🌊ညှို့တတ်သော ပင်လယ်🌊
'' မင်းပုံစံက ဘယ်လိုဖြစ်တာလဲ''
'' ဘယ်လိုဖြစ်နေလို့လဲ''
သူပြောမှပဲ ထုံလေး ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိ
တယ်။ သူကတော့ စိတ်ပျက်စွာ ခေါင်းကို ခါရမ်းနေ
သည်။ မြန်မာဝတ်စုံ ပိုးသားအဖြူရောင် ချိတ်လေး
ကို သေသေသပ်သပ် ဝတ်ဆင်ထားတာ ဘာများ
အဆင်မပြေနေလို့လဲ။ ခါတိုင်းချနေကြ ဆံပင်
အရှည်တွေကိုပါ တစ်ပတ်သျိုပြီး လှလှပပထုံးဖွဲ့
ထားတာ။ ထုံလေး ကိုယ်တိုင်လဲ မှန်ထဲသေချာ
ကြည့်ခဲ့ပါတယ်။ အတော်လေးကြည့်ကောင်းပြီး
လှနေတာ အသေအချာပါပဲ။ သူဘာကိုအလိုမကျ
မှန်းမသိတော့ ထုံလေးလဲမတတ်နိုင်။
'' မင်းကို ငါကမွေးနေ့ပံဲခေါ်တာ ဘုန်းကြီးကျောင်း
သွားဖို့ခေါ်တာ မဟုတ်ဘူး ကိုယ့်ပုံစံကိုလဲပြန်ကြည့်
ဦး အဘွားကြီးပေါက်စ ပုံနဲ့''
'' ဪ.. ကျွန်မက ရှင်တို့လို့ နိုင်ငံခြားပြန်တွေ မ
ဟုတ်ဘူး၊ နယ်သူရှင့် ကိုယ်ဝတ်စားတတ်သလောက်
ပဲ အဆင်ပြေအောင် ဝတ်လာတာပဲ''
'' စိတ်ပျက်ဖို့ကောင်းတယ်''
မိမိုက်နေတဲ့ သူ့ပုံစံနှင့် မြန်မာဝတ်စုံကြီး တကား
ကားနဲ့ သူမပုံစံက သူနှင့်ဘယ်လိုမှ မလိုက်ဖက်။
စိတ်တိုပေမယ့် မွေးနေ့ချိန်က နီးကပ်နေလေပြီမို့
ဒေါသကို ထိန်းလိုက်ရသည်။ ဒါပေမဲ့ သူမအရမ်း
လှနေတာတော့ သူမငြင်းပါ။ မြင်အောင်လဲမကြည့်
ပဲ မသိမသာလေးသာ ကြည့်ပြီး ခပ်မြန်မြန်မျက်နှာ
လွှဲလိုက်ရသည်။ မာနတွေ မျှော်လင့်ချက်တွေတော့
အထိအခိုက်မခံနိုင်တာ သူ့အတ္တတွေပဲ။
'' မင်းလို တောသူမကိုခေါ်မိတဲ့ ငါပဲ တိုင်နဲ့ခေါင်း
ဆောင့်ပြစ်ချင်တာ ငါ့မိတ်ဆွေတွေ လာမိတ်ဆက်
ရင်ဖြေရှင်းရမှာ စိတ်ရှုပ်လွန်းလို့ သတိထားနေ ''
'' ဒါဆိုလဲ ခေါ်မနေနဲ့ပေါ့ ဘယ်သူက လိုက်ချင်
တယ် ပူဆာနေလို့လဲ''
'' ချယ်ရီ ဆန္ဒမို့လို့ခေါ်တာ မဟုတ်လို့က မင်းကို
အိမ်ထဲမှာပဲ ထားတယ် တွဲသွားရမှာ ငါသိက္ခာကျ
တယ်''
သူ့စကားကြောင့် လှပနေတဲ့ မျက်နှာလေးက တင်း
သွားသည်။
'' ဒါဆို ကျွန်မက နေခဲ့ရမှာလား ရှင့်နောက်လိုက်ရ
မှာလား''
'' စကားမများနဲ့ကားပေါ်တက်''
ထုံလေးဆောင့်အောင့်ပြီး ကားပေါ်တက်တော့ သူလဲ
အလိုမကျ ကားတံခါးဆောင့်ပိတ်ပြီး ကားပေါ်
တက်လာသည်။ ကားထဲရောက်တော့ သူ့အမှာ
စကားက ထုံလေးကို ဒေါသပိုထွက်စေသည်။
'' ဟိုရောက်ရင် အလိုက်တသိနဲ့ ကိုယ့်ဟာကိုယ်
အေးဆေးနေ ငါ့အနားမကပ်နဲ့ မင်းနဲ့ပတ်သက်ပြီး
တခြားသူတွေကို လိုက်ရှင်းပြ မိတ်ဆက်ပေးရ
လောက်အောင် မင်းကငါ့ရဲ့ပွဲတက်ဇနီး မဟုတ်ဘူး
ငါပြောတာ ရှင်းလား''
အေးစက်စက်မျက်နှာလေးက သူ့ဘက်လှည့်လာ
တာ ရယ်စရာလေးပါပဲ။ အပြစ်ကင်းစင်နေတာလား
ဒီနေ့မှ ထူးထူးခြားခြား ပိုလှနေတာလား သူမသိ။
တစ်ခဏ မိုက်မဲနေတဲ့သူ့အတွေးနဲ့ သူမထံရောက်
ရောက်သွားတတ်တဲ့ သူ့အကြည့်ကိုယ်သူ အပြစ်
တင်ကာ ဒေါသထွက်သည်။
'' စိတ်ချ ဖြစ်စေရမယ် ဘာထပ်မှာချင်သေးလဲ''
'' မင်းကိုယ်တိုင် အလိုက်သိဖို့ပဲ ''
'' အဆင်ပြေတယ် ကျန်တာဘာမှာ ချင်သေးလဲ''
'' ငါ့ကို မျက်နှာပျက်အောင်မလုပ်ရင်ပြီးတာပဲ
အရွဲ့တိုက်ဖို့တော့ မစဥ်းစားနဲ့ ငါကမင်းထက်ပို အ
ရှက်မရှိဘူးဆိုတာ မင်းသိတယ်နော်''
သူ့ကို မျက်စောင်းထိုးပြီး ကားအပြင်ဘက်ကိုသာ
မျက်နှာလွှဲသွားတဲ့ သူမ နောက်ကျောလှလှလေးကို
အမှတ်တမဲ့ သူကြည့်ကြည့်မိသည်။
ဆန္ဒနဲ့တစ်ထပ်ထဲကျတဲ့ မျှော်လင့်ချက်က မင်းကို
အရှက်ခွဲဖို့ပဲ။
•••••
'' ကိုယ်တို့ရောက်လာကြပြီ နောက်ကျလိုက်တာ
ကိုယ်ရယ် သူလဲပါလာတာပဲ တွေ့ရတာ ဝမ်းသာပါ
တယ် မမြသင်းထုံ''
'' ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဟက်ပီးဘတ်
ဒေးပါ မမိုးပန်းချယ်ရီ''
'' အဟင်းဟင်း မင်းမဆိုးဘူးပဲ ဒို့နာမည်ကို သိနေ
တာ''
ကားပေါ်မှ ဆင်းတာနှင့် လာကြိုနေတဲ့ မွေးနေ့ရှင်
သူ၏ ချစ်သူ(စိတ်အထင်)။ လမ်းမှာသူပြောပြ၍
နာမည်အပြည့်အစုံ သိခဲ့တာ စိတ်ဝင်စား၍တော့မ
ဟုတ်ပါ။ ပန်းနုရောင်ဂါဝန်လေးနှင့် အသက်အရွယ်
ခန်းမှန်းမရအောင် နုပျိုနေတဲ့ သူမကို ထုံလေးတ
ကယ်ချီးကျူးပါတယ်။ သူမတကယ်လှပါသည်။
သူကတော့ မျက်မှန်အနက်ကို စတိုင်ကျကျတပ်
လိုက်ပြီး စကားစကိုဖြတ်သည်။
'' သူ့ကိုအဲ့လို တရင်းတနှီးကြိုနေဖို့မလိုပါဘူး
ချယ်ရီရဲ့ သွားကြမယ်လေ မင်းဧည့်သည်တွေ
ဧည့်ခံကြတာပေါ့''
'' ကိုကလဲ အဲ့လိုကြီးလဲ မပြောပါနဲ့ သူဝမ်းနည်း
သွားမှာပေါ့ မမြသင်းထုံ ချယ်ရီတောင်းပန်ပါတယ်
နော် သူကငယ်ထဲကအဲ့တိုင်းပဲ ပြောချင်ရင်စိတ်ထဲ
မထားတတ်ဘူး တဇွတ်ထိုးသမား''
'' ရပါတယ် ကျွန်မလဲ စိတ်ထဲမထားတတ်လို့ သူ့ကို
ရှိတယ်လို့ကို မထင်တာ ''
ထုံလေးစကားကြောင့် သူ့မျက်နှာကြီး ပျက်ယွင်း
သွားသည်။ ဒေါသထွက်နေပေမယ့် အကြိတ်အနယ်
မြိုသိပ်လိုက်ရသလိုနဲ့ မျက်နှာကကြည်ကြည်လင်
လင်တော့မဟုတ်။ သူ့ပုံစံကိုကြည့်ပြီး ထုံလေးဝမ်း
သာလိုက်တာမှ ပြောမနေပါနဲ့တော့။ လူရှေ့သူရှေ့
ဆို အနိုင်ယူချင်လို့ ဘယ်ရမလဲ မြသင်းထုံတဲ့။
ကျွန်မလဲ အနိုင်နဲ့ပိုင်းတတ်တယ် အဓိပတိ။
'' ချယ်ရီ သွားကြစို့ ဒီမိန်းမကို စိတ်တိုလို့မင်း
မွေးနေ့ပွဲပျက်ရလိမ့်မယ်''
'' အို ကိုရယ် အဲ့လောက်ထိ ဖြစ်ကြဖို့လဲ မလိုပါဘူး
နော် လာလာ သွားကြမယ် ကိုယ့်သူငယ်ချင်း
ဟောင်းတွေလဲ ကိုယ့်ကိုတွေ့ချင်နေကြတာ လိုက်လာခဲ့နော် မမြသင်းထုံ''
ရယ်မောကာ သူ့လက်မောင်းကို ဖက်တွယ်ပြီး
အလှမီးတွေနှင့် ဝင်းထိန်နေတဲ့ ခြံကြီးထဲဝင်သွား
ကြသည်။ ထုံလေးသူတို့အနောက်မှ လိုက်ခဲ့ပေမယ့်
စိတ်ထဲတော့ မပျော်ပါ။
မလိုအပ်တဲ့ လူတစ်ယောက်ကို ဒုက္ခပေးချင်လို့
ခေါ်တာလား ရင်းနှီးချက်လို့ခေါ်တာလား ဆိုတာ
လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကမှ ထုံလေးသဘောပေါက်
ပါသည်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို စိတ်မ
ဝင်စားသလို သိလဲမသိချင်ပါ။ ဒေါင့်အကျဆုံး
စားပွဲဝိုင်းလေးမှာ ဝင်ထိုင်ပြီး ဧည့်ခံသမျှအစား
အသောက်တွေကိုသာ တစ်ခုပြီးတစ်ခု စားနေလိုက်
တော့သည်။ ဒါစိတ်အချမ်းသာဆုံးပဲလေ။
သူကတော့ ထုံလေးကို ဂရုမစိုက်ပါပဲ မွေးနေ့ရှင်ရဲ့
ချစ်ူနေရာကြီးကနေ မျက်နှာကြီးက ထုံလေးတစ်ခါ
မျှမမြင်ဖူးတဲ့ အပြုံးတွေနဲ့ဝင်းပနေလို့ပေါ့။
•••••
'' မဆိုးဘူးပဲ ဒီဝိုင်က သောက်ကောင်းသားပဲ''
ပထမတစ်ခွက် သောက်စဥ်က နှာခေါင်းထဲအနှံ့
တိုးဝင်ပြီး ပျို့ချင်လာသည်။ ဒုတိယတစ်ကြိမ်
ကြိတ်မှိတ်ပြီးသောက်တော့ အနံ့ကမဆိုးတော့။
တတိယအကြိမ်သောက်တော့ ဝိုင်သည်ချိုလာ
သည်။ ခေါင်းထဲ ရီဝေဝေလေးနှင့် အတော်လေး
တော့ နေထိုင်ကောင်းနေသည်။ တစ်ယောက်ထဲ
ဘာမှမတွေးပဲ အလိုလိုရယ်ချင်လာသည်။ ထုံလေးပဲ တစ်သောက်ထဲ သာယာနေတာလား။
မွေးနေ့ပွဲက လူတွေနဲ့ထုံလေးတစ်ယောက်မှ မ
ရင်းနှီး၍ ခုံလေးမှာတစ်ယောက်ထဲသာ။ သူကလဲ
အနားမကပ်ဖို့ မှာထားတော့ အူကြောင်ကြောင်နှင့်
တစ်ယောက်ထဲ ဟိုလူကြည့်ဒီလူကြည့်နှင့် ဝိုင်ခွက်
ကလေးနှင့် အဖော်ပြုနေလိုက်သည်။ အားတော့
မငယ်ပါ ။ ပျင်းလာတော့ အိမ်ပြန်ချင်လာပြီ။
မူးလာတော့ ရယ်ချင်လာပြီ။ စိတ်ခံစားချက်က
အမျိုးမျိုးဖြစ်နေတာ ထုံလေးတစ်ယောက်ထဲ။
'' ငါဘာဖြစ်နေတာပါလိမ့် အလိုလို ရယ်ချင်နေတာ
အိမ်လဲပြန်ချင်ပြီ''
ထိုချိန် သီချင်းသံလေးမှာ နားထဲငြိမ့်ငြိမ့်လေး တိုး
ဝင်လာကာ မွေးနေ့ပွဲတက်လာကြတဲ့သူတွေ
အတော်များများ အတွဲကိုယ်စီနှင့် ထကနေကြသည်
ထိုထဲ၌ ကျွန်မ၏ မုန်းလှစွာသော ခင်ပွန်းကြီးက
မွေးနေ့ရှင်ရဲ့ ခါးကိုဖက်ပြီး ကနေတာများ မိုးမမြင်
လှေမမြင်ပါပဲ ။ထုံလေးနှာခေါင်းလေး ရှုံ့ကာ...
'' ဟွန့် မုန်းစရာကြီး အဲ့လိုကျတော့ မျက်နှာကြီးက
ပျော်လို့ရွှင်လို့''
ပြုံးနေတဲ့ မျက်နှာတွေကို ကြည့်ပြီး မနာလိုလိုက်
တာ။ သူတို့ကျတော့ ကိုယ်ချစ်တဲ့သူရဲ့ လက်ကိုဆွဲ
ပြီး လွမ်းတဲ့ချိန်ပွေ့ဖက်ထားကြတယ်။ ထုံလေးမှာ
တော့ ပွေ့ဖက်ဖို့မပြောနဲ့ လွမ်းတယ်လို့ပြောဖို့ပင်
သူ ကြားနိုင်ပါ့မလားမသိ။
'' အမ ဝိုင်ယူဦးမလားဗျ''
ဝိုင်ခွက်လေး ကမ်းပေးနေတဲ့ ဝိတ်တာလေးကို
ခေါင်းရမ်းပြကာ...
'' မယူတော့ဘူးရှင့် ကျွန်မကို Toiletဘယ်နားမှာလဲပဲ
ပြောပြပေးပါ''
''ဟုတ်ကဲ့ခင်ဗျ ဒီအရှေ့တည့်တည့်သွားပြီး
ညာဘက်ကိုချိုးလိုက်ပါ ခင်ဗျ''
''ကျေးဇူးပါ''
ထုံလေး ကောင်လေးညွှန်ပြတဲ့လမ်းအတိုင်း သန့်
စင်ခန်းထွက်လာခဲ့သည်။ မျက်စိတွေက မှေးစင်း
လာပြီ၊ သူ့ကိုပြန်ရန်ပြောလျှင် ကြိုက်မှာမဟုတ်မှန်း
သိသည်။ ထို့ကြောင့် မျက်နှာကိုရေကလေးနှင့်
တောက်ပြီး လန်းသွားအောင်လုပ်ရမည်။ ခေါင်းထဲ
ရီဝေဝေနဲ့ ခြေလှမ်းတွေက မမှန်ချင်။
'' အရက်မူးတဲ့ အရသာကမဆိုးဘူးပဲ ဟီး ..ရီဝေဝေ
လေး''
တစ်ယောက်ထဲ ထွက်သွားတဲ့ ကျောပြင်ကိုကြည့်
ပြီး ကောက်ကျစ်သောအပြုံးနှင့် နောက်ကွယ်မှ
ပုံရိပ်တစ်ခုကိုတော့ ထုံလေးမမြင်တွေ့လိုက်ပါ။ ဒါ
ထုံလေးရဲ့ ကြမ္မာဆိုးပဲလား။
•••••
'' သူခိုးမ ထွက်လာပြီ''
'' သူခိုးမ''
'' ရှင်တို့ဘာလုပ်နေကြတာလဲ ကျွန်မအိပ်ကို''
ထုံလေး သန့်စင်ခန်းကထွက်လာတော့ ထုံလေးအိပ်
ကို လူတချို့ဝိုင်းရှာနေကြသည်။ ထုံလေးကိုလဲ
သူခိုးမတဲ့။ မူးနေတာပါ ပျောက်သွားသည်။ ဘာ
တွေလဲ ထုံလေးနားမလည်တော့ပါ။
'' ကြည့်စမ်း ငါ့စိန်ဘယက်ကိုခိုးထားတာ သူခိုးမ''
'' ဟင်''
ထုံလေးအိတ်ထဲမှ ထွက်လာတဲ့ စိန်ဘယက်ကိုကိုင်
ပြပြီး ပြောနေတဲ့ မိန်းမကြီးတစ်ယောက်။ ထုံလေး
ရင်ဘတ်ကလေးဖိကာ အနားမှာလဲလူတွေ ဝိုငါးအုံ
လာတော့ ဘယ်လိုရှင်းပြရမယ်မှန်းမသိ။ ပြီးတော့
ထုံလေး ဘာမှလဲနားမလည်ပါ။
'' သူများမွေးနေ့ပွဲမှာ ခိုးရဲတဲ့သတ္တိကိုပဲ အံ့သြတယ်''
'' သူခိုးမ လာစမ်း ရုပ်ကလေးမှအားမနာ လုံခြုံရေး
တွေ ဒီကောင်မကိုလာချုပ်ထားစမ်း ''
'' အား ကျွန်မ ယူတာမဟုတ်ဘူး အား...''
'' ကောင်မ လိမ်ချင်နေတာ ဟုတ်လား''
ထိုမိန်းမကြီးမှာ ဝဝဖိန့်ဖိန့်ကြီးမို့ သူ့ကိုယ်ကြီးကို
ထုံလေးမနိုင်ပါ။ ဆံပင်ကိုဆောင့်ဆွဲပြီး ယောကျ်ား
နှစ်ယောက်ရဲ့လက်ထဲထည့်ပြီး ထုံလေးပါးကိုဘယ်
ပြန်ညာပြန်ရိုက်သည်။ ယောကျ်ားနှစ်ယောက်က
တစ်ဖက်ခြင်းဆီ ချုပ်ထား၍ ရုံး၍လဲမရ ငြင်းခွင့်လဲ
မသာ။ လူတွေသာ ဝိုင်းကြည့်နေတယ် ထုံလေးကို
ကယ်မဲ့သူမရှိပါ။ ပါးနှစ်ဖက်လုံးနာကျင်လွန်းလို့
မူးမေ့မတတ်ပါပဲ။ ဘာမှနားမလည်ပါပဲ သူတို့ရဲ့
လုပ်ရပ်က တစ်ဖက်သတ်ဆန်နေသည်။ ထုံလေးမှာ
ထောင်ချောက်မိနေတဲ့ သမင်တစ်ကောင်သဖွယ်။
'' ကျွန်မတောင်းပန်ပါတယ် ရှင့်ဘယက်ကိုကျွန်မ
မခိုးပါဘူး ကျွန်မအိတ်ထဲဘယ်လိုရောက်နေလဲ
တကယ်ကျွန်မလဲမသိပါဘူး''
'' သူခိုးမ ပြောင်လိမ်တယ် နင့်ကိုထောင်ချပြစ်မယ်''
''ဖြန်း''
''အား''
'' တော်လိုက်တော့ ခင်ဗျားရဲ့ ဘယက်ကို ကျုပ်
ဆယ်ခုပြန်လျှော်ပေးမယ့် ဒါပေမယ့် သူ့ကိုရိုက်ခဲ့တဲ့
အတွက် ဖြန်း... ''
'' မင်း မင်းပဲ ....''
''ပါးစပ်ပိတ် ထွက်သွား''
ရုတ်တရက် ထုံလေးရှေ့ရောက်လာတဲ့ အဓိပတိ။
ထိုမိန်းမကြီးရဲ့ ပါးပြင်ကို သူရိုက်ထည့်လိုက်တာ
အသံကြီးမှာကြောက်စရာ။ ထုံလေးမှာတော့ မျက်
ခင်းပြင်ပေါ် ဒူးတုတ်ရက်လေး လှဲကျနေသည့်
အတိုင်းသာ။ လူတွေအားလုံးတိတ်ဆိတ်နေတာ
ထူးဆန်းလိုက်တာ။ သီချင်းသံတွေလဲ ဘယ်ချိန်ရပ်
သွားမှန်းမသိ။ အထူးဆန်းဆုံးက မိုးပန်းချယ်ရီဘယ်ရောက်နေခဲ့တာလဲ။
ထုံလေးနားလည်လိုက်ပါပြီ။ မွေးနေ့ပွဲမှာရှိနေတဲ့
လူအများရဲ့ အကြည့် စကားသံတွေက နားထဲဝင်
တစ်ချက်မဝင်တစ်ချက်။ မျက်ရည်သာ အဖြိုင်ဖြိုင်
ကျပြီး ဘာဆက်လုပ်ရမှန်းမသိ။ ဒါ သူသက်သက်
အရှက်ခွဲမှန်း ထုံလေးခုမှနားလည်သည်။
'' သွားကြမယ်''
သူ ပုခုံးမှဖိဆုပ်တွဲပြီး ထိုနေရာမှထွက်ခွာခဲ့ပေမယ့်
လူများစွာရဲ့အကြည့်တွေ စကားသံတွေက ထုံလေး
အတွက်မေ့ဖျောက်ဖို့မလွယ်ကူပါ။ လူအများကြား
မှာ ရစရာမရှိအောင် အရှက်ခွဲတာ။
အဓိပတိနဲ့မြသင်းထုံရဲ့ ကျောပြင်ကို ကြည့်ပြီး
ပြုံးနေသည့်သူမှာ မိုးပန်းချယ်ရီ။
•••••
'' ကျေနပ်ပြီလား''
''မင်း ဘာကိုပြောချင်တာလဲ''
ကားမောင်းရင်း မြသင်းထုံရဲ့အေးစက်စက်မေးခွန်း
ကြောင့် သူ ကြောင်သွားသည်။ ဟိုမိန်းမကို ဒေါသ
ထွက်နေတာ မပြေသေးပါ။ မြသင်းထုံကို သူကြိုက်
သလို နိပ်စက်မယ် တခြားသူနိပ်စက်တာတော့ သူ
မလိုလားချေ။ ယခုအစီအစဥ်က သူစီစဥ်ထားတာ
မဟုတ်ပဲ ရုတ်တရက်ဖြစ်သွားတာက ဘာကြောင့်
မှန်းမဖြေရှာမရ။ ဒါဘယ်သူ့လက်ချက်လဲ မသိပဲ
မြသင်းထုံကတော့ သူ့ကို အထင်လွဲနေလေပြီ။
ဒါပေမဲ့ သူရှင်းမပြချင်။
'' ကျွန်မကို လူပုံအလည်မှာအရှက်ခွဲခဲ့ရတာ ကျေ
နပ်လားလို့မေးတာပါ''
''ကျစ်''
ပါးနှစ်ဖက်လုံး လက်ငါးချောင်းရာတွေနဲ့ သူကြည့်ရ
တာ စိတ်မသက်သာပါ။ မာနနဲ့ အမုန်းက သူမစကား
ကို မဖြေရှင်းချင်ပြန်။ သူမနှင့်ပတ်သက်ရင်ခခယယ
ဖြေရှင်းရမှာတွေပါ မလိုလားတာ သူ့ရဲ့မာနလား
အမုန်းလား သူမသိပါ။
'' ထင်ချင်သလိုထင် လောလောဆယ် မင်းပါးစပ်
ပိတ်ထား ငါစိတ်တိုနေတယ်''
'' ဪ လုပ်ခံခဲ့ရတဲ့ ကျွန်မက ငြိမ်ခံခဲ့ပြီပဲ ဘာ
တွေဒေါသထွက်ပြနေသေးတာလဲ ကျွန်မကျေနပ်ပါ
တယ် ရှင်အကြံဒါအကုန်ပဲလား အဓိပတိ''
'' မြသင်းထုံ မင်းရဲ့ခနဲ့တဲ့တဲ့စကားတွေကို ပိတ်
လိုက်တော့ ငါထပ်ပြီးဒေါသမထွက်ချင်ဘူး''
''ဟွန်း... ရယ်ရတယ်နော် ခံခဲ့ရတဲ့ ကျွန်မကဒေါသ
မထွက်ပဲ ကောက်ကျစ်ခဲ့တဲ့ရှင်က ဒေါသထွက်တယ်
တဲ့ ရယ်စရာပဲ''
'' တော်တော့လို့ ငါပြောနေတယ်''
သူပိတ်အော်ပြစ်မှ မျက်ရည်လေး ကလည်ကလည်
နဲ့ ငြိမ်ကျသွားတဲ့ သူမ။ သူလဲစိတ်မကောင်းပါ။
မုန်းတာတော့မုန်းတာပဲ မင်းခုလိုဖြစ်တာတော့ ငါ
မမြင်ချင်ဘူး။
မင်းကို ဘယ်သူလုပ်ကြံတာလဲ ငါစုံစမ်းမယ်။
တန်ရာတန်ရာ ပြန်ခံရအောင်ငါလုပ်ပြမယ်။
မင်းကို ချစ်လို့မဟုတ်ဘူး... မင်းဆိုတာ ငါတစ်
ယောက်ထဲအတွက် ပဲ။
•••••