"ဦးရဲ့အမုန်း"
"တီ......."
"ဦး ဖုန်းလာနေတယ်"
တမာန် အိပ်ရာဘေးနားက အသံမြည်နေတဲ့ဖုန်းလေးအား ကိုင်လိုက်သည် ။
"ဟယ်လို"
"ကျွန်တော်ပါ သခင်လေး ဇေထက်"
"အော်....... ပြောဇေထက် ဘာကိစ္စရှိလို့လဲ"
"ဟို....... သခင်လေး "
"ပြော"
"ကျွန်တော် မိန်းမတောင်းမလို့ အဲ့ဒါ သခင်လေး အုပ်ထိန်းသူအနေနဲ့ လိုက်ခဲ့ပေးအုံး"
"ဘာ........ မင်းက မိန်းမတောင်းမယ် ဟုတ်လား ဇေထက်"
"ဟုတ်တယ် သခင်လေး"
"အဟွန်း.......မင်းငါ့ကိုလာနောက်နေတာလား"
"ဟာ........သခင်လေးကလဲ ဒီလိုကိစ္စမျိုးကို နောက်စရာလား"
"အဟွန်း........ဒီတစ်သက် မင်းကိုကြိုက်မဲ့လူ ရှိသေးတယ်ပေါ့"
"သခင်လေးတို့ကတော့ လုပ်ပြီဗျာ ဒီမှာ အခြေအနေတွေက လွန်သွားပြီ သခင်လေးရဲ့ အဲ့ဒါ မယူရင်မဖြစ်တော့ဘူ"
"ဘာ........ဟိတ်ကောင် မင်းက "
"ကျစ်........ ဟုတ်တယ် အဲ့ဒါယူမှဖြစ်တော့မှာ "
"ဘာလဲ မင်းက ငါနဲ့ခလေးနဲ့ အဆင်ပြေသွားလို့ အားကျမခံ ငါ့ထက်တစ်ကွက်ကျော်လိုက်တာပေါ့ ဟုတ်လား ဇေထက်"
"သခင်လေး ဒီချိန်က နောက်ရမဲ့အချိန်မဟုတ်ဘူး ကျစ်........ ကျွန်တော့အိမ်ကို အမြန်လာခဲ့ပေးပါနော် ကျွန်တော်တောင်းဆိုပါတယ် သခင်လေးရယ်"
"အေးပါကွာ အခုချက်ချင်းလာခဲ့ပါ့မယ် ဒါပေမယ့် အဲ့ကောင်မလေးက ဘယ်သူလဲ ပြောပြအုံး"
"ဒီရောက်တော့ သိမှာပေါ့ သခင်လေးရာ ဘာတွေစိတ်လောနေတာလဲ အမြန်သာ လာခဲ့ပါနော် ဒါဘဲဒါဘဲ ဖုန်းချပြီ"
ဆိုကာ ဇေထက်ဖုန်းချသွားတော့သည်။
"ဦးဘယ်သူလဲဟင်"
"ဘယ်သူရှိရမှာလဲ ခလေးရဲ့ ဇေထက်ပေါ့ မိန်းမတောင်းမလို့တဲ့ အဲ့တာ ကိုယ့်ကို အုပ်ထိန်းသူနေရာကနေ လိုက်နေပေးဖို့ လာတောင်းဆိုတာလေ"
"ဒါဆို အဲ့အစ်ကို မိန်းမယူတော့မှာပေါ့"
"ဟုတ်တယ် ခလေးရဲ့ အဲ့ဒါအခုသူ့အိမ်ကိုအမြန် လာခဲ့ပါတဲ့ "
"ဒါဆိုသွားရအောင်လေ "
"အဟွန်း....... ဟုတ်ပါပြီဗျာ ဒါဆို ခလေး အဝတ်အမြန်သွားလဲတော့ ကိုယ်လဲအဝတ်လဲလိုက်အုံးမယ်"
"ဟုတ် ဒါနဲ့ ရေချိုးခန်းထဲမဝင်လာနဲ့နော်"
"မဝင်ပါဘူးဗျာ "
"ဟွန်း.......ပြီးသာဘဲ"
"အမ်....... ဦး "
"ပြောလေ ခလေး"
"ဟို.......ရင်ဖုံဝတ်ရမှာလား ဂါဝန်ဘဲဝတ်ခဲ့ရမလား"
"ကိုယ်ရှာပေးမယ် မိန်းမသွားတောင်းမှာဆိုတော့ ယဉ်ယဉ်ကျေးကျေးလေး ဝတ်သွားရမယ် ဒါကြောင့်ခလေးက ဒီကြက်သွေးရောင် ဝမ်းဆက်လေးဝတ်လိုက် ကိုယ်လဲ ကြက်သွေးရောင်လေးဘဲ ဝတ်လိုက်မယ်"
"အဟွန်း........ဟုတ်ပါပြီ"
ဒီလိုနဲ့ နှောင်း တမာန်ပေးတဲ့ ကြက်သွေးရောင် ဝမ်းဆက်လေးကို ယူပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ တမာန်လဲ ကြက်သွေးရောင် ယောပုဆိုး နှင့် တိုက်ပုံအဖြူကို တွဲဝတ်ကာ ကြယ်သီးမတွယ်သေးဘဲ ကုတင်ပေါ်၌ ထိုင်စောင့်နေလေသည်။ ခဏကြာတော့ နှောင်းအဝတ်လဲပြီး ထွက်လာခဲ့သည်။
"ဟင်....... "
တမာန် နှောင်းအား မျက်တောင်မခက်တမ်း ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေသည်။
"ဦး ဦးလို့ ဘာတွေဒီလောက်ငေးကြည့်နေတာလဲ"
"ဟမ်...... အဟွန်း......ကိုယ့်ရဲ့ခလေး အရမ်းလှတာဘဲသိလား"
"လာမြှောက်နေပြန်ပြီ"
"တစ်ကယ် အရမ်းလှတယ် တစ်နေကုန်တိုင်းထိုင်ကြည့်နေ လိုက်ချင်တယ် သိလားခလေး"
ဆိုကာ တမာန် နှောင်းလက်လေးကနေကိုင်လိုက်ပြီး သူ့ပေါင်ပေါ်သို့ ဆွဲချလိုက်သည်။
"ဘာလုပ်တာလဲ ဦးရဲ့"
"ကိုယ့်ကို အင်္ကျီကြယ်သီးတွယ်ပေး"
"ဟမ်........ဦးကလဲ ဦးမှာလက်ပါရဲ့သားနဲ့"
"ဒါပေမယ့် ကိုယ်က ခလေးတွယ်ပေးတာဘဲ လိုချင်တာ"
"ဟွန်း........ပိုပြီ"
"မပိုပါဘူးဗျာ ကဲပါ အမြန်တွယ်ပေးပါနော်"
"အင်း......."
နှောင်း မတ်တပ်လေးရပ်လိုက်ပြီး မျက်နှာလေးရဲလျက်ဖြင့် တမာန်အား အင်္ကျီကြယ်သီးတွယ်ပေးလိုက်သည်။
"အဟွန်း.......ခလေး ဒီနေ့နှုတ်ခမ်းနီဆိုးထားတာလား"
"အင်း.......နည်းနည်း"
"ကိုယ်လဲ ဒီရက်ပိုင်း နှုတ်ခမ်းခြောက်နေသလိုဘဲ သိလား"
"ဟုတ်လား"
"အင်း"
"ဒါဆို နှောင်းစီမှာ နှုတ်ခမ်းခြောက်ရင် လိမ်းတဲ့ နှုတ်ခမ်းစီရှိတယ် သွားယူပေးရမလား"
"ဟင့်အင်း.......ကိုယ်လိုတာ အဲ့နှုတ်ခမ်းစီမဟုတ်ဘူး "
ဆိုကာ နှောင်းအား ပေါင်ပေါ်သို့ ဆွဲချလိုက်ပြီး သူမနှုတ်ခမ်းလေးတွေအား နှုတ်ခမ်းနီ ပျက်သွားသည်အထိ စိတ်ကြိုက် နမ်းလိုက်တော့သည်။ ခဏကြာမှ နှုတ်ခမ်းလေးအား ခွာပေးလိုက်ပြီး ခေါင်းလေးငုံ့လျက်ဖြင့် သူ့ပေါင်ပေါ်တွင် ထိုင်နေတဲ့နှောင်းလေးအား တစ်ချက်ငုံ့ကြည့်လိုက်သည် ။
"အဟွန်း....... ဘာလဲကိုယ့်ကို စိတ်စိုးသွားတာလား"
"စိုးတယ်စိုးတယ် သူများခွင့်ပြုချက်မယူဘဲ လာနမ်းလို့"
"ဟာ........ခလေးကလဲ ချစ်သူနှစ်ယောက်နမ်းတာ ခွင့်ပြုချက်လိုလို့လား ခလေးရဲ့"
"လိုတာပေါ့လို့ "
"အဟွန်း.......ဒီခလေးလေးကတော့ကွာ နှုတ်ခမ်းလေးက စူစူနဲ့ ကိုယ့်ကိုအသဲယားအောင်လာလုပ်နေတာလား ခလေး"
တမာန် ပြောရင်းဖြင့် သူမမေးလေးအား ကိုင်လိုက်သည်။
"ဖယ်ပါ အခုမှလာပြောမနေနဲ့ "
"အဟွန်း......."
"ရီမနေနဲ့တော့ ဟိုမှာနောက်ကျနေမှ မိန်းမမယူလိုက်ရဘဲနေနေအုံးမယ်"
"အဟွန်း.......ဟုတ်သားဘဲ ကိုယ့်ရဲ့တပည့်ကိုတော့ ဘယ်တော့မှအဲ့လိုအဖြစ်မခံဘူး မိန်းမတော့ရအောင် လုပ်ပေးရမယ် လာ သွားစို့ခလေး"
"ဟုတ်"
ဒီလိုနဲ့ နှစ်ယောက်သား အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
"ဟင်......ဦး နှောင်းနှုတ်ခမ်းနီပြန်မဆိုးခဲ့ရဘူး"
"ဆိုးမနေနဲ့ ကိုယ့်ရဲ့ခလေးက နှုတ်ခမ်းနီမဆိုးမှပိုကြည့်လို့ကောင်းတာ "
"အဟွန်း......"
"ဒါဆိုရင် ခလေး ကားပေါ်အရင်တက်နှင့် ကိုယ့်ရဲ့တပည့်တွေကို မှာစရာလေးရှိလို့"
"ဟုတ်"
တမာန် ခြံထဲသို့ ဆင်းလာခဲ့လိုက်ပြီး အစောင့်တစ်ယောက်အား မြေအောက်ခန်းတံခါးသော့ပေးကာ သက်အား စောင့်ကြည့်ထားဖို့ မှာလိုက်သည်။
"သူ့ကို အသက်မသေစေနဲ့နော် "
"ဟုတ်"
"ဗိုက်ဆာတယ်ဆို အစာကျွေးလိုက် လုံးဝမသေစေနဲ့ ကြားလား"
"ဟုတ် ဒါနဲ့ သခင်လေး ဒီနေ့အရမ်းသန့်နေတယ် ဘယ်သွားမလို့လဲဗျ"
"အဟွန်း....... မင်းတို့ရဲ့ သူငယ်ချင်း ဇေထက်နောင်လေ မိန်းမတောင်းမလို့တဲ့ အဲ့ဒါ ငါ့ကို အုပ်ထိန်းသူအဖြစ်လာလုပ်ပေးစို့လို့ "
"ဟင်......ဇေထက်နောင် မိန်းမရတော့မှာပေါ့"
"ဟုတ်တယ် မင်းတို့လဲ မိန်းမလေးဘာလေးယူဖို့ စဉ်းစားကြအုံး ငါ့စီမှာဘဲ အလုပ်လုပ်ဖို့စဉ်းစားမနေနဲ့ ကိုယ်ပိုက်လုပ်ငန်း ထူထောင်နိုင်အောင်လဲ ကြိုးစားအုံး "
"ဟုတ်ကဲ့ပါ"
"အရင်အနှီးလိုရင် ငါ့ကိုပြော ကြားလား "
"ဟုတ် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး"
"ရပါတယ်ကွာ ဒါဆို ငါသွားပြီနော်"
"ဟုတ် ကျွန်တော်တို့ သခင်လေးအိမ်ကို သေချာစောင့်ကြည့်ထားလိုက်ပါ့မယ်"
"အေးပါ မင်းတို့ကိုလဲ ငါကျေးဇူးအများကြီးတင်ပါတယ်"
"ဟုတ်"
တမာန် အစောင့်တစ်ယောက်နှင့်စကားလဲပြောပြီး ကားရှိရာစီသို့ လာခဲ့လိုက်သည် ။ ရာဇတ်တမာန်ဆိုသည်မှာ တစ်ခြားလူတွေအပေါ်မှာသာ မကောင်းတာ သူအဖွဲ့သားတွေအပေါ် အဆင်အတန်းမခွဲခြား ရာထူးဂုဏ်မကြည့်ဘဲ တန်းတူပေါင်းသည် ။ ဒါကြောင့်လဲ သူ့ကို သစ္စာဖောက်တဲ့သူဆိုတာ မရှိပေ ။ ဒီလိုနဲ့ သူတို့ နှစ်ယောက် ဇေထက်အိမ်သို့ လာခဲ့လိုက်ကြသည်။
"ရောက်ပြီ ခလေး ဆင်း"
"ဟုတ်"
"လာပြီလား သခင်လေး"
"အင်း.......ဘယ်မှာလဲ မင်းရဲ့ကောင်မလေး"
"အပေါ်ထပ်မှာ အခုချိန်ထိ မဆင်းလာသေးဘူး"
"ရှက်နေတာနေမှာပေါ့"
"ရှက်နေတာမဟုတ်ဘူး စိတ်စိုးနေတာဗျ"
"စိတ်မပူနဲ့ ငါဖြောင်းဖျပေးမယ်"
"ဖြစ်ပါ့မလား"
"မင်းငါ့အကြောင်းအသိဆုံးပါ မဖြစ်ဘူးဆို အစကတည်းက လုပ်မယ်လို့မပြောခဲ့ဘူး ဟုတ်ပြီလား"
"ဟုတ်ပါပြီဗျာ အဲ့ဒါဆိုလဲ အမြန်သာအပေါ်တက်ပြီး ဖြောင်းဖျပေးပါတော့"
"အေးပါ........လာ ခလေး ကိုယ့်အနောက်ကနေလိုက်ခဲ့နော်"
"ဟုတ်"
နှောင်းကတော့ ဘာမှမသိ ကြောင်အအလေးဖြင့်သာ အနောက်မှလိုက်ခဲ့သည်။
"ဒီအခန်းလား ဇေထက်"
"ဟုတ်တယ် အခန်းထဲဝင်ရင် သတိထားနော်"
"အေးပါ"
ဒီလိုနဲ့ တမာန် တံခါးလော့မခတ်ထားတဲ့ ထိုအခန်းထဲသို့ ဝင်လိုက်ချိန်
"ခွမ်း........"
အခန်းထဲ အိမ်ရာပေါ်မှ ထိုင်နေတဲ့ရှင်း ဘေးနားက ပန်းအိုးနှင့် လှမ်းပေါက်လိုကါသည်။ ကံကောင်းတယ်လို့ ပြောရမလား သူတို့သုံးယောက်လုံး ထိဖန်ပန်းအိုးနှင့်မထိလိုက်ပေ။
"ဟင်........ရှင်းလေး"
"မမနှောင်း"
"ဒါဒါ ဦးထွဋ်ခေါင်ရှင်း သမီးမလား ဇေထက်"
"အင်း"
"ဟာ........ဟိတ်ကောင် ဇေထက် မင်းတော်လှချည်လား"
"ဘာ......ဦး"
ပြောင်စက်စက်နှင့်လုပ်နေတဲ့ တမာန်အား နှောင်း အော်လိုက်သည်။
"ဟို......ကိုယ်က ဒီတိုင်း"
"ကျစ်......."
နှောင်းတမာန်ကို မျက်စောင်းလေးထိုးလိုက်ပြီး ရှင်းရှိရာ ကုတင်စီသို့ လာခဲ့လိုက်သည် ။
"မင်းကြောင့် ဟိုမှာ ငါ့ခလေးစိတ်စိုးသွားပြီ"
"ကျစ်......သခင်လေးက တစ်မျိုး ဒီကစိတ်ညစ်နေတာဗျ"
"ဒါဆိုမင်းဘာလို့ သူ့ကိုအိမ်ခေါ်လာလဲ"
"အဲ့ဒါသူ့ဘာသူ မူးပြီး အိမ်ပေါ်ကဆင်းလာတယ်ဆိုလို့ ကျွန်တော်လဲ ဘယ်ခေါ်သွားရမှန်းမသိလို့ အိမ်ခေါ်လာခဲ့တာ အဲ့ဒါအိမ်ရောက်တော့လဲ သူဘဲ ကျွန်တော့ကို အရင်လာနမ်းတာ"
"အဲ့ဒါနဲ့ဘဲ အခုလိုဖြစ်သွားတယ်ပေါ့"
"ဟုတ်တယ်လေ ကျွန်တော်လဲနည်းနည်းမူးနေတာဆိုတော့ စိတ်မှမထိန်းနိုင်တော့တာ"
"ကဲပါ အခုမင်း သူ့မိဘအိမ်သွားဖို့ ပြင်ဆင်ချေတော့"
"ဟုတ်"
"ရှင်းလေး စိတ်ထိန်းပါအုံး"
"အဟင့်........ ဖေဖေနဲ့မေမေသာသိရင် ရှင်းအဆူခံရမှာသိလား မမနှောင်း"
"ဘာမှစိတ်မပူနဲ့ ရှင်းအနားမှာ မမကော ဟိုဦးဦးကော အစ်ကိုဇေထက်ကော ရှိတယ် ဘာမှမကြောက်နဲ့"
"ဒါပေမယ့် ဟင့်......."
"ဘာမှမစိုးရိမ်နဲ့ ဘာလဲ ရှင်းက ဒီတိုင်းဘဲနေနေလို့ အားလုံးအဆင်ပြေသွားမယ် ထင်နေတာလား ......... "
"အဟင့်........"
"မငိုနေနဲ့တော့တိတ် အခုချိန်မှာ ရှင်းငိုနေရမှာမဟုတ်ဘူး ရှင်းကိုယ့်ကိုကိုယ် ဆုံးဖြတ်ရတော့မယ် ရှင်း အစ်ကိုဇေထက်ကို လက်ထပ်နိုင်လား"
ရှင်း ဘာမှပြန်မဖြေဘဲ ဒီတိုင်းသာ ထိုင်နေသည်။ထိုအချိန်
"မင်းငါ့ကို ယူလို့ မငတ်စေရဘူး ငါကမင်းကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားမှာပါ စိတ်မပူနဲ့"
ဇေထက် ရုပ်တည်ကြီးနှင့် အခန်းထဲဝင်လာကာ ပြောလိုက်သည် ။
"ဘာမှစိတ်မပူပါနဲ့ ဇေထက်က လူကောင်းပါ မင်းနဲ့မတွေ့ခင်က သူဘယ်မိန်းကလေးနဲ့မှ မရှုပ်ဖူးဘူး ငါ့တပည့်မို့ သူ့ဘက်ပါတာ မဟုတ်ဘူးနော်"
"ဘယ်လိုလဲ ရှင်း အစ်ကိုဇေထက်ကို လက်ထပ်နိုင်တယ်မလား"
"အင်း......"
ရှင်းပါးစပ်က အင်းဆိုတဲ့စကားသံကြားလိုက်ရသဖြင့် ဇေထက် ခဏကငိုတော့မဲ့ရုပ်ကနေ ချက်ချင်းကြီး ပြုံးလာခဲ့သည်။
"အဟွန်း........ဒါဆို အခုမမတို့ ရှင်းရဲ့မိဘတွေစီသွားရအောင် လာထ ဘာမှမကြောက်နဲ့"
"ဟူး......."
ရှင်းလေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူတို့နှင့်အတူ ဦးထွဋ်ခေါင်းရှင်းအိမ်သို့ လာခဲ့လိုက်သည်။
"ဟိတ်ကောင် ဇေထက် မင်း လဲ့ရည်ရှင်းသန့်ကို ဘာနဲ့တင်တောင်းမှာလဲ"
"ဟို သိန်းနှစ်ရာဆို နည်းလား "
"ဟာ.......မင်းကတော့လုပ်ပြီ ဟိုသိန်းနှစ်ရာနဲ့ သူ့သမီးကို ပေးပါ့မလား"
"အဲ့ဒါဆို ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ"
"ရော့ ဒီကဒ်ထဲမှာ သိန်းသုံးရာကျော်လောက်ရှိတယ် ယူထားလိုက် နောက်ပြီး ရော့"
"ဒီစာရွက်စာတမ်းတွေက"
"ငါဝယ်ထားတဲ့ကွန်ဒိုတိုက်ခန်း အခုမင်းကိုပေးလိုက်ပြီ"
"ဗျာ........"
ဇေထက် မျက်လုံးအပြူးသားနှင့် တမာန်အားကြည့်နေသည်။
"အမြန်ယူကွ ငါလက်ညှောင်းတယ် ကားကမောင်းရသေးတယ်"
"ဗျာ........ဟုတ် ဟုတ်"
ဇေထက် မျက်ရည်များကျလျက်ဖြင့် ကဒ်နှင့် စာရွက်စာတမ်းတွေအား ယူလိုက်သည်။
"အဟင့်........ ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး"
"ကျစ် မလိုပါဘူးကွာ မင်းကလဲ "
"ဟင့်......."
"ဟာ.......မကြာခင်လက်ထပ်တော့မဲ့သူက ဘာလို့ငိုနေတာလဲ မကောင်းဘ မငိုနဲ့တိတ်"
"ဟုတ် ဟုတ်"
"အဟွန်း........"
"ဦး "
"ပြောလေ ခလေး"
"ဒါတွေဘယ်ကတည်းက ပြင်ထားတာလဲ"
"ခဏက အိမ်ထဲကထွက်လာတုန်းက ပြင်ထားတာလေ"
"အဟွန်း........."
"သခင်လေးကို ပြောမှားဆိုမှားရှိခဲ့ရင် ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်"
"မလိုပါဘူးကွာ"
"ကျွန်တော် သခင်လေးကို ဘယ်လိုကျေးဇူးပြန်ဆပ်ပေးရမှာလဲဟင်"
"ဘယ်လိုမှဆပ်ပေးစရာမလိုဘူး ညတိုင်းငါနဲ့ အရက်သာ လာသောက်ပေး"
"ဟုတ်ပြီ"
"ဦး......"
နှောင်း အမ်ကြိတ်ကာ တမာန်ရဲ့ အဆီမရှိတဲ့ ဗိုက်အားဆွဲလိမ်လိုက်သည်။
"အား.......ခလေးနာတယ်လေ"
"ဒါဆို ဘာလို့အရက်သောက်မယ်လို့ ပြောလဲ"
"အဟင်း.......စတာ စတာ ဇေထက်"
"ဗျာ"
"ငါ့ကို ကျေးဇူးဆပ်ချင်ရင် မင်းသာမင်းမိန်းမနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးမွေးပေး"
"ဟင်.......ဘာလို့လဲ"
"ဒါမှ ငါနဲ့ခလေးလဲ ယူပြီလို့ ကလေးမွေးရင် မင်းတို့နဲ့ စောစောစီးစီး ခမည်းခမက်တော်ထားရအောင်မို့ပေါ့"
"အဟား......."
"ဦး ဘာတွေလျှောက်ပြောနေတာတုန်း"
"မဟုတ်လို့လား ခလေးကလဲ ဒါနဲ့ ဇေထက် မင်းတို့ရဲ့ ကလေးက အသားမည်းမည်းပုပုဆိုရင်တော့ ငါကNoနော်"
"မိန်းမကလဲချော ယောင်္ကျားကလဲချောဆိုတော့ မွေးလာတဲ့ကလေးက မချောဘဲနေစရာလား "
"ဟုတ်ပါပြီ ဟိုမှာ မင်းမိန်းမ မျက်နှာလဲ တစ်ချက်လောက်ကြည့်လိုက်အုံး"
ထိုအချိန်မှ ဇေထက် ရှင်းအားကြည့်လိုက်သည်။ ပါးနှစ်ဖက်လုံး ရဲနေတာကြောင့် ဇေထက် စိတ်ပူသွားရသည်။
"မင်း ဘာဖြစ်နေတာလဲ"
"ဘာဖြစ်လို့လဲ"
"ပါးတွေရဲနေတာဘဲ"
ဇေထက် အပြောကြောင့် ရှင်းခေါင်းလေးငုံ့သွားသည်။
"အဟွန်း........."
စာဖတ်သူလေးများအားလုံး ရောဂါဘေး ရေဘေး အားလုံးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏