book

Index 10

အပိုင်း(၁၀)

"ဦးရဲ့အမုန်း"



"ဝါး......."

"အဝတ်တွေသွားယူရအုံးမှာဘဲ"


ဆိုကာ သူမအိပ်ရာမှထလိုက်စဉ် အခန်းထဲသို့ သူမရဲ့ အဝတ်ထုတ်တွေကိုင်ကာ ဝတ်လာတဲ့ တမာန်အား သူမကြောင်ကြည့်နေလိုက်မိသည် ။


"ရော့ မင်းအဝတ်ထုတ်"


"ဟင်......ဟုတ် ကျေးဇူးပါ"


"မလိုဘူး အဝတ်လဲပြီးရင် အောက်ဆင်းလာခဲ့ မနက်စာလုပ်ထားတယ်"


"ဟုတ်"


ဒီလိုနဲ့ တမာန် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


"ဟူး.......အဝတ်တွေက သေချာထည့်ထားတာမို့ တော်သေးတယ်"


ဆိုကာ သူမမျက်နှာသစ်သွားတိုက်လိုက်ပြီး အဝတ်လဲလိုက်ကာ အောက်သို့ ဆင်းလာခဲ့သည်။


"ဟင်......"


သူမ အိမ်အောက် ရောက်တော့ မီးဖိုခန်းထဲ၌ တမာန်ရဲ့ ခါးလေးအား အနောက်ကနေသိုင်း ဖတ်ထားတဲ့ သက်ကို သူမတွေ့လိုက်သည် ။


"မင်းလက်ကို လွှတ်လိုက်နော် သက်မြတ်မိုးခင်"


"ဟာ......ဇတ်ကလဲ"


တမာန် စိတ်မရှည်ကာ သူ့ခါးအား သိုင်းဖတ်ထားတဲ့ သက်ရဲ့ လက်တွေအား ကြမ်းတမ်းစွာဖြင့် ဖယ်ထုတ်ပစ်လိုက်သည်။ 


"မင်းကို ငါပြောထားတာနားလည်တယ်နော်"


"ဟာ....."


"ကျစ်......ခလေး နေအုံးလေ"


တမာန် သက်ဘက်သို့ လှည့်လာချိန် မီးဖိုခန်း တံခါးပေါက် နား၌ရပ်နေတဲ့ နှောင်းလေးအား တွေ့သွားသည်။ နှောင်း စိတ်ထဲတစ်မျိုးလေး ဖြစ်သွားကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။


"တောက်......မင်း......ခဏနေမှ ငါနဲ့တွေ့မယ် သက်မြတ်မိုးခင်"


"အဟွန်း......"


တမာန် ကိုယ့်ကိုကိုယ်ဘာဖြစ်နေမှန်းမသိ သူမလေး အထင်လွှဲသွားမည်ကို စိုးရိမ်ကာ ခြံထဲဆင်းသွားတဲ့ နှောင်းအနောက်လေးသို့ အပြေးလေး လိုက်သွားလိုက်သည်။


"ကျစ်......ငါကလဲ ဘာလို့လိုက်ပြီး စိတ်တိုနေရတာလဲ သူတို့ဘာသာသူတို့ ဖတ်ရုံမကလို့ ဘာကြီးဘဲ ဖြစ်နေဖြစ်နေ ငါကဘာကိစ္စနဲ့ စိတ်တိုရမှာလဲ ဟူး......."


သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး ခြံထဲထိုင်နေချိန် တမာန်သူမအနားလေး သို့အပြေးလေး လာခဲ့သည်။


"ဟိတ် ကလေးမ"


"ဟင်....."


"ခဏကကိစ္စက မင်းထင်သလိုမဟုတ်ဘူး"


"ရှင်......ဟို ကျွန်မကလဲ ဘာပြောနေလို့လဲဟင်"


"ကျစ်......မင်း ဟန်ဆောင်တယ်ဆိုလဲ နည်းနည်းပါးပါးတူအောင်လုပ်စမ်းပါ မင်းကောင်းကောင်းမလုပ်ရင် ငါမင်းမိသားစုပါ ဒုက္ခရောက်အောင်လုပ်မှာနော်"


"ရှင်......ဟို အဲ့လိုတော့ မလုပ်ပါနဲ့ ကျွန်မကောင်းကောင်းလုပ်ပေးပါ့မယ်"


"အဟွန်း......ပြီးသာဘဲ တူအောင်တော့ သရုပ်ဆောင်နော်"


"အင်း"


"လာ ဒါဆို မနက်စာစားမယ် ငါပြင်ပေးထားတယ်"


"ဟုတ်"


ဒီလိုနဲ့ နှစ်‌ယောက်သား မနက်စာစားဖို့ မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

သူတို့လဲ မီးဖိုခန်းထဲ ရောက်ရော သက် ပေါင်မုန့်မီးကင်နှင့် ကော်ဖီအား မနက်စာအဖြစ်စားနေလေသည်။


"ကျစ်...... စိတ်ရှုပ်လိုက်တာ လာခဲ့ ခလေး ဒီမှာလာထိုင်"


"ဟုတ်"


သူမလဲ ပြုံးရွှင်စွာဖြင့် တမာန် ထုတ်ပေးတဲ့ ထိုင်ခုံလေးပေါ်သို့ ထိုင်လိုက်သည်။


"ဟ ခလေး "


"ဟုတ်"


နှောင်း တမာန်ခွံကျွေးတဲ့ ပေါင်မုန့်မီးကင်လေးအား တစ်ကိုက် စားလိုက်သည် ။


"ကျစ်......"


သက် သူတို့ရဲ့ ကြည်နူးနေမှုကို ဒေါသထွက်စွာနှင့်ကြည့်နေလေသည်။ 

သက် ‌နှောင်းလေးအား ကြည့်ကာ ပိုပြီး ဒေါသထွက်လာသဖြင့် ထိုင်နေရာမှထကာ ခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။


"အဟွန်း......."


တမာန်ကတော့ သက်ရဲ့အဖြစ်ကို ကျေနပ်စွာပြုံးလိုက်သည်။


"အမြန်စား ဒါပြီးရင် ငါကမ္ပဏီသွားမှာ အိမ်ရှေ့ထိ လိုက်ပို့ပေး ဟုတ်ပြီလား"


"ဟုတ်"


ဒီလိုနဲ့ သူတို့ မနက်စာအမြန်စားလိုက်ပြီး တမာန် ကမ္ပဏီသွားဖို့ အပေါ်ထပ်သို့ တက်ကာ အဝတ်သွားလဲလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။


"ကိုယ်သွားတော့မယ်နော် ခလေး"


"ဟုတ် ဖြည်းဖြည်းသွားနော် ဦး "


"အဟွန်း......"


တမာန် သူမရဲ့ အပြောကို သဘောကျစွာ ပြုံးလိုက်သည်။


"ဇတ် ဘယ်သွားမလို့လဲ"


"မွ ...... ကိုယ်သွားပြီ"


တမာန် သက်ရဲ့အမေးအား ပြန်မဖြေဘဲ တစ်မင်ရွှဲ့ကာ နှောင်းရဲ့ ပါးမို့မို့လေးကို သူ့ရဲ့နှာတံဖျားလေး နစ်ဝင်သွားသည်အထိ နမ်းရှိုက်လိုက်သည်။


"ဟင်......"


တမာန်ရဲ့ အပြုအမူကြောင့် နှောင်း မျက်လုံးလေးပြူးလျက် ကြောင်အအလေးဖြင့် ရပ်နေမိသည်။


"အော်......နေ့လယ်စာက ကိုယ်ရဲ့ တပည့်ကို လာပို့ခိုင်းလိုက်မယ် ညနေစာကတော့ ကိုယ်ပြန်မှ အတူတူချက်စားကြတာပေါ့"


"ဟုတ်"


"ဒါဆို အိမ်ထဲဝင်နေတော့ ဒီနားတစ်ဝိုက်မှ စိတ်ယုတ်တွေနဲ့ ခလေးကို မကောင်းကြံဖို့ စဉ်းစားနေတဲ့ မြေခွေးမတွေရှိတယ် ကြားလား"


"ဟုတ်"


တမာန် ကမ္ပဏီသို့ အရေးကြီး ကိစ္စရှိသည်မို့သာ မဖြစ်မနေသွားရမည်။ နှောင်းကို တစ်ယောက်ထဲ ထားခဲ့ရမှာတော့စိတ်မချပေ။


"ဟူး......."


တမာန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အိမ်ကြီးထဲမှ ထွက်လာခဲ့တော့သည်။ မသွားခင် အစောင့်တွေအား နှောင်းကို ကြည့်ဖို့မှာထားသေးသည်။


နှောင်း တမာန်လဲ ထွက်သွားသည်နှင့် အိမ်ထဲဝင်ဖို့ အလုပ် အနောက်မှ ဆောင့်တွန်းခြင်းကို ခံလိုက်ရသည်။

နှောင်းကိုယ်လေး ကြွေပြားတွေ ခင်းထားတဲ့ အပေါ်သို့ကျသွားကာ ဒဏ်ရာမရသွားပေမယ့် အညိုမဲစွဲသွားလေသည်။


"အဟွန်း.......ဒါက ပါးပါးလေးဘဲ ရှိသေးတယ် ဆိုတာ မင်းမှတ်ထားလိုက် "


သက် ပြောလဲပြီးရော အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။


နှောင်း လဲကျသွားတဲ့ ထိုနေရာမှ အလျင်အမြန်ပြန်ထလိုက်သည်။


"ကျစ်.......ဘာလို့ တစ်ယောက်ပြီး တစ်ယောက်လာနှိပ်ဆက်နေရတာလဲ အဟင့်......"


နှောင်း ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း ဒေါသထွက်ကာ ငိုသွားရလေသည်။ ထို့နောက် အပေါ်ထပ်ရှိအခန်းထဲသို့ ဝင်သွားကာ ဒူးခေါင်းနားလေးက အနာကို ဆေးလိမ်းလိုက်သည် ။ 


"အဟင့်......"


သူမငိုရင်းဖြင့် ဆေးလိမ်းနေချိန် သူမအခန်းသို့ တံခါးခေါက်သံလေး ကြားလိုက်ရသည်။

ဒါကြောင့် သူမတံခါးသွားလိုက်သည်။


"ဟင်......"


"ရော့......ငါ့အဝတ်တွေ သွားလျှော်ချေ"


ဆိုကာ သက် နှောင်းကို သူ့အဝတ်အစားတွေ ပစ်ပေးလိုက်သည် ။ တမာန်တောင်မှ သူမအား အဝတ်လျှော်ခိုင်းသည်ဆိုမှာ ခပ်ရှားရှားပင်။ အခုတော့ ဘာမဟုတ်တဲ့ သူက  သူမအား အဝတ်လာလျှော်ခိုင်းတော့ သူမ အံ့ဩကာ သက်ကို ကြောင်ကြည့်နေမိသည်။


"ဘာကြောင်ကြည့်နေတာလဲ ငါပြောတာမကြားဘူးလား "


"ဟို......."


"ဖျောင်း......."


သက် သူမပါးပြင်ထက်သို့ အားပြင်းပြင်းဖြင့် ရိုက်ပစ်လိုက်သည် ။ နှောင်းတစ်ခါမှ ပါးအရိုက်မခံဖူးသဖြင့် လန့်သွားကာ သူ့ပါးသူပြန်ကိုင်လိုက်ပြီး အသံမထွက်ဘဲ မျက်ရည်များ သူ့အလိုလို အတားအဆီးမဲ့ ကျဆင်းလာသည် ။ 


"နောက်တစ်ခါ ငါ့ကို ဟိုတွေဘာတွေ လာမလုပ်နဲ့ ငါမကြိုက်ဘူး ငါက ဒါလုပ်ဆိုလုပ် အခုလဲ အဲ့အဝတ်တွေ ချက်ချင်းသွားလျှော် မဟုတ်ရင် နင့်ရဲ့ ကျန်တဲ့ ပါးကိုငါပြန်ရိုက်ဖို့ ဝင်မလေးဘူးနော် "


နှောင်း ထိုအဝတ်များအား ယူကာ ကိုယ်လေးပင် တုန်နေပြီး အခန်းအပြင်ဘက်က ရေချိုးခန်းရှိရာသို့ သွားလိုက်သည်။


"အဟင့်......ဟင့်......"


သူမ ရေချိုးခန်းထဲလဲရောက်ရော အတော်လေးလန့်နေပြီ ဖြစ်တာကြောင့် ခေါင်းတွေမူးပြီး ထိုးကိုက်လာကာ ရေချိုးခန်းထဲတွင် မူးလဲသွားတော့သည်။


"ကောင်မ လူပါးတော်တော် ဝချင်တာ ဒီလောက်လေးဖြစ်တာ မင်းကံကောင်းတယ် မှတ်လိုက်"


ဆိုကာ သက်အိမ်အောက်သို့ ဆင်းကာ TVဖွင့်ပြီး ကြည့်နေလိုက်သည်။ ဒီလိုနဲ့ နေ့လယ်၁၂နာရီသို့ ရောက်လာခဲ့သည်။ ထိုအချိန် အိမ်ရှေ့မှ ကားသံကြားလိုက်ရသည်။


"အဟွန်း......ဇာတ်ရဲ့ တပည့် နေ့လယ်စာလာပို့တာနဲ့တူတယ်"


ဆိုကာ ပြန်ထိုင်နေလိုက်သည် ။ 


"ခလေးရေ ကိုယ်ပြန်လာပြီ"


"ဟင်......"


သက် ဇာတ်ရဲ့အသံကို ကြားလိုက်ပြီး အတော်လန့်သွားကာ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။ တမာန် နှောင်းအား စိတ်မချသဖြင့် အိမ်သို့ နေ့လယ်ခင်းအတွင်း အပြေးပြန်လာခဲ့သည်။

တမာန် အိမ်ထဲဝင်လိုက်ခြင်း တွေ့လိုက်ရတဲ့ သက်ကြောင့် စိတ်အတော်တိုသွားရသည်။ 


"ကျစ်......"


ဒီလိုနဲ့ဘဲ အပေါ်ထပ်သို့ တက်လာခဲ့သည်။


"ဟင်......"


တမာန် အခန်းတံခါး ဖွင့်လိုက်ချင်း သူမလေးအား မတွေ့သဖြင့် စိတ်ပူသွားရသည်။ ထို့နောက် အိပ်ခန်းထဲက ရေချိုးခန်း သို့ ဝင်ကြည့်လိုက်သည်။ ရေချိုးခန်းထဲလဲ မတွေ့တာကြောင့် သူအတော်လေး စိတ်ပူသွားတော့သည်။ 


"မဖြစ်ဘူး မင်းဘာမှဖြစ်လို့မရဘူးနော် ကလေးမ"


တမာန် ဇောချွေးတွေပြန်နေပြီး အပေါ်ထပ်ရှိ ရေချိုးခန်းထဲသို့ ဝင်ကြည့်လိုက်သည်။


"ဟင်......"


ရေချိုးခန်းကြွေပြားပေါ်၌ အဝတ်တွေနှင့် မေ့လဲနေသည့် သူမ။ တမာန် သူမကိုယ်လေးအား အလျင်အမြန်ပွေ့ချီလိုက်ပြီး အခန်းထဲသို့ ခေါ်လာခဲ့သည်။


"ဟင်......"


တမာန် လက်ဝါးရာနဲ့ နီရဲနေတဲ့ သူမပါးပြင်လေးအား ဖြေးညှင်းစွာ ကိုင်လိုက်သည်။

ထို့နောက် ဆရာဝန်ဆီသို့ အလျင်အမြန်ပင် ဖုန်းဆက်ခေါ်လိုက်ပြီး အိမ်အောက်ထပ်သို့ ဒေါသပေါင်းများစွာနှင့်ဆင်းလာခဲ့သည်။


"မင်းတော့ တွေ့ကြသေးတာပေါ့ သက်မြတ်မိုးခင် ငါမြတ်မြတ်နိုးနိုးနဲ့ နမ်းတဲ့သူမရဲ့ ပါးကို မင်းကရိုက်ရဲတယ်ပေါ့ ဒီကမ္ဘာပေါ်မှာ နွေထနှောင်းဆိုတဲ့ မိန်းကလေးကို ငါကလွှဲလို့ ဘယ်သူမှ အမိန့်နဲ့ မခိုင်းရဘူးဆိုတာ မင်းမသိသေးဘူးဘဲ အဟွန်း........ဒီနေ့တော့ မင်းကံဆိုးတာဘဲ"


စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ


rate now: