book

Index 9

အခန်း ၉

🌊ညှို့တတ်သော ပင်လယ်🌊


'' ဒီမှာလာအိပ် မင်းကိုခေါ်လိုက်တာ ငါနဲ့အတူ

အိပ်ဖို့ လာ ..''


သူခေါ်နေတာကို မျက်လုံးလေးသာ စွေကြည့်ပြီး

စဥ်းစားနေသလိုနှင့် အနားကိုချက်ချင်းမလာ။ စိတ်

မရှည်တတ်တာ အဓိပတိအကျင့်မို့ ဒေါသကထွက်

လာသည်။ ကြည့်ပါလား သူ့ကိုကျောခိုင်းဖို့ခြေလှမ်း

စနေလေပြီ။ သူမွေ့ယာထက်ပက်လက် လှဲနေရာမှ

အကြည့်နှင့်သာ ခေါ်သည်။ သူ့အကြည့်ကို

မြသင်းထုံ နားလည်နေပြီ ပြောစရာမလိုတာ သူမ

သိနေတယ်လေ။ သူတို့ကြားက ပြောစရာမလိုတဲ့

အချက်ပေးနည်းပဲ။


'' ဘယ်သွားဖို့ စဥ်းစားနေတာလဲ မင်းကိုငါ့ဘေးလာ

အိပ်လို့ပြောနေတယ်လေ လာခဲ့ ငါဒေါသမထွက်ချင်ဘူး..''


'' မအိပ်ချင်ဘူး ကျွန်မါခန်းကျွန်မပြန်အိပ်မယ်''


'' မြသင်းထုံ ငါ့ကိုကလန်ကဆန်လာမလုပ်နဲ့ အမြန်

လာ ငါစိတ်မတိုချင်ဘူး''


သူ့ကို စိတ်ပျက်သလိုကြည့်လာသည်။ မလိုက်

လျောချင်ပေမယ့် မလွန်ဆန်နိုင်သည့် သဘောက

အထင်းသားနှင့်သူ့အနားရောက်လာသည်။ စိတ်ဆိုး

နေတာသိတယ်။စိတ်ကောက်နေတာသိတယ်။ ဒါပေ

မယ့်မင်းနဲ့ငါနဲ့ကြားက မာနနဲ့အမုန်းကလက်မခံချင်

ဘူး။ မင်းကိုချော့ဖို့ စိတ်ကူးမရှိပေမယ့် ဒီနေ့

အတွက် ငါတကယ် စိတ်မကောင်းဘူး။ 


သူ့အနားကျောခိုင်းပြီး ကွေးကွေးလေးလာအိပ်နေ

တဲ့သူမကျောပြင်ကိုကြည့်ပြီးသူသက်ပြင်းလေးချမိ

သည်။ သူ့ကို ရန်လဲမတွေ့ အပြစ်လဲမပြောပဲနေနေ

တဲ့ သူမကို စိတ်မကောင်း။ မုန်းတယ်ဆိုပေမယ့်

မကြည့်ရက်ဘူး။ မင်းအဆင်ပြေနေတာမဟုတ်ပဲ

ငါ့ကို စိတ်ဆိုးနေတာပဲ။


နောက်ကျောသေးသေးလေးကို သူပွေ့ဖက်လိုက်

တော့ ကိုယ်လေးသာတွန့်သွားပြီး ဘာမှတုံ့ပြန်မှု့

မရှိ။ နှာခေါင်းထဲတိုးဝင်လာတဲ့ ကိုယ်သင်းနှံ့လေး

နဲ့ နွေးနေတဲ့ သူမကိုယ်ခန္ဓာလေးက သူ့ကိုဆွဲ

ဆောင်နေသလို။ သူမရဲ့မွှေးပျံ့နေတဲ့ကျောပြင်

လေးကို မျက်နှာအပ်ပြီး နှာခေါင်းနှင့်တိုးဝှေ့နမ်း

ရှိုက်ပြစ်သည်။ လန်းဆန်းသွားတဲ့ စိတ်ကို အမုန်း

နှင့်ထိန်းချုပ်မိသည်။ 


'' ဒီဘက်လှည့် ငါ့ကိုကျောပေးပြီး အိပ်တာငါ

မကြိုက်ဘူး နောက်နေ့တွေခုလိုမပြောရစေနဲ့ မှတ်

ထား''


သူပါးစပ်ကလဲပြော ဆွဲလဲလှည့်ပြစ်သည်။ သူ့

ဘက်လှည့်လာတဲ့ သူမမျက်နှာကြောင့် သူရင်ထဲ

မကောင်းတာ စိတ်ရင်းနဲ့ပါ။ ပါးနှစ်ဖက်လုံး ဖြူနေ

တဲ့ မျက်နှာလေးထက် ညိုမဲနေတာနုနယ်တဲ့ သူမ

အသားအရည်ကြောင့်လားတော့မသိပါ။ မျက်ဝန်း

မှာလဲ မျက်ရည်တွေပြည့်လို့။ သူ့ကိုမကြည့်ပဲ

မျက်ရည်တွေ ဖိသုပ်နေသည်။ သူရင်ခွင်ထဲပွေ့

ဖက်ထားပြီး...


'' မငိုနဲ့ ငါမကြိုက်ဘူး မြင်လဲမမြင်ချင်ဘူး ငိုသံတွေ

လဲမကြားချင်ဘူးနားငြီးတယ်ငါတို့နှစ်ယောက်ကြား

မှာ မင်းမှတ်ထားစရာတွေအများကြီးပဲ''


'' ကြည့်မနေနဲ့ မမြင်ချင်ရင် မျက်နှာလွှဲထား ရှင်

အရှက်ခွဲလို့ အားရအောင် ကျွန်မက ပြုံးနေရမှာ

လား ''


'' ငါပြောရင် ငြိမ်မနေပဲ ပြန်ပြန်ခံမပြောနဲ့ ငါမကြိုက်

ဘူး''


'' ရှင့်အကြိုက်ပဲ လိုက်နေရအောင် ကျွန်မကရှင်မွေး

ထားတဲ့သူမဟုတ်ဘူး ကျွန်မခံစားချက်ကျွန်မ တစ်

ခါတစ်လေနေခွင့်ပေးပါလား ပင်ပန်းနေလို့''


'' မင်းကို သီးသန့်နေခိုင်းဖို့ ငါ့သိက္ခာအကျခံပြီး

လက်ထပ်ထားတာမဟုတ်ဘူး မင်းကိုပဲအလွတ်မ

ပေးချင်တာဆိုရင် ဘာဖြစ်ချင်လဲ နောက်ထပ်ငါ့ကို

အမိန့်မပေးနဲ့''


အမိန့်ပေးနေတာက ဘယ်သူလဲ။ မုန်းစရာအကောင်

ဆုံးက သူ့စကားသူအာမခံချက်မရှိတာပဲ။ 


'' ရန်မဖြစ်ချင်ဘူးဖယ်လို့ ပြောနေတယ် လာမဖက်နဲ့ ''


'' မဖယ်ဘူး ငါကမင်းနဲ့ရန်ဖြစ်ချင်တယ်ဆိုရင်ကော

အဲ့လိုပြောလေ ဖက်ချင်လေပဲ''


'' ကျွတ်..အဓိပတိ''


''မြသင်းထုံ''


'' ......''


သူ့ကို နားမလည်တော့ဘူး။ သူအရှက်ခွဲပြီးမှ ဘာမှ

မဖြစ်သလိုနဲ့နေနိုင်တာ စိတ်ပျက်ဖို့ကောင်းတယ်။

လူတစ်ကိုယ်လုံး မြွေတစ်ကောင်လို ဖိညှစ်ဖက်

တွယ်ထားတာ လူလိုမဟုတ်။ ထုံလေးမုန်းတာအဲ့

တာတွေပဲ။ မလုပ်နဲ့ဆိုလုပ်သည်။ မဖက်နှင့်ဆိုဖက်

သည်။ မနမ်းနှင့်ဆို နမ်းသည်။ ဒါသူ့ရဲ့ အရွဲ့တိုက်

တတ်တဲ့ စရိုက်။ သူနှင့်ပတ်သက်ျာအကုန် ထုံလေး

မုန်းတယ်။  ခုချိန်သူ့မျက်နှာလဲ မကြည့်ချင်ဘူး။

သူနဲ့အဝေးဆုံးမှာ နေချင်တဲ့ ထုံလေးဆန္ဒကဘယ်

တော့မှ ပြည့်မှာမှန်းမသိ။ 


ရန်မဖြစ်ချင်၍ ငြိမ်နေလိုက်တော့ သူ့ရဲ့ဝင်သက်

ထွက်သက်နွေးနွေးတွေက လူကိုလာကျီစယ်နေ

သလို။ ထုံလေးတုပ်တုပ်မျှမလှုပ်ပဲ ငြိမ်ငြိမ်ကွေး

ကွေးလေး မျက်လုံးမှိတ်ပြီး အိပ်ဖို့ကြိုးစားသည်။

သူ့ကိုမုန်းလွန်းလ်ု့ အိပ်မပျော်ခင် စကားတစ်ခွန်း

တော့ ပြောလိုက်လေသည်။


''ရှင့်ကိုမုန်းလွန်းလို့ ရင်ထဲမှာကို မဆံ့တော့ဘူး''


'' ဂရုမစိုက်ဘူး ငါကမင်းထက်ပိုပြီးမုန်းလို့ပဲ''


သူနှင့်မျက်လုံးချင်းမဆုံမိစေရန်မျက်လုံးအတင်း

ဖိမိှတ်ထားသည်။ သူ့မျက်နှာမြင်လျှင် မွေးနေ့ပွဲ

မှ အဖြစ်အပျက်ကို ပြန်မြင်ယောင်ပြီး ဒေါသဖြစ်ရ

လွန်းလို့။ သူကတော့ ဟန်ဆောင်ကောင်းသည်။

နေတတ်လွန်းသည်။ တောင်းပန်ဖို့သူ့မှာအစီအစဥ်

မရှိမှန်းနားလည်တယ်။ သူက အများတကာထက် ပို

ယုတ်မာတတ်တာ ယနေ့မှထုံလေးပ်ုပြီး သိမြင်ခဲ့ရ

လို့ပါပဲ။ သူနှင့်ပြိုင်ပြီး ရန်ဖြစ်နေလျှင်ထုံလေးရှုံး

မှာ သိပြီးသား။ အရှက်တရားနှင့်အကြင်နာတရား

မရှိတဲ့ သာကတော့ ဘယ်တော့မှအလျော့ပေးမှာ

မဟုတ်ပေ။


ထိုညတစ်ညလုံး ထုံလေး ကောင်းကောင်းမအိပ်ရ

ပါ။ သူ့ကိုယ်ကြီးနှင့် အတင်းဖက်ထားရုံမက သူ

အိပ်ပျော်ပြီထင်ပြီး ထုံလေးနည်းနည်းလေးလှုပ်

ပြီး ခိုးထရန်ပြင်လေ သူအကျင့်ယုတ်ကာ ပိုတိုးဖက်

လေ။ ထုံလေးခေါင်းကိုသူ့ရင်ခွင်ထဲ အတင်းထိုး

အပ်ထား၍ အသက်ရှုပါမဝ။ သူနှင့်နီးနီးကပ်ကပ်

နေရတာ ရင်မခုန်တဲ့အပြင် သူ့ကိုမုန်းတဲ့စိတ်ပါ ပို

များလာလို့ နှလုံးရောဂါပါရနိုင်သည်။


ဒီလူအနုနည်းနဲ့သတ်နေတာ ။ သူနှင့်ပတ်သက်တာ

စဥ်းစားတိုင်း အသည်းထဲကတဆသ်ဆစ်နာအောင်

သူ့ကို နာကျည်းသည်။ သူ့ကိုမုန်းရင်း ထုံလေး

နံနက်အာရုဏ်ဦးမှ အိပ်ပျော်တော့သည်။


•••••


မနက်မိုးလင်းတော့ အိပ်ယာဘေးမှသူမရှိတော့။

ဘယ်ချိန် အိပ်ယာနိုးသွားမှန်းမသိ။ ညကသူအတင်း

ဖက်ထား၍ တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေသည်။

မနက်မိုးလင်းခါနီးမှ အိပ်ပျော်၍ လူကလဲမလန်း။


'' လူဆိုးကောင် ဘယ်ချိန်ထသွားလဲမသိဘူး၊

တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ အား..ကျွတ် ကျွတ်

ဘယ်ဘဝက ရေစက်လဲကိုမသိဘူး ဒီလိုလူမျိုးနဲ့

ဘယ်သူမှဆုံချင်မှာမဟုတ်ဘူး ''


အိပ်ယာမှမထချင်ထချင် ထုံလေးထပြီး အောင်ထပ်

အခန်းဆင်းပြီး ကိုယ်လက်သန့်စင်မျက်နှာသစ်

သည်။ ပြီးနောက် ထမင်းစားခန်းသွားတော့လဲ သူ့

ကိုမတွေ့။ ထုံလေးမနက်စာပြင်ပြီးတော့လဲ သူ့ကို

မတွေ့။ နာရီကြည့်တော့ နံနက်ကိုးနာရီ။ ဒါဆိုသူ

အလုပ်သွားချိန်ပဲ။


'' မမြင်ရလေစိတ်ချမ်းသာလေပဲ သူ့ကိုမြင်ရင် ပူ

လောင်လွန်းလို့ ထုံလေးပါ အပူသည်ဖြစ်နေရပြီ''


ထုံလေး အိပ်ခန်းထဲဝင်ကာ ပိုက်ဆံအိပ်ယူပြီး

ဆေးခန်းသွားဖို့ပြင်ဆင်သည်။ နေလဲမကောင်း

ချင် လိုအပ်တာလေးတွေလဲ ဝယ်ရင်းအပြင်သွား

ရန် ဆုံးဖြတ်လိုက်သည်။ ခေါင်းထဲတရိပ်ရိပ်မူးပြီး

အားပျော့နေတာ ကိုကြီးအသုဘနေ့ထဲက မသက်

သာ။ ဒီရက်ပိုင်းသူနှိပ်စက်မှု့ကြောင့် စိတ်တင်း

ထားသော်လည်း အားအင်မဲ့နေတာ ထုံလေးပဲ

အသိဆုံးပါ။ 


ဝေသနာတွေသာ လက်နက်ဖြစ်ခဲ့ရင် သူ့ကိုစိတ်ရှိ

တိုင်း အသေလုပ်ပြစ်မှာ။


•••••


'' သေချာလား ဒီကိစ္စ ဒီသတင်းမှန်ပါစေ''


''သေချာပါတယ်ဆရာ အဲ့နေ့ကမိန်းမကြီးကို 

ကျွန်တော်သေချာမေးပါတယ် မချယ်ရီ....''


''တော်တော့ ရပြီမင်းသွားတော့ ရော့မင်းအတွက်

ဘောက်ဆူး''


''ကျေးဇူးတင်ပါတယ်ဆရာ''


သူ စီးကရက်ကို မီးညှိပြီး မှန်တံခါးမှတစ်ဆင့်

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို စီးကရက်ဖွာရင်း

အကြောင်းအရင်းမဲ့စိမ်ပြေနပြေငေးကြည့်နေသည်။ 

နှုတ်ခမ်းညိုတွေအား အံကြိတ်တည်ရင်း ဒေါသက

အမည်ဖော်မပြပဲ ချယ်ရီကို စိတ်တိုသည်။ ထင်ပြီး

သားပဲ ဆိုပေမယ့် ချယ်ရီမနာလိုစိတ်က အင်မတန်

မှ အပေါစားဆန်သည်။ အရင်ထဲက အထင်မကြီး

ခဲ့တာ ခုလိုလုပ်ရပ်မျိုး သူမ လုပ်တော့ သူပိုရွံ့သွား

သည်။ မင်းတို့မိန်းမတွေရဲ့မနာလိုစိတ်ကလဲအတော်

ကြောက်ဖို့ကောင်းသားပဲ။


'' လိုအင်တွေရှိနေလို့ မင်းကိုခွင့်လွှတ်ထားတာ

အကောင်းတော့မထင်နဲ့ ချယ်ရီ နောက်တစ်ခါဆို

မင်းမလွယ်ဘူး''


စီးကရက်အား အံခဲရင်း သူသိချင်တာသိခွင့်ရပြီး

ပေမယ့် စိတ်ကမကျေနပ်သေး။ အချိန်မကျသေး

တော့ သူဆက်ပြီးသည်းခံရဦးမည်။


•••••


'' တီးတောင်...''


အပြင်မှ ခြံတံခါးကို အဆက်မပြတ်တီးပေမယ့်

အဓိပတိ လုံးဝတံခါးထမဖွင့်ပေးပါ။ CCTVမှ တစ်

ဆင့် ပိတောက်ခြောက်ရောင်ပါတိတ်ဝမ်းဆက်လေး

နှင့် မျက်မှောင်ကြုတ်ကာ အဆက်မပြတ်တီးနေတဲ့

မြသင်းထုံကို သူအေးဆေးကြည့်နေသည်။ လက်

ထဲမှာလဲ တစ်စုံတစ်ခုကိုင်ဆောင်ထားပြီး နေပူ

ဒဏ်ကို ခံနိုင်ရည်မရှိသဖွယ်နှင့် မျက်နှာလေးရှုံ့မဲ့

နေသည်။


သူစိတ်ကျေနပ်တဲ့ထိ နာရီဝက်ခန့်ထိုင်ကြည့်နေပြီး

မှ တံခါးထဖွင့်ပေးသည်။ နေပူဒဏ်ကြောင့်လား သူ့

ကို ဒေါသထွက်နေတာကြောင့်လားမသိပဲ နီရဲနေတဲ့

 မျက်နှာလေးက သူ့ကိုရန်လိုစွာကြည့်လာသည်။

သူ ခပ်တည်တည်နှင့်သာ..


'' ရှင် နားကန်းနေလား ဒီလောက်အကြာကြီးစောင့်

နေရတာ နေပူကြီးထဲ လူကိုညှင်းပန်းနေတာလား''


'' အင်း မင်းနေပူထဲ ငုပ်တုတ်ထိုင်ပြီး ဒေါသထွက်

နေတာ ကြည့်ကောင်းလို့ တမင်ထိုင်ကြည့်နေတာ''


ကြည့်းစမ်းဘယ်လောက်ယုတ်မာတဲ့လူလဲ။ နေမ

ကောင်းလို့ အားနည်းနေရတဲ့ကြားထဲ သူနိပ်စက်

တာခံရပြန်ပြီ။ ဒေါသကိုမြိုသိပ်ပြီး လူယုတ်မာဆန်

တဲ့ သူ့မျက်နှာကို မကြည့်ပဲ အိမ်ထဲအမြန်ဝင်လိုက်

သည်။ သူအနောက်မှကပ်ပါလာပြီး မေးခွန်းတွေ

စတင်တော့သည်။ 


'' မင်းဘယ်သွားပြီး ဘာသွားလုပ်တာလဲ ပြောစမ်း

ပါဦး ငါမရှိတဲ့အချိန်ထွက်ပြေးမလို့လား ဒါမှမဟုတ်

မင်းရဲ့ အဆက်ဟောင်းနဲ့ သွားချိန်းတွေ့တာလား ''


'' ရှင်ကလေ ... ကျွတ်''


ပြောဖို့စကားပါ ဆွံ့အသွားတယ်။ စိတ်တိုတိုနဲ့

ခြေလှမ်းတွေ ရပ်ပြီးနောက်လှည့်တော့ သူ့ရင်ဘတ်

နှင့်ထုံလေးမျက်နှာ ထိလုနီးနီး။ တင်းနေတဲ့သူ့

မျက်နှာထက် ထုံလေးပိုပြီး တည်ပြစ်သည်။ သူ့

မျက်နှာကို မြင်ရတာ ရောဂါတိုးလွန်းလို့...


'' ရှင်က မုန်းစရာကောင်းတာပဲ မဟုတ်ဘူး

စိတ်ပျက်ဖို့ပါ အတော်ကောင်းတာ ခုမှသိတယ်''


'' အဲ့တော့ ဘာဖြစ်လဲ ငါဂရုမစိုက်ဘူး မင်းဘယ်လို

ထင်ထင်  ငါမေးတာပဲဖြေ''


'' ဖြေမယ် ရှင်အေးဆေးထိုင် ကျွန်မအနားမကပ်နဲ့''


တကောက်ကောက်လိုက်နေတဲ့ သူ့ကိုယ်ကြီးကို

တွန်းလွှတ်ပြီး ဆိုဖာပေါ် ထုံလေးအရင်ဝင်ထိုင်မှ

သူလိုက်ထိုင်သည်။ 


'' ကျွန်မနေမကောင်းလို့ ဆေးခန်းသွားတာ လိုအပ်

တာလေးတွေလဲ သွားဝယ်တာ ဒါပဲ ကျန်တာဘာ

ဆက်မေးချင်သေးလဲ''


'' ဒါဆို မင်းငါ့ကိုဘာလို့မပြောလဲ မင်းကိုယ်မင်း

ဘာထင်နေလဲ''


'' ကျွန်မကိုယ်ကျွန်မ ဘာမှမထင်ဘူး 

အပြင်လေး သွားတာရှင့်ကို ပြောနေရဦးမှာလား

အဲ့လောက်ထိ လိုလို့လား ကျွန်မကိုအရမ်းကြီး 

ပိတ်ပင်တာတော့ ရှင်တရားလွန်နေပြီ ''


'' မင်းကို ချုပ်ချယ်နေတာလဲ မဟုတ်ဘူး၊ မင်း

ဘယ်သွားတယ် ဘာလုပ်တယ်ကအစ ငါအကုန်သိ

ချင်တယ် စိတ်ဝင်စားလို့တော့မဟုတ်ဘူး လိုက်

အရှက်ခွဲချင်လို့ သိပ်ဘဝင်မြှင့်မနေနဲ့''


'' ရှင်ကလေ မုန်းဖို့ကောင်းရုံတင်မကဘူး ရွံဖို့ပါ

ကောင်းတယ် မိန်းမတစ်ယောက်ကို နှိပ်စက်လက်

စားချေနေတာ ဂုဏ်ယူစရာမဟုတ်ဘူး ကြာလေရှင့်

ကို အထင်မကြီးလေပဲ''


'' မင်းအထင်မကြီးတာကိုပဲ ငါကျေနပ်တယ် မင်း

ငါ့ကိုမုန်းလေ ငါလဲမင်းကိုရွံလေပဲ''


'' တောက်''


အပြစ်မရှိအပြစ်ရှာပြီး ထွက်သွားတဲ့ သူ့ကျော

ပြင်ကြီးကို စိတ်ရှိလက်ရှိ ပြေးထုချင်တဲ့စိတ်ကို

ထိန်းထားရသည်။ ယုတ်မာတာနှစ်ယောက်မရှိဘူး။


ဒီလိုလူမျိုးနဲ့ အိမ်ထောက်ဖက်ဖြစ်ဖို့မပြောနှင့်

သိတ်ကူးနှင့်ပါမတွေးခဲ့ဖူးပါ။ 


သူ့ကို ခေါင်းခါလက်ဖျားခါမိအောင်

ထုံလေး အတော်စိတ်ပျက်သွားမိတယ်။ ဒီလူယုတ်

မာပုံက ဘယ်သူနှင့်မှ ယှဥ်၍မရအောင်ပိုတယ်။

နေပူထဲမှာလဲ ထိုင်ခိုင်းတယ်။ အိမ်ထဲရောက်ပြန်

တော့လဲ စကားနှင့်နိပ်စက်တယ်။ ကျွန်မလဲ

ဒီဝဠ်ကြွေးဘယ်တော့မှ ​ကျေမည်မသိတော့ပါ။


rate now: