book

Index 6

အခန်း ၆

🌊ညှို့တတ်သော ပင်လယ်🌊


'' ခုတင်ပေါ်ပဲ တင်ခဲ့တာပါ ဘယ်ရောက်သွားပါလိမ့်''


ထုံလေး ရေချိုး အဝတ်အစားလဲပြီးမှ စောစော

က ထုတ်ကြည့်ထားတဲ့ ဓါတ်ပုံနှင့်လက်စွပ်ကို ပြန်

သိမ်းဖို့ ကြည့်တော့ ဓါတ်ပုံသာ ရှိပြီး လက်စွပ်က

ဘယ်ပျောက်နေမှန်းမသိ။ ကိုယ်တန်ဖိုးထားရတဲ့

ပစ္စည်းကို မတွေ့တော့ ထုံလေးစိတ်တွေပင် ထွေပြား

သွားသည်။ သူနှင့် အမှတ်တရဆိုတဲ့ အရာတွေကို

ထုံလေး တန်ဖိုးထားတတ်လွန်းလို့ ။ ခုတင်အောက်

တွေလဲ ငုံ့ရှာတာလဲမတွေ့။ ဘယ်မှာမှ ရှာမတွေ့။

ခေါင်းကုတ် ခါးထောက်ပြီး စဥ်းစားနေတာလဲအဖြေ

က မပေါ်။


'' ငါပဲ အထားမှာတာလား၊ ဒါမှမဟုတ် စောင်ပေါ်က

နေပဲ ပြုတ်ကျသွားတာလား''


ခေါင်းလျှော်ထားတာ ဆံပင်ရေမသုတ်ပဲတဘက်

နှင့်သာ ထုံးထားလျှက်နဲ့ လက်စွပ်ကိုသာ ရှာနေဆဲ။

ပျောက်သွားရင်တော့ ဆိုတဲ့စိတ်နဲ့ စိတ်မကောင်း

ဖြစ်နေတာ ထုံလေးပဲ အသိဆုံး။


ထိုစဥှ....


''ဒေါက် ဒေါက် ဒေါက်''


''ကျစ်''


မဖွင့်မချင်း ဆက်တိုက်ခေါက်နေတာကြောင့် စိတ်

တိုတိုနှင့် တံခါးဆွဲဖွင့်တော့ ထင်တဲ့အတိုင်း မကြည့်

ချင်တဲ့ မျက်နှာက အခန်းရှေ့အေးစက်ခက်ထန်စွာ

ပေါ်လာသည်။


နိုင်ငံခြားသား တစ်ယောက်လို အရပ်အရှည်ကြီးနှင့်

အနောက်တိုင်း လူငယ်ဆန်ဆန် ဝတ်ဆင်ထားတဲ့

သူ့အသွင်မှာ ရှင်းသန့်နေသော်လဲ ထုံလေးအမြင်မှာ

တော့ လူရိုင်းတစ်ယောက်သာသာ။သူနှင့်အပြိုင် ထုံ

လေး မျက်နှာအား တင်းလိုက်ပြီး..


''ဘာလဲ.. နင်ပြောတဲ့အတိုင်း ငါ အားလုံးပြင်ဆင်

ထားပေးပြီ ခုကဘာကိစ္စလဲ''


ထုံလေး တစ်ကိုယ်လုံးကို စုံချည်စံချည်ကြည့်ပြီးမှ

စိတ်ပျက်သလို မျက်နှာထားက ခံပြင်းစေသည်။


'' မင်း ခုချိန်ထိ ဘာမှမပြင်ဆင်ရသေးဘူးလား''


'' ငါကဘာအတွက်ပြင်ဆင်ရမှာလဲ ''


'' ငါ့သူငယ်ချင်းတွေကို မိတ်ဆက်ပေးမလို့ မင်းက

ငါ့ရဲ့ အပျော်မယ်ဆိုတာ ပြီးတာနဲ့ ငါတို့လိုအပ်တဲ့

အရာတွေ ခိုင်းဖို့ အနားမှာထိုင်ခိုင်းမလို့ပဲ အတွေး

ချော်မနေနဲ့ အဝတ်အမြန်လဲ ''


သူ့စကားကြောင့် နုနယ်လွန်းတဲ့ မျက်နှာဖွေးဖွေး

လေးမှာ အကြော်စိမ်းလေးများ ထောင်လာသည်ထိ

ဒေါသတွေ ထွက်လာသည်ကို သူ ပြုံး၍ ကြည့်နေရ

တာ အတော်ကျေနပ်ဖွယ်ကောင်းလှသည်။


'' မလိုဘူး နင်နဲ့ပတ်သက်တဲ့ အသိုက်အဝန်းက နင့်

လိုပဲလာမှာပဲ ၊ ငါနဲ့ရင်းနှီးဖို့လဲမလိုဘူး ပြီးတော့

မိတ်ဖွဲ့ဖို့ မိတ်ဆက်ပေးစရာလဲမလိုဘူး နင်နဲ့ပတ်

သက်တာ မှန်သမျှ စိတ်မဝင်စားဘူး နင်ခိုင်းတာလဲ

ငါ ထပ်မလုပ်ပေးနိုင်ဘူး ရှင်းလား''


'' မင်း ဘာပြောတယ်''


ဒေါသက မပြေသေးတာရယ်။ အိမ်ရောက်ထဲက

သူမကို အမြင်မကြည်နေတာရယ်က ပေါင်းပြီး

တစ်ခွန်းမကျန် ပြန်ခံပြောနေတဲ့ သူမကြောင့် သူ့

မျက်နှာက အေးစက်သွားသည်။


'' မင်းကိုယ်မင်းဘာထင်နေတာလဲ တော်တော်ဂုဏ်

ဆာနေတာ ဟုတ်လား''


'' အပြောမခံချင်ရင် ကိုယ့်လမ်းကိုယ်ကြွ.. ဟိုမှာ

နင့်ရဲ့ မတော်ရသေးတဲ့ မိန်းမလား တော်ပြီးသား

မိန်းမလားမသိဘူး လာနေပြီ ကိုယ့်ပြသနာကိုယ်ရှင်း

ငါ့ကိုလာမရှုပ်နဲ့.. အာရုဏ်နှောက်တယ်''


ခဲရောင်ဖဲဂါဝန် ကိုယ်ကပ်ကလေးနှင့် တန်ဖိုးကြီး

လက်ဝတ်ရတနာများဝတ်ဆင်ကာ ငေးမောကြည့်မ

ဝနိုင်အောင် လှနေတဲ့ အမျိုးသမီးတစ်ယောက်

ကို သူလှည့်ကြည့်နေတုန်း တံခါးကို ဆောင့်ပိတ်

လိုက်သည်။ ကျွန်မလဲ ရိုင်းတတ်တယ် အဓိပတိ။

ရှင့်တစ်ယောက်အတွက်ပဲ ရိုင်းစိုင်းဖို့ နည်းတွေရှာ

ဖွေ သင်ယူထားတယ်ဆိုတာလဲ မမေ့နဲ့..။


ရှင်တို့ရဲ့ ပတ်သက်မှု့ကို ကျွန်မစိတ်မဝင်စားသလို

ကျွန်မရဲ့ လွှတ်လပ်ခွင့်ကိုလဲ မချုပ်ချယ်ပါနဲ့။


•••••


'' ကိုယ် ဘာလုပ်နေတာလဲ ရေချိုးတာလဲ ကြာလိုက်

တာ၊ ချယ်ရီတို့က ခြံထဲမှာစောင့်နေတာ ကြာလှပေါ့''


အနားရောက်လာတဲ့ ချယ်ရီကြောင့် သူဒေါသတွေ

ကို မျိုသိပ်လိုက်သော်လည်း မြသင်းထုံကို အခဲမ

ကျေပဲ စိတ်ထဲ မှတ်ထားလိုက်သည်။ မြသင်းထုံကို

သူ ရိုးရိုးအေးအေး မိန်းမတစ်ယောက်ဟု ထင်မှတ်

ထားခဲ့တာ တကယ်တော့ သူ့အထင်မှားသွားခဲ့

သည်။ မြသင်းထုံသည် အဆိပ်ပြင်းသော မြွေပွေး

တစ်ကောင်ဖြစ်နေသည်။ 


မင်းဘယ်လောက်ပဲ အဆိပ်ပြင်းပြင်း ငါ့ကိုတော့

ဘယ်တော့မှ ယှဥ်နိုင်မှာ မဟုတ်ဘူး မြသင်းထုံ။


'' ကိုယ်ဘာတွေပြုံးနေတာလဲ ချယ်ရီပြောတာကြား

လား''


သူ့အတွေးတွေ လွန်သွားသည်။ လက်ကိုဆုပ်ကိုင်

ပြီး သတိပေးလာတဲ့ ချယ်ရီကြောင့် စိတ်နဲ့ကိုယ်

ယခုမှပြန်ကပ်လာကာ အသက်မပါသောအပြုံးနှင့်..


'' ဘာမလုပ်ဘူး ခုပဲခြံထဲ ဆင်းလာမလို့ပဲ ''


'' ဟုတ်လို့လား ကိုယ်ဟိုမိန်းမကို ခေါ်နေတာ ချယ်ရီ

တွေ့တယ်နော်''


'' ခေါ်နေတာတော့ဟုတ်တယ် ကိုယ်တို့ဝိုင်းအတွက်

လိုအပ်တဲ့ တောက်တိုမယ်ရ ခိုင်းဖို့အတွက်လေ''


'' အဟင်း ဟင်း.. ဟုတ်လား ချယ်ရီကမသိပါဘူး

လက်ဆုံအတူ စားဖို့ခေါ်နေတာ ထင်လို့ဆောရီးနော်

ကိုယ်''


'' ပျော်စရာကောင်းတဲ့ ကိုယ်တို့ရဲ့အချိန်ကို သူ့

ကြောင့်အပျက်စီး မခံဘူးဆိုရင် ချယ်ရီ ယုံမလား''


" ဟွန်း.. မယုံပါဘူးနော် ဒါဆိုဘာလို့ သူ့ကိုလက်ထပ်

သေးလဲ''


'' ဒုက္ခပေးချင်ရုံသက်သက်ပေါ့''


'' ဒီစကားတစ်ခွန်းနဲ့တင် ချယ်ရီ မကျေနပ်ခဲ့ရတာ

တွေ အကုန် ချေပေးလိုက်ပြီ အဟင်းဟင်း''


ရယ်သံတွေ တဖြေးဖြေးပျောက်ကွယ်သွားချိန်မှာ

တော့...


........


'' တောက် လူယုတ်မာ လူစိတ်မရှိတဲ့ အရိုင်းအစိုင်း''


ထုံလေး အခန်းထဲထိ အတိုင်းသားကြားနေရတဲ့

စကားတွေက ခံပြင်းဝမ်းနည်းစရာ။ ဘဝတစ်ခုလုံး

ကို စုတ်ပြတ်သတ်အောင် လုပ်နေတာ ယောကျ်ား

တစ်ယောက်ရဲ့ စိတ်ဓာတ်ကောင်း မဟုတ်ပေ။ သူ

ကတော့ သူ့ကိုယ်သူ ဂုဏ်ယူနေလိုက်တာ ထုံလေး

အံ့လဲသြသည် ထိုလူကို ရွံ့လဲရွံ့သည်။ အညုတရနဲ့

ပြောနေတဲ့ ဟိုမိန်းမရဲ့ စကားသံပျစ်ချွဲချွဲကလဲ နား

ဝင်ဆိုးနေသည်။ တံခါးကို အပြင်မှသူ့သော့နဲ့ဖွင့်မရ

စေရန် ထုံလေးလော့ချ ဂျက်ထိုးလိုက်သည်။


သူမူးလာရင် ပြသနာလာရှာမှာ အသေအချာပဲမို့

အိပ်ဆေးပါ သောက်ပြီး အိပ်ဖို့တွေးမိသည်။ စိတ်

တိုင်းကျ စီစဥ်ပြီးမှ မဖိတ်ခေါ်ပဲ အလိုလိုရောက်

သွားမိတာ ပြတင်းပေါက်နားသို့။ အဖြူရောင်ခန်းစီး

လိုက်ကာလေးကို ဖွဖွလေးမပြီး မြင်နေရတဲ့ မြက်

ခင်းစိမ်းပြင်မှ ပျော်ပါးနေကြတဲ့ လူလေးယောက်ကို

စူးစူးလေးကြည့်နေလိုက်သည်။


'' ကမ့်ပေ့အောင်မြင်ပါစေ ''


ငါးယောက်စာ စီစဥ်ထားပေးပြီး တစ်ခုံမှာလွှတ်နေ

တာ သူ့မိတ်ဆွေတစ်ယောက်မလာတာလား။ 

ယောက်ျားသုံးယောက်ကြားမှာ မျက်စိစူးအောင်လှ

နေတဲ့ ဟိုမိန်းမရဲ့အသံ၊ အပြုအစု၊ အနေအထိုင်က

အဓိပတိနဲ့ မကင်းမရှင်းဆိုတာ သိသာနေသည်။

ထုံလေးခန်းစီးစကို အသာပိတ်လိုက်ပြီး ပြတင်း

ပေါက်နားမှ  ကျောခိုင်းထွက်ခွာလာကာ ခုတင်ပေါ်

ဒူးလေးပိုက်ကာ တက်ထိုင်မိသည်။


'' ကိုယ်ချစ်နေတဲ့သူ တစ်ယောက်လုံးရှိပါလျှက်နဲ့

ငါ့ကို ဘာလို့ ဒုက္ခပေးရတာလဲ လူဆိုးကောင်ရယ်''


ပါးပြင်စီးကျနေတဲ့ မျက်ရည်တွေကို ထုံလေးလျစ်

လျူရှု့ကာ အကိုပုံရိပ်တွေနှင့် ကိုကြီးပုံရိပ်တွေက

အတွေးထဲ ထင်ထင်ရှားရှားပေါ် လွင်ကာ တမ်းတမိ

တာ အကိုရယ်ပါ။ ကိုကြီးကို မမုန်းပေမယ့် စိတ်နာ

တယ်။


'' ရှင်နဲ့ဆုံချင်သေးတယ် အကို.. ထုံလေးကို အရမ်း

စိတ်နာသွားပြီလားဆိုပြီး ထုံလေးသိချင်သေး

တယ် အားလုံးက ထောင်ချောက်ဆင်ပြီး လုပ်ကြံခံ

ရတာဆိုတာလဲ ပြောပြချင်တယ် အကိုရယ်''


•••••


'' ရတယ်လွှတ် ဟိုမိန်းမကို ခေါ်လိုက် ငါသူနဲ့ပြသနာ

ရှင်းစရာရှိသေးတယ်''


ချယ်ရီ လက်တွဲပြီးအပေါ်ထပ်မှာ ရှိတဲ့သူ့အခန်းကို

ပို့ဖို့ရန် ဘယ်လောက်ကြိုးစားကြိုးစား မအောင်

မြင်။ တံခါးလုံးဝ ပွင့်မလာတဲ့အခန်းထဲမှ ဟိုတော

သူမကိုသာ ခေါ်ခိုင်းနေတော့ စိတ်လဲတိုသည်။

ကျော်ဗလနှင့် နေနေကတော့ ချယ်ရီမျက်နှာရိပ်ပြ

လိုက်တော့ ပြန်ကုန်ကြပြီ။ ငယ်စဥ်ထဲက ချစ်ခဲ့ရတဲ့

အဓိပတိကို ချယ်ရီခုချိန်ပြန်တွေ့တော့ အပိုင်လိုချင်

တယ် ဒါ ချယ်ရီရဲ့ ဆန္ဒပဲ။


'' ကိုယ်ရယ် ခေါ်မနေပါနဲ့ သူလဲအိပ်ပြီပေါ့ လာ

ချယ်ရီ ကိုယ့်အခန်းလိုက်ပို့မယ် အေးအေးဆေး

ဆေးအနားယူချင်ပြီ''


'' မဟုတ်ဘူး ချယ်ရီ အဲ့မိန်းမနဲ့ ကိုယ်နဲ့ စာရင်းရှင်း

စရာရှိသေးတယ် သူ့အကြောတွေကို အရက်နဲ့စိန်

ပြစ်ချင်လို့''


'' ကိုယ်မူးနေပြီပဲ သူများကို စိတ်အနှောက်အယှက်

မပေးနဲ့နဲ့ ဒီမှာ ချယ်ရီကိုကြည့်စမ်းကိုယ်''


''အင်း  ကြည့်ပြီ''


အရက်မူးနေတဲ့ မျက်နှာကပင် ကြည့်ကောင်းလွန်း

လို့ မမူးပဲမူးချင်ယောင်ဆောင်နေတဲ့ ချယ်ရီရင်ခုန်

သံတွေက အတိုင်းအဆမဲ့။ ခန့်ညားချောမွေ့လွန်း

တဲ့ သူ့မျက်နှာလေးကိုကြည့်ပြီး...


'' ကိုယ် ချယ်ရီကို ကတိပေးထားတယ်နော် အဲ့မိန်းမ

ကို မချစ်ဘူးလို့ မှတ််ိရဲ့လား''


'' ခုကချစ်နေလို့လား ''


'' ဒါဆိုသူ့ကိုဘာ အတွက်လိုအပ်သေးလဲ ချယ်ရီ

တစ်ယောက်လုံး ကိုယ်နားရှိနေပြီပဲ သူ့ကိုခေါင်းထဲ

ကထုတ်ပြစ်လိုက်ပါ နော် လာ ချယ်ရီလဲအရမ်းအိပ်

ချင်နေပြီ နော်ကို အိပ်ကြစို့''


အရက်ဘယ်လောက်သောက်သောက် မမူးတတ်တဲ့

သူ့အကြောင်းကို ချယ်ရီသိထားပုံမရ။ သူမစကား

ကြောင့် မမူးပဲမူးချင်ယောင်ဆောင်နေတဲ့ သူ့မျက်ခုံး

နှစ်ဖက်ပါ တွန့်တက်သွားရသည်။ နိုင်ငံခြားမှာ

အနေများတဲ့သူ့အတွက်ပင် ချယ်ရီရဲ့ စကားချယ်ရီ

ရဲ့ အမူအယာတွေက သူ့အတွက်မဆွဲဆောင်နိုင်ဖြစ်

နေသည်။ စျေးပေါလွန်းနေတာလား။ မိန်းကလေး

သိက္ခာ မရှိအောင် သူမတန်ဖိုးမဲ့နေတာလား။


သူ့စိတ်ကလဲ တစ်မျိုး ဘယ်လောက်လှလှ ကိုယ်

မသတီရင် အသားပါမထိချင်။ ဒါချယ်ရီကို စော်

ကားတာမဟုတ် သူ့အကြောင်းကိုဖော်ပြတာ။


ချယ်ရီသူ့ကိုတွဲ၍ အပေါ်တက်ရင်း တံခါးပိတ်ထား

တဲ့ မြသင်းထုံ အခန်းဘက် မကျေမနပ်စွေကြည့်ပြီး

စိတ်တိုသည်။ တစ်ညလုံးလဲဆင်းမလာ ခေါ်ပြန်

တော့လဲ တံခါးလုံးဝမဖွင့်။ သော့နဲ့ဖွင့်ပြန်တော့လဲ

အထဲမှဂျက်ချထားသည်။ နောက်နေ့မှတွေ့မယ် မင်း

အခန်းအကုန်လော့ချမရ ဂျက်ချမရအောင် ငါလုပ်

ပြမယ်။


စိတ်တိုနှင့် သူ့အခန်းထဲဘယ်လိုရောက်လာမှန်းမသိ

အခန်းရောက်တာနဲ့ ချယ်ရီပြသနာစရှာတော့

သည်။ 


'' ကိုယ်ပြောတော့ မချစ်ဘူးဆို ဘာလို့နှစ်ယောက်

အိပ်မင်္ဂလာမွေ့ယာကြီးဖြစ်နေရတာလဲ ကိုယ်ရှင်းပါ

ဦး ချယ်ရီလုံးဝမကျေနပ်ဘူး အဲ့မိန်းမနဲ့ကိုယ်နဲ့က

အတူတူအိပ်ကြတာလား''


သူစိတ်လဲတို အာရုံလဲနောက်လွန်းလို့...


'' ချယ်ရီ မင်းငါ့ကိုပြသနာရှာမယ်ဆိုရင် ပြန်လိုက်

တော့ ငါအာရုဏ်နောက်တာ မခံနိုင်ဘူးဆိုတာမင်း

သိတယ်နော်''


'' ကိုယ်လုပ်ပုံကိုလဲ ကြည့်ဦး၊ ပြောတော့မချစ်ဘူး

ဆိုပြီး ကိုယ့်ပုံစံတွေအရမ်းသိသာလွန်းနေတယ် ကို

သိရဲ့လား''


'' တော်တော့ အဲ့မိန်းမနဲ့ထပ်ပြီး သဝန်တိုနေရင် မင်း

ပြန်တော့ ချယ်ရီ ငါမင်းကိုစိတ်မကုန်ချင်ဘူး''


ချယ်ရီကို လက်ညှိုးကြီး ထိုးပြီး ပိတ်အော်တဲ့သူ။

ချယ်ရီအသားတွေပါ တုန်ပြီး သူ့ကိုငေးကြည့်နေမိ

တယ်။ ဒီလိုညအချိန်ကြီး ချယ်ရီကိုပြန်တဲ့။ ပြော

ရက်လိုက်တာ။ 


''ဒုန်း''


တံခါးဆောင့်ပိတ်ပြီး ထွက်သွားတဲ့ သူ့ကျောပြင်

ကို ကြည့်ပြီး ချယ်ရီ ဘာလုပ်ရမှန်းမသိ။ တကယ်

ဆို သူ ချယ်ရီကိုချော့ရမှာလေ။ သူ့အကြောင်းကို

သိပေမယ့် ချော့ခံချင်သည်။ သူဟိုမိန်းမကို ချစ်နေ

တာများလား။ မချစ်ရဘူး ။ ငါနင့်ကိုနှစ်တွေအကြာ

ကြီး ချစ်ခဲ့တာ ခုမှတွေ့တဲ့ မိန်းမကို နင်ချစ်နေတာ

ငါ့အချစ်တွေက အဲ့လောက်စျေးပေါလား။


''တောက်''


ချယ်ရီ လက်သီးကို ဆုပ်ပြီး ညနေကတွေ့ခဲ့တဲ့

အေးချမ်းတဲ့ ဟိုတစ်ယောက်ရဲ့ မျက်နှာကိုသာ

ပြန်မြင်ယောင်ပြီး အမုန်းကြီးမုန်းမိသည်။


'' နင့်ကိုငါအရမ်းမုန်းတယ် မြသင်းထုံ''


•••••

Creator£ငွေသုန္ဒရီ


rate now: