book

Index 24

အခန်း ၂၄

🌊ညှို့တတ်သောပင်လယ်🌊


'' ရှင်...တ တကယ်ကြီးလား ဆရာမ၊ ထုံ ထုံလေးမှာ

တကယ် ကိုယ်ဝန်ရှိနေတာလား''


မျက်ဝန်းလေး အထိတ်တလန့်ပြူးကျယ် ဝိုင်းစက်

ကာ ယောင်ရမ်းပြီး ပြားကပ်နေသေးတဲ့ ဗိုက်

ကလေးကို ပွတ်သပ်ရင်း မယုံနိုင်စွာ ပြန်မေးပေမဲ့

သေချာနေပြီတဲ့လေ။


''သေချာပါတယ် ကိုယ်ဝန်က လေးပတ်ကျော်ပါပြီ

လနုသေးတော့ အားလဲနည်းနေတယ် ကျွန်မဆေး

ချိတ်ပေးလိုက်ပါမယ် ခုရက်ပိုင်းအအိပ်မှန်အစား

မှန်မှန်လေးနဲ့ ကျန်းမာရေး ဂရုစိုက်ပါ၊ ကိုယ်ဝန်

ဆောင် အားဆေးတွေလဲ ပေးလိုက်ပါမယ် သွေး

ပေါင်တွေလဲကျနေတယ် ပေးလိုက်တဲ့ဆေးတွေ ပုံ

မှန်သောက်ပေးပါ ''


ဆရာမ ရှင်းပြတဲ့ စကားကို ထုံလေးကြားတချက်

မကြားတချက်နှင့် စိတ်တွေက ပျံ့လွင့်နေတာ 

ဆောက်တည်ရာမဲ့။ 


ထုံလေး တံတွေးမြိုချပြီး ရင်တွေတထိတ်ထိတ် ခုန်

မြန်လာသည်။ ငိုရခက်ရယ်ရခက်ဆိုတာ ထုံလေး

အဖြစ်ပါပဲ။ သူနဲ့အဆင်မပြေနေချိန်မှာ ထုံလေးမှာ

သာ ကိုယ်ဝန်ရှိနေတယ် သူသိရင် သူထုံလေးကို

ဘယ်လိုတုံ့ပြန်မှာလဲ။ သူမှ ထုံလေးနဲ့ရတဲ့ကိုယ်ဝန်

မလိုချင်ပဲ။ သူပွင့်ပွင့်လင်းလင်းပြောခဲ့ပြီပဲ။ ဆေး

ခန်းလာထဲက ဘုရားစာရွတ်ဆုတောင်းလာသမျှ

ဆုတောင်းမပြည့်ခဲ့လေတော့။


ထုံလေး ပေါ့ဆလို့၊ ထုံလေးညံ့လို့ ခုလိုဖြစ်ရတာ။

သူ့မာမီရှေ့မှာလဲ သူကိုယ်တိုင်ပြောခဲ့တာပဲ သူ

ထုံလေးနဲ့ရတဲ့ ရင်သွေးကို သူမှမလိုချင်တာအဟင့်။

ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေက ဘာအတွက်

ကြောင့်မှန်းမသိ။ အမုန်းတွေ အတ္တတွေကြား ခံနိုင်

ရည်မရှိတော့လောက်တဲ့ထိ ခံစားနေရတဲ့ ထုံလေး

ဘဝထဲကို နောက်ထပ်အပြစ်မဲ့တဲ့ ကလေးလေးကို

ပါ ဆွဲမထည့်လိုပေ။ သူက သူ့အကိုနှင့်ပတ်သက်

လျှင် ယခုချိန်ထိ မုန်းနေတာ မနေ့ညကမှ သိလိုက်ရ

တာ မဟုတ်လား။


'' ကလေးဦးဆိုတော့ စိတ်လှုပ်ရှားနေတာ ထင်

တယ် အဟွန်း.... ဖြစ်တတ်ပါတယ်''


သွေးဆုပ်ဖြူလျော်နေတဲ့ ထုံလေးမျက်နှာကိုကြည့်

ပြီး ဆေးထိုးပေးနေရင်းမှ ဆရာမပြောလာသည့်

စကားက ထုံလေးခံစားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်

သလို တကယ်လဲမှန်နေ၏။ ခပ်ယဲ့ယဲ့လေးသာ ပြုံး

ပြပြီး လူနာစောင့်တွေစောင့်ရတဲ့ နေရာ၌ မျှော်လင့်

တကြီး ထိုင်နေတဲ့ သူ့မိခင်ထံ ခိုးကြည့်မိသည်။ သူ

ကသာ မလိုချင်တာ သူ့မာမီကတော့ တစ်လမ်းလုံး

အားတက်တရော ကလေးအကြောင်းပြောလာလိုက်

တာ ထုံလေးအားနာမိ၏။


ဆေးထိုးပေးပြီး အခန်းအပြင်ထွက်သွားတဲ့ ဆရာမ

ကို ထုံလေး မတား လိုက်နိုင်ချေ။ ဒေါ်ပပလှိုင်နား

ကပ်ပြီး တစ်ခုခုပြောလိုက်တော့ ပြုံးရွှင်သွားတဲ့ 

မျက်နှာလေးနှင့် ဝမ်းသာအားရ ထုံလေးထံအပြေး

ရောက်လာသည့် သူ၏မိခင်။


'' မြသင်းထုံ မင်းကိုကျေးဇူးတင်ပါတယ်''


အပိုစကားမဆိုပဲ ဆေးမသွင်းထားတဲ့ ထုံလေး

လက်တစ်ဖက်အား ဆုပ်ကိုင်ထားပြီးမှ ဝမ်းသာအား

ရ ပြောလာသည်။ ခုံလေးဘယ်လိုလုပ်ရမလဲ။

ဒီကိစ္စသူ့ကို မသိစေချင်သေးပါ။ ထို့ကြောင့် ...


'' အန်တီ....ထုံလေး တစ်ခုလောက်တောင်းဆိုချင်

တယ်''


'' ပြောလေ မြသင်းထုံ မင်းဘာပြောချင်လဲ မင်း

ဘာတောင်းဆိုချင်လဲ မင်းဖြစ်ချင်တာအကုန်ပြော

မာမီလိုက်လျောပေးဖို့ အဆင်သင့်ပဲ''


'' ဟိုလေ...''


'' မင်းစရာပြောစရာရှိတာပြောပါ။

မြေးချီချင်နေတဲ့ ငါ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့

အတွက် မင်းကို တကယ်ကျေးဇူးတင်ပါတယ် သား

သိရင်လဲ ဝမ်းသာမှာပါ''


'' အဲ့ကိစ္စပဲ ပြောမလို့ပါ ၊ ထုံလေးမှာ ကိုယ်ဝန်ရှိနေ

တာ သူ့ကို လောလောဆယ် မသိစေချင်သေးဘူး''


'' ဟမ်...ဘာဖြစ်လို့လဲ ၊ မင်းတို့စိတ်ဆိုးရန်ဖြစ်ကြ

တာ ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ ခုထဲကဂရုစိုက်သင့်တာ

ဂရုစိုက်ထားရမှာ ကိုယ်ဝန်က လေးပတ်ဆိုတော့ နု

သေးတယ်၊ မတော်လို့ မင်းတို့နှစ်ယောက်ရန်ဖြစ်

စကားများတာနဲ့ပဲခိုက်မိရင်ဘယ်လိုလုပ်မလဲပြောပြ

ထားတော့ ပိုအဆင်မပြေဘူးလား''


'' မ မဟုတ်ပါဘူး အန်တီ၊ နောက်တစ်ပတ်လောက်

နေမှ ထုံလေး ကိုယ်တိုင်သူ့ကို ပြောပြမှာပါ၊ ခုကသူ

လဲ စိတ်ဆိုးနေလို့ပါ ''


ထုံလေး ဖြေရှင်းချက်ကို မနှစ်မြို့ပေမယ့်လဲ...


'' အေးပါလေ မင်းသဘောပါ၊ ဒါပေမယ့် တစ်ပတ်

ပြည့်လို့မှ မင်းကိုယ်တိုင်မပြောရင် ငါကိုယ်တိုင်

ပြောရလိမ့်မယ် မလိုအပ်ပဲ ဒီကလေးကို အဆုံးရှုံး

မခံနိုင်ဘူး ငါလဲအသက်ကြီးပဲ ခုချိန်ထိ မြေးမချီဖူး

သေးဘူး''


'' ဟုတ် ဟုတ်ကဲ့ပါ..''


ကာယကံရှင်ထက် ဆန္ဒတွေ စောနေပါလား အန်တီ

ရယ်။ ဒေါသကြီး တတ်တဲ့ အဓိပတိ မျက်နှာအား

မြင်ယောင်ကာ တိတ်တခိုး သက်ပြင်းချမိတာ

ထုံလေးရယ်သာ။


°°°°°°°°°


         ဆေးခန်းထဲ ဝင်လာတဲ့ မရမ်းရောင်

         မြန်မာဝတ်စုံလေးနဲ့ သိပ်လှတဲ့

         ကောင်မလေးက ကိုယ့်ကို ခေါ်လိုက်တာ

         ဆရာတဲ့။ 

         အသံလေးက နူးညံ့လိုက်တာ အဲ့အသံလေး

        ကြားပြီး ကျွန်တော် ရင်ခုန်သံတွေ  ပထမဆုံး

        နေ့မှာပဲ ထိန်းမရ

        တော့ဘူး ကောင်မလေးရယ်.....


'' 📲📲📲📲📲...''


'' ကျွတ်...''


စိတ်ကူးယဥ်ဆန် ရှေးဆန်လွန်းတဲ့ အကို့ရဲ့ ဒိုင်ယာရီ

ကို သူဖတ်နေရင်း ဖုန်းဝင်လာတော့ အလိုမကျတိုင်း

မှုန်ကုတ်တွန့်ကွေးသွားတတ်တဲ့ မျက်ခုံးနှစ်ခုမှာ

ထိစပ်သွား၏။ စိတ်မြန်လက်မြန်သူ့စိတ်နှင့် နူးညံ့

သိမ်​မွေ့တဲ့ အကိုစိတ်က တခြားစီ။ ပထမဆုံး

စာမျက်နှာကိုသာ ဖတ်ပြီးတာ အဆက်မပြတ်ခေါ်

နေတဲ့ ဖုန်းကြောင့် စာအုပ်အားပြန်ပိတ်လိုက်ရ၏။

ဖုန်းစခရင်ကိုကြည့်တော့ ထင်သည့်အတိုင်း

ဒယ်ဒီ။


စိတ်မပါပေမယ့် ဖုန်းက်ု ကိုင်လိုက်တော့ နားထဲစူး

ဝင်လာတဲ့ ဒယ်ဒီအသံက ဒေါသတွေပါနေသည်။


'' မင်းအသုံးမကျလို့  ရှယ်ယာတွေအကုန်ရှုံးရတော့

မယ်၊ နောက်ကျောကို ဓားနဲ့ထိုးခံရတာမင်းကြောင့်

ဒီရက်အတွင်း မင်းပြန်လာ မင်းပြန်မလာရင်ငါလိုက်

လာခဲ့ရလိမ့်မယ်''


'' ကျွန်တော် ပြန်မလာသေးဘူးလို့ ....ဒယ်ဒီကို...''


'' ပိတ်ထား မင်းပါးစပ်၊ ပြောတော့မိုးလားရေလား

နဲ့ မင်းလဲ မင်းအကိုလို ခပ်ညံ့ညံ့ကောင်ပဲ ဒီမိန်းမ

တစ်ယောက်ကြောင့်ပဲ ညီအကို နှစ်ယောက်လုံးဘဝ

ပျက်နေတာ မရှက်ဘူးလား''


'' မဟုတ်ဘူး ဒယ်ဒီ''


'' မင်းငြင်းနေလဲ အပိုပဲ ငါမင်းအဖေ မင်းတို့ဗိုက်ထဲ

အူဘယ်နှစ်ခွေရှိတာက အစငါအကုန်သိတယ် ငါ

ထပ်မပြောချင်ဘူး ၊ ကုမ္ဗဏီကို မင်းဦးလေးလက်ထဲ

အပါမခံနိုင်ဘူး ဆိုရင် မင်းဒီသုံးလေးရက်အတွင်း

ပြန်လာပါ ပြန်မလာရင် မင်းငါ့ဆီတစ်သက်လုံးလာ

ဖို့ မလိုတော့ဘူး''


'' ကျစ်...''


ဖုန်းကို သစ္ဆေတစ်ကောင်လို ငေးကြည့်နေတာ

အချိန်အတော်ကြာသည်ထိ။ ဒက်ဒီပြောတာ မှန်း

နေပြီလား ဒီမိန်းမကြောင့် အကိုတစ်ယောက်ဆုံးရှုံး

ခဲ့ပြီးပြီ။ နောက်ထပ် အပြောကြီးခဲ့တဲ့သူပါ ကျရှုံး

လုနီးနီးဖြစ်နေလေပြီ။ သူ့ကြောင့်အလုပ်ထဲ စိတ်

မပါ ပြစ်ထားခဲ့၍ ခုတော့ကုမ္ဗဏီပါ ဦးလေးလက်ထဲ

ပါတော့မည့်အဖြစ်။ 


ဟုတ်တယ်...မြသင်းထုံကို မေ့ပြစ်ရမယ်။

မြသင်းထုံကို မုန်းပြစ်ရမယ်။ မင်းကြောင့်နစ်နာ

ဆုံးရှုံးခဲ့ရတာ များပြီ။ ငါဘာတွေအရူးထပြီး မင်း

အပေါ်စိတ်ယိုင်မိသွားတာလဲ။ မင်းကို ငါမုန်းရမယ်။

မင်းက ငါ့အချစ်နဲ့ တစ်သက်လုံး မထိုက်တန်တဲ့

မိန်းမလေ။


မင်းကို ငါ့အကိုအတွက် လက်စားချေ မုန်းရမယ်။


အဓိပတိ အကို့အခန်းထဲမှ ထထွက်လာခဲ့၏။

မဖတ်ဖြစ်ခဲ့တဲ့ ဒိုင်ယာရီလေးမှာတော့ ကြမ်းပြင်

ပေါ် ၌ အထီးကျန်နေခဲ့ပြန်သည်။


°°°°°°°°°


'' သား မင်းဘယ်သွားမလို့လဲ လက်ကဒဏ်ရာကြီး

နဲ့ ညလဲ မိုးချုပ်တော့မယ်လေ ညနေစာထမင်းစား

ကြမယ် ''


'' မစားတော့ဘူး မာမီ ကျွန်တော် ကလပ်သွားမလို့''


အဝတ်အစားကို သားသားနားနားဝတ်ထားတဲ့ သူ့

ကို ကြည့်ပြီး မာမီတားနေပေမယ့် ဟိုမိန်းမကတော့

သူ့အားမမြင်မဆိုင်သလို မျက်နှာလွှဲထားသည်လေ။

ဒါတွေပဲ သူအသည်းယားတာ။ ကိုယ်ကစချော့လို့

ပျော့တတ်တဲ့ မိန်းမလဲမဟုတ်။ ကိုယ်မပြောရင် သူ

က ကိုယ့်ထက် ဆယ်ဆ နေနိုင်တယ်ဆိုတဲ့ အချိုးက

သူလုံးဝမကြိုက်။ မုန်းဖို့ကြိုးစားနေရင်းဘာကြောင့်

အဲ့မိန်းမကိုပဲ မျက်စိဒေါက်ထောက်ကြည့် ခံစားနေ

လဲ သူ့ကိုယ်သူမသိတော့ပါ။ သူ့စိတ်ကိုယ်သူ ဒဏ်

ခတ်သင့်နေပြီ။


'' မင်းဟာလေ ကလေးလဲမဟုတ်တော့ဘူး မာမီ

ဆုံးမနေရအောင်လဲ ကလပ်တွေတက်တာလဲ 

လျော့သင့်နေပြီ နောက်ဆို မင်းတို့နှစ်ယောက်ထဲ

ဖြစ်လာမှာ မဟုတ်ဘူး ကလေးတွေဘာတွေရလာ

ရင် အိမ်ထောင်ဦးစီးနေရာကနေ တည်တည်တံ့တံ့

ဦးဆောင်နိုင်ဖို့ ခုထဲက ပြင်ဆင်ရမှာ''


သူ နှုတ်ခမ်းတွေမဲ့ကာ ပြုံးသည်။

မာမီနဲ့ မြသင်းထုံ အိမ်ပြန်ရောက်ထဲက ကိုယ်ဝန်

ကိစ္စဘာမှပြောသံမကြားတာနှင့်သူနားလည်လိုက်ပြီ

ပဲ။ သူနဲ့ရင်သွေးမလိုချင်၍ တားဆီးထားပြီပဲ သူက

ဘာလို့စိတ်ကူးနဲ့ ရူးနေရမှာလဲ မာမီရာ။ ကျွန်တော် 

ရူးပြရင် ဟိုမိန်းမက ပိုပြီး မာန်ထနေမှာဆိုတာ မာမီ

မှမသိပဲ။


ထို့ကြောင့် အရွတ်ဆန်တဲ့ စကားတွေသာ ပြောမိ

ပေမယ့် ငါ့ရင်ထဲ နာကျင်နေတယ်ဆိုတာ မင်းမသိ

ဘူး မြသင်းထုံ။ မင်းနဲ့ငါက ဘယ်သူက ဘာကိုလို

ချင်ပြီး ဘယ်သူကဘာဖြစ်ချင်နေမှန်းမသိအောင်

တစ်ယောက်နဲ့တစ်ယောက် ဥပေက္ခာထားတဲ့ မာန

တွေက မင်းနဲ့ငါ့ကို ပိုပိုဝေးစေတဲ့တွန်းအားတွေလား။


'' သူနဲ့ ဘာကလေးမှ မလိုချင်ဘူး ရှုပ်လို့ ရှိလာရင်

လဲ ဖျက်ချပြစ်လိုက် အစွယ်အပွားတွေနဲ့ စိတ်ရှုပ်ဖို့

ကောင်းတယ် ''


'' မင်း ဘယ်လိုတွေ ပြောနေတာလဲ အဓိပတိ မင်း

စကားတွေက အဓိပ္ပာယ်မဲ့ရိုင်းစိုင်းနေပါလား''


'' ဟုတ်တယ် မာမီပြောတာမှန်တယ်၊ ကျွန်တော်ကို 

ဘာမှ စိတ်မပူပါနဲ့မာမီ ဒီည အိမ်ပြန်လာချင်မှ

ပြန်လာမှာ မာမီစောင့်မနေပါနဲ့..''


'' ငါ မစောင့်ပါဘူး မင်းမိန်းမပဲ စိတ်ပူနေမှာ သူ့ဆီ

ခွင့်တောင်းသွား နေနေတို့ ဗလတို့နဲ့သွားမှာမလား''


'' အဟွန်း... အဲ့မိန်းမကို အရေးတယူပြောနေစရာ

မလိုပါဘူး မာမီရာ သူ့နေရာသူနေပါစေ အရေးပေး

ရင် ကမ်းတက်တတ်လို့..''


''ဟဲ့ ဘယ်လိုပြောလိုက်တာလဲ''


'' သွားပြီမာမီ ''


'' မင်းတို့ကို ငါကြည့်ရတာ တကယ်စိတ်ညစ်တယ်''


စိတ်ပျက်စွာအပေါ်ထပ်တက်သွားသည့် ဒေါ်ပပ

လှိုင်။ 

ကားစက်နှိုးသံနှင့်အတူ ထွက်သွားသည့် သူ။

ကျောခိုင်းနေရပေမယ့် သူဘာပြောမလဲ နားထောင်

နေမိတာပဲ ထုံလေးအပြစ်။ အရေးမပါဘူးတဲ့လား။

ကိုယ်ဝန်ရှိရင်လဲ ဖျက်ချခိုင်းမယ်တဲ့လား ။ ဒါရှင့်ရဲ့

သရုပ်အမှန်ဆိုတာ ကျွန်မသိပြီးသားပဲလေ။ ဘာ

အတွက် ကျွန်မ ခံစားနေရတာလဲ။ ဘာကြောင့်

ကျွန်မနှလုံးသားနာကျင်နေရတာလဲ။ ဒါဆိုရှင့်ကို

ကျွန်မမှာ ကိုယ်ဝန်ရှိနေတာ ပြောပြဖို့ မလိုတော့ဘူး

ပေါ့နော်...။


ကိုယ်ဝန်ရှိတာ သိမှပဲ စိတ်အားငယ်လာတတ်တာ

လား မသိပါဘူး။ တစ်ခုခုဆို မာကျောတတ်တဲ့

မြသင်းထုံဟာ ယခုတော့ မျက်ရည်ကျလွယ်နေတဲ့

မိန်းမတစ်ယောက်၊ သူငြိုငြင်မှာ စိုးရိမ်နေတဲ့ မိန်းမ

တစ်ယောက် ဖြစ်နေခဲ့ပြီ။ 


"ကျွန်မမှားတာပါ ရှင့်အပေါ် မေတ္တာထားတဲ့စိတ်၊

ယုံကြည်မိတဲ့ စိတ်က ကျွန်မကို ဒဏ်ခတ်လိုက်ပြီ။''


စိတ်ချ... ကျွန်မကို မလိုတော့တဲ့ ရှင့်ကို ကျွန်မမာန

က ဘယ်တော့မှ မခယဘူးဆိုတာ ရှင်သိပါစေ။ 

ဒီကလေးကို ကျွန်မရအောင်မွေးမယ်။ ရှင်နဲ့မဆိုင်

ဘူး ဆိုတဲ့ အသိနဲ့ကျွန်မ ဖြတ်သန်းပြမယ်။ ကျွန်မ

ဟာ ရှင်မရှိလဲ ဖြစ်တယ်ဆိုတာ ရှင်သိအောင် 

ကျွန်မကြိုးစားနေပြမယ်။ ဒီကလေးကို ရှင်မလိုချင်

လဲ ကျွန်မ ရအောင်မွေးပြီး ပြုစုပျိုးထောင်မယ်။

ကျွန်မရဲ့ရင်သွေးကိုတော့ ရှင့်လိုမရက်စက်နိုင်ဘူး။


ဒီအတောအတွင်း ရှင့်ကြောင့်နာကျင်ခဲ့ရရင်

ကျွန်မ ရှင့်ကို ချစ်မိသွားလို့ပါ....ရှင့်အကြောင်းမေ့

နိုင်ခဲ့လျှင် ကျွန်မရှင့်ကို စိတ်ကုနါသွားလို့ပါ...။


°°°°°°°°


'' မင်း သေချာဆုံးဖြတ်ပြီးပြီလား''


'' အင်း''


သီချင်းသံတွေ လူတွေရှုပ်ယှက်ခတ်နေတဲ့ ကလပ်

အခန်းထဲမှ သီးသန့်စားပံဲဝိုင်း၌ သူတို့သုံးယောက်

ထိုင်နေရင်း ...အရက်တွေတစ်ခွက်ပြီးတစ်ခွက် 

မနားတမ်းသောက်နေသူမှာ အဓိပတိ။ ဗလနှင့်နေနေ

မှာလဲ သူ့စိတ်ကို သိ၍ မတားဆီးကြပေမယ့် သက်

ပြင်းတွေသာ ချနေကြ၏။ သူတို့ဝိုင်းနား ရစ်ဝဲနေ

တဲ့ ကလပ်ထဲမှ ရောင်စုံမျက်နှာတွေနှင့် မိန်းမလှ

လေးတွေက ခပ်ကဲကဲ။ အရင်စိတ်နှင့်ဆို သူအရော

တဝင် ပျော်ပါးမိမှာအသေအချာပဲ။ ယခုတော့ သူ့

စိတ်ထဲ အမုန်းဆုံးမိန်းမတစ်ယောက်ကသာ လွှဲ၍

ဘယ်မိန်းမမှ သူ့မျက်စိထဲ ဘဝင်မကျ။ အမြင်

မကြည်။ အနားကပ်လာပြီး ချွဲချွဲနွှဲ့နွှဲ့လုပ်လာသမျှ

ကိုလဲ အရက်ခွက်နှင့် ညှာတာကင်ူစွာ ပက်ပြီး တစ်

ခွန်းထဲ ပြတ်ပြတ်သားသားပြောမိတာ...


'' ထွက်သွား''


ထို့ကြောင့် မိန်းကလေးတွေ သူ့အနားဝဲနေပေမယ့်

ကပ်မလာရဲကြ။


'' မြသင်းထုံကို အသိပေးပြီးပြီလား မင်းမာမီကော

သိပြီလား''


'' အဲ့ဒီမိန်းမကို မုန်းပါတယ်ဆို အဲ့မိန်းမအကြောင်း

ဘာလို့ ထည့်ပြောလာရတာလဲကွ ၊ ငါ့ဟာငါဘာ

လုပ်လုပ် သူသိဖို့မလိုဘူး မာမီကိုပြောပြီးသဘက်ခါ

ငါ ပြန်တော့မယ်''


'' အချိန်ဘယ်လောက်ကြာမှာလဲ''


'' ငါမပြောတတ်ဘူး ငါစိတ်ပျော်သလောက်နေမယ်

တစ်သက်လုံး ဖြစ်ချင်လဲ ဖြစ်သွားလိမ့်မယ် အလုပ်

ကိစ္စဆိုတာထက် ငါကိုယ်တိုင် သူရှိနေတဲ့နေရာမှာ

ရှိမနေချင်တော့တာ ''


'' ဒါဆို မင်း မြသင်းထုံကို ထားခဲ့တော့မယ်ပေါ့''


'' အဟွန်း... အဲ့မိန်းမက ငါမရှိလေပျော်လေပဲလေ

ငါမရှိတော့ သူစိတ်ချမ်းသာမှာပါ၊ ငါလဲစိတ်ချမ်း

သာတယ် ဝေးလေကောင်းလေပဲ''


'' မင်းဟာက မဟုတ်သေးပါဘူး အိမ်ထောင်တစ်ခု

ကို လွယ်လွယ်လက်ထပ် လွယ်လွယ်ကွဲတာ

မဟုတ်သေးဘူး''


'' ငါ မြသင်းထုံကို ကွာရှင်းမယ်မပြောမိပါဘူး၊

ငါမရှိလဲ သူဘယ်ကောင့်ကိုမှ မယူရဘူး ငါသူ့ကိုလဲ

ကွာရှင်းမပေးဘူး''


'' မင်းဟာက ငါတို့နားမလည်တော့ဘူး ၊ ငါတို့အကြံ

ပေးချင်တာတော့ မင်းသွားရင် မြသင်းထုံကိုပါ ခေါ်

သွားစေချင်တယ်''


''အေးလေ မဟုတ်သေးပါဘူး''


ကျော်ဗလနှင့် နေနေ တစ်ယောက်မျက်နှာတစ်

ယောက်ကြည့်လိုက် သူ့ကိုနားမလည်သလို ပြော

လိုက်နှင့် နှစ်ဦးသား ရှုပ်ထွေးနေကြ၏။


'' အဟက်....''


သူ အရက်ခွက်ကို ရေမရော ရေခဲမထည့်ပါပဲ နိ

သောက်ချလိုက်၏။ ပူဆင်းသွားတဲ့ ရင်ထဲသူ့ခံစား

ချက်တွေ ပါသွားစေချင်သည်။ ဗလနဲ့နေနေရဲ့

နှစ်သိမ့် ဖျောင့်ဖျမှု့တွေလဲ သူ့ဦးနှောက်ထဲမဝင်ပေ။

သူ့ဆုံးဖြတ်ချက်ဟာ မပြင်တော့မှာအသေအချာ

ပဲလေ။ ကိုယ်ကြင်မှသူကြင်ဆိုတဲ့ စကားအတိုင်း

ပေါ့...ကိုယ့်ကိုမလိုအပ်တဲ့သူနဲ့ ကိုယ်က မလိုအပ်

ချင်တော့တဲ့ သူနဲ့ ... ငါတို့ကြားက ဘယ်မှာလဲ နွေး

ခွေးမှု့။


'' မင်း မူးနေပြီ ဆက်မသောက်နဲ့တော့...''


'' အဟက်....မင်းတို့မေ့နေတာလား ငါ့ရာဇဝင်မှာ

အရက်ဘယ်လောက်သောက်သောက် မူးတယ်ဆို

တာ ရှိခဲ့လို့လား ဘာလဲ မင်းတို့နဲ့နောက်ထပ်တွေ့ဖို့

မသေချာတော့တဲ့ ငါ့ကို စိတ်မရှည်ကြတာလား ''


'' အေးပါကွာ မင်းသဘောပါ ငါတို့ဘာမှမပြောရဲပါ

ဘူး မင်းသိတ်တိုင်းကျသာ လုပ်ပါ''


''ကို...''


'' ချယ်ရီ နင်ဘယ်လိုရောက်လာတာလဲ''


ချယ်ရီဆိုတော့ သူမျက်နှာမဲ့သွားသည်။

ဘယ်ကဘယ်လိုပေါ်လာမှန်း မသိပေမယ့် ထုံစံ

အတိုင်း သူ့အနား တိုးကပ်လာ၏။ သူစိတ်ရှုပ်စွာ

မျက်မှောင်ကျုံ့ထားပေမယ့် ကြိုလဲမကြိုဆို နင်လဲ

နင်မထုတ်ချေ။ ဗလနဲ့နေနေကတော့ နှုတ်ဆက်နေ

တာ ငယ်သူငယ်ချင်းတွေ ဖြစ်နေတော့လဲ ဘယ်သူ့

ဘက်မှ ဘက်မလိုက်ကြတာ သူငယ်ချင်းဆိုတဲ့

အသိနှင့်ပါ။ 


'' ငါလား အသည်းကွဲပြီးထဲက ဒီကလပ်က ငါ့အိမ်

လိုပဲဖြစ်နေပြီလေ ငါနေ့တိုင်းဒီမှာရှိတယ်''


'' နင် မိန်းကလေးဖြစ်ပြီး ဆင်ခြင်နေမှပေါ့

ကလပ်ဆိုတာ မိန်းကလေးတွေ လာဖို့မသင့်တော်

တဲ့ နေရာပါ နင်မူးရူးနေတာလဲ မြင်ကောင်းကြည့်

ကောင်းတယ်မထင်နဲ့ ချယ်ရီ''


'' ဟာ..သွားစမ်းပါ ငါ့ကို တရားတွေ လာဟောမနေ

နဲ့ ငါနင်တို့ဆုံးမ တရားနားထောင်ဖို့ လာတာမဟု

ဘူး ကို့ကိုတွေ့လို့လာတာ နော်ကို...''


ရင်ဘတ် ဟိုက်ချက်က ကြည့်ရက်စရာမရှိ။

ဘောင်းဘီပေါင်တိုကလဲ Sexyဆန်လွန်းနေတာ 

မျက်စိထဲ ကိုးလို့ကန့်လန့်။ အဓိပတိ စိတ်ပျက်ပေ

မယ့် လက်မောင်းကို ယ်ုင်တိုင်တိုင်နှင့်အရက်နံ့တွေ

တထောင်းထောင်းနံ့ကာ လာတွဲပေမယ့် ပုတ်မချပဲ

ငြိမ်နေ၏။ နေနေနဲ့ဗလကလဲ မပြောတော့ဘူးဆို

သည့် သဘောသာ မျက်နှာလွှဲနေကြသည်။


'' လာ ကို ...ကိုနဲ့ ချယ်ရီနဲ့ စုံတွဲ တွဲကကြမယ်''


'' ချယ်ရီ မင်းအိမ်ပြန်တော့ ... အရက်နံ့တွေကလဲ

နံ့စော်နေတာပဲ မင်းကိုမင်းဘယ်လိုမိန်းမဖြစ်နေလဲ

တွေးမိသေးရဲ့လား''


သူ့စကားတွေက စေတနာစကားတွေဆိုတာ ချယ်ရီ

နားလည်ပါ့မလား။


'' ဟင့်အင်း မပြန်ဘူး၊ ကိုယ်နဲ့ တခါတလေလေး

တွေ့ရတာကို ဘာလို့နင်နေတာလဲ ကိုရယ် ချယ်ရီ

ခုလို ဖြစ်နေရတာဘယ်သူကြောင့်လဲ ဟင်..ကိုပြော

စမ်းပါ ကိုပြောလေ ဟင့်.. ချယ်ရီကိုတို့အိမ်ထောင်

ရေးကိုလဲ ဘာများနှောက်ယှက်ခဲ့လဲ ချယ်ရီနဲ့တွေ့

တဲ့ အချိန်လေးမှာတော့ ....''


'' တော်စမ်း...ငါနဲ့ဝေးဝေးနေ ငါ့စကားကိုပြောလို့

မနာခံရင် ငါ့အနားမလာနဲ့ ...''


စကားတွေ ဆက်မလာစေရန် သူနားခါးစွာ ပိတ်

အော်ပြစ်သည်။

အရက်မူးပြီး ရင်ဘတ်ကို တဘုန်းဘုန်းလာထုနေ

တာ အသာနာရင် စိတ်တိုတတ်တဲ့ အကျင့်က မွေးရာ

ပါ ဘယ်သူ့ကိုမှသည်းမခံ။ သူတွေဆွဲဖယ်ပြီး တွန်း

လွှတ်ပြစ်သည်။ မြသင်းထုံက လွဲလို့..သူဘယ်မိန်းမ

ကိုမှ သည်းမခံနိုင်ပါ။ မင်းကတော့ဘယ်သိပါ့မလဲ။


'' ကို ရက်စက်တယ် ....''


ကိုယ့်ကိုယ်ကိုယ်ပါ မနိုင်တနိုင့်ဖြစ်နေတဲ့ ချယ်ရီ

လက်မောင်းအား ခပ်ကြမ်းကြမ်း ဆုပ်ကိုင်ထိန်းပေး

ပြီး ဆံပင်တွေဖရိုဖရဲနှင့် အရက်ရှိန်ကြောင့် နီရဲနေ

တဲ့ မျက်ဝန်းတွေက ကြည့်ရဆိုးနေ၏။ အလင်းထဲ

ချယ်ရီ ပခုံးပေါ်မှ မြင်နေရတဲ့ဆံပင်မွေးအား သူ

ယူလိုက်ပြီး အရက်ခွက်ထဲ ထည့်လိုက်သည်။


'' ဒီမှာကြည့်စမ်း ... မင်းတို့ခေါင်းပေါ်မှာ သိပ်တန်ဖိုး

ထားပါတယ်ဆိုတဲ့ ဆံပင်မွှေး ၊ ငါ့ရဲ့အရက်ခွက်ထဲ

ထည့်လိုက်တာ ဘယ်လောက်ရွံ့ဖို့ကောင်းလဲ တန်

ဖိုးကြီးပါတယ်ဆိုတဲ့ အရက်တောင် မင်းဆံပင်တစ်

မွေးကြောင့် တစ်ခွက်လုံး ရွံ့စရာဖြစ်သွားလို့ ငါမ

သောက်တော့ဘူး၊ အေး မင်းတို့မိန်းကလေးဆိုတာ

လဲ တန်ဖိုးဘယ်လောက်ကြီးပါတယ်ပြောပြော ကို

ယ့်ကိုယ်ကိုယ်တန်ဖိုးထားမှ ကိုယ်ကတန်ဖို့မြှင့်မယ်

ဆိုတာ မင်းအမြဲမှတ်ထားပါ ချယ်ရီ မင်းပုံစံကို 

ပြင်ဆင်သင့်နေပြီ''


သူ့စကားကို နားထောင်ရင်း နှုတ်ခမ်းတွေပြတ်

ထွက်မတတ်ဖိကိုက်ထားတဲ့ ချယ်ရီ မျက်ရည်တွေဝဲ

လျှက် ဘာမှတော့သူ့ကိုပြန်မပြောပေ။


'' ဗလနဲ့ နေနေသူ့ကို အိမ်ပြန်ပို့ပေးလိုက်ပါ ငါတော့

ဆက်မနေချင်တော့ဘူး ပြန်တော့မယ်''


'' အေးပါ''


'' ကို ကို နေဦးလေ''


သူလှည့်မကြည့်ပဲ လူတွေကြား တိုးတိုက်ကာ

ထွက်လာခဲ့၏။ တီးလုံးသံတွေက ချယ်ရီအသံက

ကွယ်ပျောက်သွားမှ သူလှည့်ကြည့်တော့ နေနေနဲ့

ဗလ ဝိုင်းဆွဲပြီး ထိန်းနေကြသည်။ သူသက်ပြင်းချ

ခေါင်းခါပြီးသာ ထွက်လာခဲ့၏။ 


°°°°°°°°°


အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း

ကိုယ့်ကိုမလိုအပ်တဲ့ သူ အတွက် ပထမဦးဆုံး စိတ်ပူ

ပေးနေမိတာ ရှက်ဖို့ကောင်းနေပြီလား။


နာရီကို ကြည့်ပြန်တော့လဲ ည ဆယ့်နှစ်နာရီ ထိုးနေ

လေပြီ။ ရှင်ဘာတွေ လုပ်နေတာလဲ။ ဒီညပြန်မလာ

တော့ဘူး မှာသွားပေမယ့်လဲ စိတ်ပူနေတာက စိတ်ပူ

တာပဲ အဓိပတိရယ်။ အိပ်ခန်းထဲမှ ခြံတံခါးဘက်ကို

သူ ဘယ်ချိန်ပြန်မလာလဲ ခိုးကြည့်နေရတာ ဒုက္ခလို့

မယူဆပေမယ့် ရင်မောရတယ်ကွယ်။ ပြန်လာလို

ပြန်လာငှား မျှော်ရတဲ့ ခံစားချက်က ရင်ထဲဘယ်လို

ကြီးမှန်းမသိ။


ညမှာ သာယာနေတဲ့ လမင်းကြီးနဲ့  တိတ်ဆိတ်ည

သန်ခေါင်ယံက ရင်ထဲသောကတွေနဲ့တဲ့လား။

ကျွန်မဖြစ်ချင်ခဲ့တာ ချစ်သူလက်ကိုဆုပ်ကိုင်ပြီး

ကြယ်လေးတွေကြည့်မယ် ၊ ကျွန်မတို့ရှေ့ဆက်ရမဲ့

ဘဝကို ကြည်ကြည်နူးနူးတိုင်ပင်ကြမယ် တွေးခဲ့ဖူး

တယ်။ တစ်ချိန်မှာ ဖြစ်လာနိုင်မယ်လို့လဲ ထင်ခဲ့ဖူး

ပေမယ့် .... ကျွန်မဆိုတာ အချစ်ခံရဖို့ ကံမပါလာတဲ့

မိန်းမတစ်ယောက်လေ။ ဒီအကြောင်းအရာက 

ထုံလေးအတွက် စိတ်ကူးယဥ်သပ်သပ်ပဲ ဖြစ်လာခဲ့

တယ်ဆိုတာ သိနေခဲ့ရပြီးနောက် ....


'' တီ...''


အတွေးတွေ ပျံ့လွင့်နေစဥ် ခြံထဲမှ ကားဟွန်းသံနှင့်

လင်းဖြာသွားတဲ့မီးရောင်ကြောင့် ထုံလေးမျက်ဝန်းတွေ လင်းလက်သွား၏။ 


°°°°°°°°

Creator- ငွေသုန္ဒရီ -> 25


rate now: