book

Index 5

အခန်း ၅

🌊ညှို့တတ်သော ပင်လယ်🌊


ဂက်စ်မီးဖိုပေါ်မှာ ဓာတ်ဆီလောင်းထားပုံရသည်။ 

ခလုတ်ကို ဖွင့်လုပ်တာနှင့် ဝုန်းကနဲအရှိန်ကြီး တက်

လာတဲ့ မီးတွေက ရိုးရိုးသားသားမဟုတ်ပဲ လုပ်ကြံ

မှု့ တစ်ခုဆိုတာ အသေအချာပါပဲ။ မီးဟပ်သွားတဲ့

လက်တွေမှာ ပူလွန်းလို့ ထုံလေးမှာ ဘာမှမတွေးမိပဲ

ဘေစင်မှာ အရင်ဆုံးရေပြေးစိမ်သည်။ ဖြစ်သင့်မ

ဖြစ်သ့်ကို မစဥ်းစားမိပါပဲ လောလောဆယ် ပူနေတာ

ကို ဖြေရှင်းနိုင်မည့် နည်းလမ်းဟု တွေးမိ၍ပါ။ ဒါ

ပေမဲ့ ထုံလေးထင်သလို အပူသက်သာမလာပဲ ရေထိ

လိုက်တာကြောင့် အပူရှိန်တွေတက်လာပြီး မီးများ

များထိထားသည့် လက်ဖမိုးမှ ရေကြည်ဖုလေးတွေ

ထလာပြီး အပူကမသက်သာလှပါ။ ပိုပိုပူလာသည်။


ရေဆက်ဆေးမနေတော့ပါပဲ နာကျင်မှု့နင့် ဒေါသ

တွေ စုပြုံကာ သူ့ကိုပိုမုန်းသည်ထက် နာကြည်းလာ

သည်။ လက်စားချေတာတဲ့လား။မိန်းမတစ်ယောက်

ကို ဒီလိုနည်းနဲ့ လက်စားချေတာ သူ့ကိုယ်သူဂုဏ်ယူ

နေမှာ တွေးပြီး ထုံလေးသူ့ကို ရွံသည်။


အပူဒဏ်ကို အံ့ကြိတ်ခံပြီး  ဘေစင်နံဘေး၌သာ 

ထိုင်ချပြီး ရင်ထဲဆို့နစ်ကာ မျက်ရည်တွေက အလို

လို ပါးပြင်ပေါ်စီးကျလာသည်။နာကျင်ပူလောင်နေ

တဲ့ လက်ကလေးကို ဖွဖွလေးအုပ်ထားပြီး ဆောင့်

ကြောင့်ထိုင်နေရာမှမထမိ။ ထပြီးဆေးသွားထည့်

လျင် သူနင့်မျက်နှာချင်းဆိုင်ရမည်။ အားရကျေနပ်

နေမဲ့ သူ့မျက်နှာ လှောင်ပြောင်နေတဲ့ သူ့စကားသံ

တွေကိုခါးသီးစွာမကြားချင်၍ပါ။ အပြစ်ရှိလို့အပြစ်

ခံရတာ မဆန်းပေမယ့် အပြစ်မရှိပဲ အပြစ်ခံနေရတာ

တော့ အရင်ဘဝက လုပ်ခဲ့တဲ့ ထုံလေးအတွက် 

ဝဠ်ကြွေးလား။


'တော်တော်နာနေလား မြသင်းထုံ၊ ငါမင်းကို ဘယ်လို

ကူညီပေးရမှန်းမသိလို့ ထိုင်ပဲကြည့်နေပါရစေ ဘယ်

လို ထိခိုက်မှု့မျိုးကမင်းအတွက် အနာကျင်ဆုံးလဲ 

သိချင်လို့ အဟွန်း'


သူ့ထံ မျက်ထောင့်နီလေးနင့်ကြည့်လာသည့် သူမ။

သူ့မျက်ဝန်းတွေမှာ လှောင်ပြောင်ရိပ်တွေ စွန်းထင်း

ကာ ကျေနပ်အားရနေပုံ ပေါ်လွင်နေတာတော့အမှန်

ပင်။ နာကျင်အော်ဟစ်ပြီး ပြေးထွက်အလာကို

စောင့်နေပေမယ့် အသံတိတ်ပေါ်မလာတာကြောင့်

သူ မီးဖိုခန်းထဲထိ ဝင်လာခဲ့တာ။ ဆောင့်ဆောင့်လေး

ထိုင်ပြီး တိတ်တိတ်လေး မျက်ရည်ကျနေတဲ့ သူမ

ပုံစံကိုကြည့်ပြီး အဓိပတိ အလွန်ကျေနပ်နေသည်။


'နာလား မီးဆိုတော့ ပူပြီးမှနာနေမှာပေါ့ ဟုတ်လား

ဒီလို မီးပွားသေးသေးလေး ထိတာတောင် ဒီလောက်

နာနေရင် ကားအက်စီးဒန့်ဖြစ်ပြီး တစ်ကိုယ်လုံးမီး

လောင်ခံရတဲ့ ငါ့အကိုဆို ဘယ်လောက်ထိ နာကျင်

လိမ့်မလဲ တွေးကြည့်စမ်း'


အဆုံးသတ်မှာ သွားကြားစေ့သံနင့် စကားလုံးတိုင်း

၏ တစ်လုံးချင်းစီမှာ နက်နဲသော အမုန်းတွေက

သိသိသာသာ အဆုံးသတ်မှာ ပေါ်လွင်နေသည်။


စေတနာမပါပဲ လှောင်သလို နာနေတာကို နာနေလား

မေးပုံက ထုံလေးနာကျင်သည်ထက်နာကျင်နေတာ

ကို နားထောင်ပြီး အရသာခံချင်နေတာ။ မျက်ရည်

ကို ထပ်မကျအောင် အံကြိတ်တင်းခံပြီးမှ ထုံလေး

ကို ကြည့်ပြီးပျော်နေတဲ့ သူ့အား နာကြည်းစွာစိုက်

ကြည့်ပြီး...


'တိုက်ခိုက်တယ်ဆိုတာ တစ်ဖက်ကလဲရန်သူ တစ်

ဖက်ကလဲမကျေနပ်သူမှ တိုက်ပွဲက စီးချင်းထိုးလို့

ကောင်းတာပါ အဓိပတိ၊ နင်တို့တွေ ငါ့ကိုဘယ်လိုပဲ

ရန်သူလို့သတ်မှတ်ပါစေ ငါနင်တို့အပေါ် ရန်သူလို့

တစ်ခါမှ မသတ်မှတ် ခဲ့ဘူး ငါကပဲရန်သူလိုအသတ်

မှတ်ခံရပြီး ဓားစာခံဖြစ်ခဲ့ရတာ '


'ဪ...ဪ စီးချင်းထိုးရမဲ့ ပွဲကမစည်ဘူးဖြစ်နေ

တာပေါ့ လက်နက်မပါပဲ ပရိယာယ်ကြွယ်တဲ့ စီးချင်း

တော့ ငါမကြိုက်ဘူး ဓားဓားချင်းလှန်လှန်ချင်းပေါ့

မင်းနေရာမှာ ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့ရင်

တော့ လက်ရုံးချင်းယှဥ်ပြီးပြီ နားလည်လား'


သူ့မျက်ဝန်းတွေထဲ အေးစက်ရက်စက်တတ်သော

ပုံရိပ်တွေမှာ ယခုမှပိုပြီးပေါ်လွင်နေသည်။ ရှေ့ဆက်

ရမဲ့ အနာဂတ်အတွက် သူ့ရဲ့ ရန်ငြိုးတွေကို ဖော်ပြ

နေတာတဲ့လား။ ထုံလေး ခေါင်းလေးငုံ့ချပြီး မျက်

ရည်တွေအား နာနေတဲ့ လက်ကလေးနင့် ဖွဖွသုပ်

ကာ ထိုင်ရာမှထတော့ သူပါလိုက်ထသည်။ 

ခေါင်းမှပတ်တီးတွေနင့် ဘောင်းဘီအိတ်ထဲ လက်

နှစ်ဖက်ထည့်ကာ မျက်စိများကို မှေးစင်းပြီးထုံလေး

ဘာပြောမလဲ နားစွင့်နေပုံနင့်။


'ဟုတ်ပြီ နင့်ရဲ့ အစီအစဥ်အတိုင်းပဲ ဆက်လုပ်ပါ '


'မင်းပြောစရာမလိုဘူး ဒါငါ့သဘောအတိုင်းပဲ စီရင်

မှာ ဘယ်သူမှငါ့ကိုအမိန့်ပေးလို့မရဘူး'


ပူပြီးနာကာ စပ်ပါစပ်လာ၍ သူ့ကိုဆက်ပြီးစကားလဲ

မပြောချင် ပြောလဲမပြောနိုင်တာဆိုပိုမှန်သည်။

ထွက်ပေါက်ကို သူ့ကိုယ်ကြီးနဲ့ ပိတ်ရပ်ထားသည်မို့


'လမ်းဖယ် .. ငါဆေးတော့ ထည့်ခွင့်ရှိတယ်မလား'


'အဟွန်း.. ရတာပေါ့ မင်းမြန်မြန်သေလို့ မဖြစ်သေး

ဘူး လူတစ်ယောက်ကို မုန်းလို့သတ်ပြစ်တာထက်

တမြေ့မြေ့နဲ့ နာကျင်ခံစားရအောင် လုပ်တာက ပို

ပြီးကျေနပ်စရာကောင်းတာဆိုတော့ မင်းမြန်မြန်

သေလို့ မဖြစ်ဘူး ခုမှအစပဲရှိသေးတာ ...အိုကေ 

သွား မင်းလက် ဆေးသွားထည့်'


ပါးစပ်ပြင်ပြီးမှ ဘာမှဆက်မပြောပဲ သူ့ကိုယ်ကြီး

ကို တမင်တွန်းတိုက်ပြီး ပြေးထွက်ခဲ့သည်။ မုန်း

တယ် မြသင်းထုံဆိုတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်မုန်း

တယ်။ 


အပြစ်မရှိပဲ ခေါင်းငုံ့ငြိမ်ခံနေရတဲ့ ဘဝကြီးကို

မုန်းတယ်။


•••••


'ပြန်မလာသေးဘူး ဒယ်ဒီ ဘယ်လောက်ကြာမယ်

ဆိုတာတော့ ကျွန်တော်လဲ အတိအကျမပြောနိုင်ဘူး'


'.......'


'ကုမ္ဗဏီကိစ္စကိုတော့ စိတ်မပူနဲ့ ကျွန်တော်အားလုံး

အချက်အလက်တွေယူလာတယ် ကွန်ဗျူတာကနေ

တဆင့်ပဲ သွားမယ် ကျွန်တော့အလုပ်ကို ကျွန်တော်

ဘယ်တော့မှ လျစ်လျှူမရှု့ဘူး ဒယ်ဒီဘာပြောချင်

သေးလဲ'


'....'


'ကျွန်တော်ကို တရားချနေလဲအပိုပဲ တရားပေါက်နေ

ရင် ဦးဇဥ်းပဲသွားဝတ်လိုက်မယ် ဒယ်ဒီတရားကို

တော့ ကျွန်တော်မနာခံနိုင်ဘူး ကျွန်တော်လုပ်ဆောင်

ချက်အတိုင်းပဲသွားမယ် ဒါပဲဒက်ဒီ'


သူ ဖုန်းကို  ဆက်နားထောင်မနေတော့ ပဲ ချလိုက်

သည်။ 


သူ စောစောက တွေးနေတာ ညက ကိစ္စ။ ပတ်တီးနဲ့

ခေါင်းကိုလဲ စမ်းကြည့်ကာ စိတ်တိုရမလို ပြုံးရမလို

ပါပဲ။ မိန်းမတွေနဲ့အထိအတွေ့က သူ့အတွက် အထူး

အဆန်းမဟုတ်။နိုင်ငံခြားမှာလဲရည်းစားတွေ အ

သက်အရွယ်နင့်ထားခဲ့တာမနည်း။မိန်းမတစ်​ောက်

နှင့်ပတ်သက်တယ် ဆိုတာလဲ အထူးတလည်မဆန်း

ကြယ်ပါ။ ဒါပေမဲ့ မြသင်းထုံ...အကို့ရဲ့ ဇနီး။ အကို

နှင့် လေးလနီးပါးပေါင်းသင်းနေထိုင်ခဲ့တဲ့ သူမက 

အပျိုစင်လား။ မိန်းမကြမ်းကျေနေတဲ့ သူ့အတွက်

တော့ တွေးစရာမလိုပဲ မြသင်းထုံသည် အပျိုစင်

ဆိုတာ ​ပြောစရာမလိုအောင်မှန်နေသည်။ အိပ်ယာ

ခင်းအဖြူပေါ်မှ စွန်းထင်းနေသည့် အရာတွေကို

ကြည့်ပြီး သူစိတ်ရှုပ်ထွေးလာသည်။


သူမအကြောင်းကိုသူဘာမှစိတ်မဝင်စားချင်။ အထူး

သဖြင့် မြသင်းထုံရဲ့ မျက်နှာကိုပင် သူစေ့စေ့မကြည့်

ချင်ပါ။ မလွှဲသာ၍ စူးစိုက်ကြည့်ခဲ့ရင်တောင် သူ့

အာရုံထဲ မြသင်းထုံရဲ့ မျက်နှာကိုဝေးဝါးပြစ်သည်။

ဒီအကြောင်းတွေ ငါနောက်မှစုံစမ်းမယ်။ မင်းသတ်

ခဲ့တဲ့ ငါ့အကိုအတွက်တော့ လက်စားပြန်ချေရမှငါ

ကျေနပ်နိုင်မယ် မြသင်းထုံ။


အဓိပတိနှင့် ဥပဓိတို့ ညီအကိုနှစ်ယောက်မှာ အရမ်း

ချစ်ကြတဲ့ ညီအကိုတွေ မဟုတ်ပေမယ့်တစ်ယောက်

ချင်းစီရဲ့ ရင်ထဲက အကို ညီ ဆိုပြီး အမြဲဦးစားပေး

နေကြ။ ငယ်ငယ်ကဒယ်ဒီနဲ့မာမီ ကွဲကြတော့လဲ

တကယ်တော့ သူမာမီနှင့်ပဲ ကျန်ခဲ့ချင်တယ်။ ဒါ

ပေမဲ့ အကိုက မာမီ လက်ကိုဆွဲပြီး အရင်နေရစ်

ခဲ့တော့ သူဘာမှဆက်မတွေးတော့ပဲ အထီးကျန်

ဖြစ်နေရမဲ့ ဒယ်ဒီကိုသနားပြီး လိုက်သွားခဲ့ရတာ။

မိသားစုအကြောင်းတွေးရင် စိတ်ရှုပ်ရလွန်းလို့ ဒီ

အကြောင်းတွေ မတွေးမိခဲ့တာကြာပြီ။ 


တွေးနေဆဲ အကြောင်းအရာတွေကို ရပ်တန့်ပြီး

ရေချိုးခန်းထဲ ဝင်ကာ ရေကိုစိမ်ပြေနပြေ ချိုးနေ

လိုက်သည်။


•••••


'ဟေ့ .. ဒီခဏလာ '


အဖြူရောင် အင်္ကျီလေးနှင့် ယော ထီမိန်အနီရောင်

လေးနှင့်သစ်ခွခြံထဲ ထိုင်နေတဲ့ မြသင်းထုံကို သူခေါ်

လိုက်တော့ မလာချင်လာချင် ပုံစံနင့် အနားရောက်

လာသည်။ အပြင်သွားခါနီး သူ့ပုံစံကိုကြည့်လာပြီး

ဘာမှဆက်မမေးပဲ မျက်လွှာချသွားသည့် သူမ။

အကြောကတော့ အတော်တင်းပုံရတာ။ မနက်က

သူလုပ်ရပ်ကြောင့် အပူလှောင်ထားတဲ့ လက်ကို

ဆေးလူးပုံမရပဲ လောင်ထားတဲ့ ဒဏ်ရာတချို့က

ရေကြည်ဖူးတွေ ယောင်ထနေသည်။ သူနင့်မဆိုင်ပဲ

တွေးမိသည့်အတွေး ကြည့်မိသဟ့်အကြည့်ကို

စိတ်ပျက်ပျက် ဖျက်ပြစ်ရသည်။ ငါနဲ့ဘာဆိုင်လို့

အဲ့ဒီမိန်းမကို ကြည့်နေမိပြန်တာလဲ ကျစ်...မဆိုင်

လိုက်တာ။


''ဒီည အိမ်မှာ ဒင်နာလုပ်မယ် လူငါးယောက်စာ မင်း

ပြင်ဆင်ထားလိုက် တလွဲတွေ မဖြစ်စေနဲ့ ငါ့သူငယ်

ချင်းတွေနဲ့ ငါ့ချစ်သူလဲ ပါမှာကောင်းကောင်း ပြင်

ဆင်ထား ငါ့ကိုရွဲ့ပြီး တလွဲလုပ်လို့ကတော့ မင်း

မလွယ်ဘူးမှတ်''


'ငါ့လက်နာနေတယ်လေ ငါကဘယ်လိုချက်ပေးရ

မှာလဲ ပြီးတော့ နင်က အိမ်အကူလဲ တစ်ယောက်မှ

ခေါ်ထားတာ မဟုတ်ဘူး စျေးဝယ်ရမှာနဲ့ ချက်ရမှာ

နဲ့ ဒီညနေဆိုဘယ်လိုမှ အချိန်မမှီနိုင်ဘူး'


'အိမ်အကူက ဘာလို့ခေါ်ရမှာလဲ မင်းရှိနေပြီလေ၊ 

ငါ့ဝေယျာဝစ္စတွေလဲ မင်းလုပ်ပေးရမှာပဲ ဒီအိမ်က

အလုပ်တွေ အားလုံးမင်းပဲ လုပ်ရမှာ အိမ်အကူတွေ

ငြားဖို့ငါ့ကို နောက်ထပ်မပြောမိစေနဲ့'


'နင့်လို ကောက်ကျစ်တဲ့ လူမျိုးငါဒီတစ်ခါပဲ တွေ့ဖူး

တယ် အံ့လဲအံ့သြမိတယ် ငါမြင်ဖူးတာ ဇာတ်ကား

တွေထဲမှာပဲ အပြင်မှာတကယ်ရှိတာ နင်နဲ့မှပဲ ကြုံဖူး

တယ်''


'သေချာတာပေါ့ မင်းတစ်ယောက်ထဲအတွက် သီး

သန့် ကောက်ကျစ်နည်းတွေသင်ထားတာ ငါဘယ်

လောက်ပင်ပန်းလဲ ဇာတ်ကားတွေ အကြည့်လွန်ပြီး

မင်းကိုယ်မင်းလဲ စင်ဒရဲလားနဲ့ နှိုင်းယှဥ်မနေနဲ့

မင်းနဲ့မတန်လို့'


လဲသေလိုက်ဟု ပြောပြစ်ချင်ပေမယ့် ဘာမှဆက်မ

ပြောမိ။


'ငါခိုင်းတာပဲလုပ် ငါ့ကိုပြန်ခံပြောဖို့လဲ မစဥ်းစားနဲ့

ငါပြန်လာရင် အဆင်သင့်ဖြစ်နေတာပဲ ငါမြင်ချင်

တယ်'


'..........'


အင်မလုပ်အဲမလုပ်ပဲ ထွက်သွားဖို့ ပြင်နေတဲ့ 

မြသင်းထုံကို သူ လက်ကိုသတိထားပြီးမဆွဲပဲ အင်္ကျီ

ကို ဆောင့်ဆွဲလိုက်တော့ ရင်ဖုန်းအင်္ကျီက ကြယ်သီး

တွေ ပြုတ်ကုန်သည်။ အရှက်သဲစွာ ကပျာကယာရင်

ဘတ်ထံ ဒဏ်ရာတွေနင့်လက်ကလေးက ဖိအုပ်ပြီး

သူ့အား စားမတတ်မျက်ဝန်းတွေနင့်

ကြည့်လာသည့် မြသင်းထုံ။ သူကတော့ တည်တည်

ပဲ မျက်နှာမလွဲပဲ ဖြစ်ပျက်နေတဲ့ သူမပုံစံကိုသာ 

စိတ်ပျက်သလို စိုက်ကြည့်နေလိုက်သေးသည်။


'မင်းကိုယ်မင်း ဘာထင်နေတာလဲ ယောကျ်ားနှစ်

ယောက်လဲ ရပြီးမှ ဘာတွေလာရှက်ပြနေတာလဲ 

အပိုတွေ လုပ်မနေနဲ့ ငါအကုန်မြင်ဖူးပြီးသား ရင်ခုန်

စရာကို မကောင်းတာ '


'နင့်ကိုငါက ဘာပြောနေလို့လဲ နင်လိုလူကိုလဲ ငါ

မရှက်ဘူး'


အရှက်လွန်ပြီး မျက်ရည်တွေ ဝဲနေတာပင် မာနက

ထောင်ပြီး သူ့ကိုပြန်ချေပနေသေးတဲ့ မြသင်းထုံ။

သူမလောက် အရှက်သည်းတာ သူမပဲရှိတယ် ဒါကို

မရှက်ဘူးတဲ့။ အဓိပတိ သူမတစ်ကိုယ်လုံးကို ဝေ့တဲ

ကြည့်ပြီးမှ နေကာမျက်မှန်အနက်ကို ကောက်တတ်

လိုက်သည်။


 'ငါပြောတာ နားလည်တယ်နော် လူငါးယောက်စာ

မင်းကိုယ်တိုင် ချက်ပြီးပြင်ဆင်ထား ညနေခုနှစ်နာရီ

ငါအိမ်ရောက်တာနဲ့ ခြံထဲမှာ အဆင်သင့် မြင်ချင်

တယ် အဲ့ထဲမင်းမပါဘူး မင်းက ငါပွဲထုတ်အသိ

အမှတ်ပြုရမဲ့ မိန်းမ မဟုတ်ဘူး'


အောင်နိုင်သူတစ်ယောက်သဖွယ် ကျောခိုင်းထွက်

သွားတဲ့ အဓိပတိရဲ့ ကျောပြင်ကို ကြည့်ပြီး ထုံလေး

မျက်ဝန်းတွေကို ကျည်းမြောင်းအောင် စုစည်းပြီး

စိုက်ကြည့်ရင်း နှုတ်ခမ်းလုံးလုံးလေးတွေက အေး

စက်စွာပြုံးသည်။


 'ဘာခက်တာမှတ်လို့  ဒင်နာပွဲစီစဥ်ပေးတဲ့လူကို

ဖုန်းတစ်ချက် ဆက်လိုက်ရုံပဲ နင်တို့သောက်စားဖို့

အတွက် ငါအပင်ပန်းခံပြီး ချက်မပေးနိုင်ဘူး

နင့်ရည်းစားပဲပါပါ နင့် မိန်းမပဲပါပါ ငါစိတ်မဝင်စား

ဘူး နင်ဆိုတာ ငါ့အာရုံထဲ နာကြည်းတာကလွဲပြီး

ကျန်တာဘာမှမရှ်ဘူး '


•••••


 'ချယ်ရီ အေးဆေးထိုင်ဦးနော် ကိုယ်အပေါ်တက်ပြီး

ရေချိုးလိုက်ဦးမယ်'


'ချယ်ရီကို ဧည့်သည်လို ဆက်ဆံမနေပါနဲ့ ကိုယ်ရယ်

ခုမှသိတဲ့ လူတွေမှမဟုတ်တာ ဟုတ်တယ်မလား

ဗလနဲ့ နေနေ အဟင်းဟင်း..'


အနီရောင် နှုတ်ခမ်းလှလှလေးတွေက ညှို့အားပြင်း

စွာ ရယ်နေတာ အထက်တန်းကျောင်းသူဘဝကနေ

လုံးဝ ခြားနားနေသည်။ ဒီလိုအလှတွေက အဓိပတိ

အတွက် မြင်ဖူးနေကြမှန်သည်။ သို့သော် ချယ်ရီဆို

တာ သူ့ဘဝရဲ့အချစ်ဦး တစ်ယောက်ဖြစ်ခဲ့၍ သူမ

နှင့် တွေ့တိုင်း သူ့ရင်ခုန်သံက မရပ်တန့်သေးတာ

ယနေ့ချိန်ထိပါပဲ။


ဗလနဲ့နေနေကတော့ သူတို့နှသ်ယောက်ကို ကြည့်

ပြီး မျက်ခုံးတပင့်ပင့်နှင့် ဘာမှဝင်မ​စွက်ဖက်သလို 

ဝင်လဲ မထောက်မခံ။ ခေါင်းငြိမ့်ရယ်ပြီးသာ ငြိမ်နေ

ကြသည်။ အကြောင်းသိ သူငယ်ချင်းတွေဆိုတော့

အထွေအထူးတော့ ဘာမှပြောစရာမရှိကြပေ။ 


'ဒါဆို ခဏပဲစောင့်နော် ချယ်ရီ '


'အိုကေ ဒါလင်'


ချယ်ရီကိုသူ မျက်စိတစ်ဖက် မှိတ်ပြပြီး အပေါ်ထပ်

မတက်သေးပဲ ခုချိန်ထိ ဟိုမိန်းမကိုမတွေ့ရသေး၍ 

သူမအခန်းဆီသို့ ခြေဦးလှည့်လိုက်သည်။။ စိတ်က

နည်းနည်းတော့ ထင့်သွားသည်။ မြသင်းထုံဆိုတာ 

အရွဲ့တိုက်တတ်တာ သူသိထားသည်လေ။သူအခန်း

တံခါးကို မခေါက်ပဲ တံခါးကိုဖွင့်တော့ သူမ မရှိ။ 

သူအခန်းထဲ ဝင်လိုက်မှ ရေချိုးခန်းထဲမှ ရေချိုးသံ

ကြား၍ သူမ ရေချိုးနေမှန်း သိလိုက်သည်။


အမှတ်မထင် ခုတင်ပေါ်တင်ထားသည့် တစ်စုံတစ်ခု

က သူ့အားဆွဲဆောင်နေသည်။ ဓာတ်ပုံနှင့် လက်စွပ်

နှစ်ကွင်းအနား သူရောက်သွားရသည်။ သူထင်ထား

တာ အကိုနှင့်မြသင်းထုံပုံဟု ထင်ထားခဲ့တာ သူ့

အတွေးတွေ မှားယွင်းသွားခဲ့သည်။


အကိုမဟုတ်တဲ့ တခြားယောကျ်ားတစ်ယောက်နှင့်

ပြုံးရွှင်စွာ လက်ချင်းမချိတ်ပေမယ့် မျက်ဝန်းမှ

အကြည့်တွေက အသက်ပါလွန်းနေသည်။ နောက်ခံ

တောင်တန်းကြီးနှင့်အတူ မြသင်းထုံရဲ့ လည်ပင်းကို

ပုဝါစည်းပေးနေတဲ့ အမျိုးသားကိုကြည့်ပြီး သူ့

မျက်ဝန်းတွေ ကျည်းမြောင်းသွားကာ ဓာတ်ပုံကို

ဆက်မကြည့်ပဲ လွှတ်ချလိုက်သည်။ တောက်ပနေ

တဲ့ အပြုံးနဲ့ နွေးထွေးနေတဲ့ မျက်ဝန်းတွေက သူ

တစ်ခါမှမမြင်ဖူး။ လိုချင်တာလဲ မဟုတ်ပဲ ကိုယ်

နဲ့ မဆိုင်ပါပဲ မနာလိုစိတ်ကြီးက ရင်၌ ဖြစ်တည်လာ

တော့ ဒေါသကအလိုလို ထွက်လာသည်။ ဓာတ်ပုံကို 

ဆုတ်ဖြဲပြစ်ချင်ပေမယ့် ဦးနှောက်ကလက်မခံ။ ဘာ

ဆိုင်လို့လဲ အဲ့မိန်းမကို ငါကဘာဆိုင်လို့ မနာလိုဖြစ်ရ

မှာလဲ တောက်...။


စိတ်တိုတိုနှင့် လှည့်ထွက်ရန် ပြင်ပြီးမှ ဓာတ်ပုံဘေး

မှ လက်စွပ်နှစ်ကွင်းအား ယူကာ ပြတင်းပေါက်မှ

တစ်ဆင့် ခြံထဲသို့ လွှင့်ပြစ်လိုက်လေသည်။ တခြား

တော့မဟုတ်ပါ မြင်ရတာမျက်စိ စပါးမွှေးစူးသလို 

ခံစားနရေ၍ ပါပဲ...။


လက်စွပ်မှာရေးထားသည့် နာမည်များမှာလည်း...


'S.W.N ❤️M.T.T' တဲ့..


•••••

Creator£ငွေသုန္ဒရီ


rate now: