြောပေးလိုက်သည်။
"ဟင်........"
"ဘာကွ မင်းတို့ "
"အန်ကယ်ရယ် စိတ်လျော့ပါအုံး "
"မင်း မင်းတို့အခုချက်ချင်းပြန်ကြတော့"
"ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ရင် အန်ကယ် နောင်တရလိမ့်မယ်နော်"
"ဘာ....... "
"အဟွန်း........အန်ကယ်ရဲ့သမီးနဲ့ ဇေ"
"ဦး"
"သခင်လေး"
နှောင်းကော ဇေထက်ပါ တမာန်ရဲ့အပြောကို တားလိုက်ကြသည်။
"ဘာမှမဖြစ်ဘူး ဒီကိစ္စက မကြာခင်သိရမှာဘဲလေ စောစောသိတာနဲ့ နောက်ကျမှသိတာဘဲ ကွာတာ ဒါကြောင့် စောစောပြောပြလိုက်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား ဇေထက်"
"ယောက်ခထီးကြီး ကျွန်တော့ကို မသတ်လောက်ဘူးဆို ပြောပြလိုက်ပါ"
"အဟွန်း.......စိတ်ချ မင်းရဲ့ ယောက်ခထီး မင်းကို သေအောင်တော့ မသတ်လောက်ဘူး အရှင်လတ်လတ်ဘဲ မြေမြုပ်ပစ်မှာ "
"ဟာ......သခင်လေး"
"အဟွန်း........"
"ပြောစရာရှိတာအမြန်ပြော ငါ့အရှေ့မှာ လာရီမနေနဲ့"
"ဖြည်းဖြည်းပေါ့ ဒီလို အန်ကယ်ရဲ့သမီး လဲ့ရည်ရှင်းသန့်နဲ့ ဒီဘက်က ကျွန်တော့ရဲ့ လက်ထောက်တပည့်လေး ဇေထက်နောင်နဲ့ မနေ့ကတစ်ညလုံး ကုတင်ပေါ်မှာ အတူတူရှိနေကြတယ်လို့ ပြောချင်လို့ပါ"
"ဘာ......."
"ဟုတ်တယ် အဲ့ဒါကြောင့် အခု အန်ကယ်ရဲ့ သမီးကို ဇေထက်နောင်က လာတောင်းတာပါ "
"လဲ့ ရည် ရှင်း သန့် "
ဦးထွဋ်ခေါင်ရှင်း သူ့သမီးအား ဒေါသထွက်စွာဖြင့် အော်ခေါ်လိုက်လေသည် ။
ရှင်း သူ့အမေရင်ခွင်ထဲက မထွက်ဘဲ ကုပ်ကုပ်လေးနေနေသည် ။
"လာစမ်း သမီးမိုက် ဖြောင်း........."
"ဟင်........"
ဦးထွဋ်ခေါင်ရှင်း သူ့သမီးအား ဒေါ်မြလဲ့ရည် ရင်ခွင်ထဲမှ ဆွဲလိုက်ပြီး သူမပါးသို့ စိတ်တိုတိုဖြင့် ရိုက်လိုက်မိသည် ။
"အဟင့်........အဟင့်.........."
ရှင်း ရင်ထဲတွင် နင့်ကနဲခံစားလိုက်ရပြီး သူ့ပါးသူပြန်ကိုင်ကာ မျက်ရည်များ ကျဆင်းလာတော့သည်။
"ခင်ဗျား........တောက်"
ဇေထက် လဲကျတော့မဲ့ ရှင်းရဲ့ ခန္ဓာကိုယ်လေးအား အလျင်အမြန်ပင် ထိန်းလိုက်သည် ။
ရှင်း ဦးထွဋ်ခေါင်ရှင်းရဲ့ လုပ်ရပ်ကြောင့် လန့်သွားကာ မေ့လဲသွားတော့သည် ။
"သမီး"
ဒေါ်မြလဲ့ရည် သူမလေးအနားသို့ အပြေးလေးဖြင့်သွားလိုက်သည် ။ ထို့နောက် နှောင်းလဲ ရှင်းအနားသို့ အပြေးလေးသွားလိုက်သည် ။
ဇေထက် သူမကိုယ်လေးအား ပွေ့လိုက်ပြီး ကားရှိရာစီသို့ လာခဲ့လိုက်သည် ။
"သခင်လေး ကျွန်တော် သူ့ကိုဆေးရုံသွားပို့လိုက်အုံးမယ်"
"အင်း.......သူလုံးဝကောင်းပြီဆိုမှ အိမ်ပြန်ခေါ်လာခဲ့ကြားလား"
"ဟုတ်"
"မင်းဘာမှ စိတ်မပူနဲ့တော့ မင်းတို့နှစ်ယောက်ကိစ္စအဆင်ပြေပြီလို့သာ မှတ်လိုက်တော့"
"ဗျာ"
"သွားတော့ သွားတော့ စကားများမနေနဲ့"
ဆိုကာ တမာန် ပုဆိုးနှင့် အင်္ကျီနှစ်ခုကြား ညှပ်ထားတဲ့ ကားသော့အား ထုတ်ပေးလိုက်သည်။
"ဟုတ်"
"ဦးနှောင်းလဲလိုက်သွားမယ်နော်"
"လိုက်သွားလိုက်လေ "
"ဟုတ်"
ထိုအချိန် ဦးထွဋ်ခေါင်ရှင်းလဲ သူတို့နောက်လိုက်ဖို့ ပြင်လိုက်စဉ် တမာန်အရှေ့မှ ပိတ်ရပ်လိုက်သည် ။
"မင်းဘာလုပ်တာလဲ"
"အန်ကယ် သူတို့နောက်လိုက်သွားလို့မရဘူး ဘာလို့လဲဆိုတော့ အန်ကယ်နဲ့ ရှင်းစရာလေးရှိသေးတယ်"
"ဘာကိစ္စလဲ အမြန်ပြော"
"လာပါ အန်ကယ်ရယ် အေးအေးဆေးဆေးထိုင်ပြီး ဆွေးနွေးကြတာပေါ့"
တမာန် ဦးထွဋ်ခေါင်ရှင်းလက်ကိုကိုင်ကာ ဧည့်ခန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။
ဒီလိုနဲ့အားလုံး ဆေးရုံသွားလိုက်ကြရာ အိမ်၌ တမာန်ရယ် ဦးထွဋ်ခေါင်ရှင်းရယ်သာ ကျန်ခဲ့တော့သည်။
"အခု ဘယ်လိုလုပ်ကြမှာလဲ"
"ဘာကိုလဲ"
"ဇေထက်နဲ့အန်ကယ့်သမီးကိစ္စလေ ဇေထက်ကတော့ အန်ကယ့်သမီးကို ယူပြီးရင် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားပါ့မယ်တဲ့"
"ဒါတွေငါမသိဘူး ငါအဲ့လို ဘာကိုယ်ပိုင်လုပ်ငန်းမှ မရှိတဲ့လူကို ငါ့သမီး အသက်တောင် မပြည့်သေးတဲ့ သူမနဲ့ မင်းရဲ့တပည့်နဲ့ကို ငါကဘယ်လိုပေးစားရမှာလဲ"
"အန်ကယ့်သမီးက မကြာခင် အသက်၁၈ပြည့်တော့မှာပါ အန်ကယ်ရဲ့ နောက်ပြီး သူတို့နှစ်ယောက်ကို အန်ကယ်မပေးစားရင် အန်ကယ့်သမီးကို အန်ကယ်က ဘယ်သူနဲ့သွားပေးစားမှာလဲ "
တမာန်အပြောကြောင့် ဦးထွဋ်ခေါင်ရှင်း တမာန်အား စူးစိုက်ကြည့်လိုက်သည်။
"အန်ကယ်နော် ကျွန်တော့ကို လာမကြည့်နဲ့ ကျွန်တော့မှာက လက်ထပ်မဲ့မိန်းကလေးရှိတယ်"
"မင်းနဲ့လဲ ငါ့သမီးကို မပေးစားပါဘူး"
"အဟွန်း....... ဒါဆို အန်ကယ်နဲ့ကျွန်တော်နဲ့ အပေးအယူတစ်ခုလုပ်ရအောင်"
"ဘာလဲ ငါ့ကိုပြောစရာရှိတာအမြန်ပြော ငါငါ့သမီးလေးကို အရမ်းစိတ်ပူနေတာပြီ"
"အန်ကယ်ကိုယ်တိုင်ဘဲ အန်ကယ်သမီးကိုရိုက်လိုက်ပြီးမှ အခုမှ စိတ်ပူတယ်လာပြောမနေပါနဲ့"
"မင်းပါးစပ်ပိတ်ထားလိုက်တော့ တမာန် ငါ့ကိုပြောစရာရှိတာ အမြန်ပြော"
"ကျွန်တော်မိဘတွေအတွက် အန်ကယ်ကို ခွင့်လွှတ်ပေးတယ် ဒါကြောင့် အန်ကယ်လဲ ဇေထက်နဲ့အန်ကယ့်သမီးကို သဘောတူပေးပါ"
ဦးထွဋ်ခေါင်ရှင်းတစ်ယောက် ဘာမှပြန်မပြောနိုင်ဘဲ ဒီတိုင်းသာ ထိုင်နေမိသည် ။
"ကျွန်တော အညှိုးတွေကို အန်ကယ်က မပြေခိုင်းစေချင်ဘူးထင်တယ် ဟုတ်လား အန်ကယ်"
တမာန် မတ်တပ်ရပ်လိုက်ကာ ဦးထွဋ်ခေါင်ရှင်းအနား သွားလိုက်ပြီး ပြောလိုက်သည် ။
"ဟို.......အဲ့လို မဟုတ်ပါဘူး ဖြစ်ပြီးပြီဆိုမှတော့ အန်ကယ်လဲ ဘာမှမတက်နိုင်တော့ဘူ ဒါကြောင့် အန်ကယ် မင်းအပေးအယူကို သဘောတူတယ်"
"အဟွန်း........ဟုတ်ပြီ ဒါကတော့ အန်ကယ့်သမီးအတွက် တင်တောင်းငွေပါ သိန်းငါးရာနဲ့ ကွန်ဒိုတိုက်ခန်းတစ်လုံး"
"ဘာလဲလက်မခံနိုင်ဘူးလား ဒီထက်များများပေးရအုံးမှာလား"
"ဟိုအဲ့လို မဟုတ်ပါဘူး အန်ကယ် ဘက်ကလဲ မင်းတို့ကို တောင်းပန်ပါတယ်"
"အခုဒီစကားတွေမလိုတော့ပါဘူး"
"အင်းပါ.........ဒီတင်တောင်းငွေတွေကို အန်ကယ် မယူပါဘူး သူတို့ကိုဘဲ ပြန်ပေးလိုက်ပါ "
"အဟွန်း.........ဟုတ်ပါပြီ"
"ဒါပေမယ့် အန်ကယ်ဘက်ကလဲ တစ်ခုလောက်တောင်းဆိုမယ် မောင်တမာန် ရတယ်မလား"
"ရပါတယ် ပြောကြည့်လေ"
"မင်းရဲ့လက်ထောက်ကို ငါ့ကမ္ပဏီမှာဘဲ အလုပ်လာလုပ်ခိုင်းပါလား"
"အဟွန်း.......သိပ်ရတာပေါ့"
"ကျေးဇူးပါကွာ"
"ရပါတယ် အန်ကယ်ရဲ့ သမတ်က လူကောင်းပါ ဆေးလိပ်တစ်လိပ်တောင် မသောက်ဖူးဘူး "
"ဒါပေမယ့် ညတိုင်းတော့ ကလပ်ရယ်barရယ်သွားတယ်မလား"
"အဟွန်း........ဒါကတော့ ယောင်္ကျားလေးဆိုတော့ နည်းနည်းသွားသောက်တာပေါ့"
"အန်ကယ်နားလည်ပါတယ် ဒါနဲ့ သမီးနွေထနှောင်း အန်ကယ့်ကို စိတ်စိုးသွားပြီလား"
"သူ့ဘက်ကဘယ်တော့မှ အန်ကယ့်ကို စိတ်မစိုးပါဘူး အန်ကယ်ဘက်ကသာ သူ့ကို မွေးစားသမီးအဖြစ်က စွန့်ပစ်ပေးခဲ့တာ"
"ဟင့်.......အန်ကယ်လဲအခု အဲ့ဒါတွေအတွက် နောင်တကောင်းကောင်းကြီးရနေပါပြီ အဲ့တုန်းက သမီးလေးရှင်းပြန်လာပြီဆိုတော့ သမီးအပေါ်စိတ်ပူလွန်ပြီး သမီးနှောင်းကို အခုလိုပြောလိုက်မိတာပါ နောက်ပြီး သမီးရှင်းထက် သမီးနှောင်း ပိုသာသွားမှာကို အန်ကယ်စိုးရိမ်ခဲ့မိတာပါ အခုအဲ့ဒါတွေအတွက် အန်ကယ် တစ်ကယ် နောင်တရနေပါပြီ ဟင့်........"
"အခုချိန် ပြန်တောင်းပန်ဖို့ မနောက်ကျသေးပါဘူး"
"ဒါဆို အန်ကယ်တို့ ဆေးရုံကို အမြန်သွားရအောင်"
"အင်း........"
ဒီလိုနဲ့ သူတို့နှစ်ယောက်လဲ ဆေးရုံရှိရာသို့ လာခဲ့လိုက်သည် ။
ထို့နောက် နှစ်ယောက်သား ဆေးရုံထဲသို့ အမြန်ဝင်သွားလိုက်ကြသည် ။
"သမီးလေး သမီးလေး ရှင်း ဆရာ အခြေအနေဘယ်လိုလဲဟင်"
"ကောင်းသွားပါပြီ ခဏနေရင် သတိရလာပါလိမ့်မယ်"
"ဟုတ်"
ဦးထွဋ်ခေါင်ရှင်း သူ့သမီးမျက်နှာလေးအား စိုက်ကြည့်ကာ မျက်ရည်များကျလာတော့သည်။
ခဏကြာ ရှင်းအနားလေး ထိုင်နေပြီးမှ ဦးထွဋ်ခေါင်ရှင်း ဇေထက်ဘက်ကို လှည့်လာခဲ့သည်။
ဇေထက် ဦးထွဋ်ခေါင်ရှင်းအကြည့်ကြောင့် ခေါင်းလေးငုံ့ကာ တံတွေးတစ်ချက်မြိုချလိုက်သည်။
"မင်း ငါ့သမီးကို ချစ်လား"
"ဗျာ......"
ဦးထွဋ်ခေါင်ရှင်းအမေးကြောင့် ဇေထက် ခေါင်းငုံ့နေရာမှ ပြန်ထောင်လာကာ မျက်လုံးပြူးသွားရသည်။
"ဟိတ်ကောင် ချစ်တယ်လို့ ပြောလိုက်လေ "
"ဟင်........"
"အမြန်ပြောလိုက်လေ ဇေထက်"
တမာန် ဇေထက်လက်မောင်းအား လှုပ်ရမ်းကာ တိုးတိုးလေး ပြောလိုက်သည်။
"ချစ်တယ်"
"ဘယ်သူ့ကိုလဲ "
"အန်ကယ့်သမီးကို"
"ငါ့သမီးက နှစ်ယောက်ရှိတာလေ ဘယ်တစ်ယောက်လဲ နာမည်ပြော"
"ဗျာ ဟို လဲ့ရည်ရှင်းသန့်ကိုပါ"
"အဟွန်း........ဒါမှပေါ့ ဘာလဲကိုမသိဘူး မေးတာကို ထစ်ငေါ့ထစ်ငေါ့နဲ့"
"အဟင်း........"
ဇေထက် မချိုမချဉ်လေးပြုံးပြလိုက်သည်။
"သမီးနှောင်း"
"ရှင်"
"ဖေဖေ့ စီလာပါအုံး "
ဦးထွဋ်ခေါင်ရှင်းခေါ်နေသဖြင့် နှောင်းလဲ ကုပ်ကုပ်လေးဖြင့် သွားလိုက်သည်။
"ဖေဖေတောင်းပန်ပါတယ် သမီးနှောင်းရယ် သမီးညီမလေးရှင်းတောင် ဘာမှမဖြစ်တာ ဖေဖေက သမီးကို ရှင်းထက်သာသွားမှာစိုးရိမ်ပြီး အခုလိုလုပ်လိုက်ရတာပါ ဒါကြောင့် ဖေဖေတောင်းပန်ပါတယ် သမီး "
"ရပါတယ် ဖေဖေရယ် "
"ဟင့်........."
"အော်.....ဒါနဲ့ မင်း ငါ့ကမ္ပဏီမှာ အလုပ်လာလုပ်ရမယ် ဘယ်လိုလဲ"
"ဗျာ....... "
"မကြားလိုက်ဘူးလား"
"ဟို သခင်လေး ခွင့်ပြုရင် လာလုပ်ပေးပါ့မယ်"
"မောင်တမာန်က ခွင့်ပြုပါတယ် မင်းသာ လုပ်မှာလား မလုပ်ဘူးလား ဆုံးဖြတ်"
"ဟို........လုပ်ပါ့မယ်"
"အဟွန်း........ဒါဆို နောက်နေ့ကစပြီး ငါကမ္ပဏီကို လာစရာမလိုတော့ဘူပေါ့"
"ဟင်........."
"ဟုတ်တယ်လေ မင်းဘဲငါ့ကမ္ပဏီမှာ အလုပ်လာလုပ်မယ်ဆို အဲ့တော့ လုပ်မဲ့လုပ် တစ်ခါတည်း ငါ့နေရာဝင်လုပ်လိုက်ပေါ့"
"ဗျာ ဒါဆို ကျွန်တောက အန်ကာ့်ကမ္ပဏီရဲ့ စီအီးအို ဖြစ်သွားမှာပေါ့"
"မင်းဖြစ်မှာ မဟုတ်ဘူး ငါ့သမီးဖြစ်မှာ ဒါပေမာ့် အခုလောလောဆယ်တော့ မင်းကငါ့နေရာ အရင်ဝင်လုပ်ထားပေါ့ ငါ့သမီးဘွဲ့ရမှ အတူတူ ကမ္ပဏီကို အုပ်ချုပ်ကြပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ်အန်ကယ်"
"မလိုပါဘူး"
"ဒါဆို ကျွန်တော်တို့လဲ ပြန်တော့မယ်နော်"
"အော်........အင်းပါ ကျေးဇူးပါ မောင်တမာန်"
"ရပါတယ် ဒါဆို သွားရအောင် ခလေး"
"ဟမ်........"
ဦးထွဋ်ခေါင်ရှင်း နှောင်းအားခေါ်လိုက်တဲ့ တမာန်ရဲ့အခေါ်အဝေါ်ကြောင့် အံ့ဩသွားရသည်။
"ဟို ကျွန်တော်နဲ့ နွေထနှောင်းနဲ့က ချစ်သူတွေဖြစ်နေပါပြီ အန်ကယ်"
"ဟင်.......မင်းတို့ ဆရာတပည့်နှစ်ယောက်က ငါ့သမီးနှစ်ယောက်လုံးကို စောစောထဲက ကြံထားတာပေါ့"
"အဲ့လိုမဟုတ်ပါဘူး ကျွန်တော်နဲ့ နှောင်းနဲ့က စောစောကတည်းက ချစ်သူတွေဖြစ်ပြီးသားပါ အဲ့ကောင်ဘဲ အခုမှ အန်ကယ့်သမီးကို လာချစ်တာ"
"ဟာ........သခင်လေး"
"ငါ့သမတ် စိတ်လျော့"
ဦးထွဋ်ခေါင်ရှင်းအပြောကြောင့် ဇေထက် ပြုံးသွားသည်။
"မင်းတို့နှစ်ယောက်လုံးကို ငါငါ့သမီးတွေနဲ့ သဘောတူတယ် ဟုတ်ပြီလား"
"ဟုတ် ဒါဆို ကျွန်တော်တို့ပြန်လိုက်ပါအုံးမယ်"
"ဒါနဲ့ မင်းက သမီးနှောင်းကို မယူရသေးဘူးလေ အဲ့ဒါကို ဘာဖြစ်လို့ မင့်အိမ်ကိုခေါ်သွားမှာလဲ"
"ဟို အန်ကယ်စိတ်မပူပါနဲ့ ကျွန်တော်နှောင်းကို တရားဝင်လက်မထပ်ရမချင်း ဆံပင်မွှေးလေးကစ မထိပါဘူး အန်ကယ်ရဲ့"
ထိုစကားကြောင့် နှောင်း တမာန်ကို မျက်စောင်းလေးထိုးလိုက်သည်။
"ဒါဆို နှောင်းတို့ပြန်ပြီနော် ဖေဖေနဲ့မေမေ"
"ဟုတ်ပါပြီ"
"ဟုတ်"
"ငါပြန်ပြီနော် ဇေထက်"
"ဟုတ် ကျေးဇူးအများကြီးတင်တယ်နော် သခင်လေး"
"ကျေးဇူးတင်ရင် ညကြရင် လိုက်တိုက် ကြားလား"
"ရတာပေါ့"
"ဦး......."
"အဟဲ........"
"ကျစ်......."
နှောင်း မျက်စောင်းလေး ထိုးလိုက်ပြီး ဆေးရုံအခန်းထဲမှ ထွက်လာခဲ့တော့သည်။
"သွားပြီ သွားပြီ ဟိုမှာ ခလေးစိတ်ကောက်သွားပြီ"
ဆိုကာ တမာန် အလျင်အမြန်ပင် နှောင်းအနောက်သို့ အပြေးလေးလိုက်သွားလိုက်သည် ။
"ခလေး ခလေးလို့"
"ဦး ဘာလို့ အကျယ်ကြီး လိုက်အော်နေတာလဲ ဒီမှာ သူများတွေရှိသေးတယ်"
"အဲ့ဒါတွေ မသိဘူးကွာ ခလေးကိုယ့်ကို စိတ်ကောက်သွားတာလား"
"စိတ်ကောက်တာမဟုတ်ဘူး စိတ်စိုးတာ"
"ရတယ်လေ စိတ်စိုးတယ်ပေါ့ လာခဲ့"
တမာန် အရှေ့မှ သူ့ထက်အရင်သွားလိုက်တဲ့ နှောင်းရဲ့ ကိုယ်လေးကို အနောက်မှ အပြေးလိုက်ကာ ပွေ့လိုက်သည်။
"ဟင်....... "
တမာန် ရုတ်တရက်ပွေ့လိုက်တာကြောင့် ဘေးနားမှ သူနာပြုများနှင့် ဆေးရုံလာတဲ့ လူများက သူတို့အား ကြည့်သွားကြသည်။
"ဦး နှောင်းကို အောက်ချပေး "
"မချပေးဘူး"
"ဟာ.......ဟိုမှာ သူများတွေ ကြည့်နေတယ်လို့ နှောင်းရှက်တယ်"
"မရဘူး ကိုယ့်ကိုစိတ်စိုးလို့ အပြစ်ပေးတာ"
"ဟာ......."
နှောင်းရှက်ကာ တမာန်ရဲ့ ရင်ခွင်ထဲသို့ ခေါင်းလေးစိုက်ထားရသည် ။ ဒီလိုနဲ့ဘဲ သူတို့ ကားရှိရာစီရောက်လာခဲ့ကြသည်။ တမာန် လက်ဖက်ဖြင့် ကားတံခါးအား ဖွင့်လိုက်ပြီး သူမကိုယ်လေးကို ကားထဲသို့ ထည့်လိုက်သည်။
ထို့နောက်သူလဲ ကားပေါ်တက်လိုက်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။
"ကိုယ့်ကို စိတ်စိုးအုံးမှာလား"
"စိုးတယ် စိုးတယ်"
"ဒါဆို ကိုယ့်ကို ခလေးက မချစ်တော့ဘူပေါ့"
"ချစ်တာကသပ်သပ် စိတ်စိုးတာက သပ်သပ်"
"မရဘူး ကိုယ့်ကိုချစ်ရင် စိတ်မစိုးရဘူး ကိုယ်က ခလေးစိတ်ကောက်ရင် ရေမြေအဆုံးထိလိုက်ပြီး ချော့ပေးနိုင်တယ် ဒါပေမယ့် ခလေးစိတ်စိုးရင်တော့......."
တမာန် စကားမဆုံးသေးခင် တစ်ခြားတစ်ဖက်သို့ လှည့်နေတဲ့ နှောင်းရဲ့မျက်နှာလေးကို သူ့ဘက်လှည့်လိုက်ကာ သူမနှုတ်ခမ်းလေးတွေအား စိတ်ကြိုက်နမ်းလိုက်တော့သည်။ ခဏကြာမှ တမာန် အနမ်းများအား ရပ်တန့်လိုက်သည်။
"ကိုယ်က အခုလိုအပြစ်ပေးမှာ အဲ့တာမြဲမြဲမှတ်ထား ကြားလား ခလေး"
"မကြားဘူး"
"ဘာလဲ စိတ်စိုးတုန်းလား"
"စိုးတယ် အော်.....မဟုတ်ဘူး ဦးကို နှောင်း စိတ်ကောက်တယ်"
"အဟွန်း......."
"ဒါဆို နှောင်းကို ဦးကချော့ပေးမှာလား"
"ချော့ပေးမှာပေါ့ ဒီခလေးစိတ်ကောက်ရင် ကိုယ်က ရေမြေအဆုံးထိကိုလိုက်ပြီးချော့မှာလို့ ပြောပြီးသားဘဲလေ"
"ဒါဆို ဘယ်လိုချော့မှာလဲ"
"ဒီနေ့ ညစာကို ကိုယ်ချက်ကျွေးမယ်"
"ညစာလေးဘဲ"
"ညစာလေးဘဲလို့ မပြောနဲ့နော် အဲ့ညစာထဲမှာ ကိုယ့်အချစ်တွေ အပြည့်ထည့်ထားတယ်သိလား"
"အဟွန်း........ဟုတ်ပါပြီ ဒါဆို အခုအိမ်ကိုအမြန်ပြန်ရအောင်နော်"
"ဟုတ်ပါပြီဗျ ဒီကခလေးသဘောအတိုင်း အိမ်ကိုအမြန်ဆုံးရောက်အောင် မောင်းပေးပါ့မယ်"
"တော်တယ်"
"တော်တယ်ဆို ဆုပေး"
"ဟာ.......ဦးနော် "
တမာန် သူ့ပါးလေးအား လက်ညိုးလေးဖြင့်ထိုးပြနေသည်။ ဒါကြောင့် နှောင်းလဲ တမာန်ပါးလေးသို့ သူမနှာတံစင်းစင်းလေး နစ်ဝင်သွားသည်အထိ နမ်းလိုက်သည်။
"အဟွန်း......."
တမာန်ပြုံးစိစိလေးလုပ်နေသည်။
"ပြုံးမနေနဲ့တော့ အိမ်အမြန်ပြန်ပါမယ်ဆို ဘာလဲမသိဘူး"
"အဟွန်း......ဟုတ်ပါပြီ ကိုယ် အခုအိမ်ကို အမြန်မောင်းပေးပါ့မယ်"
ဒီလိုနဲ့ နှစ်ယောက်သား အိမ်ကြီးစီသို့ ပြန်လာခဲ့လိုက်ကြသည်။
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏