book

Index 22

အခန်း ၂၂

🌊ညှို့တတ်သောပင်လယ်🌊


''ဘယ်သူလဲ ဘယ်ကလဲ ဘာလာလုပ်တာလဲ

မင်းနဲ့ဘယ်လိုသိတာလဲ ယောကျ်ားတစ်ယောက်ကို

မင်းက ဘာလို့ အဲ့လောက်ထိ ဖော်ဖော်ရွေရွေဆက်

ဆံ ပြုံးပြနေရတာ မင်းနဲ့ဘယ်လို ပတ်သက်ကြတာ

လဲ ပြောစမ်း.. မဟုတ်ရင် အဲ့ကောင်ကို ငါဆွဲထိုးမိ

လိမ့်မယ် ''


'' အေးအေးဆေးဆေးထိုင်ပါ ကျွန်မ ပြောပြပါ့

မယ်''


အသားတွေတဆတ်ဆတ်တုန်ပြီး ရှူးရှူးရှဲရှဲနှင့်

သူ့အသွင်က အတော်လေးဒေါသကြီးနေတာ 

ထုံလေးသိပါသည်။


တရစပ်သူ့မေးခွန်းအောက် ထုံလေးဘယ်ကစပြီး

ဘယ်လိုဖြေရမည်ကိုမသိတော့။ သူ့အစားအသက်

ရှုပါကျပ်လာ၏။ ထွက်သွားတဲ့ ကောင်လေးရဲ့

နောက်ကျောကိုလဲ ကြည့်နေလိုက်တာများ ခုချက်

ချင်းပဲ ခုန်အုပ်တော့မဲ့ ကျားတစ်ကောင်သဖွယ်

ရန်လိုနေသည်။ ဝုန်းဒိုင်းကျဲတတ်တဲ့ သူ့စိတ်ကိုသိ

နေတော့ သူ့ဒေါသကြောင့် ဆိုင်ထဲမှ လူတွေအကြ

ည့်ရောက်မလာခင် သူ့လက်ကိုဆွဲပြီး ထိုင်ခုံမှာ

အရင်ထိုင်ခိုင်းရသည်။ 


တော်သေးတာပေါ့ ပြသနာဖြစ်မှာကြိုသိနေတဲ့

ထုံလေးကိုယ်စောင့်နတ်ကပဲ ဟိုကောင်းလေးကို သူ

အနားမရောက်မီ အမြန်သွားခိုင်းလိုက်တာ မှန်သွား

သည်။


''အဲ့ကောင်ဘယ်သူလဲ ဘယ်ကလဲ ငါမေးတာဖြေစမ်းပါ မြသင်းထုံ''


'' ဖြေးဖြေးပြောပါရှင် ကျွန်မပြောပြပါ့မယ် ရေလေး

အရင်သောက်လိုက်ဦး ရင်အေးသွားအောင်''


'' မသောက်ဘူးကွာ...''


''ခွမ်း..''


''ဟင်..''


ရုတ်တရက် ထင်မထားလောက်တဲ့ထိ ကြမ်းတမ်း

တဲ့ သူ့အပြုအမှုက ထုံလေးအထင် ပိုရိုင်းစိုင်းလာ

သလိုပါပဲ။ စာပွဲပေါ်ကျကွဲသွားတဲ့ ဖန်ခွက်ကိုကြည့်

ပြီး သူ့လုပ်ရပ်ကြောင့် အထိတ်တလန့်ဆိုင်ထဲမှလူ

တွေ စပ်စုသည့်မျက်ဝန်းတွေက သူနှင့်ထုံလေးထံ၌

ရစ်ဝဲနေ၏။ ထုံလေးရှက်ပေမယ့် သူကတော့ခပ်

တည်တည်နှင့် ကြိမ်းဝါးနေဆဲ။


'' ကိုစိုင်းဆိုတဲ့ ကောင်နဲ့လဲ ငါဘာမှစကားမများချင်

လို့ သည်းခံပြီးပြီ၊ ခုက ဘယ်ကကောင်ပေါ်လာပြန်

တာလဲ ဘာလဲ မင်းက ယောကျ်ားတကာကို အဲ့လိုပဲ

လိုက်မြူဆွယ်နေတတ်တဲ့ မိန်းမလား ယောကျ်ား

တကာနဲ့ မရှင်ူမရှင်ူလုပ်ရတာ ဝါသနာပါတယ်ထင်

တယ် ''


စားသောက်ဆိုင်ကြီးထဲမှာ ထုံလေးမျက်နှာကိုမှ

မငဲ့ အပြောအဆို ရုတ်ရင်းကြမ်းတမ်းလိုက်တာ 

ရှင်။


''ရှင်...''


သူ့စကားက ထုံလေး နှလုံးသားထဲထိနာကျင်စေ

သည်။ ဒီစကားကို သူအရင်ကပြောခဲ့လျှင် ထုံလေး

မမှု့ပေမယ့် သူ့အ​ေပါ်သံယောဇဥ်ထားဖို့ ဆုံးဖြတ်

ထားချိန်မှာ သူ့ထံမှယခုလိုစကား ကြားရတော့ 

အသည်းနာသည်။ သူ့ကိုလဲ ဆင်ခြင်တရားနည်း

လှချည်လားဆိုပြီးလဲ အထင်သေး၏။


'' ဘာလဲ အမှန်တွေပဲဆိုတော့ နာသွားလား မင်းဆို

တဲ့ မိန်းမက မြွေပွေးလိုမိန်းမ၊ ယောကျ်ားတကာကို

မြူဆွယ်ဖျားယောင်းနေတာ မင်းမရှက်ဘူးလား

ငါ့တစ်ယောက်နဲ့တင် မလုံလောက်နိုင်တာလား

ဟမ်..ပြောစမ်း''


''ရိုင်းလိုက်တာ ...ရှင်ဟာ လူရိုင်းပဲ အရိုင်းအစိုင်းရဲ့.. ရူးနေပြီ''


''ဘာလဲ...

မျက်စိရှေ့မှာ မပလူးလိုက်ရလို့ မကျေမနပ်ဖြစ်

နေတာလား၊ အေးပေါ့ စောစောက ငနာကငယ်ငယ်

လေးပဲ ကျောင်းဆရာတောသားကလဲ အိုနေပြီလေ

ငါကလဲ မင်းနဲ့နေတာကြာတော့ မင်းလိုအသားစား

မိန်းမက ရိုးနေရောပေါ့ အဟွန်း...အနာပေါ်တုတ်ကျ 

သလိုပေါ့ ဆတ်ဆတ်ထိမခံဖြစ်နေတာ''


ရှက်လိုက်တာ ထုံလေးရှက်လိုက်တာ။

ဆိုင်ထဲမှ လူတွေ ဘယ်လိုအကြည့်မျိုးနှင့် ထုံလေး

ကို ကြည့်နေမည်မသိ။ ထုံလေးကတော့ မည်သူ့ကိုမှ

မကြည့်ရဲတော့ပါလေ။ သူကတော့ မျက်နှာပြောင်

သည် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ သူ့စရိုက်က 

အရှက်တရားကင်းလွတ်နေတဲ့ လူတစ်ယောက်

သဖွယ်ပါပဲ။


''တောက် ....ရှင်ရူးနေပြီ လူရိုင်းရဲ့...။

ကျွန်မ သိက္ခာက်ု စော်ကားချင်ဦး..''


စားပွဲပေါ်ရှိနေသေးသည့် ရေခွက်တစ်ခွက်အား

ထုံလေးလှမ်းယူပြီး မုန်းတီးစွာ သူ့မျက်နှာထံ ဘာမှ

စဥ်းစားမနေတော့ပဲ ရှက်ရှက်နှင့် ပက်ထည့်

လိုက်၏။ လက်တွေတုန်ယင်နေပေမယ့် ဂရုမစိုက်

ပါ။ 


''ဖြန်း..''


''မင်း..''


''အရှက်မရှိရုံတင်မကဘူး သိက္ခာပါမဲ့နေတဲ့

အသိဉာဏ်မရှိတဲ့ လူ''


''မင်း မင်း...ရပ်စမ်း မြသင်းထုံ''


'' ဆရာ..ဆရာ ပိုက်ဆံအိတ်တွေကျန်ခဲ့ပါပြီ 

ပိုက်ဆံလဲ ရှင်းရအုံးမှာပါ ဒီတိုင်းထွက်သွားလို့မရပါ

ဘူး ခင်ဗျာ...''


''ဟာကွာ...''


သူ့ကို လှည့်မကြည့်စတမ်း ထုံလေးပြေးထွက်

လာသည်။ စားသောက်ဆိုင်ထဲမှ ထွက်သည်နှင့်

အရန်သင့် တက္ကစီတစ်စီးတားပြီး ဦးတည်ရာမဲ့ 

မောင်းခိုင်းရင်း...ပါးပြင်မှမျက်ရည်တွေအား နာ

ကျင်စွာ ဖိသုပ်မိသည်။


ပြေပြေလည်လည်ပြောရင်လဲ ဒီစကားပါပဲ။

ခုလိုရိုင်းစိုင်းနေတဲ့ သူ့အမူအယာ အပြောအဆိုကို

ထုံလေးအရမ်းစိတ်ပျက်သွားပြီ။ ရှင်းပြခွင့်ပါ

မပေးပဲ သူ့စိတ်တိုင်းကျ ပြောဆို စွတ်စွဲနေတာ 

သူ့ရဲ့ စရိုက်ပဲနေမှာပါလေ။ အကျိုးအကြောင်းဆို

တာ သူ့မှာသိချင်ပုံမရ သူမြင်ရာသူထင်ရာသာ

ဇွတ်တွေး စွတ်စွဲတတ်တဲ့ သူ့အကျင့်ကို ထုံလေး

အရမ်းမုန်းသွားပြီ။ ပိုဆိုးတာက စားသောက်ဆိုင်

ကြီးထဲမှာ လူတွေက အများကြီးပဲ သူနဲ့ထုံလေးကို

ကြည့်နေလိုက်တာများ ရှက်ဖို့ကောင်းလိုက်တာ။


ထုံလေး မျက်နှာကို လက်ဖဝါးလေးနှစ်ဖက်နှင့်

အုပ်ချကာ ရှိုက်ကြီးတငင်ငိုချသည်။ ဒီမျက်ရည်

က ရှက်လို့၊ စွတ်စွဲခံရလို့ ၊ ကိုယ်ယုံကြည်မယ်

ကြိုးစားတဲ့ လူတစ်ယောက်က သိပ်ရွံ့ဖို့ကောင်း

သွားလို့...။


'' ရှင် သန် ရာ အ ချိန် လေး တော့ မင်း ရဲ့ အနား

နေ ချင် လို့ ပါ...........📲📲📲


အဆက်မပြတ် မြည်နေတဲ့ ဖုန်းကို လေယာဥ်တင်

ပြစ်သည်။ အမှားလုပ်ထားပြီးမှ ခုမှလာမဆက်ပါ

နဲ့ ကျွန်မခုချိန်ရှင့်ကိုမြင်လဲမမြင်ချင်ဘူး စကားလဲ

မပြောချင်လ်ု့ပါ အဓိပတိရယ်။ ရှင်အရမ်းအတ္တကြီး

တာ အရင်ထဲက သိခဲ့ပေမယ့် ခုလောက်ထိဉာဏ်

ရည်နည်းလိမ့်မယ် မထင်ထားလို့ပါ။


''တူမကြီး...ဘယ်ကို မောင်းပေးရမလဲ''


ဟုတ်သားပဲ။ 

ရောက်တတ်ရာရာမောင်းခိုင်းနေလို့မှ မဖြစ်ပဲ။

သူ့ကို မတွေ့ချင်မမြင်ချင်ပေမယ့် နေစရာတစ်ခုခု

တော့ ထုံလေးရှာရမယ်လေ။ သူ့အိမ်တော့ ခုချိန်

မပြန်ချင်သေးဘူး။ သူ့မာမီအိမ်...ဟုတ်တယ် သူ့

မာမီအိမ်မှာပဲ ခဏသွားနေလိုက်မယ်။ တခြားနေရာ

သွားနေရင်လဲ သံသယနှင့်ါပြစ်ကလွှတ်မည်မဟုတ်

တာသိနေ၍ သူ့မာမီအိမ် သွားနေဖို့သာဆုံးဖြတ်ချက်

ချလိုက်၏။


°°°°°°°°°


''ကိုတို့ကြား ပြသာလုပ်ရတာလဲ ထင်ထားသလို မ

ခက်ခဲပါလား၊ ပျင်းဖို့တောင်ကောင်းတယ်။

ကျေနပ်တယ် ... အဲ့လို အရှက်ခွဲတတ်တဲ့ ကို့

အကျင့်ကို သိနေတော့ ချယ်ရီရဲ့ အတွက်သွေးထိုး

ဖို့ဆိုတာ မခက်တော့ဘူးပေါ့''


ဝရုန်းသုန်းကား ဆူပူခြင်း၏ နောက်ကွယ်၌ ကျေနပ်

အားရနေသည့် ချယ်ရီကိုတော့ အဓိပတိလည်းမမြင်

သလို မြသင်းထုံလည်းသတိမထားမိချေ။ စားပွဲ

တစ်ဝိုင်းသာ ခြားထိုင်နေတဲ့ ချယ်ရီက်ု နင်တို့ဘယ်

မြင်မလဲ မ်ုးမမြင်လေမမြင်ပျော်နေကြတာ ဘယ်

မြင်ပါ့မလဲ။


မျက်မှန်အနက်ကို ချွတ်ကာ တစ်ယောက်ထဲ 

အပျော်ကြီးပျော်ကာ မျက်နှာထက်အပြုံးပန်းတွေ

ဝေလျှက်ပေါ့။ ယုတ်မာတယ်ပဲပြောပြော ချယ်ရီ

ရင်ူနှီးလိုက်ရတဲ့ နှလုံးသားအတွက် ဒီလောက်

ကလေးနဲ့မကျေအေးပေးနိုင်သေးဘူး ကို။ 

မြသင်းထုံကို မွေးနေ့ပွဲမှာ အရှက်ရအောင်လုပ်ခဲ့

တာလဲ ချယ်ရီပဲ ခုလဲချယ်ရီပဲ။ 


သွေးဆူလွယ်တဲ့ ကို့အကြောင်းကို သိနေတော့

ပြသနာကို မီးမွေးလိုက်တာ မခက်ပါဘူးလေ။


''အဟွန်း...ချယ်ရီဆိုတဲ့ မိန်းမက ကိုယ်မှမစားရရင်

အဲ့အမဲကိုသဲနဲ့ပက်ရုံမဟုတ်ဘူး အက်ဆစ်နဲ့ပါဖြန်း

ပြစ်မဲ့ မိန်းမပဲ ကို၊  မရရတဲ့နည်းနဲ့လဲ ကို့ကို စည်းရုံး

မှာပဲ ချယ်ရီအနှစ်နှစ်အလလချစ်ခဲ့ရတဲ့ ကိုယ့်က်ု

မမေ့နိုင်လို့ ခုလိုလုပ်တာ ချယ်ရီတရားပါတယ်နော်''


''အဟင်း ဟင်း''


'' မ .. မ ကျွန်တော် အားလုံးအဆင်ပြေအောင်

လုပ်ပေးပြီးပြီး မ ကတိအတိုင်း အဟွန်း''


တစ်ယောက်ထဲ ရယ်နေစဥ် အနားကိုရောက်လာတဲ့

ကောင်းလေးကြောင့် ချယ်ရီမျက်နှာတည်သွား၏။

ပိုက်ဆံအိတ်ထဲမှ သောင်းတန်တစ်အုပ် ထုတ်

ကာ ပြုံးစိစိနှင့် လက်ဖြန့်တောင်းနေသည့် ကောင်

လေးထံ ပြစ်ပေးလိုက်၏။ ထိုကောင်လေးကို သူ

ငယ်ချင်းအသိနှင့်ခိုင်းပေမယ့် ရဲတင်းသွက်လက်

လွန်းတဲ့ပုံစံကိုမကြိုက်ပါ။ ထို့ကြောင့် ခပ်ကင်းကင်း

နေပြီး လိုအပ်တာပဲ ပြောဆိုဆက်ဆံတာကို

အရောတဝင်လုပ်ချင်နေသည်။ စာပွဲပေါ်တင်ထား

တဲ့ မျက်မှန်ကို ကောက်တပ်လိုက်ပြီး ကိုယ်ဖြစ်ချင်

တာလဲ ခိုင်းပြီးပြီမို့ ထွက်သွားရန်ပြင်တော့ ခပ်မဲ့မဲ့

စကားက ထွက်လာ၏။


'' မ က မာနကြီးလိုက်တာ ကျေးဇူးတင်စကားလေး

တစ်ခွန်းတောင် ပြောဖော်မရဘူးနော်''


'' နင့်ကိုငါ ပိုက်ဆံပေးပြီးခိုင်းတာ ကျေးဇူးတင်

စကားက ပြောစရာလိုလို့လား ဆောရီးပဲ''


ချယ်ရီ စကားကြောင့် အောင့်သက်သက်မျက်နှာ

လေးက မကျေမနပ်ကျန်ခဲ့မည်ဆိုတာ သိပေမယ့်

ချယ်ရီ ဂရုမစိုက်ပါ။ အရောဝင်ရင် အပေါထင်ကြ

မဲ့ ကောင်လေးတွေ ...။


°°°°°°°°


''မြသင်းထုံ...မြသင်းထုံ....မင်းထွက်လာစမ်း

မင်းဘာပုံစံလုပ်တာလဲ ''


ကားပေါ်မှ ဆင်းသည်နှင့် ဝုန်းဒိုင်းကျဲနေတဲ့ သူ့

စိတ်တွေက အစိုးမရချေ။ တစ်ခန်းဝင်တစ်ခန်း

ထွက် ဝုန်းဒိုင်းကျဲ လိုက်ရှာပြီးမှ တိတ်ဆိတ်နေတဲ့

အိမ်ကြီးထဲ မြသင်းထုံမရှိမှန်းသိမှ သူမောသွား

သည်။ ခါးနှစ်ဖက်ကို လက်ထောက်ကာ မျက်

ထောင့်နီကြီးနှင့် အံကြိတ်ထားလျှက်...


''တောက်..''


''စိတ်ကောက်ပြန်ပြီလား ငါကစိတ်တိုရမှာလေ

တခြားယောကျ်ားတစ်ယောက် ကိုယ့်မိန်းမနားကပ်

တာ ငြိမ်နေမဲ့ခပ်ညံ့ညံ့ ယောကျ်ားထဲမှာ ငါမပါဘူး

ကွ''


''ဒုန်း''


မျက်နှာငယ်စွာ ရှိနေတဲ့ ဆိုဖာကြီးကိုလဲ သူ့ဒေါသ

အလျောက် မျက်စိရှေ့ပေါ်လာသမျှ ပြသ်ပေါက်နေ

၏။ ဖုန်းခေါ်တော့လဲ စက်ပိတ်တယ်။ အိမ်ပြန်လာ

တော့လဲ အိမ်မှာမရှိ။ ဒါစိတ်ကောက်တာလား။

မိန်းမတွေရဲ့အကြောင်း နားမလည်တော့ဘူး။


ငါလိုချင်တာ မင်းဆီက ဖြေရှင်းမှု့။

ငါ့ရဲ့ အတ္တက မင်းဘေးမှာ ယောကျ်ားဆိုရင် ငါက

လွဲပြီး ဘယ်သူမှရှိတာ မမြင်ချင်ဘူး။

မင်းက ငါ့အတွက်ပဲ ငါကလွဲပြီး မင်းနားမှာ တွေ့ရ

တဲ့ ယောကျ်ားတိုင်းက ငါ့ရန်သူပဲ။


ငါမှာလား ...မင်းကို ချစ်မိသွားတဲ့ ငါ့နှလုံးသား

မှားနေပြီလား။


မင်းကို စိုးရိမ်လို့ ကြမ်းသွားတဲ့ ငါ့စကားတွေ 

အတွက်လဲ ငါနောင်တရတယ်။ ငါ့စိတ်ကပဲ

ကြမ်းတမ်းနေခဲ့တာ မင်းအတွက် မျက်မုန်းကျိုး

စရာဖြစ်သွားခဲ့လျှင်လဲ ...


°°°°°°°°


''မင်းတို့နှစ်ယောက် ဘာဖြစ်နေပြတာလဲ

တစ်ယောက်ကလဲ သူရှိတာကို မပြောနဲ့တဲ့ မင်းက

လဲ ဝုန်းဒိုင်းကျဲဒေါသတွေနဲ့ ဘာဖြစ်လာကြတာလဲ

မာမီကို ပြောကြသမ်းပါ''


''ဘာမဖြစ်ဘူး မာမီ..သူ့ဆီသွားလိုက်ဦးမယ်''


တော်သေးတာပေါ့ မာမီဖုန်းတက်ခဲ့လို့။ 

မဟုတ်ရင် သူ့မှာအရူးကြီးလို လိုက်ရှာနေရတာ။

စိုးရိမ်လွန်းလို့ သူ့မှာဘာတွေလုပ်မိမှန်းမသိ။ သူမ

ကတော့ မာမီအိမ်မှာ ရောက်နေသည်တဲ့လေ။


''မင်းကလဲ ဒေါသကြီး ဟိုကလဲ အေးတိအေးစက်

နဲ့ ငါစိတ်ညစ်တယ် ဘာဖြစ်လာကြတာလဲ ''


''ဘာမဖြစ်ဘူးဆို မာမီရာ ၊ ဒီတိုင်းပဲ စကားများတာ

မာမီမေးနေတာနဲ့ သူ့ကိုမတွေ့ရတော့ဘူး ပြီးမှမေး

တော့ ကျွန်တော်သူ့ဆီ သွားလိုက်အုံးမယ်''


'' ပြေပြေလည်လည်ပြောကြဦး မြသင်းထုံက

ရောက်လာထဲက ငိုနေတာ ဘာဖြစ်လာလဲမေးလဲ

မရ မင်းကိုမေးလဲမရ မင်းတို့ကြားငါခေါင်းရှုပ်

လာပြီ''


''ကျွန်တော်တို့အကြောင်း မတွေးပဲနဲ့ကိုယ့်ဘာသာပဲ 

အေးဆေးနေပါမာမီရာ''


သက်ပြင်းချပြီး ကျန်ရစ်နေတဲ့ မာမီကို သူကျောခိုင်း

ပြီး မြသင်ူထုံရှိရာ အပေါ်ထပ်အခန်းသို့သာ ပြေး

တက်ခဲ့၏။ လှေကားတသ်ဝက်လောက်မှာ စိတ်ကို

ဖြေချလိုက်ပြီး ကိုယ့်စိတ်ကို နှစ်သိမ့်ရ၏။


''စိတ်လျော့ စိတ်လျော့ ... ငါဒေါသထွက်လို့

မဖြစ်ဘူး ''


မြသင်းထုံ ရှိရာအခန်းရှေ့ရောက်တော့ တိတ်ဆိတ်

စွာ ကြိုဆိုနေသည့် အခန်းအား သူဖွဖွခေါက်လိုက်

သည်။ အထဲမှ ဘာအသံမှ ပေးမလာပေ။ သူစိတ်

မရှည်ပေမယ့် သက်ပြင်းချလိုက်ပြီး စိတ်ကိုအရည်

ဆုံး ထားလိုက်ပြီး တံခါးအားထပ်ခေါက်လိုက်

သည်။


'' မြသင်းထုံ မင်းအခန်းထဲမှာ ရှိတာ ငါသိတယ်နော်

တံခါးလာဖွင့်''


မဖွင့်ဘူး။

ထုံလေး အိပ်ယာပေါ် ငုပ်တုပ်လေး ထိုင်ပြီး အသံ

တိတ်ရန်တွေ့နေလိုက်သည်။

မုန်းတယ် ရှင့်ကို ခုကျွန်မမမြင်ချင်ဘူး။

ရှင့်ကို တွေ့ရင် ဒေါသထွက်ရမှာ ကျွန်မသိတယ်။

ရှင်က အတ္တကြီးရုံတင်မကဘူး တစ်ကိုယ်ကောင်းပါ

ဆန်တယ်။ ကျွန်မသိက္ခာကို မစဥ်းစားပေးတဲ့ ရှင့်

ကို သံယောဇဥ်ထားမိတာ ကျွန်မအမှားပဲ။


''ဒေါက် ဒေါက် ဒေါက်

မြသင်းထုံတံခါးဖွင့်လို့ မဖွင့်ရင်  ငါတံခါးဖျက်ပြီး

ဝင်လာမှာနော်''


ဖျက်ပေါ့။

ရှင့်ကို မတွေ့ချင်ဘူး။ 


အပြင်မှ တံခါးခေါက်ရတာ မောသွားသလိုနှင့်

သူညည်းညူသံကို ကြားလိုက်ရသည်။


''မင်းတို့ မိန်းမတွေ စိတ်ကောက်ရင် ပြောရဆိုရ

အရမ်းခက်တယ်'' တဲ့။


°°°°°°°°

Creator-ငွေသုန္ဒရီ->23


rate now: