book

Index 13

အပိုင်း(၁၃)

"ဦးရဲ့အမုန်း"


"ဒေါက် ဒေါက်"


တမာန် တံခါးခေါက်သံကြောင့် နှောင်းဘေးနားတွင် ထိုင်နေရာမှ ထလာခဲ့လိုက်သည် ။


"အော်.......ဒေါက်တာပါလား"


"ဟုတ်တယ် လူနာဆေးရုံက ဆင်းလို့ရပြီလို့လာပြောတာ"


"ဟုတ်"


"ဒီမှာ ဒါက လူနာသောက်ဖို့ဆေး မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ခိုင်းလိုက် ဟုတ်ပြီလား"


"ဟုတ်"


"ဒါဆို ဒေါက်တာ သွားတော့မယ် "


"ဟုတ် "


တမာန် ဒေါက်တာနှင့်ပြောပြီး နှောင်းရဲ့အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။


"ဟင်.......ခလေး နိုးပြီလား"


"ဟုတ်"


"ဒါဆို ပြန်ရအောင်လေ ဆရာဝန်က ဆေးရုံကဆင်းလို့ရပြီတဲ့ "


"ဟုတ်"


"လမ်းလျှောက်နိုင်လား ကိုယ်ပွေ့ပေးရမလား"


"ရပါတယ် ကျွန်မလမ်းလျှောက်နိုင်ပါတယ်"


"အဟွန်း........ ဟုတ်ပါပြီဗျာ ဒါဆိုလဲထ "


"ဟုတ်"


ဒီလိုနဲ့ နှစ်ယောက်သား ဆေးရုံမှ အိမ်ကြီးရှိရာသို့ ပြန်လာခဲ့ကြသည် ။


"ရောက်ပြီခလေး "


"အင်း........."


"ခလေးပြောထားတာမမေ့နဲ့နော်"


"ဟင်....... ဘာကိုလဲ"


"ဟာ.........ခလေးကလဲ ခလေးဘဲပြောထားတယ်လေ ကိုယ့်ကို အိမ်ပြန်ရောက်ရင်အဖြေပေးမှာဆို "


"ပေးပါဘူး ဘယ်သူပြောလို့လဲ"


"တစ်ကယ်နော် ခလေးကပြောတဲ့စကားကို မတည်ဘူးနော် ရတယ်လေ နောက်နေ့ကစပြီး ကိုယ် လူတွေပြန်သတ်တော့မယ် "


"ဟမ်......... အဲ့လိုတော့မလုပ်ရဘူးလေ "


"ဒါဆိုအဖြေပေးလေ "


"အမ်း........ပေးမယ်ကွာ "


"ဒါဆိုအခုပေး"


"ဘာပေးရမှာလဲ"


"ဟာ........အဖြေလေ"


"ဟုတ်ပါပြီ "


"ပေး"


"ချစ်တယ်"


"ဟမ်........ ခလေးဘာပြောလိုက်တာလဲ ကိုယ်မကြားလိုက်ဘူး"


"အဲ့ဒါဆိုလဲ နောက်တစ်ခေါက်ပြန်ပြောမယ် သေချာနားထောင်နော် "


"အင်း......."


"ချစ်တယ်လို့"


"အဟွန်း.........နောက်တစ်ခေါက်လောက်"


"ဟာ........"


"လုပ်ပါ နော်လို့"


"ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် ရပြီလား"


"အဟွန်း..........ခလေးကဘယ်သူ့ကိုချစ်တာလဲ နာမည်ကထည့်မပြောဘဲ ချစ်တယ်ကြီးဘဲပြောနေတော့......."


"ရာဇတ်တမာန်ကို ချစ်တယ် ဟုတ်ပြီလား"


"ရာဇတ်တမာန်တဲ့ နာမည်ကြီးကလဲရှည်လိုက်တာ ဦးလို့ဘဲခေါ်ပါလား"


"ဟွန်း........စလာပြီ"


"လုပ်ပါ ဦးလို့ခေါ်ပါနော် နော်လို့"


"မခေါ်ဘူး "


"ရတယ်လေ မခေါ်ရင် ဖက်ထားမှာ ဘယ်တော့မှမလွှတ်ပေးဘူး"


ဆိုကာ တမာန် နှောင်းကိုယ်လေးအား ဆွဲဖက်ထားလိုက်သည်။


"ဟာ........ ဦး လွှတ်လို့ အသက်ရှူရကြပ်တယ်"


"ခ ခဏက ဘယ်လိုခေါ်လိုက်တယ်"


"ဦးလို့ခေါ်တာလေ ဘာလဲ မကြိုက်ဘူးလား ပြန်ပြောင်းခေါ်ရမှာလား"


"အဟွန်း........ကိုယ်ကစတာပါ အဲ့ဒါဆို အခုကိုယ်လွှတ်ပြီ"


"ဟုတ် ဒါဆို နှောင်းအဝတ်သွားလဲလိုက်အုံးမယ် "


"အင်း........ ဒါဆိုကိုယ်ဆန်ပြုတ်ပြုတ်ထားလိုက်မယ် ခလေးအဝတ်လဲပြီးရင် ဆင်းလာခဲ့နော်"


"ဟုတ်"


နှောင်းအပေါ်ထပ်သို့ အပြေးလေးဖြင့်တက်သွားလိုက်သည်။ 


"အဟွန်း........."


တမာန်လဲ ပြုံးလျက်သားနှင့် မီးဖိုခန်းစီ လာခဲ့လိုက်သည်။


"ဟိုမိန်းမအခု ဘယ်လိုများနေမလဲမသိဘူး ခလေးဆင်းမလာခင် အမြန်သွားကြည့်ရမယ် "


ဆိုကာ တမာန် မြေအောက်ခန်းရှိရာသို့ အမြန်လာခဲ့လိုက်သည် ။

ထို့နောက်သော့ဖွင့်လိုက်ကာ ကြမ်းပြင်ထက်က မေ့လဲနေတဲ့ သက်အား သဘောကျစွာဖြင့်ပပြုံးလိုက်ပြီး သူမအနားလေးသွားကာ သူမနှုတ်ခေါင်းအား စမ်းကြည့်လိုက်သည်။


"အဟွန်း.........အသက်ရှူသေးတာဘဲ "


တမာန်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး မြေအောက်ခန်းမှ အပေါ်သို့ တက်လာခဲ့လိုက်သည် ။

ထို့နောက် မီးဖိုခန်းထဲဝင်ကာ ဆန်ပြုတ်ပြုတ်နေလိုက်သည် ။

ခဏကြာတော့ နှောင်းအိမ်ပေါ်ထပ်မှ ဆင်းလာခဲ့သည် ။


"ခလေးဆင်းလာပြီလား"


"ဟုတ် ရပြီလား "


"ရပါပြီဗျ ဒီမှာလာထိုင်ပါ"


"အဟွန်း......."


နှောင်းတစ်ချက်ပြုံးလိုက်ပြီး တမာန်ထုတ်ပေးတဲ့ ထိုင်ခုံလေးပေါ်အကျအနထိုင်လိုက်သည်။


"ဟ ကိုယ်ခွံ့ပေးမယ်"


"ပြီးသာဘဲ"


ဒီလိုနဲ့ သူမ တမာန်ခွံ့ပေးတဲ့ ဆန်ပြုတ်လေးအား သောက်လိုက်သည်။ ခဏကြာတော့


"ဦး နှောင်းမသောက်နိုင်တော့ဘူ "


"ဒါဆို ဆေးသောက်မယ်"


"အင်း........"


တမာန် ခဏကဆရာဝန်ပေးလိုက်တဲ့ ဆေးတွေအားယူလိုက်ကာ ဖန်ခွက်ထဲတွင် ရေထည့်ခဲ့လိုက်ပြီး သူမအနားလေးသို့ လာခဲ့လိုက်သည်။


"ဟ ဆေးသောက်မယ် ခလေး"


"ဟုတ် တစ်လုံးခင်းစီ ‌တိုက်ရမှာနော်"


"ဟုတ်ပါပြီဗျာ တစ်လုံးချင်းစီတိုက်မှာပါ"


"အဟွန်း........"


"ဟ နောက်တစ်လုံး"


"ခါးတယ် မသောက်ချင်တော့ဘူ"


"ဒီတစ်လုံးဘဲ သောက်လိုက်နော် ခလေးကလိမ်မာပါတယ်"


"အဟွန်း........ပြီးသာဘဲ ဒါဆိုလဲ ဒီတစ်လုံးတော့ ကြိတ်မိတ်ပြီး သောက်လိုက်မယ်"


"အဟွန်း......ဟုတ်ပြီ "


တမာန် သူမခေါင်းလေးအား ဖွဖွလေး ပွတ်ပေးလိုက်ပြီး နောက်ဆုံးကျန်တဲ့ ဆေးတစ်လုံးတိုက်လိုက်သည်။


"ခါးလိုက်တာ ခါးလိုက်တာ"


"ဟင်........"


ခါးတယ်လို့ပြောပြီး တမာန်ရဲ့ ရင်ခွင်ကျယ်ကြီးအားလာဖက်တဲ့ နှောင်းကြောင့် တမာန် မျက်လုံးလေးပြူးလျက်သား ဖြစ်သွားသည်။


"ဘာလဲ လူကိုပြန်မဖက်ဘူးပေါ့ ဒီကတော့အကောင်းနဲ့ ဖက်ရတာ သူကတော့ ပြန်မဖက်ဘူး ရတယ်လေ ဒါဆိုလဲ မဖက်တော့ဘူ ဟွန့်........."


သူမနှုတ်ခမ်းလေးစူကာ တမာန်ကို ဖက်နေရာမှလွှတ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားလိုက်ချိန် တမာန် သူမလက်လေးကနေ သူ့ရင်ခွင်ထဲသို့ဆွဲချလိုက်သည်။


"အဟွန်း....... လူကို ဒီတိုင်းဖက်ထားပြီး ထွက်သွားမယ်ပေါ့ မရဘူး"


"ဟွန့်......."


"အိပ်ချင်ပြီလား ကိုယ်အခန်းထဲ လိုက်ပို့ပေးမယ်"


"အင်း........ နှောင်းအိပ်ချင်ပြီ"


တမာန် သူမတင်ပါးလေးကနေ မလိုက်ပြီး သူမကိုယ်လေးအား ပွေ့ကာအပေါ်ထပ်ရှိအခန်းထဲသို့ တက်လာခဲ့လိုက်သည်။


"ဦးသိလား"


"ဘာကိုလဲ ခလေး"


"ဦးမှာ အရင်ကလက်ထပ်ဖို့ စီစဉ်ထားတဲ့လူရှိတယ် နှောင်းမှာကြတော့ ယောင်လို့ လှည့်ကြည့်ရမဲ့သူတောင်မရှိဘူး နောက်ပြီး ဦးကသာနှောင်းရဲ့ အချစ်ဦးဖြစ်နေတာ နှောင်းကတော့ ဦးရဲ့အချစ်ဦးလဲ မဟုတ်ဘူး "


"ဟာ........ ခလေးကလဲ ခလေးက ကိုယ့်အတွက် အချစ်ဦးမဟုတ်ပေမယ့် ကိုယ့်ဘဝမှာ အချစ်ရဆုံးသူ ဟုတ်ပြီလား"


"ဒီလိုဘဲပြောပြီး နှောင်းကို ဦးပစ်သွားရင် ဘယ်လိုလုပ်မလဲ"


"ဘာကိစ္စနဲ့ ကိုယ်ကခလေးကို ပစ်သွားရမှာလဲ ကိုယ်က ခလေးကိုယ့်ကို ပစ်သွားမှာတောင် စိုးရိမ်နေတာ"


"နှောင်းဘက်ကတော့ ဦးကိုဘယ်တော့မှမပစ်သွားဘူး ကတိပေးတယ် ဦးကော နှောင်းကို ကတိပေးနိုင်လား "


"ဘာလို့ မပေးနိုင်ရမှာလဲ"


"ဒါဆိုပေး "


"ကိုယ် ဘယ်တော့မှ ဒီကနွေထနှောင်းဆိုတဲ့ ခလေးလေးကို ပစ်မသွားဘူးလို့ ကတိပေးပါတယ်ဗျာ ဟုတ်ပြီလား"


"ဟီး........ဟုတ်"


"ဒါဆို အိပ်တော့နော်"


"အင်း........ ဂွတ်နိုက်"


"ပါးစပ်ကဘဲ ပြောလို့မရဘူး ဒီမှာ"


တမာန် သူ့နှုတ်ခမ်းလေးအား လက်ညိုးလေးနှင့်ထိုးပြနေသည်။


"အဟွန်း......…."


နှောင်းတစ်ချက်ပြုံးလိုက်ပြီး တမာန်ရဲ့ နှုတ်ခမ်းလေးအား အိပ်ရာပေါ်ထိုင်နေရာမှ နမ်းလိုက်သည်။

အချိန်တစ်ခဏကြာ နမ်းလိုက်ပြီးမှ နှောင်းအိပ်ရာပေါ် ပြန်ထိုင်လိုက်သည်။


"ရပြီနော် သွားအိပ်တော့"


"ကိုယ် တစ်ခြားအခန်းထဲ သွားမအိပ်ချင်ဘူး ဟိုနားကဆိုဖာလေးမှာ အိပ်လို့ရတယ်မလား"


"သဘောဘဲ သွား သွား နှောင်းအိပ်ချင်နေပြီ ဦးလဲသွားအိပ်တော့"


"အဟွန်း........မွ"


တမာန် နှောင်းရဲ့ နဖူးလေးကို နမ်းလိုက်ပြီး ခေါင်းအုံးလေး ယူကာ ဆိုဖာပေါ်သို့ သွားအိပ်လိုက်တော့သည် ။


"တောက်......... ဒါဆို တေဇက နောက်တစ်ပါတ်လှုပ်ရှားမှာပေါ့ "


"ဟုတ်တယ် ဇေထက် အဲ့ဒါငါလဲ အခုမှသိတာ သခင်လေးဖုန်းဆက်မယ်ဆိုလဲ အိပ်နေလောက်ပြီ ထင်လို့ အားနာလို့မဆက်တော့တာ"


"အင်း........ နောက်တစ်ပါတ် သခင်လေး မင်းတို့စီ လာမှာလို့ပြောတယ်"


"ငါတို့ဘက်က လူတွေများများရှိနေဖို့ လိုတယ်"


"ဟုတ်တယ် သခင်လေးကို အခုအကြောင်းကြားလိုက်ရင် ကောင်းမလား"


"နောက်တစ်ပါတ်ဆို လိုပါသေးတယ် မနက်မိုးလင်းမှ ဖုန်းဆက်ကြတာပေါ့"


"အင်းပါ........ ဒါနဲ့ ငါတို့သခင်လေး မိန်းမရတော့မှာ သိလား"


"ဟင်........တစ်ကယ်လား"


"အင်း........ ငါတို့တော့ စားရတော့မယ်ထင်တယ်"


"အဟွန်း......... ကောင်းတာပေါ့ ဒါပေမယ့် သခင်လေးရဲ့ ဇနီးကိုတော့ သေချာဂရုစိုက်ရမယ် တေဇအကြောင်း မင်းသိတယ်မလား ဇေထက်"


"သိတယ် တေဇက သခင်လေးရဲ့ အနီးဆက်ဆုံးလူတွေကိုမှ လိုက်ရှင်းပစ်နေတာ သခင်လေးကိုလဲ သတိပေးထားရမှာပေါ့"


"အင်း........ဒါဆို ငါလဲဖုန်းချတော့မယ် မိုးချုပ်နေပြီဆိုတော့"


"အင်း........"


ဒီလိုနဲ့ ဇေထက်လဲ ဖုန်းချလိုက်ပြီး ကလပ်တစ်ခုသို့ လာခဲ့လိုက်သည်။


"၉နာရီဆို ဖွင့်ပါသေးတယ်"


ဆိုကာ ကလပ်သို့ ကားဖြင့်မောင်းလာခဲ့သည်။

ထို့နောက် ကားပါကင်၌ကားရပ်ကာ ကလပ်ထဲသို့ ဝင်သွားလိုက်သည်။

မီးရောင်စုံဖြင့် ကခုန်နေကြတဲ့ လူတွေကို ကြည့်ကာ ဇေထက် တစ်ချက်ပြုံးလိုက်ပြီး အပေါ်ဘက်သို့ တက်လာခဲ့လိုက်သည်။ ထို့နောက် အပေါ်ထပ်၌ ခပ်ပြင်းပြင်းဝိုင်တစ်ခွက်ကို အရသာခံပြီး သောက်နေလိုက်ကာ အောက်မှာ ကနေတဲ့လူတွေကို တစ်ချက်ကြည့်လိုက်သည်။


"ဟင်......... ဒါဟိုတစ်ယောက်မလား နာမည်က လဲ့ရည်ရှင်းသန့် အဟွန်း.......... ဟုတ်သားဘဲ မင်းကသေချာကြည့်လိုက်တော့လဲ နှောင်းထက်တောင် ပိုချောနေသေးတယ် "


ဆိုကာ ‌ရှင်းကနေရာ နေရာနားသို့ လာခဲ့လိုက်သည်။


"ဟိတ် မိန်းကလေး "


"ရှင်က ဘယ်သူလဲ"


ရှင်း အရမ်းမူးနေပြီဖြစ်သဖြင့် ဇေထက်နောင်အား ဘယ်သူဘယ်ဝါဆိုတာ သေချာမမြင်ရပေ ။


"ကျစ်.......သောက်ထားတာကလဲ "


ဇေထက် သူမအားကြည့်ပြီး စိတ်ညစ်သွားကာ မျက်ခုံးကြီးတွန့်ပြီး ထိုနေရာမှ ထွက်သွားတော့မည့်အလုပ် ရှင်း သူ့လက်သို့ ဆွဲလိုက်သည်။ 


"ခဏနေအုံး ကျွန် ကျွန်မကို အိမ် လိုက် ပို့ ပေး"


"ဘာဆိုင်လို့ လိုက်ပို့ပေးရမှာလဲ သွားစမ်းပါ"


"လုပ်ပါ ကျွန်မကို လိုက်ပို့ပေးစမ်းပါ"


"ကျစ်........"


သူ့လက်မောင်းကို လာဖက်တွယ်လာတာကြောင့် ဇေထက် သူ့လက်အား ဖယ်ထုတ်လိုက်ပြီး ထွက်သွားလိုက်သည်။


"ဟိတ် ဟိတ် ရှင် ရှင်နေအုံးလေ "


ရှင်း ယိုင်တိုင်တိုင်နှင့် ဇေထက်အနောက်သို့ အမှီလိုက်သွားလိုက်သည်။


"ဟာ........ မင်းဘယ်လိုမိန်းကလေးလဲ "


"ရှင် ကျွန်မကို သိတယ်မလား"


"သိတယ်"


"ဒါဆို ကျွန်မကို တစ်နေရာ ခေါ်သွားပေး"


"ဘယ်ခေါ်သွားရမှာလဲ ငါလဲ မူးနေတာနော် မင်းမကြောက်ဘူးလား"


"ဟင့်အင်း.......ကျွန်မ ကျွန်မအခု အိမ်ပေါ်က ဆင်းလာတာ ကျွန်မအိမ်ကို ပြန်သွားလို့ မရဘူး အဟင့်........."


ရှင်း ပြောရင်း ငိုလာသဖြင့် 


"ဟာ........ကျစ်......... ဟူး........."


ဇေထက် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမကိုယ်အား ပွေ့ကာ သူ့အိမ်သို့သာ ခေါ်လာခဲ့လိုက်သည်။


"ရောက်ပြီး ကျစ်........ အိပ်ပျော်သွားပြီ"


‌ဇေထက် သူမကိုယ်အား ကားထဲကနေ မရမက ပွေ့ချီလိုက်ပြီး အိမ်ပေါ်ထပ်ရှိ အခန်းတစ်ခန်းသို့ ခေါ်လာခဲ့လိုက်သည်။


"အဲ့မှာ အိပ်တော့"

"ဟင်........"


ဇေထက် ရှင်းကိုယ်လေးအား မွေ့ယာပေါ်သို့ ချလိုက်ချိန် ရှင်းမူးမူးနှင့် ဇေထက်ရဲ့ အင်္ကျီ နက်ကတိုင်ကို ကိုင်လိုက်ပြီး ဇေထက်အား ခေါင်းငုံ့ခိုင်းလိုက်ကာ သူ့နှုတ်ခမ်းတွေအား ရှင်း စိတ်ကြိုက်နမ်းယူနေတော့သည်။ ဇေထက်ကတော့ ရှင်းရဲ့လုပ်ရပ်ကြောင့် မျက်လုံးလေးပြူးကာ အံ့ဩသွားရသည်။


"အဟွန်း.......မင်းက ငါမခေါ်ဘဲ ငါ့စီအရင်လာခဲ့တာဘဲ လဲ့ရည်ရှင်းသန့် "


ဇေထက်က တမာန်ရဲ့ တပည့်ပီပီ ရက်စက်တက်တဲ့ အကျင့်ကတော့ အပြည့်အဝရှိသည်။ ဇေထက် လည်ပင်က နက်ကတိုင်ကို ဖြုတ်လိုက်ပြီး သူမရဲ့ လက်တွေအား ချီမြှောက်လိုက်ကာ သူမရဲ့နှုတ်ခမ်းတွေအား စိတ်ကြိုက်နမ်းပစ်လိုက်တော့သည်။ ဒီလိုနဲ့ ဇေထက် ရှင်းအား ကြမ်းတမ်းတဲ့အချစ်လမ်းသို့ ‌ခေါ်ဆောင်သွားတော့သည်။


နောက်နေ့မနက်......


"ဝါး........ ဟင်......... ဦး ဘယ်လိုလုပ် နှောင်းရဲ့ဘေးမှာလာအိပ်နေတာတုန်း"


နှောင်း အိပ်ရာထထချင်း ဘေးနားမှာ သူမခါးလေးအား ဖက်အိပ်နေတဲ့ တမာန်ကြောင့် လန့်သွားရသည်။


"ရှူး........ကိုယ်အိပ်ချင်သေးတယ် ခဏနေမှ စကားပြန်ပြော ဟုတ်ပြီလား"


မျက်လုံးမဖွင့်ဘဲ နှောင်းအား ပြန်အိပ်ဖို့ ပြောနေသဖြင့် နှောင်းလဲ ပြန်အိပ်နေလိုက်သည်။


"ဘယ်လိုလုပ်များ အိပ်ရာပေါ်ရောက်လာတာပါလိမ့်"


နှောင်း ဆက်မအိပ်ချင်တော့တာကြောင့် သူ့မျက်နှာလေးကို တို့ထိကာ ကစားနေလေသည်။ 


"အဟွန်း........"


တစ်ဖက်မှာတော့.........


"ဟင်.......ရှင် ရှင်"


ရှင်း အိပ်ရာပေါ်မှ ထထချင်း ဘေးနားမှာ ကိုယ်ဗလာနှင့် အိပ်နေတဲ့ ဇေထက်ကြောင့် ရှင်း လန့်သွားကာ ဆောင်လေးအား ယူခြုံလိုက်သည်။


"ကျစ်........အော်.......မင်းနိုးလာပြီလား"


"အဟင့်.........ရှင်က ဘယ်လိုလုပ် ကျွန်မအိပ်ရာပေါ်မှာ ရောက်နေတာလဲ"


"ဘယ်သူက မင့်အိပ်ရာပေါ်မှာ ရောက်‌နေလို့လဲ ဒါဘယ်သူ့အိပ်ရာလဲဆိုတာ သေချာကြည့်လိုက်အုံး"


ထိုအချိန်မှ ရှင်း အခန်းတစ်ခန်းလုံး ဝေ့ကြည့်လိုက်သည်။


"ရှင် ရှင်က လူယုတ်မာဘဲ ဖျောင်း........."


ရှင်း ဒေါသထွက်ကာ ဇေထက်ရဲ့ပါးအား ရိုက်ပစ်လိုက်သည်။


"မင်းငါ့ပါးကို ရိုက်လို့လဲ ဒီကိစ္စကပြီးသွားမှာ မဟုတ်ဘူး ဟူး......... စိတ်ချပါ ငါမင်းကို သေချာပေါက်ယူမှာပါ စိတ်မပူနဲ့"


"အဟင့်......... ရှင် "


ရှင်း ‌ဇေထက်ပါးသို့ တစ်ဖန်ရိုက်ဖို့ ပြင်လိုက်စဉ် ဇေထက် အလျင်အမြန်ပင် သူ့လက်အား ဖမ်းယူလိုက်သည် ။


"ငါ့ပါးကို တစ်ခါဘဲရိုက်ဘို့ရမယ် နှစ်ခါရိုက်လို့ မရဘူး "


"တောက်........"


"အဟွန်း......... သွား အဝတ်အမြန်လဲလိုက် ဒါပြီးရင် မင်းမိဘ‌တွေစီသွားကြတာပေါ့"


ဆိုကာ ဇေထက် အိပ်ရာပေါ်မှ ထလိုက်ပြီး ဘေးနားကတီရှပ်ကို ယူလိုက်ကာ ထွက်လာခဲ့တော့သည် ။


"အဟင့်.......အဟင့်......."


‌ရှင်းအိပ်ရာပေါ်တွင် စောင်ခြုံထားလျက်ဖြင့် ငိုနေတော့သည်။



စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှကင်းဝေးကြပါစေ။ ရေဘေးအန္တရာယ်မှလဲ အမြန်ဆုံး  ကင်းဝေးကြပါစေ။


ဝါသနာအရ ရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏


rate now: