book

Index 1

အပိုင်း(၁)

"ဦးရဲ့အမုန်း"


"ဟင့်......ဟင့်......."

ရာဇတ်တမန် သူရဲ့မိဘနှစ်ပါးရဲ့ အုပ်ဂူရှေ့ရပ်ကာ ပန်းစည်းလေးချပြီး ငိုနေသည် ။ ထိုအချိန် သူရဲ့တပည့်ဖြစ်သူ ဇေထက်နောင် ရောက်လာခဲ့သည် ။

"သခင်လေး ကျွန်တော်တို့ပြန်ရအောင် တစ်ခြားလူတွေ အကုန်လုံး ပြန်ကုန်ကြပြီ"

"သူတို့ပြန်သွားတော့ ငါကဘာလုပ်ရမှာလဲ အခုဆုံးသွားတာက ငါ့မိဘတွေဟ ဟင့်......"

"ကျွန်တော် သခင်လေးရဲ့ ခံစားချက်ကိုနားလည်ပါတယ် ဒါပေမယ့် သခင်လေးသာ အခုလို သခင်ကြီးနဲ့သခင်မကြီးရဲ့ အုပ်ဂူရှေ့မှာ ရပ်ပြီး ငိုနေတော့ သူတို့က တမလွန်ကနေ ဝမ်းနည်းနေကြမှာပေါ့ သခင်လေးရဲ့"

ထိုအချိန်မှ တမန် ပါးပြင်ပေါ်မှာ စီးကျနေတဲ့ မျက်ရည်များအား သူ့လက်ခုံဖြင့် သုပ်လိုက်သည် ။ တမန် သူမိဘတွေဆုံးသွားကတည်းက အခုချိန်ထိပင် ထမင်းတစ်နပ်ကုန်အောင် မစားခဲ့ပေ။ သူ့မိဘတွေ ဆုံးပြီးကတည်းက ဆွေမျိုးဆိုသည်မှာ မည်သူမှမရှိတော့ပေ ။ အခုဆို တမန် တစ်ကောင်ကြွက်လုံးလုံး ဖြစ်နေပြီ။

"လာ ငါတို့ဒီတိုင်းနေနေလို့ မရဘူး ဦးထွဋ်ခေါင်ရှင်းတို့ကို သွားရှင်းရအုံးမယ်"

"ဟုတ် အခုသူတို့ ကမ္ပဏီမှာဘဲ ရှိပါသေးတယ်"

"ဒါဆို အခုချက်ချင်း ကမ္ပဏီစီ သွားမယ်"

"ဟုတ်"

ဒီလိုနဲ့ သူတို့နှစ်ဦးကားဖြင့် ဦးထွဋ်ခေါင်ရှင်းဆိုသည့် တမန် မိဘ‌တွေအား ကားတိုက်ပြီး သေအောင်လုပ်ခဲ့သည့်သူ ရှိရာသို့ လာခဲ့ကြသည်။

"အစ်ကို ကမ္ပဏီအရှေ့မှာ ဘယ်ကလူတွေလဲဟင်"

ဇနီးဖြစ်သူ ဒေါ်မြလဲ့ရည် အပြောကြောင့် ဦးထဋ်ခေါင်ရှင်းကော သူတို့၏ မွေးစားသမီးလေး နွေထနှောင်းပါ ကမ္ပဏီ ရုံးခန်းရှိ ပြတင်းပေါက်နားသို့ သွားကြည့်လိုက်ကြသည်။ ပြတင်းပေါက်နား ရောက်တော့ သူတို့တွေ့လိုက်တာက အနက်ရောင် ကားငါးစီး ပြိုင်တူရပ်ထားသည့်ထဲမှ အလယ် ကားတစ်စီးထဲမှ ခန္တာကိုယ်တောင့်တောင့် အရပ်ရှည်ရှည် အသားဖြူဖြူနှင့် အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို လိုက်ဖတ်စွာ ဝတ်ထားသည့် အသက်၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကားထဲမှ ထွက်လာသည်ကိုတွေ့လိုက်သည်။

"ဟင်...... ဒါ...... ဒါ"

ဦီးထွဋ်ခေါင်ရှင်း တံတွေးတစ်ချက်မြိုချလိုက်သည်။

"အစ်ကို သူတို့ကဘယ်သူတွေလဲဟင်"

"မဖြစ်ဘူး သမီး နှောင်းလေး"

"ဟုတ်ပြောပါ ဖေဖေ"

"သွားသွား သမီး သန့်စင်ခန်းထဲအမြန်သွားဝင်"

"ရှင်.....ဟုတ်"

ဒီလိုနဲ့ သူမလဲ သန့်စင်ခန်းထဲသို့ အမြန်ဝင်သွားလိုက်သည်။ ရာဇတ်တမန်ဆိုသူက အတော်လေးရက်စက်သူပင်။ မှောင်ခိုလောကတွင် အတော်ဆုံးနှင့် Z group၏ CEO ပီပီ ကိစ္စအရပ်ရပ်ကို ပါးနပ်စွာဖြင့် ဖြေရှင်းတက်သူ ဖြစ်သည်။ ရာဇတ်တမန် ဆိုသူက ချောမောခန့်ညားသည့် ရုပ်ရည်နှင့် သန့်ပြန့်အောင် ဝတ်စားတက်တာကြောင့် သူ့အား မှောင်ခိုလောကရဲ့ ဘုရင်တစ်ဆူ ဆိုတာမည်သူမှမသိပင်။ အခုလဲ သူတို့အား သူ့မိဘတွေကို သတ်လိုက်သည်ဟု စွပ်စွဲကာ တစ်ခုခုလုပ်ဖို့ တမန် ကမ္ပဏီသို့ ရောက်လာခဲ့ခြင်းပင် ။ ဒါကြောင့်လဲ ဦးထွဋ်ခေါင်ရှင်း သူ၏မွေးစားသမီး ဖြစ်သူနွေထနှောင်အား တစ်ခုခုလုပ်မည်စိုး၍ သန့်စင်ခန်းထဲသို့ အမြန်သွားခိုင်းလိုက်ခြင်းပင်။ နွေထနှောင်းက မွေးစားသမီးဆိုပေမယ့် သူတို့ နှောင်းကို သမီးလေး အရင်းလိုချစ်ကြသည်။ သူတို့ရဲ့ သမီးအရင်းဖြစ်သူ လဲ့ရည်ရှင်းသန့် ကတော့ စင်္ကာပူတွင် ပညာသွားသင်နေသည် ။ မွေးစားသမီးနှင့် သမီးအရင်းဖြစ်သူတို့က အသက်သိပ်မကွာပင်။ လဲ့ရည်ရှင်းသန့်က အသက်၁၇ ဖြစ်ပြီး နွေထနှောင်းကတော့ အသက်၁၈ နှစ်ရှိပြီ။

"ဒေါက် ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် ဦးထွဋ်ခေါင်ရှင်းကော ဒေါ်မြလဲ့ရည်ပါ အသက်ရှူတွေမှားသွားသည်ထိ လန့်သွားရသည်။ တံခါးခေါက်သံအပြီး အခန်းထဲသို့ တမန် ဝင်လာသည်။

"နေကောင်းကြတယ်နော် ချစ်မိတ်ဆွေကြီး"

တမန် စီးပွားရေးလောကတွင် ပြိုင်ဘက်ဖြစ်သူ ဦးထွဋ်ခေါင်ရှင်းအား ရွှဲ့သလိုနှင့် မေးလိုက်သည် ။ ဦးထွဋ်ခေါင်ရှင်း ဘာမှပြန်မပြောဘဲ ရပ်နေမိသည်။

"ဘယ်လိုလဲ ကျုပ်ရဲ့မိဘတွေကို သတ်ပစ်လိုက်ပြီး ငွေသိန်းတစ်ထောင်နဲ့ဖျောက်ခဲ့တာ တော်တော်ပျော်နေတယ်ပေါ့"

ဦးထွဋ်ခေါင်ရှင်း တမန်မိဘတွေသေမှုတွင် မတော်တဆမှုဖြစ်ကြောင်း အမှုစစ်တွေအား သွားပြောပြခဲ့သေးသည်။ တစ်ကယ် ဒီကားတိုက်မှုမှာ ဦးထွဋ်ခေါင်ရှင်းတို့ဘက်မှ အမှားမပါပေ။ တမန်၏ မိဘတွေက သူတို့ကားရှေ့တွင်ဝင်ကာ တိုက်လိုက်ပြီး လမ်းတစ်ဖက်မှာရှိတဲ့ ခြိုင့်ထဲသို့ အရှိန်မထိန်းနိုင်ကာ ကျသွားခြင်းပေ။ ဒါကို တမန်က ဦးထွဋ်ခေါင်ရှင်းတို့ဘက်မှ မှသည်ဆိုကာ တရားသွားစွဲခဲ့ခြင်းပေ။ ဒါကိုမခံနိုင်တဲ့ ဦးထွဋ်ခေါင်ရှင်းက အမှုစစ်တွေ အပါအဝင် တမန်ဘက်က ရှေ့နေတွေပါ အမှုနှင့်သက်ဆိုင်သူ အားလုံးကို ငွေသိန်းတစ်ထောင်ဖြင့် နှုတ်ပိတ်ခဲ့ခြင်းပေ ။ ဒါကြောင့်လဲ တမန် သူ့ဘက်က ရှေ့နေတွေအားလုံးအား သတ်ပစ်လိုက်ပြီး လက်စဖျောက်ခဲ့သည်။ ဒါကိုသိတဲ့ ဦးထွဋ်ခေါင်ရှင်းက တမန်လာသည်ကို သူတို့အား သတ်ပစ်မည်ထင်ကာ စိုးရိမ်နေကြသည် ။

"ဘယ်လို ကျုပ်မေးနေတာဖြေလေ"

"ငါတို့ဘက်မှ ‌တောင်းပန်ပါတယ် တမန်ရယ် ငါတို့ကို မသတ်ပစ်ပါနဲ့နော်"

"စိတ်ချ ခင်ဗျားတို့ကို ကျုပ်မသတ်ပါဘူး"

ထိုစကားကြောင့် ဦးထွဋ်ခေါင်ရှင်း တို့မျက်နှာလေး ဝင်းသွားသည်။

"ဒါပေမယ့် ခင်ဗျားကျွန်တော်တောင်းဆိုတာ တစ်ခုကိုလုပ်ပေးရမယ်"

"ရ ရပါတယ် ဘာ ဘာလုပ်ပေးရမလဲ"

"ခင်ဗျားရဲ့ သမီး ကျုပ်ကိုပေး"

"ဟင်....."

ထိုစကား ဦးထွဋ်ခေါင်ရှင်းတို့ မျက်နှာလေး ညိုးသွားရသည်။

"ခင်ဗျားတို့စီမှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ ကျုပ်သိထားတယ် ဒါကြောင့် ခင်ဗျားတို့ရဲ့သမီးကို ကျုပ်ကို ပေးရင် ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး ကမ္ပဏီကိုလဲ စိတ်ချ ဘာမှမလုပ်ဘူး ဒါပေမယ့် ခင်ဗျားတို့ရဲ့သမီးကိုတော့ ကျုပ်နာကျင်အောင် လုပ်ရလိမ့်မယ် ဘယ်လိုလဲ ဒီအပေးအယူကို သဘောမကျရင် ပြောင်းလို့ရတယ်နော်"

"ဘယ် ဘယ်လိုပြောင်းပေးမှာလဲ"

"အမ်.....ခင်ဗျားတို့ရဲ့သမီးကို မပေးရင်တော့ ခင်ဗျားတို့ရဲ့ အသက်ကို ကျုပ်အာမမခံနိုင်ဘူးနော်"

"ဟမ်....."

"ဘယ်တစ်ခုကို ရွေးမှာလဲ"

ဦးထွဋ်ခေါင်ရှင်း ခေါင်းစားကာ ဒီတိုင်းသာ မတ်တပ်ရပ်နေစဲ။

"ကျုပ်မှာ အချိန်မရှိဘူး မြန်မြန်ပြော ကျုပ်နောက်ထပ် တစ်မိနစ်ဘဲ အချိန်ပေးမယ် ကဲစပြီ"

တမန် သူ့လက်က နာရီကို ကြည့်လိုက်သည်။

"၁၀ ၉ ၈ ၇ ၆ ၅ ၄ ၃"

"ငါရဲ့သမီးကို ပေးတယ်"

၃ဆိုသည့်အချိန်ကြမှ ဦးထွဋ်ခေါင်ရှင်းပါးစပ်မှ ဝမ်းနည်းစွာဖြင့် သူ့သမီးအား ပေးဖို့ ပြောလိုက်သည်။

"ဟင်....."

သန့်စင်ခန်းထဲတွင် နေနေတဲ့ သူမ သူတို့ပြောတာတွေကြာပြီး လန့်သွားရသည်။

"Ok ကောင်းပြီ ဒါဆို ကျုပ်မနက်ဖြန် ညနေခင်းကြရင် ခင်ဗျားတို့ရဲ့ သမီးကို လာခေါ်မယ် အဆင်သင့်ပြင်ခိုင်းထားလိုက်ပါ ဒါဆို ကျုပ်သွားပြီ"

တမန် ထွက်သွားဖို့ ပြင်လိုက်စဉ်

"အော်......မေ့နေတာ ခင်ဗျားရဲ့ သမီးကို အဝတ်တွေဘာတွေအစုံ ကိုယ့်ဟာကိုယ်ယူခဲ့ဖို့ ပြောလိုက်ပါ ကျုပ်ဘက်က ဘာတစ်ခုမှမပေးဘူးနော်"

တမန် သူတို့အား ခပ်သဲ့သဲ့ ပြောလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့တော့သည်။ သူလဲထွက်သွားသည်နှင့် ဦးထွဋ်ခေါင်ရှင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဟင်.....အစ်ကို အစ်ကိုရေ ထပါအုံး"

အပြင်ဘက်က အသံတွေကြောင့် သန့်စင်ခန်းထဲမှာ ပုန်းနေတဲ့သူမ ထွက်လာခဲ့သည် ။

"‌ဟင်..... မေမေ ဖေဖေဘာဖြစ်တာလဲဟင်"

"သမီးအဖေ စိတ်မောပြီး လဲကျသွားတာ ဟိုစားပွဲပေါ်က ရှူဆေးလေး ယူခဲ့ပါလား သမီး"

"ဟုတ်"

သူမ စားပွဲပေါ်က ရှူဆေးလေး အမြန်ယူလိုက်ပြီး သူမအဖေရှိရာနားလာခဲ့သည်။

"ဒီမှာမေမေ"

ဒေါ်မြလဲ့ရည် သူမသမီးလက်ထဲမှ ရှူဆေးလေး ယူလိုက်ပြီး ဦးထွဋ်ခေါင်ရှင်းအား ရှူခိုင်းလိုက်သည်။ ခဏကြာတော့ ရှူဆေးကြောင့် ဦးထွဋ်ခေါင်ရှင်း ပြန်ထလာခဲ့သည်။

"အစ်ကိုရေ ဘယ်လိုနေသေးလဲဟင်"

"ဖေဖေ ဘယ်လိုလဲ သက်သာပြီလား"

"သမီးလေး ဟင့်..... ဖေဖေ တောင်းပန်ပါတယ် သမီးရယ်"

"မလိုပါဘူး ဖေဖေရယ် ဖေဖေနဲ့မေမေအပေါ်မှာ သမီးဆပ်ရမဲ့ကျေးဇူးတွေက အများကြီးပါ ဒါကြောင့် သမီး ကျေးဇူးဆပ်တဲ့အနေနဲ့ ခဏကလူရဲ့အိမ်ကို သွားလိုက်ပါမယ်"

"ဟင့်.....သမီးရယ် "

"ငါ့သမီးလေး ဘာအပြစ်မှမရှိဘဲနဲ့ ဟင့်......"

သူတို့သမီးလေးကို ငိုရင်းဖြင့် သူတို့ဖတ်ထားလိုက်ကြသည်။

"ငါ့ရဲ့ဆုံးဖြတ်ချက်မမှားပါ‌လောက်ပါဘူး ငါက ငါ့မိဘတွေအတွက် လုပ်ပေးမှာဘဲဟာ ဘာမှမမှားဘူး ခဏကလူကိုလဲ ကြောက်စရာမလိုပါဘူး ဘာမှမဖြစ်ဘူး နွေထနှောင်း အဖေနဲ့ အမေပေါ်မှာ ဆပ်ရမဲ့ကျေးဇူးတွေက အများကြီးဘဲ ငါဒါလေးဘဲလုပ်ရမှာကို ဘာလို့မလုပ်နိုင်ရမှာလဲ ဖိုက်တင်း"

သူမ စိတ်ထဲကနေ ကိုယ့်ဟာကိုယ် အားပေးလိုက်သည် ။ ဒါပေမယ့် သူမ တမန်ရဲ့ အိမ်ကို မသွားချင်တာတော့ အမှန်ပင် ။

မလွှဲသာလို့ သွားလိုက်ရတဲ့အခြေအနေမှာ ရာဇတ်တမန်ဆိုသူက နွေထနှောင်းလေးကို ဘယ်လိုရက်စက်မှာလဲ။ မနက်ဖြန် အပိုင်း ၂ လာမယ်နော်။

အသစ်ရေးထားတဲ့ "ချယ်ရီမြေ၌အချစ်သက်သေထူသည်" လေးလဲ အားပေးသွားကြအုံးနော်။ အဲ့အပုဒ်မှာ အားပေးမှု အရမ်းနည်းလို့ပါ‌နော် ။ 🥺

ကျရှုံးသွားတဲ့အာဇာနည်သူရဲကောင်းကြီးများနှင့်တစ်ကွ နွေဦးတော်လန်ရေး၌ကျရှုံးသွားတဲ့ သူရဲကောင်းကြီးတို့ကို ဒီကနေ ဂါဝရပြုလိုက်ပါတယ်။🙏

စာဖတ်သူလေးများအားလုံး covideကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။



rate now: