book

Index 4

အခန်း ၄

🌊ညှို့တတ်သော ပင်လယ်🌊


'ဝေးလေကောင်းလေပဲ တစ်သက်လုံးပြန်မလာရင်

ပိုကောင်းမယ် မြင်နေရရင်စိတ်မချမ်းသာလွန်းလို့'


ထုံလေး ကားပေါ်မှ ဆင်းသည်နှင့် ကားကိုခပ်ကြမ်း

ကြမ်းမောင်းထွက်သွားသည်။ ထုံလေး လှည့်၍ပင်

မကြည့်ပဲ အိမ်ထဲ ဝင်လာလိုက်သည်။ သူနှင့်ပတ်

သက်သမျှ စိတ်လဲ မဝင်စား၊ သိလဲမသိချင်ပါ။ မုန်း

လွန်းလို့လေ။ 


သူ့အခန်းက အပေါ်ထပ်မှာ၊ ထုံလေးအခန်းက 

အောက်ထပ်မှာ။ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး တင်း

ထားတဲ့ စိတ်က ယခုမှဖြေချလိုက်၍ ငိုချင်လာ

သည်။ ဒီအိမ်ကြီးမှာ လေးလလုံးလုံး အကျည်းကျခံ

ပြီးပြီ။ နောက်ထပ် အချိန်ဘယ်မျှထိ အကျည်းကျခံ

ရအုံးမည်မသိပါ။ လွတ်လပ်စွာ ပျံသန်းနေတတ်တဲ့ 

ငှက်ကလေးတွေအဖမ်းခံရပြီး လှောင်အိမ်ထဲ ထည့်

ပိတ်ခံရတဲ့ ပိတ်ပင်ခြင်းက အဘယ်ထိ ခံစားရခက်

လိမ့်မည်ကို ယခုမှတွေးပြီး ကိုယ်ချင်းစာမိသည်။ 

ခုတင်ပေါ် စိတ်လွှတ်ကိုယ်လွှတ် အိပ်ချလိုက်သည်။


အရိုင်းစိုင်းကောင်က ကြီးမေကို နယ်ပြန်လွှတ်ပြီး

ထုံလေးနှင့် ပတ်သက်သမျှ မှတ်ပုံတင်ပါ သူသိမ်း

ထားသည်။ မှတ်ပုံတင်သိမ်းပြီး ထုံလေးဘယ်မှ

ထွက်သွားခွင့်မရှိအောင် တမင်ယုတ်မာထားတာ။

ချစ်ခင်ယုယချင်လွန်း၍ မဟုတ်မှန်းတော့နှစ်ဦးလုံး

သိနင့်ပြီးသားလေ။ သူချယ်ခှယ်ချင်တိုင်းချယ်

လှယ်နေတာ အငြိမ်ခံနေတာတော့ မဟုတ်၊ အားမန်

လို့ မာန်လျော့နေရတဲ့ သဘောပါပဲ။


တွေးလေ စိတ်တိုလေဖြစ်ရ၍ ဘာမှဆက်မတွေးပဲ

ရေချိုးရန် ဆုံးဖြတ်လိုက်သည်။ သူ့အကြောင်းတွေး

ရရင် ပိုဒေါသထွက်ရတာကြောင့်ပါပဲ။


•••••


'မင်းရရဲ့လား အဓိပတိ'


'ငါ့ရုပ်ကိုကြည့် ငါအဲ့လိုပျော့တဲ့ရုပ်လားဆိုတာ'


လူက ပုံပျက်အောင် ယိုင်ထိုးနေခဲ့တာမဟုတ်ပေ

မယ့် အတော်မူးနေတာဆိုတာတော့ သေချာသည်။

ကျော်ဗလ လက်ကို တွဲပေးသော်လည်း ရိုက်ချကာ


'ရတယ် မင်းတို့ပြန်တော့'


'ပြန်မှာပါကွာ မင်းကိုအိမ်ထဲ ပို့ပြီးမှ ငါတို့ပြန်မယ်

မင်းတို့ လင်မယားခြေနေကလဲ ဘာတွေမှန်းကို မသိဘူး ငါတို့လဲနားမလည်တော့ဘူး'


'ငါမမူးသေးဘူး သွားတော့ မင်းတို့ပြန်ကြ နေဦး

ဟိုမိန်းမ ဘယ်မှာလဲ ဘာသဘောနဲ့ထွက်မလာတာ

လဲ ခေါ်လိုက်အဲ့မိန်းမကို'


'နေဦး ညည့်နက်ပြီကွ သူလဲ အိပ်ရောပေါ့ လာပါငါ

တို့ လိုက်ပို့ပေးမယ် ရန်လဲမဖြစ်ကြပါနဲ့တော့ ဒီနေ့မှ

လက်ထပ်ထားကြတာ'


'နေနေ မင်းတို့သွားတော့ အဲ့မိန်းမနဲ့ငါနဲ့ရှင်းစရာ

တွေ ရှိသေးတယ် ရန်ဖြသ်မှာမဟုတ်ဘူး သူစိတ်တို

အောင်ပဲ လုပ်မှာ'


'နေ..'


'ပြန်တော့လို့ငါပြောနေတယ်'


လက်ကိုတွဲပြီး အိမ်ထဲပို့ဖို့ ပြင်လာတဲ့ သူငယ်ချင်း

နှစ်ယောက်ကို အပြင်တွန်းထုတ်ကာ သူကိုယ်တိုင်

ပင် တံခါးပိတ်ချလိုက်သည်။ 


နေစမ်းပါဦး ဟိုမိန်းမက ဘာသဘောနဲ့ သူ့ကိုထွက်

မကြိုတာလဲ။ သူအပေါ်ထပ်မတက်သေးပဲ ဆိုဖာ

ပေါ် ခဏဝင်ထိုင်သည်။ အပေါ်ထပ်မှာ ပြင်ဆင်ထား

သည့် မင်္ဂလာအခန်းကို တချက်ကြည့်တော့ မီးပိတ်

ထားသည်။ သူမျက်ဝန်းတွေ မှိတ်ချပြီး မျက်နှာမှာ

တော့ မဲ့ပြုံးတွေနှင့်။ ခေတ္တငြိမ်နေပြီးမှ သူဝုန်းကနဲ

ထရပ်ကာ မျက်ဝန်းတွေမှာတော့ အေးစက်ခက်ထန်

သွားသည်။ ပြင်ဆင်လိုက်သည့် ခြေလှမ်းတွေမှာ

တော့ မြသင်းထုံ၏ အခန်းဆီသို့...


•••••


'ဒေါက် ဒေါက် ဒေါက်'


စောစောထဲက ဆူညံနေတဲ့အသံကြောင့် မိန်းနေရာ

မှ လန့်နိုးနေပြီးသား။ သိသိလျှက်နင့်ကို မထပဲအိပ်

ပြီး နားထောင်နေတာ။ ယခုတံခါးလာခေါက်နေပြန်

သည်။ သူမူးနေတာဆိုတော့ ထုံလေးရန်မဖြစ်ချင်။

စကားလဲ မပြောချင်ပါ၊ သူနှင့်မျက်နှာချင်းပင်မဆိုင်

ချင်တာဆို ပိုမှန်ပေသည်။ 


'ဟိတ် တံခါးလာဖွင့်လေ ငါစောင့်နေတာကြာပြီ

နားကန်းနေလား'


ကျစ်။

ဘယ်လိုလူလဲ ။ ထုံလေး အိပ်ယာမှထပြီး တံခါး

ဖွင့်ဖို့ရန် တွေးကြောက်နေသည်။ သူ့ကိုငါက ဘာလို့

ကြောက်ရမှာလဲ။ ထုံလေးစိတ်ကို တင်းလိုက်ပြီး

တံခါးကို ဆွဲဖွင့်လိုက်သည်။


တံခါးဘောင်ကိုမှီပြီး အင်္ကျီကျယ်သီးကိုရင်ဘတ်

ထိ ဖွင့်ထားတော့ ရင်ဘတ်မှအမွှေးတွေက အထင်း

သားနှင့် ရပ်နေသည့် သူ။ သူ့မျက်နှာကို တစ်ခါမျှ

သေသေချာချာမျှ မကြည့်ဖူး။ ထုံလေး စိတ်ပျက်

သလိုမျက်နှာလွှဲလိုက်သည်။


'ဘာလဲ လူအိပ်ချိန်ရောက်နေပြီ နင်ဘာဒုက္ခပေးချင်

နေတာလဲ၊ ငါအရမ်းအိပ်ချင်နေပြီ နင်ဘာပြောမှာလဲ'


'မင်း ဘာအချိုးချိုးနေတာလဲ ဘာသဘောနဲ့ အိပ်နေ

တာလဲ ထစမ်းအခု'


အမိန့်တွေ ပေးတတ်လာလဲ မုန်းသည်။ သူနှင့်ပတ်

သက်တာ အကုန်မုန်းသည်။


'ငါက အိပ်ချိန်မှာမအိပ်ပဲ က နေရမှာလား ငါ့အခန်းထိ လာပြီး ဘာပြောမှာလဲပြော နင်နဲ့စကားပြောဖို့

ငါစိတ်မဝင်စားဘူး မူးနေရင်လဲအေးဆေး အိပ်နေ

လိုက် ငါ့ကိုလာမနှောက်ယှက်နဲ့'


အချိုးလုံးဝ မပြေတဲ့ မိန်းမ။ 


'ဟွန့် ဟုတ်တယ် ငါနဲ့နှစ်ပါးသွားရမှာ လာ'


'နင်ဘာလုပ်တာလဲ လွှတ်စမ်း .. ဖယ်လို့ငါပြောနေ

တယ်'


မပြောမဆို ကောက်ပွေ့လိုက်သည့် သူ။ ထုံလေး ထု

ရိုက်နေပေမယ့် လွှတ်မပေးပဲ အပေါ်ထပ်ထိ ပွေ့ချီ

ခေါ်လာသည်။ အပေါ်ထပ်ရောက်မှ ချပေးပြီ သူပြင်

ဆင်ထားသည့် အခန်းထဲ ဇွတ်ဆွဲခေါ်ပြီး တံခါးကို

အကြမ်းပတမ်းပိတ်ချပြစ်သည်။ ထုံလေးမျက်ဝန်း

ပြူးလေးနှင့် တစ်ခန်းလုံးဝေ့ဝဲကြည့်တော့ မင်္ဂလာ

ခန်း ဖြစ်နိုင်သည်။ ဒါ သူကြိုတင်ပြင်ဆင်ထားတာ

ပဲလား။ ဒီလူရဲ့ အကြံအစည်တွေကို ထုံလေး လိုက်

မမီတာတော့ အမှန်ပါပဲ။


သူ့ကိုလှည့်ကြည့်တော့ အင်္ကျီကျယ်သီးကို တစ်လုံး

ချင်း ဖြုတ်ပြီး ထုံလေးအနားလျှောက်လာသည်။

ကြောက်ပြနေ၍ မဖြစ်တာကြောင့် နေရာတွင်တာ

ရပ်ပြီး အားတင်းထားပေမယ့် ဒီအခန်းထဲမှ အမြန်

ဆုံးပြေးထွက်သွားချင်သည့် စိတ်က ချုပ်ထိန်းရ

ခက်နေသည်။ အသားပင်တုန်နေသည်။


'ဒါ ဘာသဘောလဲ အဓိပတိ'


ခုတင်ကို လက်ညှိုးထိုးပြီး ထိတ်လန့်သလို မျက်ဝန်း

တွေကြောင့် သူကျေနပ်စွာ ပုခုံးနှစ်ဖက်အားတွန့်ပြ

ရင်း...


'မြင်တဲ့ အတိုင်းပဲ ဘာလဲ ငါနဲ့အိပ်ရမယ်ဆိုတော့ 

စိတ်ကူးနဲ့ရူးပျော်နေပြီမလား'


'တိုင်နဲ့ခေါင်း သွားဆောင့်ပြီး သေလိုက်၊ နင့်လုပ်ရပ်

က ဘာအဓိပ်ပာယျလဲ '


သူနှင့်တွေ့မှ စကားလုံးကြမ်းတွေပါ ပြောတတ်လာ

တဲ့ ထုံလေး။ သူနှင့်အတန်ဆုံးကလဲ ဒီလိုကြမ်းတမ်း

တဲ့ စကားတွေပဲလေ။


'မင်းကို ငါကမေးရမှာ မင်းကိုမင်းဘာထင်နေတာ

လဲ ဟမ် မြသင်းထုံ ပြောကြည့်စမ်း မင်းကိုမင်း

ဇာတ်လမ်းထဲက မင်းသမီးထင်ပြီး အိပ်ယာတွေခွဲ

အိပ်နေတာလားငါကမင်းကို လိုချင်မြတ်နိုးနေတယ်

များ ထင်ပြီး ပျော်နေတာလား အကျောတွေတအား

တင်းနေတယ် ဟုတမလား'


အနားကိုတိုးသထက်တိုးလာဖြင့် ကြွက်သား အ

မြောင်းမြောင်းနှင့် သူ့ခန္ဓာကိုယ်က ထုံလေးအနားပို

ပိုပြီး ထိကပ်နေသည်။ လက်သီးလေးကို ကျစ်နေ

အောင်ဆုပ်ထားပြီး သူ့ကိုမကြည့်မိအောင် အကြည့်

တွေကို တစ်နေရာရာသို့သာ ပို့ထားပြီး...


'လက်ထပ်ထဲက ငါ့သဘောဆန္ဒတစ်ခုမှ မပါဘူး

နင်နဲ့တစ်အိမ်ထဲ နေရတယ်ဆိုတာလဲ မလွှဲသာလို့ပဲ

ခုလိုတစ်အိပ်ယာထဲ အိပ်ရမယ်ဆို ဝေးသေးနင်နဲ့

အတူ အိပ်မဲ့အစား လမ်းဘေးမှာ သွားအိပ်လိုက်

မယ်  ငါသွားမယ် ဖယ်'


'တောက် ... '


'အား ..'


အရုပ်တစ်ရုပ်လို့ ခုတင်နှင့် တော်တော်ဝေးနေတာ

ပင် သူတွန်းလိုက်သည့် အရှိန်မနည်းတာကြောင့်

ခုတင်ပေါ်ရောက်သွားတာ ပြစ်စလက်ခတ်။ ခါးရိုး

ပါ ကျိူးကျေမတတ် အသည်းခိုက်အောင်နာကျင်

မှု့က နှိုင်းယှဥ်မပြနိုင်။ 


ရုတ်တရက်မို့  မထနိုင်ဖြစ်နေချိန် ထုံလေးအပေါ်မှ

 ကျားတစ်ကောင်လို အုပ်မိုးလာသည့် သူ့ကြောင့် နာ

ကျင်သည့် ဝေသနာပင် ခဏမေ့လျော့သွားအောင်

ထိတ်လန့်စေသည်။ သူ့ထံမှ တိုးဝင်လာသည့် အယ်

ကိုဟောလ်အနံ့သည်လဲ ထုံလေးစိတ်ကို ပိုကြောက်

ရွံ့စေ၏။ သူ့မျက်နှာကို ဘာမှတွေးမနေပဲ လက်သဲ

နှင့် ကုတ်ခြစ်ဖို့ရန် ရွယ်တော့ သူကကိုယ်ထက်လျင်

သည်။ လက်နှစ်ဖက်လုံး ဖိချုပ်ပြစ်ပြီး အံ့ကြိတ်ကာ

ပြောလာသည့် စကားမှာ...


'မင်းကိုမင်း ဘာထင်နေလဲ မင်းကငါ့မိန်းမနေရာ

ရမယ်မျှော်လင့်နေတာထင်တယ် ဟုတ်လား

 မြသင်းထုံ'


'မမျှော်လင့်ဘူး နင့်ကိုဆို ရွံ့လွန်းလို့ နင့်လက်နဲ့ထိ

သမျှ ငါ့ခန္ဓာကိုယ်တစ်ခုလုံးလဲ ငါရွံ့လွန်းလို့ ဆေး

ကြောပြစ်ချင်နေတာ နားလည်လား လူယုတ်မာတွေ'


'တောက်'


ကြောက်ကြောက်နှင့် ပြောမိပြောရာ ပြောချလိုက်

တဲ့ ထုံလေးစကားက သူ့ဒေါသကိုပို အရှိန်မြှင့်တင်

ပေးသလို ဖြစ်သွားလားမသိ။ သူ့မျက်နှာသည် မြေ

ခွေးလို ကောက်ကျစ်သော အပြုံးတွေဖြစ်ထွန်းပြီး

လူသတ်တော့မလို မျက်ဝန်းတွေက ကြောက်စရာ

ကောင်းလာသည်။ ကြောက်တာနင့် မာနက ဒွန်တွဲ

နေ၍ အနိုင်လဲမခံနိုင် အရှုံးလဲမပေးချင်ပြန်။


'ရွံတယ်ဟုတ်လား အဲ့စကားက ငါပြောရမှာ ငါလဲ

မင်းကို ထိတွေ့ချင်လွန်းလို့ မထင်နဲ့ မင်းကငါ့ အ

တွက် မိန်းမပျက်လေ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့

ဘာတန်ဖိုးမှ မပါပဲ ဝယ်ထားရတဲ့ တန်ဖိုးမဲ့ပစ္စည်း၊

ငါလိုအပ်ရင် ငါ့ခုတင်မှာနေပေးရမယ် ငါမလိုအပ်

ရင် ဟော့ဒီခုတင်ပေါ်ကနေ ကန်ချပြစ်မယ် ဒါငါ့သ

ဘောပဲ'


သူ့စကားတွေက ခံနိုင်ရည် ကုန်ဆုံးစေသည့် အဆိုး

ဆုံးစကားတွေကြောင့် ထုံလေးစိတ်နာနာနှင့် လုပ်မိ

သည်မှာ...


'ထီွး.. လူယုတ်မာကောင်'


မျက်နှာပေါ် စင်လာတဲ့ သူမထွေးလိုက်တဲ့ တံတွေး

တွေကို သုတ်ချလိုက်ပြီး သူ့မျက်ဝန်းတွေက ခက်

ထန်အေးစက်သွားသည်။ သူရင်ခွင်ထဲ လှုပ်မရ

အောင်မြှုပ်နေတာတောင် အမှောက်ထောင်နေတဲ့

မာနက လုံးဝမလျော့။ သူသည်လဲ ကျွတ်ဆတ်ဆတ်

သူမသည်လည်း ဆတ်ဆတ်ကဲ တွေ့ကြတာပေါ့။


'မင်းကိုလက်စားချေဖို့က ငါ့ဆန္ဒပဲ မင်းနဲ့စကားနိုင်

လုဖို့ ငါစိတ်မဝင်စားဘူး '


သူမဲ့ပြုံးပြီး ညအိပ်ဝတ်စုံ ပန်းရောင်လေးနှင့် သူ့ကို

မာနတွေ ထောင်လွှားပြနေသော်လည်း ကြောက်ရွံ့

နေသည့် မျက်ဝန်းတွေမှာဖုံးဖိမရဖြစ်နေတာ သူသိ

သည်။ သည်မိန်းမ လှတာမလှတာလဲ သူစိတ်မင်း

စား မျက်နှာကိုလဲ သေချာမကြည့်ပါပဲ ဒေါသစိတ်

မုန်းသည့်စိတ်နှင့် မာနချင်းပြိုင်ကာ ဖြူဝင်းနေတဲ့

လည်တိုင်ကျော့ကျော့လေးထံ ကြည့်ပြီး အင်္ကျီကို

အကြမ်းပတမ်း ဆွဲဖြဲသည်။ 


'နင် ဘာလုပ်တာလဲ ငါကနင့်အကိုရဲ့ မိန်းမနော်

နင်ငါ့ကိုဘာလုပ်တာလဲ မယုတ်မာနဲ့အရိုင်းစိုင်း အ

ဟင့်...လွှတ်စမ်း လူယုတ်မာကောင် ... '


ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းတမ်းနေတဲ့သူ။ မျက်ရည်

တွေနဲ့ မတောင်းပန်ပဲ အားရှိသမျှ ထုရိုက်နေတဲ့ သူမ

အင်္ကျီတွေလဲ ရစရာမရှိအောင် သူဆုပ်ဖြဲ၍ ကြမ်း

ပြင်ပေါ် ပြန့်ကျဲနေလျှက်...

ဖြတ်ကနဲ သူပိတ်ချလိုက်သည့် မီးအမှောင်အခန်းထဲ

ထုံလေး၏ ငိုရှိုက်သံတွေ ပျံ့နှံ့နေခဲ့ပေမယ့် အရိုင်း

ဆန်နေတဲ့ မိစ္ဆာကောင်ကတော့ အညှာအတာကင်းမဲ့

နေလျှက် ထင်ရာစိုင်းနေခဲ့လေသည်။


ထို ညသည် ထုံလေးတစ်ဘဝလုံးအတွက် အမှောင်

မှိုက်ဆုံးည။ အချစ်မပါ ညှာတာမှု့မပါပဲ ကြမ်းရှ

သောအနမ်းများနှင့်ထိုတစ်ညသည်ထုံလေးအတွက်

တော့ မိစ္ဆာဝင်စီးခံရသော ညတစ်ညဖြစ်သည်။


•••••


နံနက်ခင်းသို့ ရောက်သော်...


တစ်ယောက်က ခေါင်းမှာပတ်တီးနှင့် ၊ တစ်ယောက်

ကလဲ ငိုထားလွန်း၍ မျက်နှာတွေမို့အစ် ဖောင်းနေ

သည်။ ဆုံကြပြန်တော့လဲ ထမင်းစားခန်းမှာ မျက်နှာ

ချင်းဆိုင်။ မနက်စာ စားဖို့ ဝင်လာသည့် အဓိပတိနှင့် 

အဓိပတိ ဝင်လာတာတွေ့၍ ထွက်သွားဖို့ပြင်နေ

သည့် မြသင်းထုံ။


'ငါ့အတွက် မနက်စာပြင်ထားလား'


လက်မောင်းတစ်ဖက်ကို ဆောင့်ဆွဲပြီး သူမေးသည်

ကို အတင်းရုန်းသည်။ မရမှန်းသိလျှက်နှင့် အားကုန်

ခံပြီး အတင်းရုန်းနေသည်။ သူမညှာမတာ ဖိညှစ်ပြီး

အလျော့မပေးပဲ ဆောင့်ဆွဲထားဆဲ။


'ငါ့ကိုလွှတ်လိုက်'


'မင်းကို ငါမေးတာအရင်ဖြေ'


'နင်စားဖို့အတွက် ငါကဘာလို့လုပ်ပေးရမှာလဲ အင်

အားသုံးပြီး ငါ့ကိုအနိုင်ယူဖို့မကြိုးစားနဲ့ ငါ့လက်ကို

ခုလွှတ်လိုက် ငါနင့်အတွက်လုပ်ပေးဖို့ ဆန္ဒမရှိဘူး'


'မင်းကိုယူထားတာ ငါခိုင်းတာလုပ်ဖို့ ငါပြောသလို

နေဖို့ ငါလက်စားချေတာခံဖို့ပဲ မင်းနားလည်လား

နေဦး..ငါစိတ်မရှည်တတ်ဘူး ငါပြောတာဆုံးအောင်

နားထောင် မင်းမလုပ်ချင်လဲ လုပ်ရမယ် ဒီနေ့ကစ

ပြီး မင်းစိတ်နဲ့မင်းမရှင်သန်ရဘူး သဘောပေါက်

လား စောဒကထပ်တက်ချင်သေးလား'


'......'


သူ့စကားကို ခေါင်းလဲမငြိမ့်ခေါင်းလဲမခါပဲ ငြိမ်

သက်ကာ မထောက်ခံဘူး ဆိုသည်ဘသဘောနင့်။

အဓိပတိ ဂရုမစိုက် မျက်နှာကို မဲ့ပြစ်သည်။


'သွား ငါစားဖို့မနက်စာ သွားပြင်'


'နင့်မှာ လက်မပါဘူးလား ၊ လက်ပြတ်နေတယ်ဆို

ရင်လဲ နင့်ဝေယျာဝစ္စကို လုပ်ခိုင်းဖို့ သီးသန့်ခေါ်

ထားလိုက် ငါတော့လုပ်မပေးန်ုင်ဘူး နင့်ကိုမုန်းလွန်း

လို့ မလွှဲသာလို့ လုပ်ပေးခဲ့ရရင် အခွင့်သာတာနဲ့ နင့်

အစာထဲမှာ အဆိပ်ခတ်ခဲ့မှာ ကြိုပြောထားတာ မရှု

မလှသေဖို့သာ တွေးထားလိုက်'


'ဟားဟား..ကြိုက်သွားပြီ ငါ့ကိုအဆိတ်ခတ်တဲ့နေ့

ထိ စောင့်ကြည့်နေလိုက်မယ် မင်းပဲအဆိတ်ပြင်း

လား ငါပဲ အဆိတ်မရှိတာလားကြဟ့်ကြတာပေါ့'


အကြည့်ချင်း နှစ်ခုဆုံဆည်းနေတာ အချိန်ဘယ်မျှ

ကြာသည်မပြောနိုင်။ ဘယ်သူမှအရင်မလွှဲပဲ ...


'မင်းငါခိုင်းတာ လုပ်မလား ၊ မလုပ်လုပ်အောင် 

ငါလုပ်ရမလား'


''လုပ်...အွန့်..'


စကားမဆုံးခင် ဇွတ်တရွတ်တိုးဝင်လာသည့် နှုတ်

ခမ်းတစ်စုံနှင့် ကြမ်းတမ်းလွန်းတဲ့အနမ်းတွေ။ 

မနေ့ညကလဲ ဘယ်လိုမှ ခုခံမရပေမယ့်သူ့စက်ကွင်း

မှ လွတ်သည်နှင့် ခေါင်းကိုတော့ ရအောင်ရိုက်ခွဲ

ပေးလိုက်သည်။ ယခုလဲ ပါးနှစ်ဖက်လုံးကို အတင်း

သူ့လက်ဝါးကြီးနင့် ဖိညှစ်ပြီးစိတ်ရှိတိုင်း ဇွတ်နမ်း

နေတဲ့ သူ့ဗှိုက်ကို တံတောင်နှင့် ဆောင့်ထည့်လိုက်မှ

သူ့အနမ်းတွေ ရပ်တန့်သွားသည်။


'အ့ ...'


'ငါ့အသားကို လာမထိနဲ့ နင်ဘာစားချင်လဲပြော'


'စောစောထဲက ငြိမ်ငြိမ်လေး လက်ခံလိုက်ရင် ငါရွံ့

တဲ့ မင်းအသားလဲခုလိုထိပြီ ပညာပြစရာမလိုဘူး'


သူနမ်းထားတဲ့ နှုတ်ခမ်းကို စက်ဆုပ်ရွံ့ရှာစွာ ဖိပွတ်

နေသည့် သူမ။ သူကျေနပ်နေမိသည်။ သူမဒေါသ

ထွက်နေလျှင် သူပျော်သည်။ 


'မနက်စာ ငါဘာစားတတ်လဲ ဆိုတာနောက်နေ့မှမင်း

ကို သေချာမှတ်ခိုင်းထားမယ် ခုတော့ကော်ဖီခါးခါး

တစ်ခွက်နဲ့ ပေါင်မုန့် မီးကင်ပဲ လုပ်ခဲ့လိုက်'


ကျောခိုင်းသွားတဲ့ မြသင်းထုံရဲ့ ကျောပြင်ကိုကြည့်

ပြီး သူ့အပြုံးတွေက နားလည်ရခက်လွန်းနေသည်။

ခက်ထန်နေတဲ့ မျက်နှာထက် လှောင်ပြောင်ရိပ်တွေ

နှင့် မြသင်းထုံ ကျောပြင်ထံ မမှိတ်မသုန်စိုက်ကြည့်

နေပြီး ထမင်းချက်ခန်းမှ သူအကြားချင်ဆုံး အသံ

တစ်စုံကိုသာ နားစွန့်ရင်း လက်ပိုက်ရပ်နေဆဲ။


ခဏအကြာမှာတော့...


'အား...ပူတယ် အား'


သူလှိုက်သည်းလှိုက် ငယ်သံပါအောင် အော်နေတဲ့

မြသင်းထုံရဲ့ အော်သံကိုကြားတော့ သူစိတ်ချမ်းသာ

သွားသလို ပြုံးသည်။


အဓိပတိ၏ မျက်နှာထက် အပြုံးတွေဝေဆာသွား

တော့သည်။ သူမရဲ့ ဝေသနာကို အားရကျေနပ်စွာ

ကြည့်ချင်နေ၍ လက်ပိုက်ကာ သွေးအေးအေးနင့်

မကူညီပါပဲ စောင့်ကြည့်နေသည်။ မြသင်းထုံ ဘယ်

လို ပုံစံနှင့်ထွက်လာခဲ့မလဲ ဆိုတာပါပဲ။ ဒါ ငါ့ရဲ့ပြင်

ဆင်ချက် အစပဲ။


•••••

Creator£ငွေသုန္ဒရီ


rate now: