book

Index 23

အခန်း ၂၃

🌊ညှို့တတ်သောပင်လယ်🌊


ည၏ တိတ်ဆိတ်ခြင်းက သူ့ကို စိတ်ပျက်စေ၏။

အထူးသဖြင့် အခန်းထဲမှ တိတ်ဆိတ်သွေးအေးနေ

တဲ့ မြသင်းထုံကြောင့်ဆို ပိုမှန်ပေသည်။ ဘာကြောင့်

များ အဲ့လောက်တောင်ပဲ ရက်စက်ရတာလဲ။ သူ့

အဖြစ်က အိပ်စရာမရှိ နေစရာမရှိ ဖြစ်နေရသလိုပဲ။


မြသင်းထုံရှိရာ အခန်းရှေ့၌သာ ညနေပိုင်းထဲက ငုပ်

တုတ်ထိုင်စောင့်လိုက် တံခါးဖွင့်ခိုင်းလိုက်နှင့် ကြိုး

စားမှု့က မအောင်မြင်ချေ။ ထမင်းစားရန် မာမီလာ

ခေါ်ပေမယ့်လဲမြသင်းထုံကိုသာတတွတ်တွတ်တံခါး

ဖွင့်ပေးရန် အကူအညီတောင်းလွန်း၍ မာမီပါသူ့ကို

စိတ်ပျက်သွားလေပြီ ညည်းညူလာ၏။ မင်းမပါပဲ

ကိုယ် တစ်ယောက်ထဲ ဘယ်လိုစိတ်နဲ့ ထမင်းစားဝင်

မှာတဲ့လဲ။


'' ကိုယ့်မိန်းမကို ရအောင်ချော့ပေါ့

မင်းပဲ မင်းတို့လင်မယားကြားဝင်မပါပါနဲ့ဆို ခုမှ

အမေကယ်ပါအဖေကယ်ပါလာမလုပ်နဲ့ ..'' တဲ့လေ။


မာမီကလဲ ရက်စက်လိုက်တာ။

သူ့ချွေးမဘက်က ပါနေတာသိသိသာသာ။ အခန်း

တံခါးသော့တောင်းပြန်တော့လဲ မရှိဘူးတဲ့ ။ ပြောင်

ငြင်းတာ အသိသာကြီး။


သူ့မှာ သူ့လုပ်ရပ်ကိုသူပြန်တွေးလိုက် နောင်တရ

လိုက်နှင့် ။ ခေါင်းကုတ်လိုက်တံခါးခေါက်လိုက်နှင့်

သာ မိုးပါချုပ်လာသည်  ။ မာနမင်းသမီးကတော့

တိတ်ဆိတ်စွာ ဆန္ဒပြနေဆဲ။ ဒီပုံစံအတိုင်းဆို သူ့မှာ

ဒီည အိပ်ပျော်နိုင်ပါ့မလား။


'' မြသင်းထုံ...ငါ မှားတယ်ကွာ ငါမှားသွားတယ်

အဲ့အတွက်တောင်းပန်နေပြီပဲ ဒီလောက်စိတ်ဆိုး

ရရင်တော်တော့လေ တံခါးဖွင့်ပေးပါခဏပဲ။

ရှင်းပြတာကိုလဲ နားထောင်ဦးလေ အဲ့လိုတစ်ဖက်

သတ်ကြီး စိတ်ဆိုးနေလို့မှ မပြီးတာ၊ တံခါးဖွင့်ပါ

နော်...


ဒေါက် ဒေါက် ဒေါက်''


သူ့မှာ မိန်းမတစ်ယောက်ကို ခခယယအောက်ကျို့

ဖူးတာ ပထမဆုံးအကြိမ်မို့ စကားတွေက အစီအငေါ်

မတည့်။ သူလဲအတတ်နိုင်ဆုံး ကြိုးစားတောင်းပန်

ချော့မော့နေတာပဲလေ။ ဒေါသကြီးနေတဲ့ သူမက

သာ သူ့အပေါ် သနားကြင်နာမှု့မရှိလေတာ အသည်း

နှလုံးများ ရေခဲရိုက်ထားလားမသိ။


'' ခြင်တွေလဲ ကိုက်နေပြီကွာ

သနားရင် တံခါးလေးဖွင့်ပေး ကိုယ့်အမှားအတွက်

ကိုယ် တောင်းပန်နေပြီပဲ ဒီလောက်ဆိုတော်သင့်ပြီ

လေ တံခါးဖွင့်ပေးနော် မာမီလဲထမင်းစားခေါ်နေပြီ

ကိုယ့်ကိုမသနားရင် မာမီကိုတော့ အားနာပါဦး''


''......''


''ကျစ်..''


သွေးအေး ရက်စက်လွန်းတဲ့ တုန့်ပြန်မှု့သာ ရလိုက်

သဖြင့် သူ့မှာ မျက်နှာကြီးညှို့မှိုင်းကာ ဘာလုပ်၍

ဘာကိုင်ရမလဲမသိတော့။ အချိန်ငါးနာရီနီးနီးအခန်း

ရှေ့ရပ်နေရ၍ ခြေထောက်တွေပါ ညောင်းလာကာ

ကျင်ထုံလာသည်။ ဒီနည်းနဲ့ ချော့မရရင်လဲ မရရတဲ့

နည်းနဲ့ချော့ရတော့မှာပေါ့။


အဓိပတိ အခန်းရှေ့မှ ခေါင်းငိုက်ဆိုက်ကျ ထွက်

လာပေမယ့် ဇွဲတော့မလျော့ပါ။


ငါကိုက မှားတာပါ။ မဆင်မခြင် လူအများရှေ့မှာ

အရှက်ခွဲသလို ဖြစ်သွားခဲ့တဲ့ ငါ့လုပ်ရပ်ကပဲ မှားခဲ့

တာပါ။ ငါကိုက အသုံးမကျတဲ့ လူပါ။


°°°°°°°


'' ဟင်..''


ထုံလေး အိမ်မက်ထဲမှာ မြွေတစ်ကောင်ရဲ့ ရစ်ပတ်

နှောင်ဖွဲ့ခြင်းကို ခံရတယ်ဆိုပြီး ဇွတ်ပြေးနေရတာ။

မောမှန်းမသိ ပန်းမှန်းမသိပြေးနေရပေမယ့်လဲ ခရီး

မတွင်ခဲ့။ ပြေးလေအဝေးမရောက်လေ...​မွန်းကျပ်

လာပြီး အသက်ရှူရပါကျပ်လာတော့ ဇွတ်ရုန်းရင်း

အိမ်မက်ထဲမှ လန့်နိုးလာသည့် ထုံလေး။ တကယ်

တော့ အိမ်မက်ထက်​ထိတ်လန့်စရာကောင်းတာ

ထုံလေး စိတ်ဆိုးစိတ်ပျက်နေတဲ့ လူတစိယောက်၏

မျက်နှာမှာ အလင်းရောင်မှိန်မှိန်အောက် ရှင်းလင်း

စွာ ထင်ထင်ရှားရှား မြင်တွေ့လာရ၏။


တကယ့်လက်တွေ့မှာလဲ သန်မာတဲ့ လက်အစုံနှင့်

ပွေ့ဖက်ခံထားရပြီး ထုံလေးကိုယ်သေးသေးလေး

မှာ သူ့ရင်ခွင်ကြား ညှပ်ပြီး နစ်မြှုပ်နေလေ၏။ 

ငိုထားသည့်အရှိန်နှင့် မျက်ဝန်းတွေကျိန်းစပ်နေပြီး

စိတ်ကလဲ မကြည်ပါ။ ပိုဆိုးတာ သူ့ကို ထုံလေး

လုံးလုံးမှ စိတ်မပြေနေတာပါပဲ။ အမှားလုပ်ပြီးမှ

လွယ်လွယ်တောင်းပန် လွယ်လွယ်ကျေနပ်ရကျေး

ဆို ရှင်လိုလူနဲ့ရန်ဖြစ်စရာအကြောင်းကို မရှိတော့

ဘူးပေါ့။


''ကျစ်..''


သူ့အသက်ရှုသံ သဲ့သဲ့ကိုကြားရတော့ သူနှစ်နှစ်

ချိုက်ချိုက်အိပ်ပျော်နေတာသိပေမယ့် မျက်နှာချင်း

ပါ မဆိုင်ချင်နေတဲ့အချိန်မှာ ယခုလိုတစ်အိပ်ယာထဲ

အိပ်နေရတာက ထုံလေးအတွက်စိတ်ပျက်စရာဖြစ်

နေလေသည်။ ဘယ်ချိန်ထဲက ဝင်အိပ်နေလဲမသိ။


''မုန်းဖို့ကောင်းတယ် ကလိမ်ကကျစ်ဉာဏ်ဆို သိပ်

တော်တယ်''


တောင်းပန်နေလဲ အပိုပဲ။ ရှင်ဆိုတဲ့လူမျိုးက

ခုအပြစ်လုပ် ခုတောင်းပန်တာနဲ့ ကျေပေးရမယ်ဆို

ရင် ကျွန်မ ရှင်စိတ်ထင်တိုင်း ပေါက်ကွဲသမျှရှေ့

ဆက်ငြိမ်ခံနေရမှာ။ ဒီအနေအထားကို ကျွန်မလုံးဝ

လက်မခံနိုင်ဘူး။ ခလုတ်ဆိုတာတိုက်ပါများရင်

နဲ့လာတတ်တယ်ဆိုတာ ရှင်သိထားပါ။


ပုခုံးပေါ်မှ သူ့လက်အား ဖြေးညှင်းစွာဖယ်ချတော့

အိပ်ချင်းမူးတူးနှင့် ယောင်ပြီး သူ့လက်တွေမှာ

တင်းတင်းကြီး ထုံလေးခါးထံပွေ့ဖက်လာပြန်သည်။

စိတ်မရှည်တော့၍ ညင်သာမနေပဲ ခါးပေါ်မှ သူ့လက်

ကို ဇိုးဇိုးဇက်ဇက်ဖယ်ချတော့ အိပ်ချင်မူးတူး

မျက်ဝန်းတွေ ပွင့်လာသည့်သူ။ ထုံလေးမျက်နှာကို

တော့ တင်းထားလျှက်နှင့်သာ ရင်ဆိုင်ရင်း...


'' မင်းနိုးနေတာကြာပြီလား ဘာလို့လဲ ဗိုက်ဆာလို့

လား''


အိပ်မှုန်စုန်ဝါးနှင့် မျက်ဝန်းတွေ ပွတ်သပ်ကာ ဂရုတစိုက် ပြောလာသည့်သူ။


'' ရှင် ဒီမှာအိပ်မယ်ဆို ကျွန်မ ဆိုဖာပေါ်မှာ သွား

အိပ်မယ် ဖယ်..''


'' စိတ်ဆိုးတာ မပြေနိုင်သေးဘူးလားကွာ

ကိုယ်မှားသွားတယ် တောင်းပန်နေပြီပဲ တစ်ညနေ

လုံးလဲ စိတ်ဆိုးထားပြီ ပြေတော့ပေါ့ မင်းတို့မိန်းမ

တွေ ခက်ကိုခက်တယ် ''


'' ရှင့်ကို ဘယ်သူက စိတ်ဆိုးတယ်ပြောလဲ 

ကျွန်မအေးဆေးနေချင်တယ် ရှင်လက်တွေဖယ်''


''မဖယ်ဘူးကွာ မင်းမှစိတ်ဆိုးမပြေတာ ငါ့မှာ

တစ်ညနေလုံး မင်းအိမ်မှာမရှိတော့ ဘယ်လောက်ထိ

စိတ်ပူနေတယ်ထင်လဲ တော်သေးတာပေါ့ မာမီဖုန်း

ဆက် အသိပေးလို့ မဟုတ်ရင် ငါ့မှာဘယ်ရှာရမယ်

မှန်းမသိဘူး နောက်အဲ့လိုတွေ မလုပ်ပါနဲ့ကွာ''


လုပ်မှာ..

အပိုတွေ..ထုံလေး သူမကြားနိုင်တဲ့ အရွဲ့တိုက်

စကားတွေ စိတ်ထဲမှ ပြောနေပေမယ့် အပြင်ထုတ်

ပြောပြီး သူနှင့်တော့ ထပ်ရန်မဖြစ်ချင်။ အချိန်ကလဲ

ည နှစ်နာရီ၊ သူနှင့်ထုံလေးနှစ်ယောက်ထဲနေတဲ့

အိမ်မဟုတ်တော့ ခြင်ဆင်ရမှာပေါ့။


'' ဒီမှာပဲအိပ်နော် .. နောက်က်ု မဖြစ်စေရဘူး

နောက်ကိုလဲ လူအများကြားမှာ မင်းစိတ်ပျက်

အောင် ငါဒေါသမထွက်မိအောင် ဆင်ခြင်ပါ့မယ်''


ဘယ်ကအလွတ်ကျက်လာတဲ့ တောင်းပန်စကား

တွေလဲမသိပါ။ ထုံလေး မျက်နှာတည်တည်နှင့်သာ

နူးညံ့ညင်သာနေတဲ့ သူ့စကားတွေကို မကြားဟန်

ပြုကာ သူ့လက်များသာ အတင်းဖယ်ချနေတော့

သူ့လက်များကအလျော့မပေးပဲ အမိအရ

ချုပ်ထား၏။ 


ထုံလေး

မျက်နှာလေးအား သူ့လက်ဖဝါးနှစ်ဖက်နှင့် ဖိဆုပ်

ကိုင်ပြီး မျက်နှာချင်းဆိုင်စေတော့ အံတင်းတင်း

ကြိတ်ပြီးသာ မျက်ဝန်းတွေကို တစ်နေရာပို့ထားမိ

သည်။ သူ့ကိုမကြည့်ချင်ပါ။ ဒေါသပိုထွက်လို့ပါ။


''စိတ်ဆိုးပြေသင့်ပါပြီကွာ ... မင်းစိတ်ဆိုးနေတာနဲ့

ကိုယ်ဘာမှ မစားရသေးဘူး''


'' ရှင့်ကို မစားနဲ့ မပြောမိပါဘူး၊ ရှင်နဲ့ကျွန်မ

ဝမ်းချင်းဆက်ထားတာမှ မဟုတ်တာ ကိုယ်စားချင်

တဲ့ချိန်စားပေါ့ အဲ့အတွက်နဲ့ကျွန်မကို အကြောင်းပြ

ချက် လာမရှာပါနဲ့ ကျွန်မအေးအေးဆေးဆေးနေ

ချင်တယ် ကျေးဇူးပြု၍ နားလည်ပေးပါ''


''ဘာတွေလဲကွာ ငါပြောနေတာက ပြေပြေလည်

လည် မင်းက ဘာဖြစ်ချင်နေရတာလဲ ဘာလဲအဲ့

ကောင်ရှေ့မှာ ငါအရှက်ခွဲပြတော့ ရှက်ရမ်းရမ်းနေ

တာလား''


''ရှင်ဟာလေ..''


ဒါလားဖြေရှင်းချက်။

ထုံလေး သူ့ကို စိတ်ကုန်လက်ပန်းကျတဲ့ထိ အရမ်း

စိတ်ပျက်တယ်။ ဘယ်ကလာတဲ့ ဘယ်သူမှန်းမသိ

တဲ့ လူတစ်ယောက်နဲ့စွတ်စွဲတယ်။ရမစရာမရှိအောင်

​လူအများရှေ့မှာ အရှက်ခွဲတယ်။ တောင်းပန်ပြန်

တော့လဲ ပြေလည်စရာ တစ်ကွက်မှမရှိ။ ပိုလို့ပင်

စိတ်ပျက်စရာတွေ သူဖန်တီးနေတယ်။ ထိုလူသား

ကို ထုံလေးဘယ်လို နားလည်ပေးရမှာတဲ့လဲ။ 


အသိမရှိတဲ့ ကလေးတစ်ယောက်ဆို ကိုယ်ပြော

သမျှ စကားတစ်သွေမသိမ်း ခေါင်းငြိမ့်လက်ခံမှာ

သေချာပေမယ့် ၊ ငါဟူသော အတ္တတွေ စွဲနေတဲ့ သူ

လိုလူဟာ လွယ်လွယ်နှင့်တော့ နားမပေါက်နိုင်ချေ။

ထို့ကြောင့် ထုံလေးသူ့ကို ဘာမှမပြောချင်တော့ပါ။

ဖြစ်နိုင်လျှင် ခုချိန်သူနှင့် ထုံလေးမျက်နှာချင်းမဆိုင်

ချင်တာဆိုပိုမှန်ပေ၏။သူ့အနားမှာနေရတာ ထုံလေး

ပူလောင်လွန်းလို့ပါ။


'' ငါ စိတ်တိုရတဲ့ အကြောင်းအရင်းကို မင်းသိနေပြီ

ပဲ နောက်ကို မင်းလဲဆင်ခြင်သင့်တာ ဆင်ခြင် ငါလဲ

ပြင်ဆင်သင့်တာ ပြင်ဆင်မယ်ဆို ပြီးပြီလေ ဘာ

မဟုတ်တာနဲ့ စိတ်ဆိုးပြီး ဖုန်းပိတ်တာတွေ အခန်း

ထဲအောင်းတာတွေ လုပ်ရတာလဲ၊  ဒါနောက်ဆုံး

အကြိမ်ဖြစ်ပါစေ မြသင်းထုံ နောက်ကိုဆို မင်း

မလွယ်ဘူး မာမီလဲ ငါတို့ကြောင့်စိတ်ညစ်ရတယ် 

ကလေးမဟုတ်တော့ဘူးလုပ်ချင်ရာတွေ လျှောက်မ

လုပ်နဲ့ လူကြီးတွေ ငါတို့ကြောင့်စိတ်ညစ်ရတယ်''


ဪ...

ကျွန်မပဲ မှားတာပေါ့။ ရှင်က အပြစ်မရှိတဲ့ သူပါ။

ဟုတ်ပါတယ် ကျွန်မပဲမှားတာ လူကြီးတွေစိတ်ညစ်

ရတာလဲ ကျွန်မကြောင့်။ 


'' ငါ့အကိုကိုပဲ မင်းအနိုင်ယူလို့ရမယ် ငါကဥပဓိ

မဟုတ်ဘူး အဓိပတိဆိုတာ မင်းသိထားပါ''


'' အဟွန်း... ''


သည်းခံနိုင်တာထက် ကျော်လာပြီ... သူခံပြင်း

လောက်စေတဲ့ အပြုံးကိုသာ တမင်ရွေးပြုံးတာ

မခံချင်စိတ်ကြောင့်ပါ။


''မင်း ဘာရယ်တာလဲ''


'' ရှင်းနေတာပဲ..

ရှင်တို့ ညီအကိုနှစ်ယောက်လုံးရဲ့ စိတ်ဓာတ်က

အထင်ကြီးစရာ မရှိလို့ပဲ​ေပါ့''


'' ဘာ ...မင်း..''


သူ့အလှည့်ဆိုတော့ ဆတ်ဆတ်ထိမခံ ဒေါသထွက်

သည်တဲ့။ တော်တော်တရားတဲ့ လူတွေပဲ။


သူ ရင်ခွင်ကြားငြိမ်နေရပေမယ့် သာယာနေတာ

တော့ မဟုတ်တာသေချာ၏။ တင်းကျပ်နေတဲ့ ရင်

ထဲမှဝေသနာက သူ့ကို ရှေ့ဆက်ဘယ်လိုနားလည်

ရမလဲဆိုတာပါပဲ။ ဒီလိုပဲ သူထင်ရာသူမြင်ရာတစ်

ဖက်သတ် စွတ်စွဲတတ်မည်၊ ရမ်းကားတတ်မည်ဆို

ပါလျှင် ဆုံးဖြတ်ချက်အသစ်ကိုတော့ ထုံလေးစဥ်း

စား စီစဥ်ရမှာပဲလေ။ 


ထုံလေးစကားကြောင့် ဒေါသဖြစ်သွားတယ်ထင်ပါ

ရဲ့ အိပ်ယာမှ ထုံလေးကို ဆွဲထပြီး ကြမ်းတမ်းတဲ့ 

သူ့လက်ထဲ အရုပ်တစ်ရုပ်လို ဖြစ်နေရတဲ့ထုံလေး

နာကျင်နေပေမယ့် သူ့ထံအောက်ကျခံ မတောင်းဆို

ပေ။ 


'' မင်းကများ ငါ့အကိုကို ပြောရဲတယ် ဟုတ်လား

မင်းကြောင့်ငါ့အကို သေရတာကို အသံကောင်းဟစ်

ရဲသေးတယ်ပေါ့ ဟမ်''


အနာဟောင်းကို တုတ်နဲ့ဆွသလို မေ့ဖျောက်ဖို့

ကြိုးစားနေကာမှ အကိုဟုသူမ ပါးစပ်မှ ပြစ်ပြစ်

ခါခါပြောလာတော့လဲ ဒေါသက ငြိမ်မနေ။


'' ကျွန်မမပြောဘူး ဆုံးဖြတ်ထားပေမယ့် ရှင့်အကို

လူယုတ်မာနဲ့ ရှင်က စိတ်ဓာတ်တစ်ထေရာထဲဆို

တာ ခုမှသိလို့ပြောပြလိုက်မယ် ရှင့်အကိုယုတ်မာလို့

ကျွန်မဘဝ ရှင့်လက်ထဲခုလို ပူလောင်နေရတာ ရှင်

သိလား''


''မင်း မင်းကများ ငါ့အကိုကို လူယုတ်မာ ဟုတ်လား''


'' အဲ့ထက်ပိုတယ်  လူယုတ်မာတွေ.. ရှင်တို့ညီကို

နှစ်ယောက်လုံးပဲ''


သည်းမခံနိုင်တဲ့အဆုံး သည်းခံခြင်းကတစ်ခါတစ်

လေလဲ ကြမ်းတမ်းတဲ့ စကားလုံးတွေ ဖြစ်တတ်

တယ်ဆိိုာ ရှင်သိပေးပါ။


'' တောက် မင်း....''


'' အ့ အမေ့..''


ကြောက်စရာလက်ဝါးကြီးမှာ ထုံလေးပါးပြင်နား

ထိလုနီးနီးလေပေါ်၌သာ ရပ်တန့်သွား၏။ အသား

တွေတဆတ်ဆတ်တုန်အံကြိတ်ကာ အသက်ရှူသံ

ပြင်းပြင်းနှင့် သူ့ဒေါသက ကြောက်စရာ။ မျက်ဝန်း

တွေဖိမှိတ်ထားပေမယ့် ရင်တထိတ်ထိတ်နှင့် သူပြု

သမျှငြိမ်ခံနေပေမယ့်ကြောက်စိတ်ကတော့ရှိနေဆဲ။

သူ ရိုက်ချလာတဲ့လက်ဝါးကြီးက ထုံလေးပါးပြင်

ပေါ် မဟုတ်ပါပဲ ခုတင်ခေါင်းရင်းမှ နံရံဆီသို့သာ

သူ့ဒေါသတွေ စုပြုံခံလိုက်ရသည်။


ကျွန်မ စကားကိုတော့ ရှင်တို့နာတယ်။

ရှင်တို့ လုပ်ရပ်ကိုတော့ ကျွန်မ အသည်းနာတယ်။


'' သွားစမ်း ထွက်သွား...မင်း ငါ့ရှေ့ကထွက်သွား''


အသံနက်ကြီးနှင့် နံရံတွေကို ထိုးနေတဲ့ သူ့လက်

မှာ သွေးတွေ ချက်ချင်းထွက်လာတာ ဘယ်လို

အားကြီးနဲ့ထိုးနေ၍လဲမသိ။ တားချင်ပေမယ့် နှုတ်

ကမထွက်။ သူ ကျောခိုင်းပြီး လက်ညှိုးထိုး နင်မှ

တော့လဲ သွားရမှာပေါ့။ ဒူးတွေတုန်နေပြီး ခြေမခိုင်

ပေမယ့် သူ့အနားမနေရရင်ပြီးရောဆိုပြီး ထွက်သွား

မယ် ပြင်တော့လဲ ...


'' မင်းကို ငါထွက်သွားခိုင်းတာ အခန်းပြင်မဟုတ်ဘူး

ဒီထဲမှာပဲနေ ငါမမြင်အောင်နေ မင်းအသံကိုငါ

မကြားအောင် ပိတ်နေ .. အခန်းထဲက ခြေတစ်လှမ်း

မှမရွေ့နဲ့ အသေပဲ ၊ အချစ်နဲ့မတန်တဲ့ မိန်းမ''


ကျွန်မက အချစ်နဲ့မတန်တဲ့ မိန်းမတဲ့လား။

အချစ်နဲ့မတန်တဲ့ မိန်းမမဟုတ်ပါဘူး ကျွန်မက

အချစ်ကံခေတဲ့ မိန်းမတစ်ယောက်ပါ။ ကိုယ်ချစ်တဲ့

သူနဲ့ ဆုံဆည်းခွင့်မရခဲ့တဲ့ မိန်းမက အချစ်ကံခေတာ

မဟုတ်ဘူးလား။ ထုံလေးချစ်မယ် ကြိုးစားခဲ့တဲ့ လူ

တစ်ယောက်က နီးဖို့ကြိုးစားလေ ဝေးသွားလေ ...

ရှေ့တိုးလေ ပိုဝေးလေ ဖြစ်နေခဲ့ရတာ မဟုတ်ဘူး

လား အဓိပတိရယ်။


''ထွက်သွား...''


သူတွန်းလွှတ်လိုက်တာ ထုံလေးမှာ အရုပ်ကလေး

နှယ်...ကြမ်းပြင်ပေါ် ခွေခွေလေး ပြိုကျသွား၏။


'' အမေ့...ဟင့်...''


သွေးရူးသွေးတန်းပုံစံဖြစ်နေတဲ့ သူ့ကို ကြောက်လဲ

ကြောက် အသံလဲမထွက်နဲ့ဆို၍ အမှောင်ကျနေတဲ့

တံခါးနား ထုံလေးတိတ်တဆိတ်ရပ်နေလေသည်။

ရင်ဘတ်ထဲမှ ဝေသနာကြောင့် ကျလာတဲ့မျက်

ရည်တွေက အရာရာတိုင်းအတွက်။ အခန်းထဲရှိ

သမျှ ပစ္စည်းတွေပေါက်ခွဲသောင်းကျန်းနေတဲ့ သူ့

လက်မှလဲ သွေးတွေက မြင်မကောင်း။ သူ့မာမီကလဲ

အိပ်ပျော်နေတယ် ထင်ပါရဲ့။ ခုချိန် တစ်ယောက်

ယောက်ရောက်လာပါစေဟုသာ ထုံလေးဆုတောင်း

ပေမယ့် ဆုတောင်းမပြည့်ချေ။ မျက်ရည်တွေနှင့်

သာ အမှောင်ကျနေတဲ့ တံခါးလေးဒေါင့် ဒူးနှစ်ဖက်

အား ပွေ့ပိုက်ထားလျှက် သူ့ကိုသာကြောက်ကြောက်

နှင့် ကြည့်နေရ၏။ 


နတ်ဆိုးတစ်ကောင် ဝင်စီးသလိုသောင်းကျန်းနေတဲ့

သူနှင့်တစ်ညတာ ဖြတ်သန်းမှု့ကြီးကို ထုံလေး

ကြောက်လှပါသည်။ နံနက်အာရုဏ်ရောက်ဖို့ရန်

သာ ဆုတောင်းရင်း...တလှပ်လှပ်တုန်နေတဲ့ ရင်

အစုံ၊ မူးနှောက်နေတဲ့ ခေါင်းက မထူးနိုင် ခံစားရ

ခက်ပေမယ့်လဲ နောက်ကျောမှနံရံသည်သာ ထုံလေး

အားထားရာ မှီခိုရာဖြစ်နေခဲ့သည်။


ထုံလေး မှားသွားပြီလား။


°°°°°°°°°


'' မင်းတို့ ကလေး ယူဖို့မစဥ်းစားကြသေးဘူးလား''


'' ချွမ်း..''


''အဟွတ် အဟွတ်''


စားလက်စ ခရွန်းပါ လက်ထဲမှ လွတ်ကျသွားသည့်

သူနှင့် ရေမော့သောက်နေတဲ့ ထုံလေးမှာ ရေပါသီး

သွားရသည့်အဖြစ်။ သူနှင့်ထုံလေးကို အကဲခတ်နေ

သည့် သူ့မာမီကတော့ နှစ်ယောက်လုံးကို အေးဆေး

စွာ စိုက်ကြည့်နေပြီး....


နှစ်ဦးသား မျက်ဝန်းချင်းတိုက်တိုက်ဆိုင်ဆိုင်ဆုံ

ပြီးမှ မျက်နှာတင်းတင်းနှင့် အရင်လွှဲသူမှာ သူ။


'' မင်းတို့ ငယ်တော့တဲ့ အရွယ်လဲမဟုတ်တော့ဘူး

ကလေးတော့ ယူသင့်ပြီ မာမီထင်တယ် ဘာမဟုတ်

တဲ့ အမုန်းတွေ လက်စားချေတာတွေ လုပ်မနေနဲ့

သား မင်းစဥ်းစားတွေးခေါ်တတ်တဲ့လူပဲ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ သေချာစဥ်းစားပေါ့''


'' သူ့အပြစ်သူ ခံရတာပဲ မာမီ၊ မတရားတာမရှိပါ

ဘူး''


'' မင်းခုချိန်ထိ ကလေးဆန်မနေနဲ့ အဓိပတိ၊ မာမီ

ဘာမှမပြောချင်ဘူး မင်းတို့နှစ်ယောက် ကလေးယူ

ဖို့သာ တိုင်ပင်ကြ'' 


''ဟို ..ဟို အဲ့တာက အန်တီ..''


'' သူ့ကိုပဲ မေးလိုက်ပါ မာမီ၊ သူ့သဘောပဲ ကျွန်တော်

ကတော့ စိတ်မဝင်စားသေးဘူး ''


'' မင်းတို့ ရန်ဖြစ်ကြပြန်ပြီလား လက်ကဘာဖြစ်

ရပြန်တာလဲ သား''


သူ့ဘာသာ ပတ်တီးကို စည်းထားတာ မသေမသပ်။

ထုံလေးလုပ်ပေးချင်ပေမယ့် သူ့အနားမကပ်နှင့်ဆို

၍ ဘာမှမပြောပဲ ဝေးဝေးနေပေမယ့်လဲ စိတ်ထဲ

တော့မကောင်းပါ။ ထမင်းစားနေတာပင် သူ့မှာဇွန်း

က သိပ်မကိုင်နိုင်ဖြစ်နေတာ။ ဖြစ်မှာပေါ့ လက်ပါ

ကျိုးမတတ် သူ့ကိုယ်သူညှင်းဆဲနေခဲ့တာပဲ။ ရှင်ဟာ

သွေးဆူ သွေးဆိုးတတ်တဲ့ လူတစ်ယောက်ပဲလေ။


'' ဘာမဖြစ်ဘူး''


တစ်ညလုံးသူသောင်းကျန်း နှစ်ဦးသား ယခုချိန်ထိ 

စကားမပြောပဲ တစ်နေရာဆီ နေကြပေမယ့် သူက

တော့ ထုံလေးကိုမျက်စိအောက်က အပျောက်မခံ။ 

ထမင်းစားလာခေါ်တော့လဲ ဒေါ်ပပလှိုင်ကိုယ်တိုင်

ဖြစ်နေ၍ မကြည်မလင်နှင့် ဆင်းလာရပေမယ့် 

နှစ်ဦးလုံး၏ ဆက်ဆံရေးမှာ အေးတိအေးစက်ဖြစ်နေလေ၏။ ဒါကို အစဖော်လိုက်တာ ကလေးယူဖို့တဲ့။ 


ထုံလေး မေ့နေခဲ့တဲ့အရာပဲ။

ဟုတ်တယ် ထုံလေး သူနှင့်ပတ်သက်ပြီးမှ ဒီအရာ

တွေကို မေ့နေခဲ့တာပဲ။ မတော်တဆများ ကလေး

ရှိသွားခဲ့လျှင် ....


'' မင်းလက်ဆေးထည့်ပြီးပြီလား မင်းတို့ အမြဲ

ရန်ဖြစ်ဖို့ပဲ တွေးနေတော့မှာလား အရွယ်ရောက်နေ

တဲ့ သူတွေပဲ ပြေပြေလည်လည် ညှို့နှိုင်းကြပေါ့

ဒီပုံစံဆို မင်းတို့ အိမ်ထောင်ရေး ဘယ်လိုရှေ့ဆက်မ

လဲ''


'' ..........''


''............''


နှစ်ဦးသား မျက်နှာလွှဲခေါင်းငုံ့တိတ်ဆိတ်နေတာ

အပြစ်ရှိ၍ ဆူခံနေရတဲ့ ကလေးတွေသဖွယ် ငြိမ်

သက်စွာ နှာခံနေကြသည်။


'' မြသင်းထုံ ဒီနေ့ မာမီနဲ့ဆေးခန်းသွားမယ် မင်းတို့

ကလေးယူဖို့အတွက် သွားပြကြည့်မယ်၊ မင်းဆေး

တွေ ဘာတွေတားထားသေးလား''


''ရှင်...''


မာမီကလဲ ပွင့်ပွင့်လင်းလင်း။ မြသင်းထုံကလဲ အူ

ကြောင်ကြောင်နှင့် ...မိန်းမသားချင်းဘယ်လိုပဲ

ပြောပြော အဆင်ပြေပေမယ့် အဓိပတိမျက်နှာပူ

နေရခက်နေသည်။ သူလဲ ကလေးလိုချင်နေတာဆို

ပေမယ့် မတောင်းဆိုချင်။ မပြောချင်။ မာမီကိုပဲ

ကျေးဇူးတင်ရမှာပဲ... သူမျက်နှာ့ပူပူနှင့် လွတ်လွတ်

လပ်လပ်ပြောကြပါစေဆိုပြီး ထိုင်ရာမှ ထတော့...


'' သား မင်းပါလိုက်ခဲ့မလား''


'' မလိုက်ချင်ဘူး မာမီ ကျွန်တော်စိတ်မဝင်စားဘူး''


''ဟဲ့..ဒီကောင်လေးနဲ့တော့ မင်းလက်ပါဆေးခန်းပြ

ရမယ်လိုက်ခဲ့ ခေါင်းမမာချင်နဲ့ ''


''ဒီဒဏ်ရာလောက်နဲ့ မသေသွားပါဘူးမာမီ အေး

ဆေး ကျွန်တော်ကိုမပူနဲ့ ဘာမဖြစ်ဘူး''


'' မလိုက်ဘူးဆိုလဲ မင်းဒယ်ဒီဆီ ဖုန်းဆက်လိုက်ဦး

ခဏခဏ မင်းဖုန်းမကိုင်လို့ မာမီဆီဆက်နေတာ

စကားမပြောချင်ပါဘူးဆို ..''


သူ ခေါင်းညိတ်ပြီးသာ လှည့်ထွက်ခဲ့တယ်။ အကို

အခန်းဆီသို့သာ။ လွန်ခဲ့တဲ့ တစ်လလောက်က သူ

မဖတ်ဖြစ်ခဲ့တဲ့ အကို့ရဲ့ ဒိုင်ယာရီ စာအုပ်ဆီသို့သာ။


°°°°°°°°

Creator-ငွေသုန္ဒရီ->24


rate now: