book

Index 12

အပိုင်း(၁၂)

"ဦးရဲ့အမုန်း"



"ဟို အရှေ့ဆို ရောက်ပြီ"


ဒီလိုနဲ့ ဇေထက် ထိုမိန်းကလေးရဲ့ အိမ်ရှေ့သို့ ကားရပ်ပေးလိုက်သည်။


"အမလေး သမီးရယ် ဘယ်တွေသွားနေတာတုန်း"


"ဟဲဟဲ"


"ဒါနဲ့ သူက"


"ဟို သမီးပြောရင် မာမီစိတ်မစိုးရဘူးနော်"


"မစိုးပါဘူး ကဲပါ ပြောစရာရှိတာပြော"


"ဟို သမီး အဲ့လူရဲ့ ကားနဲ့ တိုက်မိတော့မလို ဖြစ်သွားတာ အဲ့ဒါ အဲ့လူက သမီးကို အိမ်ပြန်လိုက်ပို့ပေးတာ"


"အမလေး သမီးရယ် မဖြစ်ဘူး မဖြစ်ဘူး သမီး ဒယ်ဒီနဲ့တော့ သမီးကိုတိုင်ပြောရမယ်"


"ဟင်.......မတိုင်ပါနဲ့နော် ဒယ်ဒီရဲ့ စိတ်ကို မာမီလဲသိရဲ့သားနဲ့"


"ဟော........ဟိုမှာ ပြောရင်းဆိုရင်း လာနေပြီ တစ်ခါတည်းတိုင်ပြောရမယ် အော်........ဒါနဲ့ ဒီကမောင်ရင်ကို အန်တီကျေးဇူးအများကြီး တင်ပါတယ်ကွယ်"


"ဟုတ် ရပါတယ်"


"အိမ်ထဲ ဝင်ထိုင်ပါအုံးလား အအေးလေးဘာလေး သောက်ရအောင်"


"ဟို.......ရပါပြီ"


"ဘာရတာလဲကွယ် လာပါ မောင်ရင်လို လူကောင်းနဲ့တိုက်မိလို့ မဟုတ်ရင်တော့ အန်တီ့သမီးလေး အိမ်ထိတောင် ပြန်လာနိုင်မှာမဟုတ်ဘူး ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ အိမ်ထဲဝင်လာခဲ့ပါနော်"


"အမ်.......ဟုတ်ကဲ့ပါ"


ဇေထက်လဲ အားနာနာနှင့် အိမ်ထဲသို့ ဝင်သွားလိုက်ရသည်။


"ဟင်......"


ဇေထက် အဲ့အိမ်ထဲလဲရောက်ရော တွေ့လိုက်ရတာက 


"ဟင် ....... မောင်တမာန်ရဲ့ လက်ထောက်မလား"


"ဟုတ် ဟုတ်ပါတယ်"


"ဘယ်လိုဖြစ်ပြီး"


"ရှင်တို့က အသိတွေလား"


"သူ့ကို မင်းမသိလား မိန်းမရဲ့"


"ဘယ်သူတုန်း"


"မောင်တမာန်ကို မင်းသိတယ်မလား "


"အော်.......သိပြီ သိပြီ ကျွန်မတို့ရဲ့ သမီးကြီးကို အပြစ်ပေးဖို့ ခေါ်သွားတဲ့တစ်ယောက် ဟုတ်တယ်မလား"


"ဟုတ်တယ်ဟုတ်တယ် "


"ဟို ဒါဆို ဒီက ကျွန်တော့်ကားနဲ့ တိုက်မိတဲ့လူက အန်ကယ်တို့ရဲ့ သမီးပေါ့"


"ဟုတ်ပါတယ် "


"အော်......."


ဇေထက် သူတို့မိသားစုကို သေချာကြည့်ကြည့်လိုက်သည် ။ နွေထနှောင်းက အသားဝင်းပြီး သူတို့လောက်မဖြူပေ ။ အခုသူတို့နားမှာ ထိုင်နေတဲ့ သူကားနဲ့တိုက်ခဲ့တဲ့ မိန်းကလေးကြတော့ အသားအရည်ကဖြူဖွေးလွန်းပြီး ဦးထွဋ်ခေါင်ရှင်းနှင့် အတော်လေးတူသည်။


"ဒါနဲ့ အန်ကယ်တို့ရဲ့ သမီးနာမည်က"


"လဲ့ရည်ရှင်းသန့်ပါ"


"အော်.......အန်ကယ်နာမည်က ထွဋ်ခေါင်ရှင်းနော်"


"အင်း......"


"အန်ကယ် ဇနီးနာမည်က"


"ဒေါ်မြလဲ့ရည်"


"တစ်ခုခုတော့ လွှဲနေပြီ ထွဋ်ခေါင်ရှင်း မြလဲ့ရည် လဲ့ရည်ရှင်းသန့် နွေထနှောင်း လုံးဝကိုလွှဲနေပြီ "

ဇေထက် နာမည်တွေကို ရေရွတ်ရင်း တစ်ခုခုလွှဲနေတာကြောင့် အသေအချာလေး စဉ်းစားနေသည် ။ ဇေထက် ဦးထွဋ်ခေါင်ရှင်းအား တစ်ချက်ကြည့်လိုက်သည်။ တမာန်ရဲ့ လက်ထောက်ဆိုတော့ ဇေထက်ကိုလဲ သူတို့ကြောက်နေကြသည် ။


"ဟို ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"


"ရပါတယ် မေးပါ"


"အန်ကယ်တို့စီမှာ မွေးစားသမီး တစ်ယောက်ရှိတယ်မလား"


"ဟင်........"


ဇေထက်ရဲ့ အမေးကို သူတို့နှစ်ယောက် ပြန်မဖြေဘဲ ဒီတိုင်းသာ ရပ်နေကြသည်။ ထိုအချိန်


"ဟုတ်တယ် ကျွန်မစီမှာ မွေးစားအစ်မတစ်ယောက်ရှိတယ် သူက အပြစ်ပေးဖို့ ခေါ်သွားခံရတဲ့ နွေထနှောင်းဆိုတာဘဲ"


"ဟင်....... ဒါဆို သခင်လေးတော့ အရမ်းမှားသွားပြီ "


"သမီး......"


ဦးထွဋ်ခေါင်ရှင်း သူ့သမီးဖြစ်သူအား စိတ်ပူ‌စွာဖြင့် အော်လိုက်မိသည်။

ရှင်းကတော့ ပြောပြီးသည်နှင့် ‌ထိုင်ခုံပေါ်ပြန်ထိုင်နေသည် ။


"ဒါဆို ကျွန်တော့ကို ခွင့်ပြုပါအုံး"


"ဟမ်........ဟို မောင်တမာန်ကို ဒီကိစ္စ သွားမပြောပါနဲ့လား"


"ဒါဆို အန်ကယ်တို့က မွေးစားသမီးကို သမီးအရင်းလုပ်ပြီး ဟိုမှာ သခင်လေး ကြိုက်သလို နှိပ်စက်နေတာကို သွားခံခိုင်းနေတာပေါ့"


"ဒါကတော့ "


"အန်ကယ်တို့မှာ မွေးစားသမီးရှိတယ်ဆိုတဲ့အကြောင်း ဘာလို့ သခင်လေးကို မပြောပြရတာလဲ"


"ဒါက"


"ဒါက အန်ကယ်တို့သမီးအရင်းကို နှိပ်စက်မှာ အန်ကယ်တို့ စိုးရိမ်နေတာမလား အဟွန်း........ ခင်ဗျားတို့ တော်တော် တော်ပါတယ် ကိုယ့်မွေးစားသမီးကို ကြတော့ ကြိုက်တာဖြစ်ဆိုပြီး သခင်လေးအိမ်ကို ပို့လိုက်တယ် သမီးအရင်းကိုကြတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ခိုင်းထားပြီး အေးအေးလူလူ သွားနေခိုင်းထားတယ်"


"အဲ့တော့ ဘာဖြစ်လဲ သူကအစကတည်းက ငါ့သမီးအရင်းမှ မဟုတ်တာ အဲ့တော့ ငါကဘာအတွက်လိုက်ပြီး စိုးရိမ်နေရမှာလဲ နောက်ပြီး လူ့စိတ်ဆိုတာ အမြဲတမ်းပြောင်းနေကြဆိုတာ မင်းမှတ်ထားလိုက်....... သွား သမီးအပေါ်တက်တော့"


"အဟွန်း....... ကျွန်တော် ခင်ဗျားတို့ရဲ့ သမီးကို ကားနဲ့တိုက်မိလိုက်တာ အတော်လေး မှန်သွားပြီ ခင်ဗျားတို့ရဲ့ စိတ်ရင်းကို သိလိုက်ရလို့"


ဇေထက်လဲ ဒေါသထွက်ကာ ထိုနေရာမှ ချက်ချင်းထွက်လာခဲ့သည်။


"ရှင်ဘယ်လိုပြောလိုက်တာလဲ နွေထနှောင်းဆိုတာ ကျွန်မတို့ရဲ့ မွေးစားသမီးဆိုပေမယ့် ကျွန်မကသမီးအရင်းလေးလို ချစ်တာလေ"


အဲ့ဒါတွေငါမသိဘူး နွေထနှောင်းဆိုတာက မွေးစားသမီးဘဲ ငါတို့ရဲ့ သမီးအရင်းလဲ့ရည်ရှင်းသန့်လောက် အရေးမပါဘူး အဲ့ဒါကို မင်းသိသင့်ပြီနော် "


"ဒါဆို ရှင်က သူ့ကိုမွေးစားသမီးဘဝကနေ စွန့်ပစ်တော့မယ်ပေါ့"


"အင်း....... သူ့ကိုတရားဝင်မွေးစားဖို့ လုပ်ထားတဲ့စာချုပ်ကို ငါမီးရှို့လိုက်ပြီ"


"ဘာ.........ရှင်သိပ်ရက်စက်လှချည်လား "


"ဟုတ်တယ် ငါကရက်စက်တယ် နွေထနှောင်းဆိုတာ ငါ့သမီးလေးမွေးပြီးကတည်းက အရေးပါတဲ့လူမှမဟုတ်တော့တာ "


ဒေါ်မြလဲ့ရည် ဘာမှပြန်မပြောတော့ဘဲ အပေါ်ထပ်သို့သာ တက်သွားတော့သည် ။ 


"နွေထနှောင်းရယ် မင့်ဘဝကတော်တော်စိုးရွားလှချည်လား"


ဇေထက် အကြောင်းစုံသိချင်သေးသဖြင့် မပြန်သေးဘဲ ဆက်နားထောင်နေခဲ့သည်။ အခုတော့ ဇေထက် သိချင်တာသိလိုက်ရသဖြင့် သူ့ညီမလေးအရင်းလိုချစ်တဲ့ ‌နှောင်းလေးအား သနားမိသွားသည်။ 


"မဖြစ်ဘူး ငါအခု သခင်လေးကို အမှန်တိုင်း အကုန်သွားပြောပြရမယ်"


ဆိုကာ ဇေထက် တမာန်ရှိရာ အိမ်ကြီးစီသို့ အမြန်ပင်မောင်းလာခဲ့သည်။


"ခလေး နိုးပြီလား"


"ဟင်......."


"‌အဟွန်း........ ကိုယ်မင်းကိုအရာရာအားလုံးအတွက် ခွင့်လွှတ်ပေးပါတယ်"


"ဟို ရှင့်စကားကို ကျွန်မနားမလည်ဘူး"


"ကိုယ်ပြောတာ ခလေးကို ဆက်ပြီးအပြစ်မပေးတော့ဘူလို့ အားလုံးကို ခွင့်လွှတ်လိုက်ပြီ"


"ဒါဆို ကျွန်မကို ကျွန်မမိဘတွေစီပြန်ပို့ပေးတော့မယ်ပေါ့"


"အင်း........ဒါပေမယ့်"


"သခင်လေး"


"ဟာ.......ဒီကောင်"


တမာန် ဒေါသထွက်ကာ အိမ်အောက်ထပ်သို့ အလျင်အမြန်ပင် ဆင်းလာခဲ့သည်။ နှောင်းလဲ တမာန်နောက်မှ အမှီဆင်းလာခဲ့သည်။


"ဘာကိစ္စဖြစ်ပြန်ပြီလဲ"


"ဒီတစ်ခါ ကျွန်တော်ပြောမယ့် ကိစ္စက သခင်လေးအတွက် အရမ်းအရေးကြီးတယ်"


"ဘာကိစ္စမို့လို့လဲ"


"နွေ‌ထနှောင်းရဲ့ ကိစ္စ"


"ရှင်......ကျွန်မကိစ္စဟုတ်လား"


"အင်း.......လာ ဒီမှာလာထိုင် အစ်ကို အကြောင်းစုံပြောပြမယ်"


ဆိုကာ ဇေထက် နှောင်းရဲ့လက်ကလေးကို ကိုင်လိုက်သည်။


"ပြောစရာရှိတာပြော လက်ကမပါနဲ့"


တမာန် နှောင်းလက်အားကိုင်ထားသည့် ဇေထက်လက်ကို ရိုက်ချလိုက်သည်။ ဇေထက် တမာန်အားတစ်ချက်ကြည့်လိုက်ပြီး ဧည့်ခန်းထဲက ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်တော့သည် ။


"ပြော "


"ဒီလို တစ်ကယ်တော့ နှောင်းက ဦးထွဋ်ခေါင်ရှင်းရဲ့ မွေးစားသမီး"


"ဘာ........"


တမာန် ဇေထက်စကားကြောင့် နှောင်းဘက်လှည့်ကာ ကြည့်လိုက်သည်။ နှောင်းကတော့ ခေါင်းလေးငုံ့ပြီး ကုပ်ကုပ်လေးသာ ထိုင်နေသည်။


"နှောင်း အစ်ကိုပြောစရာတစ်ခုရှိတယ်"


"ဟုတ်"


"‌နှောင်းရဲ့ အဖေအရင်းမဟုတ်တဲ့ ဦးထွဋ်ခေါင်ရှင်းက နှောင်းကို သမီးလေး အရင်းလိုချစ်တယ်ဆိုတာ ယုံလား"


"ယုံတာပေါ့ ဖေဖေက နှောင်းအပေါ်အရမ်းကောင်းတာ "


"မဟုတ်ဘူး နှောင်းရဲ့အဖေက နှောင်းကို တရားဝင်မွေးစားသမီးအဖြစ်က စွန့်ပစ်လိုက်ပြီဆိုတာ နှောင်းသိလား"


"ဟင်.......ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဖေဖေက နှောင်းကိုဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး"


"ဟူး.........နှောင်းရဲ့အဖေ နှောင်းကို တရားဝင်မွေးစားထားတဲ့ စာချုပ်ကို မီးရှို့လိုက်ပြီ"


"ရှင်........"


"ဇေထက် မင်းအခုဘာတွေပြောနေတာလဲ ငါဘာမှနားမလည်ဘူး"


"အခုသခင်လေး အပြစ်ပေးနေတဲ့ နှောင်းက ဦးထွဋ်ခေါင်ရှင်းတို့ရဲ့ အရင်ကတရားဝင်မွေးစားထားတဲ့ မွေးစားသမီး လဲ့ရည်ရှင်းသန့်ဆိုတဲ့ နှောင်းရဲ့ညီမက ဦးထွဋ်ခေါင်ရှင်းတို့ရဲ့ သမီးအရင်း ဒီလောက်ဆို နားလည်ပြီလား သခင်လေး"


တမာန် နှောင်းရဲ့ကိုယ်လေးအား သူ့ဘက်လှည့်ခိုင်းလိုက်သည် ။


"နောက်ပြီး ဦးထွဋ်ခေါင်ရှင်းက သူ့သမီးမွေးပြီးကတည်းက နွေထနှောင်းဆိုတာ အရေးမပါတော့ဘူတဲ့ "


"ဟင့်အင်း.......မဟုတ်ဘူး အဟင့်.......ဖေဖေက နှောင်းကို ဒီလိုစကားမျိုး ဘယ်တော့မှမပြောဘူး ဟင့်........"


"ဒါဆိုမင်းပြောချင်တာက ဦးထွဋ်ခေါင်ရှင်းက သူ့ရဲ့မွေးစားသမီးဖြစ်တဲ့ နှောင်းကို ငါ့အိမ်ကို သမီးအရင်းဆိုပြီး ပို့ခိုင်းလိုက်တယ် ဟုတ်လား"


"အင်း......."


"ဒါဆိုနှောင်းမှာ ဘာအပြစ်မှမရှိဘူးပေါ့"


"မရှိဘူး အခုဟာက ဘာအပြစ်မှမရှိတဲ့ နှောင်းကို ဦးထွဋ်ခေါင်ရှင်းကပါ မွေးစားသမီးအဖြစ်က စွန့်ပစ်လိုက်ပြီ"


"တောက်......."


"နှောင်း နှောင်း ဖေဖေ့ကို မျက်နှာချင်းဆိုင် သွားမေးမယ် ဖေဖေက နှောင်းကို ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး"


ဆိုကာ မျက်ရည်များနှင့် သူမထိုင်နေရာမှထလိုက်ပြီး သူ့တို့အနားမှ ထွက်သွားဖို့ ပြင်လိုက်စဉ် တမာန်သူမကိုလေးအား ‌ဖက်ထားလိုက်သည်။


"စိတ်ထိန်းပါအုံးခလေးရယ် ဒီကိစ္စကို ကိုယ်ဖြေရှင်းပေးပါ့မယ် "


"အဟင့်........ "


"သွား ဇေထက် ကားအဆင်သင့်ပြင်ထားလိုက် အခုချက်ချင်း ဦးထွဋ်ခေါင်ရှင်းတို့စီသွားမယ်"


"ဟုတ် ကားကအဆင်သင့်ပါဘဲ"


"ဒါဆိုသွားရအောင် ခလေး ဟိုရောက်ရင် ကိုယ့်ဒီကိစ္စအားလုံးကို ဖြေရှင်းပေးမယ် ဘာမှစိတ်မပူနဲ့"


"ဟို ကျွန်မ တစ်ခုလောက်တောင်းဆိုလို့ ရမလားဟင်"


"ရတာပေါ့ ပြောလေ"


"ရှင်းလေးကို အပြစ်မပေးရဘူးနော်"


"ကျစ်........အဲ့ဒါက"


"လုပ်ပါ ရှင်းလေးကို အပြစ်မပေးပါနဲ့နော် ကျွန်မဒူးထောက်ပြီးတောင်းပန်ပါတယ်"


ဆိုကာ နှောင်းဒူးထောက်ဖို့ ပြင်လိုက်စဉ် တမာန်အလျင်အမြန်ပင်ဆွဲထူလိုက်သည်။


"ကိုယ့်ကို ဒူးထောက်တောင်းပန်စရာမလိုပါဘူး ကိုယ့်ခွင့်လွှတ်ပေးပါတယ်"


"အဟင့်........ကျေးဇူးပါ"


"အဟွန်း.....ရပါတယ် မငိုနဲ့တော့ ဟုတ်ပြီလား"


"ဟုတ်"


ဒီလိုနဲ့ သူတို့သုံးယောက်အတူတူ ဦးထွဋ်ခေါင်ရှင်းတို့အိမ်စီသွားလိုက်ကြသည်။


"ရောက်ပြီခလေး လာဆင်း"


"ဟုတ်"


သုံးယောက်သားကားပေါ်မှ ဆင်းလာလိုက်ကြပြီး အသင့်ဖွင့်ထားတဲ့ ခြံထဲသို့ ဝင်လာလိုက်ကြသည်။


"ဟင်........သမီး"


ဒေါ်မြလဲ့ရည် သမီးဖြစ်သူအား တွေ့လိုက်သဖြင့် အပြေးလေးလာကာ ပွေ့ဖတ်လိုက်သည်။


"အဟင့် .......... မေမေ ဖေဖေကော"


"ဘာကိစ္စရှိလို့လဲ"


ဧည့်ခန်းထဲမှ အသံကြောင့် အားလုံးအကြည့်က ဧည့်ခန်းထဲစီရောက်သွားတော့သည်။


"ဖေဖေ ဖေဖေ"


"ဒီနာမ်စားကို မသုံးတော့တာ ကောင်းမယ်ထင်တယ် နွေထနှောင်း"


"ရှင်......."


"ခင်ဗျားဘယ်လိုပြောလိုက်တာလဲ ဦးထွဋ်ခေါင်ရှင်း "


"မင်းကြားတဲ့အတိုင်းဘဲ မောင်တမာန်"


"တောက်.......ခင်ဗျားရဲ့ အပြစ်မရှိတဲ့ မွေးစားသမီးကို ဘာဖြစ်လို့ ကျုပ်စီပို့လိုက်တာလဲ"


"ဒါကတော့ မင်းငါ့နေရာဝင်ကြည့်လိုက်လေ မွေးစားသမီးနဲ့သမီးအရင်းဆို မင်းအတွက် ဘယ်သူကအရေးပိုကြီးမလဲ"


"ဒါဆို ခင်ဗျားလဲ နှောင်းရဲ့နေရာကိုဝင်ကြည့်လိုက်လေ ဘာမှသွေးမတော်သားမစက်တဲ့ ခင်ဗျားတို့ရဲ့ အပြစ်တွေကို ကျေးဇူးဆိုတဲ့ အရာအတွက်နဲ့ လာခံနေရတာ တရားလား နောက်ပြီး ခင်ဗျား နှောင်းရဲ့ တရားဝင်မွေးစားထားတဲ့ စာချုပ်ကို မီးရှို့လိုက်တယ်ဆို ဟုတ်လား"


"မင်း ဘယ်လိုသိတာလဲ"


"ကျုပ်ဘာသာ ဘယ်လိုဘဲသိသိ ဟုတ်လားမဟုတ်လားသာ ဖြေစမ်းပါ "


"ဟုတ်တယ်"


"ဟင်........"


နှောင်းအရမ်းလန့်သွားကာ ထိုနေရာတွင် ရပ်နေရာမှ မေ့လဲသွားတော့သည်။


"ဟင်......သမီး သမီးနှောင်းလေး ထပါအုံး"


ဒေါ်မြလဲ့ရည် နှောင်းလေးအနား အပြေးလာကာ ပွေ့ဖတ်လိုက်သည် ။

တမာန်လဲ အရမ်းစိတ်ပူသွားကာ နှောင်းလေးအနား အပြေးလာခဲ့ပြီး နှောင်းကိုယ်လေးအား ပွေ့ချီလိုက်သည်။


"ခင်ဗျားတို့ အေးအေးဆေးဆေးနေထားလိုက်အုံး "


တမာန် ပြောလဲပြီးရော နှောင်းကိုယ်လေးအား ပွေ့လျက်ကားပေါ်သို့တက်သွားလိုက်သည်။

ဒေါ်မြလဲ့ရည်ကတော့ ငိုလျက်ဖြင့် ကျန်ခဲ့တော့သည်။


"ဆေးရုံကိုအခုချက်ချင်းမောင်း ဇေထက်"


"ဟုတ်"


"ခလေးရယ် သတိထားပါအုံး"


"သခင်လေး အခုဘယ်လိုလုပ်ကြမလဲ နှောင်းက မွေးစားသမီးအဖြစ်က စွန့်ပစ်ခံလိုက်ရတော့ သူတို့အိမ်ကိုပြန်သွားဖို့ မဖြစ်နိုင်တော့ဘူ "


"ဘယ်သူက နှောင်းကို သူတို့အိမ်ကိုပို့မယ်လို့ ပြောလဲ"


"ဗျာ"


"ငါ သူမကိုချစ်မိနေပြီ ဇေထက်"


"ဗျာ ........ တစ်ကယ်လား သခင်လေး"


"အင်း......"


"အဟား......ပျော်လိုက်တာ"


"မင်းက ဘာကိစ္စနဲ့ပျော်တာလဲ"


"သခင်လေးကို ကျွန်တောက်က လူပျိုကြီးဖြစ်တော့မယ် ထင်ထားတာ အခုတော့ လူပျိုကြီးဖြစ်ဖို့ အလားအလာမရှိတော့ဘူ "


"အဟွန်း........ဒါပေမယ့် ခလေးက ငါ့ကိုပြန်ချစ်ပါ့မလား"


"သခင်လေး ဖွင့်ပြောကြည့်လိုက်ပေါ့ "


"ငါဖွင့်ပြောလိုက်လို့ ခလေးကငါ့ကို မချစ်ဘူးလို့ ပြန်ပြောရင် ဘယ်လိုလုပ်မလဲ"


"ဖွင့်ကမပြောရသေးဘဲ သခင်လေးက ဘယ်လိုသိတာလဲ ကျစ်........သခင်လေးက ဘာအဖြစ်မှကို မရှိဘူး"


"ဘာ.......မင်းငါ့ကို ဘာပြောလိုက်တယ်"


"အဖြစ်မရှိဘူးလို့"


"တောက်......မင်းကတော့ ငါလုပ်လိုက်ရရင် သေတော့မယ်"


"ဟဲဟဲ ကျွန်တော်ကစတာပါ"


ဒီလိုနဲ့ သူတို့ ဆေးရုံသို့ ရောက်သွားကြသည်။ ဆေးရုံရောက်တော့လဲ အားဆေးသွင်းပေးထားလိုက်ကြသည် ။


"ခဏနေရင် သတိရလာပါလိမ့်မယ် "


"ဟုတ် မင်းလဲ သွားနားတော့လေ ဇေထက်"


"သခင်လေး တစ်ယောက်ထဲဖြစ်ပါ့မလား"


"ဘာလို့ မဖြစ်ရမှာလဲ "


"အင်းပါ ဒါဆို ကျွန်တော် Taxiနဲ့ဘဲ ပြန်လိုက်တော့မယ်"


"အင်း "


ဒီလိုနဲ့တမာန်လဲ နှောင်းရဲ့ ဆေးရုံအခန်းထဲသို့ဝင်သွားလိုက်ပြီး သူမလက်လေးအား မြဲနေအောင် ဆုတ်ကိုင်ထားလိုက်သည် ။

ခဏကြာတော့ နှောင်းသတိပြန်ရလာခဲ့သည်။


"ခလေး သတိရပြီလား"


"ဟုတ် ဟို ကျွန်မကို ရှင့်အိမ်မှာ ခဏလောက် နေခွင့်ပြုပါလားဟင် ကျွန်မအလုပ်........"


သူမတောင် စကားမဆုံးသေး နှုတ်ခမ်းကို ငုံ့နမ်းလာတဲ့ တမာန်ကြောင့် သူမကြောင်သွားပြီး လန့်သွားရသည်။

ခဏအကြာနမ်းပြီးမှ


"ချစ်တယ် ဒီကအပြစ်ကင်းစင်လွန်းတဲ့ နွေထနှောင်း ဆိုတဲ့ကောင်မလေးကို အရမ်းချစ်တယ်"


"ဟင်......"


"ကိုယ်မင်းကို အရမ်းချစ်တယ် ခလေး ကိုယ့်ရဲ့အချစ်ကို လက်ခံနိုင်လား"


နှောင်းရှက်ကာ ဘာမှပြန်မပြောနိုင်ဘဲ အိပ်ရာပေါ် ဒီတိုင်းလေးသာ လဲနေမိသည်။


"ကိုယ်သိပါတယ် မင်းကိုယ့်ကို မချစ်နိုင်ဘူးဆိုတာ "


"မချစ်ရင် ရှင့်ကိုအခု ကျွန်မပါးရိုက်ပြီးပြီ"


"ဟင်......ဘာလို့လဲ"


"ကျွန်မကို ခွင့်ပြုချက်မတောင်းဘဲ လာနမ်းတဲ့ရှင့်ကို ကျွန်မသာ မချစ်ရင် ခွင့်ပြုချက်မတောင်းဘဲ လာနမ်းရသလားဆိုပြီး ရှင့်ပါးကို ကျွန်မရိုက်လိုက်မှာပေါ့"


"အဟွန်း........ဒါဆို ခလေးက ကိုယ့်ကိုချစ်တယ်ပေါ့"


"ဟင့်အင်း ကျွန်မရှင့်လို အငြိုးကြီးတဲ့လူကို မချစ်နိုင်သေးဘူး"


"ခလေး ကိုယ်နားမလည်တော့ဘူ"


"ကျွန်မ ရှင့်ကို ကြိုက်ရုံဘဲ ရှိသေးတယ် ချစ်ဖို့က လိုသေးတယ်"


"အဟွန်း........ဒါဆို ကိုယ့်ဘက်က ဒီကခလေးလေးချစ်လာအောင် ဘာတွေလုပ်ရမှာလဲ"


"ဒေါသမကြီးရဘူး စိတ်စိုးမလွယ်ရဘူး နောက်ပြီး လူတွေကို ထပ်မသတ်ပါနဲ့တော့နော်"


မျက်နှာငယ်လေးနှင့် တောင်းဆိုလိုက်တဲ့ သူမကြောင့် တမာန်မှာ ဝမ်းနည်းသွားရသည်။


"အင်းပါ နောက်နေ့ကစပြီး ကိုယ်ဘယ်တော့မှ လူထပ်မသတ်တော့ဘူ ဟုတ်ပြီလား"


"အင်း......."


"ဒါဆို ခလေးက ကိုယ့်ကို ချစ်နိုင်ပြီလား"


"အခုမဖြေသေးဘူး ဆေးရုံက ဆင်းမှဖြေပေးမယ်"


"အဟွန်း.......ဟုတ်ပါပြီဗျာ"


"ဒါနဲ့ ဖေဖေ"


"ကျစ်.......ခလေး သူတို့ရဲ့အကြောင်းကို ဆက်မပြောပါနဲ့တော့ ခလေးပင်ပန်းရတယ် "


"ဟူး.......အင်းပါ"


"ညတောင်ရောက်တော့မယ် ခလေး ဗိုက်ဆာပြီလား "


"မဆာသေးပါဘူး"


"ဒါဆို ခဏနားလိုက်အုံး"


"ဟုတ်"


ဒီလိုနဲ့ နှောင်းလဲ ခဏပြန်အိပ်လိုက်သည်။ တမာန်လဲ သူမလက်လေးကိုင်ထားလျက် သူမမျက်နှာလေးအား စိုက်ကြည့်နေမိသည်။


ကိုယ်ကတော့ နောက်ဆုံးအခန်းလေး ရေးပြီးပြုံးနေရတာဘဲ။ စာဖတ်သူလေးတွေကတော့ မသိဘူး။😁

စာဖတ်သူလေးများအားလုံး Covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။ ရေဘေးဒုက္ခမှလဲ ကင်းဝေးကြပါစေ။



rate now: