🌊ညှို့တတ်သော ပင်လယ်🌊
'' ကျိ ကျိ ''
''ကျစ်.. ဆူလိုက်တာကွာ ''
ညက မူးပြီးအိပ်ပျော်သွားတာ၊ ပြတင်းပေါက်လိုက်
ကာစ တွေပိတ်မထား၍ နံနက်ခင်းနေရောင်က
မျက်နှာတည့်တည့်ကို စူးနေသည်။ စူးသည့်အတိုင်း
အိပ်နိုင်ပေမယ့်လဲ တကျိကျိနဲ့ အော်နေတဲ့ ငှက်သံ
တွေကိုတော့ သူလျစ်လျူမရှု့နိုင်ပြန်။
စိတ်အလိုမကျမှု့ကြောင့် အိပ်နေရင်း မျက်မှောင်
ကြီး ကျုံ့ကာ အလိုက်မသိတဲ့ မြသင်းထုံကိုစိတ်တို
ပြန်သည်။ အိပ်နေတာကို လိုက်ကာလေးဘာလေး
လာပိတ်ပေးမယ် မရှိဘူး ညထဲကယခုချိန်ထိ ဘယ်
ပျောက်နေမှန်းမသိ။
အကို ဒီလိုပျင်းစရာကောင်းတဲ့ မိန်းမကို ဘာကြောင့်
များ အသက်ပေးရလောက်တဲ့ထိ ချစ်ခဲ့မှန်း သူစဥ်း
စား၍ပါ မရတော့။ အလိုက်ကလဲမသိ။ ကိုယ်က
အေးစက်ရင် သူကဆယ်ဆပြန်အေးစက်ပြပြီး အရွဲ့
ကတိုက်တတ်သေးတယ်။ ဘယ်နေရာမှာ ယုယပြ
ဖို့ ကောင်းသလဲ။ မင်းကိုမုန်းနေဖို့ပဲ ကောင်းတယ်
မြသင်းထုံ။ တချို့အရာတွေ လုပ်ယူဖန်တီး ညှိုနှိုင်း
လို့မရတာ မင်းနဲ့တွေ့မှ ငါပိုနားလည်လာတယ်။
အဲ့လိုအလိုက်မသိတဲ့မိန်းမကို သူယူထားမိတာပဲ
အပြစ်တင်ရတော့မလား။ အပြစ်တော့ တင်မှာမဟု
တ် သူမကို လက်စားချေဖို့ သက်သက်လက်ထပ်
ခဲ့တာမို့ နောင်တလဲမရသလို အပြစ်လဲတင်မိမှာ
မဟုတ်ပေ။ မြသင်းထုံသည် သူထားရာနေ စေရာ
သွားရမဲ့ အပြစ်ရှိလူသားတစ်ဦးသာသာသူသဘော
ထားသည်။
'' မြသင်းထုံ.... မြသင်းထုံ''
ခြံထဲ၌ ညကသူတို့သောက်စားထားတာတွေ ရှင်း
ရင်း သူ့အော်သံကြောင့် ထုံလေးမျက်မှောင်လေး
ကျုံ့ကာ စိတ်ကသူ့အသံကြားမှ နံနက်ခင်းမှာပင် မ
ရွှင်လန်းတော့။ အသံကပါ အကျည်းတန်နေမှတော့
တခြားအရာတွေဆို ပြောပြဖို့ကိုမလိုတော့ချေ။
'' စောစောစီးစီး ငှက်ဆိုးထိုးသလိုပဲ အသံကိုက
စိတ်ပျက်တယ် မသွားမချင်းကအော်နေတော့မှာ ကျွတ်.. ''
ပါးစပ်က ပွစိပွစိရေရွတ်ပြီး စိတ်မပါပေမယ့် သူ့အ
ခန်းရှိရာသို့ တက်လာမိသည်။ မျက်နှာမှာတော့
မှုန်ကုပ်လို့ပေါ့။
သူ့အခန်းရှေ့ရောက်တော့ တံခါးက ဖွင့်လျှက်ပါပဲ။
ခုတင်ကြီးပေါ် ခြေကားရားလက်ကားယားနဲ့
အိပ်နေတဲ့သူ။ ထုံလေးဝင်ရမလို ရပ်နေရမလိုတွေး
နေစဥ် သူ့အသံကြီးက ဒေါသတကြီးထွက်လာ
သည်။
'' မင်း ဘာလုပ်နေတာလဲ ငါအိပ်နေတာ သိသိနဲ့
ပြတင်းပေါက်တွေ ပိတ်ရမယ်ဆိုတာ မင်းအလိုက်မသိတာလား ၊ ဒါတွေကအစ ငါသင်ပေးနေရမှာလား''
''........''
ထုံလေး သူ့အားမျက်စောင်းထိုးပြီး ဘာမှစကားများ
မနေပဲ ပြတင်းပေါက် တံခါးတွေလိုက်ပိတ်ကာ
ခန်းစီးလိုက်ကာကြီးတွေကိုပါ ဆွဲပိတ်ပေးလိုက်
သည်။ မသိရင် ထုံလေးက သူ့ရဲ့အစေခံလိုပဲ။
စိတ်ထဲမှအကြိမ်ကြိမ်မျက်စောင်းရွယ် ရန်တွေ့ပြီးမှ
သူခိုင်းတာ အကုန်လုပ်ပြီးသွားသည်။ သူခိုင်းတာ
လုပ်ပြီးပြန်တော့လဲ အငြိမ်မနေရ ။ အိပ်နေရာက
လက်ပြပြီး သူ့အနားခေါ်ပြန်သည်။ ဒီတစ်ခါတော့
ထုံလေး တုံ့ဆိုင်းသွားသည်။ ပြတင်းပေါက်နားလေး
ပေကပ်ကပ်နင့်ရပ်နေရင်း....
'' အောက်မှာ မနေ့ညကရှင်တို့ သောက်စားထားတာ
တွေ ကျွန်မရှင်းရဦးမယ်။ ရှင်ဆက်အိပ်လို့ရပြီဆို
ရင် ကျွန်မသွားတော့မယ်''
'' ငါ့ကို စကားမများနဲ့ လာဆိုလာခဲ့''
'' ကျစ်...''
'' လာမြန်မြန်''
ထုံလေး မသွားရင် ထလာတော့မဲ့ပုံနှင့် မှောက်အိပ်
နေရာမှ ပက်လက်ထလာသည်။ မနေ့ညကဝတ်ထား
တဲ့ ပုံစံအတိုင်း အကျီတွေကလှဲမထားပေ။ အခန်း
ထဲ ဝင်လိုက်တာနဲ့ပဲ အရက်နှံ့ကရနေတာ သူ့အနား
သွားရမယ်ဆို ဘယ်လောက်ထိများ နံနေလိမ့်မလဲ။
ထုံလေး နှာခေါင်းလေးရှုံ့ပြီး မသွားချင်သွားချွပုံနှင့်
မျက်နှာတင်းတင်းလေးနှင့် သူ့အနားသွားရပ်ရပြန်သည်။
သူ့လို ခိုင်းတတ်လွန်းတဲ့လူမျိုး ထုံလေးတစ်ခါမှ
မတွေ့ဖူးပါ။ ကိုကြီးနှင့်ဆို ထုံလေးပင်ပန်းမှာစိုးလွန်း
လို့ စကားသံကအစ ထုံလေးကို ညင်ညင်သာသာ
နှင့်ဆက်ဆံခဲ့တာ။ သူနှင့်တော့ ကောင်းကင်နှင့်
မြေကြီးလိုပဲ ကွာခြားလွန်းသည်။
'' ပြော ကျွန်မဘာလုပ်ပေးရမလဲ..အမေ့...''
ထုံလေး တစ်ကိုယ်လုံး သူနှင့်အတူမွေ့ယာထဲ လုံး
ထွေးသွားတော့သည်။ မွေ့ယာနှင့် ဖိကပ်ထားပြီး
သူ့ကိုယ်ကြီးက အပေါ်မှစီးမိုးကာ အနီးကပ်မြင်နေ
ရတဲ့ ထုံလေးအရမ်းမုန်းရတဲ့ လူကရူးလောက်
အောင် ချောမောနေသည်တဲ့။ သူ့မျက်နှာကိုလဲ မ
ကြည့်ရဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်လည်ပြီး သူ့ကိုယ်
ကြီးဖိထား၍ အသက်ရှူမဝတာပါဆိုတဲ့ တိုးတိုး
တိတ်တိတ် ရင်ခုန်သံကိုလဲ ထိန်းချုပ်ရသေး ။ ခက်
တော့ခက်နေပါပြီ..
ဒီအနေအထားကြီးနဲ့ စိတ်ကိုတင်းပြီး ရန်တွေ့ရန်
အားတင်းပေမယ့် တုန်ယင်အက်ကွဲနေသည့်အသံ
များသာ ထွက်လာရင်း..
'' ရှင် ဘာလုပ်တာလဲ လွှတ်စမ်း.. ရှင့် ဦးနှောက်ထဲ
ဒီလို ရိုင်းစိုင်းဖို့ အတွေးတွေပဲ ရှိနေတာလား ဖယ်
ကျွန်မ မကြိုက်ဘူး''
သူ့မျက်နှာထက် အဖြေဖော်မရအောင် အပြုံးတွေ
က ကြည့်ကောင်းလွန်းနေသည်။ ဘုရားရေ ထုံလေး
သူ့ကို ဘာလို့ အမှတ်တွေပေးမိနေတာပါလိမ့်။
'' မင်းက ငါယူထားတဲ့ မိန်းမ ငါရိုင်းစိုင်းချင်လဲ ရိုင်း
စိုင်းမယ်တယ်၊ ယုယချင်လဲ ယုယမယ် ဒါငါ့သဘော
ပဲ ဘယ်သူ့ကိုမှ ငါဂရုမစိုက်ဘူး''
'' နင်ဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ် ဖယ်ငါ့ကို
ဒီလိုမလုပ်နဲ့ ငါမကြိုက်ဘူး''
'' မင်းမကြိုက်ဘူး ပြောလေ ငါပိုလိုချင်လေပဲ
မင်းအကြိုက်တာကို တမင်ရွေးလုပ်ရတာ ငါပိုကြိုက်တယ် အဟွန်း''
သူ့မျက်ဝန်းတွေက ကျည်းမြောင်းသွားပြီး ယုတ်မာ
တော့မဲ့ လက္ခဏာတွေက သူ့မျက်နှာနှင့်မလိုက်ဖက်
စွာ ထင်ဟပ်လာသည်။ သူ့ကိုယ်ကြီးနဲ့ ဖိချုပ်ဖက်
ထားပြီး ထုံလေးကိုယ်သေးသေးလေးက သူနှင့်
ခုတင်ကြား ညှပ်နေတော့သည်။ ရုန်းလေပိုတင်း
ဖက်လေ။ သူနှင့် ယခုလိုအနီးကပ်အနေအထားကြီး
မှာ နေလဲမနေတတ် နေလဲမနေချင်ပါ။ သာကတော့
အနိုင်ရနေတဲ့ မျက်နှာထားနှင့်...
'' ဆက်ပြော မင်းဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို ဆန့်ကျင်
ဘက် လုပ်ဖို့ ငါ့မှာအစီအစဥ်ရှိတယ်..ငါကမင်းငိုရင်
ပျော်နေတဲ့လူဆိုတော့ မင်းဖြစ်ချင်တာတစ်ခုမှဖြစ်
ခွင့်မရအောင် လုပ်ပေးမယ် ဘယ်လိုလဲ''
သူ ကျေနပ်တယ်။ မြသင်းထုံက သူနှင့်ခုလိုနီးနီး
ကပ်ကပ်နေရတာကို မကြိုက်မှန်းသူသိတယ်။ ဒါ
ကြောင့်လဲ သူမ မကြိုက်တာကို သူတမင်ရွေးလုပ်
ရတာ သူအရမ်းစိတ်ကျေနပ်တယ်။ ကျေနပ်တာ
ထက် သူ့စိတ်ထဲလဲ ပျော်တယ်။ နူးညံ့နေတဲ့သူမ
ငိုယ်လေးကို ပွေ့ဖက်ထားရတာ လွှတ်ရမှာပင် သူ
စိတ်ကလက်မခံချင်။ ခုမှသေသေချာချာကြည့်မိတဲ့
သူမရဲ့ ပါးပြင်မှ သနပ်ခါးလေးရယ်၊ ဆေးရောင်
မချယ်ပဲ ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းလုံးလုံး
လေးရယ် သူ့ကိုအထိတ်တလန့်ကြည့်နေတဲ့ မျက်
ဝန်းဝိုင်းဝိုင်းလေးတွေရယ်က သူ့စိတ်ကို မသိမသာ
ညှို့ယူနေတာကို သူသတိမထားမိ။ သတိလဲမထား
ချင်။
သူလိုချင်တာတသ်ခုပဲ။ သူ့စိတ်ကို မနက်စောစော
အရိုင်းဆန်စေတဲ့ ရှင်မတောင်သနပ်ခါးရနှံ့လေးနဲ့
ရန်တွေ့ဖို့ရန်ဖွင့်ဟ လာတဲ့ နှုတ်ခမ်းလေးကိုပဲ သူ
လိုချင်တယ်။ သူဘာမှတွေးမနေတော့ပဲ နူးညံ့နေတဲ့
နှုတ်ခမ်းလေးကို ငုံ့ထွေးလိုက်သည်။
'' အွန်း..''
သူ ရခဲ့ဖူးတဲ့ ဘယ်အရာနဲ့နှမတူပဲ သူမနှုတ်ခမ်းတွေ
က နူးညံ့တယ် မွေးပျံ့တယ်။ သူ့စိတ်က်ု ဆွဲဆောင်
နေတယ်။
'' အ့..''
သူ့အတွေးတွေ ပျောက်ရှသွားအောင် သူ့နှုတ်ခမ်း
ထူပူနှာကျင်သွားမှ သူအသိဝင်လာသည်။ ရုန်းနေတဲ့
မြသင်းထုံ ကိုယ်လေးကို အလွတ်မပေးပဲ ဖိချုပ်
ထားပြီး နှုတ်ခမ်းပို စမ်းကြည့်တော့ သွေးတွေ။ သူ
မျက်မှောင်ကြီးကျုံ့ပြီး ...
'' ကျစ်..ပေါက်သွားပြီ မင်းဘယ်လိုလုပ်လိုက်တာ
လဲ''
''မြင်တဲ့အတိုင်းပဲ ငါ့အသားကို နောက်တစ်ခါ ထိကြ
ည့်အသက်ချင်းလှဲပြစ်မယ်''
'' ငါလဲ ဒီတစ်ခါခေါင်းပေါက်ခံရတဲ့ထိ မညံ့တော့
ဘူးဆိုတာ မှတ်ထားလိုက်''
'' ခွန်အားသုံးပြီး မိန်းမတစ်ယောက်ကို အနိုင်ယူတာ
မုန်းလွန်းလို့ ဒီတစ်ခါခေါင်ူမကွဲဘူး အသက်ချင်းလဲ
ပြစ်မယ် နင်ထိတွေ့တဲ့ ငါ့ခန္ဓာကိုယ်ကိုမုန်းလို့''
'' လူကြားကောင်းအောင် အသံကောင်းဟစ်မနေနဲ့
မင်းလို ဘယ်ကယောကျ်ားတွေမှန်းမသိ ရှုပ်ပွေ
တတ်တဲ့မိန်းမကို ငါ့အကိုကြောင့် ယူထားတာ၊ သိပ်
ဘဝင်မြှင့်မနေနဲ့ အချိန်တန်ရင် မင်းလမ်းမင်းလျှော
က်ခိုင်းမှာ အဲ့ချိန် မင်းလုပ်စားချင်တဲ့ ယောကျ်ား
တကာ နဲ့ လုပ်စားခိုင်းမယ် စိတ်ချမပူနဲ့ ငါလဲမင်း
ကိုထိရမှာ ရွံ့လွန်းလို့''
''နင်..''
စကားလုံးတွေက လည်ချောင်းထဲတွင်သာ ပျောက်
ရှသွားသည်။ ယုတ်မာမှု့အပေါင်း သရဖူဆောင်း
ထားတဲ့ သုလိုလူနဲ့ ရန်ပြိုင်ဖြစ်လျှင် ထုံလေးပဲရှုံးရ
တာပါပဲ။ သိက္ခာကို စကားလုံးထက် မြိုသိပ်ချင်း
နှင့်ပဲ ရက်နာနာနှင့် အဆုံးသတ်လိုက်ရသည်။
သူကတော့ ထုံလေးကို အောင်နိုင်သူလိုကြည့်ပြီး
ကျေနပ်နေပုံပါပဲ။ လူယုတ်မာအပြုံးတွေက သူ
တစ်ယောက်ထဲ အပိုင်ဝယ်ထားသလိုပဲ သူ့မျက်နှာ
ထက် အမျိုးမျိုးပေါ်နေသည်။ ဒီလူယုတ်မာတာ
အတော်ကြီးကို မုန်းဖို့ကောင်းတာပါ။
'' ဘာလဲ အမှန်တရားက အရှိုက်တည့်တည့်ကို ထိ
သွားတာလား''
သူ့ကိုမကြည့်ပဲ လည်လိမ်မတတ် တစ်ခြမ်းစောင်း
ထားတဲ့ မျက်နှာကို အတင်းဆွဲလှည့်ပြီး သူ့အား
ကြည့်စေသည်။ သူ့မျက်စိထဲ ဓာတ်ပုံထဲမှ ပုံရိပ်တွေ
က ပြန်မြင်ယောင်လာတာ ဘာသဘောလဲ။
'' ဒါ ငါ့ကိစ္စပါ ငါ့ကိစ္စကို နင်စိတ်ဝင်စားစရာမလိုဘူး ''
'' စိတ်လဲမဝင်စားဘူး ဂရုလဲမစိုက်ဘူး ငါနဲ့ရှိနေချိန်
ဖောက်ပြန်လို့ကတော့ မင်းမလွယ်ဘူးမှတ် အသေပဲ''
'' . . . . .''
ထုံလေး သူ့ကိုမုန်းလွန်းလို့ ဘာမှမပြောချင်။ ခပ်စူး
စူးလေးသာ စိုက်ကြည့်နေလိုက်သည်။ သူလဲတပြန်
စူးစူးကြီး စိုက်ကြည့်သည်။ ပြီးမှ တဖြေးဖြေးဖိထား
ရာမှ ထတော့ သူလွတ်တာနှင့် ထုံလေးအတင်းကျုံး
ထသည်။ ထုံလေးထတော့ သူခုတင်ပေါ်စိတ်ကျေ
နပ်ဖွယ်မရပါပဲ ပြန်အိပ်သည်။
'' ဘားခန်းမှာ ငါ့အတွက်စီးကရက်ဗူးနဲ့ မီးခြစ်သွား
ယူခဲ့..ငါးမိနစ်စောင့်မယ် အချိန်ကြာရင်တော့ ...''
ထုံလေး သူနှင့်မျက်နှာချင်းမဆိုင်ရရင်ပြီးပြီးရော
မြန်မြန် သူ့အခန်းမှပြေးထွက်ခဲ့သည်။ တွန့်ကျေနေ
တဲ့ အကျီလေးကိုဆွဲချပြီး သူနမ်းထားတဲ့ ကိုယ့်နှုတ်
ခမ်းကိုယ် မုန်းလွန်းလို့ ဘယ်နှစ်ကြိမ် ပွတ်သပ်မိမှန်း
မသိ ပွတ်နေမိသည်။ သူထိတွေ့ထားတဲ့အရာအကုန်
မုန်းတယ်။
တိတ်ခွေတွေလိုပဲ ထုံလေးဘဝကိုလိုချင်တယ်။
လိုချင်တဲ့အပိုင်းလေးကို ချန်ထားပြီး မလိုချင်တဲ့
နေရာတွေကို ရမု နဲ့ အမြန်ရစ်ပြစ်ချင်လို့...
•••••
'' ရှင်ကျွန်မကို ခိုင်းလို့ပြီးဦးမှာလား''
'' မင်း ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့ ငါခိုင်းတာပဲလုပ်
စောဒက တက်တာငါမကြိုက်ဘူး ငါမကြိုက်တဲ့
အရာတွေကို အသေမှတ် နောက်မမှတ်မိရင် အသေပဲ''
သူပဲ ကြိမ်းမောင်ူနိုင်လွန်းသည်။
စီးကရက်မီးညှိခိုင်းလိုက်၊ အဲလ်ကွန်းဖွင့်ခိုင်းလိုက်၊
ရေငဲ့ခိုင်းလိုက်နဲ့ လုပ်စရာမရှိပဲ ရှာကြံပြီးခိုင်းနေတာ
အကုန် လုပ်ပေးပြီးပြီ။ ခုတစ်ခါခိုင်းတာတော့ အ
တော်လွန်သည်။ သူညကဝတ်ထားတဲ့ အကျီကို
ချွတ်ပေးပါတဲ့။ ဘယ်လောက်တရားလွန်တဲ့ လူလဲ။
သူ့ရှေ့အစေခံတစ်ယောက်လို မတ်တပ်ရ့်နေရတာ
ခန့်မှန်းချေအားဖြင့် သုံးနာရီမျှရှိနေပြီ။ ဒါကိုခိုင်း၍
မပြီးနိုင်။ ဒီတစ်ခါခိုင်းတာတော့ ထုံလေးမလုပ်ပေး
ချင်၊ မျက်နှာလေးရှုံ့မဲ့ပြီး ခြေလှမ်းတွေနောက်ဆုပ်
ကာ...
'' ရှင် ကျွန်မကို အနိုင်လိုချင်ရင် တခြားနည်းနဲ့အနိုင်
ယူ ဒီတစ်ခါခိုင်းတာတော့ ကျွန်မလုံးဝမလုပ်ပေးချင်
ဘူး ကျွန်မတောင်းပန်ပါတယ်''
'' အေးလေ..ငါကမင်းမကြိုက်ဘူးဆိုတဲ့ အရာကိုပဲ
တမင်ရွေးခိုင်းချင်နေတာ ဘယ်လိုလုပ်မလဲ''
'' တခြားဟာကြိုက်သလိုခိုင်း အကျီတော့ချွတ်မ
ပေးနိုင်ဘူး ကျွန်မ မလုပ်နိုင်ဘူး:''
'' မင်းလုပ်မလားမလုပ်ဘူးလား တစ်ခွန်းပဲပြော''
စီးကရက်ငွေ့တွေကို စတိုင်ကျကျမှုတ်ထုတ်လိုက်
ပြီး ထုံလေးကိုမျက်ခုံးတစ်ဖက်ပင့်ပြကာ လုပ်မ
လား မလုပ်ဘူးလား ဆိုတဲ့ပုံစံနှင့် စိန်ခေ့်နေလေ
သည်။ ခက်ထန်နေတဲ့သူ့မျက်နှာထားကိုကြည့်ပြီး
ထုံလေးတွန့်ဆုပ်တွန့်ဆုပ်နှင့် သူအိပ်နေတဲ့ ခုတင်
ကြီးနားရောက်လာသည်။
ပြေး၍မလွှတ် ပုန်း၍မကာကွယ်နိုင်တဲ့ ကိုယ့်ဘဝ
ကိုယ် အပြစ်တင်ချင်သည်။ ဘာကြောင့်များ ဒီလို
လူမျိုးနဲ့ဆုံဖို့ ကံကြမ္မာက ဖန်တီးပေးခဲ့ရတာလဲဟု
အပြစ်တင်ချင်သည်။ အလိုလိုစီးကျနေတဲ့ မျက်
ရည်တွေက အရှက်လဲမရှိ သိက္ခာလဲမဆည်နိုင်တော့
ရှုံးပြီးသားပဲ။ ကျွန်မသူ့ကိုရှုံးပြီးသားပဲလေ။
သူ့ခုတင်ပေါ်မထိုင်ချင်တာမို့ ခုတင်ဘေးဒူးတုတ်
လေး ထိုင်ချကာ သူ့အကျီကြယ်သီးတွေကို လက်
တုန်တုန်လေးနှင့် ဖြုတ်ပေးနေသည်။
အဓိပတိ စီးကရက်ကိုတစ်ရှိုက်ဖွာလိုက်ပြီး မျက်ဝန်
တွေကို မှေးစင်းကာ ငိုနေတဲ့မျက်နှာဖောင်းဖောင်း
လေးကို သူစိုက်ကြည့်သည်။
'' မင်းအသက် ဘယ်လောက်လဲ စိတ်ဝင်စားလို့မေး
တယ်မထင်နဲ့ ''
'' နှစ်ဆယ့်သုံး''
'' ငါ့အသက်နှစ်ဆယ့်ခြောက် ငါ့ကိုနင်တွေငါတွေနဲ့
ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ ဆင်ခြင် မဟုတ်ရင်
မင်းငါ့အကြောင်း သိတယ်မလား နားလည်အောင်
သင်ပေးရတာ လွယ်လွယ်လေးပါ မယုံရင် စမ်းကြ
ည့်လိုက် ငါ့ဥပဒေကိုသိချင်ရင်ပေါ့''
သူ့အကြောင်းကိုချိန်းခြောက်လွန်းလို့ သု့အကြောင်း
မသိပါပဲ ကြားတာနဲ့တင် နားရေဝနေပါပြီ။ ထုံလေး
နှုတ်ခမ်းတွေ ငိုနေရာမှ မဲ့ပြစ်သည်။ စိတ်တိုလွန်း
လို့ အားတင်းကာ အရွဲ့တိုက်စကားများ ပြောမိသည်။
'' ရိုသေထိုက်တဲ့သူမှ ရိုသေတတ်တာ အတင်းလုပ်
ယူခိုင်းလဲ ကြာကြာမခံဘူး ''
'' မင်း...''
'' 📲📲📲''
သူ့ဖုန်းကို ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူ့လက်
ညှိုးကြီးက ထုံးလေးမျက်လုံးထဲ ဝင်တော့မတတ်ပါ
ပဲ။
'' အင်း ချယ်ရီပြော၊ ဘယ်ချိန်ပြန်သွားတာလဲ ကိုယ်
လဲ အရမ်းမူးပြီး အိပ်ပျော်သွားတာ ခုမနိုးတယ်''
''.........''
ဖုန်းသာပြောတယ် မကျေမနပ်မျက်လုံးကြီးတွေက
ထုံလေးဆီမှာသာ။ ကြယ်သီးတွေအကုန်ဖြုတ်ပြီး
သူဖုန်းပြောနေတာနဲ့ ထုံလေးထွက်သွားဖို့ပြင်တော့
လက်ကိုအတင်းဆွဲထားသည်။ သူ့မျက်ဝန်းတွေ
ကတော့ တိတ်တိတ်နေဆိုတဲ့ ပုံစံနှင့်သတိပေးနေ
ပြန်သည်။ စိတ်ပျက်ပျက်နှင့် ရပ်နေရပြန်သည်။
'' မဟုတ်တာ ကိုယ်ကတောင်းပန်ရမှာပါ ညကကိုယ်
လဲ အရမ်းမူးသွားတော့ ချယ်ရီကို ဘာတွေပြောမိ
မှန်းကိုယ်မသိဘူး ဆောရီးနော်ချယ်ရီ''
'' .........''
တစ်ဖက်ကဘာတွေပြောမှန်းမသိသူ့မျက်နှာကြီးက
တော့ ထုံလေးတစ်ခါမှ မမြင်ဖူးတဲ့ သူများတွေပြော
ပြောနေတဲ့ ငါးခူပြုံးကြီးနဲ့
ပြုံးနေတာများ အမြင်ကပ်စရာပါပဲ။
'' ချော့မှာပေါ့ ချော့စရာဆိုလို့ မင်းတစ်ယောက်ပဲ
ရှိတာ ကျန်တာအကုန် ဖွဲနဲ့ဆန်ကွဲ''
အန်ချက်လိုက်တာ ဘယ်လိုရုပ်မျိုးနဲ့ ချွဲနေမှန်းမသိ
ဘူး။ ရုပ်နဲ့မှမလိုက် ချွဲနေတာတဲ့။ ထုံလေးဘေးက
ထိုင်ပြီး အသဲတယားယားနဲ့ အမြင်ကပ်လိုက်တာမှ
သူတို့စကားတွေပါ ထပ်မကြားချင်လောက်အောင်
ပါပဲ။
'' ဟင် ဒီညလား မွေ့နေ့က''
''.......''
'' အာ ဆောရီးပါကွာ ကိုယ်တကယ်မေ့နေတာ ညမှ
ချော့မယ်နော် ဒါဆို ဒီည ကိုယ့်နတ်သမီးလေးက
အလှကြီးလှနေမှာပေါ့ ကိုယ်တော့စိတ်မချဖြစ်ရပြန်
ဦးမယ် အဟွန်းဟွန်း''
ယောကျ်ားတွေများနေည် ပလီတာကြောက်စရာ
ကြီး။ ထုံလေး သူ့ကိုကြည့်ပြီး နှာခေါင်းရှုံ့တာ သူ
တွေ့ဖြစ်အောင်တွေ့သွားသေးသည်။ ထုံလေးကို
တော့ မျက်လုံးကြီး ပြူးပြီးမာန်ပြသည်။ ထုံလေး
ခေါင်းလေးပုပြီး ငြိမ်နေလိုက်သည်။
'' မြသင်းထုံကို ခေါ်ခဲ့ရမှာလား ချယ်ရီခေါ်ခိုင်းလို့
နော် သူက အိမ်မှာပဲအိမ်အလုပ်တွေ လုပ်ပြီးနေရ
မှာ ဒီလိုပွဲတွေ သူကသွားဖူးလာဖူးတာလဲမဟုတ်
ဘူး လူတောလဲမတိုးဘူးလေ အဲ့တာကြောင့် ချယ်ရီ
ပွဲမှာအဆင်မပြေဖြစ်မှာစိုးတယ် သူ့ကြောင့်ပွဲမ
ပျက် စေချင်ဘူး''
ကြည့်စမ်း လူကိုအရှေ့မှာထားပြီး ပေါ်တင်အတင်း
တုပ်နေတာတဲ့။ ပြုံးစိစိနဲ့ မျက်နှာကြီးကို စိတ်တိုတို
နဲ့ ကုပ်ဆွဲပြစ်ချင်လာသည်။ စိတ်ဓာတ်ကိုက ဘာနဲ့
မှ နှိုင်းယှဥ်လို့ကို မရနိုင်လောက်အောင်ပါပဲ။
'' ချယ်ရီသဘော ဖြစ်ချင်တာ အကုန်ဖြစ်စေရမယ်
ဒါပဲနော် ချယ်ရီအတွက် ကိုယ်လက်ဆောင်တွေ စီ
စဥ်လိုက်ဦးမယ် ''
ဖုန်းပြောနေတဲ့မျက်နှာနှင့် ဆန့်ကျင်ဘက်ပုံစံက မ
သိရင်စပရိန်အတိုင်းထုံလေးဘက်လှည့်လာသည်။
ထုံလေးလဲ ခပ်တည်တည် မျက်နှာထားနှင့် သူ့ကို
ပြန်ကြည့်သည်။
'' မင်းသတိထားနော် ငါစိတ်မတိုချင်ဘူး၊ သွားညနေ
ချယ်ရီမွေးနေ့ပွဲရှိတယ် လိုက်ခဲ့ဖို့ ပြင်ဆင်စရာရှိတာ
သွားပြင် တီကောင်ဆားတွန့်သလိုပဲ ငါ့ရှေ့တွန့်လိမ်
မနေနဲ့ မျက်စိရှုပ်တယ် ခေါ်ချင်လွန်းလို့မဟုတ်ဘူး
ချယ်ရီ ဆန္ဒကြောင့်ခေါ်တာ''
'' မလိုက်ချင်ပါဘူး ကျွန်မနဲ့သူတို့နဲ့ကရင်းနှီးတာလဲ
မဟုဘူး၊ပြီးတော့အဲ့လိုပွဲတွေ ထုံလေးသွားလဲမသွား
ဖူးဘူး ရှင်တို့ချစ်သူအချင်းချင်း ကိုယ့်လမ်းကို
သွား လိုက်ဖို့လဲ ကျွန်မစိတ်မဝင်စားဘူး''
'' မင်းငါ့ကို ဆရာမလုပ်နဲ့ ငါကလိုက်ဆိုရင် လိုက်ခဲ့''
'' မလိုက်ချင်ဘူး''
သူခါးထောက်ပြီး ထုံလေးအနား မျက်နှာတည်
တည်နှင့် ရပ်ကာ အကြောက်အကန်မျက်နှာငယ်
လေးနှင့် ငြင်းဆန်နေတဲ့ ထုံလေးကို အေးစက်စက်
စိုက်ကြည့်သည်။
'' လိုက်ရမယ် ထပ်မငြင်းနဲ့ ဒါငါ့အမိန့် သွားငါအခု
စားဖို့ တစ်ခုခုသွားပြင်စကားထပ်မများနဲ့ သွား
နားပူမျက်စိရှုပ်လာပြီ မင်းကိုမြင်ရတာ ငါဒေါသပဲ
ထွက်နေရတာ အသက်တိုတော့မယ်''
'' ကျစ်... ရှုပ်ကိုရှုပ်တယ် ဘယ်လို ဂုဏ်ကြီးရှင်အ
သိုင်းအဝိုင်းမှန်းမသိဘူး အသက်မြန်မြန်တိုပါစေ
တော်''
ကိုယ့်လုပ်ရပ်ကိုယ်သတိလဲ မထားမိ။ ကလေးဆန်
ရင်လဲ ဆန်ပါစေတော့ သူ့ရှေ့မှ ခြေဆောင့်ပြီး
ထွက်ခဲ့လိုက်သည်။ သူကတော့ခါးထောက်ပြီးရပ်
ကြည့်နေမှာ အသေအချာပါပဲ။ ထုံလေး ညနေ
အတွက်ပဲ စဥ်းစားပြီး စိုးထိတ်နေသည်။ ထုံလေးသူ
တို့လို လူကုန်ထံအသိုင်းအဝိုင်းတွေကြား ဝင်ဆန့်
ရမှာ ကြောက်တယ်။ အထူးသဖြင့် သူတို့တွေက
ထုံလေးနဲ့မရင်းနှီးကြလို့ပဲ။
ကိုကြီးနှင့်ဆို သူ့မိတ်ဆွေတွေကြား ထုံလေးကို
မျက်နှာအငယ်မခံ မျက်စိအောက်က အပျောက်မခံ
ပေမယ့် ခုက ဥပဓိ မဟုတ် အဓိပတိ။ ကိုကြီးနဲ့တစ်
ခါ သွားဖူးထဲက ထုံလေးအဲ့လိုအသိုင်းအဝိုင်းတွေ
ကို အရမ်းစိတ်ပျက်သွားတာ။ ဟန်လုပ်ပြီးပြုံးနေ
ကြတဲ့ အပြုံးတုတွေနဲ့ လူတွေကြီးပဲ။ တွေးလေစိတ်
ပျက်လေပါပဲ။
မျက်နှာလေး ရှုံးမဲ့ပြီး ထွက်သွားတဲ့ မြသင်းထုံရဲ့
ကျောပြင်ကို ကြည့်ပြီး အဓိပတိပြုံးနေမိတယ်။
ထိုပြုံးခြင်းက ကောင်းသော ပြုံးခြင်းတော့ မဟုတ်
တာ သူသာလျှင် အသိဆုံးဖြစ်သည်။
•••••
Creator£ငွေသုန္ဒရီ