"ဦးရဲ့အမုန်း"
"သက်မြတ်မိုးခင်"
တမာန် ဒေါသများစွာဖြင့် ခေါ်လိုက်တာကြောင့် သက်မြတ်မိုးခင် အောက်ထပ်မှ ကိုယ်လေးတုန်ကာ ရုတ်တရက်ထရပ်လိုက်သည်။
"ဇတ်"
"ဖြောင်း....."
တမာန် အောက်သို့ ရောက်ရောက်ခြင်း သူ့နာမည်အားခေါ်လာတဲ့ သက်ကို အားပြင်းပြင်းဖြင့် ဘယ်ဘက်ပါးသို့ ရိုက်ပစ်လိုက်သည်။
တမာန်ရဲ့ အားပြင်းပြင်းရိုက်ချက်ကြောင့် သက်နှုတ်ခမ်းထောင့်နားမှာ ပေါက်သွားပြီး သွေးများစို့တက်လာသည်။
"ရှင်......ရှင်......"
"ငါ တမြတ်တနိုးနဲ့ နမ်းတဲ့ပါးကို မင်းကဘယ်သူ့ခွင့်ပြုချက်နဲ့ လာရိုက်ရဲတာလဲ "
သက် တမာန်ရဲ့အမေးအား ပြန်မဖြေဘဲ သူ့အား မျက်ရည်တွေဖြင့် စူးစိုက်ကာ ပြန်ကြည့်နေသည်။
"တောက်.......မင်းလာစမ်း မင်းရက်စက်တက်သလောက် ငါအစတစ်ရာပြန်ရက်စက်ပြမယ်"
ဆိုကာ တမာန် သက်ရဲ့ လက်အား ဆွဲလိုက်ပြီး မြေအောက်ခန်းရှိရာသို့ ခေါ်လာခဲ့သည်။ လူတွေသတ်ထားပြီးကတည်းက အခုချိန်ထိ မရှင်းရသေးတဲ့ ထိုနေရာဟာဆိုရင်ဖြင့် ပုတ်စော်နံနေပြီး လူအရိုးအစများနှင့် ကြွက် ပိုးဟပ်များနှင့် ပိုကောင်များစွာရှိနေသည်။ နံရံများကလဲ သွေးများကပ်ညှိနေစဲပင်။
သက် မြေအောက်ခန်းထဲသို့ ဝင်ဖို့ ခြေတွန့်နေမိသည်။
"လာခဲ့"
"ဟင့်အင်း ကျွန်မ ကျွန်မအဲ့ထဲမဝင်ဘူး"
"မင်းလုပ်လိုက်တဲ့ အရာတွေအတွက် ပြစ်ဒဏ်ခံရတယ်လို့ မှတ်ယူလိုက်ပေါ့"
"မဝင်ဘူး ရှင်ကျွန်မကို သတ်ချင်သတ်ပစ်လိုက်ဇတ် "
"အသက်မသေခင်လေး မင်းကိုငါက ခံစားခိုင်းစေချင်သေးလို့ ဟုတ်ပြီလား အဟွန်း...... ဒါပြီးရင်လဲ မင်းမြေအောက်ခန်းထက် ပိုကောင်းတဲ့နေရာကို ငါပို့ပေးအုံးမှာ ဟုတ်ပြီလား "
တမာန် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူမအား မြေအောက်ခန်းထဲသို့ တွန်းချလိုက်ကာ ထွက်လာခဲ့တော့သည်။
"ရှင် ကျွန်မကို လုပ်ခဲ့သလို နှစ်စပြန်ခံစားစေရမယ် အဲ့ဒါကိုမြဲမြဲမှတ်ထားလိုက် နောက်ပြီး အခုရှင့်လုပ်ရပ်အတွက် ရှင်နောင်တမရပါစေနဲ့ ဇတ်"
"အဟွန်း....... မင်းခြိမ်းခြောက်တိုင်းကြောက်ရအောင် ငါကမင်းဘေးနားမှာကပ်နေတဲ့ ဘဲကြီးတွေလိုမဟုတ်ဘူး နောက်ပြီး ငါဆိုတဲ့ ကောင်က အမြတ်ရှိမှ အလုပ်လုပ်တယ်ဆိုတာလဲ မင်းမြဲမြဲမှတ်ထားလိုက်ပါ သက်မြတ်မိုးခင်"
တမာန်ပြောလဲပြီးရော ထိုနေရာမှ ချကါချင်းထွက်လာခဲ့လိုက်သည်။
"တောက်........ "
"မီးမှိတ်ထားရင်တောင် နေသာအုံးမယ် ဇတ် ရှင်လုပ်ရပ်အတွက် ရှင်တစ်နေ့ပြန်ပေးစပ်ရမှာပါ တေဇက ရှင့်ကိုဒီတိုင်း လွှတ်ထားမယ် မထင်ပါနဲ့"
မီးအလင်းရောင်ကြောင့် နံရံတစ်ဝိုက်က သွေးကွက်တွေနှင့် ကြမ်းပြင်ပေါ်က အရိုးစုအနည်းငယ်က မြင်သူအဖို့ စိတ်ခြောက်ခြားစရာကောင်းလှသည်။
"ဟင်....... ဒေါက်တာ ဘယ်အချိန်တုန်းကစ ရောက်နေတာလဲ"
"ခဏကမှရောက်တာ အဲ့တာမင်းကို မတွေ့တာနဲ့ ကိုယ့်ဘာသာကိုယ် အပေါ်တက်လာခဲ့တာ အဲ့ဒါနဲ့ဘဲ ဒီကမေ့လဲနေတဲ့ မိန်းကလေးကိုတွေ့လို့ ဆေးသွင်းပေးထားလိုက်တယ်"
"ဟုတ် ကျေးဇူးပါ ဒေါက်တာ"
"ရပါတယ် ဒါနဲ့ မိန်းကလေးကို သေချာဂရုစိုက်ပေးလိုက်ပါ အရမ်းအားနည်းနေတယ် နောက်တစ်ခါဒီလိုမဖြစ်စေနဲ့"
"ဟုတ်"
"အေးအေး ဒါဆို ဒေါက်တာ ဆေးပေးထားလိုက်မယ် သေချာလေးတိုက်လိုက်"
"ဟုတ်"
"ဒါနဲ့ ဒေါက်တာတစ်ခုလောက်မေးလို့ ရမလား"
"ရပါတယ် မေးပါဒေါက်တာ"
"ဒီမိန်းကလေးနဲ့ မောင်တမာန်နဲ့က"
"ဟို.......ဘယ်လိုပြောရမလဲ "
"ရပါတယ် ဒေါက်တာက ဒီတိုင်လေးဘဲ မေးကြည့်တာပါ"
"ဟုတ် မဖြေပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်"
"မလိုပါဘူးကွယ် ဒါဆို ဒေါက်တာလဲ ပြန်တော့မယ်လေ"
"ဟုတ် ကျေးဇူးအများကြီး တင်ပါတယ်"
"ရပါတယ် မင်းကလဲ "
ဒီလိုနဲ့ ဆရာဝန်လဲ သူတို့အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။ တမာန် နှောင်းအနားလေးလာကာ နှောင်းရဲ့ နဖူးသို့ ဖွဖွလေး နမ်းလိုက်သည်။
"မင်းက တစ်ကယ်သနားစရာကောင်းပါတယ် ခလေးရယ်"
ဒီတစ်ခါ ဟန်ဆောင်တာမဟုတ်ဘဲ တမာန် ခလေးဟုသော နာမ်စားကို သူမလေး မကြားအောင် ခေါ်လိုက်မိသည်။ သူမရဲ့ ပါးပြင်ထက်က လက်ဝါးယာကို မြင်တိုင်း သက်မြတ်မိုးခင်အား သတ်ချင်စိတ်အဖွာဖွာဖြစ်နေမိသည်။
တမာန် သူမမျက်နှာလေးကို အချိန်အတော်အတန်ကြာ ကြည့်ပြီးမှ အောက်ထပ်သို့ ဆန်ပြုတ်ပြုတ်ဖို့ ဆင်းလာခဲ့တော့သည်။
အချိန်ခဏကြာတော့ ဆန်ပြုတ်လဲပြုတ်ပြီးပြီမို့ နှောင်း နိုးပြီလား မနိုးသေးဘူးလား ကြည့်ဖို့ အပေါ်ထပ်သို့ တက်လာခဲ့သည်။
အခန်းထဲလဲ ရောက်ရော လက်အကြောဆန့်နေတဲ့ သူမလေးအား တမာန် ပြုံးပြီးကြည့်လိုက်မိသည်။
"ဟင်......."
နှောင်း အံ့ဩကာ တမာန်အား ကြောင်ပြီး ကြည့်နေမိသည်။
"လာထ ဆန်ပြုတ်သွားစားရအောင်"
ပျားရည်ထက်တောင် ချိုနေလွန်းတဲ့ သူ့ရဲ့အသံကြောင့် နှောင်းမျက်လုံးလေးပြူးလျက် ကြောင်ကြည့်နေပြန်မိသည် ။
"ဘာလဲ ကိုယ်ပွေ့ပေးရမှာလား"
"ရှင်...... "
"အဟွန်း......."
တမာန် တစ်ချက်ပြုံးလိုက်ပြီး အိပ်ရာပေါ်က သူမကိုယ်လေးအား ချက်ချင်းပင် ပွေ့ချီလိုက်သည်။
"ဟင်.......ဘာလဲဟ"
နှောင်း အိမ်မက်မက်နေသည်ထင်၍ ကိုယ့်ပါးကိုယ် ပြန်ရိုက်ကြည့်နေသည် ။
"ဘာလို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်နေရတာလဲ ဒီခလေးကတော့"
"မဟုတ်သေးပါဘူး ရှင်က ကျွန်မကို ဘာဆိုင်လို့ ပွေ့ထားရတာလဲ"
"အဟွန်း........."
တမာန် ဘာမှပြန်မပြောဘဲ အောက်ထပ်ရှိ မီးဖိုခန်းစီခေါ်သွားလိုက်ပြီး ထိုင်ခုံပေါ်ထိုင်လိုက်ကာ နှောင်းအား သူ့ပေါင်ပေါ်သို့ ထိုင်ခိုင်းစေသည်။
"ဟို.......အခုဒီနားမှာ ဟိုအစ်မမရှိပါဘူး "
"အဲ့တော့"
"အဲ့တော့ ဟန်ဆောင်နေစရာမလိုဘူး ထင်တယ်"
"အဟွန်း........ အခုဟန်ဆောင်နေတာမှမဟုတ်တာ ခလေးရဲ့"
"ဟမ်........."
"ကဲပါ ဟ"
"ဟို......."
"ကိုယ်ကစိတ်မရှည်တက်ဘူးနော် ဟဆိုဟလိုက်မှ မဟုတ်ရင်"
တမာန် သူ့ပေါင်ပေါ်ထိုင်နေတဲ့ နှောင်းလေးရဲ့ မျက်နှာနားသို့ ကပ်လိုက်သည်။
"ဟင်......."
ထိုအချိန်မှ နှောင်း ပါးစပ်လေးဟလာခဲ့တော့သည်။
"အဟွန်း........ဒီလိုမှပေါ့"
ဆိုကာ နှောင်းပါးစပ်ထဲသို့ ဆန်ပြုတ်တစ်ဇွန်း ခွံ့ပေးလိုက်သည် ။
"ဟိုဟာ ကျွန်မ အရမ်းပူလာလို့ ဟိုဘက်ခုံမှာ ပြောင်းထိုင်လို့ ရမလားဟင်"
"အဟွန်း........ခလေးသဘောဘဲ"
"ဟုတ်"
နှောင်း သူ့ပေါင်ပေါ်မှ အမြန်ဆင်းကာ တစ်ဖက်ခုံသို့ အမြန်ထိုင်လိုက်သည်။
"ဟ နည်းနည်းစားလိုက်အုံး"
"ဟို မစားတော့ရင် မရဘူးလားဟင်"
"ဒါဆို နှစ်ဇွန်းဘဲစား ဟုတ်ပြီလား"
"ဟုတ်"
ဒီလိုနဲ့ နှောင်း သူခွံ့ပေးတဲ့ ဆန်ပြုတ်အား စားလိုက်ပြီး ဆေးသောက်လိုက်သည်။
ထို့နောက် နှောင်း ဆန်ပြုတ်ခွက်လေးအား ဆေးဖို့ယူလိုက်စဉ် တမာန် အလျင်အမြန်ပင် ဆန်ပြုတ်ခွက်အား လှမ်းယူလိုက်သည်။
"ဘာလုပ်မလို့တုန်း ခလေးရဲ့"
"ရှင်......ဟို ဆန်ပြုတ်ခွက်ဆေးမလို့လေ"
"ဟာ........ခလေးကလဲ ဒါတွေက ကိုယ်လုပ်ပါ့မယ် သွားသွား ခြံထဲမှာ လေကောင်းလေသန့် သွားရှူနေ"
"ဟုတ်"
ဒီလိုနဲ့ သူမလဲ ကြောင်အအလေးဖြင့် ထွက်လာခဲ့တော့သည် ။
"မဟုတ်သေးပါဘူး အဲ့လူကြီးတစ်ခုခုတော့မှားနေပြီ ဟိုအစ်မလဲ မရှိဘဲနဲ့ ငါ့ကိုဘာလို့ ဒီလောက်ထိ လာဂရုစိုက်နေတာပါလိမ့် သူ ခေါင်းများထိထားတာလား ဟူး....... သူ့လုပ်ပုံတွေကလဲ လူတောင်လန့်စေတယ်"
ဆိုကာ သူမပုခုံးလေးပုလိုက်ပြီး လက်နှစ်ဖက်ပိုက်ကာ ပြောလိုက်ချိန်
"ချမ်းလို့လား ခလေး"
"ဟင်......"
"လာ ချမ်းရင် ကိုယ်ဖက်ထားမှာပေါ့ "
ဆိုကာ တမာန် နှောင်းပုခုံးလေးအား သိုင်းဖက်လိုက်သည် ။
"ဟို ကျွန်မ မချမ်းပါဘူး "
"ဟုတ်လို့လား"
"အင်း......."
"ဟုတ်ပါပြီ ဒါဆို ဒီမှာလာထိုင်"
"ဟုတ်"
နှောင်း တမာန်ရဲ့ နားလေးသို့ သွားထိုင်လိုက်သည်။
"ဒါနဲ့ ခလေး နေလို့ကောင်းသွားပြီလား"
"ရှင်......."
"လာပြန်ပြီ ဒီရှင် နောက်တစ်ခါဆို လျှာဖြတ်မှာမဟုတ်တော့ဘူ အဲ့ရှင် ပြောတဲ့ပါးစပ်လေးကို နမ်းပစ်မှာ ကြားလား"
"ဟင်......."
"အဟွန်း........"
ဒီလိုနဲ့ သူတို့ခြံထဲ၌ အချိန် အနည်းငယ်ကြာထိုင်နေလိုက်သည်။ လေးကတစ်ဖြူးဖြူးနှင့်မို့ နှောင်းအိပ်ချင်လာကာ ထိုထိုင်ခုံလေးပေါ်၌သာ အိပ်မိသွားသည်။ တမာန် သူမရဲ့ အပြစ်ကင်းစင်လွန်းသည့် မျက်နှာလေးအား အချိန်အတော်အတန်ကြာအောင် ငေးကြည့်နေမိသည်။
"ခလေးရယ် ကိုယ်မင်းကို ချစ်မိနေပြီ ကိုယ်မင်းကို အပြစ်မပေးရက်တော့ဘူ ဘယ်လိုလုပ်ရမှာလဲ ကိုယ်မင်းကို အရာအားလုံးအတွက် ခွင့်လွှတ်ပေးပါတယ် နောက်ပြီး ကိုယ်မင်းကို ချစ်တယ်လို့ ဖွင့်မပြောရဲဘူး ဘာလို့လဲဆိုတော့ ကိုယ်သာ တစ်ကယ်လို့ မင်းကို ချစ်တယ်လို့သာပြောလိုက်ရင် မင်းက ကိုယ့်ကို မုန်းတယ်ဆိုပြီး ပြန်ဖြေလာမှာကို ကိုယ်အရမ်းကြောက်တယ် သိလား ခလေး"
တမာန် အိပ်ပျော်နေတဲ့ သူမမျက်နှာလေးအား ကြည့်ကာ တစ်ယောက်ထဲ ပြောလိုက်ပြီး သူမရဲ့ နှုတ်ခမ်းလေးသို့ နမ်းဖို့လုပ်လိုက်စဉ်
"သခင်လေး သခင်လေး"
"တောက်........ ခွေကောင်း သူများအချိန်ကောင်းဆို အမြဲလာနှောင့်ရှက်တယ် ဟူး........."
တမာန်လေပူတစ်ချက်မှုတ်လိုက်ပြီး အိမ်ကြီးအရှေ့သို့ လျှောက်လာခဲ့သည်။
"ဘာလဲ ဘာကိစ္စရှိလို့လဲ "
တမာန် ဒေါသထွက်ကာ အော်ငေါက်ပြီး မေးလိုက်သည်။
"နောက်တစ်ပါတ် နယ်စပ်ဘက်သွားမဲ့ ကိစ္စလာပြောတာပါ သခင်လေး"
"ဟူး.......အဲ့နယ်စပ်ကလဲ မသွားရင်မဖြစ် ခလေးကိုကလဲ တစ်ယောက်ထဲက စိတ်မချ ကျစ်...... "
"ဟို ခ ခဏနေပါအုံး"
"ဘာလဲ"
"သခင်လေး ခဏကပြောလိုက်တဲ့ ခလေးက ဘယ်သူလဲ"
"မင်းက ငါ့အမေလား"
"ဗျာ ကျွန်တော်က သခင်လေးရဲ့ အမေတော့ မဟုတ်ပါဘူး သခင်လေးရဲ့ တစ်ဦးတည်သော အားကိုးရတဲ့"
"ဟိတ် ဟိတ်ကောင် ဇေထက် မင့်ပါးစပ်ပိတ်ထားစမ်း သေသွားမယ်နော် မဟုတ်တာတွေ လာပြောနေ"
"ဟဲဟဲ ကျွန်တော်က စတာပါ သခင်လေးရဲ့"
"စတာတွေ မစတာတွေ ငါမလိုချင်ဘူး နောက်အပါတ်ကြရင် မင်းငါ့ကိုလာခေါ်လိုက် ကြားလား"
"ဟုတ်"
"ဒါဆို သွားတော့လေ ဘာရပ်လုပ်နေတာလဲ"
"သွားမှာပါ သခင်လေးကလဲ လူကိုအတင်းဘဲ မောင်းထုတ်နေတာဘဲ"
"တောက်......မင်းအခုသွားမှာလား မသွားဘူးလား"
"သွားပါပြီ သွားပါပြီ"
ဇေထက် ဒေါသထွက်သလိုလေး လုပ်ကာ ထွက်လာခဲ့တော့သည်။
"ကျစ်........သခင်လေးကလဲ ဘာလဲကိုမသိဘူး လူကိုဆို အော်မယ်မောင်းထုတ်မယ်ဆိုတာကြီးဘဲ "
ဇေထက် တစ်ယောက်ထဲ ပြောပြီးလာခဲ့ချိန် အရှေ့က ဖြတ်လျှောက်လာတဲ့ မိန်းကလေးတစ်ယောက်အား ကားဖြင့် တိုက်မိသွားသည်။
"ဟာ........သွားပါပြီ ဘယ်လိုလုပ်ရမှာပါလိမ့် ကျစ်........ ဒီနေ့တစ်နေကုန် ကံဆိုးနေတော့တာဘဲ"
ဇေထက် ကားထဲမှ မထွက်ချင်ထွက်ချင်ဖြင့် ထွက်လာခဲ့လိုက်သည်။
"ဟင်......."
"ဒီမှာ ရှင်လူတစ်ယောက်လုံး လာနေတာ မမြင်ဘူးလား ဟမ်........ "
"အောင်မှာ မင်းလဲ ကားတစ်စီးလုံးလာနေတာ မြင်ရဲ့သားနဲ့ ဘာလို့ကားအရှေ့လာဝင်ရပ်လဲ ဘာလဲ မင်းကပိုက်ဆံလိုချင်လို့ အခုလိုလာလုပ်တာလား"
"ဘာ.......ရှင် စကားပြောမမိုက်ရိုင်းနဲ့နော် ကျွန်မကိုလဲ ကြည့်လိုက်အုံး အဲ့လိုလုပ်စားမဲ့ အဆင့်လား"
"မသိဘူးလေ အခုခေတ်က ယုံရတာမှ မဟုတ်တာ တန်ဖိုးကြီးတာတွေ ဝတ်ထားပြီး မင်းလိုလုပ်စားတဲ့ လူတွေမှ အပုံလိုက်ကြီး"
"တောက်........ရှင် "
"ထားပါ မင်းအခုလမ်းမလျှောက်နိုင်တော့ဘူမလား "
"အဲ့တော့ ရှင်ကဘာလုပ်ပေးမှာလဲ"
"ဆေးရုံလိုက်ပို့ရမှာလား ဆေးခန်းလိုက်ပို့ရမှာလား ငါ့အိမ်လိုက်ခဲ့မှာလား ဒါမှမဟုတ် ငါကအခု ကမ္ပဏီသွားမှာဆိုတော့ ကမ္ပဏီလိုက်ခဲ့မှာလား ဒါမှမဟုတ် မင့်အိမ်ကိုလိုက်ပို့ရမှာလဲ"
"ကျစ်.......ကျွန်မအိမ်ဘဲ လိုက်ပို့"
"ပြီးသာဘဲ အဲ့ဒါဆိုလဲ ထအဲ့မှာထိုင်မနေနဲ့"
"ဟာ....... လာကူအုံးလေ"
"ကျစ်.......တော်တော် အလှုပ်ရှုပ်တာဘဲ လာ ထ"
ဒီလိုနဲ့ ဇေထက် ထိုမိန်းကလေးအား မကူလိုက်ပြီး ကားပေါ်တင်လိုက်သည် ။
"ဒီနေ့မှ ဘာတွေဖြစ်နေမှန်းလဲ မသိဘူး စိတ်ညစ်တယ်"
"ရှင် ကျွန်မကို ဘာပြောတာလဲ"
"ဘာမှမပြောဘူး ငါ့ဟာငါပြောနေတာ"
"ဟွန်း.......ပြီးသာဘဲ"
"မင့်အိမ်က ဘယ်မှာလဲ "
"လမ်းပြပေးမယ် ရှင်သာ မောင်းစရာရှိတာမောင်း"
"ပြီးသာဘဲ"
စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ ။