🌊ညှို့တတ်သော ပင်လယ်🌊
'ထုံလေး ကားမူးတတ်လို့ ကြီးမေကားမူးပျောက်
ဆေး ဝယ်ခဲ့ပေးတယ် သမီးသောက်လိုက်ဦး ကားမ
ထွက်ခင်လေး'
'ဟုတ် ကြီးမေ'
ကားစထွက်တော့မည်ဆိုတော့ လေးလမျှနေခဲ့
သည့် မြို့ကြီးထံ ကားမှန်ပြတင်းပေါက်မှ ငေးကြည့်
နေတာပါ။ ကြီးမေလက်ထဲမှ ဆေးကိုယူပြီးသောက်
နေစဥ်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်လာသည့် ကားထဲမှ
ခရီးသည်များ။
'ဘာလဲဟ ကားထွက်ချိန်ရောက်နေပြီ ကားဆရာက
အောက်ပြန်ဆင်းသွားတယ်'
'အေးလေ ကားပေါ်စောင့်နေရတာလောက် စိတ်တို
တာ မရှိဘူး'
'ဘယ်ဘဝက မတွေ့ခဲ့တဲ့သူ့အမျိုးတွေနဲ့ တွေ့သလိုပဲ
စကားဆင်းပြောနေတာ'
ခရီးသည်များ တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေ
ကြ၏။ ထုံလေးကတော့ ဘာမှ စကားများမနေ
တော့ပဲ ဆေးလေးသောက်ပြီးတာမို့ ထိုင်ခုံအား
ကျောမှီချကာ တမှေးလေးအိပ်ဖို့ မျက်စိလေးမိတ်
ထားလိုက်သည်။ ထိုအချိန့််စပယ်ရာ၏အသံကြောင့်
မအိပ်ဖြစ်ပြန်။
'ခရီးသည်များ ကို နှောက်ယှက်မိသလိုဖြစ်တဲ့
အတွက် တောင်းပန်ပါတယ်ခင်ဗျ၊ ဒီထဲမှာခရီးသည်
တစ်ယောက်ကို လာရှာတာမို့ ခဏလေးသည့်ခံပေး
ကြပါလို့ ကျွန်တော်တောင်းဆိုပါတယ်ဗျ'
'ဘာတွေလဲ '
'ရှုပ်နေတာပဲ ကားကမြန်မြန်မထွက်ဘူး'
ခရီးသည်တွေ ဆူညံနေပေမယ့် ထုံလေးနှင့်ကြီးမေ
မှာတော့ ဘာပြောရမှန်းမသိအောင်ဆွံ့အကာ တစ်
ယောက်နှင့်တစ်ယောက် မျက်ဝန်းချင်းဆုံမိတာ
တိုင်ပင်မထားပါပဲနှင့်။ ကြီးမေတော့မသိပါ ထုံလေး
ခြေဖျားလက်ဖျားတွေပါ အေးစက်လာ၏။ ကြီးမေ
လက်ထံ အားကိုးတကြီးဆုပ်ကိုင်ကာ..
'ကြီးမေ သူ သူလားမသိဘူး'
'မဟုတ်လောက်ပါဘူးကွယ်'
မဟုတ်လောက်ပါဘူးသာ ပြောပေမယ့် ကြီးမေ
သည်လည်း စိတ်လှုပ်ရှားနေပုံ လက်ဖျားတွေအေး
စက်နေသည်။ သူဆိုရင်တော့ ဆိုသည့်အတွေးနှင့်
ဘာမှစဥ်းစားချိန်မရလိုက်ပါပဲ နီးနီးကပ်ကပ် ခေါ်
သံပိုင်ရှင်သည်...
'မိန်းမ'
'ဟင်'
ထူးလိုက်တာ မဟုတ်ပဲ ကြောက်လန့်တကြားထွက်
သွားသည့် အာမေဠိတ်သံ။ သူမဟုတ်သလို ပြုံးရွှင်
ရွှင်မျက်နှာမှာ ကောက်ကျစ်သော မျက်ဝန်းတွေကဖုံးကွယ်နေလဲ ထင်ပေါ်နေသည့်အရိုင်းစိုင်းကောင် အဓိပတိ။
'မိန်းမရယ် လင်မယားချင်းစိတ်ဆိုးတာ အိမ်ပေါ်က
ဆင်းသွားစရာလား ၊ လာအိမ်ပြန်ကြမယ် '
'ဘာလုပ်တာလဲ မလိုက်ဘူး ငါ့လက်ကိုလွှတ်'
'မိန်းမကလဲ စိတ်မဆိုးပါနဲ့ ကိုယ်အိမ်ရောက်မှချော့မယ်နော် လာခုတော့ အိမ်ပြန်လိုက်ခဲ့ ခရီးသည်တွေကို အားနာစရာကြီး နော်'
သူကလက်ကိုအတင်းဆွဲ ထုံလေးကပြန်ရုန်းနှင့်
ကားထဲမှ ခရီးသည်တွေကလဲ အကုန်ကြည့်နေသည်
ကြီးမေသည်လည်း ယခုမှအသိဝင်လာသည်ထင်
ထုံလေးလက်တစ်ဖက်ကို ပြန်ဆွဲထားလျက်...
'ကောင်လေး မင်းပြန်တော့ ထုံလေးလက်ကိုလွှတ်
လိုက် မင်းနဲ့သူနဲ့ဘာမှမပတ်သက်ဘူး '
'ကြီးမေကလဲ လူကြီးဖြစ်ပြီး လင်မယားကြားကို
ဖြေဖျန်ပေးမယ်မရှိဘူး သွေးခွဲနေပြန်ပြီ မရဘူး
ကျွန်တော် မိန်းမကို ဘယ်မှမသွားခိုင်းနိုင်ဘူး
ကျွန်တော်ချစ်လို့ယူထားတာ ကျွန်တော့်အနားမှာပဲ
နေရမယ် နော်မိန်းမ လာပြန်မယ်'
ကြည့်စမ်း ။ ဒဿလိုခေါင်းဆယ်လုံးနဲ့မဟုတ်ဘူး
မျက်နှာဆယ်မျိုးနဲ့လူ။ အများကြားကောင်းအောင်
ပြောပြီး လက်ကိုသိသိသာသာ ဖိဆုပ်ကာ သူနဲ့ပြန်
လိုက်ဖို့ရန် မျက်နှာရိပ်နှင့် ပြနေသည့်သူ။ မိန်းမဆို
ပြီး ပါးစပ်ကပင်မချ။ အရိုင်းစိုင်းကောင် လူပုံကြား
မှာ ဉာဏ်ဆင်နေတာ ထုံလေးမလိုက်လိုက်အောင်။
ဟင့်အင်း ထုံလေးသူနဲ့ လိုက်သွားလို့မဖြစ်ဘူး။ ကြီး
မေကိုပါ အများအမြင်မတည့်စေရန် ပြောဆိုနေတာ
ဉာဏ်နီဉာဏ်နက်နှင့် ယုတ်မာလွန်းသည်။
မိန်းမခေါ်ပြီး အားလုံးယုံအောင် သူလုပ်နေပြီ။
လက်ကိုကိုင်ယုံတင်မကပဲ လူတစ်ကိုယ်လုံးပါပွေ့
ဖက်ပြစ်တာ ရုတ်တရက်မို့ မယုံနိုင်စရာ။
'မိန်းမရယ်ပြန်လိုက်ခဲ့ပါနော် ကိုယ်လေ မင်းနဲ့တစ်
ရက်ကလေးတောင်ခွဲပြီးမနေနိုင်လို့ပါနော်'
ထုံလေး ဘာပြောရမှန်းမသိအောင် သူ့ဟန်ဆောင်မှု့
တွေမှာ ပိုင်နိုင်လွန်းနေသည်။ အတင်းပွေ့ဖက်ထား
တဲ့ သူ့ခန္တာကိုယ်ကြီးအား ရန်းထွက်ရတာ လွယ်
တော့မလွယ်ချေ..။ အရှက်မရှိလုပ်ရပ်တွေက သူ့အ
တွက် ရိုးနေပေမယ့် ထုံလေးမှာတော့ ရှက်လဲရှက်
သိတ်လဲတိုသည်။
'ကဲ ကောင်မလေး လိုက်သွားလိုက်ပါ ယောကျ်ားက
ပြန်ချော့နေပြီပဲ '
'အေးကွယ် ကောင်လေးကတောင်းလဲတောင်းပန်
နေပြီ ဒီလိုပါပဲ လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုပါ
ပဲ လိုက်သွားလိုက်ပါကွယ်'
'ဟုတ်တယ် လိုက်သွား ဟိုအန်တီကြီးလဲ သူများချစ်
ခြင်းမခွဲပါနဲ့ ပြန်ထည့်ပေးလိုက်ပါ'
'မဟုတ် မဟုတ်ပါဘူးရှင် ကျွန်မကိုကူညီပါ သူ
ကျွန်မယောကျ်ားလဲ မဟုတ်ပါဘူး သူတမင်ကျွန်မ
ကို လိုက်နှောက်ယှက်နေတာပါ တကယ်ပြောတာ
ပါ ကျွန်မကို ကူညီပါရှင်'
သူ့လက်ထဲမှ အတင်းရုန်းရင်း ခရီးသည်တွေကို
အကူအညီတောင်းတော့ ခရီးသည်များ ခဏမျှငြိမ်
သက်ပြီး သူ့အားမကြည်ကြည့်နှင့်ကြည့်ကာ တီး
တိုးပြောဆိုနေကြတော့ ထုံလေးအနည်းငယ်ဝမ်း
သာသွားသည်။ သူကတော့ အကျီအိတ်ကပ်ထဲမှ
တစ်စုံတစ်ခုအား ထုတ်ပြလိုက်သည်။
ဘယ်ချိန်ထဲက ကြိုတင်ကြံစည်ထားမှန်းမသိသည့်
ယုတ်မာလွန်းသည့်အကြံအောင်မြင်သွားခဲ့သည်။
ထုံလေးနှင့် ဥပဓိ၏ မင်္ဂလာဆောင်ပုံ အဝေးကြည့်
ဖြစ်နေ၍ ခရီးသည်တွေ ယုံကြပြန်သည်။
ထုံလေးအတွက်ညွှတ်ကွင်းထဲမှ သမင်ပျိုသဖွယ် သူ့
စက်ကွင်းမှ ရုန်းထွက်ရန် ခက်ခဲလွန်းလှသည်။
'ဒီမှာတွေ့လား ကျုပ်တို့လင်မယားဓါတ်ပုံ သူ
စိတ်ဆိုးနေလို့ပါ လာပါမိန်းမပြန်ကြမယ်နော်'
'ဒါဆိုလဲ အမြန်ဆင်းကြတော့ ခင်ဗျားတို့လင်မယား
ရန်ဖြစ်တာနဲ့ပဲ ကျွန်တော်တို့ ခရီးလဲရောက်တော့မှာ
မဟုတ်ဘူး'
'လိုက်သွားလိုက်ကောင်မလေး'
'လိုက်သွားလိုက် ဟုတ်တယ်'
'မဟုတ် မဟုတ်ဘူး'
'ဟေး အဲ့လိုပွေ့ခေါ်ကွ ဒါမှပြန်လိုက်မှာ '
ကားတစ်စီးလုံးမှ ထောက်ခံမှု့ကိုရထား၍ မလိုက်
ဘူး ငြင်းနေတဲ့ ထုံလေးကို သူပွေ့ချီခေါ်ဆောင်ခဲ့
သည်။ ထုံလေးသူ့ရင်ဘတ်ကြီးကို အားကုန်ထုရိုက်
အော်ဟစ်နေပါသော်လည်း မည်သူမျှ ထောက်ခံသူ
မရှိ ကယ်သူမရှိ။ သူကတော့ ကားပေါ်က ဆင်း
သည်နှင့် ကားပေါ်မှာလို အပြုံးတုမဟုတ်တော့ပါပဲ
တည်သည်ထက် အေးစက်သွားသည် မျက်နှာ
ထားချက်ချင်းပြောင်းလဲသွားသည်။ ထုံလေးတို့
အနောက်မှ ပြေးလိုက်လာသည့် ကြီးမေကိုလဲ ရိုင်း
ရိုင်းစိုင်းစိုင်းအော်ဟစ်နေတာ ကြားမကောင်းလှပေ။
'ခင်ဗျား မလိုက်ခဲ့နဲ့ မောင်ချော အဲ့ဒီဘွားတော်ကို
မာမ္အိမ်ခေါ်သွား'
'ဟုတ်ကဲ့ဆရာ'
'နင် ကြီးမေကို အော်စရာမလိုဘူး၊ ငါ့ကိုခုချပေး
နင်နဲ့မလိုက်နိုင်ဘူး ကြီးမေဘယ်မှမသွားနဲ့'
'ပါးစပ်ပိတ် ပါးစက်ပိတ် ..မင်းကိုငါ လိုက်မလား
မေးနေလို့လား မင်းကြောင့်ငါအလုပ်ရှုပ်ရတာ နား
လည်လား'
'နင့်ကို ဘယ်သူလိုက်ရှုပ်ခိုင်းလဲ ငါ့အိမ်ပြန်မယ် ငါ့
ကိုခုချပေး ငါနင်နဲ့ပြန်မလိုက်နိုင်ဘူးလို့ ပြောနေ
တာကြားလား လူယုတ်မာအရှက်မရှိတဲ့ကောင်'
'မင်းနဲ့ငါအိမ်ရောက်မှ ရှင်းမယ် လောလောဆယ်
မင်းပါးစပ်ကို မင်းကိုယ်တိုင်ပိတ်မလား ငါပိတ်ပေး
ရမလား ငါအရှက်မရှိတာ ကားပေါ်မှာထဲက မင်း
တွေ့တယ်နော် သတိထားနေ'
အံ့ကြိတ်ပြီး ဖိအော်လာသည့်အသံမှာ သူ့ဒေါသ
တွေပါနေသည်။ ထုံလေးအသားလေးတုန်သွားပေမဲ့
သူ့ကိုကြောက်ပြီး ငြိမ်နေရင် မဖြစ်။ ထို့ကြောင့် မာ
တောင့်နေတဲ့ သူ့ရင်ဘတ်ကြီးကို အားရှိအားကုန်
ထုရိုက်ရင်းရန်းရင်း ...
'မလိုက်ဘူး ငါနင်နဲ့မလိုက်ဘူး ကယ်ကြပါဦး
ကျွန်မကို နိပ်စက်ဖို့ခေါ်လာလို့ ကယ်ကြပါဦးရှင်
အား'
လှုပ်ခါနေတဲ့ ခြေထောက်လေးနှင့် အော်ဟစ်နေ
သည့်အသံလေးမှာ ခါးမှသူ့လက်ဝါးကြီးနှင့် ဖိညှစ်
လာသည့် သူ့လုပ်ရပ်ကြောင့်ပါပဲ။ လူယုတ်မာ။ သူ့
အသားမဟုတ်တိုင်း လူတစ်ကိုယ်လုံး နာကျင်စေရန်
နိပ်စက်နေတာ။နာကျင်လွန်းသည့်ဝေသနာဝမ်းနည်း
လွန်းသည့် စိတ်ကြောင့် သူ့ကိုတစ်လမ်းလုံး ထုရိုက်
အော်ဟစ်ရင်း ထုံလေးအမုန်းဆုံး အမှောင်စံအိမ်ဆီ
သို့နောက်တစ်ကြိမ်ပြန်လည် ရောက်ရှိခဲ့ခြင်းမှာ
တော့
.......
ထုံလေးအတွက်...
နောက်တစ်ကြိမ် လွတ်မြောက်နိုင်ဦးမှာတဲ့လား။
•••••
ထုံလေး အမုန်းဆုံး နေ့သို့ရောက်ရှိခဲ့ပြန်သည်။
ကိုယ့်မျက်နှာကိုယ် မှန်ထဲ ကြည့်ပြီး ဓားနှင့်သာခြစ်
ပြစ်ချင်သည်။ အတန်တန် ငြင်းဆန်နေပါလျှက်၊ အ
တန်တန်တောင်းပန်နေပါလျှက်နှင့်အဓိပတိနှင့်လက်
မှတ်ထိုးလက်ထပ်ရမည့် နေ့သည် ယနေ့ရောက်ရှိ
လာခဲ့၏။ မှန်ထဲမှ မြင်နေရသည့် ပန်းရောင်ဝတ်စုံ
နှင့် မာမီတွေပြင်ပေးထားသည် ဆံထုံး မိတ်ကပ်တွေ
မှာ ကျက်သရေရှိရှိ အလှကြီးလှနေတဲ့ ကိုယ့်ကိုယ်
ကိုယ်ကြည့်ပြီး ထုံလေး မဲ့ရွဲ့ပြစ်သည်။ ထုံလေး၏
အလှတွေမှာ ယနေ့မထိုက်တန်ပါ။ ထို့ကြောင့် ဆုံး
ဖြတ်ချက်တစ်ခုကိုသာ အမြန်ဆုံးချလိုက်သည်။
နင်ယုတ်မာသလို ငါလဲ အရွဲ့ပြန်တိုက်တတ်တယ်
အဓိပတိ။
'ဖယ်ပေးတော့ ရပြီနော် ပြင်စရာမလိုတော့ဘူး'
'ရှင်မပြီးသေးဘူးလေ ဆံထုံးက လက်စသတ်ဖို့
ကျန်သေးတယ်ရှင့်'
'ရပြီ ပြင်စရာမလိုတော့ဘူး ရှင်တို့ခဏထွက်သွားပေးပါ ကျွန်မအင်္ကျီလှဲချင်လို့ပါ'
'အင်္ကျီက ဒီဝတ်စုံတစ်စုံပဲ ဝတ်ဖို့ မာမီတို့ကိုမှာထား
တာရှင့် လဲစရာလဲအပိုပေးမထားပါဘူး သတိုးသား
လဲ အပြင်မှာစောင့်နေပါပြီ'
'ရတယ် ကျွန်မပြောသလိုပဲ ထွက်ပေးကြပါ'
လက်စမသတ်သေးသည့် ဆံထုံးနှင့် ထုံလေးစကား
ကြောင့် အူကြောင်ကြောင်နှင့်သာ ကြည့်ပြီး ဆက်
ပြီးမပြောရဲတာကြောင့် ခေါင်းငြိမ့်လက်ခံကြသည်။
သူ့ကို စိတ်တိုတာနှင့်ပဲ တွေ့သမျှလူ စိတ်တိုနေမိပြန်
ပြီ။
'ဟို..ဟုတ် ဟုတ်ကဲ့ '
ယဥ်လွန်းသည့်အလှကိုပိုင်ဆိုင်ထားပြီးမြင်သူတိုင်း
အေးချမ်းစေဖွယ် လှနေသည့် မြသင်းထုံအား
အားကျကြည့်များနှင့် ကြည့်ကာ မိတ်ကပ်ဆရာသုံး
ယောက်အခန်းထဲမှထွက်သွားကြသည်။ထုံလေး ဆံ
ထုံးကို ဖြေချကာ ပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကို
သစ်သျှူးအစိုနှင့်သာ စိတ်တိုတိုနှင့် သုတ်ချနေ
သည်။ ငါ့အလှတွေက နင်ဆိုတဲ့ သတ္တဝါအတွက်
မတန်လို့။ ကော်ရည်တွေဖျန်းပြီး ထုံး ထားတာ
ကြောင့် ဖြည်ချတော့ ပျော့ပျောင်းလွန်းတဲ့ ဆံနွယ်
တွေပင် အလိုင်းတွန့်တွေနှင့် ဖရိုဖရဲကြည့်မလှနေ
ပေ။
ဗီွယိုထဲမှ အနက်ရောင်ဝမ်းဆက်အား ထုတ်ယူ
ကာ ပြောင်းဝတ်လိုက်သည်။ ပြီးနောက် မှန်ထဲပြန်
ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သဘောကျနေတဲ့ သူမ။
အနက်ရောင်ကို မကြိုက်ပဲ သူ့ကို အရွဲ့တိုက်ချင်တာ
နှင့်ပဲ လွန်ခဲ့သော နှစ်ရက်ကမှ တမင်ဝယ်ထားခဲ့တာ။
'ဒီနေ့ဟာ ငါ့အတွက် မင်္ဂလာရှိတဲ့နေ့ မဟုတ်ဘူး
အမင်္ဂဘာကျင်းပတဲ့နေ့မို့ ဒီနေ့အတွက် အတန်ဆုံး
က ဒီပုံစံပဲ '
မျက်နှာပေါ်မှ အပြုံးသည်အသက်မပါလှပေ။
ခါးခါးတူးတူး မုန်းနေတာမဟုတ်ပဲ မကြည့်ချင်မမြင်
ချင်လောက်အောင် ရွံ့ရှာနေတာဆို ပိုမှန်ပေလိမ့်
မည်။ အဲ့လိုလူနှင့် ရှေ့ဆက်ဖို့ ရင်ဆိုင်ဖို့ရန် ခြေ
လှမ်းတွေအား ပြင်ဆင်လိုက်သည်။
ထုံလေးကိုတွေ့ရင် ဖြစ်ပျက်သွားမဲ့ သူ့ပုံစံကိုသာ
တွေးပြီး ကျေနပ်နေမိတာ သူမတစ်ယောက်ထဲလား။
•••••
'မင်း ဘာပုံစံဝတ်လာတာလဲ မြသင်းထုံ ငါ့ကိုအရွဲ့တိုက်တယ်ဆိုတဲ့သဘောလား'
'ရွဲ့လား မရွဲ့လားဆိုတာ မြင်တဲ့အတိုင်းပဲ'
'ငါဝတ်ခိုင်းတဲ့ ဝတ်စုံနဲ့ ပြင်ခိုင်းထားတဲ့ မိတ်ကပ်
တွေက ဘယ်မှာလဲ'
'မမြင်ရင် မရှိလို့ပေါ့ ..'
'ဟေ့ မိတ်ကပ်ဆရာတွေ ဘယ်ရောက်ကုန်တာလဲ ခု
ထွက်ခဲ့ကြစမ်း '
မြသင်းထုံပုံစံကိုကြည့်ပြီး သူစိတ်လဲတို ဒေါသလဲ
ထွက်နှင့် မြင်မြင်သမျှရမ်းချင်လာတော့သည်။ သူ့
ရှေ့ရပ်နေတဲ့ မြသင်းထုံကတော့ အေးဆေးစွာ ဆို
ဖာပေါ် ဝင်ထိုင်ပြီး ...
'အော်မနေနဲ့ ငါခုပဲပြန်ခိုင်းလိုက်ပြီ'
'ဘာ'
တိုက်ပုံ ဝတ်စုံပန်းရောင်နှင့် သူ့ပုံစံမှာ မြသင်းထုံအတွက် ဟားစရာဖြစ်နေလေပြီမို့ အပေါ်အင်္ကျီအား
ဆွဲချွတ်ပြစ်သည်။ အထဲမှ အင်္ကျီအဖြူသာ ဝတ်
ဆင်ထားပြီး ဖရိုဖရဲပုံစံနှင့် သူမအနား သူလွှားခနဲ
ရောက်သွားသည်။ ဒီတိုက်ပံဲမှာ သူရှုံးဖို့မပြောနှင့်
ခုလို သေးသေးတင်ကို မခံနိုင်ပါ။
'မင်း ဘာအချိုးချိုးနေတာလဲ မြသင်းထုံ တောက်'
'ဒီနေ့အတွက် အတန်ဆုံးက ဒီပုံစံပဲ နင်ကဘာလဲ
တိုက်ပုံ ရင်ပုံကြီးတကားကားနဲ့ ကျက်သရေရှိရှိ
တရားရုံးကို သွားမယ် စိတ်ကူးထားတာလား၊ တန်
လို့လား နင်နဲ့ငါ့ကြားမှာ အဲ့တာတွေနဲ့ တန်လို့လား
ဒီမှာကြည့် ပြင်ဆင်လာတဲ့ ပုံစံကသာ ဒီနေ့အတွက်
အလိုက်ဖက်ဆုံးပဲ နင်လဲ တွေးပြီးအရူးထမနေနဲ့..'
အကျောတင်းတင်းနဲ့ပြောနေပုံက သူ့ဒေါသ
ကို ဆွနေသည်။ထိုင်နေသည့်သူမလက်မောင်းရင်းမှ
ဆောင့်ဆွဲပြစ်သည်။ ဒါကိုပင် မျက်နှာမပျက် သူ့
ကို ကြည့်နေဆဲ။ ဒီနေ့ဒီရက်မှာ သူစိတ်မတိုချင်။
ဒေါသကြောင့် အစီအစဥ်ပျက်သွား၍ မဖြစ်။ တစ်
သက်လုံး ဒီမိန်းမကို စိတ်ဒုက္ခပေးဖို့အတွက် ဒီတစ်
ရက်တော့ သူစိတ်ရှည်ထားရမယ်။
'အေ ကောင်းတယ်၊ မင်းနဲ့တန်တာလဲ ဒီပုံစံပဲ မင်းက
တွေးတတ်သားပဲ မင်းနဲ့အလိုက်ဖက်ဆုံး ပုံစံကို
မသိရင် လမ်းဘေးက မိန်းမပျက်ပုံစံလိုပဲ'
'အဲ့ဒီ မိန်းမပျက်က နင်ယူမယ့် မိန်းမလေ ၊ နင်ကိုယ်
တိုင်လဲ ဘယ်လိုလူဆိုတာ လူအများသိစေတာပေါ့
မဟုတ်ဘူးလား အဟင်းဟင်း'
'တောက် မင်းပါးစပ်ကို ပိတ်ထားလိုက်တော့ ငါ့
ဒေါသကို လာမဆွနဲ့ မြသင်းထုံ ဒီအချိန်ပဲမင်း အ
ကျောတင်းထား ငါမင်းနဲ့ရန်ဖြစ်ဖို့အချိန်မအားသေး
ဘူး ငါ့ဆန္ဒတွေ မပြည့်သေးလို့ လျှော်ပေးတာ အ
ကောင်းမမှတ်နဲ့ နားလည်လား'
'ဂရုမစိုက်ဘူး မိန်းမတစ်ယောက်ကို လက်ထပ်ယူ
ပြီး နိပ်စက်တယ်ဆိုတာ ယောကျ်ားမဟုတ်လို့ပဲ'
'ယောကျ်ားဟုတ်မဟုတ် မင်း ဒီညသိရမယ်'
သူ့စကားကြောင့် သူမမျက်နှာသည် ပန်းရင့်ရောင်လေး ဖြစ်သွားကာ မျက်လွှာချသွားသည်။ သူမဲ့ကာ
ရယ် ပြစ်သည်။
လူကောင်သေးသေးလေးနဲ့ သူ့ကိုမော့ကြည့်ပြီး
ရန်တွေ့နေတာ စိတ်ရှိတိုင်း ဆောင့်ဆွဲခါပြစ်မှ ။
သူ့မျက်ဝန်းတွေမှာတော့ ဒေါသကြောင့် အမုန်းတရားကြောင့် အေးစက်နေပေမယ့် သူရှုံးနေသလို ခံ
စားနရေ၏။
'ဟေ့ကောင်..ငါတို့ အဆင်သင့်...ဟာ..'
သူမ ပုံစံကိုကြည့်ပြီး သူ့အခန်းထဲမှ ထွက်လာကြ
သည့် လက်မှတ်ထိုးရန်အသိသက်သေခေါ်ထား
သည့် သူငယ်ချင်းနှစ်ယောက်ပင် သူတို့နှစ်ယောက်
ကို ကြည့်ပြီး အံ့သြနေသည်။မာမီကတော့ သဘော
မတူတာ သိနေ၍ ဒါကြောင့် သူတမင်ခေါ်မထား
ခဲ့တာ။ ခေါ်ဖို့လဲမလိုဘူးလေ ၊ တရားဝင်မိန်းမမှ မ
ဟုတ်တာ။ တစ်ခုခုဆို ခေါင်းစဥ်တပ်ရန်သာ လက်
မှတ်ထိုးဖို့ သူစီစဥ်လိုက်တာပါ။
'ဘယ်လိုဖြစ်တာလဲ ပြင်ဆင်လို့မပြီးသေးတာလား
တရားရုံးသွားဖို့ အချိန်က နီးနေပြီလေ '
'အေ ပြင်စရာမလိုတော့တာ ဒီမိန်းမနဲ့အလိုက်ဖက်
ဆုံးက ဒီပုံစံပဲ မင်းတ်ု့ကားပေါ်သွားစောင့်၊ ငါလာခဲ့
မယ်'
'အေး အေးပါကွာ'
သူတို့နှစ်ယောက်ရဲ့ အနေအထားကိုကြည့်ပြီး သ
ဘောပေါက်ကာ ထွက်သွားကြည်။
'သွား မင်းစကားထပ်ထွက်မလာနဲ့ ငါစိတ်မတိုခင်
ငါ့အရှေ့ကနေ အမြန်သွား'
'.....'
သူ့ကို မကျေနပ်သည့် မျက်ဝန်းသေးသေးလေးနှင့်
ကြည့်ပြီး ထွက်သွားသည့် သူမနောက်မှ သူစိတ်တို
တိုနှင့် ဒေါသတွေ မြိုချပြီး လိုက်လာမိသည်။ တိုက်
ပုံတကားကားနှင့် သူ့ပုံစံသူတွေးပြီး ရှက်သည်။ မ
ပြေနိုင်သေးတဲ့ဒေါသတွေမှာလဲ တွေးလေ ပိုစိတ်တို
လေဖြစ်၍ ဒေါသမထွက်အောင် ကားပေါ်ဘေးချင်း
ကပ်ထိုင်နေတာကို မကြည့်မိစေရန် စိတ်တင်းထား
လိုက်သည်။
လုပ်ထားဦးပေါ့ မြသင်းထုံ။ မင်းအကြောတွေ ခဏ
တော့ တင်ထားဦးပေါ့။ ပြီးမှ ငါ့ရဲ့ပြင်ဆင်ချက်တွေ
နဲ့ မင်းကောင်းကောင်းကြီး ခံစားစေရမယ်။
သူ့အတွေးနှင့်သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိ
သည်။
•••••
Creator£ငွေသုန္ဒရီ